အခန်း ၁၉၄ ဂိုဏ်း၏ စည်းမျဉ်းသစ်
ထိုက်ထျန်းနန်းတော်၏ ကြီးကျယ်ခမ်းနားသော စုဝေးပွဲကြီးမှာ ရောင်စုံအလင်းတန်းများ ဖြာကျနေပြီး နတ်ဘုရားများ ပူဇော်ပွဲကဲ့သို့ပင် အလွန်တရာ ခမ်းနားလှသည်။
ရာနှင့်ချီသော အင်အားကြီး ဧကရာဇ်များသည် သူတို့၏ ထူးခြားသော စွမ်းအင်များကို တတ်နိုင်သမျှ ဖုံးကွယ်ထားကြသော်လည်း ဤမျှများပြားသော ဧကရာဇ်များ တစ်နေရာတည်းတွင် စုဝေးနေခြင်းကြောင့် ဖြစ်ပေါ်လာသော ကောင်းကင်တာအို၏ တုန်ခါမှုများကိုမူ မထိန်းချုပ်နိုင်ကြပေ။ဤမြင်ကွင်းကြီးမှာ တောရိုင်းမြေတိုက်ကြီးရှိ မရေမတွက်နိုင်သော အင်အားစုကြီးများ၏ အာရုံစိုက်မှုကို ခံနေရသည်။
ထိုအထဲတွင် မျက်စိအကျဆုံးမှာ ဧကရာဇ်များ၏ ရှေ့ဆုံးတွင် ရပ်နေကြသော ပုံရိပ် ဆယ်ဂဏန်းခန့်ပင် ဖြစ်သည်။ သူတို့မှာ နန်းတော်၏ လူသိရှင်ကြား ရှိနေသော မသေမျိုးဧကရာဇ်များ ဖြစ်ကြသည်။ အဆင့် ၁ မှ အဆင့် ၉ အထိ နန်းဆောင်များကို အုပ်ချုပ်သော မသေမျိုးဧကရာဇ်ကိုးပါးမှာ အကျော်ကြားဆုံး ဖြစ်သည်။ အခြားသော မသေမျိုးဧကရာဇ်အချို့မှာ လူမြင်ကွင်းသို့ ထွက်လေ့မရှိသော်လည်း သူတို့၏ အမည်မှာ လောကတွင် ထင်ရှားကျော်ကြားလှသည်။
သူတို့၏ အောက်တွင်မူ တပည့်ပေါင်း သိန်းချီ၍ စုဝေးနေကြပြီး စိတ်လှုပ်ရှားစွာ အောင်ပွဲခံနေကြသည်။ မျိုးဆက်သစ် သွေးသစ်လောင်း တပည့်ပေါင်း သောင်းချီရှိသလို၊ ကျန်သူများမှာ နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့ကြသော ဝါရင့်ကျင့်ကြံသူများ ဖြစ်ကြသည်။ တောရိုင်းမြေရှိ လူသားမျိုးနွယ်အားလုံးတွင် ဤမျှ အင်အားကြီးသော အဖွဲ့အစည်း မရှိသလို မည်သူမှလည်း ယှဉ်ပြိုင်ရန် မဝံ့ရဲကြပေ။
တပည့်လက်ခံပွဲ အခမ်းအနားမှာ ရှားရှားပါးပါး အခွင့်အရေးဖြစ်ပြီး နန်းတော်သခင်ကိုယ်တိုင် တက်ရောက် ဂုဏ်ပြုခြင်း ဖြစ်သည်။ တပည့်များမှာ အတိုင်းမသိ ဝမ်းသာနေကြပြီး ယနေ့ပြီးနောက် တစ်ဂိုဏ်းလုံး ပြောင်းလဲတော့မည်ဖြစ်ကြောင်း သိရသဖြင့် ဘာတွေဖြစ်လာမလဲဆိုသည်ကို စိတ်လှုပ်ရှားစွာ စောင့်မျှော်နေကြသည်။
ဟိုမှာကြည့်စမ်း အဲဒါ အကြီးအကဲချုပ် အသစ်လက်ခံထားတဲ့ တပည့်ပဲ။ ကြားတာတော့ သူက နှစ်တစ်ထောင်အတွင်းမှာတင် ဧကရာဇ်လောင်းလျာအဆင့်ကို ရောက်နေပြီတဲ့။ အောက်ခြေဂိုဏ်းကနေ တက်လာပြီး ထာဝရဧကရာဇ်ရဲ့ တပည့်အဖြစ် အသိအမှတ်ပြုခံရတာ။ သူရတဲ့ ကျင့်စဉ်ကလည်း အမာခံကျင့်စဉ်ဖြစ်တဲ့အပြင် မသေမျိုးဧကရာဇ်ကိုယ်တိုင် လမ်းညွှန်ပေးတာဆိုတော့ အရင်းအမြစ်တွေကလည်း မဟာဧကရာဇ်အဆင့်ပဲ။
"ငါတို့ကတော့ အားကျရုံပဲ ရှိတာပေါ့။ သူတို့က ပါရမီလည်းပါသလို ဆရာကောင်းလည်း ရတာဆိုတော့ ဘာတတ်နိုင်မှာလဲ"
အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေရဲ့ တပည့်ဖြစ်ရတာ တကယ် အားကျစရာပဲ။ ရုတ်တရက် လူတိုင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး သူတို့ ရင်ထဲတွင် အောင့်ထားရသော စိတ်လှုပ်ရှားမှုများကို မထိန်းနိုင်တော့ပေ။ တစ်ယောက်ယောက်က အော်ဟစ်လိုက်သဖြင့် ကျန်သူများလည်း လိုက်အော်ကြတော့သည်။ လူတွေ အများကြီးမို့ သူတို့အော်တာ ဘယ်သူမှ သိမည်မဟုတ်ဟု တွေးတောနေကြသည်။
"မော့ချင်းယင်း ကျွန်တော် မင်းကို ချစ်တယ်"
"ဒီနန်းတော်မှာ နန်းတော်သခင် မော့ရဲ့ ခြေတံအလှကလွဲရင် ကျန်တာ ဘာမှ ထူးခြားတာ မရှိဘူး"
"အကြီးအကဲမော့... ကျင့်ကြံဖော်လိုနေလား ကျွန်တော် ကျန်းမာရေး အရမ်းကောင်းတယ်နော်"
အောက်ဘက်မှ အော်ဟစ်သံများမှာ ပို၍ ရှုပ်ထွေးလာသော်လည်း အဖြူရောင် ဝတ်စုံနှင့် အမျိုးသမီးမှာမူ ဂရုမစိုက်ဘဲ ကလေးမလေး နှစ်ယောက်၏ လက်ကို ဆွဲထားမြဲဖြစ်သည်။ မြင်ကွင်းမှာ ပို၍ ရုတ်ရုတ်သဲသဲ ဖြစ်လာသဖြင့် အချို့မှာ မကြည့်ရဲတော့ပေ။
"ပါးစပ်ပိတ်ကြစမ်း မဟုတ်ရင် မင်းတို့ရဲ့ဝိညာဉ်ကို ငါရှာဖွေပစ်မယ် အကြီးအကဲမော့ကို စော်ကားတဲ့သူမှန်သမျှ တပည့်အဖြစ်ကနေ ထုတ်ပယ်ပစ်မယ်"ထိုအခါမှသာ လူတိုင်း တိတ်ဆိတ်သွားကြသည်။
မအော်ရဲတော့သော်လည်း မကြည့်ရဲတော့သည်တော့ မဟုတ်ပေ။ ထိုခြေတံအလှမှာ သူတို့၏ အသက်ထက်ပင် ရှည်လျားနေသယောင်။ လူတိုင်း၏ စူးစိုက်ကြည့်နေသော အကြည့်များကို မြင်တော့ ယောင်ယောင်က စူးစမ်းလိုစိတ်ဖြင့် မေးလိုက်သည်။
"သူတို့ ဘာတွေ ပြောနေကြတာလဲ ဆရာ"
မော့ချင်းယင်းက တည်ငြိမ်စွာဖြင့် "ဘာမှမဟုတ်တဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေပါ ဂရုစိုက်နေစရာ မလိုဘူး"
ချူမူကတော့ အေးစက်သော မျက်နှာထားဖြင့် "ဆရာ သူတို့ကို ဘာလို့သတ်မပစ်တာလဲ"
"အရင်ကတော့ အဲဒီလိုလူတွေကို သတ်ခဲ့ဖူးတယ် ဒါပေမဲ့ သိပ်ပြီး မထူးခြားဘူးလေ။ အခုတော့ မကြားချင်ယောင်ဆောင်ပြီး ဂရုမစိုက်တော့တာ ပိုကောင်းပါတယ်"
သူမအမြင်တွင်တော့ ဤကဲ့သို့ ကြီးကျယ်သော အခမ်းအနားမျိုးတွင် သူမမသိနိုင်ဟု တွေးပြီး ရဲရဲတင်းတင်း ပြောဆိုနေကြခြင်းဖြစ်သည်။ အမှန်တော့ သူမသည် ထိုသူတို့၏ အတွေးများကို အကုန်သိသည်။ သို့သော် ထိုအတွေးများမှာ အလွန်ပင် ညစ်ပတ်လွန်းလှသဖြင့် အကုန်လိုက်ရှင်းနေလျှင် တပည့်များစွာ သေကျေကုန်ပေလိမ့်မည်။
နောက်ပိုင်းတွင် သူမ၏အတွေးအခေါ် ပြောင်းလဲသွားသည်။ အမျိုးသမီးတစ်ယောက်အနေဖြင့် ယောက်ျားများ၏ လိုလားတောင့်တမှုကို ခံရခြင်းမှာ သူမ၏ ဆွဲဆောင်မှုကြောင့်ပင် ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် သူတို့က ရနိုင်မှာမှ မဟုတ်တာ။ ယောင်ယောင်ကတော့ စိတ်ဝင်တစား ရှိနေသည်။
"သူတို့မျက်လုံးတွေက ဆရာ့ကို ကြည့်နေတာ တဏှာစိတ်တွေနဲ့ပဲ ဒါပေမဲ့ တစ်ယောက်မှ အနားမကပ်ရဲကြဘူး။ ဖေဖေက ပြောတယ် သတ္တိရှိမှ သုခရတယ်တဲ့။ သူတို့က ဆရာ့ကို နှုတ်ဆက်ဖို့တောင် မဝံ့ရဲဘဲနဲ့ ဆရာနဲ့ လက်ထပ်ချင်နေကြတာလား အတော်လေးကို ကျောရိုးမရှိတဲ့လူတွေပဲ"
ထိုသို့ပြောပြီးနောက် ယောင်ယောင်သည် မော့ချင်းယင်း၏ ရင်ခွင်ထဲသို့ ခုန်ဝင်ကာ သူမ၏ ရင်ဘတ်တွင် မျက်နှာအပ်ပြီး ချွဲနွဲ့ပြလိုက်သည်။ ထို့နောက် အောက်က တပည့်များကို ကြည့်ကာ လျှာထုတ်ပြပြီး ရယ်မောလိုက်သည်။ အောက်က တပည့်များမှာ ဒေါသထွက်လွန်းသဖြင့် သွားများကို တင်းတင်းကြိတ်ထားကြရသည်။ ဘာလို့ အဲဒီကလေးနေရာမှာ သူတို့ မဖြစ်ရတာလဲ။
မော့ချင်းယင်း၏ပါရမီထူးသော တပည့်နှစ်ယောက်အကြောင်းကို လူတိုင်း စိတ်ဝင်စားနေကြသည်။ အသက် နှစ်နှစ်သာ ရှိသေးသော်လည်း တာအိုအထွတ်အထိပ်အဆင့်သို့ ရောက်နေခြင်းမှာ မယုံနိုင်စရာပင်။
ကောင်းကင်မှ နှင်းပွင့်များ ကြွေကျလာပြီး လေပြေအေးလေး တိုက်ခတ်လာသည်။ အဖြူရောင်ဝတ်စုံနှင့် ချောမောသော အမျိုးသား (မော့ချင်းဖုန်း) ပေါ်လာသည်နှင့် အမျိုးသမီးတပည့်များစွာ၏ အားပေးသံများမှာ ဟိန်းထွက်သွားတော့သည်။
မော့ချင်းယင်း၏ ရင်ခွင်ထဲရှိ ယောင်ယောင်မှာ နို့ဗူးလေး သောက်ရင်း မော့ချင်းဖုန်းကို ကြည့်ကာ ဝေဖန်လိုက်သည် "သူက ကြည့်ရတာ သာမန်ပါပဲ။ ဖေဖေ့လောက် မချောဘူး ဖေဖေသာ လာရင်ဒီလူတွေ အကုန် မေ့လဲကုန်ကြမှာ အသေအချာပဲ"
မော့ချင်းယင်းက ပြုံးလိုက်သည် "ဟဲဟဲ စီနီယာ (ချူနင်) ကတော့ တကယ်ကို ချောမောမှာပါ။ ကျင့်ကြံခြင်းလောကမှာ ခွန်အားကပထမ ရုပ်ရည်ကဒုတိယပဲလေ"
သူမသည် ယောင်ယောင်၏ ဆံပင်ကို ပွတ်သပ်ပေးကာ "ဒါကြောင့်လည်း မင်းတို့နှစ်ယောက်က ဒီလောက် ချစ်ဖို့ကောင်းနေတာပေါ့ စီနီယာရဲ့ မျိုးဆက်တွေပဲဥစ္စာ"
"အော် ဒါကြောင့် လူတွေက သမီးကို ငယ်ငယ်ကတည်းက ချောတယ်လို့ ပြောကြတာကိုး ဖေဖေ့ကြောင့်ပဲ"
"ဟုတ်တာပေါ့ မင်းအမေကြောင့်လည်း ပါတာပေါ့"
"မေမေကပြောတယ် သမီးက ဖေဖေနဲ့ ပိုတူတယ်တဲ့။ မေမေက သမီးကို ရိုက်တိုင်း နင်ကနင့်အဖေနဲ့ တခြားမြေခွေးမရဲ့ သမီးပဲဖြစ်မှာလို့ ပြောတာ"
မော့ချင်းယင်း ခေတ္တ ငြိမ်သွားပြီးနောက် ရှင်းပြသည် "အဲဒါက မင်းအမေ စိတ်တိုလို့ ပြောလိုက်တာ ဖြစ်မှာပါ"
ဟုတ်တယ် မေမေက သမီးကို ရိုက်ပြီးတိုင်း တိတ်တိတ်လေး ခိုးငိုတတ်တယ်။ အထူးသဖြင့် ဖေဖေ မရှိတဲ့အချိန်ဆိုရင်ပေါ့ သမီးကပဲ မေမေ့ကို ပြန်ချော့နေရတာ။ မေမေက ထူးဆန်းတယ်နော် အရိုက်ခံရတာက သမီး ဖြစ်ပေမဲ့ မေမေက သမီးထက်တောင် ပိုငိုသေးတယ်"
"အဲဒါက မင်းတို့က သွေးသားအရင်းအချာဖြစ်ကြောင်း သက်သေပြနေတာပေါ့"
"တိတ်ကြစမ်း တိတ်ကြစမ်း"
အကြီးအကဲတစ်ဦး၏ အသံထွက်ပေါ်လာပြီးနောက် တစ်ပြင်လုံး တိတ်ဆိတ်သွားသည်။ လူပေါင်း သိန်းချီရှိသော်လည်း အားလုံးက ငြိမ်သက်စွာဖြင့် နန်းတော်သခင်ကို စောင့်မျှော်ကြည့်ရှုနေကြသည်။
မော့ချင်းဖုန်းက ပြုံးလျက် "ထိုက်ထျန်းနန်းတော်က တပည့်သစ်တွေကို ကြိုဆိုရတာ ဝမ်းသာပါတယ်။ သွေးသစ်လောင်းတပည့်တွေက နန်းတော် အစဉ်အမြဲ အင်အားကြီးမားဖို့အတွက် အခြေခံအုတ်မြစ်ပဲ ဂိုဏ်းထဲ ရောက်လာတဲ့အခါ မာန်မာနတွေကို လျှော့ချပြီး ကြိုးစားကျင့်ကြံကြဖို့ မျှော်လင့်ပါတယ်"
ဒီနေ့မှာ ဂုဏ်ပြုစကားပြောရုံတင်မကဘဲ စည်းမျဉ်းသစ်တစ်ခုကိုလည်း အကောင်အထည်ဖော်သွားမယ် မကြာခင်မှာ ဂိုဏ်းရဲ့ ပြိုင်ပွဲကြီးကို ကျင်းပမယ်။ တပည့်အားလုံး၊ အသက်၊ အဆင့်၊ မျိုးရိုး၊ ကျင့်ကြံမှုအဆင့် မခွဲခြားဘဲ အားလုံး ပါဝင်ရမယ်။
လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြသည်။ အားလုံးက မိသားစုဝင်တွေပဲကို ဘာလို့ ပြိုင်ပွဲတွေ လုပ်နေတာလဲ
မော့ချင်းဖုန်း၏ နောက်ဆက်တွဲ စကားကြောင့် တပည့် ၇၀ ရာခိုင်နှုန်းကျော်မှာ စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ကြသည်။
ဒီပြိုင်ပွဲရဲ့ ရလဒ်က နောင်နှစ်ပေါင်းတစ်ရာအတွက် အရင်းအမြစ် ခွဲဝေမှုရဲ့ အခြေခံ ဖြစ်လာလိမ့်မယ်။ ဒီနေ့ကစပြီး ထိုက်ထျန်းနန်းတော်မှာ တပည့်အဆင့်အတန်း ဒါမှမဟုတ် ဆရာတပည့် ပတ်သက်မှုဆိုတာ မရှိတော့ဘူး။ မင်းတို့ရဲ့ အရင်းအမြစ်တွေကို မင်းတို့ရဲ့ ခွန်အားနဲ့ အဆင့်သတ်မှတ်ချက်ကပဲ ဆုံးဖြတ်လိမ့်မယ်။
ဒါကနောက်ပိုင်းမှာသုံးမယ့်ဂိုဏ်းရဲ့စည်းမျဉ်းသစ်ပဲ။