အခန်း (၂၀) ချူနင်က ငါ့ကို တမင်စနေတာပဲ
နန်းဆောင်အတွင်းရှိ သီးသန့်မီးဖိုချောင်တွင် ရဲ့ချန်းလျန်က ချူနင် ဟင်းချက်သည်ကို စောင့်ကြည့်နေသည်။ ချူနင်က ရဲ့ချန်းလျန် ဗိုက်ထဲက ကလေးအတွက် အာဟာရဖြစ်စေမယ့် ဟင်းလျာ (၁၃) မျိုးကို အမြန်ဆုံး ချက်ပြုတ်နေသည်။
သူသုံးတဲ့ ပါဝင်ပစ္စည်းတွေက "နဂါးရိုးတွင်းခြင်ဆီ.ကောင်းကင်နွားလားသား စတဲ့ ရှေးဟောင်းဒဏ္ဍာရီလာ သတ္တဝါတွေရဲ့ အသားတွေပါ။ ရဲ့ချန်းလျန်ကတော့ "ဒါတွေက စာအုပ်ထဲမှာပဲ ရှိတာလေ သူ ဘယ်ကရတာလဲ" ဟု တွေးနေမိသော်လည်း အရသာရှိရင် ပြီးတာပဲဟု သဘောထားလိုက်သည်။
ချူနင်က နဂါးရိုးတွင်းခြင်ဆီ စွပ်ပြုတ်ကို အရင်ဆုံး ချက်ပြီး "မြည်းကြည့်ပါဦး" ဟု ကမ်းပေးသည်။
ရဲ့ချန်းလျန် မြည်းကြည့်လိုက်ရာ နာရီပေါင်းများစွာ ချက်ထားသလိုမျိုး အရသာက အရမ်းကို ပြည့်စုံလွန်းနေသည်။
သူမက တမင် မာန်တင်းပြီး "အရသာက နည်းနည်းလိုသေးပေမဲ့ စားလို့တော့ ရပါတယ်" ဟု ပြောလိုက်သည်။
ချူနင်က "ဒါဆို မစားနဲ့တော့ ဒါကို ရှောင်ပင်းကို ပေးလိုက်မယ်။ ငါ အသစ်ပြန်ချက်ပေးမယ်" ဟု ဆိုကာ ပြန်ယူဖို့ လုပ်သည်။
ရဲ့ချန်းလျန်က ချက်ချင်း တားလိုက်သည် "မ... မလိုပါဘူး စားလို့ ရပါတယ်ဆို" သူမက တကယ်တော့ အဲဒီစွပ်ပြုတ်ကို အရမ်းကြိုက်တာပါ။
ချူနင်က ပြုံးစိစိဖြင့် "ငါ့မိန်းမက အရသာ ပြောင်းသွားပြီဆိုမှတော့ ငါက လိုက်လျောရမှာပေါ့" ဟု စနောက်နေသဖြင့် ရဲ့ချန်းလျန်က "တော်ပြီ ငါ ဒါပဲ သောက်ချင်တာ ဘာမှမပြောင်းနဲ့တော့" ဟု အော်လိုက်ရသည်။
ချူနင်က "မင်း ကြိုက်တယ်ဆိုရင်လည်း အမြဲချက်ပေးမှာပေါ့" ဟု ပြောလိုက်ရာ ရဲ့ချန်းလျန်က သူ စနေမှန်း သိသွားပြီး "နင် ငါ့ကို တမင် စနေတာပဲ" ဟု ရန်တွေ့တော့သည်။
ရဲ့ချန်းလျန်သည် မီးဖိုချောင်ထဲတွင် အလုပ်ရှုပ်နေသော ချူနင်၏ကျောပြင်ကို ကြည့်ရင်း စိတ်ထဲတွင် မတည်မငြိမ် ဖြစ်နေရသည်။
"ဒီလူကငါ့ကိုတမင်ပြုစားနေတာလားငါ့အင်ပါယာကိုလိုချင်လို့လားမဖြစ်နိုင်တာ" ဟုတွေးနေသော်လည်းသူမ၏မျက်နှာလေးကတော့တစတစပိုပြီးနီမြန်းလာခဲ့သည်။