အခန်း (၄၀၄) မထင်မှတ်ထားတဲ့ ဖြစ်ရပ် ဖခင်နဲ့ မိခင်
"ဟူး..."
ခြံဝင်းလေးအတွင်းမှာ ထုံးထျန်းက သက်ပြင်းရှည်ကြီးကို ချလိုက်ပြီး သူ၏မျက်လုံးများတွင် စိုးရိမ်ရိပ်များ ယှက်သန်းနေသည်။
"ထျန်းရမ်... မင်း ဘာမှမသိသေးဘူး"
ထုံးထျန်းက အတိတ်ကို ပြန်ပြောင်းပြောပြတော့သည်။ "တကယ်တော့ မင်းအဖေရဲ့ ကျင့်စဉ်အဆင့်က ဘယ်သူမှ မမှန်းဆနိုင်လောက်အောင် မြင့်မားခဲ့တာ သူဟာ ကောင်းကင် မြေကြီးနဲ့ နတ်ဘုရားနယ်မြေမှာတောင် အင်အားအကြီးဆုံး ပုဂ္ဂိုလ်တစ်ယောက်ပဲ"
"သူဟာ ဧကရာဇ်မင်းမြတ်ကို ကူညီပြီး တိုက်ကြီးတစ်ခုလုံးနဲ့ အထက်နယ်မြေကို စည်းလုံးစေခဲ့တယ်။ ဧကရာဇ် ၉ ပါးကို သတ်ဖြတ်ခဲ့ပြီး အမှောင်ထုရန်ကနေ ကမ္ဘာကြီးကို ကယ်တင်ခဲ့တဲ့သူပေါ့ မင်းရဲ့ အစ်မနှစ်ယောက်မှာလည်း သူ့ရဲ့ ထူးကဲတဲ့ သွေးမျိုးဆက်တွေ ပါနေလို့ အခုဆိုရင် အင်အားတွေ အရမ်းကြီးနေကြပြီ"
ချူထျန်းရမ် အံ့ဩသွားသည်။ "ဒါဆို ဘာလို့ အဖေက အခု ကောင်းကင်ဖြစ်စဉ်နယ်ပယ်လောက်မှာပဲ ရှိနေတာလဲ"
"အဲ့ဒီတုန်းက သူက အရမ်းအစွမ်းထက်ပြီး မာနကြီးခဲ့တယ်။ ကောင်းကင်ဧကရာဇ်ကိုတောင် သွားခဲ့တာ။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်က ကမ္ဘာဦးနတ်ဘုရားရဲ့ အနွယ်အတော်ဖြစ်နေတော့ အဲ့ဒီနတ်ဘုရားကို ဆင့်ခေါ်လိုက်တဲ့အခါ မင်းအဖေဟာ တစ်ချက်တည်းနဲ့ ကျင့်စဉ်တွေ အကုန်ပျက်စီးသွားခဲ့ရတယ်။ ဒါပေမဲ့ သူက ရအောင် ထွက်ပြေးလာပြီး ဒီတိုက်ကြီးကို ပြန်လာခဲ့လို့ မင်းဆိုတာ ဖြစ်လာခဲ့တာပဲ"
ထျန်းရမ်က လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်သည်။ "ဒါဆို အဖေက ကောင်းကင်ဧကရာဇ်ရဲ့ လုပ်ကြံတာကို ခံခဲ့ရတာပေါ့ ငါ အဲ့ဒီကောင်းကင်ဧကရာဇ်ကို သတ်ပစ်ရမယ်"
ထုံးထျန်းက ဆက်ပြောပြသည်။ "အခု နန်းတွင်းမှာ နန်းတွင်းအကြံပေးအဖွဲ့က အာဏာသိမ်းဖို့ ကြိုးစားနေပြီ။ မင်းအဖေရဲ့ ဂုဏ်ပြုကျောက်စာတိုင်ကိုတောင် သူတို့ ရိုက်ခွဲပစ်လိုက်ကြပြီ။ မင်းအမေကိုလည်း နန်းချဖို့ ဖိအားပေးနေကြတယ်။ မင်းအဖေကိုလည်း နန်းတော်ထဲမှာ ပိတ်လှောင်ထားကြပြီ"
ထျန်းရမ်၏ မျက်နှာက ဒေါသကြောင့် တင်းမာသွားသည်။ "မဖြစ်နိုင်တာ အဖေ့မှာ အစီအစဉ်တွေ ရှိမှာပေါ့"
"အဲ့ဒီတုန်းက သူ့ရဲ့ တာအိုနှလုံးသားက ကွဲကြေသွားခဲ့တာ။ မင်းအဖေက မင်းပြန်လာမှာကို သိနေလို့ ငါ့ကို ဒီစကားတွေ ပြောခိုင်းထားတာပဲ။ သူက မင်းကို ငယ်ငယ်ကတည်းက တင်းတင်းကြပ်ကြပ် ဆုံးမခဲ့လို့ ဒီစကားတွေကို ကိုယ်တိုင်ပြောဖို့ မျက်နှာပူနေတာလေ"
ထျန်းရမ်၏ မျက်လုံးများ နီမြန်းလာသည်။ ကျောက်လင်အာ ကလည်း အံ့ဩတုန်လှုပ်သွားသည်။ "ထျန်းရမ်... ငါ မင်းနဲ့အတူ နန်းတော်ကို လိုက်ခဲ့မယ် ငါတို့မှာလည်း ကျင့်စဉ်တွေ ရှိတာပဲ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပါတယ်"
သို့သော်လည်း ရုတ်တရက်ဆိုသလို
ကောင်းကင်နှင့် မြေကြီးကြားတွင် ပြင်းထန်သော လေမုန်တိုင်းတစ်ခု တိုက်ခတ်လာသည်။ ကောင်းကင်ယံကြီး နှစ်ခြမ်းကွဲသွားပြီး ဧရာမ လက်ဝါးကြီးနှစ်ခုက နယ်နိမိတ်ကို ထိုးဖောက်ဝင်ရောက်လာကာ ကြောက်မက်ဖွယ် ရယ်မောသံကြီး ထွက်ပေါ်လာသည်။
"ဟားဟားဟား ချူနင်နဲ့ ရဲ့ယောင်တို့ရဲ့ သားပေါ့လေ"
"ငါ မင်းတို့ကို ရှာနေတာ ၃ နှစ်ရှိပြီ အခုတော့ တွေ့ပြီဟေ့"
အလွန်တောက်ပသော ရွှေရောင်အလင်းတန်းများ ပေါ်ထွက်လာသည်။ ထိုသူမှာ အလွန်အစွမ်းထက်သော နွားရှောင်မအမည်ရှိ ပုဂ္ဂိုလ်ကြီးဖြစ်သည်။ သူသည် ထျန်းရမ်၏ မိဘများကို ဖမ်းဆီးရန် ရောက်လာခြင်းဖြစ်သည်။
"မလုပ်နဲ့ ငါ့မိဘတွေကို လွှတ်ပေးစမ်း" ဟု ထျန်းရမ်က အော်ဟစ်ကာ ပြေးထွက်ရန် ကြိုးစားသော်လည်း လင်အာက သူ့ကို ဆွဲထားသည်။ "မသွားနဲ့ ထျန်းရမ် အဲ့ဒါ မဟာဧကရာဇ်အဆင့်ပဲ မင်းသွားရင် သေလိမ့်မယ်"
(တကယ်တော့ ဤသည်မှာ ချူနင်နှင့် ထုံးထျန်းတို့ ပူးပေါင်းပြီး ထျန်းရမ်ကို လေ့ကျင့်ပေးရန် သရုပ်ဆောင်နေခြင်းသာ ဖြစ်သည်။)
နွားရှောင်မက ထျန်းရမ်၏ မိဘများကို ဖမ်းဆီးသွားဟန် ပြုမူလိုက်ပြီး ပျောက်ကွယ်သွားသည်။ လင်အာက ထျန်းရမ်ကို စိတ်မထိန်းနိုင်ဘဲ ထွက်သွားမှာ စိုးရိမ်သဖြင့် လည်ပင်းကို ရိုက်ကာ သတိမေ့သွားအောင် လုပ်လိုက်ရသည်။
ထုံးထျန်းက ထိုမြင်ကွင်းကို ကြည့်ရင်း သက်ပြင်းချလိုက်သည်။ "ကဲ... မြို့တော်ကတော့ ဆူပူတော့မယ်။ ထောင်ဟုန် ပစ္စည်းတွေ သိမ်းတော့ ငါတို့လည်း သွားရအောင်"
ရက်အနည်းငယ်အကြာ တောင်ပေါ်ရွာလေးတစ်ရွာတွင် ကျောက်လင်အာသည် သူတို့ပုန်းအောင်းရန်အတွက် တောင်အိမ်လေးတစ်လုံးကို ယာယီဆောက်လုပ်ခဲ့သည်။ ခြံဝင်းထဲတွင် ကျိုပေါင် က ထမင်းချက်ရန် မီးမွှေးနေသည်။
လင်အာသည် အပြင်မှ စာအုပ်အချို့ဝယ်ယူပြီး ပြန်လာသောအခါ ကျိုပေါင်က သက်ပြင်းချရင်း မေးသည်။ "သူ အခုထိ အပြင်မထွက်သေးဘူးလား"
လင်အာက ခေါင်းညိတ်ပြပြီး စွပ်ပြုတ်ပန်းကန်ကို ယူကာ အခန်းထဲသို့ ဝင်သွားသည်။ အခန်းထဲတွင် ချူထျန်းရမ် သည် စောင်ပုံထဲတွင် ကွေးနေသည်မှာ ရက်အတော်ကြာပြီဖြစ်သည်။
"မစားဘူး ထွက်သွားစမ်း" ဟု ထျန်းရမ်က အော်ဟစ်ကာ လင်အာကို တွန်းထုတ်လိုက်ရာ စွပ်ပြုတ်ပန်းကန်မှာ ကြမ်းပြင်ပေါ်သို့ ကျကွဲသွားတော့သည်။
"ချူထျန်းရမ် မင်း ဘာလုပ်နေတာလဲ" ဟု လင်အာက အော်လိုက်သည်။
ထျန်းရမ်က လူမမာလို မျက်နှာဖြင့် ထရပ်လိုက်သည်။ "အဲ့ဒီနေ့က ငါ့ကို ဘာလို့ သတိမေ့အောင် လုပ်ခဲ့တာလဲ ငါ့မိဘတွေကို ကယ်ဖို့ ဘာလို့ မလွှတ်ခဲ့တာလဲ မင်းက အတူသေအတူရှင်မယ် ပြောပြီး ငါ့ကို ဘာလို့ တားခဲ့တာလဲ"
လင်အာက ထျန်းရမ်၏ နဖူးကို ပြင်းထန်စွာ ရိုက်လိုက်သည်။ အခု မင်းရဲ့ ကျင့်စဉ်အဆင့်က ဘာလဲ အဆင့် ၇ ပဲ ရှိသေးတာ မဟာဧကရာဇ်ဆိုတာ ဘာလဲ မင်းသိလား အဲ့ဒီနွားရှောင်မ ဆိုတဲ့သူက မသေမျိုး ဧကရာဇ်အဆင့်ကို ရောက်တော့မှာ မင်းသွားရင် သေဖို့ပဲ ရှိတာ။ မင်းသေသွားရင် သူတို့ကို ဘယ်သူကယ်မှာလဲ"
"မင်းက အိမ်ရှေ့စံ မဟုတ်လား မင်းအဖေ ချန်ထားခဲ့တဲ့ တာ့ချန်မင်းဆက်ကိုရော မင်းမကယ်တော့ဘူးလား တစ်လောကလုံး အိမ်မဲ့ရာမဲ့ ဖြစ်နေတာကို မင်းဒီအတိုင်း ကြည့်နေမှာလား မင်းက အဆင့် ၇ လေးနဲ့ ငါ့ကိုတောင် မနိုင်ဘဲနဲ့ ဘာတွေလာဟောင်နေတာလဲ"
ထျန်းရမ်သည် အားငယ်စွာဖြင့် ငိုချလိုက်သည်။ "ငါ့မိဘတွေ အဖမ်းခံလိုက်ရပြီ ငါဘာမှမလုပ်နိုင်ဘူး ငါ့အစ်မတွေလို ပါရမီလည်း မပါခဲ့ဘူး ကိုးနှစ်သားကျမှ စကျင့်ခဲ့ရတာ"
လင်အာက ထျန်းရမ်ကို ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။ "ငါသိတယ်... ဒါပေမဲ့ မင်းက အရာအားလုံးကို ပြောင်းလဲဖို့ မွေးဖွားလာတာလေ။ မင်းရဲ့ ကျောက်စိမ်းဆွဲပြားကို ငါလက်ခံလိုက်ကတည်းက မင်းမိဘတွေက ငါ့မိဘတွေပဲ ငါတို့ အတူတူ ကယ်ကြမယ်"
လင်အာသည် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် တစ်ခုခုကို ဆုံးဖြတ်လိုက်ဟန်ဖြင့် အခန်းကို အကာအကွယ်အတားအဆီး ဖြင့် ပိတ်လိုက်သည်။
"ထျန်းရမ်... ငါတို့က သွေးသားမတော်စပ်ပေမဲ့ အခုလုပ်မယ့် ကိစ္စပြီးရင်တော့ ငါတို့က ခွဲခြားလို့မရတဲ့ သွေးသားရင်းချာတွေ ဖြစ်သွားလိမ့်မယ်"
သူမသည် ဝတ်စုံကို တစ်လွှာချင်း ချွတ်လိုက်ပြီး ထျန်းရမ်အနားသို့ တိုးကပ်သွားသည်။ "ငါ မင်းကို တကယ်ချစ်တယ် မင်းရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ငါအတူတူ ထမ်းပိုးပေးမယ် ထျန်းရမ်... မင်း အရွယ်ရောက်လာပြီဆိုတာ သိသင့်တယ်"
ထျန်းရမ်၏ ဦးနှောက်မှာ ဗလာဖြစ်သွားပြီး လင်အာ၏လည်ပင်းမှ ကျောက်စိမ်းဆွဲပြားလေးကိုသာ ငေးကြည့်နေမိသည်။ သူတို့နှစ်ဦးသည် ခွဲခြား၍မရသော သံယောဇဉ်ကြိုးဖြင့် ချည်နှောင်လိုက်ကြပြီဖြစ်သည်။
ကြာမြင့်စွာ အချိန်ကုန်ဆုံးပြီးနောက်...
ထျန်းရမ်က လင်အာကို ဖက်ထားရင်း "အခုတော့ ခမည်းတော် မယ်တော်နဲ့ အစ်မနှစ်ယောက်အပြင် ငါ့မှာ မိသားစု နောက်တစ်ယောက် ရှိလာပြီပေါ့"
"အင်း..."
"ဒါနဲ့... အစ်မရှောင်ပင်းရော" ဟု ထျန်းရမ်က ရုတ်တရက် သတိရကာ မေးလိုက်သည်။
လင်အာ လန့်သွားသည်။ "အာ... အစ်မရှောင်ပင်းကို ငါတို့ မြို့ထဲမှာ ထားခဲ့မိပြီ"
"သူ့မှာ သွေးမျိုးဆက် မပါတော့ ရန်သူတွေ မသိနိုင်ပါဘူး။ သူ့မှာလည်း ပိုက်ဆံအများကြီး ပါတယ်ဆိုတော့ အဆင်ပြေမှာပါ။ အခုတော့ ငါ ဒီကမ္ဘာရဲ့ အမြင့်ဆုံးအဆင့်ကို ရောက်အောင် အရင်ကျင့်ရမယ်"
လင်အာက ပြုံးရင်း "ဒါဆို... နောက်တစ်ခေါက် ထပ်ကြိုးစားကြည့်မလား" ဟု မေးလိုက်သည်။
တစ်ဖက်တွင်မူ... တာ့ချန်မြို့တော်အတွင်း၌ ရှောင်ပင်း သည် တည်းခိုခန်းတံခါးကို အသည်းအသန် ခေါက်နေသည်။ "သခင်လေး သခင်လေး ရှင့်အဖေ အဖမ်းခံလိုက်ရပြီ မြန်မြန် ထွက်လာကြည့်ပါဦး"
ထိုစဉ် ဝတ်စုံဖြူဝတ်ထားသော ထုံးထျန်း နှင့် ထောင်ဟုန် တို့ ရောက်လာကြသည်။
"ရှောင်ပင်း... ငါနဲ့လိုက်ခဲ့ပါငါအားလုံးကိုအေးအေးဆေးဆေးရှင်းပြမယ်" ဟုထုံးထျန်းကဆိုလိုက်ပါတော့သည်။