အခန်း ၁၉၈ မဟာဧကရာဇ်နှင့် တိုက်ပွဲ
ဤတိုက်ပွဲ၏ အထူးခြားဆုံးအချက်မှာ မဟာဧကရာဇ်နှစ်ပါး ထိပ်တိုက်တွေ့ခြင်း မဟုတ်ပေ။ ယခုလက်ရှိ ဒုတိယနန်းတော်သခင် မော့ချင်းယင်း အသစ်လက်ခံထားသော တပည့်နှစ်ဦးဖြစ်သည့် ချူမူနှင့် ယောင်ယောင်တို့၏ တိုက်ပွဲများသာဖြစ်သည်။
ဤကလေးမလေးနှစ်ယောက်မှာ လျှို့ဝှက်လက်နက် မည်မျှရှိပြီး ဖုံးကွယ်ထားသော ခွန်အား မည်မျှရှိသနည်း။
မသေမျိုးဧကရာဇ်ရဲ့ တပည့်ဖြစ်နေတော့လည်း အေးလေ မင်းတို့ပဲနိုင်လိုက်ပါတော့ ငါတို့ ဘာမှ မပြောတော့ဘူး အဓိကအချက်က သူတို့ရဲ့ နောက်ခံက အရမ်းကြောက်ဖို့ကောင်းနေတာပဲ။ မှော်လက်နက် အသုံးပြုမှုကို မကန့်သတ်ထားသရွေ့ သူတို့ကို ဘယ်လိုမှ တိုက်လို့မရဘူ။
သူတို့နှစ်ယောက်လုံးက တာအိုနယ်ပယ်ရဲ့ အစောပိုင်းအဆင့်မှာပဲ ရှိသေးတာ။ ဒါပေမဲ့ ဧကရာဇ်လောင်းလျာတစ်ယောက်တောင် ဒါကိုမြင်ရင် ဘယ်သူက တိုက်ရဲမှာလဲ ပြေးရမှာပေါ့။
တိုက်ခိုက်ရင်တောင် သူတို့ကို သတ်လို့မရဘူး။ သူတို့ဝတ်ထားတဲ့ ဝတ်ရုံတွေက ရန်သူပေါင်းစုံရဲ့ တိုက်ခိုက်မှုကို ဘာဒဏ်ရာမှမရဘဲ ခံနိုင်ရည်ရှိနေတာလေ။ တိုက်စစ်အတွက် မှော်လက်နက်တွေ ရှိသလို ခံစစ်အတွက်လည်း အပြည့်အစုံ ရှိနေတာပဲ။ ဒါဆိုရင်တော့ နယ်ပယ်အသိအမြင်တွေအကြောင်း ပြောမနေနဲ့တော့။ နယ်ပယ်အကြောင်း ပြောနေတာက ကိုယ့်ကိုယ်ကိုယ် လိမ်နေတာပဲ ရှိမယ်။
"ဆရာ သမီး ၃၂ ပွဲ ဆက်တိုက် နိုင်သွားပြီ" ယောင်ယောင်က ကလေးပီပီ ချွဲလိုက်သည်။ "နမ်းချင်တယ်"
မော့ချင်းယင်းက ကလေးမလေးကို ပွေ့ချီပြီး ပါးကို နမ်းလိုက်သည်။
"ယောင်ယောင်လေးက တော်လိုက်တာ အခုဆို သမီးရဲ့ အဆင့်က ထိပ်ဆုံး ၁၀၀ ထဲ ရောက်နေပြ ဒါက ဧကရာဇ်တွေနဲ့ တန်းတူပဲ။"
"ထိပ်ဆုံး ၁၀၀ ပဲလား"
ယောင်ယောင်က ထိုနံပါတ်ကို သဘောမကျပေ။ ထိုအဆင့်နှင့်ဆိုလျှင် နတ်ဘုရားမူလဓာတ်ကို ရဖို့ မသေချာဘူးလေ ဆရာကပြောတယ် အဲဒီအရာက ကျင့်ကြံဖို့ သိပ်ကောင်းတာတဲ့ မေမေနဲ့ ရှောင်ပင်းမမအတွက် ရအောင်ယူရမယ်။
"ဒါဆို သမီး ပြန်သွားတိုက်ဦးမယ်"
ယောင်ယောင်က မနားဘဲ နောက်တစ်ပွဲကို ဆက်ဝင်သည်။ ဒါတွေအားလုံးက သူမအတွက် ဘာဖိအားမှ မရှိသလိုပင်။ လိုချင်တာရှိရင် ကိုယ်တိုင်ယူရုံပဲ တိုက်ခိုက်ရုံပဲ မဟုတ်လား ဧကရာဇ်လာလည်း လာပါစေ သူမမှာ တခြားနည်းလမ်းတွေ အများကြီး ရှိသေးသည်။ သိုလှောင်အိတ်ထဲမှာ မထုတ်ရသေးတဲ့ မှော်လက်နက်တွေ အများကြီး ကျန်သေးတယ်လေ။
ကလေးမလေး ထွက်သွားချိန်တွင် ထာဝရဧကရာဇ် အချို့ ချဉ်းကပ်လာကြသည်။ အင်း အကြီးအကဲမော့ အဲဒီ မှော်လက်နက် တချို့ကိုတော့ ကြားဖူးပါတယ် ဒါပေမဲ့ တချို့ကျတော့လည်း အဲဒါတွေ အကုန်လုံးက အကြီးအကဲမော့ ပေးထားတာလား။
မော့ချင်းယင်းက တည်ငြိမ်စွာ ပြောလိုက်သည် ဟုတ်ရင်ကော မဟုတ်ရင်ကော ဘာဖြစ်လဲ တာအိုနယ်ပယ် ကျင့်ကြံသူတစ်ယောက်က ဧကရာဇ်လောင်းလျာကို တိုက်နေရတာလေ။ မှော်လက်နက် တစ်ခုနှစ်ခု ရှိတာ ဘာမှားလို့လဲ။
လူတိုင်း၏ နှုတ်ခမ်းများ တွန့်သွားကြသည်။ ဒါက တစ်ခုနှစ်ခု မဟုတ်ဘူးလေ မဟာဧကရာဇ်အဆင့် နတ်ဘုရားလက်နက်တွေကို ရာနဲ့ချီ ထုတ်နေတာလေ။
ချူမူကတော့ တော်သေးသည်။ သူမက အစအဆုံး ဓားတစ်လက်တည်းကိုပဲ သုံးပြီး သူမရဲ့ ကိုယ်ပိုင်ကျင့်စဉ်တွေ ဓားသိုင်းတွေနဲ့ ရန်သူကို တိုက်ခိုက်တာ။ ဒါပေမဲ့ ယောင်ယောင်ကတော့ ဘာကျင့်စဉ်မှမသုံးဘူး ဒါကို ပြိုင်ပွဲလို့ ခေါ်လို့ရပါ့မလား နိုင်ရင်တောင် လူတွေက လက်ခံဖို့ ခက်လိမ့်မယ်။
မော့ချင်းယင်းက သူတို့ ဘာလာပြောချင်မှန်းသိသဖြင့် မျက်နှာထား အေးစက်သွားသည် မော့ချင်းဖုန်း ဒီနေ့ ဘာတွေလုပ်နေလဲဆိုတာ ငါ ကောင်းကောင်းသိတယ်။
ငါ့တပည့်တွေက လိမ္မာလို့သာ မော့ချင်းဖုန်းကို ငါကိုယ်တိုင် ဓားနဲ့ သွားမစိန်ခေါ်သေးတာ။ ဒါတွေအားလုံးက စည်းမျဉ်းအတွင်းမှာပဲ ရှိတယ်။ မဆိုင်တာတွေ လာမမေးနဲ့ လာမပြောနဲ့။ မကျေနပ်ရင် ဒီနေ့မော့ချင်းဖုန်းကို ငါကိုယ်တိုင်သွားမေးလိုက်မယ်။
သူမက ကျိုးကြောင်းပြပြီး ငြင်းခုံနေမယ့်အစား ဓားနဲ့ပဲ စကားပြောမယ့်သူမျိုး ဖြစ်သည်။ လူတိုင်း လန့်သွားပြီး ဟားဟား... အဲလို မဟုတ်ပါဘူး နားလည်မှု လွဲနေပါပြီ။ အကြီးအကဲ့မော့ရဲ့ တပည့်တွေ သန်မာတာကို ငါတို့ ဝမ်းသာနေတာပါ။
"တောက်"
အဘိုးကြီးတစ်ယောက် မထိန်းနိုင်ဘဲ အော်ဟစ်လိုက်သည်။ နောက်ထပ် ဧကရာဇ်လောင်းလျာတစ်ပါး အသတ်ခံလိုက်ရပြန်ပြီ။ ထိုသူက ကောင်းကင်နယ်ပယ် ၈၁ အဆင့်ရှိတဲ့ နန်းတော်သခင်ရဲ့ တပည့် မဟုတ်ပါလား။
မော့ချင်းဖုန်း၏ အပြုံးမှာ တောင့်တင်းနေပြီ။ မဟာဧကရာဇ်တာအိုနယ်ပယ် ၈၁ အဆင့်မှာ ရှိနေတာတောင် အလွယ်တကူ ရှုံးသွားတယ်လား ဧကရာဇ်ဖြစ်ဖို့လက်တစ်ကမ်းပဲ လိုတော့တဲ့သူက ဓားကိုင်ထားတဲ့ ကလေးမလေးတစ်ယောက်ကို မနိုင်ဘူးတဲ့လား။
ရှုံးနိမ့်သွားတဲ့ အဘိုးကြီးက မြေပြင်ပေါ် ဒူးထောက်ပြီး အော်ဟစ်တော့သည် မင်းရဲ့ ဝတ်ရုံက ငါ့တိုက်ကွက်အားလုံးကို ခံနိုင်ရည်ရှိနေတာ ငါတို့ဘယ်လိုတိုက်ရမှာလဲ မင်းမှာ သတ္တိရှိရင် ဝတ်ရုံကိုချွတ် နတ်ဘုရားဓားကိုပစ်ပြီး ငါနဲ့ တရားမျှတစွာ တိုက်ရဲလား။
ချူမူက နှုတ်ခမ်းတွန့်လိုက်သည် ဒါကိုပြောထွက်ဖို့ ရှင့်မှာ အရှက်မရှိဘူးလား။ ရှင့်က ဧကရာဇ်လောင်းလျာ နယ်ပယ် ၈၁ အဆင့်မှာ ရှိပြီးတော့ ငါ့ကို တရားမျှတမှုအကြောင်း လာပြောနေတာလား ငါ့အဖေသာ သိရင် ရှင့်ကို ဆုံးမခိုင်းလိုက်မယ်။
အဘိုးကြီးက မကျေနပ်သေးဘဲ ငါ့အဆင့်က မင်းထက်မြင့်မှန်း ငါသိတယ် ဒါပေမဲ့ မင်းက မှော်လက်နက်တွေအပေါ် မှီခိုနေတာကို ငါမကျေနပ်ဘူး။ နိုင်ရင်တောင် ငါ ထပ်တိုက်ချင်သေးတယ်။
နန်းတော်သခင်ကို ငါ့ကျင့်ကြံမှုကို တာအိုနယ်ပယ် အစောပိုင်းအဆင့်အထိ နှိမ်ခိုင်းမယ် ပြီးတော့ မှော်လက်နက်တွေ မသုံးဘဲ တရားမျှတစွာ တိုက်ကြစို့ မင်းရဲလား။
ချူမူက ချက်ချင်း သဘောတူလိုက်သည် "ကောင်းပြီ"
မလှမ်းမကမ်းတွင် ယောင်ယောင်ကလည်း ပြိုင်ဘက်တစ်ယောက်ကို ချေမှုန်းနေသည်။ ထိုသူက ယောင်ယောင်ကို "မင်း တိုက်ရဲလား" ဟု မေးရန် ပြင်စဉ်မှာပင် ယောင်ယောင်က မူလအစနယ်ပယ်စွမ်းအားဖြင့် သတ်ပစ်လိုက်သည်။
ငါ့အဖေ ပြောတယ် နောက်ခံရှိတာကလည်း ခွန်အားတစ်မျိုးပဲတဲ့။ ငါနင့်ကို နိုင်နေတာပဲ ဘာလို့ နင်နဲ့ ကစားနေရမှာလဲ ယောင်ယောင်က နားမလည်စွာဖြင့် နောက်တစ်ဆင့်သို့ တက်သွားသည်။
တတိယစီနီယာ အနိုင်ရအောင် တိုက်ပါ ငါတို့ ထိုက်ထျန်းနန်းတော်ရဲ့ ဂုဏ်သိက္ခာကို ပြန်ဆယ်ပေးပါ။ အသက် နှစ်နှစ်အရွယ် ကလေးမလေးဆီမှာ ငါတို့ ဒီလို အရှက်ခွဲမခံနိုင်ဘူး။
ချူမူက ယခုအခါ ဝတ်ရုံတွေ၊ သိုလှောင်အိတ်တွေ၊ မှော်လက်နက်တွေ အကုန်လုံးကို ဖယ်ရှားလိုက်ပြီ။ သူမ၏ ပြိုင်ဘက်ဖြစ်သော ဧကရာဇ်လောင်းလျာသည်လည်း တာအိုနယ်ပယ် အစောပိုင်းအဆင့်သို့ ကျင့်ကြံမှု နှိမ်ခြင်းခံထားရသည်။
အဘိုးကြီးက စိတ်လှုပ်ရှားနေသည် မှော်လက်နက်တွေ မရှိရင် မင်း ငါ့ကိုဘယ်လိုတိုက်မှာလဲ ငါက ဧကရာဇ်လောင်းလျာ ၈၁ အဆင့်ထိ ရောက်ခဲ့တဲ့သူ ငါ့ရဲ့ အသိဉာဏ်က ရှိနေသေးတယ်။
ချူမူက တည်ငြိမ်စွာဖြင့် ဝိညာဉ်ဓားတစ်လက်ကို စုစည်းလိုက်သည်။ ဧကရာဇ်လောင်းလျာ ၈၁ အဆင့် အရင်တုန်းက ငါ သတ်ခဲ့တဲ့ဧကရာဇ်လောင်းလျာတွေ ရှစ်ရာလောက် ရှိလိမ့်မယ်။ သူမသည် တရားထိုင်ကျင့်ကြံစဉ်တွင် ပြင်ပပစ္စည်းများကို အားကိုးလေ့မရှိပေ။ သို့သော် နယ်ပယ်ကျော် တိုက်ခိုက်ချိန်တွင်တော့ အကူအညီ လိုအပ်သည်မှာ အမှန်ပင်။ ယခုမူ အဆင့်ချင်း တူသွားပြီဖြစ်ရာ သူမ၏ မူလခွန်အားကို ပြသရန် အချိန်တန်ပြီ။
ကောင်းကင်ဓားရိုးနှင့် အမြင့်မြတ်ဆုံး ခန္ဓာကိုယ်တို့က ချက်ချင်းပင် ထူးခြားသော ဖြစ်စဉ်များကို ဖြစ်ပေါ်စေသည်သုံးပါးသန့်စင်ခြင်းချီနှင့် ဓားသိုင်းမူလဓာတ်တို့က တစ်ကမ္ဘာလုံးကို လွှမ်းခြုံသွားသည်။
အဘိုးကြီး၏ အပြုံးမှာ အေးခဲသွားသည်"မင်း... မင်း"
"မင်းမှာ အရည်အချင်းရှိရင် ကျင့်စဉ်တွေ ပါရမီတွေကို မသုံးနဲ့ဦး"
"ဓားပညာချင်းပဲ ယှဉ်ကြစို့"
ချူမူက မျက်လုံးလှန်လိုက်သည် ဒါဆို ငါမင်းနဲ့ စုံ/မ လာကစားရမလား။
ကောင်းကင်နှင့်မြေကြီးဓား ဧကရာဇ်အဆင့်ဓားလမ်းစဉ် အသိအမြင် အဆင့်မမြင့်သေးသော်လည်း လုံလောက်ပါသည်။
ပွဲကြည့်စင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ပြင်ပအကူအညီတွေ မရှိရင်တောင် သူမရဲ့ အခြေခံနဲ့ ကျင့်စဉ်တွေက တခြားသူတွေထက် အဆပေါင်းများစွာ သာလွန်နေတာပဲ။ ဒီအဘိုးကြီးက ဂုဏ်ဆယ်ဖို့ လုပ်ရင်းနဲ့ နန်းတော်ရဲ့ နောက်ဆုံး သိက္ခာအစအနလေးကိုပါ နင်းခြေလိုက်သလို ဖြစ်သွားပြီ။
ဒီတစ်ခါတော့ ဘယ်သူမှ ဘာမှ မပြောတော့ပေ။ လက်နက်တွေ၊ မှော်လက်နက်တွေ မသုံးဘဲလည်း မနိုင်ဘူးဆိုမှတော့။ ထိုက်ထျန်းနန်းတော်အတွင်း မော့ချင်းဖုန်း၏ နှုတ်ခမ်းများ တုန်ရီနေပြီး လက်များလည်း တုန်နေသည်။
"ထပ်ရှုံးပြန်ပြီ"
မဟာဧကရာဇ်တစ်ယောက်က ကျင့်ကြံမှုနှိမ်ပြီး တိုက်တာတောင် ရှုံးသေးတယ်။ သူတို့နှစ်ယောက်စလုံးက ပွဲပေါင်း ၆၀ ကျော် ဆက်တိုက်နိုင်ထားပြီ။ အဆင့် ၁၀ အတွင်း ရောက်နေပြီ။ မော့ချင်းဖုန်းက မော့ချင်းယင်းကို ခေါင်းငုံ့လာအောင် လုပ်ဖို့ ကြံစည်ထားတာဖြစ်သော်လည်း အခုတော့ အခွင့်အရေး မရှိတော့ပေ။
နန်းတော်သခင် အခု ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်ရမှာလဲ ဆက်ပြီး ယှဉ်ပြိုင်ခိုင်းလိုက်။ ဒါပေမဲ့ အခု ဒီလောက်အနိုင်ရထားတာ မဟာဧကရာဇ်တွေပဲ ကျန်တော့တယ်။ တကယ်လို့ မဟာဧကရာဇ်ကို ထည့်လိုက်ရင် လောကသားတွေ ကဲ့ရဲ့ကြလိမ့်မယ်။
မော့ချင်းဖုန်းက စူးစိုက်ကြည့်ပြီး ကဲ့ရဲ့တာ ထိုက်ထျန်းနန်းတော်က တပည့်တွေအားလုံး တာအိုနယ်ပယ် ကလေးမလေးနှစ်ယောက်ဆီမှာ အရှုံးပေးလိုက်ရပြီး သူတို့က ပထမ၊ ဒုတိယ ရသွားမှသာ ပိုပြီး ကဲ့ရဲ့စရာ ဖြစ်မှာ လုပ်စရာရှိတာ ဆက်လုပ်၊၊
ကလေးမလေးနှစ်ယောက်ဆီသို့ အလင်းတန်းများ ရောက်လာပြီး ကွဲပြားသော ကမ္ဘာငယ်နှစ်ခုစီသို့ ရောက်သွားကြသည်။ နိုင်ပွဲ ၆၅ ပွဲစီဖြင့် မရှုံးသေးပေ။ နယ်ပယ်နိမ့်သော ကျင့်ကြံသူများနှင့် မယှဉ်နိုင်တော့သဖြင့် သူတို့၏ ပြိုင်ဘက်များ ပေါ်လာသည်။
ထိုပြိုင်ဘက်များ၏ ခန္ဓာကိုယ်တွင် ဧကရာဇ်အမှတ်အသားများ ရှိနေပြီး ကောင်းကင်နှင့်မြေကြီးကြားတွင် တောက်ပသော အလင်းတန်းများ ပွင့်လန်းနေသည်။ မဟာဧကရာဇ်အစစ်အမှန်များ ဖြစ်ကြသည်
ပွဲကြည့်စင်တစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။
မော့ချင်းယင်းက သူမ၏ ဓားရှည်ကို ချက်ချင်း ဆွဲထုတ်လိုက်ပြီး ကောင်းကင်ယံကို ခွင်းကာ မော့ချင်းဖုန်း၏ မျက်နှာဆီသို့ ဓားချက်တစ်ချက် ပစ်လွှတ်လိုက်သည်။
"မော့ချင်းဖုန်းမင်းဒီနေ့တကယ်ကိုလွန်လွန်းသွားပြီ"