အခန်း (၃) ဧကရာဇ်အဆင့် ချက်ပြုတ်ကျွမ်းကျင်မှု
ဤအခိုက်အတန့်တွင် ရဲ့ချန်းလျန်၏ စိတ်အခြေအနေမှာ အတော်လေး ရှုပ်ထွေးနေသည်။ အထူးသဖြင့် ချူနင်သူမကို ပွေ့ဖက်လိုက်သည့် အချိန်တွင် ဖြစ်သည်။
သူမအနေဖြင့် ချူနင်ကို ယခုချက်ချင်း အပြည့်အဝ လက်မခံနိုင်သေးပါ။ နောက်ဆုံးတော့ ထိုညကဖြစ်ရပ်မှာ အကြောင်းအမျိုးမျိုးကြောင့် ဖြစ်ခဲ့ရသည်မို့ ယခုလို ချက်ချင်း ရင်းနှီးပွင့်လင်းသွားဖို့ဆိုသည်မှာ မဖြစ်နိုင်သေးပေ။
သို့သော် ချူနင်၏ဝမ်းသာအားရ ဖြစ်နေသည့် စိတ်ရင်းကို သူမ ခံစားမိသဖြင့် စိတ်အနည်းငယ် ပိုအေးသွားရသည်။
အနည်းဆုံးတော့ ဤသာမန်လူအပေါ် ထားရှိသည့် သူမ၏ အထင်အမြင်မှာ မဆိုးလှပေ။ သူသည် ဖခင်တစ်ယောက်၏ တာဝန်ကို ကျေပွန်မည့်ပုံပေါ်နေခြင်းကပင် လုံလောက်လှပါပြီ တခြားကိစ္စတွေကတော့။
ရဲ့ချန်းလျန် ကိုယ်တိုင်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးကို မည်သို့ကိုင်တွယ်ရမည်မှန်း မသိသေးပေ။ ခန်းမကြီးအတွင်း သူမ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။ ဤအခြေအနေက ကောင်းဖို့ဖြစ်လာမလား ဆိုးဖို့ဖြစ်လာမလား သူမ မဝေခွဲနိုင်သေး။
"ဘာလို့ အရှင်မက ရှင်နဲ့တွေ့ခွင့်မပေးတာလဲလို့ မေးတာလား ရိုးရိုးလေးပါပဲ အရှင်မက အရမ်းအလုပ်များတယ် နေ့တိုင်း ကိုင်တွယ်ရမယ့် နိုင်ငံရေးကိစ္စတွေက အများကြီးပဲ အချိန်ကို မရှိတာပါ"
ရှောင်ပင်းက ချူနင်ကို ချန်းနင်နန်းဆောင်သို့ ခေါ်ဆောင်သွားစဉ် လမ်းတွင် ရှင်းပြနေခြင်းဖြစ်သည်။
ကျွန်မက အရှင်မရဲ့ ကိုယ်ပိုင်အစေခံမို့လို့သာ ဒီကိစ္စကို သိတာပါ။ ဒီနန်းဆောင်ကလူတွေကို အကုန်ဖယ်ရှားထားပြီးပြီ။
သန့်ရှင်းရေးသမားတွေပဲ သတ်မှတ်ထားတဲ့ အချိန် (များသောအားဖြင့် ညနေပိုင်း) မှာ လာကြလိမ့်မယ်။ အကယ်၍ ရှင့်ကို တစ်ယောက်ယောက် မြင်သွားရင် ကောလာဟလတွေ အများကြီး ထွက်လာမှာ စိုးလို့ပါ။
မိန်းကလေးငယ်က အလေးအနက် ပြောနေသည်။ဒါ့အပြင် ခုနကခန်းမက အရှင်မ နိုင်ငံရေးကိစ္စတွေ ဆောင်ရွက်တဲ့နေရာ။ ဝန်ကြီးချုပ်တွေနဲ့ စစ်သေနာပတိတွေကို အချိန်မရွေး ဆင့်ခေါ်တတ်တယ်။
အရှင်မရဲ့ အမိန့်မပါဘဲ အထဲမဝင်ခိုင်းတာကလည်း အမှတ်မထင် ဆုံမိပြီး အနေရခက်မှာ စိုးလို့ပါ။
အပြင်နန်းဆောင်မှာ အမျိုးသားတွေ ရှိပေမဲ့ အတွင်းနန်းဆောင်မှာတော့ အမျိုးသမီးတွေပဲ ရှိတာ။
ရှင့်လို ယောက်ျားကြီးတစ်ယောက် ပေါ်လာရင် ချက်ချင်း အသိခံလိုက်ရမှာပေါ့ ဟုတ်တယ်မလား။
ချူနင် ခေါင်းညိတ်လိုက်သော်လည်း စိတ်ထဲတွင် ရဲ့ချန်းလျန်အကြောင်းကိုသာ တွေးနေမိသည်။
သူမက ဧကရီဖြစ်ဖြစ် မဖြစ်ဖြစ် ကိစ္စမရှိပါ။ သို့သော် ဤဧကရီအပေါ် ထားရှိသည့် သူ၏ အထင်အမြင်မှာ အလွန်တရာ ကောင်းမွန်လှသည်။
အေးစက်လှပပြီး ဧကရီတစ်ပါးဖြစ်သည့်အပြင် သူ့ကလေး၏ မိခင်ဖြစ်နေခြင်းက ရဲ့ချန်းလျန် ဖြစ်စေချင်သလိုအေးအေးဆေးဆေး နေနေဖို့ ချူနင်အတွက် မဖြစ်နိုင်ပေ။
ဧကရီက အရင်စပြီး ရင်းနှီးအောင် လုပ်ပါ့မလား မဖြစ်နိုင်ပေ ဒီအတိုင်းဆိုရင် ကလေးမွေးတဲ့အထိ စကားတောင် အကောင်းအတိုင်း ပြောဖြစ်ကြမှာ မဟုတ်ဘူး။ အဲဒါဆိုရင် အရမ်း အနေရခက်စရာကြီး ဖြစ်လိမ့်မည်။
ဒါဆို ရဲ့ချန်းလျန်ဆီကို တိတ်တဆိတ် ဘယ်လိုသွားတွေ့မလဲ။
ရိုးရိုးလေးပါ လောလောဆယ်တွင် ချူနင်သည် စိတ်ကူးတစ်ခုတည်းဖြင့် တစ်ကမ္ဘာလုံးကို လွှမ်းခြုံကြည့်ရှုနိုင်စွမ်း ရှိသည်။
ဤကမ္ဘာရှိ အင်ပါယာကြီး (၅) ခုနှင့် ၎င်းတို့၏အထက်ရှိ သန့်စင်သော နယ်မြေသုံးခုလုံးကို ချူနင် အလိုရှိလျှင် တစ်ချက်တည်းနှင့် စောင့်ကြည့်နိုင်သည်။ နန်းတော်ကြီးတစ်ခုထဲ ခိုးဝင်ဖို့ဆိုတာ သူ့အတွက် အပန်းမကြီးလှပေ။
မကြာခင်မှာပင် ချူနင်ကို ခမ်းနားလှပသော နန်းဆောင်တစ်ခုထဲသို့ ခေါ်ဆောင်သွားသည်။
ရှောင်ပင်းက ပြုံးပြီးပြောသည်။
မစ္စတာချူရဲ့ အဆင့်အတန်းအရ အစေခံတွေ ထားပေးလို့မရတာ ခွင့်လွှတ်ပါ ဒါပေမဲ့ ကျွန်မ နေ့တိုင်း ထမင်းလာပို့ပေးပါ့မယ်။
အစားအသောက်နဲ့ အဝတ်အစားအတွက် စိတ်မပူပါနဲ့ ဒါပေမဲ့ နည်းနည်းတော့ ပျင်းစရာကောင်းလိမ့်မယ် တစ်ခုခု လိုအပ်ရင် ကျွန်မကိုသာ ခေါ်လိုက်ပါ။
"အရှင်မကိုလည်း နားလည်ပေးပါ အခုက လက်ထပ်ဖို့ အချိန်ကောင်း မဟုတ်သေးဘူးလေ အဝတ်အစားတွေကိုတော့ မကြာခင် ပို့ပေးပါ့မယ်"
ချူနင် ဂရုမစိုက်စွာ ခေါင်းညိတ်လိုက်သည်။ ဧကရီအနေဖြင့်လည်း ဤကိစ္စကို ရုတ်တရက်ကြီး လက်ခံနိုင်ရန် ခက်ခဲဦးမည် ဖြစ်သည်။
နန်းဆောင်မှာ ခမ်းနားထည်ဝါပြီး နေချင်စဖွယ် ကောင်းလှသည်။ အလှစိုက်ပင်များနှင့် ထူးဆန်းသော ပန်းပင်များစွာ ရှိနေခြင်းက ချူနင်ကို အံ့သြစေသည် နေရာကောင်းပဲ။
ငါ ဒီမှာပဲနေရမှာလား ငါ့ဇနီးသည်ရဲ့ နန်းဆောင်ဘေးမှာပေါ့ ဒါဆို ညဘက်ကျရင် ငါ ခိုးသွားရင် စဉ်းစားကြည့်ပြီးနောက် ချူနင်က သိပ်မလွယ်ကူသေးဟု ခံစားရသည်။
ခိုးသွားဖို့က လွယ်သော်လည်း အိပ်ရာပေါ်အထိ ရောက်ဖို့ကတော့ မလွယ်လှပေ။ အခုတောင် ဖက်ဖို့ ခက်ခဲနေသေးတာလေ။ အများကြီး မတွေးတာ အကောင်းဆုံးပဲ။
ရှောင်ပင်း ထွက်သွားပြီးနောက် ဘောင်းဘီတိုတစ်ထည်တည်းနှင့် ချူနင်က သက်တောင့်သက်သာ ထိုင်ချလိုက်သည်။ ဘယ်သူမှ မရှိတော့သဖြင့် ဟန်ဆောင်နေဖို့ မလိုတော့ပေ။
"စနစ် မသေမျိုး ဧကရာဇ်ဆိုတာ ဘယ်လောက်အဆင့်ရှိတာလဲ ငါ ဘာလို့ ဒီကမ္ဘာကြီးကို အလိုရှိရင် ဖျက်ဆီးပစ်နိုင်တယ်လို့ ခံစားနေရတာလဲ"
သူ့ရှေ့တွင် နယ်ပယ်အဆင့်အတန်းများကို ပြသထားသည့် သတင်းအချက်အလက်တစ်ခု ပေါ်လာသည်။
နယ်ပယ်များ: ဝိညာဉ်လှုပ်ရှားမှုအဆင့် ၊သိမ်မွေ့သောအမြင်အဆင့် (သို့မဟုတ်) အသိဉာဏ်ပွင့်လင်းမှုအဆင့်၊ ကံကြမ္မာသိမြင်ခြင်းအဆင့်၊ မျှော်စင်တက်လှမ်းခြင်းအဆင့်၊ ပင်လယ်ကြည့်ရှုခြင်းအဆင့်၊မြစ်ရေစူးစိုက်ခြင်းအဆင့်၊ ဟင်းလင်းပြင်ကို ဖောက်ထွက်ခြင်းအဆင့်၊ အနန္တအဆင့် (အတားအဆီးမဲ့အဆင့်)၊ ကောင်းကင်ဘုံဖြစ်စဉ်အဆင့် (နက္ခတ်ဗေဒအဆင့်)၊တာအိုနယ်ပယ် (သို့မဟုတ်) တရားအလင်းနယ်ပယ်၊ ဧကရာဇ်တု ၊ဧကရာဇ်တစ်ပိုင်းအဆင့်၊ မဟာဧကရာဇ်၊ မသေမျိုးဧကရာဇ်အဆင့်.....။
စာရင်းက အရှည်ကြီးရှိနေသေးသဖြင့် ချူနင် ဆက်မဖတ်တော့ပေ။ သူ အံ့သြသွားပြီး အသက်ရှူပင် မြန်လာသည်။
ဧကရီ၏အဆင့် (၆) ကျင့်စဉ်မှာ မြစ်ရေစူစိုက်ခြင်းနယ်ပယ်သာဖြစ်ပြီး ချူနင်နှင့်ဆိုလျှင် အဆင့်များစွာ ကွာခြားလှသည် မဟုတ်ပါလား။
သူသည် သူ့ကလေးမိခင်ထက် အဆပေါင်းများစွာ ပို၍ အစွမ်းထက်နေသည်။ ဤကမ္ဘာ၏ အမြင့်ဆုံး ကျင့်ကြံသူများဖြစ်သည့် သန့်စင်နယ်မြေများမှ အရှင်သခင်များပင် အဆင့် (၉) ကောင်းကင်ဘုံဖြစ်စဥ်
အဆင့်မှာပဲရှိကြသည်။
အမှန်ပင် သူသည် စိတ်ကူးတစ်ခုတည်းဖြင့် ဤကမ္ဘာကို ချက်ချင်း သုတ်သင်နိုင်သည်။ ကံကောင်းထောက်မစွာဖြင့် ဤကျင့်စဉ်ကို ရရှိချိန်တွင် သူ့အစွမ်းကို ထိန်းချုပ်နိုင်စွမ်းပါ ရရှိခဲ့သဖြင့် မတော်တဆ ကမ္ဘာကြီး ပေါက်ကွဲသွားမည့်အရေးကို စိတ်ပူစရာမလိုပေ။
သို့သော် တစ်ခုခု လုပ်ဖို့ဆိုလျှင်တော့ အနည်းငယ် ဂရုစိုက်ရဦးမည်။ သူ လက်ဖဝါးကို အသာအယာ လှည့်လိုက်ရုံဖြင့် ရှေ့က ဟင်းလင်းပြင်ကြီးမှာ အလွှာလိုက် ကြေမွသွားသည်။
ယခုမူ မပျက်တော့ပါ နောက်နေ့ကျလျှင် အပြင်ထွက် လည်ပတ်ဦးမည်။ ဒါက အကျဉ်းချခံထားရတာ မဟုတ်ပါ သူ့ဇနီးက သူ့ကို လိုလေသေးမရှိ ထားထားပေးသည်။
စားချင်တာစား သောက်ချင်တာသောက် နန်းတော်ထဲမှာ ဇနီးချောလေးကို ကြည့်ရင်း မမွေးသေးတဲ့ ကလေးနှစ်ယောက်နဲ့ ဒါက ချူနင် စိတ်ကူးယဉ်ခဲ့တဲ့ ဘဝပဲ မဟုတ်လား။
သူသည် ကလေးတွေကို အရမ်းချစ်ချင်နေမိသည် မွေးမလာသေးတာကပဲ နှမြောစရာ။
မသေမျိုး ဧကရာဇ် အဖေတစ်ယောက်ဖြစ်ရတာ မဆိုးလှပေ။ ဇနီးရှိမယ်၊ ကလေးရှိမယ်၊ နွေးထွေးတဲ့ အိပ်ရာရှိမယ် ဒါဆို လုံလောက်ပါပြီ။
ကျင့်စဉ်ဆိုတာကလည်း သူက တစ်လောကလုံးမှာ အစွမ်းအထက်ဆုံး ဖြစ်နေမှတော့ ဘာပူစရာ ရှိတော့မလဲ မျက်စိစပယ်မွေးစူစရာလူ ရှိရင်တော့ စိုက်ကြည့်လိုက်ရုံနဲ့ အမှုန့်ဖြစ်သွားစေရမည်။
ချူနင် ပြုံးပျော်ရင်းနှင့် အိပ်ပျော်သွားတော့သည်။ တစ်စုံတစ်ယောက်၏ ခြေသံကြားမှ သူ နိုးလာသည်။
"နေကောင်းလား ရှောင်ပင်း"
ရှောင်ပင်း အံ့သြသွားပြီး ခေါင်းကို ကုတ်လိုက်သည်။
"အဲ ကျွန်မကပဲ မစ္စတာချူကို နှုတ်ဆက်ရမှာ မဟုတ်ဘူးလား"
"ကိစ္စမရှိပါဘူး မင်းတို့ ထုံးစံအတိုင်းပဲ လုပ်ပါ"
"ဪဟုတ်ကဲ့ မစ္စတာချူ နေကောင်းလား"
ရှောင်ပင်းက အဝတ်အစားအချို့ကို ချူနင်အား ကမ်းပေးလိုက်သည်။ ဒါတွေက အရှင်မကိုယ်တိုင် မှာကြားပြီး ပြင်ပေးထားတဲ့ အဝတ်တွေပါ။ ဒီလို ဗလာကျင်းကြီးနဲ့ လျှောက်သွားနေတာ မသင့်တော်ပါဘူး။ ဟို နဂါးအစောင့်တပ်သားတွေကိုလည်း ကျွန်မ ဆူပစ်လိုက်ပြီ"
မိန်းကလေးငယ်မှာ စိတ်တိုနေပုံရသည်။ ထိုအချိန်က ဧကရီကိုယ်တိုင်က ချူနင်ကို အမြန်ဆုံး ခေါ်လာစေချင်သဖြင့် အဝတ်အစားရှာဖို့ အချိန်မရဘဲ ထိုအတိုင်း ခေါ်လာခဲ့ကြခြင်း ဖြစ်သည်။ သူမက ယနေ့အတွက် ညစာကိုလည်း စားပွဲပေါ် တင်ပေးလိုက်သည်။
"မစ္စတာချူ ညစာ စားလို့ရပါပြီ ခဏနေရင် ကျွန်မ ပန်းကန်တွေ ပြန်လာသိမ်းပါ့မယ်"
ထိုစကားကို ကြားသောအခါ ချူနင်က ကုတင်ပေါ်မှ လွှားခနဲ ခုန်ဆင်းလိုက်ပြီး မေးလိုက်သည်။
"အရှင်မကော စားပြီးပြီလား"
"ဒါနဲ့ အရှင်မ ကိုယ်ဝန်ရှိတဲ့ကိစ္စက လျှို့ဝှက်ချက်ဆိုတော့ နန်းတွင်းမီးဖိုချောင်က ကိုယ်ဝန်ဆောင်တွေအတွက် အဟာရဖြစ်မယ့် အစားအစာတွေ ပြင်ပေးလို့ အဆင်မပြေဘူး မဟုတ်လား"
ဒါက အရေးကြီးကိစ္စပဲ သူ့ကလေးတွေက သုံးလရှိနေပြီ သူက အခုမှ သိတာ။
အစားအသောက် မြင်မှပဲ ဒါကို သတိရတော့သည်။ သူဟာ တကယ့်ကို အရည်အချင်းမရှိတဲ့ ခင်ပွန်းနဲ့ အဖေပဲ
ချူနင်က ထိုသို့မေးမြန်းသဖြင့် ရှောင်ပင်းက ဝမ်းသာသွားသည်။
သူ့မှာ ကျင့်စဉ်မရှိသော်လည်း အရှင်မကို အလွန်ဂရုစိုက်သည် မဟုတ်ပါလား။ သူမက သက်ပြင်းချရင်း ခေါင်းခါပြသည်။
"အခုက အရာအားလုံးက လျှို့ဝှက်ချက်ပဲလေ အခုလောလောဆယ်တော့ နန်းတော်က ပုံမှန်စားနေကျတွေပဲ စားရမှာပေါ့မဟုတ်ရင် လူသိသွားလိမ့်မယ်။ နန်းတော်ထဲမှာ ရန်သူ့သူလျှိုတွေ ရှိနိုင်တယ်လေ"
တင် ပိုင်ရှင်အနေဖြင့် မမွေးဖွားသေးသော ရင်သွေးများ၏ကျန်းမာရေးကို ဂရုစိုက်သဖြင့်စနစ်မှ ဧကရာဇ်အဆင့် စားဖိုမှူးအရည်အချင်းကို ပေးအပ်လိုက်ပါသည်။ တစ်လောကလုံးရှိ အစားအစာအားလုံးကို ချက်ပြုတ်နိုင်ပါပြီ။
ချူနင်က ရှောင်ပင်းကို ကြည့်ကာ ပြောလိုက်သည်။
"ကျွန်တော် တခြားအရာတွေမှာ မတော်ပေမဲ့ ချက်ပြုတ်တဲ့နေရာမှာတော့ အရမ်းတော်ပါတယ်။ အခုကစပြီး အရှင်မအတွက် ကိုယ်ဝန်ဆောင် အဟာရစာတွေကို ကျွန်တော့်ကိုသာ တာဝန်ပေးလိုက်ပါ"
ရှောင်ပင်း ခဏမျှ ကြောင်သွားပြီး သံသယဖြင့် မေးသည် "ဒါပေမဲ့ နန်းတွင်းစားဖိုမှူးတွေက နာမည်ကြီး အဆင့် (၃) စားဖိုမှူးတွေလေ မစ္စတာချူက"
သူမက ချူနင်၏ စိတ်ကို မထိခိုက်စေရန် စကားကို ဖြတ်လိုက်သည်။ ကျင့်ကြံသူနှင့် သာမန်လူကြားမှာ ကွာခြားချက်က ကြီးမားလွန်းသည် မဟုတ်ပါလား။
သို့သော် ချူနင်က ယုံကြည်မှုအပြည့်ဖြင့် ပြုံးလိုက်သည်။ "ကျွန်တော် ရဲရဲကြီး ပြောရဲတယ် ဒီကမ္ဘာမှာ ကျွန်တော့်ထက် ကောင်းအောင် ချက်နိုင်တဲ့သူ မရှိဘူး"
ရှောင်ပင်း ခဏ စဉ်းစားပြီးမှ ပြန်ပြောသည် "ဒါဆိုရင်တော့ အရှင်မရဲ့ သဘောထားကို အရင်မေးကြည့်ရမှာပေါ့"
"ကောင်းပါပြီ"
ရှောင်ပင်းက နှုတ်ဆက်ပြီး ထွက်သွားသည်။
အရှင်မက သူမကို နန်းတော်ပြင်က သမားတော်ဆီ သွားခိုင်းထားသေးသည်။ သူမကိုယ်တိုင်လည်း ကလေးနှစ်ယောက်ဆိုပြီး ရေရွတ်နေတာကို ရှောင်ပင်း ကြားလိုက်ရသေးသည်။ အချိန်မမီမှာ စိုးသဖြင့် သူမ အမြန်သွားရမည်။
ယခုအချိန်တွင် ချူနင်မှာ စားဖို့စိတ်မရှိဘဲ အတွေးနက်နေသည်။ သူ့ခေါင်းထဲတွင် ဟင်းလျာများစွာ ပေါ်လာသော်လည်း အကောင်းဆုံးကို ရွေးချယ်နေမိသည်။
ကိုယ်ဝန်တည်မြဲစေရန်အတွက် အာဟာရဖြစ်ပြီး နူးညံ့ပျော့ပျောင်းသော အစားအစာ ဖြစ်ရမည်။ ဒုတိယအနေဖြင့် အရသာကောင်းရမည်၊ သူ့ဇနီးက မစားချင်ဘူးဆိုလျှင် အလကားပဲ မဟုတ်လား။
ခဏအကြာတွင် ချူနင်၏ မျက်လုံးများ တောက်ပသွားသည် ရပြီ။
"အဆင့် (၉) ဆေးဖက်ဝင် ဟင်းလျာ - နဂါးခြံဆီ ကျောက်စိမ်း ရတနာဟင်းချို
၎င်းသည် ကောင်းကင်ဖြစ်စဥ်အဆင့်ရှိသော နဂါးစစ်စစ်၏ ခြံဆီနှင့် အဆင့် (၉) ရှားပါးဆေးပင်နှင်းကြာပန်းတို့ကို အဓိကထား ချက်ပြုတ်ရခြင်း ဖြစ်သည်။
၎င်းသည် ကိုယ်ဝန်ကို တည်မြဲစေရုံသာမက သူ့ဇနီး၏ ကျင့်စဉ်ကိုပါ တိုးတက်စေပြီး ကလေးနှစ်ယောက်၏ အနာဂတ်ကျင့်စဉ်အတွက် အခြေခံကောင်းများ ပေးစွမ်းနိုင်မည်ဖြစ်သည်။
အရင်ဆုံး ဆေးဖက်ဝင် ပစ္စည်းတွေကို ရှာရမည်။
ဆုံးဖြတ်ချက်ချပြီးနောက် ချူနင် မျက်စိမှိတ်ကာ အာရုံစူးစိုက်လိုက်သည်။
သူ၏ ကိုယ်ရောင်ကိုယ်ဝါမှာ သန့်စင်သော နယ်မြေတစ်ခုအတွင်းသို့ ချက်ချင်း ရောက်ရှိသွားတော့သည် တခြားကြောင့် မဟုတ်ပါ ဆေးအချို့ ချေးငှားရန်သာ ဖြစ်သည်။
သူတို့ ငြင်းချင်လည်း ငြင်းနိုင်သည်။ ဒါပေမဲ့ သူတို့ ပေးရလိမ့်မည်။
"ဘယ်သူကငါတို့ရဲ့ထိုက်ရွှီသန့်စင်သောနယ်မြေထဲကိုကျူးကျော်ဝင်ရောက်ဝံ့တာလဲ"