အခန်း ၁၇၉ မသေမျိုးဧကရာဇ် ဖြစ်နေတာပဲ
ယခုအခါ ၎င်း(ထောင်းထီး) ၏ အရှိန်အဝါများ လုံးဝ ပျောက်ကွယ်သွားပြီ ဖြစ်သည်။
၎င်း၏ ယခင် အထွတ်အထိပ် စွမ်းအားများကို ပြန်လည် ရရှိရန်မှာ ပို၍ပင်မဖြစ်နိုင်တော့ပေ။ သို့သော်ယခု ၎င်းသည် မိန်းကလေးငယ်လေးတစ်ဦး၏ လက်ထဲတွင် အကိုင်ခံထားရသည်။
ခွေးဘောလုံးတဲ့လား။ မင်းက ငါ့ကိုဘယ်လိုတောင် အထင်သေးရဲတာလဲ ငါကမိစ္ဆာမျိုးနွယ်စုရဲ့ ဘုရင်လေးပါးထဲမှာ ခေါင်းဆောင်ပဲ။
ဘုရင်လေးပါးထဲမှာ အစွမ်းအထက်ဆုံး မဟုတ်ရင်တောင် ဒီလူသားမလေးရဲ့ အနိုင်ကျင့်တာကို ခံရမယ့်သူ မဟုတ်ဘူး ပိုဆိုးတာက ငါ့ကိုခွေးဘောလုံးလို့ ခေါ်နေတာပဲ။
၎င်းသည် ရူးသွပ်စွာ ရုန်းကန်သော်လည်း ထိုမိန်းကလေး၏လက်ထဲမှပင် လွတ်အောင် မရုန်းနိုင်သည်ကို တွေ့လိုက်ရသည်။ ဤလူများသည် ကြယ်စုနယ်မြေများကို ဖြတ်ကျော်လာသူများဖြစ်ပြီး ထူးခြားသော ကျင့်ကြံမှု အဆင့်အတန်းများရှိကြသော်လည်း ၎င်း၏ မျက်လုံးထဲတွင်တော့ ပြိုင်ဘက် မဟုတ်ပေ။
ဒါပေမဲ့ သူတို့ရဲ့ခွေးဖြစ်ရမယ် ဟုတ်လား။ အိပ်မက်ပဲမက်လိုက် ထောင်းထီးသည် ဒေါသတကြီးဖြင့် စကားပြောရန် ပြင်လိုက်စဉ် အကြည့်တစ်ခုက သူ့အပေါ်သို့ ကျရောက်လာသည်။
ထိုလူ (ချူနင်)က သူ့ကို စိုက်ကြည့်နေသည်။ အနည်းငယ် ကျဉ်းမြောင်းနေသော မျက်လုံးများက သူဘယ်သူလဲဆိုတာ သိနေပုံရသော်လည်း ဘာမှမလုပ်ဘဲ သတိပေးချက် အဓိပ္ပာယ်သာ ဖော်ပြနေသည်။
မင်း တစ်ခုခုလုပ်ရဲရင်တော့ မင်းအသေပဲ။
ထောင်းထီး၏ဦးနှောက်မှာ ဝုန်းကနဲ ဖြစ်သွားပြီး ပေါက်ကွဲထွက်တော့မည့်အတိုင်း ခံစားလိုက်ရသည် ၎င်းသည် ထိုသူကို ချက်ချင်း မှတ်မိသွားသည်။ ထိုစဉ်က လူသားများ၏ နောက်ကွယ်တွင် ရပ်တည်နေခဲ့သော ပုံရိပ်ယောင်ပင် ဖြစ်သည်။
မဟုတ်ဘူး ဒါမဖြစ်နိုင်ဘူး။ သူမသေဘူးလား ငါ့အဘိုးကိုယ်တိုင် ထွက်လာခဲ့တာလေ။
၎င်း၏ စိတ်ထဲတွင် အံ့အားသင့်မှုများဖြင့် ပြည့်နှက်နေသည်။
ဤလူသည် သူ့ကိုသေချာပေါက် အကဲခတ်မိပြီးသား ဖြစ်ရမည်။ မိန်းကလေးက သူ့ကို ဆော့နေ၍သာ သူ ဘာမှမလုပ်ဘဲ လွှတ်ထားခြင်း ဖြစ်နိုင်သည်။ သို့သော် သူ (ထောင်းထီး) သည် အသက်ရှင်စဉ်က အလွန် အစွမ်းထက်ခဲ့သည် မဟုတ်ပါလား တစ်ခုပဲ ရှိသည်။ ချူးနင်၏ မျက်လုံးထဲတွင် သူ၏ အထွတ်အထိပ် အဆင့်သည်ပင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုခြင်း ဖြစ်ပေလိမ့်မည်။
အကြည့်တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရသော အတွေ့အကြုံက စိတ်ထဲတွင် စွဲထင်နေဆဲ ဖြစ်သည်။ သူတို့ကို သွားမစတာ အကောင်းဆုံးပဲ။
ရဲချန်းလျန်က ယောင်ယောင်ဆော့နေသော အမွှေးလုံးလေးကို ကြည့်ကာ မနှစ်မြို့သလို ဖြစ်နေသည်။ သူမသည် သမီးဖြစ်သူ တွေ့သမျှ အကုန် ကောက်လာတတ်သည်ကို ကြည့်မရဖြစ်နေခြင်းပင်။
အမေများ၏ သဘာဝအတိုင်း သမီးဖြစ်သူက သူမ စိတ်တိုင်းကျ မလုပ်လျှင် စိတ်တိုတတ်သော်လည်း နောက်ဆုံးတော့ လက်ခံပေးလိုက်ရသည်သာ။
ဒီအရာက တော်တော် ရုပ်ဆိုးတာပဲ။ ငါတို့ရဲ့ ထာဝရကြယ်စုနယ်မြေက ထူးဆန်းတဲ့ သတ္တဝါလေးတွေ ဖမ်းပေးပြီး အိမ်မွေးတိရစ္ဆာန် အဖြစ် ထားပေးတာကမှ တော်ဦးမယ်။ ငါ့သမီးကတော့ အရသာလုံးဝမရှိဘူး။
သူမ ဘာမှမပြောဘဲ ချူနင်၏ ခါးကိုသာ အားရပါးရ ဆွဲဆိတ်လိုက်သည်။
"ချန်းလျန် အဲဒီနေရာကို ဆိတ်လို့ မရဘူးလေ နောက်မှ နောင်တရနေဦးမယ်"
ရှင်က ကျင့်ကြံမှုဒီလောက် မြင့်နေတာကို ဘာလို့ ဒါတွေပဲတွေးနေတာလဲ ပြီးတော့ ကျွန်မကပဲ အမြဲရှုံးနေရတာပါ။
ချူနင်က ပြုံးလိုက်ပြီး ရဲချန်းလျန်၏ နားနားသို့ ကပ်ကာ တိုးတိုးလေး ပြောလိုက်သည်။
မင်းက ရှုံးတယ်လို့ ခံစားနေရရင် ငါ့ကိုလာပြီး နမ်းစရာ မလိုပါဘူး။ စကားပဲ ပြောပြီး လက်တွေ့ မပါတာက မကောင်းဘူးလေ။ရဲချန်းလျန်၏ နားရွက်များ ချက်ချင်း နီရဲသွားပြီး ဘာမှ ပြန်မပြောတော့ပေ။
ချူမူကတော့ သူတို့နှစ်ယောက် တိုးတိုးတိုးတိုးလုပ်နေသည်ကို ဂရုမစိုက်ဘဲ ယောင်ယောင် လက်ထဲက အမွှေးလုံးကိုသာ မျက်မှောင်ကြုတ် ကြည့်နေသည်။
"ဒီအရာက တစ်စုံတစ်ရာသော ဒဏ္ဍာရီလာ သတ္တဝါရဲ့ မူလသဏ္ဍာန်နဲ့ တူနေသလားလို့"
"ဒါက ဘာထူးဆန်းတဲ့ သတ္တဝါမျိုးလဲ"
မသိဘူး ဒါပေမဲ့ ဒီကောင်က နည်းနည်း အန္တရာယ်ရှိမယ်လို့ ငါခံစားနေရတယ် သိလား။
ချူမူက မျက်လုံးလှန်ပြလိုက်သည် ခွေးဘောလုံးတဲ့ ဒီနာမည်က နည်းနည်း ထူးဆန်းမနေဘူးလား ခွေးဥလို့ ခေါ်တာက ပိုမကောင်းဘူးလား။ ခွေးဥနဲ့ ခွေးဘောလုံးက ဘာကွာလို့လဲ။
ဘာမှ မကွာဘူး မင်းခေါ်ချင်သလို ခေါ်ပေါ့။ဒါဆို ငါလည်း အစ်မခေါ်သလိုပဲ ခွေးဥလို့ပဲ ခေါ်တော့မယ်။ ပြောပြီးသည်နှင့် သူသည် ထိုသတ္တဝါလေးကို လက်ထဲ ကိုင်ကာ တဟားဟား ရယ်လိုက်သည်။
"ခွေးဥလေး ခွေးဥလေး"
ထောင်းထီးမှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မည် ဤအမည်ပြောင်က ခွေးဘောလုံး ထက်ပင် ပိုဆိုးနေသည်။ အကယ်၍ တခြား မိစ္ဆာဘုရင်တွေသာ သူဒီလို အခြေအနေ ရောက်နေတာကို သိသွားရင် သေချာပေါက် လှောင်ကြလိမ့်မည် ဒါပေမဲ့ ထိုလူက သူ့ကို ထပ်ပြီး စိုက်ကြည့်လာပြန်သည်။
ကောင်းပြီလေ ခွေးဥဆိုလည်း ခွေးဥပေါ့။ ထွက်ပြေးဖို့ အခွင့်အရေးကိုပဲ စောင့်ရမယ် ဒီလူက တကယ်ကို မကစားသင့်တဲ့သူပဲ။
လူတစ်စုသည် ပင်လယ်ကို ဖြတ်ကျော်ကာ ရှေးဟောင်းမျိုးနွယ်စု အများအပြား၏ နယ်မြေများကို ဖြတ်သန်းလာခဲ့ကြသည်။ အဝေးတစ်နေရာတွင် ခမ်းနားထည်ဝါသော ရွှေရောင်နန်းတော်ကြီးတစ်ခုကို မြင်လိုက်ရသည်။
ထောင်းထီးမှာ အံ့သြသွားပြီး ထိုနေရာကို ထူးဆန်းစွာ ကြည့်နေသည်။ ငါဒီနေရာကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဤနေရာသည် ထိုက်ထျန်းနန်းတော်ထက်ပင် ပို၍ခမ်းနားသော အတိုင်းအတာဖြင့် တည်ဆောက်ထားသည်။ သူတို့က ကလဲ့စားချေခံရမှာကို မကြောက်ကြဘူးလား။
အနီးကပ် ကြည့်လိုက်သောအခါ အောက်ရှိ ကျင့်ကြံသူ အမြောက်အမြားသည် အရင်းအမြစ်များကို သယ်ယူပို့ဆောင်ရင်း အလုပ်ရှုပ်နေကြသည်။ ၎င်းမှာ နှစ်လ၊ သုံးလခန့် လုပ်ကိုင်နေခဲ့ကြပုံရသည်။ ထောင်းထီး၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားသည်။
တောက် အဲဒီအရာတွေက ငါ့ရဲ့အငွေ့အသက်တွေပါနေတာပဲ အဲဒီအရင်းအမြစ်တွေ အကုန်လုံးက ငါ့ဟာတွေ ငါ့ဟာတွေကြီးပဲဒီနေရာက သူပိုပြီးရင်းနှီးလာသည်။
ဒါဟာ သူ့ရဲ့ အရင်က ဂူဗိမာန်ပဲအခုတော့ လူသားတွေက သိမ်းပိုက်ပြီး ဒီလိုခမ်းနားတဲ့ နန်းတော်ကြီးအဖြစ် ပြောင်းလဲပစ်လိုက်တာလား အဲဒီ အရင်းအမြစ်တွေ အကုန်လုံးက သူတို့ဆီ ရောက်ကုန်ပြီ အဲဒီ ယုတ်မာတဲ့ လူသားတွေ။
ထိုစဉ် အောက်တွင် အရင်းအမြစ်များ သယ်ယူမှုကို ကြီးကြပ်နေသော စုတိန်ဖန်းသည် အဝေးမှ လူတစ်စု လာနေသည်ကို သတိပြုမိသွားပြီး ချက်ချင်းပင် အလုပ်များကို ရပ်ခိုင်းလိုက်သည်။
ဧကရာဇ်မင်းမြတ် ကြွလာပြီ အမြန် ခရီးဦးကြိုပြုကြ။ ဧကရာဇ် အဲဒီလူက အရင်က ဒီလူတွေ ရှိခိုးနေတဲ့ လူလား။
တကယ်ပဲ သူဖြစ်နေတာပဲ ဒါပေမဲ့ ဒီလူက ဘာလို့ မသေတာလဲ ထောင်းထီး သေခါနီးအချိန်မှာ မဟာခမည်းတော် ရောက်လာတာကိုး အဲဒါက မူလကိုယ်ထည် ဆင်းသက်လာတာလေ ထိုက်ထျန်းနန်းတော်က အသုံးမကျတဲ့လူတွေ ဘယ်သူမှမတိုက်နိုင်ပါဘူး ဒါပေမဲ့ သူတို့က ဘာလို့ အကောင်းအတိုင်း ရှိနေကြတာလဲ။
ကျွန်တော်မျိုးတို့ ဧကရာဇ်မင်းမြတ်ကို ဂါရဝပြုပါတယ်။
အရှင်မင်းကြီး၏ ကြင်ယာတော်ကို ဂါရဝပြုပါတယ်။
"မင်းသမီးလေးကို ဂါရဝပြုပါတယ်"
ထောင်းထီးမှာ ပို၍ပို၍ ဇဝေဇဝါ ဖြစ်လာသည်။ ဤလူစုသည် တကယ်ပင် ကြယ်စုနယ်မြေ အပြင်ဘက်က တည်ရှိမှုများ ဖြစ်ပုံရသည်။ သို့သော် ဘာကြောင့် ကြယ်စုနယ်မြေ အပြင်ဘက်မှာ ဒီလောက် အစွမ်းထက်တဲ့ ကျင့်ကြံသူတွေ ရှိနေရတာလဲ ပြီးတော့ ငါ့ခမည်းတော်ကလည်း ပျောက်နေတယ်။
ဒီလူတွေ မသေဘူးဆိုရင်တစ်ခုပဲ ရှိတော့တယ်။ ဒီလူက မဟာခမည်းတော်တောင်မှ ဖယ်ပေးရတဲ့အထိ ဩဇာကြီးမားတဲ့သူ ဖြစ်ရမယ်။
လူအုပ်ထဲတွင် သူကောင်းကောင်း မှတ်မိသော လူအချို့ ပါဝင်နေသည် သူတို့မှာယိုဟဲမျိုးနွယ်စုနှင့် သူ့နယ်မြေအတွင်းရှိ အခြားသော ရှေးဟောင်းမျိုးနွယ်စုများမှ မသေမျိုးဧကရာဇ်များ ဖြစ်ကြသည်။
တောက် ဒီကောင်တွေက သူတို့ဘက်ကို ပါသွားကြတာလား တောက် တောက်
သူ့ရဲ့အရင်းအမြစ်တွေကိုတောင် သူတို့က အကုန် သိမ်းလိုက်ကြပြီ။
ချူနင်နှင့် အခြားလူများ ဖြည်းဖြည်းချင်း ဆင်းသက်လာကြပြီး လူတိုင်းက တစ်ဖန် ဂါရဝပြုကြပြန်သည်။ ချူနင်က ဂရုမစိုက်ဟန်ဖြင့် လက်ဝှေ့ယမ်းလိုက်သည်။
စုတိန်ဖန်းက အလျင်အမြန် သတင်းပို့သည်။ရှေးဟောင်းမျိုးနွယ်စု ဆယ်စုထဲမှာ ခုနစ်စုက ဧကရာဇ်မင်းမြတ် ထောင်းထီးကို သုတ်သင်ပေးတဲ့အတွက် ဆုလာဘ်အနေနဲ့ အရင်းအမြစ်တွေကို သူတို့ဘာသာ လာရောက် ပေးအပ်ကြပါတယ်။
ထိုက်ထျန်းနန်းတော်ရဲ့ နန်းတော်သခင် မော့ချင်းဖုန်းကိုယ်တိုင် လွန်ခဲ့တဲ့ရက်အနည်းငယ်က လာရောက်ပြီး အထွတ်အထိပ် ဧကရာဇ်နန်းတော်ရဲ့ နန်းတော်ခွဲ တည်ထောင်ဖို့ ကူညီပေးခဲ့ပါတယ်။ သူက ငါတို့နဲ့ မိတ်ဆွေဖြစ်ဖို့ ဆန္ဒရှိနေပါတယ်။
တခြားသော အင်အားစုတွေကလည်း ငါတို့ ထာဝရကြယ်စုနယ်မြေက တောရိုင်းတိုက်ကြီးထဲကို ဝင်ရောက်လာတာကို တက်တက်ကြွကြွ ကြိုဆိုကြပါတယ်။ အခု ဧကရာဇ်မင်းမြတ် မြင်တွေ့နေရတဲ့အတိုင်းပါပဲ ကျွန်တော်တို့ စုဆောင်းရရှိထားတဲ့ အရင်းအမြစ်တွေကို စီစဉ်နေပါတယ်။
"ဒီအရင်းအမြစ်တွေက ဘယ်လောက်ကြာကြာ သုံးလို့ရမလဲ"
ဒီနေရာက ဝိညာဉ်စွမ်းအား ကြွယ်ဝပြီး နှစ်စဉ် ထွက်ရှိတဲ့ အရင်းအမြစ်တွေဟာ ထာဝရကြယ်စုနယ်မြေ တစ်ခုလုံးကို နှစ်ပေါင်း တစ်ရာစာ လည်ပတ်ဖို့ လုံလောက်ပါတယ်။ အခု နန်းတော်ခွဲမှာ ရှိနေတဲ့ အရင်းအမြစ်တွေကတော့ အထွတ်အထိပ် ဧကရာဇ်နန်းတော်ကို နှစ်ပေါင်း တစ်သိန်းစာလောက် မကုန်မခမ်းဘဲ ဖွံ့ဖြိုးတိုးတက်စေဖို့ လုံလောက်ပါတယ် အရင်းအမြစ်တွေကလည်း အဆက်မပြတ် ထွက်ရှိနေပါတယ် ဒါဟာ တကယ့်ကို ရတနာမြေပါပဲ။
ဒီကာလအတွင်းမှာ နန်းတော်ထဲက လူအတော်များများ မဟာဧကရာဇ်အဆင့်ကို ချိုးဖောက် တက်လှမ်းနိုင်ခဲ့ကြပါတယ်။ အခု မဟာဧကရာဇ် အရေအတွက်က ၂၃ ပါးအထိ ရှိလာပါပြီ။ ဒီနေရာမှာ စည်းမျဉ်းစွမ်းအားတွေ ထူထပ်ပြီး တာအိုတရားတွေနဲ့ ပြည့်နှက်နေလို့ မဟာဧကရာဇ်တွေ ကျင့်ကြံဖို့ အလွန် သင့်တော်ပါတယ်။
ကျွန်တော့်အမြင်အရတော့ ဒီနေရာကို ဒုတိယ ဂိုဏ်းချုပ်နေရာအဖြစ် ထားရှိနိုင်ပါတယ်။ ကျင့်ကြံသူတွေဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်ရင် အထွတ်အထိပ်ဧကရာဇ်နန်းတော်ထဲကို ဝင်နိုင်ပြီး ဧကရာဇ်လောင်းလျာအဆင့် ရောက်ရင် ဒီနေရာကို လာပြီး ဆက်လက် ကျင့်ကြံနိုင်ပါတယ်။ ဒါဟာ ကျင့်ကြံမှုမြန်ဆုံးဖြစ်စေမယ့် နည်းလမ်းပါပဲ။ ဒါ့အပြင် ဒီနယ်မြေထဲက ကျင့်ကြံသူတွေဟာ မသေမျိုး ဧကရာဇ် အဆင့်ကိုလည်း ချိုးဖောက်နိုင်စွမ်း ရှိကြပါတယ်။
ချူနင်က ရဲချန်းလျန်ကို လှမ်းကြည့်လိုက်သည်။ ရဲချန်းလျန်က အလွန်တည်ငြိမ်နေသည်ကို တွေ့ရသဖြင့် သူခေတ္တမျှ ထပ်နေရန် ဆုံးဖြတ်လိုက်သည်။ အတိုချုပ်ပြောရလျှင် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများကို စုတိန်ဖန်းတို့ထံသာ လွှဲထားလိုက်သည်။
မဟာဧကရာဇ် ၃၂ ပါး (စုစုပေါင်း) ဆိုသည်မှာ အတော်လေး များပြားသော အရေအတွက်ဖြစ်ပြီး သူတို့သည် မဟာတောရိုင်းတိုက်ကြီး၏ အစွမ်းအထက်ဆုံး အင်အားစုများထဲမှ တစ်ခု ဖြစ်လာပေပြီ။
ချူနင်ကို မြင်သောအခါ ယိုဟဲမျိုးနွယ်စုမှ ဝမ်ဟောက်တယ်မှာ မထိန်းချုပ်နိုင်အောင် တုန်ရင်နေမိသည်။ နှစ်ဖက်စလုံးမှာ မသေမျိုးဧကရာဇ်အဆင့် ဖြစ်ကြသော်လည်း သူသည် ချူနင်၏ အဆင့်အတန်းကို လုံးဝ ထိုးဖောက် မမြင်နိုင်ပေ။ သူ၏ကိုယ်ပွားတစ်ခုတည်းဖြင့်ပင် ထိုခေတ်၏ အစွမ်းအထက်ဆုံး မိစ္ဆာကို နှိမ်နင်းပြီး ဆုတ်ခွာသွားစေခဲ့သည်။ ဘယ်ဘက်ကကြည့်ကြည့် သူ့ရဲ့ အစွမ်းကို ခံစားနေရတယ်။
ချူနင်က ဝမ်မိသားစုကို သိပ်ပြီးဂရုမစိုက်ပေ။ နန်းတော်၏ အနာဂတ် ဖွံ့ဖြိုးတိုးတက်ရေးကို ဆွေးနွေးပြီးနောက် ထိုနေရာကို လွှဲပြောင်းရယူလိုက်သည်။
သမီးဖြစ်သူက သွားဆော့ချင်နေသည်ကို တွေ့သဖြင့် ချူနင်က လွှတ်ပေးလိုက်သည်။ ဤတိုက်ကြီးသည် သမီးဖြစ်သူ တစ်ခါမှ မရောက်ဖူးသော နေရာဖြစ်သဖြင့် လည်ပတ် စူးစမ်းခိုင်းခြင်းက ကောင်းမွန်ပါသည်။
ချန်းလျန် မင်းအခုတော့ သိပ်ပြီး စိုးရိမ်မနေတော့ဘူး မဟုတ်လား။ ထိုစကားကို ကြားသောအခါ ရဲချန်းလျန်သည် ချူနင်၏ လက်ကို ဆွဲကိုင်လိုက်သည်။ သူမ၏ လက်ဖဝါးများတွင် ချွေးများ စိုနေဆဲ ဖြစ်သည်။ သူမသည် ရုတ်တရက် ခေါင်းမော့ကာ ချူနင်၏ မျက်လုံးများကို စိုက်ကြည့်ရင်း နှုတ်ခမ်းကို တင်းတင်းစေ့ထားလိုက်သည်။
မသေမျိုးဧကရာဇ်တွေ ဒီလောက် အများကြီး ရှိနေတာကို ကျွန်မက မစိုးရိမ်ဘဲ နေပါ့မလား။