အခန်း ၁၈၅ သူ နားမထောင်ဘူး
ဤအခိုက်အတန့်တွင် မည်မျှပင် အဆင့်အတန်း မြင့်မားသူဖြစ်ပါစေ စိတ်ထဲတွင် ထူးဆန်းသော အတွေးတစ်ခု ပေါ်လာသည်မှာ ရှောင်လွှဲ၍မရပေ။
မော့ချင်းယင်းသည် ကျင့်စဉ်ကျမ်းကို ကိုင်ထားရင်း လုံးဝမှင်တက်ကာ တုန်ရင်နေမိသည်။ မဟာနိယာမ သုံးထောင်စလုံးကို တတ်မြောက်နိုင်ခြင်း။ နန်းတော်သခင်ကိုယ်တိုင်ပင် ထိုအခြေအနေကို အပြည့်အဝ မရောက်သေးပေ။
ဆိုလိုသည်မှာ ဤကျင့်စဉ်ကိုသာ ကျင့်ကြံပါက အနှစ်တစ်ရာအတွင်း လူသားမျိုးနွယ်၏ ထိပ်တန်းမသေမျိုးဧကရာဇ်တစ်ဦး ဖြစ်လာနိုင်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
ထို့အပြင် နောက်ကွယ်က စကားလုံးများမှာလည်း အဘယ်အဓိပ္ပာယ်နည်း ကောင်းကင်ပြောင်းလဲခြင်း ေရွှရောင်ပြောင်းလဲခြင်း ၎င်းတို့မှာ မည်သည့် အဆင့်အတန်းများနည်း။
သူမ မေးချင်သောမေးခွန်းများ ရှိသော်လည်း ယခုအချိန်တွင် သူမ၏ စိတ်အစဉ်မှာ ဗရုတ်ဗရက် ဖြစ်နေသည်။ အမှန်ပင် စောစောက သူမမငြင်းခဲ့သင့်ပေ။
ဤကလေးမလေးနှစ်ယောက်၏ မိခင်ဖြစ်ရခြင်းမှာလည်း မဆိုးလှပေ။ သူမ၏ အရင်းအချာကလေးများ ဟုတ်မဟုတ် အရေးမကြီးဘဲ ဤကျင့်စဉ်များအတွက်ကြောင့်နှင့်ပင် ထိုကလေးများကို သူမ၏ ကိုယ်ပိုင်ကလေးများထက် ပို၍ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်နိုင်ပါသည်။
မော့ချင်းယင်းသည် မိမိဘာသာ ခါးသီးစွာ ပြုံးမိသည်။ သူမ မငြင်းခဲ့လျှင်တောင်မှ ထိုလူ၏ မျက်စိထဲသို့ သူမ ဝင်ပါမည်လော။ ရုပ်ရည် မည်သူမည်ဝါဖြစ်မှု သို့မဟုတ် အဆင့်အတန်း မည်သည့်အရာနှင့် ကြည့်ကြည့် မော့ချင်းယင်းသည် လူသားမျိုးနွယ်၏ ပြယုဂ်တစ်ခု ဖြစ်သည်။
သို့သော် သူမရှေ့တွင် ရပ်နေသော ချူနင်သည် သူမကို ကြည့်မနေသည်မှာ သိသာလှသည်၊သို့မဟုတ် အမျိုးသားတစ်ဦး၏ အမြင်ဖြင့် ကြည့်မနေခြင်းလည်း ဖြစ်နိုင်သည်။ ထိုမျက်လုံးများထဲတွင် စိတ်သက်သာရာရမှုနှင့် အံ့သြမှုတို့သာ ပို၍ ကိန်းအောင်းနေပုံရသည်။
ကလေးကို ကူထိန်းပေးမည့်သူ ပေါ်လာ၍ စိတ်အေးသွားသည့် ပုံစံမျိုးဖြစ်ကြောင်း စောစောက ဆက်သွယ်ရေး ကျောက်ပြားမှ ကြားရသော စကားများအရ သိနိုင်သည်။
သူမမှာ အမှန်တကယ်ပင်ကိုယ်လုံးကိုယ်ပေါက် လှပသူဖြစ်သဖြင့် အခြားသူများသာ စိုက်ကြည့်နေပါက မျက်လုံးအဖောက်ခံရမည် ဖြစ်သော်လည်း ချူနင်ကမူ။ သူတို့က ထိုအရာများကို အရေးတယူ ရှိပုံမရပေ။
သို့သော် ဤအတွေးများသည် မော့ချင်းယင်း၏ စိတ်ထဲတွင် ဖြစ်ပေါ်နေသော ရှုပ်ထွေးသည့် ခံစားချက်များ၏ တစ်စိတ်တစ်ပိုင်းသာ ဖြစ်သည်။ အရာအားလုံးထက် စိတ်လှုပ်ရှားမှု ဤမျှ အဆင့်မြင့်သော စီနီယာတစ်ဦး၏ယုံကြည်မှုကို ရရှိခြင်းအတွက် ဝမ်းမြောက်မှုနှင့် အနာဂတ် အောင်မြင်မှုများအတွက် မျှော်လင့်ချက်များက ပို၍ ကြီးစိုးနေသည်။
အနှစ်တစ်ရာအတွင်း မဟာတာအို နိယာမ သုံးထောင်စလုံးကို တကယ်ပဲ တတ်မြောက်နိုင်မှာလား ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး၏ စကားကို သံသယဝင်နေစရာ မလိုပေ။
ချူမူကတော့ ဂရုမစိုက်ပေ။
သူမ၏စွမ်းရည်များက မွေးရာပါပိုကောင်းသည်။ ဤဖခင်ဖြစ်သူက သူတို့ကို အရမ်းအလိုလိုက်လွန်းသဖြင့် ခရီးထွက်ရခြင်းမှာ ကောင်းမွန်သော အတွေ့အကြုံ ဖြစ်လိမ့်မည်။
ထိုက်ထျန်းနန်းတော်လား ဘေးဒုက္ခ ၂၃,၀၀၀ ကျော်ဖြတ်ထားသော မသေမျိုးဧကရာဇ် မော့ချင်းယင်းသည် သူတို့အတွက် အကာအကွယ် တစ်ခုဖြစ်ပေးနိုင်သည်။
၎င်းသည် အလွန်ကြီးမားသော အကာအကွယ် မဟုတ်စေကာမူ မဟာတောရိုင်းတိုက်ကြီးအတွင်းရှိ အင်အားစုများနှင့် လူသားမျိုးနွယ်များကြားတွင်မူ လုံလောက်သည်ထက် ပိုပါသည်။
ကျေးဇူးတင်ပါတယ် စီနီယာ ကျွန်မ ရှင့်ရဲ့ ယုံကြည်မှုကို လုံးဝ အပျက်ခံမှာ မဟုတ်ပါဘူး။
ချူနင်က ဂရုမစိုက်သလိုပင် တည်ငြိမ်သော အမူအရာနှင့် ရှိနေသည်။ ကောင်းပြီ ကောင်းပြီ သမီးကို ကူထိန်းပေးမယ့်သူ ပေါ်လာပြီပဲ။
ဒါဆိုရင် ကလေးတွေ အများကြီးယူပြီး ကိုယ့်အင်ပါယာကိုယ် တည်ထောင်မယ့် ငါ့ရဲ့ ရည်မှန်းချက်ကြီးကို ဆက်သွားလို့ ရပြီပေါ့။ သမီးကလည်း အရွယ်ရောက်လာပြီပဲ။
ရုတ်တရက် အပေါ်ထပ်မှ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ လူတိုင်း အပေါ်သို့ မော့ကြည့်လိုက်ကြပြီး တိတ်ဆိတ်သွားကြသည်။
မော့ချင်းယင်းက ခေတ္တ တုံ့ဆိုင်းသွားပြီးမှ ပြောလိုက်သည် ကလေးတွေက ငယ်သေးတော့ အရမ်းပြင်းပြင်းထန်ထန် ရိုက်တာ မကောင်းဘူး ထင်တယ်။ ချူနင်နှင့် ချူမူတို့က တစ်ပြိုင်တည်း ပြောလိုက်ကြသည်။
"ရပါတယ်"
ချူမူကတော့ ထိုလူအအတွက် အရိုက်ခံရခြင်းက ပိုကောင်းသည်ဟု ခံစားရသည်။ မင်းက ဘာတွေလျှောက်ပြောနေတာလဲ စိတ်ဖောက်ပြန်နေတာလား မေမေကိုလဲပစ်ဖို့လား မင်းဘာတွေစားပြီးကြီးလာတာလဲ မသိဘူးလား ဖေဖေ့ရဲ့ရတနာလေး ဖြစ်နေရင်တောင် မေမေရဲ့ အဝတ်တွေကို ချွတ်ဖို့ ကြိုးစားတာကတော့ အရိုက်ခံရဖို့ ထိုက်တန်ပါတယ်။
ဒါကိုမြင်တော့ မော့ချင်းယင်းက ပိုပြီး တိတ်ဆိတ်သွားသည်။ သူမသည် ကျင့်စဉ်ကျမ်းကို အမြန်သိမ်းလိုက်ပြီး မတ်မတ်ထိုင်လိုက်သည်။
ရန်ပွဲပြီးလုနီးပါး ဖြစ်နေသည်ကို မြင်သောအခါ ချူနင် မတ်တပ်ရပ်လိုက်သည်။ကျွန်တော်သွားပြီး ဇနီးသည်ကို ဒီအကြောင်း ပြောလိုက်ဦးမယ်။
မော့ချင်းယင်းက ချက်ချင်း ခေါင်းညိတ်ပြသည်။ မိဘနှစ်ပါးစလုံး သဘောတူလျှင် ပိုကောင်းမည်မှာ ပြောစရာ မလိုပေ။ သို့သော် ဤမိန်းကလေးနှစ်ယောက် သူမ တကယ်ပဲ ကောင်းကောင်းသင်ပေးနိုင်ပါ့မလား ယခုအချိန်တွင် သံသယအချို့ ရှိနေခြင်းမှာ ရှောင်လွှဲ၍မရပေ။
အနည်းဆုံး မသေမျိုးဧကရာဇ် အဆင့်ရှိသဖြင့် မဟာဧကရာဇ် အဆင့်အထိ ကျင့်ကြံအောင် သင်ပေးရန်မှာ ပြဿနာ မရှိနိုင်ပေ။ သို့သော် ပို၍ ကြိုးစားအားထုတ်ရန်တော့ လိုအပ်ပေလိမ့်မည်။
အပေါ်ထပ်တွင် ချူနင် တံခါးတွန်းဖွင့်လိုက်သည်နှင့် ငိုထား၍ မျက်လုံးများ နီရဲနေသော ယောင်ယောင်သည် ချက်ချင်း ပြေးလာပြီး သူ့ကို ဖက်ထားလိုက်သည်။
သူမ စကားတစ်ခွန်းမှ မပြောရဲဘဲ ငိုသာငိုနေမိသည် အကြောင်းမှာ ရဲ့ချင်းလျန်က သူမ၏ နောက်တွင် ရှိနေသောကြောင့်ဖြစ်သည်။
မေမေ မရှိတော့ရင် ဖေဖေက မေမေရဲ့နေရာမှာ အစားထိုးရမယ် အဲဒီအစ်မကြီးတွေက အရပ်ရှည်ပြီးလှတယ် ဖေဖေ သေချာပေါက် ကြိုက်မှာပါ ပြီးတော့ သူတို့က အရမ်းနူးညံ့ပုံရတယ် ဒါကမေမေနဲ့ လုံးဝမတူဘူး ဟီး...ရဲချင်းလျန်က ယောင်ယောင်ကို ငေးကြည့်နေမိသည်။
ဒါရှင်ပြုစုပျိုးထောင်ထားတဲ့ သမီးလား ရှင်က မရိုက်ရက်ဘူးဆိုတော့ ကျွန်မပဲ ကိုယ်တိုင် လုပ်လိုက်တယ်။
ချူနင်က သမီးကို ချော့မြှူရင်း ရဲချင်းလျန်ကို မျက်စိမှိတ်ပြလိုက်သည် သူမ တော်တော်လေး ကောင်းကောင်း လုပ်နိုင်ခဲ့ကြောင်း အရိပ်အယောင် ပြလိုက်ခြင်းဖြစ်သည်။ သူကတော့ သမီးကို ရိုက်ဖို့မရက်စက်နိုင်သလို သမီး အရိုက်ခံရတာကိုလည်း မကြည့်ရက်ပေ။
ဇနီးသည်ကသာ သူ့အတွက် အဆိုးခံပေးနေခြင်း ဖြစ်သည်။ ကလေးဆိုသည်မှာ ရိုက်မှ ဆုံးမ၍ ရမည် မဟုတ်ပါလား။ သမီးက တော်တော်လေး လိမ်မာသော်လည်း ယခုကဲ့သို့ ဆုံးမခံရခြင်းအတွက် သူ ကျေနပ်မိသည်။
ထိုက်ထျန်းနန်းတော်က လူတွေနဲ့ ဆွေးနွေးတာ ဘယ်လိုလဲ။ဖေဖေ ယောင်ယောင်ကို စွန့်ပစ်တော့မလို့လား။ ကလေးမလေးက မျက်ရည်ဝဲနေသော မျက်လုံးများဖြင့် ချူနင်ကို မော့ကြည့်ကာ ပို၍ ဝမ်းနည်းနေပုံရသည်။ မေမေအရိုက်ခံရခြင်းထက် ဖေဖေက စွန့်ပစ်မည်ကို ပို၍ ကြောက်နေပုံရသည်။
ချူနင်က ဇဝေဇဝါ ဖြစ်သွားသည်။ ဟေ့... ဒါ မဟုတ်သေးဘူးလေ။ ငါတွက်ချက်ကြည့်တော့ နင်နဲ့ နင့်အစ်မကပဲ တပည့်သွားလုပ်ချင်တယ်လို့ ပြောနေကြတာ မဟုတ်လား။
သူမက ဖေဖေ့ကိုပြန်မတွေ့ရတော့ဘူးလို့ ပြောလို့ သမီး မသွားချင်တော့တာ။ ဒါပေါ့ ဖေဖေ့ကို အချိန်မရွေး ပြန်တွေ့လို့ ရတာပဲ။ ဒါဆို နင် ဘာလို့ အစက တပည့်လုပ်ချင်တာလဲ။ သမီးက မသွားချင်လျှင် သူတို့စေလွှတ်မည် မဟုတ်ပေ။ ၎င်းမှာ ပထမဦးစားပေး အချက်ဖြစ်သည်။
ယောင်ယောင်က ခဏစဉ်းစားပြီးနောက် တိုးတိုးလေး ပြောသည် သမီး အဲဒီနေရာကို တစ်ခါမှ မရောက်ဖူးလို့လေ ကြည့်ရတာ ပျော်စရာကောင်းပုံရတယ်။ ပြီးတော့ အဲဒီအစ်မကြီးက တပည့်လက်ခံမယ်လို့ ပြောလို့ သမီး သဘောတူလိုက်တာ။ ဖေဖေ့ကို အချိန်မရွေး တွေ့နိုင်မယ်ဆိုရင်ကော။
ဖေဖေ ယောင်ယောင်ကို စွန့်ပစ်မှာလား။ ချူနင်က ရယ်လည်းရယ်ချင်သလို စိတ်လည်း ပျက်သွားမိသည်။
ဒါပေါ့ မဟုတ်ပါဘူး ယောင်ယောင်က ဖေဖေ့ရဲ့ရတနာလေးပဲ။ ဖေဖေက ဘယ်လိုလုပ် မလိုချင်ဘဲနေမှာလဲ ဒါပေမဲ့ သမီးနဲ့ သမီးအစ်မ ဘယ်လိုတွေးလဲ ဆိုတာပေါ်မှာပဲ မူတည်တယ်။ ယောင်ယောင်က ချက်ချင်း သဘောတူလိုက်သည်။
"ဒါဆို ယောင်ယောင် သွားမယ်" ယောင်ယောင် မေမေကို မတွေ့ချင်တော့ဘူး ဘယ်တော့မှ မတွေ့ချင်တော့ဘူး။
သူမက လူတွေကိုပဲရိုက်တတ်တာ မုန်းလိုက်တာ မေမေက ဖေဖေ့ကို ဂရုစိုက်နိုင်ရင် သူမကကော ဘာလို့မစောင့်ရှောက်နိုင်ရမှာလဲ။
ဖေဖေက အရပ်ရှည်ရှည် လှလှပပတွေကို ကြိုက်တာ ဒါဆို အသစ်တွေကိုလည်း ကြိုက်မှာပဲ။ အစားမထိုးရင်တောင် နှစ်ယောက်ရှိတာပေါ့။ အဲဒါဆို ဖေဖေပိုပျော်မှာ မဟုတ်ဘူးလား မေမေက အရမ်းကပ်စေးနှဲတာ အရာအားလုံးကို သူမတစ်ယောက်တည်း ပိုင်ချင်နေတာ။ အခုဆို သူမကိုဖက်ဖို့တောင် ခွင့်မပြုတော့ဘူး ဘေးခန်းကိုတောင် နှင်ထုတ်လိုက်သေးတယ်။
ရဲချင်းလျန်က ဒါကိုကြားတော့ မကျေမနပ် ဖြစ်သွားပြီး နောက်ထပ် ဆုံးမရန် ရှေ့သို့ တိုးလာသည်။ သို့သော် ယောင်ယောင်က ချက်ချင်းပင် ချူနင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ ဘာမှမပြောဘဲ သနားစရာကောင်းအောင် ဟန်ဆောင်နေလိုက်သည်။
ဒါကိုမြင်တော့ ရဲ့ချင်းလျန် ပို၍ ဒေါသထွက်သွားသည်။ နင်ဘာတွေပဲပြောပြော ချူနင်ကငါ့အပိုင်ပဲ နားလည်လား နင်ကသမီးဖြစ်ပြီးတော့ ချူနင်အတွက် မိန်းမတွေ လိုက်ရှာပေးနေတယ်ပေါ့။ ဒီမှာ ကြိမ်လုံးမရှိလို့ နင့်ကို မရိုက်တာ။
သို့သော် သမီးဖြစ်သူက သူမဆိုလိုသည်ကို နားမလည်ဘဲ ဆက်၍ ညည်းညူနေသည်။ ကြည့်လေလေ ပို၍ ဒေါသထွက်လေလေ ဖြစ်လာသည်။ ရဲချင်းလျန်သည်လည်း ဝမ်းနည်းစရာ အမူအရာဖြင့် မျက်ရည်ဝဲကာ ချူနင်ကို ကြည့်လိုက်သည်။
ကလေးက ငိုတာတစ်မျိုး လူကြီးက လူရိုက်ပြီးမှ ငိုတာက တစ်မျိုး။ ချူနင်က သူမကို သွားချော့ရန် ပြင်လိုက်စဉ်မှာပင် ယောင်ယောင်က ပို၍သနားစရာကောင်းသော အသံဖြင့် "ဖေဖေ" ဟု ခေါ်လိုက်ပြန်သည်။
ဘေးနားက ဇနီးသည်ကလည်း ခြေဆောင့်ကာ "ယောကျာ်း"ဟု ခေါ်လိုက်သည်။
ချူနင်မှာ တစ်ဖက်တစ်ချက်စီတွင် တစ်ယောက်စီ ဖက်ထားလိုက်ရရုံမှတစ်ပါး အခြားမရှိတော့ပေ။
ယောင်ယောင် လက်ထပ်ထိမ်းမြားခြင်းဆိုတာ နှစ်ဦးနှစ်ဖက် သဘောတူရတာလေ။ ဖေဖေနဲ့ မေမေလိုမျိုး တစ်ယောက်တည်းပဲ ရှိရတာ သိတယ်မလား။
ယောင်ယောင်က စေတနာနဲ့ လုပ်တာ ဖေဖေ သိပါတယ်။ ဒါပေမဲ့ မေမေ စိတ်မကောင်း ဖြစ်လိမ့်မယ် ပြီးတော့ ဖေဖေက မေမေတစ်ယောက်တည်းကိုပဲချစ်တာ တခြား အစ်မကြီးတွေ မလိုပါဘူး။
ယောင်ယောင်က ဇဝေဇဝါ ဖြစ်နေသော အမူအရာဖြင့် ကြည့်လာသည် ဒါပေမဲ့ ဇနီးအများကြီးရှိတဲ့လူတွေ အများကြီး သမီး မြင်ဖူးပါတယ်။ ဟိုအဖိုးစုမှာဆို ဆယ်ဂဏန်းလောက် ရှိတာပဲ တစ်ယောက်နဲ့တစ်ယောက်လည်း မတူကြဘူး။
ချူနင်က ရယ်မောရင်း ပြောလိုက်သည် အဲဒါက အဖိုးစုက သူ့ရဲ့အချစ်တွေကို ဇနီးအားလုံးကို ညီတူညီမျှ ခွဲဝေပေးထားလို့လေ။ အဲဒီတော့ တစ်ယောက်ချင်းစီက နည်းနည်းပဲ ရတာပေါ့။ ဖေဖေက အချစ်တွေကို သမီးနဲ့ သမီးအစ်မကိုပဲ ပေးချင်သလိုမျိုးပေါ့။ လူတွေ ပိုများလာရင် ယောင်ယောင်ရတာ နည်းသွားမှာ မဟုတ်လား?။
ဒါပေမဲ့ ဖေဖေက သူ့အချစ်တွေကို တခြားသူနဲ့ မခွဲချင်ဘူး မေမေ့ကိုပဲ အကုန်ပေးချင်တာလေ ဟုတ်တယ်မလား။
ဒီကမ္ဘာမှာ လူအမျိုးမျိုး ရှိပေမဲ့ ဖေဖေနဲ့ မေမေကတော့ တစ်မျိုးတည်းပဲ နားလည်လား။ ကလေးမလေးက ရုတ်တရက် သဘောပေါက်သွားပြီး ခေါင်းကို အားရပါးရ ညိတ်ပြသည်။
ဒါဆို... ဒါဆို ဖေဖေနဲ့ မေမေ ကွာရှင်းပြီးရင် ယောင်ယောင်က ဖေဖေ့အတွက် မိန်းမအသစ် ရှာပေးမယ်။
"ငါ မရှာတော့ဘူး"
ချူနင်၏စကားကို ကြားရ၍ စိတ်လှုပ်ရှားနေသော ရဲချင်းလျန်သည် ထိုစကားကို ကြားပြီးနောက် ဆက်၍ သည်းမခံနိုင်တော့ပေ။
နင်ကတော့ တကယ့်ကို နားမထောင်တဲ့ ကောင်မလေးပဲ ယောင်ယောင်က ချူနင်၏ ရင်ခွင်ထဲမှ ချက်ချင်း ရုန်းထွက်ပြီး ဝူးခနဲ ပျံထွက်သွားသည်။
"ဟီးဟီး မေမေ သမီးကို မဖမ်းနိုင်ပါဘူး"
ရဲချင်းလျန်က ဒေါသတကြီး ကြည့်ကာ လိုက်ဖမ်းချင်သော်လည်း အောက်ထပ်တွင် လူစိမ်းများ ရှိနေသဖြင့် အရှက်ကွဲမည်ကို စိုးရိမ်နေသည်။
သူမသည် ချူနင်ကိုသာ ကြည့်ပြီး တိုင်တောနိုင်တော့သည် ယောကျ်ား ယောင်ယောင်ကို ကြည့်ဦး။
ချူနင်က ပြုံးပြီး ထိုအမျိုးသမီးကို ဖက်ကာ ကျောကို ဖြည်းညှင်းစွာ ပုတ်ပေးရင်း ချော့မြှူလိုက်သည် ရပါတယ် ကိုယ့်မျက်လုံးထဲမှာ မင်းတစ်ယောက်တည်း ရှိတာပါတခြားသူကို မကြည့်ပါဘူး။
"ကျွန်မက အဲဒါကို ပြောနေတာ မဟုတ်ဘူး"
ကိုယ် သိပါတယ် သမီးကငယ်သေးလို့ပါ ကြီးလာရင် အဆင်ပြေသွားမှာပါ။ ဒါတွေ အကုန်လုံးက ရှင်အရမ်း အလိုလိုက်ထားလို့ ဖြစ်တာ။
ဒါဆို နောက်တစ်ခါပိုနာအောင် ရိုက်လိုက်လေ ကိုယ်ခိုင်းတာလို့တော့ မပြောနဲ့ဦး။ ကျွန်မကပဲ ဘာလို့လူဆိုးလုပ်ရမှာလဲ သူမက ကျွန်မသမီးလည်း ဖြစ်တာပဲ။ ရန်ဖြစ်ရင် ကျွန်မလည်း စိတ်မကောင်း ဖြစ်တာပေါ့။
အော် ချင်းလျန် တို့တွေက ဘာလို့ ဒီလောက် ယဉ်ကျေးနေကြတာလဲ အဓိကကတော့ ကိုယ်က ဒီပုံစံကနေ နောက်ဆုတ်မှာ မဟုတ်ပါဘူး။ ကိုယ် ငယ်ငယ်ကတည်းက ဒီလိုပဲလေ။ မင်းကို စိတ်မကောင်းဖြစ်အောင် လုပ်မိလို့ တောင်းပန်ပါတယ်။
"ရှူးးးး......"