အခန်း ၁၈၆ သမီးလေးကို ဒီလိုပဲ ပေးလိုက်ရတာလား
တည်းခိုခန်းအတွင်း၌...
လူကြီးနှစ်ယောက် အောက်ထပ်သို့ ဆင်းလာပြီး ဖြည်းညှင်းစွာ ထိုင်လိုက်ကြသည်။
ယောင်ယောင်ကတော့ ချူမူကို ဖက်ထားပြီး တဟီးဟီးနှင့် ရယ်မောနေသည်။ စောစောကမှ အရိုက်ခံထားရသည့် ပုံစံမျိုး လုံးဝမပေါက်ပေ။
မော့ချင်းယင်းတစ်ယောက် သဘောပေါက်သွားပုံရသည်။ အရိုက်ခံရတာကို ချက်ချင်းမေ့ပြီး ကောင်းတာကိုပဲ မှတ်ထားတတ်တာလား ဒါကြောင့်လည်း သူမတို့က တပည့်သွားလုပ်ဖို့ ဒီလောက် စိတ်အားထက်သန်နေကြတာကိုး။
သူမ ဇနီးမောင်နှံကို တစ်ချက် ပြန်ကြည့်မိသည်။ တစ်ယောက်က ကျင့်ကြံမှု အလွန်အမင်း မြင့်မားနေပြီး တစ်ယောက်ကတော့ ကျင့်ကြံမှု အလွန်အမင်း နိမ့်ပါးနေသည်။ ဒီနှစ်ယောက် ဘယ်လိုများ ဆုံခဲ့ကြတာလဲ။
သို့သော် ရဲချင်းလျန်သည် အနှစ်တစ်ရာအတွင်း မဟာဧကရာဇ်အဆင့်ကို ရရှိထားသူ ဖြစ်သဖြင့် မဟာတောရိုင်းတိုက်ကြီးတွင်ပင် တွေ့ရခဲသည့် ပါရမီရှင် ဖြစ်သည်။ အနှစ်တစ်ထောင်အတွင်း မဟာဧကရာဇ်အဆင့်ကို ချိုးဖောက်နိုင်ရန်မှာ သူမအတွက် ပြဿနာ မဟုတ်ပေ။
ဤသို့သောသူမျိုးမှာ ယနေ့ခေတ်တွင် ရှားပါးလှသည်။ သူမ၏ အသွင်အပြင်နှင့် အမူအရာမှာ အလွန်နူးညံ့သိမ်မွေ့ပြီး ရင့်ကျက်သော အမျိုးသမီးတစ်ဦး၏ အရှိန်အဝါ ရှိသော်လည်း သူမ၏ မျက်နှာပေါ်ရှိ နီမြန်းနေသော အရောင်အဝါမှာမူ စောစောက ဇနီးမောင်နှံနှစ်ဦး တစ်ခုခု ပြုလုပ်ထားကြောင်း သိသာစေသည်။
မည်သို့ပင်ဖြစ်စေ ၎င်းမှာ သူတို့ဇနီးမောင်နှံ၏ ကိုယ်ပိုင်ကိစ္စသာ ဖြစ်သည်။ မော့ချင်းယင်းအနေဖြင့် ကျင့်စဉ်တစ်ခု သို့မဟုတ် ချူနင်၏ အစွမ်းကြောင့်နှင့် သူတစ်ပါးလင်ကို လုယူမည့် အဆင့်အတန်းမျိုး မဟုတ်ပေ။ အထူးသဖြင့် သူတို့နှစ်ဦးမှာ အလွန်ချစ်ကြသူများ ဖြစ်နေသည်။
စီနီယာနဲ့ ဇနီးသည်တို့ စိတ်အေးအေးထားပါ။ သမီးတို့က ထိုက်ထျန်းနန်းတော်ကို ရွေးချယ်ခဲ့တဲ့အတွက် ကျွန်မကိုယ်တိုင် သင်ကြားစောင့်ရှောက်ပေးပါ့မယ်။ သူတို့ကို ဘယ်တော့မှ စိတ်မချမ်းသာအောင် မလုပ်စေရပါဘူး။
ထိုသို့ပြောပြီးနောက် သူမက ချူမူနှင့် ယောင်ယောင်ကို ကြည့်လိုက်သည်။
ဒီနေ့ကစပြီး ငါက မင်းတို့ရဲ့ ဆရာပဲ ကျင့်ကြံမှုပဲဖြစ်ဖြစ် နေ့စဉ်ဘဝမှာပဲဖြစ်ဖြစ် သိချင်တာရှိရင် ငါ့ဆီ လာခဲ့ပါ။ ငါ့ကို ဆရာလို့ပဲ ခေါ်ပါ။
ချူးမူကတော့ အေးဆေးပင် "အင်း"
ယောင်ယောင်ကတော့ စိတ်လှုပ်ရှားနေသည်
ဟုတ်ကဲ့ ဆရာမကြီး ဟော... ဖေဖေ ကြည့်ဦး သမီးမှာ ဆရာရှိသွားပြီ။ သူမက ဖေဖေ့ရဲ့ မိန်းမတွေထက်တောင် ပိုပြီး ကြီးသေးတယ်။
လူတိုင်း: "......"
ရဲချင်းလျန်က တည်ငြိမ်စွာ ပြောလိုက်သည် သူ့ (ချူနင်) ရှိနေလို့ဆိုပြီး သူတို့ကို အရမ်းအလိုမလိုက်ပါနဲ့။ ရှင့်ဆီ အပ်ထားတယ်ဆိုတာ သူတို့ ပိုပြီး ရင့်ကျက်လာဖို့ မျှော်လင့်လို့ပါ။ ဆုံးမရမယ့်အချိန်ဆိုရင်လည်း အားမနာပါနဲ့။
မော့ချင်းယင်းက အိုးတိုးအောင့်တေး ပြုံးလိုက်ရင်း ကျွန်မ သေချာလမ်းညွှန်ပေးပါ့မယ်။
ချူနင်က ယောင်ယောင် လက်ထဲက အမွှေးလုံးလေး (ထောင်းထီး)ကို တစ်ချက် ကြည့်လိုက်သည်။ ထောင်းထီးက ကြောင်အမ်းအမ်းဖြင့် မော့ကြည့်လာပြီး တုန်ရင်သွားရသည်။ ဘာလို့ ငါ့ကိုဒီလိုကြည့်နေတာလဲ ငါဘာမှမလုပ်ရသေးဘူးနော်။
နောက်တစ်စက္ကန့်တွင် ၎င်းသည် တစ်စုံတစ်ခုသော ဟင်းလင်းပြင်ထဲသို့ ဆွဲသွင်းခံလိုက်ရသလို ခံစားလိုက်ရပြီး ချူနင်နှင့် မျက်နှာချင်းဆိုင် ဖြစ်သွားသည်။
ချူနင်က ထိုအမွှေးလုံးနက်လေးကို ကြည့်ပြီး အေးဆေးစွာ ပြောလိုက်သည် မင်းဘာလဲ ဘာလုပ်ချင်လဲဆိုတာ ငါသိတယ်။ အခု ငါ့သမီးက ထိုက်ထျန်းနန်းတော်ကို သွားတော့မယ်။ အဲဒီမှာ လူစိမ်းတွေချည်းပဲ။ အားကိုးရမယ့် အမျိုးသမီးဆိုလို့ ဟိုဆရာမပဲ ရှိတယ်။ ငါ သူမရဲ့ အတိတ်၊ ပစ္စုပ္ပန်နဲ့ အနာဂတ်ကို တွက်ချက်ကြည့်ပြီးပြီ သူမက လူရော ကျင့်ကြံမှုပါ ကောင်းမွန်တဲ့သူပါ။ သူမက ဆရာဖြစ်နိုင်ပေမဲ့ ငါကတော့ စိတ်မချသေးဘူး။
ဒါကိုကြားတော့ ထောင်းထီးက တံတွေးကို ခက်ခက်ခဲခဲ မျိုချလိုက်ရသည်။ ငါ ဘယ်သူလဲဆိုတာ သိနေရင် ဘာလို့ ငါ့ကိုဆက်ထားထားတာလဲ။
နောက်တစ်စက္ကန့်တွင် ၎င်း၏ပုံသဏ္ဌာန်မှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး ၎င်း၏ ကျင့်ကြံမှုမှာ ပင်လယ်ရေလှိုင်းကဲ့သို့ တဟုန်ထိုး မြင့်တက်လာသည် အားနည်းနေသည့် အဆင့်မှ အဆင့်ဆင့် တက်လှမ်းသွားသည်မှာ နတ်ဘုရားတစ်ပါး၏ ကောင်းချီးပေးမှုကို ခံရသကဲ့သို့ပင်။
ဘေးဒုက္ခ ၉,၈၀၀ ကျော်ဖြတ်ထားသည့် မသေမျိုးဧကရာဇ်အဆင့်သို့ ပြန်လည်ရောက်ရှိသွားပြီ ၎င်း၏မျက်နှာမှာ အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေပြီး ရှေ့က အမျိုးသားကို တုန်တုန်ရင်ရင် ငေးကြည့်နေမိသည်။
"ဒါဘယ်လိုနည်းလမ်းမျိုးလဲ ငါ့ရဲ့ ဘိုးဘေးကြီးတောင် ငါ့ရဲ့ ကျင့်ကြံမှုကို တိုက်ရိုက် ပြန်မပေးနိုင်ဘူး"
"ငါ့သမီးက မင်းကိုတန်ဖိုးထားတယ်ဆိုတော့ ဒါဟာရေစက်ပဲ။ နောက်ပိုင်း သူမ တစ်ခုခုဖြစ်ခဲ့ရင် မင်း သေချာစောင့်ရှောက်ပေးရမယ်" ထောင်းထီး ချက်ချင်း သဘောပေါက်သွားသည်။
မင်းက ဟိုအမျိုးသမီးကို မယုံဘူးပေါ့ ငါ့ကိုကလေးထိန်းခိုင်းတာလား။ နောက်နေတာလား ငါက ရှေးဦးမိစ္ဆာနယ်မြေရဲ့ ထိပ်တန်း သားရဲကြီး လေးကောင်ထဲက ခေါင်းဆောင် ဘိုးဘေးကြီးရဲ့ အောက်က ပထမဆုံးပလ္လင်ရှင်ပဲ ငါ့ကိုကလေးထိန်းခိုင်းတာလား ဒါမှမဟုတ် သူမက ငါ့ကိုခွေးတစ်ကောင်လို ဆက်ဆံမှာလား ဒါဟာငါ့ကိုစော်ကားတာပဲ။
"အကယ်၍ ကောင်းကောင်း စောင့်ရှောက်နိုင်ရင် မိစ္ဆာနယ်မြေတစ်ခုလုံးကို မင်းလက်အောက် ထည့်ပေးနိုင်တယ်"
ဒါကို ကြားတော့ ထောင်းထီး ခေတ္တမှင်တက်သွားပြီးနောက် ချက်ချင်းပင် ဦးညွှတ်လိုက်သည် ၎င်းသည် အမွှေးလုံးလေး ဖြစ်နေသေးသော်လည်း တတ်နိုင်သမျှ အရိုအသေ အပေးဆုံး ပုံစံကို လုပ်ပြလိုက်ခြင်း ဖြစ်သည်။
"ဒါဆိုရင် ခင်ဗျက ကျွန်တော့်ရဲ့ အဖေပဲ"
"သမီးကို စောင့်ရှောက်ဖို့ မပြောနဲ့ ခင်ဗျအတွက်ဆို ကျွန်တော်သေပေးဖို့တောင် အသင့်ပဲ ဒါနဲ့ကျွန်တော်က သေလုနီးပါး ဖြစ်နေတာဆိုတော့ ခင်ဗျအနေနဲ့ ကျွန်တော့်ကို အချိန်မြစ်ထဲကနေ ကယ်တင်ပေးနိုင်တယ် မဟုတ်လား"
ချူနင်က ဘာမှ ထပ်မပြောတော့ဘဲ နောက်တစ်စက္ကန့်တွင် သူတို့နှစ်ဦး တည်းခိုခန်းထဲ ပြန်ရောက်သွားကြသည်။ ရဲချင်းလျန်က မော့ချင်းယင်းကို ကလေးနှစ်ယောက်၏ အကျင့်စရိုက်များအကြောင်း ပြောပြနေသည်။ မော့ချင်းယင်းကလည်း စကားတစ်ခွန်းမှ မလွတ်စေရန် အသေအချာ နားထောင်နေသည်။
"လောလောဆယ်တော့ ဒီလောက်ပါပဲ။ နန်းတော်သခင်မော့အနေနဲ့ သူတို့ကို အရမ်းအလိုမလိုက်ဖို့ လိုပါတယ် အထူးသဖြင့် ယောင်ယောင်ကိုပေါ့"
"နားလည်ပါပြီ"
မော့ချင်းယင်း၏ အမူအရာကြောင့် ရဲချင်းလျန် အနည်းငယ် အဆင်မပြေ ဖြစ်သွားသည်။ ထိပ်တန်းအင်အားစုတစ်ခု၏ ခေါင်းဆောင်တစ်ဦးအနေဖြင့် ဤမျှအထိ ရိုကျိုးနေစရာ မလိုပေ။ သို့သော် ရဲချင်းလျန် နေသားကျနေပါပြီ။ ချူနင် ရှိနေသရွေ့ မဟာဧကရာဇ်လား မသေမျိုးဧကရာဇ်လားဆိုတာ စာလုံးတစ်လုံးပဲ ကွာခြားပြီး အတူတူပါပဲ။
ယောင်ယောင် လက်ထဲက အမွှေးလုံးလေးမှာ အဆုံးမဲ့ ကျင့်ကြံမှုများ ရှိနေသော်လည်း ယခုအချိန်တွင် မူလပုံစံသို့ ပြန်ပြောင်းရန် စိတ်ကူးမရှိပေ။ လူကြီးတွေက ပြောထားပြီးသားပဲ။ ငါ့သမီးကို ကြည့်ထားပါတဲ့ အဲဒီကောင်မလေးကို ငါမျက်စိဒေါက်ထောက် ကြည့်ထားမယ်။ ဒါဆိုရင် ဘိုးဘေးကြီးကိုတောင် ငါဖြုတ်ချနိုင်ပြီ။
မဟာနိယာမ သုံးထောင်ကို တတ်မြောက်ထားသည့် ထိုအမျိုးသမီးပင် ဤမျှ အကျိုးကျေးဇူး ရရှိထားသည် မဟုတ်ပါလား။ ၎င်း၏ ခွန်အားကို အချိန်တိုအတွင်း အထွတ်အထိပ်သို့ ပြန်ပို့ပေးနိုင်သော တည်ရှိမှုမှာ အလွန်အမင်း အစွမ်းထက်နေမည်မှာ သေချာသည်။
တခြားသူဆီမှာ ခွေးလုပ်ရရင်ကော ဘာဖြစ်လဲ ဒီမှာအောက်ကျနောက်ကျ ခံနေရပေမဲ့ အပြင်ထွက်ရင်တော့ ငါက အနှိုင်းမဲ့ အစွမ်းထက်တဲ့သူ ဖြစ်နေမှာပဲ ဟားဟား ငါတော်တော် ကံကောင်းတာပဲ။
မော့ချင်းယင်း ဖြည်းဖြည်းချင်း မတ်တပ်ရပ်လိုက်သည် သူမ၏ ပုခုံးပေါ်တွင် ကြီးမားသော တာဝန်တစ်ခု ရှိနေသည်ဟု ခံစားလိုက်ရသည်။ သူမသည် ဤတပည့်နှစ်ယောက်၏ ပါရမီနှင့် ရုပ်ရည်ကိုပင် အလွန်သဘောကျနေပြီးသားပါ။
"ဒါဆိုရင် ကျွန်မ မူမူနဲ့ ယောင်ယောင်ကို ထိုက်ထျန်းနန်းတော်ဆီ အရင်ခေါ်သွားပါရစေ"
"အင်း ပြဿနာရှိရင် ကျွန်တော့်ကို တိုက်ရိုက် ဆက်သွယ်ပါ"
"ကောင်းပါပြီ"
သူတို့အုပ်စု ထွက်ခွာသွားသည်ကို ကြည့်ရင်း ရဲချင်းလျန်၏ စိတ်ထဲတွင် ခံစားချက်မျိုးစုံ ဖြစ်ပေါ်နေသည်။
"သူတို့ကို မွေးထားတာ နှစ်နှစ်တောင် မပြည့်သေးဘူး အခုတော့ သူတစ်ပါးလက်ထဲ ပေးလိုက်ရပြီ"
ချူးနင် ခေတ္တ တိတ်ဆိတ်သွားပြီးနောက် နဖူးကို ပွတ်ရင်း "ဒါက ပေးလိုက်တာ မဟုတ်ပါဘူးလေ"
"ရှင်ကတော့ အေးဆေးနေနိုင်တာပေါ့"
"ဒါပေမဲ့ ချင်းလျန် မင်းကိုယ်တိုင် အစက သဘောတူခဲ့တာလေ"
"အဲဒါက အရင်ကလေ အခုတော့ ခွဲရမှာကို မရက်စက်နိုင်တော့ဘူး"
"ဒါဆို ပြန်ခေါ်မလား"
"ဟင့်အင်း သူတို့လည်း တစ်နေ့ကျရင် အပြင်ထွက်ရမှာပဲ။ အခုလို ကောင်းမွန်တဲ့ ဆရာတစ်ယောက် ရှိတာက အနည်းဆုံးတော့ ယောင်ယောင်အတွက် အကျိုးရှိမှာပါ"
သူမက ချူနင်ကို အပြစ်တင်သလို ကြည့်လိုက်သည် "ယောင်ယောင်က ရှင်အရမ်းအလိုလိုက်ထားလို့ ပျက်စီးနေတာ။ ကျွန်မ ဒီလောက် ဝမ်းနည်းရတာမျိုး တစ်ခါမှ မရှိဖူးဘူး။ သူမကို အမှားတွေ မလုပ်မိအောင် ဆုံးမတာကို သူမက နားမလည်ဘူး။ သူမက ငိုနေတော့ ကျွန်မပါ လိုက်ငိုချင်လာပြီ"
ချူနင်က ပြုံးပြီး ရဲချင်းလျန်၏ လက်ကို ဆွဲလိုက်သည် "သူတို့က ငယ်သေးတော့ အများကြီး နားမလည်ကြသေးတာပါ။ ကြီးလာရင် မင်းရဲ့စေတနာကို နားလည်သွားမှာပါ။ ပညာပေးတဲ့နေရာမှာတော့ စံနမူနာကောင်းပြဖို့ လိုတာပေါ့။ ပြီးတော့ သမီးရဲ့ စိတ်ဓာတ်ကို မင်းသိသားပဲ သူမက မင်းကိုမုန်းမှာ မဟုတ်ပါဘူး"
"တကယ်လား"
"ဒါပေါ့ အခုဆိုနင့်ကိုတောင် မေ့သွားလောက်ပြီ"
ရဲချင်းလျန်: "......"
"တကယ်ကို ရက်စက်တာပဲ ဒါဆို စောစောက ရိုက်တာ နည်းသွားတာပေါ့"
"ဟုတ်တယ် ဟုတ်တယ် နောက်တစ်ခါ ပိုနာအောင် ရိုက်လိုက်"
"ဒါပေမဲ့ နောက်ကျရင် သူတို့ကို ငါနိုင်ပါဦးမလား မသိဘူး"
"မင်းက ကျင့်ကြံခြင်းကို အားမထုတ်ဘဲ နေမှာမလို့လား"
"သူတို့လောက် ဘယ်လိုလုပ် မြန်မြန် တက်မှာလဲ"
"ဒါဆို တို့တွေနှစ်ပါးသွားကျင့်စဉ်ကို စမ်းကြည့်မလား"
ရဲချင်းလျန်က စူးစမ်းသလို ကြည့်လာသည်။
"အဲဒါက ကျင့်ကြံမှုကို မြန်စေမှာလား ဒါပေမဲ့ ရှင့်ရဲ့ ကျင့်ကြံမှုက ဒီလောက် မြင့်နေတာ ကျွန်မ ခံနိုင်ပါ့မလား"
"နည်းနည်းလေးပဲ ထိန်းထားရင် ရပါတယ် မဟုတ်ရင်တော့ မင်းခံနိုင်မှာ မဟုတ်ဘူး"
"ကျွန်မက ကျင့်ကြံမှု အဆင့်ကို ပြောတာပါ အဲဒါလုပ်တဲ့ အချိန်ကို ပြောတာ မဟုတ်ဘူး"
"ဘယ်အရာပဲဖြစ်ဖြစ် မင်းမခံနိုင်ရင် မမေးနဲ့တော့ စမ်းကြည့်လိုက်ရင် သိမှာပဲ"