အခန်း (၃၂) ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင်တော့ ကလေးက ဘယ်တော့မှ ငတ်မှာမဟုတ်ဘူး။
ထျန်းရွှမ်တိုက်ကြီးတာ့ကျိုးအင်ပါယာ၏ ယင်းမိသားစု ဘိုးဘေးဘုရားကျောင်းအတွင်း၌။
"အရှင်မင်းကြီး ချင်ထျန်းနက္ခတ်ဗေဒဌာနက လူလွှတ်ပြီး သတင်းပို့လာပါတယ်"
ခန့်ညားထည်ဝါသော နန်းဆောင်အတွင်း၌ နဂါးဝတ်ရုံနက်ကို ဝတ်ဆင်ထားသည့် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် တည်ငြိမ်အေးစက်နေသည်။
"ဖတ်ပြစမ်း"
"ဇီဝေကြယ်စတင်ရွေ့လျားလာပြီး ကောင်းကင်နက္ခတ်တာရာတွေ အကုန်ပြောင်းလဲကုန်ပါပြီ။ အဲဒါက တောင်ဘက်အရပ် အထူးသဖြင့် တိုက်ကြီးရဲ့ တောင်ဘက်ပိုင်းမှာရှိတဲ့ တာ့ချန်းအင်ပါယာကို ညွှန်ပြနေပါတယ်။ ချင်ထျန်းဌာနက ဝမ်ချွန်းရဲ့ အစီရင်ခံစာအရ တာ့ချန်းအင်ပါယာရဲ့ ကံကောင်းခြင်းတွေက အခုဆိုရင် အလွန်ဟုန်းဟုန်းတောက်နေပြီး လောကကြီးကို ယှဉ်ပြိုင်အုပ်စိုးမယ့် နိမိတ်တွေ ပြနေပါတယ်။ အဲဒါက ကျွန်တော်တို့ အင်ပါယာကို ခြိမ်းခြောက်လာနိုင်ပါတယ်"
ထိုစကားကို ကြားသောအခါ အမျိုးသားက သူကိုင်ထားသော စုတ်တံကို ချလိုက်ပြီး နှာခေါင်းရှုံ့ကာ ရှေ့က မိန်းမစိုးအိုကို ကြည့်လိုက်သည်။
"ဪ သူတော်စင်အဆင့်ရှိတဲ့ မိန်းမတစ်ယောက်က ငါ့ရဲ့ တာ့ကျိုးအင်ပါယာကို ဒုက္ခပေးနိုင်တယ်ပေါ့"
"အရှင်မင်းကြီး ချင်ထျန်းဌာနရဲ့ တွက်ချက်မှုတွေက အမြဲတမ်းတိကျပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေမှာ တစ်ခါမှ မမှားခဲ့ဖူးပါဘူး။ တကယ်လို့ ပြဿနာရှိနိုင်တယ်ဆိုရင် သူတို့ အင်ပါယာကို တန်းပြီး ဖျက်ဆီးပစ်လိုက်ရင် မကောင်းဘူးလား"
"မိန်းမတစ်ယောက် အုပ်ချုပ်နေတဲ့ သေးနုပ်တဲ့ နယ်မြေလေးပဲ စိုးရိမ်စရာ မရှိပါဘူး"
မိန်းမစိုးအိုမှာ ခေတ္တ တွန့်ဆုတ်သွားပြီးနောက် လှည့်ထွက်သွားသည်။ ထိုသက်လတ်ပိုင်း အမျိုးသား ဇဝေဇဝါ ဖြစ်နေစဉ်မှာပင် မိန်းမစိုးအို ခေါ်လိုက်သောသူ ရောက်ရှိလာသည်။
ဘိုးဘေးဘုရားကျောင်းတွင် ပူဇော်ထားသော စည်းကမ်းထိန်းသိမ်းရေးကြိမ်လုံးကို မြင်လိုက်ရသောအခါ ထိုအမျိုးသားမှာ ချက်ချင်းပင် ကြောင်အသွားသည်။
"လီကုန်းကုန်း မင်း ဘာလုပ်တာလဲ ငါ တစ်ခုခု မှားသွားလို့လား"
မိန်းမစိုးအိုက သက်ပြင်းချရင်း "အရင်ဧကရာဇ်ကြီးရဲ့ နောက်ဆုံးဆန္ဒအရ နောင်လာနောက်သား အုပ်ချုပ်သူတွေဟာ မာနမကြီးဖို့ စိတ်မလောဖို့ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းဖို့နဲ့ အင်ပါယာ ငြိမ်းချမ်းအောင် လုပ်ဆောင်ဖို့ မှာကြားခဲ့ပါတယ်။ တာ့ကျိုးရဲ့ နှစ်တစ်ထောင် အုတ်မြစ်ဟာ မျိုးဆက်တစ်ခုတည်းနဲ့ တည်ဆောက်ခဲ့တာ မဟုတ်ပါဘူး"
တာ့ချန်းအင်ပါယာရဲ့ ဘိုးဘေးတွေထဲမှာ ကျင့်ကြံသူတစ်ဦးဟာ ကောင်းကင်ဖြစ်စဥ် အဆင့်ကို ရောက်ခဲ့ဖူးတယ်။
ချင်ထျန်းဌာနရဲ့ တွက်ချက်မှုအရ အဲဒီပုဂ္ဂိုလ်ဟာ အခုထိ မကွယ်လွန်သေးဘဲ အထက်လောကမှာ ရှိနေတုန်းပဲ သူက တာ့ချန်းကို ကံကောင်းခြင်းတွေနဲ့ စောင့်ရှောက်နေတာ။
အရှင်မင်းကြီးရဲ့ အခုလို မဆင်မခြင် စိတ်ကြီးဝင်မှုဟာ ဘိုးဘေးတို့ရဲ့ ဥပဒေကို ဆန့်ကျင်နေပါတယ်။
စကားပြောနေရင်းဖြင့် မိန်းမစိုးသည် ကြိမ်လုံးကို ယူလိုက်ရာ သူ၏ မျက်နှာမှာ ချက်ချင်းပင် တည်ကြည်လေးနက်သွားသည်။
"ယင်းတန်း တာ့ကျိုးဧကရာဇ် ဒါဘာလဲဆိုတာ မင်း သိလား"
ထိုအမျိုးသားသည် အစွမ်းထက်သော အရှိန်အဝါဖြင့် ဖိနှိပ်ခံလိုက်ရသဖြင့် မထိန်းချုပ်နိုင်ဘဲ ဒူးထောက်ကျသွားသည်။
"ယင်းတန်း နားလည်ပါပြီ"
"မင်း အခု ဘိုးဘေးတို့ရဲ့ အဆုံးအမကို ဆန့်ကျင်ခဲ့တယ် ဥပဒေအရ ကြိမ်ဒဏ် သုံးချက်ခံယူရမယ် ကန့်ကွက်စရာ ရှိလား"
"ယင်းတန်း မကန့်ကွက်ဝံ့ပါဘူး စိတ်ရင်းနဲ့ လက်ခံပါတယ်"
ဖြတ် ဖြတ် ဖြတ်
ကြိမ်ဒဏ် သုံးချက်က ထိုအမျိုးသားကို ဒူးထောက်ရက်သား ဖြစ်သွားစေသည်။ မိန်းမစိုးအိုက ကြိမ်လုံးကို အမြန်ပြန်သိမ်းပြီး ယင်းတန်း၏ ဒဏ်ရာကို စစ်ဆေးပေးသည်။
"အရှင်မင်းကြီး ချင်ထျန်းဌာနက လူတွေ တစ်ခါမှ မမှားပါဘူး။ အဲဒီ နဂါးအရှိန်အဝါက ငါ့တို့ တာ့ကျိုးအင်ပါယာရဲ့ ကံကောင်းခြင်းတွေကို ဖိနှိပ်နေတာ။ အချိန်ကြာလာရင် အဲဒီ ဧကရီကို ထိန်းချုပ်ဖို့ မဖြစ်နိုင်တော့ဘူး"
မိန်းမစိုးအိုက ကုသရေးဂါထာကို ရွတ်ပြီး ယင်းတန်းကို ကုသပေးလိုက်ရာ ယင်းတန်း၏ မျက်နှာမှာ အရင်ကလို အထင်သေးသည့် ပုံစံမျိုး မဟုတ်တော့ဘဲ တည်ငြိမ်သွားသည်။
"အရာရှိဝမ်က တကယ်ပဲ အဲဒီမိန်းမကို မရိုးရှင်းဘူးလို့ ထင်နေတာလား"
"အရင်နှစ်တွေတုန်းက ငါ့တို့တာ့ကျိုးအင်ပါယာဟာ ထောင့်လေးတစ်ထောင့်မှာပဲ ရှိခဲ့တာ မဟာအင်ပါယာ ငါးခုထဲမှာတောင် မပါခဲ့ဘူး။ အခုတော့ ဧကရာဇ် အဆက်ဆက်ရဲ့ ကြိုးစားမှုနဲ့ နှစ်ပေါင်းထောင်ချီ စုဆောင်းခဲ့တဲ့ အုတ်မြစ်တွေကြောင့် ဒီလို ခမ်းနားတဲ့ အခြေအနေကို ရောက်လာတာ။ ဘယ်လို ခြိမ်းခြောက်မှုကိုမဆို ကြိုတင် ဖယ်ရှားပစ်ရမယ်"
အမျိုးသားက ခေါင်းညိတ်ကာ စိတ်အေးသွားသည်။ ဒါပေမဲ့ ငါတို့က မဟာအင်ပါယာ ငါးခုရဲ့ထိပ်ဆုံးမှာ ရှိနေတာ။ အင်ပါယာ တည်ထောင်ကတည်းက အင်ပါယာ ငါးခုဟာ လောကကြီးကို မျှဝေအုပ်ချုပ်မယ်လို့ ကြေညာခဲ့တာ။
အကယ်၍ ငါတို့က အတိအလင်း တိုက်ခိုက်ရင် နိုင်ငံရဲ့ ဂုဏ်သိက္ခာကို ထိခိုက်လိမ့်မယ်။
အဲဒီ နဂါးအရှိန်အဝါက တက်ကြွနေတယ်ဆိုမှတော့ ချင်ထျန်းဌာနက လူတွေကို အဲဒီ အရှိန်အဝါရဲ့ အရင်းအမြစ်ကို ရှာခိုင်းပြီး အမြစ်ဖြတ်ပစ်လိုက်။
ဒီလိုလျှို့ဝှက်နည်းလမ်းတွေ သုံးရင်တော့ သူတို့ သိသွားရင်တောင် ငါ့ရဲ့ တာ့ကျိုးအင်ပါယာကို အတိအလင်း စိန်ခေါ်ဝံ့မှာ မဟုတ်ဘူး။
မိန်းမစိုးအိုက ဦးညွှတ်ကာ "အရှင်မင်းကြီးဟာ အလွန် ဉာဏ်ပညာ ကြီးမားလှပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ တာ့ချန်းအင်ပါယာရဲ့ ဧကရီကလည်း သူမရဲ့ ခင်ပွန်း (ဧကရာဇ်) ကို ရွေးချယ်ပြီးပြီလို့ ကြားတယ်။ အခုဆိုရင် မင်္ဂလာပွဲအတွက် ပြင်ဆင်နေကြလောက်ပြီ။ ဒီအခွင့်အရေးကို သုံးပြီးလူလွှတ်လိုက်ရင်"
အမျိုးသားက ခဏစဉ်းစားပြီး မိန်းမစိုးအိုကို ကြည့်လိုက်သည်။ "အရာရှိဝမ် မင်း ကိုယ်တိုင် သွားပြီး ဒီကိစ္စကို အမှားအယွင်းမရှိအောင် လုပ်လိုက်ပါ" အမျိုးသား၏ မျက်လုံးများ မှေးစင်းသွားကာ ယုတ်မာသော အမူအရာ ပေါ်လာသည်။
"အကယ်၍ အဲဒီနဂါးအရှိန်အဝါရဲ့ အရင်းအမြစ်က ဧကရီဖြစ်နေမယ်ဆိုရင် အနည်းဆုံးတော့ သူမရဲ့ ကျင့်စဉ်ကို ဖျက်ဆီးပစ်ရမယ် အခွင့်အရေးရရင်တော့ သတ်ပစ်လိုက်"
ယင်းတန်း၏ မျက်လုံးထဲတွင်သူတော်စင်အဆင့်ကျင့်ကြံသူ အနည်းငယ်မှာ ဘာမှမဟုတ်ပါ။ သို့သော် ထိုနဂါးအရှိန်အဝါသည် နိုင်ငံတော်၏ ကံကောင်းခြင်း နိမိတ်ဖြစ်သည်။
၎င်းက တာ့ကျိုးအင်ပါယာကို ဖိနှိပ်ဝံ့သလား မင်းတို့ရဲ့တာ့ချန်းအင်ပါယာမှာ အဲဒီလောက် အရည်အချင်း ရှိလို့လား။
တစ်ချိန်တည်းမှာပင် အခြားသော အင်ပါယာများကလည်း ဤထူးခြားမှုကို အမျိုးမျိုး တုံ့ပြန်နေကြသည်။ အချို့က ရင်းနှီးအောင် ကြိုးစားကြပြီး အချို့ကတော့ တာ့ကျိုးအင်ပါယာကဲ့သို့ပင် ရန်စရန် နည်းလမ်းရှာနေကြသည်။
သူတို့အားလုံးသည် မင်္ဂလာဖိတ်စာကိုသာ စောင့်နေကြသည်။ သူတို့က အဖိုးတန် လက်ဆောင်ပစ္စည်းတွေ ယူလာကြမှာ ဖြစ်သော်လည်း တာ့ချန်းအင်ပါယာက ထိုလက်ဆောင်တွေကို ခံနိုင်ရည် ရှိ မရှိ ဆိုသည်မှာတော့ စောင့်ကြည့်ရဦးမည်။
...
တာ့ချန်းအင်ပါယာအတွင်းရှိ အင်အားစုအသီးသီးကလည်း ဤထူးခြားမှုကို နည်းမျိုးစုံဖြင့် သုံးသပ်နေကြသည်။ သို့သော် ဧကရာဇ် ခန့်အပ်သည့်နေ့နှင့် တိုက်ဆိုင်နေသဖြင့် ၎င်းကို ကြီးမားသော မင်္ဂလာနိမိတ်အဖြစ် သတ်မှတ်လိုက်ကြသည်။
ဤဧကရာဇ်နှင့်ဆိုလျှင် တာ့ချန်းအင်ပါယာသည် သေချာပေါက် ကြီးပွားတိုးတက်တော့မည်။
သို့သော် နန်းတော်အပြင်ဘက်တွင် စည်ကားနေသလောက် ရဲ့ချန်းလျန်၏ အိပ်ဆောင်အပြင်ဘက်က ချူနင်မှာတော့ အလွန် တိတ်ဆိတ်နေသည်။ သူ့ဇနီးက သူ့ကို တံခါးပေးမဝင်ပါ။
သူက အကြိမ်ကြိမ် ရှင်းပြခဲ့ပါသည် "ရှောင်ပင်း မရှိရင် မင်းအဝတ်အစားလဲဖို့ ကူညီပေးမယ့်သူ မရှိဘူး အဝတ်အစားတွေ ချွတ်ပြီး အိပ်တာက ပိုပြီးသက်သောင့်သက်သာ ရှိမှာပေါ့" ဟု ပြောသော်လည်း သူ့ဇနီးက နားမထောင်ပါ။
ဟူး... ဧကရီက သူ့ဘာသာသူ အဝတ်အစား ဘယ်လိုလဲမှာလဲ သူဒီမှာ ရှိနေတာပဲလေ။
နေ့လည်စာ စားပြီးနောက် သူမက ညနေအထိ အိပ်ပျော်သွားသည်။ ထိုအတောအတွင်း ချူနင်သည် မင်းတက်နန်းဆောင်သို့ အကြိမ်အနည်းငယ် သွားပြီး အစီရင်ခံစာများကို ကိုင်တွယ်ပေးခဲ့သည်။ ရဲ့ချန်းလျန် နိုးလာပြီး စစ်ဆေးပြီးနောက်တွင်မှ ရှောင်ပင်းကို ပေး၍ ပြန်ပို့ခိုင်းလိုက်သည်။
ဒီတစ်ခါ အိပ်တာက တကယ်ကို ကြာလှသည်။ ချူနင် နေဝင်သည်အထိ စောင့်နေရပြီး ရှောင်ပင်းပင်သန့်စင်မြေမှ ပြန်ရောက်လာပြီ ဖြစ်သည်။
"ဟင် ချူသခင်လေး အရှင်မရဲ့ အိပ်ဆောင်ရှေ့မှာ ဘာလုပ်နေတာလဲ"
ချူနင်က ရှောင်ပင်းကို ကြည့်ကာ တည်ကြည်စွာ ရှင်းပြသည် "ချန်းလျန်က အနားယူနေတာလေ သူ နိုးလာတဲ့အခါ အဝတ်လဲပေးဖို့ ငါက အမြဲတမ်း အသင့်စောင့်နေပေးရတာပေါ့"
ရှောင်ပင်း ကြောင်သွားပြီးနောက် မျက်လုံးလေးများ ပြူးသွားကာ "ချူသခင်လေး နင်က ဧကရီကို အဝတ်လဲပေးပြီးပြီလား"
"အဲဒါကတော့..."
ချူနင်က စကားလမ်းကြောင်းကို အသာလေး လွှဲလိုက်ပြီး ရှောင်ပင်း၏ အရှိန်အဝါကို စစ်ဆေးကြည့်သည်။ "ဒီနေ့ ရဲ့မိသားစု သန့်စင်မြေမှာ ကျင့်ကြံရတာ ဘယ်လိုလဲ"
ရှောင်ပင်းက သက်ပြင်းချလိုက်ပြီး "အရင်းအမြစ်တွေ အများကြီး သုံးခဲ့တယ် လျှို့ဝှက်နယ်မြေထဲတောင် ဝင်ကျင့်ခဲ့တာ ဒါပေမဲ့ နန်းတော်ထဲမှာ ကျင့်ရသလောက် မမြန်သလိုပဲ။ အရှင်မကို နန်းတော်မှာပဲ နေပြီး ကျင့်တာ ပိုကောင်းမယ်လို့ ပြောမလို့ပဲ"
ချူနင်က ဘာမှမပြောဘဲ ပြုံးနေလိုက်သည်။ "နေလည်စာ စားဖို့ပြန်လာတာက ကျင့်ကြံခြင်းကို ပိုမြန်စေတာပေါ့။ ဗိုက်ဆာနေရင် ဘယ်လိုလုပ် အာရုံစိုက်နိုင်မှာလဲ"
ရှောင်ပင်းက ခေါင်းခါကာ အလေးအနက် ရှင်းပြသည် "ကျင့်ကြံသူတွေက အစာရှောင်ခြင်းကို အလေးထားကြတယ်။ ထမင်းသုံးနပ် မစားတာက ကျင့်ကြံခြင်းအတွက် အကောင်းဆုံးပဲ"
"ဒါဆို နင် ဒီနေ့ တစ်နေကုန် ဗိုက်ဆာနေတာ၊ နင့်ရဲ့ကျင့်ကြံခြင်း အရှိန်က ဘယ်လိုလဲ"
ရှောင်ပင်း ခေါင်းကုတ်လိုက်ပြီး သူမကိုယ်တိုင်လည်း ဇဝေဇဝါ ဖြစ်နေသည်။
"တကယ်ပဲ အရှိန်မတက်ဘူး။ အစားအသောက် မလုံလောက်လို့လား မသိဘူး။ ခဏနေရင် ညစာ ကောင်းကောင်းစားပြီးမှ ပြန်ကျင့်ကြည့်ရမယ်"
ချူနင်က ရယ်မောလိုက်ပြီး "ဪ နင်က အလကားလာစားဖို့ ကြံနေတာပေါ့ ဟင်းချက်တာလည်း မကူညီဘဲနဲ့ စားဖို့ပဲသိတာလား"
ကောင်မလေးက ရယ်ကျဲကျဲဖြင့် "နင်နဲ့ အရှင်မနဲ့ ကုန်အောင် မစားနိုင်မှာ စိုးလို့ပါ၊ အလဟဿ မဖြစ်အောင်လို့ ချူသခင်လေးရဲ့ လက်ရာတွေကို အလကား မဖြစ်စေချင်လို့ပါ"
"ရှောင်ပင်း ပြန်ရောက်ပြီလား လာခဲ့ အဝတ်လဲပေးဦး"
နန်းဆောင်ထဲမှ ရဲ့ချန်းလျန်၏ အသံ ထွက်ပေါ်လာသည်။ ချူနင်က ရှောင်ပင်းကို မျက်ရိပ်ပြလိုက်သည် ဘာမှ မလုပ်နဲ့ဦး ငါ လုပ်မယ်။
ထို့နောက် သူက တံခါးဆီသို့ အပြေးအလွှား သွားလိုက်သည်။ "ချန်းလျန် မင်းနားမှားတာပါ ရှောင်ပင်း မဟုတ်ဘူး ငါ ကိုယ့်ဘာသာကိုယ် စကားပြောနေတာ"
ဤသို့ ပြောပြီး တံခါးကို တွန်းဖွင့်လိုက်သည်။ "မင်းရဲ့ ခင်ပွန်းက အဝတ်လဲပေးဖို့ ရောက်လာပြီလေ... ဟီးဟီး"
ဝူး
ရုတ်တရက် လူရိပ်တစ်ခု နောက်သို့ လွင့်ထွက်သွားပြီး ချူနင်သည် နန်းဆောင်ဘေးရှိ ပန်းခြံထဲသို့ တန်းပြီး ကျသွားတော့သည်။ ရှောင်ပင်းကတော့ သနားခြင်း မရှိဘဲ သက်ပြင်းသာ ချလိုက်သည်။
"သခင်လေး အရှင်မက ညှာတာလို့ပါ။ မဟုတ်ရင် နင့်အသက် ဘေးကင်းမှာ မဟုတ်ဘူး။ ဒီလိုကိစ္စတွေကို ရှောင်ပင်းကိုပဲ လွှတ်ထားလိုက်တာ ပိုကောင်းပါတယ်"
ချူနင်က တင်ပါးကို ပွတ်ရင်း သက်ပြင်းချလိုက်သည်။ "မသိတဲ့လူဆိုရင် ငါ့ကို အပြင်လူလို့ ထင်နေဦးမယ်။ လင်မယားချင်း အဝတ်လဲပေးတာ ဘာမှားလို့လဲ ငါက ချောင်းကြည့်နေတာလည်း မဟုတ်ဘဲနဲ့"
ရဲ့ချန်းလျန်၏ အသံက အိပ်ဆောင်ထဲမှ ချက်ချင်း ထွက်ပေါ်လာသည်။ "ထွက်သွားစမ်း"
ဟူး... အနားကပ်ကြည့်လို့ မရရင်တော့ ချောင်းကြည့်တာက အဆင်ပြေလောက်မှာပါနော် ဒါပေမဲ့ ချူနင် ခဏစဉ်းစားပြီး မကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။ တစ်နေ့နေ့တော့ မြင်ရမှာပဲလေ။ ရင်ခုန်စရာလေး ချန်ထားတာ ပိုကောင်းပါတယ်။
ဘာပဲဖြစ်ဖြစ် ခဏလောက်တော့ ဝေ့ကြည့်လိုက်ပါသေးတယ်။
အိုး... ဒီကိုယ်လုံးကိုယ်ပေါက်နဲ့ဆိုရင်တော့ ကလေးနှစ်ယောက် တကယ်ကို ငတ်မှာ မဟုတ်ဘူး နောက်ထပ် လူကြီးတစ်ယောက်ပါ ပေါင်းထည့်ရင်တောင် လောက်ငဦးမှာပဲ။