အခန်း ၁၇၇ နှစ်ဖက်စလုံးမှ နတ်ဘုရားများကို ပင့်ဖိတ်ခြင်း
လေပြင်းများ တိုက်ခတ်ပြီး မိုးကြိုးများ တဂျုံးဂျုံး မြည်ဟည်းလာသည်။
ဧရာမ ကြီးမားလှသော အရိပ်ကြီးတစ်ခုသည် စုတိန်ဖန်းနှင့် တခြားလူများ၏ ရှေ့တွင် မတ်တပ်ရပ်နေသည်။ ၎င်း၏ ရှေ့တွင် လူသားတို့၏ခန္ဓာကိုယ်မှာ ပုရွက်ဆိတ်လေးများကဲ့သို့ သေးငယ်လှသည်။
ထိုသတ္တဝါကြီး၏ ခန္ဓာကိုယ်ကို အနက်ရောင် မြူခိုးများ ဖုံးလွှမ်းထားပြီး ၎င်း၏ အရွယ်အစားမှာ ဝမ်မိသားစု၏ နယ်မြေတစ်ခုလုံးထက်ပင် ပို၍ ကြီးမားနေသည်။ နီရဲသော မျက်လုံးများ ပြာနှမ်းသော မျက်နှာနှင့် အစွယ်တပြူးပြူးဖြင့် အောက်ရှိ ပုရွက်ဆိတ်များကို စိုက်ကြည့်နေသည်။
လူသားတွေ မင်းတို့ တော်တော် သတ္တိကောင်းတာပဲ။ငါ့ရဲ့အရင်းအမြစ်များကို လုယူရဲသည်တဲ့လား ထိုက်ထျန်းနန်းတော်တောင်မှ သူ့ကို လာပြီး မနှောင့်ယှက်ရဲပေ။ ငါ့နာမည် ကြားရုံနဲ့တင် လောကကလူတွေ တုန်လှုပ်နေကြတာ။
ဒီအရင်းအမြစ်တွေက ငါ့ကိုဆက်သရမှာဆိုတာ သိသိကြီးနဲ့ မင်းတို့က လုယူဖို့ ကြိုးစားရဲတယ်ပေါ့။
ရောက်ရှိနေသော ကျင့်ကြံသူ အများအပြားမှာ တုန်လှုပ်နေကြသည်။ ဤသတ္တဝါသည် သူတို့ အရင်က တွေ့ခဲ့ဖူးသော အလောင်းကောင် ဧကရာဇ်ထက်ပင် ပို၍ ကြောက်စရာကောင်းနေသည်။
၎င်း၏ အဆင့်မှာ သေချာပေါက် ပိုမြင့်သည်။ ၎င်းမှာ မဟာတောရိုင်းတိုက်ကြီး မိစ္ဆာမျိုးနွယ်စု၏ ပလ္လင်လေးခုအနက် တစ်ခုဖြစ်ပြီး ရှေးဟောင်းမျိုးနွယ်စု ဆယ်စုကိုပင် နှိမ်နင်းထားနိုင်သူ ဖြစ်သည်။
စုတိန်ဖန်းက ထိုမျက်လုံးများကို တည့်တည့် စိုက်ကြည့်လိုက်သည်။
အဲဒါက မင်း ထာဝရကြယ်စုနယ်မြေအကြောင်း မကြားဖူးသေးလို့ပဲ။ ထောင်းထီးသည် ခဏ ငြိမ်သွားပြီးမှ အားရပါးရ ရယ်မောလိုက်သည်။
အပြင်ဘက်က အဆင့်နိမ့် ကြယ်စုနယ်မြေက လာတဲ့လူတွေပဲ အရမ်းကို မာနကြီးတာပဲ။ မင်းတို့ နယ်မြေက ဧကရာဇ်က အစွမ်းအထက်ဆုံးလို့ ထင်နေပုံရတယ်။
ဘာစကားမှမဆိုဘဲ လူတိုင်းက ရုတ်တရက် လှည့်လိုက်ကြပြီး ထာဝရကြယ်စုနယ်မြေ ရှိရာဘက်သို့ ဦးညွှတ်လိုက်ကြသည်။ သူတို့က တစ်စုံတစ်ခုကို ရွတ်ဆိုနေပုံရသည်။
ထောင်းထီးသည် ဘာဖြစ်နေမှန်း မသိဘဲ မျက်မှောင်ကြုတ်ကာ ကြည့်နေသည်။
ဒါက ဘာလုပ်တာလဲ ငါ့ကိုလာပြီး ရှိခိုးသင့်တာ မဟုတ်ဘူးလား။
နောက်တစ်ခဏတွင် တုန်လှုပ်ဖွယ်ရာ အရှိန်အဝါတစ်ခု ရုတ်တရက် ပေါ်ထွက်လာသည် ရှေ့ရှိ ဧကရာဇ်လျောင်းလျာ ထောင်ပေါင်းများစွာ၏ အရှိန်အဝါမှာ ရုတ်တရက် အဆင့်တက်သွားပြီး မဟာဧကရာဇ် ထောင်ပေါင်းများစွာ ဖြစ်သွားကြသည်။
ခေါင်းဆောင်လေးဦးက ဒူးထောက် ရွတ်ဆိုပြီးနောက် သူတို့၏ ခန္ဓာကိုယ်များမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ရှေ့ဆုံးမှ စုတိန်ဖန်း၏ စွမ်းအားမှာ ရုတ်တရက် မြင့်တက်သွားပြီး မသေမျိုးဧကရာဇ်အဆင့်သို့ ရောက်ရှိသွားသည်။
သူတို့၏ နောက်ကွယ်တွင် ထောင်းထီးထက်ပင် အဆပေါင်းများစွာ ပို၍ကြီးမားသော ရွှေရောင် အလင်းတန်းများ ဖြာထွက်နေသော ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ထောင်းထီးသည် မျက်စိမှိတ်ပြီး အာရုံခံကြည့်သော်လည်း ထိုပုံရိပ်ကြီး၏ အရှိန်အဝါမှာ အတိုင်းအဆ မရှိအောင် နက်ရှိုင်းလှသည်။
ထောင်းထီး၏ မျက်နှာ အမူအရာ ပျက်သွားပြီး ရေရွတ်လိုက်မိသည်။
"ဟာ... သွားပြီ"
တောက် ငါအကွက်ဆင်ခံလိုက်ရပြီ ဒီလူတွေ ခေါင်းထဲမှာ တစ်ခုခု ချို့ယွင်းနေတယ်လို့ သူ ထင်ခဲ့တာ။ ဝမ်မိသားစုနဲ့ ဒီလူတွေက တမင် ပူးပေါင်းပြီး ငါ့ကို သတ်ဖို့ မျှားခေါ်တာပဲ။ ဘယ်လို လူစားမျိုးတွေလဲကွာ။
အားလုံးပဲ ထောင်းထီးကို ဖမ်းဆီး သတ်ဖြတ်ဖို့ ကောင်းကင်ကွန်ရက် ကြယ်တာရာအစီအရင်ကို စတင်ကြစို့။
ဝူး~
ရေတွက်၍မရသော အစီအရင်အမှတ်အသားများက ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားပြီး ဧကရာဇ် ထောင်ပေါင်းများစွာ ပူးပေါင်းလိုက်သောအခါ ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသော ကွန်ရက်ကြီးတစ်ခု ဖြစ်လာသည်။
တစ်ချိန်တည်းမှာပင် စုတိန်ဖန်း အပါအဝင် မသေမျိုးဧကရာဇ် လေးဦးသည် တစ်ဦးလျှင် မှော်လက်နက် တစ်ခုစီ ကိုင်ဆောင်ကာ အထွတ်အထိပ် သတ်ဖြတ်လိုသော အရှိန်အဝါများကို စုစည်းလိုက်ကြသည်။
ဤအခိုက်အတန့်တွင် ထောင်းထီးသည် သူ၏ ဘဝ၌ ဒုတိယအကြိမ်မြောက် အသက်အန္တရာယ် ခြိမ်းခြောက်မှုကို ခံစားလိုက်ရသည်။ ပထမတစ်ကြိမ်မှာ ထိုအရှင်သခင်ကို တွေ့ပြီးနောက် သူ၏လက်အောက်ခံ မိစ္ဆာတစ်ဦး ဖြစ်လာချိန်ကပင်။
မသေမျိုးဧကရာဇ် တစ်ပါးက အချိန်မြစ်ကို ပိတ်ဆို့လိုက်ရာ သူထွက်ပြေး၍ မရတော့ပေ။ နောက်တစ်ပါးက ကွန်ရက်ကိုပို၍ ခိုင်မာအောင် လုပ်လိုက်ရာ သူ လှုပ်ရှား၍ မရတော့ပေ။ နောက်တစ်ပါးက ရှေးဟောင်း သုတ်သင်ခြင်း နည်းလမ်းကို သုံးကာ ဒဏ်ရာပြင်းထန်နေသော ထောင်းထီးကို ပြာဖြစ်သွားစေရန် အစွမ်းကို စုဆောင်းနေသည်။
စုတိန်ဖန်းသည် ဧကရာဇ်၏ နတ်ဘုရားလက်နက်ကို ကိုင်ဆောင်ကာ ဟိန်းဟောက်၍ ခုတ်ချလိုက်သည် ဓားအရှိန်အဝါက ထောင်းထီး၏ ခန္ဓာကိုယ်ကို ထိမှန်သွားပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးကို ချက်ချင်းပင် နှစ်ပိုင်း ပိုင်းဖြတ်လိုက်သည်။
သူသည် သေမင်း၏ အငွေ့အသက်ကို တကယ် ခံစားလိုက်ရပြီ။
မဖြစ်နိုင်တာ ဒီလူတွေက ဘယ်လိုလုပ်ပြီး ကျင့်ကြံမှုကို ချက်ချင်း မြှင့်တင်နိုင်တာလဲ။ မဟာဧကရာဇ် ထောင်ပေါင်းများစွာနှင့် သူ့ကို နှိမ်နင်းနိုင်သော မသေမျိုးဧကရာဇ်လေးပါး... ဒါဟာ ထိုက်ထျန်းနန်းတော်က လူအကုန်ထုတ်သုံးမှ ရှိနိုင်မယ့် အင်အားပဲ။ ဒီလူတွေက ကြယ်စုနယ်မြေက မဟုတ်ဘူး ထိုက်ထျန်းနန်းတော်က လူတွေပဲ ဖြစ်ရမယ်။
ထိုအရှင်သခင်ကမှာဖူးသည် အကယ်၍ ထိုက်ထျန်းနန်းတော်ကသာ လှုပ်ရှားလာရင် သူ့ကို ဆင့်ခေါ်နိုင်တယ်လို့။
"မင်းတို့ဘိုးအေကို သွားလိုးလိုက်"
ငါ့မှာလည်း နောက်ခံရှိတယ်လို့ မင်းတို့ မထင်ထားဘူးလား။ မင်းတို့ နတ်ဘုရားကို ပင့်နိုင်ရင် ငါလည်း ပင့်နိုင်တယ်။
ခန္ဓာကိုယ် ပြတ်တောက်သွားသော်လည်း ထောင်းထီးသည် ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေလောက်အောင် ဟိန်းဟောက်လိုက်သည်။ ပိတ်ဆို့ထားသော အချိန်မြစ်ကို ရိုက်ခွဲလိုက်ပြီး အစွမ်းအားလုံးကို ထိုအော်ဟစ်သံထဲသို့ ထည့်လိုက်သည်။
"ခမည်းတော် ကျွန်ုပ်ကို ကူညီပါဦး"
ဝုန်း
ကောင်းကင်ကွန်ရက်ကြီးမှာ ချက်ချင်း ပေါက်ကွဲပျက်စီးသွားပြီး ထောင်းထီး၏ ဒဏ်ရာများမှာလည်း ချက်ချင်း ပြန်ကောင်းသွားသည်။ သူ၏ သွေးအိုင်နေသော ပါးစပ်ဖျားတွင် အေးစက်သော အပြုံးတစ်ခု ရှိနေသည်။
သူ့နောက်တွင် နောက်ထပ် ဧရာမ ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။ ၎င်း၏ ပုံပန်းသဏ္ဍာန်ကို မမြင်ရဘဲ အနက်ရောင် မြူခိုးတိမ်တိုက်ကြီးတစ်ခုကဲ့သို့သာ မြင်ရသည်။ ထာဝရဧကရာဇ် အဆင့်တွင် ရှိနေသည့်တိုင် ထိုအနက်ရောင် မြူခိုးကို သူတို့ မမြင်နိုင်ကြပေ။
အညတရ လူသားတွေ ငါ့ရဲ့မဟာခမည်းတော်ကို ပင့်ခေါ်ခိုင်းနိုင်တာ မင်းတို့အတွက် ဂုဏ်ယူစရာပဲ။
စည်းမျဉ်းစွမ်းအားများပြည့်နှက်နေသော သေစေနိုင်သည့် တိုက်ကွက်တစ်ခု ပေါ်လာပြီး ရှေ့ရှိ လူတိုင်း၏ အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်ကိုပါ သုတ်သင်ပစ်ရန် ကြိုးစားသည်။ စုတိန်ဖန်း မျက်နှာပျက်သွားပြီး ချက်ချင်းပင် တားဆီးရန် ကြိုးစားသော်လည်း ထိုဒဏ်ချက်ကြောင့် လွင့်ထွက်သွားသည်။
ဒီအရာက ဘယ်လိုလုပ် အစွမ်းတွေ ဒီလောက်တောင် တက်လာတာလဲ?။
ယခုအခါ ထောင်းထီး၏ ခန္ဓာကိုယ်တွင် အနက်ရောင် မြူခိုးများ မဟုတ်ဘဲ အလွန်ရှုပ်ထွေးသော စည်းမျဉ်းစွမ်းအားများ ပြည့်နှက်နေသည်။ ထို့ပြင် တစ်ခုမက ရှိနေသည်။ ဒါဟာ အနောက်က အရိပ်မည်းကြီး၊ အဲဒီ မဟာခမည်းတော်ကြောင့်ပဲ ပုံရိပ်တစ်ခု လေထုကို ဖြတ်ပြီး ရုတ်တရက် ရောက်လာသည်။
"အရှင်မင်းကြီး အရှင်ဒါက အထင်လွဲတာပါ"
ရောက်လာသူမှာ ဝမ်ဟောက်တယ်ဖြစ်သည်။ ဖြစ်ပျက်သမျှကို သိလျှင်သိချင်း သူတို့ ချက်ချင်း ရောက်လာခြင်း ဖြစ်သည်။
ဒီနေ့ ဖြစ်ရပ်တွေက ထာဝရကြယ်စုနယ်မြေက လူတွေနဲ့ မဆိုင်ပါဘူး။ ကျွန်တော့်ရဲ့ ဝမ်မိသားစုက လူတွေက သူတို့ကို တမင် အကွက်ဆင်ခဲ့တာပါ။
ထိုခမ်းနားလှသော ရွှေရောင်ပုံရိပ်ကြီးကို မမြင်ရသော်လည်း သူ ရှင်းရှင်းလင်းလင်း ခံစားမိသည်။ ထာဝရကြယ်စုနယ်မြေက ဒီလူတွေက သာမန်လူတွေ မဟုတ်ဘူး ပုံရိပ်တစ်ခုတည်းနဲ့ ဧကရာဇ်လောင်းလျာကို မဟာဧကရာဇ် ဖြစ်အောင်လုပ်နိုင်တယ် မဟာဧကရာဇ်ကို မသေမျိုးဧကရာဇ် ဖြစ်အောင် လုပ်နိုင်တယ် ဒါဟာထိုအရှင်သခင်သည် မသေမျိုးဧကရာဇ်ထက်ပင် ပို၍ မြင့်မားသော တည်ရှိမှု ဖြစ်ရမည်ဟု ဆိုလိုခြင်း ဖြစ်သည်။
သူတို့က ထောင်းထီးကို သေချာပေါက် သုတ်သင်နိုင်သည်။ သို့သော် ထောင်းထီးမှာ မိစ္ဆာမျိုးနွယ်စု၏ ထိုအရှင်သခင်၏ သားကြီး ဖြစ်သည်။ ထောင်းထီးကို သတ်လိုက်ပါက ထိုအရှင်သခင်၏ အမျက်ဒေါသကို ဖိတ်ခေါ်သလို ဖြစ်လိမ့်မည်။
ဒါကြောင့် ဝမ်ဟောက်တယ်က အစပိုင်းမှာ ဒါကို မပြောခဲ့ခြင်း ဖြစ်သည်။ သူ့မိသားစုက ကောင်တွေ ဒီလောက်ထိ ပြဿနာရှာလိမ့်မယ်လို့ သူ မထင်ခဲ့ပေ။ ထာဝရကြယ်စုနယ်မြေလူတွေ သေသွားရင်လည်း ထိုမသေမျိုးဧကရာဇ်က ဝမ်မိသားစုကို လာသတ်မည်။
ထာဝရကြယ်စုနယ်မြေက လူတွေ မသေဘဲ ထောင်းထီး သေသွားရင်လည်း ဝမ်မိသားစုက သေရမည်။ အကုန် သေကြမှာပဲ ဒီအသုံးမကျတဲ့ ကောင်တွေက ဘာလို့ ဦးနှောက် မရှိကြတာလဲ။
"အထင်လွဲတာ ဟုတ်လား"
ထိုခဏတွင် ဧရာမ ခန္ဓာကိုယ်ကြီး၏ မျက်လုံးများထဲ၌ သတ်ဖြတ်လိုစိတ်များသာ ပြည့်နှက်နေသည်။
"ငါ့မှာတော့ အထင်လွဲတာ ဘာမှမရှိဘူး"
သူ့ခမည်းတော်ကို တိုင်တည်ရတဲ့အထိ အရိုက်ခံလိုက်ရတာ ဘာအထင်လွဲတာ ရှိဦးမှာလဲ။
ဒီနေ့ မင်းတို့ရဲ့ ယိုဟဲမျိုးနွယ်စု တစ်ခုလုံးကို ဒီတောရိုင်းတိုက်ကြီးကနေ အမြစ်ပြတ် သုတ်သင်ပစ်မယ်။
စုတိန်ဖန်းသည် ဝမ်ဟောက်တယ်ကို မြင်ရသဖြင့် အံ့သြသွားသည်။ ဝမ်မိသားစုထဲမှာ အခြေအနေသိတဲ့လူ တစ်ယောက်တော့ ပါလာသေးတာပဲ။
"မျိုးနွယ်စုခေါင်းဆောင်ဝမ် ဖယ်နေလိုက်"
စုတိန်ဖန်းက သူ့ကို ရိုက်ပုတ်လာသော လက်မောင်းကို တစ်ချက်တည်းနှင့် ပိုင်းဖြတ်လိုက်သော်လည်း ထိုလက်မောင်းက ချက်ချင်း ပြန်ပေါက်လာပြီး တိုက်ခိုက်လိုစိတ် လျော့မသွားပေ။
ထိုအချိန်တွင် ဝမ်ဟောက်တယ်မှာ လုံးဝ စိတ်ပျက်အားငယ်သွားသည်။ အခုတော့ ငါတို့ သွားပြီ.ငါတို့မျိုးနွယ်စုပြုတ်ပြီ သူသာ မလာခဲ့ရင် ဘာမှ မဖြစ်နိုင်ပေမဲ့ သူ ဘယ်လိုမှ မလာဘဲ မနေနိုင်ခဲ့ပါ။
ဒီလို ဖြစ်နေမှတော့ ကျွန်တော်လည်း ပြစ်မှားမိတော့မယ်.ချက်ချင်းပင် မသေမျိုးဧကရာဇ် တစ်ပါးတိုက်ပွဲထဲသို့ ဝင်ရောက်လာသည် စုတိန်ဖန်း ခဏ အံ့သြသွားပြီးနောက် ပြုံးလိုက်သည်။
ဝမ်မိသားစုထဲမှာ အကျိုးအကြောင်း သိတဲ့လူ ရှိနေသေးတာပဲ။ နန်းတော်သခင်စု မင်း အကုန်လုံးကို သိနေတာလား။
လူကြီးလူကောင်း တစ်ယောက်က လုပ်ရပ်ကိုပဲကြည့်တယ် စိတ်ရင်းကို မကြည့်ဘူး။ မင်းရဲ့ ဒီနေ့လုပ်ရပ်က ဝမ်မိသားစုရဲ့ အပြစ်တွေအတွက် နောင်တရတာဖြစ်သလို ဝမ်မိသားစု ချမ်းသာကြွယ်ဝဖို့အတွက် အခြေခံလည်း ဖြစ်လာလိမ့်မယ်။
ကျွန်တော် ဝမ်မိသားစု ပျက်စီးသွားမှာကို မလိုလားရုံတင်ပါ။စိတ်မပူပါနဲ့ မင်း ဒီနေ့ လုပ်ခဲ့တာတွေကြောင့် ဝမ်မိသားစု တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံရမှာတော့ မဟုတ်ပါဘူး။
စုတိန်ဖန်း စကားဆုံးသည်နှင့် အားရပါးရ ရယ်မောလိုက်သည်။
"ဧကရာဇ်မင်းမြတ် ဒီလောကကို ကြွမြန်းတော်မူပါ"
တောရိုင်းတိုက်ကြီး၏ မရေမတွက်နိုင်သော အင်အားစုများက လှည့်ကြည့်လိုက်ကြသည်။ သူတို့ နောက်ကွယ်ရှိ ဧရာမ ရွှေရောင်ပုံရိပ်ကြီးကမျက်လုံးများကို ဖွင့်လိုက်သည် နတ်ဘုရားအသိစိတ်ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်သည်။
ထောင်းထီး၏ ခန္ဓာကိုယ်မှာ ချက်ချင်းပင် ကြေမွသွားသည် သို့သော် နောက်ကွယ်က အနက်ရောင် အရိပ်ကြီးမှာ ပျောက်ကွယ်မသွားဘဲ မျက်လုံးများကို အတူတူ ဖွင့်လိုက်ကြသည်။ ထိုပုံရိပ်မှာလည်း ရွှေရောင်ဖြစ်သော်လည်း နဂါးခေါင်းနှင့် လူကိုယ်ထည် ဖြစ်ပြီး ရွှေရောင်နဂါးကြေးခွံများ ဖုံးလွှမ်းထားသည်။
ထိုက်ထျန်းနန်းတော်၏ အရှင်သခင်သည် သူ၏ တရားထိုင်ရာမှ ချက်ချင်း နိုးလာသည်။ ထိုသူက လူသားလောကကို ဘယ်လိုရောက်နေတာလဲ။
လှံရှည်တစ်စင်းသည် ချူနင်၏ ဆင်းသက်လာသော ပုံရိပ်ကို ချိန်ရွယ်လိုက်ပြီး နဂါးခေါင်း လူကိုယ်ထည်နှင့် သတ္တဝါက အမူအရာမရှိ ပြောလိုက်သည်။
"မင်းနဲ့ ငါတစ်ကွက်ပဲ ယှဉ်မယ်။"
အကယ်၍ မင်းမရှုံးဘူးဆိုရင် ငါကိုယ်တိုင် ဆုတ်ခွာပေးမယ်။