အခန်း (၃၃) ဆက်ဆံရေးများ ပြောင်းလဲလာခြင်း
ထမင်းစားပွဲတွင် ရဲ့ချန်းလျန်နှင့် ချူနင်တို့သည် မျက်နှာချင်းဆိုင် ထိုင်နေကြသည်။ သူတို့ကြားတွင်တော့ ရုပ်ထုလေးတစ်ခုလို ငြိမ်သက်ပြီး အစားကိုသာ အာရုံစိုက်စားနေသည့် ရှောင်ပင်းရှိနေသည်။ သူမ ရှိနေခြင်းက အလွန်အရေးကြီးပါသည် မဟုတ်လျှင် ချူနင်က တစ်တွတ်တွတ်နှင့် စကားများနေဦးမည် ဖြစ်သည်။
"ရှောင်ပင်း ဒီနေ့ ကျင့်ကြံရတာ ဘယ်လိုလဲ"
ထိုစကားကို ကြားသောအခါ ရှောင်ပင်းက တူကိုချ ပါးစပ်ကိုသုတ်ပြီး နှမြောတသစွာ ခေါင်းခါပြသည်။
"ကျင့်ကြံရတာ နန်းတော်ထဲမှာထက်တောင် ပိုနှေးနေသလိုပဲ အရှင်မရဲ့ ကိုယ်ပေါ်က နဂါးအရှိန်အဝါကြောင့် ကျွန်မပါ ကံကောင်းခြင်းတွေ ရရှိပြီး ကျင့်စဉ်တက်တာ ပိုမြန်နေတာလား မသိဘူး"
ရဲ့ချန်းလျန်က မရယ်ဘဲ မနေနိုင်ဖြစ်သွားသည်။
"ဘာတွေ လျှောက်ပြောနေတာလဲ နဂါးအရှိန်အဝါက နင့်ကိုသက်ရောက်မှု မရှိပါဘူး။ ရဲ့မိသားစုဝင်တွေအပေါ်မှာပဲ သက်ရောက်တာပါ။ ပြီးတော့ အဲဒီအရှိန်အဝါက နိုင်ငံတော်ရဲ့ ကံကြမ္မာကိုပဲ ကိုယ်စားပြုတာ ကျင့်ကြံခြင်းနဲ့ မဆိုင်ဘူး"
ချူနင်ကတော့ ပြုံးလျက် ရှောင်ပင်းကို ကြည့်ကာ "နင်က ကျင့်ကြံခြင်းကို တော်တော် အလေးထားတာပဲလား"
ရှောင်ပင်းက ခေါင်းကို တရစပ် ညိတ်ပြသည်။
အလေးထားတာပေါ့ လူတိုင်းက ချူသခင်လေးလို အလိုဆန္ဒမရှိဘဲ အရှင်မအကြောင်းပဲ တွေးနေကြတာ မဟုတ်ဘူးလေ။ ကျွန်မသာ ကျင့်စဉ်မြင့်ရင် ရန်သူတွေ ကျူးကျော်ဝံ့မှာ မဟုတ်ဘူး။
အရှင်မနဲ့ တန်းတူအဆင့်ကို ရောက်ဖို့ အခွင့်အရေးသာရှိရင် ရန်သူ့နိုင်ငံတွေကို မြေလှန်ပစ်ဖို့တောင် မဖြစ်နိုင်တာ မဟုတ်ဘူး။
"ပြီးတော့ ကျင့်ကြံခြင်းက အသက်ရှည်စေတယ်လေ သခင်လေးလည်း သေချာကျင့်သင့်တယ် မဟုတ်ရင် နောက်နှစ်အနည်းငယ်ကြာရင် သခင်လေးက အိုမင်းပြီး ရုပ်ဆိုးသွားလိမ့်မယ်။ အဲဒီကျရင် အရှင်မက သခင်လေးကို ကြိုက်ဦးမှာလား"
ရဲ့ချန်းလျန်က ရုတ်တရက် ချောင်းအနည်းငယ် ဟန့်လိုက်ပြီး သူမကို မကျေမနပ် စိုက်ကြည့်သည်။
"ငါက သူ့ကို ကြိုက်တယ်လို့ ဘယ်တုန်းက ပြောလို့လဲ ရှောင်ပင်း စကားကို လျှောက်မပြောနဲ့"
ရှောင်ပင်းက တဟီးဟီး ရယ်လိုက်ပြီး ချူနင်ဘက်မှ ကူပြောပေးပြန်သည်။ "သခင်လေး ကြည့်ပါဦး အခုလို ချောနေတာတောင် ဧကရီက မကြိုက်ဘူးတဲ့။ နောက်ကျလို့ အဖိုးကြီး ဖြစ်သွားရင်တော့ ပိုပြီး မျှော်လင့်ချက် မရှိတော့ဘူးပေါ့"
ထိုစကားကို ကြားသောအခါ ချူနင်က ချက်ချင်း တည်ကြည်သွားသည်။
"ဒါဆိုရင် ချန်းလျန် ငါ့ကို ပိုကြိုက်လာအောင် ငါကျင့်စဉ်ကျင့်ရမယ် အသက်ရှည်အောင် နေရမယ် ပြီးတော့ ငါ့ရဲ့ဒီရုပ်ရည်ကိုလည်း ထိန်းသိမ်းထားရမယ်"
"ဟုတ်ကဲ့ပါ သခင်လေး"
သူတို့နှစ်ယောက် တိုင်ပင်ထားသလို ညီညွတ်နေသည်ကို ကြည့်ပြီး ရဲ့ချန်းလျန် မယုံနိုင်အောင် ဖြစ်နေရသည်။ သူတို့နှစ်ယောက် ကြိုတင် ဇာတ်တိုက်ထားကြတာလားဟုပင် သူမ သံသယဝင်မိသည်။ သို့သော် ချူနင်ကလည်း ပြောပြီးပြီဆိုတော့။
"ရှောင်ပင်းရဲ့ ကျင့်စဉ်တက်လှမ်းမှုက ရဲ့မိသားစုသန့်စင်မြေမှာ မကောင်းဘူးဆိုရင် နန်းတော်ထဲမှာပဲ နေပြီး ကျင့်တာ ပိုကောင်းပါတယ်။ ပြီးတော့ ရှောင်ပင်း နင်က ချူနင့်ရဲ့ ကျင့်ကြံခြင်းကို ကြီးကြပ်ရမယ်"
ရဲ့ချန်းလျန်က ချူနင့်ကို အေးစက်စွာ ကြည့်လိုက်သည်။
"အရင်က ပေးထားတဲ့ ကျင့်စဉ်က အင်ပါယာရဲ့ အမြင့်ဆုံးကျင့်စဉ်ပဲ နေ့တိုင်း နင့်ရဲ့ တိုးတက်မှုကို ငါကိုယ်တိုင် စစ်ဆေးမယ်။ အကယ်၍ ကျင့်စဉ်ကျင့်ဖို့ ပျင်းနေသေးတယ်ဆိုရင်တော့ ဧကရာဇ်ဂူဗိမာန်ထဲမှာ သွားလှဲနေလိုက်တော့"
ချူနင်က ငိုမဲ့မဲ့မျက်နှာဖြင့် "အရှင်မ အစက ပြောတာ ဒါမျိုးမဟုတ်ဘူးလေ ကျွန်တော့်ကို စည်းစိမ်နဲ့ အေးအေးဆေးဆေး နေခိုင်းမယ်ဆိုပြီးတော့။ အခုကျမှ ဘာလို့ ဂူဗိမာန်ထဲ သွားလှဲခိုင်းရတာလဲ"
"ဘယ်မှာ လှဲလှဲ အတူတူပါပဲ ဘာကွာလို့လဲ သေချာကျင့် ကြားလား"
"ကြားပါပြီ ကြားပါပြီ။ ဧကရီက ပြောမှတော့ ကျွန်တော် မကြိုးစားဘဲ နေပါ့မလား"
ရဲ့ချန်းလျန်က ရှောင်ပင်းကို ပြန်ကြည့်သည်။
"သူ့ကို သေချာကြီးကြပ် သူသာ မကျင့်ရင် နင့်မှာလည်း တာဝန်ရှိတယ်"
ရှောင်ပင်းက ချက်ချင်း သဘောတူလိုက်သည်။
"ဧကရီ စိတ်ချပါ ကျွန်မက အလုပ်လုပ်ရင် အရမ်းစိတ်ချရပါတယ်။ ချူသခင်လေးကို ကြီးကြပ်မယ်ဆိုရင် သူ့ကို လုံးဝ ပျင်းရိခွင့် မပေးစေရဘူး"
"အင်း... ချူနင့်ရဲ့ အဆင့်အတန်းကို ဂရုမစိုက်နဲ့ ရိုက်သင့်ရင်ရိုက် ဆဲသင့်ရင်ဆဲ။ ဘာဖြစ်ဖြစ် ငါတာဝန်ယူတယ်"
"ဟုတ်ကဲ့ပါ အရှင်မ"
ချူနင်က ဘေးမှနေ၍ သက်ပြင်းချလိုက်သည်။ "မိန်းမနှစ်ယောက်က ငါလို အပြင်လူတစ်ယောက်ကို ဝိုင်းနှိပ်စက်နေကြတာ ဒီဘဝကတော့ မလွယ်ပါလား"
"ငါ လုပ်တာတွေက နင့်အတွက် စဉ်းစားပေးလို့ မဟုတ်ဘူးလား အရင်းအမြစ်တွေနဲ့ ကျင့်စဉ်တွေပါ ပေးထားတာပဲ ဘာကို ညည်းညူနေတာလဲ"
ရှောင်ပင်းကလည်း ချူနင့်ကို ကြည့်ကာ အလေးအနက် ခေါင်းညိတ်ပြသည်။
"ချူသခင်လေး အရှင်မကို စိတ်မဆိုးပါနဲ့။ ဒါတွေက သခင်လေး ကောင်းဖို့အတွက်ပါပဲ"
"နင်က ဘယ်ဘက်ကလဲ တာ့ချန်းအင်ပါယာရဲ့ နံပါတ်တစ် ကပ်မနေတဲ့ ဒယ်အိုးပဲလား"
ရှောင်ပင်းက စပ်စုသော မျက်လုံးများဖြင့် ကြည့်ကာ"ကပ်မနေတဲ့ ဒယ်အိုးဆိုတာ ဘာလဲ"
ချူနင်က ရယ်မောလျက် "အလုပ်လုပ်တဲ့နေရာမှာ လျှောလျှောရှူရှူ ရှိတာကို ပြောတာလေ ဘယ်ဘက်ကိုမှ မထိခိုက်အောင် လုပ်တာ။ အဲဒါ ကပ်မနေတဲ့ ဒယ်အိုး မဟုတ်လား"
ရဲ့ချန်းလျန်က သူမ၏တူကို ချလိုက်သည်။ သူမ စားလို့ ပြီးလုနီးပါး ဖြစ်နေပြီ။
"နန်းတော်ရဲ့ ထိပ်တန်း အမျိုးသမီး အရာရှိတစ်ယောက်အနေနဲ့ ရှောင်ပင်းက ဒီလိုပဲ ဖြစ်ရမှာပေါ့။ သူ့ကို မစနဲ့တော့ နင့်မှာ ညည်းညူစရာရှိရင် ငါ့ဆီ လာပြောရဲတဲ့သတ္တိရှိလား"
ချူနင်လည်း တူကိုချကာ ချက်ချင်း ထရပ်လိုက်သည်။
"မညည်းညူပါဘူး ရှောင်ပင်းက ဒီလိုလေးပဲ ကောင်းပါတယ် ဧကရီ ဗိုက်ဝပြီလား"
"အင်း"
"ဝပြီဆိုရင် အစာကြေအောင် လမ်းလျှောက်ရအောင်။ ကျန်တာတွေတော့ ရှောင်ပင်းပဲ လုပ်တော့"
စကားပြောပြီးနောက် သူက ရဲ့ချန်းလျန်၏ လက်ကို သဘာဝကျကျ ဆုပ်ကိုင်လိုက်သည်။ ရှောင်ပင်းက ထိုအခြင်းအရာကို မြင်သော်လည်း ထမင်းကိုသာ အငန်းမရ ခပ်စားနေပြီး ခေါင်းကို လုံးဝမဖော်တော့ပေ။
သူမ လိုအပ်သည့်အချိန်တွင် ရှိနေပေးပြီး မလိုအပ်သည့်အချိန်တွင်တော့ ငြိမ်ငြိမ်လေး စားနေရုံသာ။
ရဲ့ချန်းလျန်၏ လှပသော မျက်လုံးလေးများက ချူနင့်၏ ခွေးခြေသည်းကို တစ်ချက် ကြည့်လိုက်သော်လည်း သူမ မငြင်းဆန်ခဲ့ပါ။ သူမသည် အကြိမ်အနည်းငယ် အကိုင်ခံဖူးပြီဖြစ်၍ အသားကျနေပြီ ဖြစ်သည်။ သူမ ဖြည်းဖြည်းချင်း ထလိုက်သည်။
"ကောင်းပြီလေ"
သူတို့နှစ်ယောက် အတူတူ ထွက်သွားကြရာ အခန်းထဲတွင် ရှောင်ပင်းတစ်ယောက်တည်း ကျန်ခဲ့သည်။ ရှောင်ပင်းက ထွက်သွားသော ကျောပြင်နှစ်ခုကို ကြည့်ကာ ရင်ထဲတွင် ကြည်နူးသွားရသည်။
သူတို့နှစ်ယောက်ရဲ့ ဆက်ဆံရေးက အများကြီး တိုးတက်လာပြီပဲ ဒီနေ့ ထမင်းက ပိုပြီး မြိန်လိုက်တာ။
အိပ်ဆောင်အပြင်ဘက်တွင် ချူနင်က ရဲ့ချန်းလျန်ကို တွဲထားပေးသည်။
"ဖြည်းဖြည်းလျှောက်ပါ မချော်စေနဲ့ မတိုက်မိစေနဲ့ အခုအချိန်မှာ မင်းရဲ့ ခန္ဓာကိုယ်က အရေးကြီးဆုံးပဲ"
ရဲ့ချန်းလျန်က လှောင်ပြုံးပြုံးကာ "နင် ဘာလုပ်ဖို့ ကြံနေလဲဆိုတာ ငါမသိဘူး ထင်နေလား"
"ငါက မင်းရဲ့ခန္ဓာကိုယ်အတွက် စဉ်းစားပေးနေတာလေ အခုဆို လေးလနီးပါး ရှိနေပြီကို"
"ဒါဆို ဘာလို့ ငါ့ခါးကိုလာကိုင်နေတာလဲ"
ချူနင်က အသာအယာ ချောင်းဟန့်ကာ လက်ကို ပြန်ရုပ်လိုက်သည်။
"မင်း ချော်လဲမှာ စိုးလို့ပါ"
"အဲဒီလို ဖြစ်လိမ့်မယ်လို့ နင် ထင်နေတာလား"
"ဖြစ်နိုင်ခြေ ရှိတာပဲလေ ကြိုတင် ကာကွယ်ထားတာ ပိုကောင်းပါတယ်"
ချူနင်က သူ့ရှေ့က အမျိုးသမီးကို အလေးအနက်ထား၍ ကြည့်လိုက်သည်။
"ဒီကိစ္စက တခြား ဘယ်အရာထက်မဆို အရေးကြီးတယ် ငါက မင်းကို တွဲပေးထားမှ စိတ်အေးရမှာ"
ရဲ့ချန်းလျန် နှုတ်ခမ်းလေး တွန့်သွားသော်လည်း ဘာမှ မပြောပါ။ သို့သော် ချူနင်၏ ဂရုစိုက်မှုကို သူမ အလွန် ကျေနပ်နေမိသည်။ သူမသည် ကျင့်ကြံသူတစ်ဦး ဖြစ်သော်လည်း ဤအချိန်တွင် ချူနင်၏ စိုးရိမ်ပူပန်မှုကို ခံစားနေရသည်။ ထိုစိုးရိမ်မှုထဲတွင် အခွင့်အရေးယူလိုသည့် ပုံစံလေး ပါနေသော်လည်းပေါ့။
"ဪ ဒါနဲ့ ငါအစီရင်ခံစာ အနည်းငယ်ကို ကိုင်တွယ်ပြီး ယူလာခဲ့တယ် မင်း ကြည့်ချင်လား"
"ကြည့်ရမှာပေါ့ အင်ပါယာရဲ့ အစီရင်ခံစာတွေက အရမ်း အရေးကြီးတယ်။ နင်က စကားတစ်ခွန်းတည်းနဲ့ ဘယ်လို ဆုံးဖြတ်နိုင်မှာလဲ"
"ဒါပေါ့ ငါ့မိန်းမက အရေးကြီးဆုံးပဲလေ။ မင်း အရင်ထိုင် ငါ နေ့လည်ကအဲဒါတွေကို ဒီနားမှာပဲ တင်ထားခဲ့တယ်"
မကြာခင်မှာပင် ချူနင်က အစီရင်ခံစာများကို ကမ်းပေးလိုက်သည်။ ညအမှောင်အောက်က ဇရပ်လေးထဲတွင် အမျိုးသမီးသည် လက်ထဲက အစီရင်ခံစာများကို စစ်ဆေးနေသည်။
တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ကာ တစ်ခါတစ်ရံ အံ့သြနေမိသည်။
သူမ မျက်မှောင်ကြုတ်ရခြင်းမှာ ချူနင်၏ နည်းလမ်းများမှာ အလွန် ထူးဆန်းနေပြီး အဆိပ်ပြင်းသော ပညာရှိတစ်ဦးကဲ့သို့ ရလဒ်ရဖို့အတွက်ဆိုလျှင် နည်းလမ်းကို ဂရုမစိုက်သည့် ပုံစံမျိုး ဖြစ်နေ၍ဖြစ်သည်။
အင်ပါယာ၏ ကိစ္စရပ်များကို ဤကဲ့သို့ ကိုင်တွယ်လျှင် ပြည်သူ့မေတ္တာ ပျက်စီးသွားနိုင်သည်။ သို့သော် ထိုနည်းလမ်းများမှာ အလွန် ထိရောက်သည်ကိုတော့ သူမ ဝန်ခံရမည်။
တစ်ဖက်တွင်လည်း ချူနင်၏ နည်းဗျူဟာများမှာ အလွန် ပါးနပ်သည်ကို သူမ အံ့သြနေရသည်။
"နင်က အသက် ၂၄ နှစ်ပဲ ရှိသေးတာ မဟုတ်လား ဒါတွေကို ဘယ်ကနေသင်လာတာလဲ"
ချူနင်က ထိုစကားကို ကြားသောအခါ ခေါင်းမော့ကြည့်လိုက်သည်။
"ငါ မှတ်မိသေးတယ် နွေရာသီ ညနေခင်း တစ်ခုမှာ လိပ်ဖြူတစ်ကောင် ရေပေါ်တက်လာပြီး ငါ့ကိုစိုက်ကြည့်ရင်း ပြောတယ် ငါက ဧကရာဇ်ကို ကူညီရမယ့် ပါရမီရှင်တဲ့။ အဲဒီနောက်ပိုင်း တစ်ညတည်းနဲ့တတ်မြောက်သွားတာပဲ ငါက အလိုလို "
ရဲ့ချန်းလျန်က မကျေမနပ် ပြောလိုက်သည် "မပြောချင်ရင်လည်း မပြောနဲ့လေ ဘာလို့ ဒီလိုတွေ လျှောက်ပြောနေရတာလဲ"
သူမက သေချာ နားထောင်နေခဲ့တာဖြစ်သော်လည်း အလိုလိုတတ်မြောက်သွားတယ် ဆိုသည့် စကားကို ကြားမှ ချူနင် တစ်ယောက် ပေါက်ကရတွေ ပြောနေမှန်း သိလိုက်ရသည်။
ထို့နောက် ခွေးခြေသည်းတစ်စုံက သူမ၏ လက်ကို ဆုပ်ကိုင်လိုက်သည်ကို ခံစားလိုက်ရသည်။
"နည်းလမ်းကတော့ အတူတူပါပဲ အလိုလို တတ်မြောက်သွားသလို ခံစားရပေမဲ့ ရှင်းပြဖို့တော့ ခက်တယ်။ အချုပ်ကတော့ ငါက မင်းအတွက် ဒီပြဿနာတွေကို ဖြေရှင်းပေးနိုင်ပြီး မင်းကို စိတ်လက်ပေါ့ပါးအောင် လုပ်ပေးနိုင်ရင် ငါ ကျေနပ်ပါပြီ"
ပတ်ဝန်းကျင် တစ်ခုလုံး တိတ်ဆိတ်နေသည်။ ညအမှောင်လွှမ်းနေသော ဇရပ်လေးထဲတွင် အလင်းရောင်ပင် မရှိပေ။ သူတို့နှစ်ယောက် မျက်နှာချင်းဆိုင် ထိုင်နေရင်း တစ်ယောက်ကိုတစ်ယောက် အကြာကြီး စိုက်ကြည့်နေမိကြသည်။
"နင်သာ တကယ် ဒီလောက် အရည်အချင်းရှိရင် နောက်ပိုင်းမှာ နင် အရမ်းပင်ပန်းရလိမ့်မယ်"
သူမက တိုးတိုးလေး ရေရွတ်လိုက်သည် ငါက အခုလို အကြာကြီး အနားယူလေ့မရှိဘူး နိုးလာရင်လည်း တစ်ကိုယ်လုံး ပင်ပန်းနေပြီး ဆက်ပြီး အနားယူချင်နေသေးတယ်။
နောက်ပိုင်း ငါ့မှာအားအင် သိပ်ရှိမှာ မဟုတ်ဘူး။ နင်သာ ဘာမှမသိခဲ့ရင် ငါက နင့်ကို ဒီကိစ္စတွေထဲ ဝင်ပါခိုင်းမှာ မဟုတ်ပါဘူး။
ဒါပေမဲ့ အခု နင့်မှာ ပါရမီရှိနေပြီး ငါ့ကိုလည်း ယုံကြည်ပေးထားတော့။
"ချန်းလျန်က ငါ့ကိုအရင် ယုံကြည်ပေးပြီး ဒီရာထူးကို ပေးခဲ့တာမဟုတ်လား မဟုတ်ရင် ငါက မင်းကို ဘယ်လိုကူညီပေးနိုင်မှာလဲ"
ရဲ့ချန်းလျန် မျက်လွှာချလိုက်ကာ အကြာကြီး စဉ်းစားနေမိသည်။
"ငါ ပြောချင်တာ အဲဒါမဟုတ်ဘူးဆိုတာ နင် သိပါတယ်။ ငါက နင့်အတွက် စိုးရိမ်လို့ပါ။ ဧကရာဇ်တစ်ယောက်အနေနဲ့ ဒီလို အလုပ်တွေကို နင် လုပ်စရာမလိုပါဘူး"
ချူနင်ကလည်း ပြုံးလျက် ရဲ့ချန်းလျန်ကို ကြည့်ကာ"ဒါဆိုရင် ငါ ပြောချင်တာကိုလည်း မင်း သိမှာပေါ့။ ငါက မင်းရဲ့ ခင်ပွန်း ဖြစ်နေပြီဆိုတော့ မင်းအတွက် ငါ တတ်နိုင်တာမှန်သမျှ အကောင်းဆုံး ကူညီဖြေရှင်းပေးမှာပေါ့"
ရဲ့ချန်းလျန်၏ မျက်နှာမှာ ရှုပ်ထွေးသွားပြီး သူမ၏ ရင်ထဲတွင် ထူးခြားသော ခံစားချက်တစ်ခု ရင်ခုန်သံလေးတစ်ခု ပေါ်လာသည်။
သူမ၏ ဘဝထဲသို့ ဤလူသားက ရုတ်တရက် ရောက်ရှိလာပြီး သူမ၏ အစီအစဉ်အားလုံးကို ဖျက်ဆီးခဲ့သည်။ သို့သော် ထိုလူသားနှင့်ပင် ခွဲခွာ၍မရသော ပတ်သက်မှုတစ်ခု ဖြစ်တည်လာခဲ့သည်။
ဒီလိုမျိုးကိစ္စလေးတွေအတွက်နဲ့ပဲ ဒီလူက ငါ့အတွက် အကုန်လုံးကို အပေးအယူမရှိ ပေးဆပ်နေတာလား သို့သော် ရဲ့ချန်းလျန်ဘက်မှလည်း ချူနင့်ကို ပြန်လည်ပေးဆပ်ရန် ဘာမှ မရှိတော့ပေ။ သူမ သိသည်မှာ ချူနင်က အလိုဆန္ဒမရှိသူ မဟုတ်ဘဲ တခြားသော ရည်ရွယ်ချက် ရှိနေသည်ဆိုခြင်းပင်။
သူမက်မောနေတာက သူမ ဗိုက်ထဲက ကလေးတင် မဟုတ်ဘူး သူမကိုပါ။
ဘာပဲဖြစ်ဖြစ် ဒီနေ့ ကိုင်တွယ်ခဲ့တဲ့ နိုင်ငံရေး ကိစ္စတွေက တကယ်ကို ကောင်းမွန်ပြီး သူမ အလွန် ကျေနပ်မိသည်။ ထို့ပြင် သူမသည် ချူနင့်ကို ဘိုးဘေးဘုရားကျောင်းသို့ တစ်ကြိမ် ခေါ်သွားခဲ့ပြီး ဘိုးဘေးများကို သူမ၏ ခင်ပွန်းအဖြစ် အသိပေးကာ ပူဇော်ခိုင်းခဲ့ပြီးပြီ။
နောင်ကျရင် သူတို့က လင်မယားတွေ ဖြစ်လာကြတော့မှာပဲ ဆက်ဆံရေးက ဒီလောက်အထိ တင်းမာမနေသင့်တော့ဘူး။ သူကလည်း ဒီလောက်အထိ စိတ်ချရနေမှတော့ သူ့ကို အခွင့်အရေး အနည်းငယ် ပေးလိုက်တာကလည်း မဆိုးပါဘူး။
ရဲ့ချန်းလျန် မျက်လုံးလေးများကို အသာအယာ မှိတ်လိုက်သည်။ သူမ၏ လက်ကလေးများမှာ တုန်ရင်နေသည်။ ချူနင်သည် အမျိုးသမီးတစ်ဦးနှင့် အနီးကပ် မနေဖူးသော်လည်း ဤအမူအရာ၏ အဓိပ္ပာယ်ကို သူ နားလည်ပါသည်။
၎င်းက သူမကို နမ်းလို့ရမလားဆိုသည့် အဓိပ္ပာယ်ပင် ချူနင်၏ မျက်လုံးများ ပြူးသွားကာ စိတ်လှုပ်ရှားသွားရသည်။
တစ်နေကုန် အလုပ်ရှုပ်ခဲ့သမျှ အကောင်းဆုံး ဆုလာဘ်မှာ ချစ်ရသူ၏ ဖက်လဲတကင်း ရှိမှုနှင့် အနမ်းတစ်ခုပင်။ သူတို့၏ ဆက်ဆံရေးမှာ တစ်ယောက်ကိုတစ်ယောက် သိကျွမ်းသည့် အဆင့်သာ ရှိသေးသော်လည်း ချစ်သူအဆင့်သို့ မရောက်သေးပါ ဒါပေမဲ့ ဒါက တိုးတက်မှုပဲ။
မဆိုင်းမတွဘဲ ချူနင်က နှုတ်ခမ်းကို ဆူလိုက်ပြီး ရှေ့သို့ တိုးသွားသည် ပထမဆုံး အနမ်းကို ပေးတော့မည့်အချိန်။
မွှေး... မွှေး...
ဒါပေမဲ့ ရုတ်တရက် လက်တစ်ဖက်က ချူနင့်ကို တားလိုက်သဖြင့် ချူနင် ကြောင်သွားသည်။
ဟာ ဒီလို အခြေအနေမျိုးမှာတောင် သူ နမ်းတာကို ခွင့်မပြုဘူးလား သို့သော် ချူနင်လည်း တစ်ခုခု မှားနေသည်ကို သတိထားမိလိုက်သည်။
အေးအေးဆေးဆေး ရှိနေသော ရဲ့ချန်းလျန်သည် အခုတော့ မျက်နှာလေး ရဲတက်ကာ ရှက်ကိုးရှက်ကန်းဖြင့် မတ်တပ်ရပ်လိုက်သည်။
"ရှောင်ပင်း ကြည့်နေတယ် ငါ သွားနားတော့မယ်"
ချူနင် တစ်ယောက် မိုးကြိုးပစ်ခံလိုက်ရသလို ဖြစ်သွားသည်။ သူ ချက်ချင်း ခေါင်းလှည့်ကြည့်လိုက်ရာ တံခါးကြားကနေ ချောင်းကြည့်နေသည့် မျက်လုံးတစ်စုံကို မြင်လိုက်သည်။ ထိုမျက်လုံးပိုင်ရှင်က သူမ မိသွားမှန်း သိသွားသဖြင့် ချက်ချင်းပင် အထဲသို့ ပြန်ဝင်ပြေးသွားတော့သည်။
ချူနင် တစ်ယောက် ဆွံ့အသွားရသည်။ ဟာ ရှောင်ပင်း ကြည့်နေတာက ဘာဖြစ်လို့လဲ သူမက မင်းတို့ရဲ့ ပျော်ရွှင်စရာ အခိုက်အတန့်ကို မျက်မြင်သက်သေ အဖြစ် ကြည့်ချင်တာလေ ကြည့်တာ ဘာမှားလို့လဲ။
"ဒါဆိုရင် အကြွေးတင်သွားပြီနော် နောက်တစ်ခါကျရင် ပြန်ဆပ်ရမယ်"
ရဲ့ချန်းလျန်က ခြေလှမ်းတွေကို မြန်မြန်လှမ်းကာ ထွက်သွားတော့သည်။ သူမ ထပ်မနေရဲတော့ပေ သူမတွင် ဧကရီတစ်ဦး၏ တည်ငြိမ်မှုနှင့် ဂုဏ်သရေ လုံးဝ မရှိတော့ဘဲ ချစ်သူနှင့် ခိုးတွေ့ရင်း မိသွားသည့် မိန်းမငယ်လေးတစ်ယောက်ကဲ့သို့ ဖြစ်နေတော့သည်။
"မင်း ပြန်မဖြေဘူးဆိုတော့ သဘောတူတယ်လို့ပဲ မှတ်ယူလိုက်မယ်နော်"
ခဏအကြာတွင် ရှောင်ပင်းက လင်ဗန်းလေးကို ကိုင်ကာ အားနာစရာကောင်းသော မျက်နှာပေးဖြင့် လျှောက်လာသည်။
"ကျွန်မက နင်တို့နှစ်ယောက် ဘာလုပ်နေလဲဆိုတာ စပ်စုမိတာပါ ဒီလို ဖြစ်သွားလိမ့်မယ်လို့ "မထင်ထားဘူး
ချူနင်က အမူအရာ မပျက်ဘဲ ကောင်မလေး၏ ပုခုံးကို ပုတ်လိုက်သည်။
"နင်က ငါ့ရဲ့ကောင်းကွက်ကို ဖျက်ဆီးလိုက်မှန်းသိရင် နောက်တစ်ခါကျရင် အခွင့်အရေးတွေ ဖန်တီးပေးဦး သိလား"
"ဟုတ်ကဲ့ပါ ချူသခင်လေး ကျွန်မ သခင်လေးအတွက် အခွင့်အရေးတွေ ရအောင် သေချာ ကြိုးစားပေးပါ့မယ်။ တစ်ခုခုဆိုတာနဲ့ သခင်လေးကို ချက်ချင်း သတင်းပို့ပါ့မယ်"
"ကောင်းပြီ ဘာစားချင်လဲ မနက်ဖြန်ကျရင် နင်စားဖို့ ပိုလုပ်ပေးမယ်"
အိပ်ဆောင်ထဲတွင် ရဲ့ချန်းလျန်သည် မျက်နှာလေး ရဲတက်နေပြီး အပြင်ဘက်တွင် သူမ၏ ကိုယ်ရံတော် အစေခံကို ပေါ်ပေါ်ထင်ထင် လာဘ်ထိုးနေသည့် ချူနင့်ကို ကြည့်ကာ ရှက်လွန်း၍ သေချင်စိတ်ပင် ပေါက်သွားသည်။
နမ်းချင်ရင်လည်း မြန်မြန်နမ်းပါလား။ အချိန်ဆွဲနေလို့ ရှောင်ပင်း မိသွားတာလေ။
အခုတော့ အခွင့်အရေး ဘယ်လို ရှာမလဲဆိုတာကိုတောင် အပြင်မှာ အကျယ်ကြီး တိုင်ပင်နေကြသေးတယ် ဒါက ကောင်းကင်ကို ဆန့်ကျင်နေတာပဲ။
ဒါပေမဲ့ ဒီတစ်ခါပဲ အခွင့်အရေး ပေးတာနော် နောက်တစ်ခါ မရတော့ဘူး လုံးဝပဲ။
...
နမ်းဖို့ မအောင်မြင်ခဲ့တာက စိတ်မကောင်းစရာဖြစ်သော်လည်း ဇနီးသည်ဘက်က နမ်းတာကို ခွင့်ပြုဖို့ တုံ့ပြန်ခဲ့တာက အဓိကအချက်ပဲအနမ်းတစ်ပွင့်က ဘာလုပ်နိုင်မှာလဲ ရဲ့ချန်းလျန်က သူမဘာသာသူ နမ်းခွင့်ပေးတာ ဒါမှမဟုတ် နောက်ပိုင်းမှာ သူမကိုယ်တိုင် လာနမ်းမှာနဲ့ ယှဉ်လို့ ရပါ့မလား ဒါက ချူနင် လိုချင်တဲ့အရာပဲ။
ဒီလောက်လေး အဟန့်အတား ဖြစ်တာက ဘာမှ မဟုတ်ပါဘူး။ အခုတော့ ရဲ့ချန်းလျန်ရဲ့ စိတ်က ပြောင်းလဲသွားပြီ အဲဒါဆိုရင် လုံလောက်ပါပြီ။ နန်းဆောင်ကို ပြန်ပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်လိုက်ဦးမယ် မနက်ဖြန် မနက်နိုးရင် မနက်စာ ဆက်လုပ်ရဦးမှာလေ။
ချန်ချင်းနန်းဆောင်မှ ထွက်လာသောအခါ ချူနင်၏ စိတ်မှာ ကြည်လင်နေသည်။ နမ်းရုံတင် မကဘူး နောက်ကျရင် တစ်ခုခု ထပ်လုပ်ဦးမှာ ဇနီးသည်က ဘာမှ မပြောဘူးဆိုရင် ဒါက သဘောတူတယ်လို့ မှတ်ယူရမှာပဲ။
အကြွေးတင်တာတွေ အကုန် ပြန်ဆပ်ရမယ် ဟီးဟီး။
ချူနင် နေထိုင်သည့် နန်းဆောင်မှာ ချန်ချင်းနန်းဆောင်၏ ဘေးဘက်တွင် ရှိသည်။ လမ်းလျှောက်လျှင် သိပ်မဝေးဘဲ ခြေလှမ်းအနည်းငယ်သာ ရှိသည်။ သို့သော် ယခုတစ်ကြိမ်တွင် ချူနင်သည် အကြာကြီး လမ်းလျှောက်နေသော်လည်း သူ့နန်းဆောင်၏ တံခါးကို မတွေ့ရသေးပေ။ သူ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
သရဲတံတိုင်း ကာနေတာလား။
သူ့ရှေ့တွင် အဆုံးမရှိသော နန်းတော်တံတိုင်းကြီး အုတ်စိမ်းတွေနဲ့ အုတ်ကြွပ်နီတွေသာ ရှိနေသည်။ ညကောင်းကင်အောက်တွင် လမ်းလျှောက်နေသူ တစ်ဦးမျှ မရှိသလို အသံတစ်ချက်မျှ မကြားရပေ။
အလွန်ပင် ထူးဆန်းအေးစက်နေသည် လှည့်ကြည့်လိုက်သော်လည်း ချန်ချင်းနန်းဆောင်က မရှိတော့ပေ။ အစားထိုး၍ သူ့ရှေ့က တံတိုင်းလိုမျိုး တံတိုင်းကြီးပဲ ရှိနေတော့သည်။
ခေတ္တမျှ ထိတ်လန့်သွားပြီးနောက် ချူနင် အရာအားလုံးကို နားလည်သွားသည်။
သို့သော် သူကတော့ တည်ငြိမ်နေဆဲပင် သူ့ရှေ့တွင် မီးခိုးရောင် ဆံပင်များနှင့် သန်မာသော အဖိုးကြီးတစ်ဦး မလှမ်းမကမ်းတွင် ရပ်နေသည်။ သူ၏အိုမင်းရင့်ရော်နေသော မျက်နှာတွင် အမူအရာ မရှိဘဲ အထင်သေးမှုနှင့် သံသယများသာ ရှိနေသည်။
သူကတော့ ဒီနေ့ နေ့လည်က ရဲ့ချန်းလျန်နှင့်အတူ ဘိုးဘေးဘုရားကျောင်းတွင် တွေ့ခဲ့သော သူတော်စင်အဆင့်ရှိ အဖိုးကြီးပင် ဖြစ်သည်။ ထို့ကြောင့် ချူနင်က ဘာမှ မလုပ်ဘဲ သူ့ကိုသာ စိုက်ကြည့်နေလိုက်သည်။
တစ်ဖက်လူက ခြေတစ်လှမ်း လှမ်းလိုက်ရာ ချူနင်၏ ကိုယ်ပေါ်သို့ ပြင်းထန်သော ဖိအားတစ်ခု သက်ရောက်လာပြီး သူ့ကို ချက်ချင်းပင် လှုပ်မရအောင် လုပ်လိုက်သည်။
"ကောင်လေး ငါ မင်းရဲ့ အထောက်အထားကို စုံစမ်းပြီး မင်း ဘယ်ကလာလဲဆိုတာကို တွက်ချက်ကြည့်ပြီးပြီ"
"ဒါပေမဲ့ မင်းက တာ့ချန်းအင်ပါယာက လူ မဟုတ်ဘူး ထင်တယ်"
သူက မျက်မှောင်ကြုတ်ကာ ချူနင့်ရှေ့သို့ တန်းပြီး ရောက်လာသည်။ သံဓားတစ်လက်က ချူနင့်ရဲ့ လည်ပင်းပေါ်မှာ ချက်ချင်း ရောက်ရှိလာတော့သည်။
"ငါ မင်းကို ရွေးချယ်စရာ နှစ်ခု ပေးမယ်"
"တစ်ခုက မင်းရဲ့ အထောက်အထား အမှန်ကို ပြောပြဖို့"
"နောက်တစ်ခုကအခုချက်ချင်းသေဖို့ပဲ"