အခန်း (၄၀၅) အလှည့်အပြောင်း
အမည်မသိ ရွာငယ်လေးတစ်ရွာ၏ ခြံဝင်းအတွင်းမှာ ကျိုပေါင် တစ်ယောက်တည်း စွပ်ပြုတ်ကို အေးအေးဆေးဆေး ချက်နေပါတယ်။
"ဟင်... သူတို့နှစ်ယောက်က မစားကြဘူးလား"
ခုနကတင် ပန်းကန်ကွဲသံ ကြားလိုက်ရလို့ သူတို့ မသောက်တော့တာလားလို့ ကျိုပေါင် တွေးမိပါတယ်။ နောက်တစ်ပန်းကန် သွားပို့ပေးဖို့ ပြင်လိုက်ပေမဲ့ အခန်းနားရောက်တော့ အလွန်အစွမ်းထက်တဲ့ အကာအကွယ်အတားအဆီးတစ်ခုကြောင့် ရှေ့ဆက်တိုးလို့ မရတော့တာကို တွေ့လိုက်ရတယ်။
ကျိုပေါင်က ခေတ္တမျှ စဉ်းစားပြီး "ဪ... သူတို့က နေ့ခင်းကြောင်တောင် အိပ်နေကြတာကိုး" လို့ ကိုယ့်ဘာသာ နားလည်လိုက်ပြီး ဆေးအိုးကို နွေးနေအောင် မန္တန်နဲ့ စီမံထားခဲ့ကာ အပြင်ကို လမ်းလျှောက်ထွက်သွားပါတယ်။ သူတို့ နိုးလာမှပဲ ကိုယ့်ဘာသာ သောက်ကြတော့ပေါ့လို့ သူတွေးလိုက်တာပါ။
ဟုတ်ပါတယ် ကျိုပေါင်ကတော့ သူတို့နှစ်ယောက် အိပ်နေတယ်လို့ပဲ ရိုးရိုးသားသား ထင်နေတာပါ။
အခန်းထဲမှာတော့... ချူထျန်းရမ် ဟာ သူ့ရဲ့ မိသားစုဝင်တွေ ပျောက်ဆုံးသွားခဲ့ရပေမဲ့ အနာဂတ်အတွက် မိသားစုသစ်တစ်ခုကိုတော့ ရရှိခဲ့ပါပြီ။
ကျောက်လင်အာဟာ သူ့ရဲ့ ပျော်ရွှင်မှုနဲ့ ဝမ်းနည်းမှုတွေကို အတူဝေမျှဖို့ ပြီးတော့ ဒုက္ခပေးနေတဲ့ ရန်သူတွေကို အတူရင်ဆိုင်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပါပြီ။
ရေချိုးကန်ထဲမှာ လင်အာက ထျန်းရမ်ရဲ့ ခန္ဓာကိုယ်ကို ဆေးကြောပေးရင်း နှစ်သိမ့်ပေးနေပါတယ်။
"ဖြစ်ပျက်သွားတာတွေက ထိန်းချုပ်လို့ရတဲ့အရာ မဟုတ်ဘူး ဒါကြောင့် ဒါကမင်းအပြစ် မဟုတ်ပါဘူး။ ဒါပေမဲ့ မင်းက ဒီနေရာမှာတင် ရပ်တန့်နေပြီး ရှေ့မဆက်နိုင်တော့ဘူးဆိုရင်တော့ ငါမင်းကို တကယ်ပဲ အထင်သေးမိလိမ့်မယ်" လို့ လင်အာက ဆိုပါတယ်။
ထျန်းရမ်က ခေါင်းညိတ်လိုက်ပြီး သူ့ရဲ့ မျက်လုံးတွေထဲမှာ ခိုင်မာတဲ့ ဆုံးဖြတ်ချက်တွေ ပြန်လည် မြင်တွေ့လာရပါတယ်။ "ငါသိပြီ လင်အာ အခု ငါ့မှာအစွမ်းအစ သိပ်မရှိသေးပေမဲ့ ငါလုပ်နိုင်တာ မှန်သမျှကို အစွမ်းကုန် လုပ်သွားမယ်"
"ပထမဆုံးအနေနဲ့ တာ့ချန်မင်းဆက်ရဲ့ ထီးနန်းကို ပြန်သိမ်းပိုက်ပြီး အခြေအနေကို ထိန်းချုပ်ရမယ်"
ဒါပေမဲ့ လင်အာက ခေါင်းခါလိုက်တယ်။ "မရဘူး... မင်း အခုသွားလို့ မရသေးဘူး"
"နန်းတွင်း ဝန်ကြီးချုပ် ရွှီထန်က တာ့ချန်မင်းဆက်ကို တာ့ကျိုးလို့ အမည်ပြောင်းပြီး ထီးနန်းကို သိမ်းပိုက်လိုက်ပြီ အခု မင်းကိုလည်း တစ်လောကလုံးမှာ လိုက်ရှာနေကြတယ်။ မင်းအဖမ်းခံရရင် သူတို့ မင်းကို သတ်မှာပဲ"
ထျန်းရမ်က သက်ပြင်းရှည်ကြီး ချလိုက်ပါတယ်။ "ငါ မှန်းဆထားပြီးသားပါ ဆရာပြောပြခဲ့ကတည်းက ဝန်ကြီးအဖွဲ့က ထီးနန်းကို မျက်စိကျနေတာ သိပါတယ်။ အခု ခမည်းတော်တို့လည်း မရှိတော့ဆိုတော့ သူတို့ အခွင့်ကောင်းယူတာပေါ့ အခု အပြင်မှာရော ဆူပူနေပြီလား"
"အင်း" လင်အာက ခေါင်းငုံ့ပြီး ဆိုပါတယ်။ "နယ်စားမင်းသားတွေ အားလုံးကလည်း ပုန်ကန်နေကြပြီး ထီးနန်းအတွက် တိုက်ခိုက်ဖို့ ပြင်နေကြပြီ ဘယ်သူက မင်းဘက်မှာ ရှိနေမလဲဆိုတာ ငါတို့ မသိနိုင်ဘူး"
ထျန်းရမ်က ရေချိုးကန်ထဲက ထလာပြီး လင်အာ ကူညီပေးတဲ့ အဝတ်အစားတွေကို ဝတ်ဆင်လိုက်ပါတယ်။
"လင်အာ... ငါ့ရဲ့ ကျင့်စဉ်က မင်းလောက် မမြင့်သေးဘူး။ ဒါကြောင့် မင်းကို အကူအညီတစ်ခု တောင်းချင်တယ်"
ထျန်းရမ်က စုတ်တံနဲ့ စက္ကူကို ယူလိုက်ပြီး နဂါးစာသား နဲ့ တစ်ခုခုကို ရေးသားလိုက်ပါတယ်။
အခု တိုင်းပြည် ပျက်သုဉ်းနေပြီ ဝန်ကြီးချုပ်ရွှီထန်က သစ္စာဖောက်ပြီး ထီးနန်းကို သိမ်းပိုက်တာဟာ ကောင်းကင်ဘုံက ခွင့်မလွှတ်နိုင်တဲ့ ကိစ္စပဲ ငါချူထျန်းရမ်ဟာ တော်ဝင်မိသားစုကို ပြန်လည် ထူထောင်ဖို့ အစွမ်းမရှိသေးတာကို ဝန်ခံပါတယ်။
ဒါကြောင့် နယ်စားမင်းသား အားလုံးမြို့တော်ကို လာပြီး သစ္စာဖောက်ရွှီထန်ကို နှိမ်နင်းပေးကြဖို့ တောင်းဆိုတယ်။ ဘယ်သူမဆို ရွှီထန်ကို သတ်ပြီး တိုင်းပြည်ကို ပြန်လည် တည်ငြိမ်အောင် လုပ်နိုင်ရင် ငါကိုယ်တိုင် ထီးနန်းကို စွန့်လွှတ်ပြီး အဲ့ဒီလူကို ဧကရာဇ်အဖြစ် တရားဝင် နန်းအပ်နှင်းမယ်။
ထို့နောက် သူက ထိုစာသားပေါ်မှာ နဂါးစွမ်းအင်တွေကို ထည့်သွင်းလိုက်ပြီး လင်အာကို ကမ်းပေးလိုက်ပါတယ်။ "မင်းက ကောင်းကင်ဖြစ်စဥ်နယ်ပယ် မှာ ရှိနေတာဆိုတော့ ဒါကိုတစ်ကမ္ဘာလုံး သိအောင် ဖြန့်ပေးပါ"
လင်အာက အံ့ဩသွားတယ်။ "ဘာလို့ ဒီလိုလုပ်တာလဲ ဒါက ထီးနန်းကို ဒီအတိုင်း ပေးလိုက်တာနဲ့ တူနေမှာပေါ့"
ထျန်းရမ်က ပြုံးလိုက်ပါတယ်။ လင်အာ... ဒါက စစ်သေနင်္ဂဗျူဟာ ၃၆ ပါးထဲက တစ်ခုဖြစ်တဲ့ တောင်ပေါ်ကနေ ကျားနှစ်ကောင် သတ်နေတာကို ထိုင်ကြည့်ခြင်းဆိုတဲ့ နည်းဗျူဟာပဲ။ လူတိုင်းက ဧကရာဇ်ဖြစ်ချင်ကြတယ်။
ရွှီထန်က အရင်ဆုံး ထီးနန်းသိမ်းလိုက်တော့ သူက အားလုံးရဲ့ ပစ်မှတ် ဖြစ်သွားပြီ။ ငါက ဒီစာကို ထုတ်လိုက်ခြင်းအားဖြင့် နယ်စားမင်းသားတွေကို မြို့တော်ဆီကို လှုံ့ဆော်လိုက်တာပဲ။ သူတို့အချင်းချင်း တိုက်ကြခိုက်ကြပြီး အင်အားတွေ ပြုန်းတီးသွားလိမ့်မယ်။ ငါ့နာမည်နဲ့ ငါပြန်လာဖို့ အချိန်စောင့်ရမှာပဲ"
လင်အာက နားလည်သွားပြီး ထိုစာသားကို ကောင်းကင်ဘုံရဲ့ စွမ်းအားနဲ့ တစ်ကမ္ဘာလုံး မြင်တွေ့နိုင်အောင် ဖြန့်ဝေလိုက်ပါတော့တယ်။
တစ်ကမ္ဘာလုံးမှာ ရှိနေတဲ့ လူသားတွေနဲ့ ကျင့်ကြံသူတွေ အားလုံးက ကောင်းကင်ယံမှာ ပေါ်လာတဲ့ အိမ်ရှေ့စံရဲ့ စာသားတွေကို မြင်လိုက်ရပြီး တုန်လှုပ်သွားကြပါတယ်။ "ဒါ အိမ်ရှေ့စံရဲ့ စကားတွေပဲ"
တစ်ဖက်မှာလည်း အရင်က တော်ဝင်နန်းတော်ကို စောင့်ရှောက်ခဲ့တဲ့ အစွမ်းထက် ကျင့်ကြံသူကြီး ဖန်းဟို့ရန်ဟာ ကောင်းကင်က စာသားတွေကို ကြည့်ပြီး မျက်မှောင်ကြုတ်လိုက်ပါတယ်။
"ဒါကအိမ်ရှေ့စံရဲ့နယ်စားမင်းသားတွေကိုအင်အားချည့်နဲ့အောင်လုပ်တဲ့နည်းဗျူဟာပဲ။ငါတို့လုပ်ရမှာကမြို့တော်ကိုသွားဖို့မဟုတ်ဘူးအိမ်ရှေ့စံကိုရှာပြီးသူ့ကိုနန်းတင်ဖို့ပဲ" လို့ဆိုပြီးအိမ်ရှေ့စံကိုရှာဖွေဖို့ထွက်ခွာသွားပါတော့တယ်။