အခန်း ၁၉၇ အကုန်လုံးက မှော်လက်နက်တွေချည်းပဲ
ကံဆိုးလွန်းလှသော ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူနှင့် ယှဉ်လျှင် ချူမူ၏ ဘက်တွင်မူ ပို၍ သက်သောင့်သက်သာ ရှိနေသည်မှာ သိသာပါသည်။
အနည်းဆုံးတော့ သူမသည် အဆင့်အတန်း အရမ်းကွာခြားလွန်းသော ပြိုင်ဘက်များနှင့် မတွေ့သေးပေ။ ထိုသို့ ပစ်မှတ်ထားခံရခြင်း ရှိမရှိဆိုသည်မှာ သူမအတွက် အရေးမကြီးပါ။ ဂိုဏ်း၏ စည်းမျဉ်းဖြစ်နေသရွေ့ သူမသည် သူမ၏ အရည်အချင်းအတိုင်းသာ ဆောင်ရွက်သွားမည် ဖြစ်သည်။
သူမ ရသင့်ရထိုက်သော အရင်းအမြစ်များကို ရယူရမည်သာ ဖြစ်သည်။ သူမအတွက် မလိုအပ်သော်လည်း သူမတို့အား ရွေးချယ်ခဲ့သော ဤဆရာဖြစ်သူ၏ ဆုံးဖြတ်ချက် မမှားကြောင်း သက်သေပြရန်အတွက် ထိုအရင်းအမြစ်များက လိုအပ်ပေသည်။
ဤကမ္ဘာငယ်လေးအတွင်း သူမသည် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးနှင့် ရင်ဆိုင်နေရသည်။
"ဒါဆို မင်းက အကြီးအကဲမော့ရဲ့ တပည့်သစ်ပေါ့" ထိုအမျိုးသားက တည်ငြိမ်စွာ ပြုံးလိုက်သည်။
ငါ့ပါရမီက မင်းလောက်မကောင်းပေမဲ့ ငါက တာအိုအထွတ်အထိပ်ရဲ့ အမြင့်ဆုံးအဆင့်မှာ ရှိနေတာ။ မင်းကတော့ အစောပိုင်းအဆင့်ပဲ ရှိသေးတယ်။ ကလေးတစ်ယောက်ကို အနိုင်ကျင့်တယ်လို့ အပြောမခံချင်ဘူး ဒါကြောင့် မင်းကို သုံးကွက် အခွင့်အရေးပေးမယ် ပြီးတော့မှ။
စကားမဆုံးသေးခင်မှာပင် ဓားတစ်ချက် ရောက်ရှိလာပြီး ဟင်းလင်းပြင်ကို ဖြတ်တောက်ကာ ထိုကျင့်ကြံသူ၏ ဦးခေါင်းကို ပိုင်းဖြတ်လိုက်သည်။ ဖြုန်းခနဲဆိုသလိုပင် ပြုံးနေဆဲဖြစ်သော ထိုသူ၏ ဦးခေါင်းမှာ မြေပြင်ပေါ်သို့ လိမ့်ကျသွားတော့သည်။
ချူမူက သူမ၏ဓားကို ဖြည်းညင်းစွာ ပြန်သိမ်းလိုက်ပြီး လှောင်ပြုံးတစ်ချက် ပြုံးလိုက်သည် အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့ အချိန်ကုန်တယ်။ ဂိုဏ်း၏ ခန်းမဆောင်ကြီးအတွင်း ပြန်ရောက်နေသော ထိုကျင့်ကြံသူမှာ ကြောင်တောင်တောင် ဖြစ်နေရှာသည်။
တောက်... ငါ ဘယ်လိုသေသွားတာလဲ အဲဒီကလေးမလေး ဘယ်လိုလှုပ်ရှားလိုက်လဲဆိုတာတောင် ငါ မမြင်လိုက်ရဘူး။ တာအိုနယ်ပယ်၏ အမြင့်ဆုံးအဆင့်သို့ ရောက်ခါနီးဖြစ်သော သူသည် ဓားတစ်ချက်တည်းနှင့် အသတ်ခံလိုက်ရသည်မှာ မယုံနိုင်စရာပင်။
ချူမူ၏ အဆင့်မှာ ပို၍ မြင့်တက်လာပြီး နောက်ထပ် ကမ္ဘာသစ်တစ်ခုသို့ ရောက်ရှိသွားပြန်သည်။ နိုင်သူများက နိုင်သူများနှင့် ဆက်တိုက် ယှဉ်ပြိုင်ရခြင်း ဖြစ်သည်။ ယခု သူမ၏ ရှေ့တွင်ရှိသော ကျင့်ကြံသူ၏ ခန္ဓာကိုယ်ပေါ်တွင် ဧကရာဇ်အမှတ်အသားများ စီးဆင်းနေသည်။ သူသည် မဟာဧကရာဇ်၏ တိုက်ရိုက်တပည့်တစ်ဦးဖြစ်ပြီး ဆရာဖြစ်သူက ခန္ဓာကိုယ်ပေါ်တွင် အကာအကွယ် အမှတ်အသားများ ခတ်နှိပ်ပေးထားခြင်း ဖြစ်သည်။ စည်းမျဉ်းအရ ဆရာများက အကူအညီ မပေးရဟု တားမြစ်ထားခြင်း မရှိပေ။
ထိုသူသည် ချူမူကို မှတ်မိသွားပြီး သတိပေးစကား ပြောလိုက်သည် ကလေးမလေး မင်းက နန်းတော်သခင်မော့ရဲ့ တပည့်ဆိုတာ သိပေမဲ့ ငါအလျှော့ပေးမှာ မဟုတ်ဘူး။ ငါ့ကိုယ်ပေါ်က အမှတ်အသားတွေက မဟာဧကရာဇ်ကိုယ်တိုင် ခတ်နှိပ်ပေးထားတာ။ ချူမူက ဘာစကားမှ မပြောဘဲ သူမ၏ ခန္ဓာကိုယ်ပတ်လည်တွင် ထာဝရဧကရာဇ် နှင်းဓားအမှတ်အသားများကို ဖော်ထုတ်လိုက်သည်။
"သမီး တိုက်တော့မယ်နော်"
"နေဦး... ခဏလေး ငါ ပြင်ဆင်ပါရစေဦး"
သူ ကြောက်ရွံ့တုန်လှုပ်နေစဉ်မှာပင် ချူမူသည် မသေမျိုးဧကရာဇ်၏ နတ်ဘုရားလက်နက်ကို သုံးကာ ထိန်းမနိုင်သိမ်းမရသော ဓားချက်တစ်ချက်ကို ပစ်လွှတ်လိုက်သည်။ အပြင်ဘက်ရှိ မသေမျိုးဧကရာဇ်များပင် တုန်လှုပ်သွားကြသည်။
အဲဒီလက်နက်က ငါတို့ နန်းတော်ထဲမှာရှိတဲ့ လက်နက်တွေထက်တောင် အဆင့်မြင့်နေသလိုပဲ။ အငယ်မမော့ ဒီလက်နက်ကို ဘယ်ကရတာလဲ မင်းဒီတပည့်ကို တကယ် အလိုလိုက်တာပဲ။
မော့ချင်းယင်းမှာ ဘာမှ ပြန်မပြောနိုင်ဘဲ မှင်တက်နေမိသည်။ သူမ ဘယ်ကရမှာလဲ သူမ ပေးထားတာ မဟုတ်ဘူးလေ။ ဒါတွေက ထိုကလေးမလေးတွေ၏ နောက်ခံကြောင့် ဖြစ်မည်မှာ သေချာသည်။ဒါက မတရားဘူး ဒါကစည်းမျဉ်းနဲ့ မညီဘူး။
မသေမျိုးဧကရာဇ်တစ်ပါးက အော်ဟစ်လိုက်သည်။ အကြောင်းမှာ သူ အသစ်လက်ခံထားသော ဧကရာဇ်လာင်းလျာတပည့်မှာ ယောင်ယောင်နှင့် တွေ့နေသောကြောင့် ဖြစ်သည်။ သိုသော် ယောင်ယောင်က ထိုသူအား အခွင့်အရေး လုံးဝမပေးပေ။
အဲဒီမျောလွင့်စေတီတော်က မိစ္ဆာနယ်ပယ်မှာပဲ ရှိတာ မဟုတ်လား ဘယ်လိုလုပ် သူ့လက်ထဲ ရောက်နေတာလဲ။ ဧကရာဇ်ရဲ့ နတ်ဘုရားလက်နက်ကို ဒီအတိုင်း ပစ်ပေါက်နေတာလား သူမက အစွမ်းကုန် ထုတ်နိုင်လို့လား။ ဒါပေမဲ့ သူမက အစွမ်းကုန် ထုတ်စရာတောင် မလိုဘူး ထင်တယ်။
"ဟာ... ငါ့တပည့်လေး ဖိသတ်ခံလိုက်ရပြီ"
ယောင်ယောင်က ဓားခုနစ်လက် သတ်ကွက်ကိုပါ ထပ်မံ ထုတ်ဖော်လိုက်သည်။
အငယ်မမော့ မင်းကမင်းရဲ့ အကောင်းဆုံး ဓားကွက်ကိုပါ သင်ပေးထားတာလား မသေမျိုးဧကရာဇ်မှာ ဒေါသထွက်ပြီး ခုန်ပေါက်နေတော့သည်။
မော့ချင်းယင်းက အေးစက်စွာ ရယ်မောလိုက်သည် ဧကရာဇ်လောင်းလျာက တာအိုနယ်ပယ်အဆင့်ကို တိုက်တာကျတော့ကော တရားမျှတလို့လား ငါ့တပည့်မှာ မှော်လက်နက်တွေ များနေတာဘာဖြစ်လဲ မင်းမှာ အရည်အချင်းရှိရင် မင်းတပည့်ကိုလည်း မှော်လက်နက်တွေ ပေးလိုက်လေ နိုင်ရင် ဂုဏ်ဖော်ပြီး ရှုံးရင် ဆင်ခြေမျိုးစုံ ပေးနေတာ အရှက်မရှိဘူးလား။
မသေမျိုးဧကရာဇ်များမှာ ဆက်မပြောရဲတော့ပေ။ ဤအမျိုးသမီး ဒေါသထွက်လာမှာကို သူတို့ ကြောက်ကြသည်။
စစ်တလင်းပြင်တွင် ချူမူသည် နတ်ဘုရားအကူအညီ ရနေသကဲ့သို့ပင် သူမ၏ လက်ထဲရှိ ဓားရှည်ဖြင့် တွေ့သမျှလူကို ရှင်းလင်းနေသည်။ ဧကရာဇ်လောင်းလျာ သို့မဟုတ် ဧကရာဇ်တစ်ပိုင်းများနှင့် တွေ့လျှင်လည်း သူမသည် အစွမ်းကုန် စုစည်းကာ တိုက်ခိုက်သည်။
တစ်ဖက်တွင်လည်း ယောင်ယောင်သည် ပြိုင်ဘက်ဧကရာဇ်တစ်ပိုင်းကို မှော်လက်နက် ရာနှင့်ချီ၍ ပစ်ပေါက်ကာ ဗုံးကြဲနေသဖြင့် ထိုသူမှာ ပြိုလဲလုနီးပါး ဖြစ်နေသည်။ သူမ ပစ်ပေါက်သမျှ လက်နက်တိုင်းမှာ မဟာဧကရာဇ်အဆင့်အောက် မရှိပေ။
ဘာလို့ထိအောင် မပစ်နိုင်တာလဲ ဒီလူကဘယ်လိုလုပ် ပျံနေတာလဲ ယောင်ယောင်က စိတ်မရှည်တော့ဘဲ သူမ၏လက်ထဲတွင် မူလအစမှန်ကို ထုတ်ဖော်လိုက်သည်။ ထိုဧကရာဇ်တစ်ပိုင်းသည် အန္တရာယ်ကို အာရုံခံမိပြီး အသည်းအသန် ထွက်ပြေးတော့သည်။
တောက် ဒါက ဧကရာဇ်လက်နက်ထက်တောင် အဆင့်မြင့်တဲ့ အရာပဲ။ ဒီကလေးမလေးက ကျင့်စဉ်တွေကို မသုံးဘဲ မှော်လက်နက်တွေကိုပဲ တစ်ခုပြီးတစ်ခု ပြောင်းသုံးနေတာ ဘယ်လိုလုပ် တိုက်နိုင်မှာလဲ။ မှန်နှစ်ချပ် ရိုက်ခတ်မိသည်နှင့် တစ်ပြိုင်နက် ကမ္ဘာနှစ်ခုမှာ တစ်ခုတည်းအဖြစ် ပေါင်းစည်းသွားပြီး အရာအားလုံး ချေမှုန်းခံလိုက်ရသည်။
"ဘာလို့လဲ ဘာလို့လဲ"
မင်းလက်ထဲက မှော်လက်နက်တွေသာ မရှိရင် ငါ ဘယ်လိုလုပ်ရှုံးမှာလဲ။ ယောင်ယောင်သည် မော့ချင်းယင်း၏ ဘေးသို့ ပြန်ရောက်လာပြီး သူမအား ဖက်ထားလိုက်သည်။ မသေမျိုးဧကရာဇ်များမှာ ထိုကလေးမလေးကို ထူးဆန်းသော အကြည့်များဖြင့် ကြည့်နေကြသည်။
မော့ချင်းဖုန်းမှာလည်း မှင်တက်နေမိသည်။ ဤမျှများပြားသော မှော်လက်နက်များမှာ ထိုက်ထျန်းနန်းတော် တစ်ခုလုံး စုဆောင်းထားသည်ထက်ပင် သာလွန်နေသည်။ မင်းရဲ့ဆရာက မင်းအတွက် ဒီလောက် မှော်လက်နက်တွေ အများကြီးကို ဘယ်ကနေ ရှာပေးလိုက်တာလဲ။