အခန်း (၃၅) သူ့ကို သတ်ချင်နေတာ ဘယ်နှစ်ရက်ရှိပြီလဲ မသိတော့ဘူး
နန်းဆောင်သို့ ပြန်ရောက်ပြီးနောက် ချူနင်သည် ဘာမှအများကြီး မစဉ်းစားတော့ဘဲ ကုတင်ပေါ်သို့ ပစ်လှဲကာ အိပ်ပျော်သွားတော့သည်။ သူ တစ်နေကုန် အလုပ်ရှုပ်ခဲ့သည်လေ။
ထိုအဘိုးကြီးက တကယ်တော့ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းသည်။ ဓားကို လည်ပင်းမှာ တေ့ထားပြီးတော့တောင် မသတ်ရဲဘဲ ခြောက်ရုံပဲ ခြောက်ရဲတယ် သူက ရာထူးလုယူမှာကိုပဲ ကြောက်နေတာ။ ဒါပေမဲ့ ချူနင့်ရဲ့ အဆင့်အတန်းကြောင့် သူက ခြိမ်းခြောက်ရုံပဲ တတ်နိုင်တာလေ တကယ် ရယ်စရာကောင်းလှသည်။
သူ့ဇနီးကတောင် သူ့ကို မခြောက်နိုင်တာကို ဒီအဘိုးကြီးက သူ့ကို ခြောက်လို့ ရပါ့မလား။
အမှန်အတိုင်း ပြောရလျှင် သရဲတံတိုင်းကျင့်စဉ်က ချူနင့်ကို ခဏတော့ လန့်သွားစေခဲ့သည်။ သူ တကယ်ပဲ သရဲနဲ့ တိုးပြီ ထင်နေတာ သူက သရဲကိုကြောက်တာပါ အဘိုးကြီးကို ကြောက်တာ မဟုတ်ဘူး။
အရင်က ကျွန်းနိုင်ငံ (ဂျပန်) က သရဲကားတွေ အများကြီး ကြည့်ခဲ့ဖူးတော့ စိတ်ထဲမှာ အရိပ်မည်းတစ်ခုလို ဖြစ်နေတာ။ နန်းတော်ထဲမှာ မကျွတ်မလွတ်ဘဲ သေဆုံးသွားတဲ့ အစေခံတွေ ရှိနိုင်တယ်လို့ တွေးမိတာနဲ့တင် ကျောချမ်းစရာပဲ။
နောက်တစ်နေ့မနက်တွင်တော့ ထုံးစံအတိုင်း ဟင်းချက်သည် ထမင်းစားသည်။ ချန်ရှင်းနန်းဆောင်အတွင်း၌ သူတို့သုံးယောက် ထိုင်နေကြပြန်သည်။ သို့သော် လေထုနှင့် သူတို့၏ အပြုအမူများကတော့ မတူတော့ပေ။
ရှောင်ပင်းကတော့ ဘာစကားမှ မပြောဘဲ အငန်းမရ စားနေသည်။ သူတို့နှစ်ယောက် ဘာပြောပြော ဘာလုပ်လုပ် မနှောင့်ယှက်ဖို့ ဆုံးဖြတ်ထားပုံရသည်။ သူမက ချူနင်အတွက် အခွင့်အရေး ဖန်တီးပေးချင်သော်လည်း အရှင်မက သူမကို အနားက အထွက်မခံပါ။
ရှောင်ပင်းက ဘယ်လောက် ဉာဏ်ကောင်းသလဲ အရှင်မက သူမကို ဒိုင်းတစ်ခုလို သုံးနေတာ သူမကိုယ်သူမ မထိန်းနိုင်မှာ စိုးလို့ ချူနင့်ကို လျစ်လျူရှုထားတာပဲ ဖြစ်ရမယ်။
"ချန်းလျန်... ဒါလေး မြည်းကြည့်ဦး အခုမှ ပူပူနွေးနွေး လုပ်ထားတာ။ မနက်ခင်းဆိုတော့ အရသာ ပေါ့ပေါ့ပါးပါးလေးပဲ ကောင်းတယ် အစပ်တွေ သိပ်မစားနဲ့ဦး"
"သောက်လို့ပြီးပြီလား နောက်တစ်ခွက် ထပ်ယူမလား တစ်နေကုန် အလုပ်ရှုပ်မှာဆိုတော့ ဗိုက်ဆာလို့ မဖြစ်ဘူးလေ"
ချူနင်က စကားတွေပြော ဟင်းတွေခတ်ပေးရင်း ရဲ့ချန်းလျန် စားနေတာကိုပဲ စိုက်ကြည့်နေတော့သည် ငါ့မိန်းမက တကယ်ကို လှတာပဲ။
ရဲ့ချန်းလျန်ကတော့ အစမှအဆုံးအထိ စကားတစ်ခွန်းမှ မပြောဘဲ တိတ်ဆိတ်နေသည် ချူနင် သူမကိုစိုက်ကြည့်နေမှန်း သူမ သိသော်လည်း ပြန်တုံ့ပြန်ဖို့ အစီအစဉ် မရှိပါ။
သို့သော် မျက်လုံးချင်း ဆုံမိတိုင်း ရဲ့ချန်းလျန် မျက်နှာလေး ရဲတက်လာပြီး ချက်ချင်း ပြန်လွှဲဖယ်ပစ်ရသည်။ ထိုအခြင်းအရာက ချူနင့်ကို ပိုပြီး စိတ်လှုပ်ရှားစေသည်။
သိုသော် ဤထမင်းဝိုင်းကလည်း ပြီးဆုံးသွားရစမြဲပင်။ မနက်စာ စားပြီးနောက် ရှောင်ပင်းက ပန်းကန်တွေကို သိမ်းပြီး ထွက်သွားရာ အိပ်ဆောင်ထဲတွင် သူတို့နှစ်ယောက်တည်း ကျန်ခဲ့တော့သည်။
ချူနင် အခွင့်အရေး ရပြီဟု ခံစားလိုက်ရသည်။ သူသည် ခုံပုလေးကို ဆွဲကာ ရဲ့ချန်းလျန်၏ ဘေးတွင် ကပ်ထိုင်လိုက်သည်။
"ချန်းလျန် ဟင်းတွေက ဘယ်လိုလဲ မင်းအကြိုက် ဟုတ်ရဲ့လား"
ရဲ့ချန်းလျန်၏ မျက်နှာမှာ အေးစက်နေဆဲဖြစ်ပြီး ချူနင့်ကို တစ်ချက်ကလေးတောင် လှည့်မကြည့်ပါ။ ၎င်းက မနေ့က ဖြစ်ခဲ့တာတွေကို သူမ မမေ့သေးကြောင်း သက်သေပြနေသည်။
ယခုအချိန်တွင် သူမသည် ချူနင့်ကို ဘယ်လို ရင်ဆိုင်ရမလဲ ဘာပြောရမလဲဆိုတာ မသိဘဲ ဖြစ်နေသည်။
နန်းတော်အတွင်း၌ လက်ဖဝါးရိုက်သံလောက်ပင် မကြားရဘဲ တိတ်ဆိတ်လွန်းနေသည်။ အထူးသဖြင့် သူတို့နှစ်ယောက်တည်း ရှိနေသည့် အခြေအနေက အလွန် ထူးဆန်းနေသည်။
နောက်ဆုံးတွင် ရဲ့ချန်းလျန် မအောင့်နိုင်တော့ဘဲ ဒေါသတကြီး ပြောလိုက်ရသည် နင် ငါ့ကို အဲဒီလိုပဲ စိုက်ကြည့်မနေနဲ့ဦးမလား လုပ်စရာ အလုပ်မရှိဘူးလား။
ချူနင်က မျက်လုံးလေးတွေ မှေးစင်းသွားသည်အထိ ပြုံးလိုက်သည်။
"ငါ့ရဲ့ တစ်ခုတည်းသော အလုပ်က မင်းကို သေချာ ဂရုစိုက်ဖို့ပဲ မဟုတ်လား"
ရဲ့ချန်းလျန် သွားကြိတ်လိုက်ပြီး "မနက်ခင်း ညီလာခံစတော့မယ် နင်လည်း သွားရမှာလေ ဘာလို့ နဂါးဝတ်ရုံ မလဲသေးတာလဲ"
"ဒီမှာလေ အပြင်မှာ ထုတ်ထားပြီးပြီ ခဏနေရင် ချက်ချင်း ဝတ်လို့ရပါတယ်"
"ဒါဆိုရင် မနေ့က အလုပ်တွေထဲမှာ မပြီးသေးတာရှိလား ဒါမှမဟုတ် ထပ်ဖြည့်စွက်ရမှာတွေ ရှိလားဆိုတာ သွားမစဉ်းစားသင့်ဘူးလား"
"အားလုံး ပြီးသွားပါပြီ မင်းကိုလည်း ပြပြီးပြီလေ ပြီးတော့ ရှောင်ပင်းကို ပေးပြီး နန်းတွင်းအကြံပေးအဖွဲ့ကို ပို့ခိုင်းလိုက်ပြီ"
ရဲ့ချန်းလျန် ဆွံ့အသွားပြီး လက်သီးကို တင်းတင်းဆုပ်ကာ တိတ်ဆိတ်သွားတော့သည်။ ရဲတက်နေသော သူမ၏ မျက်နှာက သူမတွင် နောက်ထပ် ဆင်ခြေပေးစရာ မရှိတော့ကြောင်း ပြနေသည်။
အကယ်၍ ချူနင်က သူမကို လျစ်လျူရှုရင်လည်း သူမ စိတ်တိုသည်။ ချူနင်က အနားကပ်လာရင်လည်း သူမ ပိုပြီး စိတ်တိုရပြန်သည် ရှေ့ကကိစ္စက သူမကို ဟာတာတာ ဖြစ်စေပြီး နောက်ကကိစ္စကတော့ ဒီလူက တော်တော် ကပ်တွယ်လွန်းတယ်လို့ ခံစားရစေသည်။
ပြီးတော့ သူက သူမကိုပဲစိတ်ထဲ ထားနေတာ မနေ့က ကိစ္စကို လက်စသတ်ဖို့ လုံးဝ စိတ်ကူးမရှိပုံပဲ မနေ့ကတည်းက သူ့ကိုနမ်းခွင့် ပေးလိုက်သင့်တာ အဲဒါဆိုရင် ခွေးကိုက်ခံရသလိုပဲ ပြီးသွားမှာ။
အခုတော့ ချူနင်က ပိုပြီး အတင့်ရဲလာပြီ။ သူမ တစ်ခုခုပြောလိုက်တာနဲ့ ချူနင်က မနေ့က ကိစ္စကို ထုတ်ပြောပြီး သူမကို အကျပ်ကိုင်တော့မှာ သေချာသည်။
ရဲ့ချန်းလျန် ထွက်ပြေးချင်စိတ် ပေါက်လာသည်။ အနည်းဆုံး ရှောင်ပင်းဘေးမှာ ရှိနေရင် ချူနင်က အလွန်အကျွံ ဘာမှမလုပ်ရဲလောက်ဘူး သို့သော် သူမ ထရပ်မည်အပြုတွင် ချူနင်က သူမ၏ လက်မောင်းကို လှမ်းဆွဲလိုက်သည်။
"မလောပါနဲ့ဦး အချိန် မရောက်သေးပါဘူး ပြန်ထိုင်ပါဦး"
ရဲ့ချန်းလျန်က လုံးဝ လက်မခံပါ "ညီလာခံ အချိန် မရောက်သေးရင် မင်းတက်နန်းဆောင်ကို သွား"
ချူနင်က မထိန်းနိုင်ဘဲ ရယ်မောလိုက်သည်။ "မင်းတက်နန်းဆောင်ကို သွားရင်လည်း ငါတို့နှစ်ယောက်တည်း ရှိနေမှာပဲလေ။ ငါ ရှောင်ပင်းကို အဝေးကို လွှတ်လိုက်မှာပေါ့ မင်း ပြေးလို့ မလွတ်ပါဘူး"
ဟုတ်တာပေါ့ ချူနင်နဲ့ သူမရဲ့ ကိုယ်ရံတော် ရှောင်ပင်းတို့က သူမအပေါ်မှာ အခွင့်အရေး ဘယ်လို ယူမလဲဆိုတာကို အကျယ်ကြီး တိုင်ပင်နေခဲ့ကြတာလေ ဒီလူယုတ်မာက ရှောင်ပင်းကိုတောင် လာဘ်ထိုးထားသေးတာ။
ရဲ့ချန်းလျန် နှာခေါင်းရှုံ့လိုက်ပြီး ချူနင့်ကို အမူအရာမရှိ ကြည့်လိုက်သည်။
"နင် တကယ်ဘာလိုချင်တာလဲ အတိအလင်း ပြောစမ်း ဒါတွေ အကုန်လုံးက ဘာအတွက်လဲ"
ချူနင်က နားမလည်ဟန်ဖြင့် "ငါ မင်းကို လိုချင်တာလေ အခုထိ မသိသေးဘူးလား ငါ မင်းအပေါ်မှာ အမြဲတမ်း စိတ်ဝင်စားမှု ပြခဲ့တာပဲ မဟုတ်လား မင်းမသိဘူးလား"
ရဲ့ချန်းလျန် နောက်ဆုံးတော့ ဒီအခြေအနေကို ဖြေရှင်းမယ့် သော့ချက်ကို ရှာတွေ့သွားပြီ။
"ဟက် ငါ့ကို စိတ်ဝင်စားတယ်ဆိုတာ ဟန်ဆောင်နေတာပဲ မဟုတ်လား နင့်ရဲ့ အဓိက ရည်ရွယ်ချက်က ရာထူးကို လုယူပြီး အင်ပါယာကို သိမ်းပိုက်ဖို့ မဟုတ်လား"
ဒါကိုမြင်တော့ ချူနင်က မရှင်းပြတော့ဘဲ တန်းပြီး ဝန်ခံလိုက်သည်။ "ဟုတ်တယ်... ဟုတ်တယ် မင်းပြောတာ မှန်တယ်။ မင်းကို ရပြီဆိုတာနဲ့ တာ့ချန်းအင်ပါယာ တစ်ခုလုံးက ငါ့အပိုင် ဖြစ်လာမှာပေါ့ ငါဧကရာဇ်ဖြစ်လာတဲ့အခါ မောင်မံမိဿံတွေ အများကြီး ထားမယ် ပြီးတော့"
"နင် လုပ်ရဲရင် စမ်းကြည့်လိုက်လေ"
ရဲ့ချန်းလျန်က ချူနင့်ကို ဒေါသတကြီး စိုက်ကြည့်သည် "နင် ငါ့ရှေ့မှာ ပေါက်ကရတွေ ပြောတာကို ငါဂရုမစိုက်ဘူး ထားဦး ဒါပေမဲ့ တခြားမိန်းမတွေ ရှာမယ်လို့ ငါ့ရှေ့မှာ ပြောရဲတယ်ပေါ့ ငါ့ဗိုက်ထဲမှာ နင့်ကလေး ရှိနေတာကို နင်သိရဲ့လား"
ချူနင်က ပြုံးလျက် ရဲ့ချန်းလျန်၏ လက်ကို ဆုပ်ကိုင်လိုက်သည်။ "မင်းက အရင် စနောက်တာလေ ဘာလို့ ဒေါသထွက်နေတာလဲ အရှင်မ ဒီလိုဆိုရင်တော့ မင်းမှာ သူငယ်ချင်း အများကြီး ရှိမှာ မဟုတ်ဘူးနော်"
ရဲ့ချန်းလျန် လက်ကို ပြန်ရုပ်လိုက်ပြီး နှာခေါင်းရှုံ့သည်။ "ငါ့မှာ သူငယ်ချင်း မလိုဘူး အုပ်ချုပ်သူဆိုတာ အမြဲတမ်း တစ်ယောက်တည်းပဲ ငါက ငါပဲ ဘယ်သူမှ ငါ့ကို မထိန်းချုပ်နိုင်ဘူး"
ကဲ... ဒါဆို နောက်မစတော့ဘူး တကယ်တော့ ငါ့မျက်လုံးထဲမှာ ချန်းလျန် မင်းတစ်ယောက်တည်း ရှိတာပါ ဟင် မင်းဗိုက်က ပိုကြီးလာသလိုပဲ ကလေးကို စမ်းကြည့်ပါရစေဦး။
ဤသို့ ပြောပြီးနောက် သူက တိုးကပ်သွားကာ ရဲ့ချန်းလျန်၏ ဗိုက်နားသို့ ခေါင်းတိုးလိုက်သည်။
"အင်း ခံစားမိတယ်"
ရှုပ်ထွေးနေသော ရဲ့ချန်းလျန်သည် ချက်ချင်းပင် ဇဝေဇဝါ ဖြစ်သွားပြီး ငုံ့ကြည့်လိုက်သည်။
"ငါတောင် ဘာမှ မခံစားရသေးဘူး နင်က ဘာကို ခံစားမိတာလဲ"
"မင်းရဲ့ ကိုယ်ငွေ့လေးက နွေးပြီး မွှေးနေတာကို ခံစားမိတာ"
ဤသို့ ပြောပြီးနောက် သူက လက်ကို ဆန့်ထုတ်ကာ ရဲ့ချန်းလျန်၏ ခါးကို ပွတ်သပ်လိုက်သည်။ ရဲ့ချန်းလျန် ခဏမျှ ကြောင်သွားပြီးနောက် ချူနင့်ကို ချက်ချင်း ကန်ထုတ်လိုက်တော့သည်။
"လူယုတ်မာ ထွက်သွားစမ်း"
"နောက်ကို ငါ့ခွင့်ပြုချက် မရှိဘဲ ဒီလိုမျိုး လာမလုပ်နဲ့"
"အော် ဒါဆို အရင်ကတော့ မမေးဘဲ လုပ်လို့ရတယ်ပေါ့ အစတည်းက ပြောပါလား"
"ချူနင် နင် ဒီလောက်တောင် အရှက်မရှိတာလား"
"ငါ ဒီထက်ပိုပြီး အရှက်မရှိတာတွေ မလုပ်ရသေးဘူး မင်း ငါ့ကိုသတ်မှာ စိုးလို့လေ။ မဟုတ်ရင်တော့ မင်းကိုယ့်ကိုယ်ကိုယ် ထိန်းနိုင်မယ်ဆိုရင် ငါ စမ်းကြည့်"
ချွန်း
ဓားရှည်က ရုတ်တရက် အိမ်ထဲမှ ထွက်လာသည် ရဲ့ချန်းလျန် မျက်နှာလေး ရဲတက်နေပြီး ကျိန်ဆဲလိုက်သည် နင် တစ်ခုခုစမ်းကြည့်ရဲရင် သေမှာမကြောက်ဘူးလား ငါ ဒါကိုဖြတ်ပစ်လိုက်မယ်လို့ ယုံလား ဒါဆိုရင် နင် နောက် ဘယ်တော့မှ ဒီလိုမျိုးတွေ တွေးနိုင်တော့မှာ မဟုတ်ဘူး"
"နင့်ကို ထိန်းချုပ်ဖို့ ငါ့မှာ နည်းလမ်း မရှိဘူးလို့ မထင်နဲ့"
ချူနင်က မကျေမနပ် ဖြစ်သွားသည်။ "ဒါက မင်းရဲ့နောင်ရေး ပျော်ရွှင်မှုကို ဖျက်ဆီးလိုက်တာ မဟုတ်ဘူးလား ငါ့အတွက် မစဉ်းစားရင်တောင် မင်းကိုယ့်ကိုယ်ကိုယ်အတွက်တော့ "စဉ်းစားသင့်တယ်
ရဲ့ချန်းလျန်က ဓားကို မြှောက်ပြီး ချူနင်ဆီသို့ လျှောက်လာသည်။ အခုတော့ သူမ တကယ်ပဲ ချူနင့်ကို သတ်ချင်နေပြီ။
ချူနင်ကတော့ အခွင့်အရေးယူဖို့ ကြိုးစားရင်း ရဲ့ချန်းလျန်ရဲ့ ဓားစာမိတော့မလို ဖြစ်နေပါပြီ။