အခန်း ၁၉၀ နန်းတော်တွင်းမှ မြင်ကွင်းတစ်ခု
ထာဝရကြယ်တာရာနယ်မြေ ထျန်းရွှမ်တိုက်ကြီး၏ အောက်ခြေလောက ထျန်းရွှမ်တိုက်ကြီး၏ တစ်ခုတည်းသော အင်ပါယာဖြစ်သည့် မဟာချန်မင်းဆက် မဟာချန်မင်းဆက်၏မြို့တော် နန်းတော်အတွင်းရှိ ချန်ချင်းနန်းဆောင် ချူနင် နှင့် ရဲ့ချင်းလျန်တို့သည် ကုလားထိုင်ပေါ်တွင် အေးအေးလူလူ လှဲနေကြသည်။
နွေလယ်ခေါင်အချိန်ဖြစ်၍ နေမင်းမှာ အစွမ်းကုန် တောက်ပနေသည်။ နေရောင်ခြည်က အရေပြားပေါ်တွင် ပူလောင်သည်ဟု ခံစားရသော်လည်း အတော်လေးတော့ သက်သောင့်သက်သာ ရှိလှသည်။ အနီးအနားတွင်ရှိသော ရှောင်ပင်းက အမြန်ရောက်လာပြီး ဖရဲသီးဖျော်ရည် နှစ်ခွက်ကို လာပေးသည်။
"အရှင် အရှင်မ သုံးဆောင်တော်မူပါဦး"
"လိမ္မာလိုက်တဲ့ ရှောင်ပင်းလေး ဆုအဖြစ် နင်နန်းပြင်ထွက်ပြီး ကြိုက်တဲ့ယောက်ျားကို ရွေးယူနိုင်တယ် မင်္ဂလာဆောင်ကိုလည်း နန်းတော်ထဲမှာပဲ ခမ်းခမ်းနားနား ကျင်းပပေးမယ် ဘယ်လိုလဲ"
ရှောင်ပင်းက အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး "အရှင်ကလည်း နောက်နေပြန်ပြီ။ ရှောင်ပင်းက အရှင်တို့ နှစ်ယောက်ကို ခစားရတာနဲ့တင် ကျေနပ်နေပါပြီ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိပါဘူး"
ရဲ့ချင်းလျန်က ရေခဲတုံးလေးများပါသော ဖရဲသီးဖျော်ရည်ကို တစ်ငုံအကြီးကြီး သောက်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည် "နင်က ရှောင်ပင်းကို အပြင်မှာ လူသွားရှာခိုင်းနေတာလား နင်ကမှ စံနှုန်းဖြစ်နေတာလေ နင့်လိုလူမျိုးကို မြင်ဖူးထားတဲ့ ရှောင်ပင်းက အပြင်မှာ ဘယ်ယောက်ျားကို မျက်စိကျတော့မှာလဲ"
ရှောင်ပင်းမှာ အနေခက်သွားပြီး "အရှင်မ ကျွန်မက အဲဒီလို"
"အာ... ဒါဆိုရင်တော့ ငါ့လိုလူမျိုးကို ရှာဖို့မလွယ်ဘူးပေါ့။ ငါ့လို ရိုးသားဖြောင့်မတ် ချောမောခန့်ညားပြီး လန်းဆန်းတက်ကြွတဲ့သူမျိုးက ရှားမှရှားပဲ။ ရှောင်ပင်းရေ နင်တော့ တစ်သက်လုံး အပျိုကြီးပဲ လုပ်ရတော့မယ် ထင်တယ်"
"သူကို အခန်းထဲ ခေါ်ထားလို့ရတာပဲ ငါက ခွင့်ပြုတယ်လေ" ရဲ့ချင်းလျန်က ဝင်ပြောသည်။
"တော်ပါပြီ ငါက ရင်သားကြီးတာကို ကြိုက်တာ ရှောင်ပင်းက အဲဒီအတွက် သိပ်အဆင်မပြေဘူး"
"ဒါက ပြုပြင်လို့ ရတာပဲ မဟုတ်လား နင့်ရဲ့ နည်းလမ်းတွေက အဲဒီလောက်တောင် မစွမ်းဘူးလား"
"သဘာဝအတိုင်းက အကောင်းဆုံးပဲလေ အတုတွေ မကြိုက်ဘူး"
"အရှင်မ အရှင်"
ရှောင်ပင်း၏ မျက်နှာမှာ ရဲခနဲ ဖြစ်သွားပြီး စိတ်ဆိုးမာန်ဆိုးဖြင့် လှည့်ထွက်သွားတော့သည်။
"ကျွန်မ ကျင့်ကြံဖို့ သွားတော့မယ်"
သူမ ချက်ချင်း ငြင်းဆိုရဲသည်။ အရှင်ကို ခစားဖို့ သူမမှာ အရည်အချင်းရှိတယ်လို့ တစ်ခါမှ မတွေးဖူးပေ။ အရှင်က သဘောတူရင်တောင် သူမကတော့ ကိုယ့်အဆင့်အတန်းကိုယ် သိသည်။ ဒါ့အပြင် အရှင်က အရှင်မကိုပဲ ချစ်တာဖြစ်ပြီး တခြားမိန်းကလေးကို စိတ်ဝင်စားမှာ မဟုတ်ဘူးဆိုတာ သူမ သိသည်။
ဒါပေမဲ့ ငြင်းတာက ငြင်းတာပဲ။ ဘာလို့ ငါ့ကို ရင်သားသေးတယ်လို့ ပြောရတာလဲ။ ရင်သားသေးတော့ လုပ်ရကိုင်ရ ပိုလွယ်တာပေါ့။ အခု ကျင့်ကြံတဲ့အခါမှာလည်း ဘာမှ အနှောင့်အယှက်မဖြစ်ဘဲ ပိုလွယ်တယ်။
ငါက ဂုဏ်ယူတယ် ဘာဖြစ်လဲ။
ချူနင်က ဖရဲသီးဖျော်ရည်ကို တစ်ငုံသောက်ကာ နေပူစာ ဆက်လှုံနေသည်။
"ဟူး... သမီးတွေ မရှိတော့တဲ့ ဘဝက နည်းနည်းတော့ ပျင်းစရာကောင်းပေမဲ့ အတော်လေးတော့ စိတ်အေးရတာပဲ"
"ဘယ်သူက မဟုတ်ဘူး ပြောလို့လဲ ကလေးကို တစ်ယောက်ယောက်က ကူထိန်းပေးတာ ကောင်းပါတယ်။ အနည်းဆုံးတော့ ငါ စိတ်ပူပြီး ငိုနေစရာ မလိုတော့ဘူးပေါ့"
"ကလေးက စိတ်ဆိုးအောင် လုပ်လို့ နင်က ငိုရတာလား နင်က ဧကရီမဟုတ်ဘူးလား ဧကရီက ငိုလို့ရလို့လား"
"ငါက ဧကရီ ဖြစ်နေပေမဲ့ ငါ့ကလေးအတွက်တော့ အမေပဲလေ။ ဖြောင့်မတ်တဲ့ အရာရှိတောင် အိမ်တွင်းရေးကို မဖြေရှင်းနိုင်ဘူးတဲ့။ ငါက ဧကရီဖြစ်နေပေမဲ့ ငါ့သမီးနဲ့ကျတော့ ဘယ်လိုလုပ်ရမှန်း မသိဘူး။ ငါ ဘာတတ်နိုင်မှာလဲ" ချူးနင်က အလေးအနက် ခေါင်းညိတ်ထောက်ခံလိုက်သည်။
"ဟုတ်တာပေါ့ ဧကရီ ငိုတာက အပြစ်မှမဟုတ်တာ။ ငါ ရှိနေတာပဲ နင် ငိုချင်ရင် ငါ့ရင်ခွင်ထဲမှာ ငိုလို့ရပါတယ်။ ဒါပေမဲ့ နှပ်ချေးတွေကိုတော့ ငါ့အင်္ကျီပေါ် လာမသုတ်နဲ့ဦးနော်"
ရဲ့ချင်းလျန်မှာ ပြောစရာ စကားမဲ့သွားသည်။ သို့သော် ဒါကို ကြားလိုက်ရချိန်တွင် သူမက ရုတ်တရက် ခေါင်းမော့လိုက်ရာ နှပ်ချေးတစ်မျှင်က သူမလက်ပေါ်တွင် တွဲလောင်းကျလာသည်။
ချူးနင်က "ဟာ... သွားပြီ" ဟု အော်ကာ ချက်ချင်း ထရပ်လိုက်သည်။
"နင် အဲဒီလို ရွံစရာကောင်းတာတွေ မလုပ်ဘူးလို့ ပြောထားတယ်မလား ငါ့ကိုတောင် ရွံစရာကောင်းတယ်လို့ ပြောပြီးတော့ အဲဒါကြီး သွားပစ်လိုက်စမ်းပါ" ရဲ့ချင်းလျန်က မျက်မှောင်ကြုတ်ကာ ဖြည်းဖြည်းချင်း ထရပ်လိုက်သည်။
"ဒါက တခြားအရာတစ်ခုနဲ့ တော်တော်တူနေသလိုပဲနော်"
"အဲ... အဲဒါကြီးကို အဲဒီလို မပြောပါနဲ့ မိုးကြိုးပစ်ခံရလိမ့်မယ်။ မနေ့က နင် ခံစားရအောင် ငါ တမင်လုပ်တာ မဟုတ်ပါဘူး နင့်ကို အတွေ့အကြုံ ရစေချင်ရုံလေးပါ"
"ငါ့လက်တွေ ဘယ်လောက် နာနေလဲ နင် သိလား"
"သိပါတယ် သိပါတယ် ငါမှားသွားပါပြီ။ အဲဒါကြီးနဲ့ ငါ့ကို လာမပက်ပါနဲ့နော်"
"နင်က သွားရည်ကျတာကိုကျတော့ မရွံဘဲနဲ့ နှပ်ချေးကျတော့ ဘာလို့ ရွံနေတာလဲ နင် ငါ့ကို ရွံနေတာလား"
ချူးနင်၏ ဦးရေပြားမှာ တစစ်စစ် ဖြစ်လာသည် "ဒါက ရွံတာ မရွံတာနဲ့ ဘာဆိုင်လို့လဲ ငါက နင့်အပေါ် နှပ်ချေးတွေ လာသုတ်ရင် နင်ကော ပျော်မလား"
"မနေ့က နင် ဘာလုပ်ခဲ့လဲဆိုတာ နင် သိတယ်မလား"
"မနေ့က နင် ငါ့ကို စော်ကားတယ် ဒီနေ့ ငါက ပြန်လက်စားချေတာ"
ဒီမြင်ကွင်းက တကယ်ကို ကြည့်မကောင်းလှပေ။ ရွှေရောင်နဂါးဝတ်ရုံကို ဝတ်ဆင်ထားသည့် အေးစက်ချောမောသော အမျိုးသမီးတစ်ဦးက လက်ထဲတွင် နှပ်ချေးတစ်မျှင်နှင့် လူယုတ်မာတစ်ဦးကဲ့သို့ ပြုံးနေသည်။ ဤမြင်ကွင်းမှာ ထူးဆန်းလွန်းလှသဖြင့် ချူနင်မှာ ကြည့်ပင်မကြည့်ဝံ့တော့ပေ။
ချူနင်၏ တုံ့ပြန်မှုကိုမြင်တော့ ရဲ့ချင်းလျန်က အနည်းငယ် ကျေနပ်သွားပြီး နှပ်ချေးကို သုတ်ပစ်လိုက်သည်။ ချူးနင်က စိတ်အေးသွားသည်နှင့် ရဲ့ချင်းလျန်ကို လက်ဆေးရန် ခေါ်သွားသည်။ ဒါပေမဲ့ သူ ရှေ့တိုးလိုက်သည်နှင့် ရဲ့ချင်းလျန်က ကျန်နေတဲ့ နှပ်ချေးတွေကို ချူနင်ရဲ့ ကိုယ်ပေါ်မှာ လိုက်သုတ်တော့သည်။
"မနေ့က ငါ့ဝတ်ရုံပေါ်မှာ နင် လုပ်ထားတာတွေနဲ့ အခုတော့ သရေပဲ"
ချူးနင်က အားကိုးရာမဲ့စွာ သက်ပြင်းချလိုက်သည် "ဟူး... ကောင်းပါပြီ ငါ့အမှားပါ ငါ့အမှား။ ငါကိုယ်တိုင်ပဲ နင့်လက်ကို ဆေးပေးပါ့မယ် မဟုတ်ရင် နင့်လက်ကို ငါ ကိုင်တောင် မကိုင်ရဲတော့ဘူး"
ရေကန်နား ရောက်သောအခါ ချူနင်က ရဲ့ချင်းလျန်၏ လက်ကို ဆွဲကာ ဆပ်ပြာမျိုးစုံသုံး၍ အကြိမ်ကြိမ် ဆေးပေးတော့သည်။ ရဲ့ချင်းလျန်ကတော့ ပျော်ရွှင်နေသော်လည်း ချူနင်ကတော့ ဝမ်းနည်းနေပုံရသည်။
"ဒါတွေက နင် သမီးဆီက သင်ထားတာမလား"
ရဲ့ချင်းလျန်က မကျေမနပ် ပြောလိုက်သည် "ငါက ဘာမှမဖြစ်ပေမဲ့ နင်က ငါ့ကိုအပြစ်တင်နေတာလား နှပ်ချေးလေး သုတ်တာကို ဒီလောက် ရွံနေပြီးတော့ မနေ့ညက ငါ့လက်ပေါ်က အရာကျတော့ ဘာလို့ ဘာမှ မဖြစ်တာလဲ"
"ဟေ့... အဲဒါက မတူဘူးလေ"
"တူတူပါပဲ နင် အမြတ်ထွက်တဲ့ အချိန်ကျတော့ အားလုံးကို ပျော်ပျော်ကြီး လုပ်နေတာပဲ မဟုတ်လား"
"ကောင်းပြီလေ ဒါဆိုရင် နောက်တစ်ခါ နင်ပဲ ဆေးပေး ငါက လက်ဆေးဖို့ပဲ သုံးမယ် ဟုတ်ပြီလား"
"တော်ပါပြီ၊ အဲဒါက ပိုရွံဖို့ကောင်းတယ် ငါကတော့ ရွံနေပြီ"
"ဒါဆို ဘာလို့ အဲဒီလို ရွံစရာကောင်းတာတွေ လုပ်နေတာလဲ"
"နင့်ကို ရွံအောင် လုပ်ချင်လို့ပေါ့"
"ကဲ... နင် နိုင်ပါတယ်"
လက်ဆေးပြီး ခြောက်အောင် သုတ်ပြီးနောက် ရဲ့ချင်းလျန်က ထိုလက်နှင့် ချူနင်၏ မျက်နှာကို တမင်တကာ သွားထိလိုက်ကာ သူ့ကို စိုက်ကြည့်နေသည်။ နင်သာ နည်းနည်းလေး ရွံတဲ့အမူအရာ ပြလိုက်တာနဲ့ နင်တော့ သေပြီပဲ။ ဒါကို မြင်တော့ ချူးနင်က ဦးအောင် လက်ကို ဆွဲကာ နမ်းလိုက်သည်။
"ဒါဆို အဆင်ပြေပြီလား ငါ မရွံပါဘူး နင့်ရဲ့ နှပ်ချေးက တကယ်ကို ထူးဆန်းနေလို့ပါ"
ရဲ့ချင်းလျန်က တစ်ခုခု ပြောရန် ပြင်လိုက်သော်လည်း ချူနင်က ချက်ချင်း တားလိုက်သည်။
"မပြောနဲ့တော မဟုတ်ရင် မိုးကြိုးပစ်လိမ့်မယ်"
"အဲဒါက ဘာလဲ"
"ကောင်းကင်တာအိုဆိုတာ ရှိတယ် အဲဒီလို အရာတွေကို ဖော်ပြတဲ့သူမှန်သမျှကို သူက သိတယ် ငါတို့နှစ်ယောက်လုံး သေသွားနိုင်တယ်"
"အဲဒီလို ပုဂ္ဂိုလ်မျိုးက တကယ်ပဲ အဲဒီလောက် စွမ်းတာလား"
အဲဒါက ကမ္ဘာကြီးရဲ့ ခွန်အားထက် အများကြီး သာလွန်တဲ့ စွမ်းအားပဲ။ ဒါပေမဲ့ အဲဒီလို ပုဂ္ဂိုလ်မျိုးက ဒီစကားလုံးတွေကိုပဲ သတိထားမိမှာ အပြင်ကိုတော့ ထုတ်ပြောမှာ မဟုတ်ဘူး။ ရဲ့ချင်းလျန်က နားလည်ကြောင်း ခေါင်းကို အသည်းအသန် ညိတ်ပြလိုက်သည်။ ထို့နောက် သူမက ချူနင်ကို လွှတ်ခနဲ ခုန်ဖက်လိုက်ပြီး ချစ်ခင်တဲ့ အမူအရာပြလိုက်သည်။
"ချူးနင်... သမီးရှိတုန်းကတော့ ဒီလိုပုံစံမျိုးနေရမှာ ရှက်လို့ သမီးကိုတောင် မချီရဲဘူး"
ချူးနင်က ရယ်မောရင်း "အခုတော့ အားလုံး အဆင်ပြေသွားပြီလေ။ နင် ချန်ချင်းနန်းဆောင်ထဲမှာ အဝတ်မပါဘဲ ပတ်ပြေးရင်တောင် ဘယ်သူမှ မြင်မှာ မဟုတ်ဘူး။ ရှောင်ပင်းကတော့ ဂရုစိုက်မှာ မဟုတ်ပါဘူး"
"ငါ အဝတ်မပါဘဲ ပတ်မပြေးဘူး နင်လည်း အဲဒီလိုတွေ လျှောက်မတွေးနဲ့"
သူမက စူးစမ်းလိုစိတ်ဖြင့် ရုတ်တရက် မေးလိုက်သည် "ဒါနဲ့ မော့ချင်းယင်းက တကယ်ပဲ ယုံကြည်ရရဲ့လား"
"ယုံကြည်ရပါတယ် ငါအားလုံး တွက်ချက်ထားပြီးသား။ ဒါ့အပြင် သမီးကို ပေးထားတဲ့ ပစ္စည်းတွေက အရမ်းကောင်းတော့ သူ အရိုက်ခံရရင်တောင် ဘာမှဖြစ်မှာ မဟုတ်ဘူး စိတ်ချရပါတယ်"
"ဪ"
"တုံ့ပြန်မှုကလည်း အေးစက်လိုက်တာနင့်ယောက်ျားကို ချီးကျူးဖို့တောင် မစဉ်းစားဘူးလား
"
"နင့်ခေါင်းပေါ်ကို နှပ်ချေးတွေ အများကြီး လာသုတ်ပေးရမလား"
"တော်ပါပြီ ငါ့အတွက် ကလေးတွေသာ အများကြီး ထပ်မွေးပေးပါ"
"အင်း... ဒီနေ့တော့ စောသေးတယ် ဒါဆိုရင် ငါ့ကိုအခန်းထဲ ခေါ်သွားတော့လေ"
ငါပြောလိုက်တာနဲ့ နင်က ချက်ချင်း သဘောတူတာလာ အခုလို လွယ်လွယ်ကူကူ ရနေတော့ ငါ့မှာအောင်မြင်မှု ခံစားချက်တောင် မရှိတော့ဘူး။ နင်က ငါ့ကို အရင် နည်းနည်းလောက် နားပူနားဆာ လုပ်ခိုင်းသင့်တာပေါ့။ ရဲ့ချင်းလျန်က ချက်ချင်းပင် မကျေမနပ်ဖြစ်သွားပြီး ချူနင်၏ ကော်လာကို ဆွဲလိုက်သည်။
"မလုပ်ဘူးဆိုရင်လည်း မလုပ်ဘူးပေါ့ ဘာတွေ လာပြောနေတာလဲ ငါ့ကို နောက်နေတာလား"
"မင်္ဂလာဆောင်ပြီးကတည်းက နင်က အဲဒီကိစ္စပဲ တွေးနေတာလေ။ အခု ငါက လုပ်မယ်လို့ ပြောတာကို နင်က အချိန်ဆွဲနေသေးတယ် နင်က ဘယ်လိုယောက်ျားမျိုးလဲ"
"ချင်းလျန်... ငါ ဆိုလိုတာက"
"ထပ်ပြောရင် နင် ယောက်ျားမဟုတ်ဘူးနော်" ဒီလို ခြိမ်းခြောက်မှုကြီး ကြုံလာတော့ သူ ဘာတတ်နိုင်ဦးမှာလဲ။
အသာတကြည် လိုက်လျောရုံမှတစ်ပါး အခြားမရှိတော့ပေ။
ဘဝက တကယ် ခက်ခဲပါလား။