အခန်း ၁၉၃ ပြုပြင်ပြောင်းလဲမှု
ဤစိတ်အာရုံဖြင့် ပေးပို့သော သတင်းစကားကို ကြားလိုက်ရချိန်တွင် မော့ချင်းယင်းမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ ထိုက်ထျန်းနန်းတော်သည် ၎င်း၏ အစောပိုင်းကာလများတွင် ဤကဲ့သို့ အပိုအလုပ်ရှုပ်သော ကိစ္စရပ်များကို လုပ်ဆောင်လေ့မရှိပေ။
သို့သော်လည်း ဤကိစ္စမှာ သူမနှင့် ဘာမှမဆိုင်သလိုပင်။ သူမ၏ တပည့်များမှာ အခြားသူများ၏ အသိအမှတ်ပြုမှုကို ရယူရန် လိုအပ်ပါသလား? သူမအနေဖြင့် ဒါကို ဂရုစိုက်ရန် စိတ်မပါပေ။
သို့သော်လည်း မော့ချင်းယင်းသည် ရေကန်ထဲရှိ ကလေးမလေးကို တစ်ချက်ကြည့်လိုက်ပြီး မိမိကိုယ်ကိုယ်လည်း ပြန်ငုံ့ကြည့်မိသည်။ ခုနက ကြုံတွေ့ခဲ့ရသည်များက သူမကို တကယ်ပင် မျက်နှာပူစေခဲ့သည်။
ယောင်ယောင်မှာ မိန်းကလေးဖြစ်သည့်အလျောက် မိခင်ကို လွမ်းဆွတ်သည်မှာ နားလည်ပေးနိုင်သော်လည်း သူမတွင် ဘာမှမရှိနေခြင်းက တပည့်လေးကို စိတ်ပျက်စေမလားဟု တွေးမိသည်။ သို့သော် ဤကဲ့သို့အရာမျိုးကလည်း အလိုအလျောက် ပေါ်လာနိုင်သည်မှ မဟုတ်ဘဲလေ။ နောက်တစ်ခဏတွင် မော့ချင်းဖုန်းထံမှ အသံလွှင့်သတင်းစကား ထပ်မံရောက်ရှိလာပြန်သည်။
ညီမလေး မင်းအသစ်လက်ခံထားတဲ့ တပည့်နှစ်ယောက်ကိုပါ ခေါ်လာပေးဖို့ အကူအညီတောင်းချင်တယ်။ ဒီတစ်ခါမှာ ငါကိုယ်တိုင်အပါအဝင် ဘယ်သူမှကင်းလွတ်ခွင့် မရှိဘူး။ မော့ချင်းယင်း မျက်မှောင်ကြုတ်လိုက်သည်။
"ဘာတွေ လာလျှောက်ပြောနေတာလဲ ငါက အဲဒီလိုအရာတွေကို စိတ်မဝင်စားဘူး သွားစမ်းပါ"
ညီမလေး ဒါက ဂိုဏ်းရဲ့ အနာဂတ် ပြုပြင်ပြောင်းလဲမှုနဲ့ ဆိုင်တယ်။ နန်းတော်ဒုသခင် တစ်ယောက်အနေနဲ့ မင်း လာသင့်တယ်။ ဒီကိစ္စရဲ့ အရေးကြီးပုံကို မင်းကိုယ်တိုင်ပဲ ဆုံးဖြတ်ပါတော့။
ထို့နောက်တွင်တော့ သူ ဘာမှ ထပ်မပြောတော့ပေ။ မော့ချင်းယင်း မျက်မှောင်ကြုတ်လျက်ပင် ကျန်ရစ်ခဲ့သည်။ ဤလူမှာ ဘာတွေ ကြံစည်နေသနည်း သို့သော်လည်း တပည့်နှစ်ယောက်ကို ခေါ်သွားရုံနှင့်တော့ ဘာပြဿနာမှ ရှိမည်မဟုတ်ပေ။ အကယ်၍ သူသာ သူမနှင့် သူမ၏တပည့်များအပေါ် မကောင်းသော ရည်ရွယ်ချက်ရှိခဲ့လျှင် သူမ ထိုလူကို သေချာပေါက် သတ်ပစ်မည်။
ထိုက်ထျန်းနန်းတော်၏ အဓိကခန်းမဆောင်အတွင်း မသေမျိုးဧကရာဇ်အများအပြားမှာ မကျေမနပ် ရေရွတ်ရင်း ထွက်ခွာသွားကြသည်။
"တောက် ငါက ဒီနန်းတော်အတွက် အများကြီးလုပ်ပေးခဲ့တာကို အခု အထွတ်အထိပ် ဧကရာဇ်နန်းတော် ပေါ်လာတာနဲ့ ငါတို့ရဲ့ အရင်းအမြစ်တွေကို ဖြတ်တောက်ချင်တာလား ဒါကဘာအဓိပ္ပာယ်လဲ"
ဟေ့... တတိယအကြီးအကဲ မင်းမှားနေပြီ။ နန်းတော်သခင်ရဲ့ ရည်ရွယ်ချက်က အရင်းအမြစ်ဖြတ်ဖို့ မဟုတ်ပါဘူး ဒီရွေးချယ်ပွဲပေါ် မူတည်ပြီး အရင်းအမြစ်တွေကို ပြန်လည်ခွဲဝေဖို့ပါ။ ဒါက အောက်ခြေတပည့်တွေအတွက် လမ်းစသစ် ဖော်ပေးတာလည်း ဖြစ်တယ်လေ။
"ဒါ့အပြင် ငါတို့တပည့်တွေက ကျင့်ကြံခြင်းမှာ ပါရမီထူးတဲ့သူတွေပဲ။ ပြိုင်ပွဲပြီးရင် အရင်ကထက်တောင် အရင်းအမြစ်တွေ ပိုရနိုင်သေးတယ် မဟုတ်လား"
ထိုသို့ပြောလိုက်သူမှာ ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် သဘောတူသည့်ပုံစံဖြင့် ဆက်ပြောသည်။ ဒါပေမဲ့ တစ်စုံတစ်ယောက်ကိုတော့ ပစ်မှတ်ထားနေသလိုပဲလို့ ငါ ခံစားရတယ်။
"ပြိုင်ပွဲမှာ တပည့်တွေရဲ့ အဆင့်သတ်မှတ်ချက်ပေါ်မူတည်ပြီး အရင်းအမြစ်ပမာဏကို ဆုံးဖြတ်တာက နည်းနည်းတော့ လွန်လွန်းတယ်။ တကယ်လို့ အကြီးအကဲမော့ လိုမျိုး တပည့်နည်းတဲ့သူဆိုရင်"
ဘာမှ ထပ်မပြောနဲ့တော့ ကိုယ့်ကိစ္စကိုယ်ပဲ ဂရုစိုက်ပြီး သူများအကြောင်း စိတ်မပူနဲ့ ငါတို့ အမြန်ဆုံး ပြင်ဆင်ကြတာပေါ့။
ဤတစ်ကြိမ်တွင် နန်းတော်သခင်မှာ အကြောင်းရင်း တစ်စုံတစ်ရာကြောင့် ရူးသွပ်နေပုံရသည်။ အထွတ်အထိပ် ဧကရာဇ်နန်းတော် ပေါ်ထွက်လာခြင်းကြောင့်လား သို့မဟုတ် အခြားအကြောင်းကြောင့်လား မသိရသော်လည်း သူသည် ထိုက်ထျန်းနန်းတော်၏ အရင်းအမြစ် ခွဲဝေမှု စည်းမျဉ်းများကို ရုတ်တရက် ပြောင်းလဲပစ်ချင်နေသည်။
နှစ်တစ်ရာလျှင် တစ်ကြိမ်ကျင်းပသော ကြီးကျယ်ခမ်းနားသည့် ပြိုင်ပွဲ။ မသေမျိုးဧကရာဇ်များပင် ပါဝင်ပတ်သက်ရမည်ဖြစ်သည်။ ခွဲဝေမှုမှာ ကျင့်ကြံမှုအဆင့်အပေါ်တွင်သာ အခြေမခံတော့ဘဲ နောင်နှစ်ပေါင်းတစ်ရာအတွက် အရင်းအမြစ်များကို ပြိုင်ပွဲရလဒ်ပေါ် မူတည်၍ ခွဲဝေမည်ဖြစ်သည်။ ကောင်းကင်ဧကရာဇ်များအတွက် အပြောင်းအလဲ သိပ်မရှိနိုင်သော်လည်း တပည့်များမှာမူ ကြီးစွာ ရိုက်ခတ်ခံရမည်ဖြစ်သည်။
အထူးသဖြင့် အရေးပါသော ပုဂ္ဂိုလ်များ၏ တပည့်များမှာ အဆင့်နိမ့်နေပါက အရင်းအမြစ် နည်းနည်းသာ ရတော့မည်။ ယခင်က အကြီးအကဲများ၏ အဆင့်အတန်းအလိုက် တပည့်များက အရင်းအမြစ် ရရှိခဲ့သော်လည်း ယခုတော့ ထိုစည်းမျဉ်း ကျိုးပျက်သွားပြီဖြစ်သည်။ ဤသည်မှာ အဆင့်အတန်းနိမ့်သော်လည်း ခွန်အားကြီးသော ကျင့်ကြံသူများအတွက် အခွင့်အရေးဖြစ်သော်လည်း အဆင့်အတန်းမြင့်ပြီး ကျင့်ကြံမှုနည်းသော တပည့်များအတွက်မူ ဆိုးဝါးလှသည်။
ဘယ်သူက တပည့်အနည်းဆုံးလဲ သို့မဟုတ် ဘယ်သူက တပည့်သစ်တွေကိုပဲ လက်ခံထားသလဲ။ နန်းတော်သခင်နှင့် ဘာများ ပတ်သက်နေသနည်း ဤသည်မှာ ကိုယ်ရေးကိုယ်တာကိစ္စများကို ဖြေရှင်းလိုသည့် အငွေ့အသက်များ ပါဝင်နေသည်။ သို့သော် အကြီးအကဲမော့မှာ ယနေ့ရောက်မလာသဖြင့် ဤကိစ္စကို မသိသေးပေ။
ညမှောင်လာပြီး ကောင်းကင်ယံမှာ နိမ့်ဆင်းလာသလို ခံစားရသည်။ မြေပြင်မှ မိုင်ပေါင်းများစွာ မြင့်မားသော နန်းတော်ထိပ်ဖျားတွင် နဂါးငွေ့တန်းဂလက်ဆီမှာ လက်လှမ်းမီနိုင်သော အကွာအဝေး၌ ရှိနေသကဲ့သို့ပင်။ လှပသော ဂြိုဟ်ပေါင်းများစွာမှာ တောက်ပနေကြသည်။
ကလေးများကို စတင်ထိန်းကျောင်းကတည်းက မော့ချင်းယင်းမှာ ဤကလေးမလေးနှစ်ယောက်ကို ပို၍ ပို၍ ချစ်ခင်လာသည်။ တစ်ယောက်မှာ ကျင့်ကြံခြင်း၌ အာရုံစိုက်နေချိန်တွင် အလွန်ထိန်းရလွယ်ကူပြီး နောက်တစ်ယောက်မှာလည်း အလွန်ပင်ချစ်စရာကောင်းလှသည်။ ဤကလေးနှစ်ယောက်ကို သူမ၏လက်ထဲတွင် စိတ်ချလက်ချ ထားရစ်ခဲ့သော မိဘများ၏ သန္နိဋ္ဌာန်မှာ အံ့သြစရာပင်။
ဒါပေမဲ့ ပြန်စဉ်းစားကြည့်ရင်လည်း အဲဒီလင်မယားက နောက်ထပ် ကလေးအသစ် တစ်ယောက် ထပ်ယူဖို့ စဉ်းစားနေကြတာလည်း ဖြစ်နိုင်တာပဲ။
"ယောင်ယောင် မူမူ... တောရိုင်းမြေတိုက်ကြီးရဲ့ ဒဏ္ဍာရီတစ်ခုကို နင်တို့ သိလား”
"ဘာသတင်းစကားလဲ"
မော့ချင်းယင်းက အသာအယာ ပြုံးလိုက်သည် "ဒီတောရိုင်းမြေကြီးဟာ ကျဆုံးသွားတဲ့ နတ်ဘုရားတစ်ပါးရဲ့ ခန္ဓာကိုယ်ဖြစ်တယ်လို့ ဆိုကြတယ်။ ငါတို့ရဲ့ ထိုက်ထျန်းနန်းတော်ကို အဲဒီနတ်ဘုရားရဲ့ ဦးခေါင်းပေါ်မှာ တည်ဆောက်ထားတာ။ ပြီးတော့ ဒီတိုက်ကြီးမှာ ရှေးဟောင်းနတ်ဘုရားတွေရဲ့ အမွေအနှစ်တွေ ရှိတယ်လို့လည်း ပြောကြတယ်"
ယောင်ယောင်က စူးစမ်းလိုစိတ်ဖြင့် မေးသည်"ဒါဆို အဲဒီရှေးဟောင်းနတ်ဘုရားရဲ့ အမွေအနှစ်က ဘာလုပ်လို့ရမှာလဲ"
"အဲဒီမှာ ဒီနတ်ဘုရားခန္ဓာကိုယ်ရဲ့ အကြီးမားဆုံး အမွေအနှစ် ပိုမြင့်တဲ့ နယ်ပယ်ကို တက်လှမ်းနိုင်မယ့် အမွေအနှစ်တွေ ရှိတယ်လို့ ငါ ကြားဖူးတယ်"
"ဖေဖေထက် ပိုမြင့်မှာလား"
မော့ချင်းယင်း ခေတ္တစဉ်းစားမိသည်။ ထိုသို့တော့ မဖြစ်နိုင်ပေ။ စီနီယာ (ချူနင်) သည် ထိုနယ်ပယ်များအကြောင်းကို ဖော်ပြနိုင်သဖြင့် သူကိုယ်တိုင် ထိုအဆင့်သို့ ရောက်ရှိနေပြီမှာ သေချာသည်။ သူတို့က ဒီတောရိုင်းမြေကြီးကို စိတ်မဝင်စားခြင်းကပင် သက်သေဖြစ်သည်။
ရုတ်တရက် နဂါးငွေ့တန်းအတွင်းရှိ ကြယ်အလင်းတန်းများစွာ ဆက်သွယ်သွားပြီး မြင့်တက်လာသော စွမ်းအားတစ်ခုအဖြစ် စုစည်းသွားသည်။ အနီးအနားတွင် ကျင့်ကြံနေသော ချူမူ၏ ခန္ဓာကိုယ်အတွင်းသို့ ဓားတာအို၏ စွမ်းအင်များ ပေါင်းစပ်ဝင်ရောက်သွားသည်ကို တွေ့ရသည်။
ဆယ်ခုမြောက်နယ်ပယ် အထွတ်အထိပ်တာအို သူမအသက် နှစ်နှစ်ပင် မပြည့်သေးပေ။ ဆယ်နှစ်သားအရွယ်တွင် ဧကရာဇ်ဖြစ်လာခြင်းဆိုသည်မှာပင် ချူနင်ပေးအပ်ခဲ့သော သွေးမျိုးဆက် အရင်းအမြစ်နှင့် ကျင့်စဉ်များ၏ စွမ်းဆောင်ရည်ကို လျှော့တွက်ထားခြင်းဖြစ်ပေလိမ့်မည်။
"ဟွန်း... ငါအစ်မကတော့ စိတ်ကူးယဉ်နေပြန်ပြီ။ ကျင့်ကြံတာက နှေးလိုက်တာ တစ်နေ့ကုန် အရေးမပါတဲ့ အရာတွေကိုပဲ တွေးနေတော့တာပဲ" ယောင်ယောင်က ရေရွတ်လိုက်သည်။
ချူမူက ခေါင်းမော့ကာ သူမကို စိုက်ကြည့်လိုက်ရာ ယောင်ယောင်မှာ လန့်သွားပြီး မော့ချင်းယင်း၏ ရင်ခွင်ထဲသို့ တိုးဝင်သွားတော့သည်။ ချူမူက ဒါကိုဂရုမစိုက်ဘဲ မိမိခန္ဓာကိုယ်အတွင်းမှ ပြောင်းလဲမှုများကိုသာ အာရုံစိုက်နေသည်။
ဆရာ သမီး သွားအိပ်တော့မယ်။ မော့ချင်းယင်းက ပြုံးပြီး ခေါင်းညိတ်ပြကာ ယောင်ယောင်ကို ပွေ့ချီလိုက်သည်။
"ယောင်ယောင် ဆရာနဲ့အတူ သွားအိပ်ရအောင်လေ"
"ဟေး... အိပ်ချိန်ရောက်ပြီ"
သူမသည် ကလေးထိန်းသည့်အလုပ်ကို ကောင်းကောင်း လုပ်နိုင်သည်ဟု ခံစားနေရသည်။ ခုနစ်ရက် ရှစ်ရက်အတွင်းမှာပင် ကလေးများမှာ အိမ်ကို လုံးဝ မလွမ်းကြတော့ပေ။ ကြယ်တာရာများ ညနက်ထဲသို့ ကြွေဆင်းသွားပြီး တောင်တန်းနှင့် မြစ်ရေများမှာလည်း အိပ်မောကျသွားကြသည်။ တစ်ချိန်တည်းမှာပင် နန်းတော်၏ အဓိကခန်းမအတွင်းတွင် ချောမောသော အမျိုးသားတစ်ဦးက အရပ်မျက်နှာတစ်ခုသို့ တည်ကြည်သော မျက်နှာထားဖြင့် စိုက်ကြည့်နေသည်။
"ဒီစည်းမျဉ်းပြောင်းလဲမှုက ဘယ်သူ့ကိုမှ ကန့်သတ်ဖို့ မဟုတ်သလို ဘယ်သူ့ကိုမှ သီးသန့် ပစ်မှတ်ထားတာလည်း မဟုတ်ဘူး"
ဒါပေမဲ့ ငါ့ဂိုဏ်းရဲ့ အကျိုးစီးပွားကို ထည့်တွက်ရင် ဘယ်သူမှငါ့ကို အပြစ်မပြောနိုင်ဘူး။ ကျင့်ကြံသူတွေဆိုတာ အရင်းအမြစ်အတွက် အမြဲတိုက်ပွဲဝင်ရမှာပဲ။ ကောင်းကင်ဖြစ်စဉ်နယ်ပယ်က လူတွေ အရင်းအမြစ် နည်းနည်းပဲ ရတာကလည်း မှန်ကန်တဲ့ ကိစ္စပဲလေ။
"ညီမလေး မင်းငါ့ဆီကိုကိုယ်တိုင် လာမရှာတော့ဘူးဆိုတာကို ငါ မယုံကြည်နိုင်ဘူး"