အခန်း (၄၀) ဘယ်သူက နင့်ကိုနမ်းခိုင်းလို့လဲ
ကိုင်တွယ်စရာ နိုင်ငံရေးကိစ္စများ မရှိတော့သဖြင့် သူတို့နှစ်ဦးသည် မင်းတက်နန်းဆောင်မှ သဘာဝကျကျပင် ထွက်ခွာလာခဲ့ကြသည်။
မင်္ဂလာပွဲကြီး ကျင်းပရန် ဆယ်ရက်သာ လိုတော့သည်။ ၎င်းမှာ သူတို့အတွက်တော့ လူအများရှေ့ ဆက်ဆံရေးကို တရားဝင်ဖြစ်စေရုံမျှသာဖြစ်သဖြင့် အလွန်အမင်း အရေးကြီးလှသည်တော့ မဟုတ်ပေ။
ချူနင်ကို ပို၍ စိတ်လှုပ်ရှားစေသည်မှာ ရဲ့ချန်းလျန်၏ စိတ်နေစိတ်ထား ပြောင်းလဲလာမှုပင် ဖြစ်သည်။
ချူနင်သည် ရဲ့ချန်းလျန်၏ လက်ကို ပျော်ရွှင်စွာ ဆုပ်ကိုင်ထားပြီး သူမ၏ တင်းမာနေသော မျက်နှာအမူအရာကို ကြည့်ကာ အမြဲတမ်းပင် ရယ်ချင်နေမိသည်။
"ချန်းလျန် မင်္ဂလာဆောင်ဖို့က အရမ်းနီးနေပြီပဲ ဒီလောက်ကြီး တင်းမာနေဖို့ လိုလို့လား နည်းနည်းလောက် စိတ်လျှော့လိုက်ပါဦး။ နောက်ဆုံးတော့ ငါတို့က လင်မယားတွေ ဖြစ်လာကြမှာပဲ မဟုတ်လား"
ရဲ့ချန်းလျန်က သူ၏စကားကို ချက်ချင်းပင် နှာခေါင်းရှုံ့လိုက်သည်။
"ဒါက လူအများရှေ့ ပြသရုံသက်သက် လင်မယား ဆက်ဆံရေးပဲ နင့်ရဲ့ တာဝန်က နဂါးရင်သွေးလေး မွေးလာရင် ပြုစုစောင့်ရှောက်ဖို့ပဲ။ အဲဒီအချိန်ကျရင် နိုင်ငံရေးကိစ္စတွေကို ငါကိုယ်တိုင် ပြန်ကိုင်တွယ်မယ်"
"ပြီးတော့ ငါ့လက်ကိုလွှတ်ဦး နင့်ကို လက်ကိုင်ခိုင်းလို့လား နင်က အခုတော့ တော်တော်လေး အရှက်မရှိ ဖြစ်နေပြီပဲ"
"မင်း အထင်လွဲနေပြီ"
"ဘာကို အထင်လွဲတာလဲ ဒါကအမှန်တရား မဟုတ်ဘူးလား"
"ငါက အစကတည်းက ဒီလောက်အရှက်မရှိတာပါ။ငါ့ကို အရမ်းအထင်မကြီးပါနဲ့ဦး"
ရဲ့ချန်းလျန်၏ မျက်နှာမှာ အမူအရာ ကင်းမဲ့နေသည်။ သူမသည် လက်ကို ရုန်းဖယ်ရန် ကြိုးစားသော်လည်း ချူနင်က မြဲမြံစွာ ဆုပ်ကိုင်ထားဆဲပင် သူ၏ မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်။
"မင်း ခြေချော်လဲမှာစိုးလို့ စိုးရိမ်နေတာပါ။ မင်းလက်ကို ကိုင်ထားရမှ ငါ စိတ်အေးရတာ"
"နင့်မှာ လုပ်စရာ ဘာမှမရှိတော့ဘူးလား ငါပေးထားတဲ့ ကျင့်စဉ်ကိုရော ကျင့်ပြီးပြီလား"
ချူနင်သည် သူ၏ လက်ဖျားတွင် ဓားအသိတစ်ခုကို ဖန်တီးလိုက်ပြီး ရှေ့က သစ်ပင်တစ်ပင်ကို ပေါ့ပေါ့ပါးပါးပင် ရိုက်ချလိုက်သည်။
လက်ကောက်ဝတ်ခန့် ရှိသော သစ်ပင်မှာ တည့်တည့်ပင် ပြတ်တောက်သွားတော့သည်။
"ကျင့်စဉ်လား ငါကကျင့်တာ တော်တော်မြန်တယ်လေ မဟုတ်ရင် မင်းနဲ့အတူ အချိန်ဖြုန်းဖို့ ဘယ်လိုလုပ် အချိန်ရမှာလဲ"
ပြတ်တောက်သွားသော သစ်ပင်ကို ကြည့်ပြီး ရဲ့ချန်းလျန် ခဏမျှ ဆွံ့အသွားသော်လည်း တည်ငြိမ်သော မျက်နှာဖြင့် ပြန်ပြောလိုက်သည်။
"ကျင့်စဉ်လောကက အတိုင်းအဆမရှိ ကျယ်ပြောတယ် ကြိုးစားအားထုတ်မှုကပဲ လမ်းမှန်ဆီ ပို့ဆောင်ပေးတာ ဒီ ဓားအသိလေး တစ်ခုက ဘာမှ မဟုတ်သေးဘူး"
"တကယ်တော့ ငါက ကျင့်စဉ်အရမ်းမြင့်တဲ့ ထူးကဲဆရာကြီး တစ်ယောက်ပါ ဒါကြောင့် ကျင့်စဉ်ကျင့်နေဖို့တောင် မလိုဘူး"
"နင့်ရဲ့ ကျင့်စဉ်က ဘယ်လောက်ပဲ မြင့်နေပါစေ ရဲ့မိသားစုရဲ့ ကျင့်စဉ်တွေ အကုန်လုံးကို သေချာလေ့လာရမယ် သိလား"
"သိပါပြီ သိပါပြီ ဒါပေမဲ့ ငါ့ကို နေ့တိုင်းတော့ ကျင့်စဉ် မကျင့်ခိုင်းပါနဲ့ဦး။ အနည်းဆုံးတော့ ငါ့ကိုစိတ်ဓာတ်ခွန်အား တစ်ခုခုပေးဦးလေ"
ရဲ့ချန်းလျန်က အေးစက်စွာ လှောင်ပြုံး ပြုံးလိုက်သည်။ "ကျင့်စဉ်ဆိုတာ ကိုယ့်အတွက်ကိုယ် ကျင့်တာ။ ဒီလို ကိစ္စမျိုးအတွက်တောင် စိတ်ဓာတ်ခွန်အား လိုနေတယ်ဆိုရင်တော့ နင်က ကယ်လို့မရတော့ဘူးပဲ"
ထိုစကားကို ကြားသောအခါ ချူနင်က ပြုံးလျက် ရဲ့ချန်းလျန်ကို ထိုင်ခိုင်းလိုက်ပြီး အထူးပင် ဂရုစိုက်ပေးလိုက်သည်။
"အဲဒါက တခြားလူတွေလေ ငါမဟုတ်ဘူး။ ငါ့ရဲ့ အခု ကျင့်စဉ်ကျင့်ရတဲ့ ခွန်အားကမင်းပဲ"
"ဘယ်လိုနေလဲ ဒီရက်ပိုင်း ကိုယ်လက် မအီမသာဖြစ်တာမျိုးရှိလား"
ရဲ့ချန်းလျန် ခဏမျှ တိတ်ဆိတ်သွားသည်။ သူမကို အလွန်ဂရုစိုက်ပေးနေသော ဤလူကို ကြည့်ပြီး ခေတ္တမျှ ဘာပြောရမှန်း မသိဖြစ်သွားသည်။
အစကတော့ ဤလူသည် အာဏာရယူရန်အတွက်သာ သူမကို ဂရုစိုက်ဟန် ဆောင်နေသည်ဟု ထင်ခဲ့သော်လည်း ယခုတော့ သူ၏ ဂရုစိုက်မှုက စစ်မှန်နေပုံရသည်။
သို့သော် သူ ဂရုစိုက်နေသည်မှာ သူမ၏ ဗိုက်ထဲက ကလေးကိုလား သူမကိုလား ဆိုသည်ကတော့ မရေရာပေ ကလေးကြောင့် သက်သက်လည်း ဖြစ်နိုင်သည်။
ဘာပဲဖြစ်ဖြစ် ချူနင်ကိုယ်တိုင်လည်း အစပိုင်းမှာ သူက ခံစားချက်မရှိဘဲ ကလေးမွေးပြီးရင် ကလေးကိုပဲ အာရုံစိုက်မယ်လို့ ပြောခဲ့တာ မဟုတ်လား။
ဒါပေမဲ့ ဒီလိုအရာတွေကို အချိန်တိုအတွင်းတော့ အတည်ပြုလို့ မရနိုင်သလို ကလေးကလည်း အခုချက်ချင်း မွေးလာမှာ မဟုတ်သေးပေ။ သို့သော် ဤကာလအတွင်း ချူနင်၏ ဂရုစိုက်မှုကတော့ တကယ်ကို အသေးစိတ်လှသည်။
အရင်က ရဲ့ချန်းလျန်သည် ယခုကဲ့သို့သော ခံစားချက်မျိုးကို တစ်ခါမှ မကြုံဖူးခဲ့ပေ။ ယခု ချူနင်က ကလေးအတွက်ပဲဖြစ်ဖြစ် သူမအတွက်ပဲဖြစ်ဖြစ် အနည်းဆုံးတော့ သူမ ရင်ထဲတွင် အလွန် ကျေနပ်နေမိသည်။
"နည်းနည်း အိပ်ချင်တာကလွဲရင် တခြားဘာမှ မဖြစ်ပါဘူး"
"ပုံမှန် အန်တာမျိုးရော ရှိလား"
ရဲ့ချန်းလျန်က မျက်နှာလွှဲလိုက်ပြီး အေးဆေးစွာပင်"အစပိုင်းကတော့ အန်တယ် ဒါပေမဲ့ နင် စပြီး ချက်ပေးကတည်းက မအန်တော့ဘူး"
ချူနင် နားလည်သွားပြီး လက်လှမ်းကာ ရဲ့ချန်းလျန်၏ စူထွက်နေသော ဝမ်းဗိုက်လေးကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။ ၎င်းကို မြင်သောအခါ ရဲ့ချန်းလျန်က သူ့ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
နင့်ကိုထိခိုင်းလို့လား နောက်တစ်ခါ ထပ်ထိရင် နင့်ရဲ့ ခွေးလက်တွေကို ဖြတ်ပစ်မယ်လို့ ထင်နေလား။
ချူနင်က ရယ်မောလိုက်သည်။ "မင်္ဂလာဆောင်က မြန်မြန်ဖြစ်လေ ပိုကောင်းလေပဲ မဟုတ်ရင် လူတွေကို ရှင်းပြရ ခက်လိမ့်မယ်။ မင်း ဝတ်ထားတဲ့ နဂါးဝတ်ရုံက ပွပွကြီး ဖြစ်နေလို့သာပေါ့ မဟုတ်ရင် လူတွေ သတိထားမိဖို့ တော်တော် လွယ်သွားမှာ"
"နင့်ကြောင့်သာ မဟုတ်ရင် ငါက ဘာလို့ ဒီလို အခြေအနေမျိုးအထိ ကျရောက်ရမှာလဲ"
ရဲ့ချန်းလျန်က ညည်းတွားလိုက်သော်လည်း ချူနင်၏ လုပ်ရပ်ကိုတော့ တိတ်တဆိတ် ခွင့်ပြုထားဆဲပင်။
တကယ်တော့ သူမကိုယ်တိုင်လည်း ဘယ်လို ရှင်းပြရမှန်း မသိတဲ့ အပြောင်းအလဲ အချို့ ရှိနေသည်။ အဲဒါကတော့ သူမရဲ့ ရင်သားတွေက ဒီရက်ပိုင်းမှာ ပိုပြီး တင်းလာတာပဲ။ အရင်က အတွင်းခံတွေက မဆံ့တော့ဘဲ အခုဆိုရင် နှစ်ရက် သုံးရက်ခြား တစ်ခါ ပိုကြီးတဲ့ ဆိုဒ်ကို ပြောင်းဝတ်နေရသည်။
ဒီလိုကိစ္စမျိုးကို သူမကြားဖူးပါတယ် ကလေးမွေးပြီးရင် ကလေးကို နို့တိုက်ရမယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ ဖြစ်မှာပါ။ ဒါပေမဲ့ ဒါကလည်း အရမ်းကြီး မြန်နေသလိုပဲ။
သူမ ဒီရက်ပိုင်း အစားတွေ အရမ်းကောင်းနေလို့လား ဒါပေမဲ့ ဒီအကြောင်းကို ပြောဖို့က အရမ်း ခက်ခဲလွန်းပြီး ချူနင့်ကို ပြောဖို့ဆိုတာ ပိုပြီးတော့တောင် မဖြစ်နိုင်ပါဘူး။ မဟုတ်ရင် ဒီလူက ငါ့ကိုဖွင့်ကြည့်ခွင့်ပေးဦးဆိုတာမျိုး ပြောလာနိုင်တယ်လေ။
သို့သော် ချူနင်၏ ယခုကဲ့သို့ ဂရုစိုက်ပြမှုက ရဲ့ချန်းလျန်၏ ရင်ကို အနည်းငယ် လှုပ်ခတ်စေခဲ့ပြီး သူမသည် သူ့အပေါ် ထားရှိသော သတိဝီရိယများကို တဖြည်းဖြည်း လျှော့ချလာခဲ့သည်။
ဘာပဲဖြစ်ဖြစ် အခု သူက သူမကို စစ်စစ်မှန်မှန် ဂရုစိုက်နေတာပဲလေ။ လူတစ်ယောက်ကို တိုင်းတာရာမှာ ရည်ရွယ်ချက်ထက် လုပ်ရပ်က ပိုအရေးကြီးပါတယ်။
သူမ ဤသို့တွေးနေစဉ်မှာပင် ချူနင်က သူမဘေးတွင် ရုတ်တရက် ထိုင်လိုက်ရာ သူတို့၏ ပခုံးချင်းက ထိကပ်သွားသည်။ ရဲ့ချန်းလျန် ခဏမျှ တုံ့ဆိုင်းသွားသော်လည်း ရှောင်မဖယ်ဘဲ ချူနင့်ကိုသာ အမူအရာ ကင်းမဲ့စွာ စိုက်ကြည့်နေသည်။
သူက ပြုံးလိုက်ပြီး ခံစားချက်အချို့ဖြင့် ပြောလိုက်သည်။ "အမှန်အတိုင်း ပြောရရင် ငါ ကလေး ဒီလောက် မြန်မြန် ရလာလိမ့်မယ်လို့ မထင်ထားဘူး ရုတ်တရက် အဖေဖြစ်လာရမယ်ဆိုတာ တစ်ခါတလေ စဉ်းစားရင် အိမ်မက်လိုပဲ"
ရဲ့ချန်းလျန်က ချူနင့်ကို အားမနာတမ်း တစ်ချက် ဆိတ်လိုက်သည်။
"အခု ဘယ်လို ခံစားရလဲ"
အိမ်မက် မဟုတ်တော့ဘူးပေါ့ ငါအဖေကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လို လုပ်ရမလဲဆိုတာ စဉ်းစားရမယ်။ တကယ်တော့ ငါ မသိသေးတာတွေ အများကြီး ရှိနေသေးတော့ မင်းရဲ့ ဒုက္ခတွေကို ဖြေရှင်းပေးဖို့ ငါ အတတ်နိုင်ဆုံး ကြိုးစားပေးမယ်လို့ပဲ ပြောနိုင်တယ်။
ချူနင်က ပြုံးနေဆဲပင် "မင်း ငါ့ကို သံသယဖြစ်တာက ပုံမှန်ပါပဲ ဘာပဲဖြစ်ဖြစ် ငါတို့ ဆက်ဆံရေးက အရမ်း ရုတ်တရက်ကြီး ဖြစ်သွားတာကိုး ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါက ဒီတာဝန်ကို အမြဲတမ်းယူထားမှာပါ အဲဒါကြောင့်လည်း မင်းအတွက် ဒီအရာတွေကို လုပ်ပေးနေတာ"
"ဒီနေ့ ပြောခဲ့တဲ့ စကားတွေအတိုင်း မင်း ဘာကိုမှ ထည့်စဉ်းစားနေဖို့ မလိုသလို ဘာကိုမှလည်း စိုးရိမ်မနေပါနဲ့ ငါ ဖြေရှင်းပေးနိုင်တာမှန်သမျှ အတတ်နိုင်ဆုံး လုပ်ပေးမယ်။ မင်းနဲ့ မင်းဗိုက်ထဲက ကလေးက ငါ့အတွက် အကြီးမားဆုံး ဆုလာဘ်ပါပဲ"
"ပြောရရင်တော့ ဒါက မျှော်လင့်ချက် တစ်မျိုးပေါ့"
ရဲ့ချန်းလျန်က မျက်လုံးလေး မှေးစင်းလိုက်သည်။ "ဒါဆို အခုထိ နင့်ကိုထောက်ကူပေးနေတာက အဖေတစ်ယောက်ရဲ့ တာဝန်ပဲလား"
ဤစကားမှာ ပေါ့ပေါ့ပါးပါးဟု ထင်ရသော်လည်း သတ်ဖြတ်လိုသော အငွေ့အသက်များ ဖုံးကွယ်နေသည်။
"တာဝန်သက်သက်ပဲ ဆိုရင်တော့ ဒီလောက်အထိ လုပ်ပေးနေစရာ မလိုပါဘူး"
ရဲ့ချန်းလျန်က ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဒါဆို ဘာလို့လဲ"
ချူနင်သည် ရဲ့ချန်းလျန်၏ လက်ကို တင်းတင်းဆုပ်ကိုင်ကာ လေးလေးနက်နက် ပြောလိုက်သည်။ "အရှင်မရဲ့ နှလုံးသားကို သိမ်းပိုက်ဖို့ ကြံနေတာပေါ့ ငါက အရှင်မအတွက် ဒီလောက်တွေ လုပ်ပေးခဲ့တယ် ပြီးတော့ ကလေးရဲ့ အဖေလည်း ဖြစ်နေတာပဲ။
အရှင်မရဲ့ နှလုံးသားက ကျောက်တုံးဖြစ်နေရင်တောင် ပြောင်းလဲသွားမှာ မဟုတ်ဘူးလားအရှင်မတကယ် စိတ်ပြောင်းသွားတဲ့ တစ်နေ့ကျရင်တော့ ဒါက တာဝန်သက်သက် မဟုတ်တော့ဘဲ နှစ်ဦးနှစ်ဖက် သံယောဇဉ် ဖြစ်လာမှာပေါ့"
ရဲ့ချန်းလျန် ကြောင်သွားပြီး မျက်နှာလေး ရဲတက်လာသည်။ ထို့နောက် နှာခေါင်းတစ်ချက် ရှုံ့လိုက်သည်။ "သာမန်လူ တစ်ယောက်က စကားကြီးစကားကျယ်တွေ ပြောနေလိုက်တာ နင့်ကိုယ်နင်တောင် မချိန်ဆဘဲ ငါ့ရဲ့ ဒုက္ခအားလုံးကို ဖြေရှင်းပေးမယ်တဲ့။
သူမသည် ချူနင်က ဤကဲ့သို့ ပြောသည်ကို အကြားချင်ဆုံးဖြစ်သော်လည်း ကြားရတိုင်း သူမ၏ ရင်ထဲမှာ ဗယက်သမ်းကုန်ရသည်။
ထို့ကြောင့် သူမ၏ စစ်မှန်သော ခံစားချက်များကို ဖုံးကွယ်ရန် ဤစကားမျိုးကိုသာ သုံးလိုက်ရခြင်း ဖြစ်သည်။
ချူနင်ကတော့ ရဲ့ချန်းလျန်၏ စိတ်ကူးကို သိနေသည်။ ဒါက တကယ့် အထင်အမြင်သေးတာ မဟုတ်ဘဲ မာနကြီးလွန်းနေရုံသာ ဖြစ်သည်။
ဘေးနားက အမျိုးသမီးထံမှ နွေးထွေးမှုနှင့် ရနံ့ကို ခံစားရင်း ချူနင်က ဖြည်းဖြည်းချင်း အနားသို့ တိုးကပ်သွားသည်။
"ချန်းလျန် မင်းနဲ့ ဆွေးနွေးချင်တာ တစ်ခု ရှိတယ်"
ရဲ့ချန်းလျန်၏ အမူအရာမှာ ပုံမှန် ပြန်ဖြစ်သွားပြီး အေးစက်သော ဟန်ပန်ကို ပြန်ယူလိုက်သည်။ "ဘာလဲ"
သူမ ခေါင်းလှည့်လိုက်စဉ်မှာပင် ချူနင်က သူမရှေ့သို့ တိုးကပ်လာပြီးသား ဖြစ်နေသည်။
နမ်းလိုက်ပြီ။
သူမ ဘယ်လိုမှ ရှောင်လို့ မရလိုက်ပေ အဲဒီအတိုင်းပဲ အနမ်းခံလိုက်ရသည်။ ရဲ့ချန်းလျန်၏ ဦးနှောက်မှာ ချက်ချင်းပင် ဗလာဖြစ်သွားတော့သည် နှုတ်ခမ်းသားပေါ်က နူးညံ့ပြီး နွေးထွေးသော အထိအတွေ့မှာ ဒီနေ့ သူမ ချူနင့်ကို ကိုက်ခဲ့စဉ်ကနှင့် လုံးဝ ကွဲပြားနေသည်။ ပို၍ ညင်သာပြီး ခံစားချက်ကလည်း အများကြီး ပိုကောင်းသည်။
ခဲနေသော သူမ၏ ဦးနှောက်မှာ တဖြည်းဖြည်း ပြန်လည် နိုးထလာပြီး မျက်လုံးများ ပြူးကျယ်သွားကာ မျက်နှာလေး ရဲတက်လာသည်။
"ဘယ်သူ... ဘယ်သူက နင့်ကို နမ်းခိုင်းလို့လဲ"
သူမသည် ချူနင့်ကို တွန်းထုတ်လိုက်ပြီး တစ်ကိုယ်လုံး တုန်ရင်နေကာ ရှေ့ကအမျိုးသားကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"နင်က ငါ့ကိုအခွင့်အရေး ယူရဲတယ်ပေါ့ တကယ့်ကို အတင့်ရဲတာပဲ နင်ကအင်ပါယာရဲ့ အရှင်သခင်တောင် မဖြစ်သေးဘူးနော်"
ချူနင်က ရဲ့ချန်းလျန်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည် "မေးနေဖို့မလိုဘူး လုပ်စရာ ရှိတာသာလုပ်လို့ မင်းပဲပြောခဲ့တာ မဟုတ်လား ဒီလို အခွင့်အရေးကောင်းကို ငါက ဘယ်လိုလုပ် လက်လွှတ်ခံမှာလဲ"
"နင်..."
သူမ၏ အမူအရာမှာ အလွန်ပင် ရှက်ရွံ့နေပြီး မြေကြီးထဲသာ ငုပ်ဝင်သွားချင်မိတော့သည်။
ဘာစကားမှ ထပ်မပြောတော့ဘဲ ချူနင့်ကို အားရပါးရ တစ်ချက် ထိုးလိုက်တော့သည်။
"ငါ ပြောခဲ့ရင်တောင် ဒါမျိုးက မရဘူး"
"နင်ငါ့အပေါ်ဘယ်လောက်ပဲကောင်းကောင်းဒါမျိုးကမရဘူးနင်သာငါ့ကိုထပ်နမ်းရဲရင်ငါနင့်ကိုခုတ်သတ်ပစ်မယ်"