အခန်း ၁၈၄ ရှင် ကလေးတွေအတွက် မေမေတစ်ယောက် ထပ်လိုသေးလား
ရုတ်တရက် ခေါင်းမူးသွားပြီးနောက် မော့ချင်းယင်းတစ်ယောက် လုံးဝကို ဆွံ့အသွားရသည်။ ဒါဘာလဲ သူတို့ ဘယ်လို နည်းလမ်းတွေ သုံးလိုက်တာလဲ သူမ ဘာကိုမှသတိမထားမိလိုက်ပါလား။
ခေါ်သွားမယ်လို့ပြောတာ နောက်နေတာ မဟုတ်ဘဲ တကယ်ကြီးခေါ်သွားတာပါလား။ ဤနေရာသည် ရှေးဦးမပြတ်သော ထာဝရအင်ပါယာဖြစ်ပြီး မဟာဧကရာဇ်စံမြန်းသော နိုင်ငံ ဖြစ်သည်။ အင်အားက သာမန်မျှသာ ဖြစ်သော်လည်း အလွန်စည်ကားပြီး ကျင့်ကြံသူ အမျိုးမျိုးကို တွေ့နိုင်သည့် နေရာဖြစ်သည်။
သူတို့သည် တည်းခိုခန်းတစ်ခုအတွင်း ပေါ်လာကြပြီး သုံးယောက်သား စားပွဲတွင် ထိုင်ကာ စောင့်ဆိုင်းနေကြသည်။ မော့ချင်းယင်းက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်ရင်း စောစောက အဖြစ်အပျက်ကို ပြန်တွက်ဆကာ တုန်လှုပ်သွားရသည်။
သူမသည် နိယာမစွမ်းအားတွေကို နားလည်ထားသည့် မသေမျိုးဧကရာဇ်တစ်ဦး ဖြစ်ပါလျက် သူမကိုစကားတစ်ခွန်းမှ မဆိုဘဲ ခုခံနိုင်စွမ်း အလျဉ်းမရှိဘဲ ဘယ်သူက ခေါ်ထုတ်သွားနိုင်တာလဲ။
ဆက်သွယ်ရေး ကျောက်ပြားထဲက ထိုလူပဲ ဖြစ်ရမည်။ သူတို့ ထိုက်ထျန်းနန်းတော်ရဲ့ နန်းတော်သခင်တောင် ဤသို့သော စွမ်းဆောင်ရည်မျိုး ရှိမည် မဟုတ်ပေ။
ဘာတွေဖြစ်နေတာလဲဟု တွေးတောနေစဉ်မှာပင် အစိမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ဦး အပေါ်ထပ်မှ ဒေါသတကြီး ပြေးဆင်းလာသည်။
"ရဲ့ယောင်"
မိခင်ဖြစ်သူ၏ ထူးခြားသော အမူအရာကို မြင်သည်နှင့် ယောင်ယောင်က လှည့်ပြေးတော့သည် သို့သော် ရဲချင်းလျန်၏ လက်မှ မလွတ်နိုင်ဘဲ ဂုတ်ပိုးမှ ဆွဲမခြင်း ခံလိုက်ရသည်။
ဤအမျိုးသမီး၏ ကျင့်ကြံမှုမှာ မဟာဧကရာဇ်အဆင့်သာရှိသဖြင့် စောစောက ကိစ္စကို လုပ်ဆောင်သူ မဟုတ်နိုင်ပေ။ သူမက ဤကလေးမလေး နှစ်ယောက်၏ မိခင် ဖြစ်ပုံရသည်။ ယောင်ယောင်ကို ဖမ်းမိပြီးနောက် ရဲ့ချင်းလျန်က အေးဆေးစွာ ပြုံးလိုက်သည်။
ကျွန်မတို့ မိသားစုကိစ္စလေး နည်းနည်း ရှင်းစရာ ရှိလို့ပါ။ ခဏနေရင် ကျွန်မရဲ့ ခင်ပွန်း ဆင်းလာပြီး ရှင့်ကို တစ်ယောက်တည်း စကားပြောပါလိမ့်မယ်။
မော့ချင်းယင်း ခေတ္တ တုံ့ဆိုင်းသွားပြီးမှ လေးနက်သော အမူအရာဖြင့် ခေါင်းညိတ်ပြလိုက်သည်။ ဤကိစ္စကို လုပ်ဆောင်သူမှာ ထိုအမျိုးသမီး၏ ခင်ပွန်းသာ ဖြစ်ရမည်။
ဤလူ၏ ကျင့်ကြံမှုက သူမထက် အများကြီး မြင့်နေသည် လူသားမျိုးနွယ်ထဲမှာ ဒီလိုအဆင့်မျိုး ရှိနေတာ ဘယ်လို ဖြစ်နိုင်မှာလဲ။
သို့သော် မော့ချင်းယင်း တစ်ခုခုကို ခံစားမိလိုက်သည်။ ထိုအမျိုးသမီး မထွက်သွားခင် သူမ၏ ရင်ဘတ်ကို တစ်ချက် ကြည့်သွားသလားလို့ ဪ နားလည်ပါပြီ စောစောက ကောင်မလေး ပြောလိုက်တဲ့ စကားကြောင့်ပဲ။
ဒီကိစ္စမှာတော့ မော့ချင်းယင်းက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိသည်။ သူတို့နှစ်ယောက်စလုံးက ရုပ်ရည်ရော ကိုယ်လုံးကိုယ်ပေါက်ပါ အတူတူလောက်ပင်ဖြစ်သည်။ မဟုတ်သေးပါဘူး ငါ ဘာတွေတွေးနေတာလဲ ငါကတပည့်လာယူတာလေ ဒီကလေးတွေရဲ့ မိခင်သစ် လာလျှောက်တာ မဟုတ်ဘူး။
မော့ချင်းယင်း၏ တုံ့ပြန်မှုကို မြင်သောအခါ ချူမူက တည်ငြိမ်စွာ ပြောလိုက်သည် ဖေဖေက ရှင့်ကိုကိုယ်တိုင် စကားပြောပါလိမ့်မယ်။ ရှင့်ရဲ့ထိုက်ထျန်းနန်းတော်က တကယ်ကို မဆိုးပါဘူး။
"အင်း ရပါတယ် ရပါတယ်"
ပြောပြီးမှ သူမ တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ ဒါ မဟုတ်သေးဘူး ငါက တပည့်ယူမယ့်သူမဟုတ်လား အခုတော့ သူမကပဲ တပည့်အဖြစ် အသိအမှတ်ပြုခံရဖို့ လာလျှောက်ထားရသလို ဖြစ်နေပြီ။ ကလေးတွေကို သူမက စစ်ဆေးရမှာ မဟုတ်ဘဲ ပြောင်းပြန် ဖြစ်နေပါလား။
ဟားဟားး ဆောရီးပဲ ကိစ္စလေးတွေ ရှိနေလို့ နည်းနည်း ကြာသွားတယ်။ သမီးက ဒီအချိန်ကြီး ဆက်သွယ်လာလိမ့်မယ်လို့ မထင်ထားဘူး။
"ဖေဖေ လာပြီ"
အနက်ရောင်နှင့် ရွှေရောင် ရောယှက်ထားသော ဝတ်စုံကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦး အပေါ်ထပ်မှ ဆင်းလာသည်။ မော့ချင်းယင်း နှုတ်ဆက်ရန် ပြင်လိုက်သော်လည်း နောက်တစ်စက္ကန့်တွင် သူမ မှင်တက်သွားရသည်။ ဤလူက ရင်းနှီးနေသလိုပဲ မဟုတ်ဘူး အရမ်းကို ရင်းနှီးနေတာ
သူက အထွတ်အထိပ် ဧကရာဇ်နန်းတော်က လူပဲ။
ဟိုတစ်နေ့က အစွမ်းထက် မိစ္ဆာမျိုးနွယ်စုတွေကို တိုက်ခိုက်စဉ်က ပေါ်လာတဲ့ပုံရိပ်ယောင်ကြီးပဲ ထိုမြင်ကွင်းကို မဟာတောရိုင်းတိုက်ကြီး တစ်ခုလုံး မြင်တွေ့ခဲ့ရသည် မဟုတ်ပါလား။
မော့ချင်းယင်းသည် အလိုအလျောက် မတ်တပ်ရပ်မိသွားပြီး မျက်လုံးများ ပြူးကျယ်ကာ အံ့အားသင့်သွားရသည် ထိုက်ထျန်းနန်းတော်ကိုတောင် ဖိနှိပ်နိုင်သည့် မိစ္ဆာမျိုးနွယ်စုရဲ့ ဘိုးဘေးကြီးတွေကို ဤလူကအနိုင်ယူခဲ့တာပဲ ပြီးတော့ အဲဒီနေ့က ဆင်းသက်လာတာက ပုံရိပ်ယောင် သက်သက်ပဲ ရှိသေးတာ။
မထူးဆန်းတော့ပါဘူး စောစောက ဆက်သွယ်ရေး ကျောက်ပြားမှာ အထွတ်အထိပ် ဧကရာဇ်နန်းတော်လို့ ပြောနေကြတာကိုး။ ဒီလူတွေက အထွတ်အထိပ် ဧကရာဇ်နန်းတော်ရဲ့ နောက်ကွယ်က လူတွေပဲ။
ကျွန်မ နာမည် မော့ချင်းယင်းပါ စီနီယာ့ကို ဂါရဝပြုပါတယ် ဒီလူမှန်း စောစောကတည်းက သိရင်....။
စောစောကတည်းက ပြောခဲ့ရင် သူမ ဒီလောက် မြန်မြန်ငြင်းမိမှာ မဟုတ်ဘူး။
ကျင့်ကြံသူတိုင်းက ကျားမ မရွေး အစွမ်းထက်ချင်ကြတာပဲ။ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံမှု ဒီလိုရုပ်ရည်နဲ့ အရှိန်အဝါ ဒါဟာသူမအတွက် တာအိုလက်တွဲဖော်ဖြစ်ဖို့ အသင့်တော်ဆုံးသူပဲ။ ဒါပေမဲ့ နှမြောစရာကောင်းတာက သူက ကလေးတွေ ရှိနေပြီ။ ပြီးတော့ ဇနီးမောင်နှံကလည်း အရမ်းချစ်ကြပုံရတော့ သူမအတွက် နေရာရှိမှာ မဟုတ်ပါဘူး။
မော့ချင်းယင်း၏ စိတ်ထဲမှာ ခဏတာ ဗလာဖြစ်သွားသော်လည်း ချက်ချင်းပင် စိတ်ကို ပြန်ထိန်းလိုက်သည် မဟုတ်ဘူး ငါကဒီနေ့ တပည့်ယူဖို့ လာတာ ဒါတွေလျှောက်တွက်နေဖို့ မဟုတ်ဘူး။
ချူနင်က အေးဆေးစွာ ပြုံးပြီးနှုတ်ဆက်ကာ ထိုင်လိုက်သည်။
"မော့..."
ကျွန်မကို စီနီယာလို့ ခေါ်နိုင်သလို နာမည်အတိုင်းပဲ ခေါ်လည်း ရပါတယ်။ချူနင်က နဖူးကို ပွတ်ရင်း သက်ပြင်းချလိုက်သည်။ ဒီမှာ ရှိတဲ့သူတိုင်း သူ့ကိုသိနေကြပုံပဲ။ တည်းခိုခန်း ဝင်တုန်းကလည်း ပိုင်ရှင်က အလကား ထားပေးမယ်လို့ပဲ ပြောနေတာ။ နောက်ခါ ခရီးသွားရင် ရုပ်ဖျက်သွားမှ ဖြစ်တော့မယ်။
"နန်းတော်သခင်မော့ လို့ပဲ ခေါ်ပါရစေ"
မော့ချင်းယင်း၏ ကျောပြင်မှာ ချွေးတွေ စိုရွှဲနေသည်။ နန်းတော်သခင်ကိုယ်တိုင် ဟိုတစ်နေ့က သွားရောက်တွေ့ဆုံခဲ့ပေမဲ့ လူချင်းတောင် မတွေ့ခဲ့ရဘူး။ ငါတို့ကတော့ အခု လူချင်း တွေ့နေရပြီပေါ့။ ဘယ်လို ကံကောင်းမှုမျိုးလဲ ပြီးတော့ ဒီလူ့ရဲ့ သမီးကို တပည့်အဖြစ် ယူဖို့ဆိုတာ သူမမှာ အရည်အချင်း ရှိပါ့မလား။
ချူနင်က ချူမူရဲ့ ခေါင်းကို ပွတ်ပေးရင်း ပြုံးပြီး ပြောလိုက်သည် သမီးက တော်တော်လေး ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်တတ်တယ်။ များသောအားဖြင့် လူအေးလေး ဖြစ်ပေမဲ့ မဟာတောရိုင်းတိုက်ကြီးကိုတော့ စူးစမ်းချင်စိတ် ရှိပုံရတယ်။ ဒါကြောင့်လည်း သူမကို အပြင် ခေါ်ထုတ်လာခဲ့တာပါ။ မင်းရဲ့ ထိုက်ထျန်းနန်းတော်နဲ့ ဒီလို ရေစက်ဆုံလိမ့်မယ်လို့ မထင်ထားမိဘူး။
နန်းတော်သခင်မော့ တကယ်ပဲ တပည့်အဖြစ် ယူဖို့ စိတ်ကူးထားတာလား။ မော့ချင်းယင်း အခုမှ နောင်တရနေပြီ ဒီလိုကျွမ်းကျင်သူက သူ့ဘာသာသင်ပေးလို့ ရတာပဲ ငါဝင်မရှုပ်သင့်ဘူး။ ရှင့်အဖေက ဒီလူမှန်း သိရင် ကျွန်မဇဝေဇဝါ ဖြစ်နေမှာ မဟုတ်ပါဘူး။
"စီနီယာ ဒီကိစ္စရဲ့ အမှန်တရားကတော့"
ချူနင်က ချူမူကို ကြည့်ပြီး စူးစမ်းသလို မေးလိုက်သည် သမီး တကယ်ပဲ ထိုက်ထျန်းနန်းတော်ကို ဝင်ချင်တာလား။ ချူးမူက ခေါင်းညိတ်သည်။
အထွတ်အထိပ် ဧကရာဇ်နန်းတော်မှာ ကျင့်ကြံရတာ ပျင်းစရာ ကောင်းတယ်။ လူတိုင်းက သမီးတို့ကို မြှောက်ပင့်နေကြတာ။ အဲဒါက သမီးတို့ အရည်အချင်းကြောင့် မဟုတ်ဘဲ ဖေဖေ့သမီးတွေ ဖြစ်နေလို့ပဲ။ အဲဒါက တော်တော်လေး စိတ်ကုန်ဖို့ ကောင်းတယ်။
မော့ချင်းယင်း အံ့သြသွားသည်။ အဲဒါကြောင့်ကိုး ဖေဖေက အရမ်းအစွမ်းထက်လွန်းရင်တောင် ဒီလိုအတွေးမျိုး ရှိနိုင်တာပဲလား။ အများစုကတော့ ကိုယ့်အားကိုယ်ကိုးပြီး သက်သေပြချင်ကြတာပဲ။ ဒါဟာ ကောင်းမွန်တဲ့ စိတ်ဓာတ်တစ်ခုပါ။ ချူနင်က ကျေနပ်ပုံရသည်။
ဒါဆိုရင် သမီးစိတ်ကြိုက် ရွေးချယ်ပါ။ ဖေဖေ ဘာမှမကန့်ကွက်ဘူး ကျင့်ကြံမှုကိုမထိခိုက်ရင် ပြီးတာပဲ။ ထိုက်ထျန်းနန်းတော်အကြောင်း ဖေဖေ စုံစမ်းပြီးပါပြီ သမီး ကျင့်ကြံဖို့ သင့်တော်တဲ့နေရာတွေ အများကြီး ရှိပါတယ်။ချူးမူကလည်း ခေါင်းညိတ်သည်။
နန်းတော်သခင်မော့ပြောတာ ကြားဖူးပါတယ်။ သူတို့ရဲ့ အင်အားက မဆိုးဘူး အနည်းဆုံးတော့ အခုလောလောဆယ် အထွတ်အထိပ် ဧကရာဇ်နန်းတော်ထက် အများကြီး ပိုအားကောင်းတယ်။ ပြီးတော့ ဒါက မဟာတောရိုင်းတိုက်ကြီးရဲ့ အင်အားစုဆိုတော့ စိတ်ဝင်စားဖို့ ကောင်းမှာပါ။
အင်း သမီးရဲ့ဆုံးဖြတ်ချက်ကို ဖေဖေ လေးစားပါတယ်။ ကျင့်ကြံမှုမှာ ပြဿနာရှိရင် ဖေဖေ့ကို ဆက်သွယ်ပါ။ ဖေဖေ ဖြေရှင်းပေးမယ်။
ချူးမူက နှုတ်ခမ်းကို တွန့်လိုက်ရင်း ဖေဖေ သမီးနဲ့ ယောင်ယောင်ကို တကယ် ဂရုစိုက်တယ်ဆိုရင် သမီးတို့ကို ဖေဖေ့သမီးတွေလို့ လျှောက်မပြောပါနဲ့ မဟုတ်ရင် သူမရဲ့ ကျင့်ကြံရေးလမ်းမှာ အခက်အခဲတွေ မရှိဘဲ ဖြစ်နေလိမ့်မယ်။
အဲဒါက ကြီးထွားမှုအတွက် မကောင်းဘူး။ ဖန်လုံအိမ်ထဲမှာ ကြီးပြင်းလာတဲ့ ကျင့်ကြံသူက အခက်အခဲတွေ့တိုင်း ဖေဖေ့ကိုပဲ အလိုလို အားကိုးမိသွားလိမ့်မယ်။ အဲဒါက တရားထူးရဖို့အတွက် တကယ်ပဲ အကျိုးရှိမှာလား။
အင်း အကျိုးရှိတယ်။ သမီးတို့ စိတ်တိုင်းကျပဲ လုပ်ပါ ဒါပေမဲ့ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ အန္တရာယ်ရှိရင်တော့ ဖေဖေလို့ လှမ်းခေါ်လို့ ရပါတယ်။
"ဟုတ်ကဲ့ သိပါပြီ"
မော့ချင်းယင်းသည် ထိုသားအဖနှစ်ယောက်၏ စကားဝိုင်းကို နားထောင်ရင်း ပို၍ ဇဝေဇဝါ ဖြစ်လာသည်။ ဒီစီနီယာက သင်ပေးတာ ညံ့လို့မဟုတ်ဘဲ ကာကွယ်မှုတွေ များလွန်းလို့ သမီးဖြစ်သူက စိတ်ကုန်နေတာပါလား ပြီးတော့ သူတို့ စကားပြောပုံက သားအဖနဲ့တောင် မတူဘူး။
ရုတ်တရက် ချူနင်က မော့ချင်းယင်းကို ကြည့်လိုက်သည်။ နန်းတော်သခင်မော့ ဒီကလေးနှစ်ယောက်ကို တပည့်အဖြစ် ယူဖို့ စိတ်ကူးရှိတယ်ဆိုတော့ သူတို့ကို မင်းလက်ထဲပဲ အပ်လိုက်ပါပြီ။
မော့ချင်းယင်းသည် အံ့သြဝမ်းသာ ဖြစ်သွားရသည်။ ဝမ်းသာတာကတော့ ဒီစီနီယာရဲ့ သမီးတွေကို တပည့်အဖြစ် ရလိုက်တာကြောင့်ပါ။
ဒါဟာ ရေစက်တစ်ခုပဲမဟုတ်လာ အံ့သြတာကတော့ ဒီစီနီယာရဲ့ သမီးတွေ ဖြစ်နေတာကြောင့်ပါ။ အကယ်၍ တစ်ခုခုဖြစ်ခဲ့ရင် ဒီလူက ထိုက်ထျန်းနန်းတော်ကို ဖျက်ဆီးပစ်နိုင်မလား ဘယ်သူသိမှာလဲ ဟိုတစ်နေ့က မိစ္ဆာမျိုးနွယ်စုတွေကို နှိမ်နင်းခဲ့တာတွေက မျက်စိထဲမှာ မြင်ယောင်နေတုန်းပဲ။ ခဏတာ တွက်ချက်ကြည့်ပြီးနောက် ချူနင်သည် သူ့ရှေ့မှ ဓားတာအိုကို ကျင့်ကြံသော ဤအမျိုးသမီးသည် မဟာတာအို နိယာမစွမ်းအားများကို တတ်မြောက်ထားပြီ ဖြစ်ကြောင်း သိလိုက်ရသည်။ မသေမျိုးဧကရာဇ် ဘေးဒုက္ခ ၂၃,၀၀၀ ကျော်ဖြတ်ထားပြီး မဟာတာအို နိယာမပေါင်း ရာနဲ့ချီ တတ်မြောက်ထားသည်။
ဓားသိုင်းလား သမီးဖြစ်သူရဲ့နည်းစနစ်တွေကို သူမရဲ့လက်ရှိ လေ့ကျင့်မှုနဲ့ ကိုက်ညီအောင် ရိုးရှင်းအောင် လုပ်ပေးလို့ ရနိုင်သည်။ အကုန်ပေးလိုက်ရမလား မဟုတ်သေးဘူး ဒါက တပည့်ခံတဲ့ အခမ်းအနားအတွက် လက်ဆောင်ပဲ စေ့စပ်လက်ဆောင် မဟုတ်ဘူး။ အများကြီး ပေးမိရင် ဇနီးသည်က မေးခွန်းတွေ ထုတ်လာလိမ့်မယ်။ အဲဒါဆိုရင် ဇနီးသည်နဲ့ အတူအိပ်ဖို့ ကိစ္စက မတွေးနဲ့တော့။
မင်းအတွက် သင့်တော်မယ့် ကျင့်စဉ်တစ်ခု ငါ့ဆီမှာ ရှိပါတယ်။ ဒါကို ငါ့ရဲ့ သမီးတွေကို တပည့်အဖြစ်ယူတဲ့အတွက် လက်ဆောင်အဖြစ် မှတ်ယူလိုက်ပါ။ အားနာနေဖို့ မလိုပါဘူး။
မော့ချင်းယင်းက တုန်တုန်ရင်ရင်ဖြင့် လက်နှစ်ဖက်ဖြင့် ယူလိုက်သည်။ သို့သော် နောက်တစ်စက္ကန့်တွင် သူမ၏ စိတ်ထဲမှာ ပေါက်ကွဲသွားသလို ခံစားလိုက်ရသည်။ ဒါဟာ မင်းကို အနှစ်တစ်ရာအတွင်း မဟာတာအိုနိယာမပေါင်း သုံးထောင်စလုံး တတ်မြောက်အောင် ကူညီပေးနိုင်လိမ့်မယ်။
အကယ်၍ သူတို့နှစ်ယောက် မင်းဆီမှာ နေရတာ ပျော်တယ်ဆိုရင် သူတို့ဆီကနေ မသေမျိုးဧကရာဇ်ရဲ့ ကောင်းကင်ပြောင်းလဲခြင်းနဲ့ ရွှေရောင်ပြောင်းလဲခြင်း ကျင့်စဉ်တွေကိုလည်း လေ့လာနိုင်ပါတယ်။ မော့ချင်းယင်းသည် မှင်တက်သွားပြီး ရှေ့က အမျိုးသားကို ငေးကြည့်နေမိသည်။
ရှင်... ရှင် ကလေးတွေအတွက် မေမေတစ်ယောက် ထပ်လိုသေးလားဟင်။