အခန်း ၁၉၂ တစ်ရက်သင်ဆရာ မိခင်အရာ
မော့ချင်းယင်းသည် အင်ပါယာနန်းတော်သို့ သွားရောက်ခဲ့သည်။ သူမသည် သူမ၏မည်သူမည်ဝါဖြစ်ကြောင်းကို မဖော်ပြဘဲ ဧကရာဇ်အချို့ကို သတ်ဖြတ်ရာတွင် အသာတကြည် ကူညီပေးခဲ့သည်။ ထိုစီနီယာ (ချူနင်) မှာ ထွက်ခွာသွားပုံရပြီး ဤနေရာ၏ တိုးတက်ပြောင်းလဲမှုများကို လုံးဝဂရုမစိုက်ဘဲ အထွတ်အထိပ် ဧကရာဇ်နန်းတော် တည်ထောင်နိုင်မည်ကို အပြည့်အဝ ယုံကြည်မှုရှိနေပုံရသည်။
အနည်းဆုံးတော့ သူမတို့ဘက်က အကူအညီအချို့ ပေးခဲ့သော်လည်း နောက်ပိုင်းတွင် ထိုအကူအညီမှာ မလိုအပ်ကြောင်း သိလိုက်ရသည်။ ဧကရာဇ်နန်းတော်မှ လူများ ရူးသွပ်ကုန်ကြပြီလားဟုပင် သူမ တွေးမိသည်။
စစ်တပ်နှစ်ခု တိုက်ပွဲဖြစ်ပွားသောအခါ သူတို့သည် ဦးစွာ အရပ်မျက်နှာတစ်ခုသို့ ဒူးထောက်အရိုအသေပေးကာ တစ်စုံတစ်ခုကို တိုးတိုးရေရွတ်ကြသည်။
ထို့နောက်မှ စတင်တိုက်ခိုက်ကြခြင်း ဖြစ်သည်။ တစ်ချိန်တည်းမှာပင် အခြားရှေးဟောင်းမျိုးနွယ်စုများမှ ထာဝရဧကရာဇ် အချို့မှာလည်း ရူးသွပ်ကုန်ကြသည်။ သူတို့သည် "ဧကရာဇ်" ဟု အော်ဟစ်ကာ စွဲလမ်းနေကြပြီး ဒူးထောက်ကိုးကွယ်ပြီးနောက် သူတို့၏ ခွန်အားမှာ သူမထက်ပင် သာလွန်သွားကာ စတင်တိုက်ခိုက်ကြတော့သည်။ တိုက်ပွဲပြီးလျှင်လည်း ထပ်မံကိုးကွယ်ကြပြန်သည်။
တိုက်ပွဲမြင်ကွင်းမှာ ကြည့်ရသည်မှာ အတော်လေး ထူးဆန်းပြီး ကြောက်စရာကောင်းလှသည်။ အစွဲအလမ်းကြီးသော ယုံကြည်သူများနှယ်။
ဒါကို မြင်ပြီးနောက် သူမသည်လည်း အထွတ်အထိပ်ဧကရာဇ်နန်းတော်သို့ ထွက်ပြေးရန် စဉ်းစားမိသည်။ ဤဂိုဏ်း၏ အခြေခံအုတ်မြစ်မှာ အံ့မခန်း ခိုင်မာလွန်းလှသည်။ စက္ကန့်ပိုင်းအတွင်းမှာပင် မဟာဧကရာဇ်တစ်ပါးက အသေမျိုးဧကရာဇ်တစ်ပါးကို လက်ဝါးတစ်ချက်တည်းနှင့် ဖိနှိပ်လိုက်နိုင်သည်။
ဟူး....
ကလေးထိန်းရတာ တကယ်ကို စိတ်ဖိစီးမှု များလှသည်။ တခြားနေရာတွေ သွားမနေတော့ဘဲ ဒီမှာပဲ အေးအေးဆေးဆေး ကလေးပဲထိန်းပေးတော့မည်ဟု သူမ ဆုံးဖြတ်လိုက်သည်။
သူမ၏ ဂူဗိမာန်သို့ ပြန်ရောက်သောအခါ ယောင်ယောင်သည် တံခါးရှေ့တွင် ပိုးတုံးလုံးလေးလို မှောက်လျက် ဆော့ကစားနေသည်။ မော့ချင်းယင်း ခဏမျှ မှင်တက်သွားပြီးနောက် အမြန်ရှေ့တိုးကာ သူမကို ပွေ့ချီလိုက်သည်။
"ယောင်ယောင် ဘာလုပ်နေတာလဲ"
"ဒီလိုလုပ်ရင် ညစ်ပတ်ကုန်မှာပေါ့ ပြီးတော့ လူတွေလမ်းလျှောက်နေတဲ့ မြေကြီးပေါ်မှာ ဒီလိုနေတာ မရွံဘူးလား"ယောင်ယောင်က မော့ချင်းယင်း၏ ရင်ခွင်ထဲတွင် ရယ်မောလျက် "ဆရာ ဒါကသမီးရဲ့ ထူးခြားတဲ့ ကျင့်ကြံနည်းလေ"
"ဒီနည်းနဲ့ ကျင့်ရင် အစ်မထက်တောင် ပိုမြန်သေးတယ် ဆရာသမီးရဲ့ ကျင့်ကြံမှုအဆင့်ကို ကြည့်ကြည့်ပါဦး"
မော့ချင်းယင်း ထပ်မံ အံ့သြသွားရသည် တာအိုပြည့်စုံခြင်းနယ်ပယ်။ တပည့်လက်ခံတာ ရက်ပိုင်းပဲ ရှိသေးတာကို သူတို့က တာအိုပြည့်စုံခြင်းအဆင့်ကို ရောက်နေပြီလား။ နက်ရှိုင်းသောအစဉ်အလာ ပေါများသော အရင်းအမြစ်နှင့် ထူးခြားသောသွေးမျိုးဆက် ဒါတွေက တကယ်ကို အားကျစရာပင်။
တစ်ချိန်တည်းမှာပင် မော့ချင်းယင်း၏ နတ်အာရုံက ဘေးက ဂူဗိမာန်ကို လွှမ်းခြုံလိုက်သည်။ ချူမူကတော့ အထွတ်အထိပ် အဆင့်မှာပဲ ရှိနေသေးပြီး သူမ၏ကျင့်ကြံမှုနှုန်းမှာ ယောင်ယောင်ထက် သိသိသာသာ နှေးကွေးနေသည်။ သို့သော် ဒါကလည်း ထူးဆန်းလွန်းနေပြီ ဖြစ်သည်။
"မင်းက ဒီနည်းနဲ့ ကျင့်ချင်တယ်ဆိုရင် ဆရာ ပိုသန့်ရှင်းပြီး ကျယ်ဝန်းတဲ့နေရာ ရှာပေးမယ်။ ဒီနေရာက မသင့်တော်ဘူး"
ဆရာ၊သမီးရဲ့ ကျင့်ကြံနည်းက အခွင့်အရေးပေါ် မူတည်တာပါ။ အချိန်တန်ရင် အဲဒီနေရာမှာတင် ကျင့်ရတာ။ ဖေဖေက ပြောတယ်၊ဒါက စည်းမဖောက်ဘဲ ကိုယ်လုပ်ချင်တာလုပ်တာတဲ့။ အတင်းအကျပ် လုပ်ယူရင် ဒီလောက် မမြန်ဘူးတဲ့။ မော့ချင်းယင်း ခေတ္တ တိတ်ဆိတ်သွားသည်။ ဒါက တကယ်ကို ထူးခြားဆန်းပြားလှသည်။
"လာ... အရင်ဆုံး ရေချိုးပေးမယ်"
"ဆရာလည်း အတူတူချိုးရအောင် ရှောင်ပင်းအစ်မက ယောင်ယောင် ရေချိုးရင် အမြဲတူတူ ချိုးပေးတာ အားလုံး အတူတူ ချိုးကြရအောင်"
"ကောင်းပါပြီ"
ခဏအကြာတွင် ရေချိုးကန်ထဲမှာ ရေနွေးငွေ့များ ဖုံးလွှမ်းနေသည်။ မော့ချင်းယင်းကို ဖက်ထားသော ယောင်ယောင်က ရံဖန်ရံခါ ခေါင်းမော့ကြည့်ပြီး သူမကို စမ်းကြည့်တတ်သည်။
"ဆရာ ဆရာ့ခေါင်း (ရင်သား) က မေမေ့ထက် ပိုကြီးတာပဲ။ သမီးက ဆရာ့ကို ဖေဖေ့ရဲ့ မိန်းမသစ် လုပ်ပေးချင်တာ ဒါပေမဲ့ ဖေဖေက မေမေ့ကို အရမ်းချစ်တာဆိုတော့ ဆရာ့မှာအခွင့်အရေး မရှိလောက်ဘူး။"
"အဲ... အဲဒီကိစ္စကို ဒီလောက်အထိ အားနာစရာ မလိုပါဘူး။ ဆရာလည်း ကျင့်ကြံဖော်ရှာဖို့ စိတ်မကူးသေးပါဘူး။"
"ဆရာက အသက်နှစ်သိန်းကျော်နေပြီလေ မစောတော့ပါဘူး။ မဟာချန်မင်းဆက်မှာဆိုရင် မိန်းကလေးတွေက ဆယ်ကျော်သက်အရွယ်ကတည်းက ယောက်ျားရှာနေကြပြီ။ ဆရာကော မစဉ်းစားဘူးလား" မော့ချင်းယင်းက ပြုံးပြီး ယောင်ယောင်၏ ဆံပင်ကို ပွတ်သပ်ပေးကာ သူမကို ရင်ခွင်ထဲ ထည့်ထားလိုက်သည်။ ကလေးမလေးက သက်သောင့်သက်သာရှိသော နေရာကို ချက်ချင်းရှာပြီး ကျေနပ်နေပုံရသည်။
"ဟင့်အင်း ဆရာ့မျက်လုံးထဲမှာတော့ ယောက်ျားတွေက ဘာမှ အသုံးမကျဘူး။ ဒါက ဆရာ့အမြင်သက်သက်ပါ မင်း စိတ်ပူစရာ မလိုပါဘူး။"
"ဘာလို့လဲ ဖေဖေကတော့ တကယ်ကို အဆင်ပြေပါတယ်နော်။"
"ဒါပေမဲ့ ဆရာက မင်းအမေရဲ့ယောက်ျားကို သွားလုလို့ မရဘူးလေ"
"ဟုတ်သားပဲ အစ်မက ပြောတယ် သူများပေးတာကိုပဲ ယူရမယ် သူများဆီက သွားလုလို့ မရဘူးတဲ့။ လုရင် မျိုးဆက်ပျက်လိမ့်မယ်တဲ့။" ယောင်ယောင်၏ အလေးအနက်ထားသော အမူအရာကို ကြည့်ပြီး မော့ချင်းယင်းက ပြုံးကာ ခေါင်းညိတ်လိုက်သည်။
"ချူမူ ပြောတာ မှန်ပါတယ် မင်းတို့အဖေက ထူးချွန်ပေမဲ့ မင်းတို့အမေနဲ့ မင်းတို့ ရှိနေတာပဲ။ ဆရာ့မှာ စိတ်ကူးရှိရင်တောင် ဝင်မရှုပ်ပါဘူး။ ဒါ့အပြင် ဆရာ့မှာ ဘာစိတ်ကူးမှလည်း မရှိပါဘူး။"
"ဒါပေမဲ့ ဆရာက ခုနတင်ပြောတယ်လေ ယောက်ျားရှာရင် ဖေဖေ့လို သန်မာတဲ့သူကို ရှာမယ်ဆို အခုကျတော့ စိတ်မဝင်စားဘူးဆိုတော့ ဆန့်ကျင်ဘက် ဖြစ်မနေဘူးလား"
"အဲဒါက နန်းတော်သခင်ကို ဟန်ဆောင်ပြောလိုက်တာပါ။"
"ဆရာက သူ့ကို တကယ် မကြိုက်တာလား အဲဒီလူ ဒီနေ့ လာသွားသေးတယ်။"
မော့ချင်းယင်း ချက်ချင်း တင်းမာသွားပြီး သူမကို အလေးအနက် ကြည့်လိုက်သည် "သူ ဘာလာလုပ်တာလဲ မင်းတို့ကို ဘာလုပ်သွားသေးလဲ"
မော့ချင်းယင်း၏ တုံ့ပြန်မှုကို မြင်တော့ ယောင်ယောင်က ခေါင်းခါပြပြီး ဖြစ်ပျက်ခဲ့သမျှကို ရှင်းပြလိုက်သည်။ သူမ၏ တပည့်နှစ်ယောက်က သူမဘက်က ရပ်တည်ပြီး ပြင်ပလူကို တွန်းလှန်ခဲ့သည်ကို ကြားလိုက်ရသဖြင့် မော့ချင်းယင်းသည် သူမရင်ခွင်ထဲက ကလေးမလေးကို ပို၍ပင် ချစ်ခင်သွားပြီး အသည်းယားကာ ဖက်နမ်းလိုက်တော့သည်။
"ဆရာ အရမ်းကြီးမညှစ်ပါနဲ့ ဆရာ့ဟာကြီးတွေက အရမ်းကြီးတော့ ယောင်ယောင် အသက်ရှူကျပ်တော့မယ်"
မော့ချင်းယင်း အနည်းငယ် ပြုံးလိုက်သည် "တကယ်တော့ ငါတို့ကြားက အငြိုးအတေးတွေအတွက် မင်းတို့ ဘာမှလုပ်ပေးစရာ မလိုပါဘူး။ အပေါ်ယံ ယဉ်ကျေးရုံဆိုရင် ရပါပြီ။ ဒါပေမဲ့ ငါ့တပည့်တွေအနေနဲ့ မင်းတို့ ဒီလိုလုပ်ပေးတာကို ငါ အရမ်းဝမ်းသာပါတယ်။"
ယောင်ယောင်က ခေါင်းကို အသည်းအသန် ညိတ်လိုက်သည်။ "ဆရာက သူ့ကို မုန်းလို့လား"
"အင်း"
ဘာလို့လဲ
မင်း နားမလည်နိုင်တဲ့ အကြောင်းအရာအချို့ ရှိလို့ပါ။
"ယောင်ယောင်က မဖြေရှင်းပေးနိုင်လို့လား ယောင်ယောင် မလုပ်နိုင်ရင် ဖေဖေ ဖြေရှင်းပေးနိုင်တယ်။ ဆရာ ပြောပြပါလား" ယောင်ယောင်က စဉ်းစားပေးသလိုဖြင့် ထပ်ပြောလိုက်သည်။
ဖေဖေက သင်ပေးတယ် တစ်ယောက်ယောက်ကို မကြိုက်ရင် သူကလည်းလွန်လာရင် သူ့ကို မိုးပေါ်လွှင့်ပြီး မီးရှူးမီးပန်း အဖောက်ခိုင်းလိုက်တဲ့။ သူ့နောက်က လူတွေပါလွန်လာရင် အကုန်လုံးကို မီးရှူးမီးပန်း အတူတူ ဖောက်ခိုင်းလိုက်တဲ့။ ဆရာက ယောင်ယောင် မလုပ်နိုင်ဘူးထင်ရင် ဖေဖေ့ကို အကူအညီတောင်းပေးမယ်လေ။
မော့ချင်းယင်း၏ မျက်နှာက ခဏမျှ အေးစက်သွားသော်လည်း ပြန်လည် တည်ငြိမ်သွားသည်။
"မင်းသိထားရမှာက အဲဒီလူက မကောင်းဘူး ပြီးတော့ ထိုက်ထျန်းနန်းတော်မှာလည်း အပေါ်ယံပဲ ယဉ်ကျေးပြပြီး ကွယ်ရာမှာ ဘာတွေလုပ်နေမှန်းမသိတဲ့ လူဆိုးတွေ အများကြီး ရှတယ်။ ဒီဂိုဏ်းထဲမှာ ဆရာ့ကိုပဲယုံပါ တခြား ဘယ်သူ့ကိုမှ မယုံနဲ့။" မော့ချင်းယင်းက စကားဆက်မပြောချင်တာကို မြင်တော့ ယောင်ယောင်က ရှေ့တိုးပြီး မော့ချင်းယင်း၏ ခေါင်းကို ပွတ်ပေးကာ ပြုံးလျက် နှစ်သိမ့်ပေးလိုက်သည်။
"ဆရာ မပြောချင်တာက တစ်ခုခုအကြောင်းပြချက် ရှိလို့ ဖြစ်မှာပါ။ ဒါပေမဲ့ ဖြစ်ပြီးသားကိစ္စတွေကို ပြောင်းလဲလို့ မရဘူးလေ။ ငါတို့က ခေါင်းမော့ပြီး အနာဂတ်ကို ရင်ဆိုင်ရမှာပေါ့။" သူမ၏ အပြုအမူက ဆရာနှင့် တပည့် ပြောင်းပြန်ဖြစ်နေသလို ထူးဆန်းသော်လည်း မော့ချင်းယင်းမှာ စိတ်မဆိုးသည့်အပြင် ပို၍ပင် စိတ်လှုပ်ရှားသွားပြီး သူမကိုပြန်ဖက်လိုက်မိသည်။
"မင်းတို့ မိဘတွေက မင်းတို့ကို အဝေးကြီးကို ဘယ်လိုစိတ်ချပြီး လွှတ်လိုက်တာလဲ မသိဘူး။ မင်းတို့က သိပ်ချစ်ဖို့ကောင်းတာပဲ။ နောင်ကျရင် ဆရာလည်း မင်းတို့လို သမီးလေးတွေ ရှိရင် သိပ်ကောင်းမှာပဲ"
"'တစ်ရက်သင်ဆရာ မိခင်အရာဆိုတဲ့အတိုင်းပဲ အခုဆိုရင် ဆရာက သမီးတို့အတွက် ဖေဖေနဲ့ မေမေလိုပဲပေါ့။ ဆရာကလည်း သမီးတို့ကို သမီးအရင်းတွေလို သဘောထားလို့ ရတာပဲ မဟုတ်လား" မော့ချင်းယင်း မျက်ရည်ပင် ကျလုနီးပါး ဖြစ်သွားသည်။ ဤတပည့်လေးက တကယ်ကို ကြင်နာတတ်ပြီး စကားလည်း တတ်လှသည်။
"ကောင်းပြီ ဒီနေ့ကစပြီး ဆရာက မင်းတို့နှစ်ယောက်ကို သမီးအရင်းတွေလို စောင့်ရှောက်မယ်"
"ဟီးဟီး ဒါပေမဲ့ အမေအရင်းတွေက သမီးတွေကို နို့တိုက်ကြတယ်နော်။" မော့ချင်းယင်း ရုတ်တရက် မှင်တက်သွားပြီး မျက်နှာလေး ရဲခနဲ ဖြစ်သွားသည်။
"ဟင် ဒါပေမဲ့ ဒါက"
သူမမှာလည်း မရှိပေ ထိုအရာက အလှပြသက်သက်သာ ဖြစ်သည်။
ယောင်ယောင်က ဇဝေဇဝါဖြင့် "ဆရာက ယောင်ယောင်ကို သမီးလို သဘောမထားဘူးလား"
"မဟုတ်ပါဘူး ဒါပေမဲ့ ဒီကိစ္စက"
"ဆရာ... ယောင်ယောင် မေမေ့ကို လွမ်းတယ်။ ဆရာနဲ့ မေမေက အရမ်းတူတာပဲ"
မော့ချင်းယင်း တကယ်ကို စိတ်ညစ်သွားရသည်။ ယောင်ယောင်က စနောက်နေတာလား တကယ်ပဲ နှစ်သိမ့်ပေးနေတာလားဆိုတာ သူမ မခွဲခြားနိုင်တော့ပေ။ ယောင်ယောင်ကတော့ ရေထဲကို ခုန်ဆင်းပြီး သူမကို ဖက်ထားလိုက်ပြီ။
မော့ချင်းယင်း၏ မျက်နှာမှာ ချက်ချင်းပင် နီရဲသွားတော့သည်။ ဒါပေမဲ့ သူမက ကိုယ့်တပည့်ဖြစ်သလို ခုနတင်ပဲ သမီးလို သဘောထားပါ့မယ်လို့ ကတိပေးထားခဲ့တာ မဟုတ်လား။
ယောင်ယောင်က တကယ်ပဲ သူမအမေကို လွမ်းနေတယ်ဆိုရင်လည်း။ ဒါပေမဲ့ သူမက နှစ်ပေါင်းသိန်းချီ အပျိုကြီး လုပ်လာခဲ့တာဖြစ်ပြီး ကလေးတစ်ခါမှ မရှိဖူးသလို တပည့်လည်း မရှိဖူးသဖြင့် ဘာလုပ်ရမှန်း မသိဖြစ်နေသည်။
ကံကောင်းထောက်မစွာဖြင့် ယောင်ယောင်က သူမ၏ စိုးရိမ်ပူပန်မှုများကို လွှတ်ချလိုက်ပြီး ဘေးနားက နို့ဗူးလေးကို ယူသောက်လိုက်သည်။ မော့ချင်းယင်း၏ နှလုံးသားလေး တုန်သွားရသည်။ သူမတွင် မရှိသဖြင့် အားနာမိသလို ခံစားလိုက်ရသည်။ ဤတပည့်လေးကို ကြည့်ပြီး သူမ အပြစ်ရှိသလို ခံစားနေရသည်၊ ယောင်ယောင်က တကယ်ကို လိမ္မာတဲ့ကလေးလေးမလို့ပင်။
သို့သော်လည်း သူမမှာ တကယ်ပဲ မရှိတာလေ သူမ ဘာတတ်နိုင်မှာလဲ။ မော့ချင်းယင်းက ဤကိစ္စကို မည်သို့ ကိုင်တွယ်ရမလဲ စဉ်းစားနေစဉ် သူမ၏ တံဆိပ်ပြားဆီမှ သတင်းစကားတစ်ခု ရောက်လာသည်။
"တပည့်သစ် စုဆောင်းမှု အားလုံး ပြီးဆုံးသွားပါပြီ။ ဂိုဏ်းအတွက် တပည့်ရွေးချယ်မှုလည်း ပြီးပါပြီ။"
တပည့်လက်ခံထားသော ကျင့်ကြံသူအားလုံး မည်သူမဆို မနက်ဖြန်တွင် ဂိုဏ်း၏ အဓိက ခန်းမဆောင်သို့ လာရောက်ကြပါရန်။