အခန်း ၁၉၅ မဟာဧကရာဇ်ဖြစ်တော့ ဘာဖြစ်လဲ ရိုက်မှာပဲ
ဤစကားကို ကြားလိုက်ရချိန်တွင် နန်းတော်အတွင်းရှိ မရေမတွက်နိုင်သော တပည့်များမှာ ဝမ်းသာအားရ ဟစ်ကြွေးကြတော့သည်။
သူတို့ထဲမှ အချို့မှာ အဆင့်အတန်းနိမ့်သော တပည့်များ ဖြစ်ကြသော်လည်း ပါရမီနှင့် ခွန်အားမှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ သူတို့အတွက် ယခင်က အရင်းအမြစ် မည်မျှရရှိမည်ဆိုသည်မှာ သူတို့၏ ကျင့်ကြံမှုအဆင့်အပေါ်တွင်သာ လုံးလုံးလျားလျား မူတည်နေခဲ့သည်။
သို့သော်လည်း အရေးပါသော ပုဂ္ဂိုလ်ကြီးများ၏ တပည့်များမှာမူ အရင်းအမြစ် နှစ်မျိုး ရရှိနိုင်ကြသည်။ အကယ်၍ သူတို့သည် မဟာဧကရာဇ်တစ်ပါး၏တပည့်ဖြစ်ပါက ဆရာ၏ အရှိန်အဝါကြောင့် ဧကရာဇ်လောင်းလျာအဆင့် အရင်းအမြစ်ကို ရရှိသလို မိမိ၏ ကိုယ်ပိုင်ကျင့်ကြံမှုအဆင့်အလိုက် အရင်းအမြစ်ကိုလည်း ရရှိကြသည်။
သာမန်တပည့်များမှာမူ အရင်းအမြစ်တစ်စုသာ ရရှိပြီး ကျင့်ကြံမှုအဆင့် မြင့်တက်လာသည်နှင့်အမျှ ဆရာများထံမှ ရရှိသော အရင်းအမြစ်မှာ မလောက်မင ဖြစ်လာတတ်သည်။ သို့သော် အခြားသူများက နှစ်စု ရရှိနေသဖြင့် သူတို့ထက် ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်ကြခြင်း ဖြစ်သည်။
ယခုအခါ အဆင့်သတ်မှတ်ချက် မြင့်မားလေ အရင်းအမြစ် ပိုရလေ ဖြစ်မည်ဆိုသဖြင့် လူတိုင်းမှာ အခွင့်အရေးကို မြင်ကာ ပျော်ရွှင်နေကြသည်။ ကန့်ကွက်မှုများ ရှိနေသော်လည်း ဟစ်ကြွေးအားပေးနေသော လူအုပ်ကြီးအတွက်မူ ဤသည်မှာ တက်လှမ်းရန် အခွင့်အရေးတစ်ခုပင်။ အောက်ခြေမှ တပည့်များ၏ တုံ့ပြန်မှုကို ကြည့်ပြီး မော့ချင်းဖုန်းက အသာအယာ ပြုံးလိုက်သည်။
ဒီတစ်ကြိမ် ပြိုင်ပွဲမှာ အဆင့်သတ်မှတ်ချက်အလိုက် ကျင့်ကြံခြင်း အရင်းအမြစ်တွေကို ခွဲဝေပေးသွားမှာပါ။ အဆင့်မြင့်လေ အရင်းအမြစ် ပိုရလေပါပဲ။ မင်းတို့ သိကြတဲ့အတိုင်း ငါတို့ ထိုက်ထျန်းနန်းတော်မှာ ရှေးဟောင်းနတ်ဘုရားရဲ့ ခန္ဓာကိုယ် ရှိပြီး ကျင့်ကြံခြင်းအတွက် အလွန်အကျိုးပြုတဲ့ နတ်ဘုရားမူလဓာတ်ကို ထုတ်လုပ်နိုင်ပါတယ်။
"အရင်ကတော့ ထူးချွန်တဲ့ တပည့်တွေပဲ ဒါကို ရနိုင်ပေမဲ့ ဒီတစ်ခါမှာတော့ ဒါကို ပြိုင်ပွဲရဲ့ အဆင့်သတ်မှတ်ချက်ထဲ ထည့်သွင်းထားပါတယ်။ ပြိုင်ပွဲမှာ ထိပ်ဆုံး ဆယ်ယောက်စာရင်းဝင်သူတိုင်း ဒီနတ်ဘုရားမူလဓာတ်ကို ရရှိပါမယ်။
"ပထမ၊ ဒုတိယနဲ့ တတိယ ရသူတွေကတော့ အသီးသီး နတ်ဘုရားမူလဓာတ် ပိဿာ ၅၀၊ ပိဿာ ၁၀၀ နဲ့ ပိဿာ ၁၅၀ စီ ရရှိကြမှာပါ" (မူရင်းတွင်ကျင်းဟု သုံးထားသော်လည်း မြန်မာပြန်တွင် ပိုမိုနားလည်လွယ်စေရန် ပိဿာ/အလေးချိန်ယူနစ်အဖြစ် ဖော်ပြထားသည်)
ရောက်ရှိနေသော တပည့်များမှာ ပို၍ပင် ဟစ်ကြွေးကြတော့သည်။ ထိုအချိန်တွင် မသေမျိုးဧကရာဇ်အချို့ပင် စိတ်လှုပ်ရှားသွားကြသည်။ ထိုအရာမှာ အလွန်ပင် ရှားပါးလှသည်။
သူတို့၏ အဆက်အသွယ်များဖြင့်ပင် တစ်နှစ်လျှင် နို့ဆီဘူးတစ်ဝက်ခန့်သာ ရရှိနိုင်ကြခြင်း ဖြစ်သည်။ အကယ်၍ သူတို့အဆင့် ၃ အတွင်း ဝင်ခဲ့လျှင် ဤမျှများပြားသော အရင်းအမြစ်ကို တစ်ပြိုင်နက်တည်း ရရှိနိုင်မည် မဟုတ်ပါလား။
ဤအရာကို သုံးစွဲပါက နတ်ဘုရားနှင့် ဆက်သွယ်မိသကဲ့သို့ ထူးခြားသော အခြေအနေသို့ ရောက်ရှိသွားပြီး ကျင့်ကြံမှုနှုန်းမှာ အထွတ်အထိပ်သို့ ရောက်ရှိနေသော နတ်ဘုရားတစ်ပါးကဲ့သို့ မြန်ဆန်သွားမည် ဖြစ်သည်။ တောရိုင်းမြေတစ်ခုလုံးတွင် ထိုက်ထျန်းနန်းတော်၌သာ ဤအရာရှိသဖြင့် မသေမျိုးဧကရာဇ်များနှင့် အရေးပါသော ပုဂ္ဂိုလ်များစွာ ဤနေရာတွင် ခိုအောင်းနေကြခြင်း ဖြစ်သည်။
သို့သော် မသေမျိုးဧကရာဇ်များ ကိုယ်တိုင် ဝင်ရောက်ယှဉ်ပြိုင်ရန်မှာ မသင့်တော်ပေ။ ဒါပေမဲ့ မသေမျိုးဧကရာဇ်၏ တပည့်များ ဖြစ်ကြသော မဟာဧကရာဇ်များကော သူတို့မဝင်ရဟု စည်းမျဉ်း မထုတ်ထားသည် မဟုတ်ပါလား စည်းမျဉ်းအရကျင့်ကြံမှုအဆင့် ကန့်သတ်ချက်မရှိဟု ဆိုထားသည်လေ။
သို့သော် သူတို့ ရုတ်တရက်တစ်ခု သတိရသွားကြသည်။ ဘာကြောင့် ထိပ်ဆုံးသုံးယောက်ကို ဤမျှများပြားသော အရင်းအမြစ်တွေ ပေးရသနည်း။ အော်... ဟုတ်သားပဲ နန်းတော်သခင်တွင် တပည့်ပေါင်း တစ်ထောင်ကျော် ရှိပြီး ထိုအထဲတွင် သုံးယောက်မှာ နှစ်ပေါင်း တစ်သောင်းအောက်ဖြင့် မဟာဧကရာဇ် အဆင့်သို့ ရောက်ရှိနေကြသူများ ဖြစ်သည်။ ဤသည်မှာ သူတို့အတွက် ပြင်ဆင်ပေးထားခြင်း ဖြစ်ပေလိမ့်မည်။
လူတိုင်း ခဏမျှ တိတ်ဆိတ်သွားသည်။ ဒါက သိသိသာသာကြီးကို လုပ်စားနေတာ မဟုတ်ပါလား နန်းတော်သခင် ဖြစ်နေတော့လည်း ဘာပြောနိုင်မှာလဲ။ ပေးချင်ပေး မပေးချင်နေပေါ့ အခုလို ဟန်ဆောင်နေတာကတော့ နည်းနည်းတော့ လွန်လွန်းသည်။
သို့သော်လည်း မသေမျိုးဧကရာဇ်နှင့် မဟာဧကရာဇ်အချို့သာ ဤကိစ္စကို သိကြခြင်း ဖြစ်သည်။ အောက်ခြေမှ တပည့်များမှာမူ နတ်ဘုရားမူလဓာတ် အကြောင်း ကြားသည်နှင့် ရူးသွပ်ကုန်ကြပြီ။
"ဒါက နတ်ဘုရားမူလဓာတ်ပဲဟာ ငါတို့ဘယ်တော့မှ မထိတွေ့ဖူးတဲ့ အရာမျိုး"
"ပထမသာ ရလိုက်လို့ကတော့ ဟားဟားဟား"
သို့သော် အေးစက်သော အသံတစ်ခုက တစ်ပြင်လုံးကို ချက်ချင်း တိတ်ဆိတ်သွားစေသည်။
"မော့ချင်းဖုန်း မင်းဘာကို ဆိုလိုတာလဲ"
မော့ချင်းယင်းက ထိုအမျိုးသားကို အေးစက်သော မျက်နှာဖြင့် ကြည့်လိုက်သည်"ငါ တပည့်လက်ခံပြီးတာနဲ့ မင်းက ဒီလိုလှည့်ကွက်တွေ သုံးနေတာလား။ ငါ့ကိုစိတ်ပျက်အောင် တမင်လုပ်နေတာလား"
ဒီနန်းတော်က နှစ်ပေါင်းသန်းချီ ဒီအတိုင်းရှိလာခဲ့တာ။ မင်းကျင့်ကြံတုန်းကကော ဆရာ့အဆင့်အတန်းကြောင့် ရတဲ့ အရင်းအမြစ်တွေကို မသုံးခဲ့ဘူးလား အခုငါတပည့်လက်ခံပြီးမှ စနစ်ကို ရုတ်တရက် ပြောင်းပစ်တာက ဘာသဘောလဲ၊
လူတိုင်းက ထိုလှပပြီး အေးစက်သော အမျိုးသမီးကို ကြည့်လိုက်ကြသည်။ မသေမျိုးဧကရာဇ် အချို့မှာလည်း သက်ပြင်းချမိကြသည်။ ဒါကို မပြောသင့်ဘူးလေ မော့ချင်းဖုန်းက အသာအယာ ပြုံးပြီး ခေါင်းခါလိုက်သည်။
ငါက ဘယ်သူ့ကိုမှရည်ရွယ်တာ မဟုတ်ပါဘူး။ ငါ့တပည့်တွေနဲ့ တခြားအကြီးအကဲတွေရဲ့ တပည့်တွေ အကုန်လုံး အကျုံးဝင်တာပါ။
ငါ့တပည့်တွေက တာအိုအထွတ်အထိပ်အဆင့်ပဲရှိသေးတာ နန်းတော်ကိုရောက်တာ ရက်ပိုင်းပဲ ရှိသေးတယ်။ နင်က ငါ့တပည့်တွေကို မင်းရဲ့ ဧကရာဇ်လောင်းလျာနဲ့ မဟာဧကရာဇ်အဆင့် တပည့်တွေနဲ့ ယှဉ်ပြိုင်ခိုင်းနေတာလား မင်းမှာအရှက်မရှိဘူးလား။
မော့ချင်းဖုန်းက ပြုံးလျက်ပင် ရှင်းပြသည် တကယ်တော့ ညီမလေး မင်းတပည့်လက်ခံတာနဲ့ မဆိုင်ပါဘူး။ အချုပ်အခြာအာဏာပိုင် ဧကရာဇ်နန်းတော် ပေါ်ထွက်လာတာကြောင့် ငါတို့ ထိုက်ထျန်းနန်းတော် ပိုမို အင်အားကြီးချင်တယ်ဆိုရင် စနစ်ကို ပြောင်းလဲရမှာပဲ။
သူက အောက်က တပည့်များကို ငုံ့ကြည့်လိုက်သည်။ ပါရမီရှိပေမဲ့ နောက်ခံမရှိလို့ မတိုးတက်နိုင်တဲ့ တပည့်တွေ အများကြီးရှိတယ်ဆိုတာ ငါ သိတယ်။ ဒါပေမဲ့ တချို့ကတော့ မသေမျိုးဧကရာဇ်ရဲ့ တပည့်ဖြစ်နေရုံနဲ့ တခြားသူတွေထက် အရင်းအမြစ်တွေ အဆပေါင်းများစွာ ပိုရနေပြီး ကျင့်ကြံတာက နှေးနေတယ်။ ဒါက ဂိုဏ်းအတွက် အကျိုးမရှိဘူး။
ငါလုပ်တာက နန်းတော်ထဲက တပည့်တွေ အဆင့်တက်လှမ်းနိုင်ဖို့ အခွင့်အရေး ပေးတာပါပဲ။ တပည့်များမှာ ချက်ချင်းပင် စိတ်လှုပ်ရှားသွားကြသည်။ ဟုတ်တယ် ဘာလို့ အရေးကြီးတဲ့သူတွေရဲ့ တပည့်တွေက ငါတို့ထက် အရင်းအမြစ် ပိုရနေရတာလဲ။ အဲဒီအရင်းအမြစ်တွေသာ ရှိရင် ငါတို့လည်း မြန်မြန် ကျင့်ကြံနိုင်တာပေါ။
အကြီးအကဲမော့ရဲ့ စကားတွေက သူ့တပည့်တွေအတွက်ပဲလား တစ်ဂိုဏ်းလုံးအတွက် မဟုတ်ဘူးလား။
မသေမျိုးဧကရာဇ် အများအပြား ထပ်မံသက်ပြင်းချမိကြပြန်သည်။ မော့ချင်းယင်း ဤစကားကို ပြောလိုက်သည်နှင့် နောက်ဆုတ်ရန် လမ်းမရှိတော့ပေ။ နန်းတော်သခင်က ဂိုဏ်းအကျိုးကို အကြောင်းပြပြီး ဖိအားပေးနေခြင်း ဖြစ်သဖြင့် သူမ ဘာမှ မတတ်နိုင်တော့။
သို့သော် မော့ချင်းယင်းက အေးစက်စွာ ပြုံးလိုက်သည် မင်းကတကယ်ပဲ နန်းတော်အတွက် လုပ်တာဆိုရင် နယ်ပယ်အဆင့်အလိုက် ခွဲပြီး ယှဉ်ပြိုင်ခိုင်းသင့်တာပေါ့။ တကယ်ပဲ မဟာဧကရာဇ်အဆင့်က လူတွေနဲ့ ကောင်းကင်ဖြစ်စဉ်အဆင့်က လူတွေကို တိုက်ခိုင်းမှာလား။ ပြီးတော့ ခုနက ပြောတဲ့ နတ်ဘုရားမူလဓာတ် ဆိုတာကလည်း မင်းရဲ့ အတော်ဆုံး တပည့်သုံးယောက်အတွက် ပြင်ဆင်ထားတာ မဟုတ်ဘူးလား။
တပည့်များမှာလည်း ရုတ်တရက် သတိဝင်လာကြသည်။ ဟုတ်သားပဲ ငါက ဧကရာဇ်နဲ့ တိုက်ရမှာလား။ ဘယ်လိုလုပ် နိုင်မှာလဲ။
သို့သော် မော့ချင်းဖုန်းက ကြိုတင်ပြင်ဆင်ထားပြီးသား ဖြစ်သည်။ အရင်းအမြစ်တွေကို အဆင့်သတ်မှတ်ချက်အတိုင်း ခွဲဝေမှာပါ။ ကျင့်ကြံမှုအဆင့်ကို မကြည့်ပါဘူး။ အရင်းအမြစ်တွေက တိုးပဲတိုးလာမယ် လျော့မသွားပါဘူး။ အဆင့်အနိမ့်ဆုံး သုံးထောင်က လူတွေတောင် မဟာဧကရာဇ် နယ်ပယ်အဆင့် အရင်းအမြစ်တွေကို ရရှိပါမယ်။
လူတိုင်းက "ဟာ... မိုက်လှချည်လား" ဟု ထပ်မံ အော်ဟစ်ကြပြန်သည်။ ဤသည်မှာ အောက်ခြေတပည့်များအတွက် အလွန်ကောင်းမွန်သော အချက်ပင် ဒါဆိုရင်တော့ မင်းက ငါတို့ရဲ့ အဖေအရင်းပဲ။
ဒါကို ကြားလိုက်ရချိန်တွင် မော့ချင်းယင်းမှာ ဒေါသကြောင့် ခန္ဓာကိုယ်လေး တုန်ရီနေတော့သည်။ ဒါက သိသိသာသာကြီး သူမကိုပစ်မှတ်ထားနေခြင်း ဖြစ်သည်။ သူမတွင် အရင်းအမြစ် မရှိသည်တော့ မဟုတ်ပေ စီနီယာက ပေးထားသည်များက သူမအသက်ထက်ပင် တန်ဖိုးရှိလှသည်။ သို့သော် သူမသည် နန်းတော်ကနေ အရင်းအမြစ်တွေ ပေးပါ့မယ်လို့ ချူနင်ကို ကတိပေးထားခဲ့သည် မဟုတ်ပါလား။ ယခု နန်းတော်၏ လုပ်ရပ်က သူမကို အကျပ်ရိုက်စေသည်။
မော့ချင်းယင်း စကားပြောရန် ပြင်နေစဉ် ချူမူက သူမ၏ လက်ကို ဆွဲလိုက်သည်။ ပြိုင်ပွဲပဲလေ အဆင့်သတ်မှတ်ချက်ပဲ မဟုတ်လား သမီးတို့ သွားပါ့မယ် သူမ၏ မျက်လုံးများမှာ တည်ငြိမ်နေပြီး ဒါတွေကို ဂရုမစိုက်သလိုပင်။ အရင်းအမြစ် ပမာဏကို သူမစိတ်မဝင်စားပေ။
သို့သော် မော့ချင်းယင်း၏ အမြင်တွင်တော့ ဤအရင်းအမြစ်များမှာ သူတို့ ရသင့်ရထိုက်သော အရာများ ဖြစ်သည်။ ထိုလူက သိသိသာသာကြီး သူတို့ကို ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
"တိုက်ခိုက်ရုံပဲ မဟုတ်လား"
"သွားကြစို့"
ယောင်ယောင်က မျက်တောင်တဖြတ်ဖြတ် ခတ်နေသည်။ "သူ ဘာတွေပြောနေမှန်း သမီး နားမလည်ဘူး သမီး အိပ်ချင်ပြီ"
မော့ချင်းယင်း၏ အမူအရာမှာ ရှုပ်ထွေးနေသည် "ဟင့်အင်း ဆရာ ဖြေရှင်းပေးမယ် အဆိုးဆုံးကတော့ ဆရာကိုယ်တိုင် လက်စဖျောက်ပေးရုံပေါ့"
ဘာမှအရေးမကြီးပါဘူး။ သမီးတို့ အရင်းအမြစ်အတွက် သမီးတို့ကိုယ်တိုင် တိုက်ယူမယ်။ ချူမူ၏ အမူအရာမှာ တည်ငြိမ်နေဆဲပင်။
"ဒါနဲ့ မဟာဧကရာဇ်ဖြစ်တော့ ဘာဖြစ်လဲ"
ဘေးနားရှိလူတိုင်းမှင်တက်သွားကြသည်။သမီးလေးရယ်ဘာဖြစ်လဲဟုတ်လားမင်းကတာအိုနယ်ပယ်အဆင့်ပဲရှိသေးတာလေမဟာဧကရာဇ်အကြောင်းကိုပြောရဲလိုက်တာဘယ်လောက်တောင်မာနကြီးလိုက်သလဲ။