အခန်း ၁၇၂ ထိုက်ဟွမ်မိသားစုက တကယ်ကို ဖော်ရွေတာပဲ
တောရိုင်းမြေ၏ မြောက်ဘက်နယ်စပ် ယိုဟဲရှေးဟောင်းမျိုးနွယ်စု နယ်မြေအတွင်း။
ရှေးဟောင်းမျိုးနွယ်စုကြီး ဆယ်စုသည် နယ်မြေတစ်ခုစီကို သီးခြားစီ အုပ်ချုပ်ကြပြီး မိမိတို့မျိုးနွယ်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နယ်နိမိတ်များကို သတ်မှတ်ထားကြသည်။ ၎င်းနှင့်အပြိုင် ထုံထျန်းနတ်ဘုရားနန်းတော်သည် မဟာတောရိုင်းလောကတွင် အင်အားအကောင်းဆုံး လူသားအဖွဲ့အစည်းများထဲမှ တစ်ခုဖြစ်သည်။ နန်းတော်သခင်မှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့သူဖြစ်ပြီး သူ၏အစွမ်းမှာ ခန့်မှန်းရခက်လှသည်။
ထိုနေရာတွင် ဧကရာဇ်တစ်ပိုင်းများမှာ ခွေးကဲ့သို့ ပေါများလှပြီး မဟာဧကရာဇ်များမှာလည်း နေရာအနှံ့ရှိသည်။ မသေမျိုးဧကရာဇ် အဆင့်ရှိသော ရှေးဦးလူသားမျိုးနွယ်ဝင် အင်အားကြီး ပုဂ္ဂိုလ်များအားလုံးသည် ထုံထျန်းနတ်ဘုရားနန်းတော်နှင့် ဆက်နွှယ်နေကြသည်။
သို့သော် ဤနေရာ၏ ယဉ်ကျေးမှု အမွေအနှစ်မှာ ထွန်းကားခြင်းမရှိဘဲ နယ်မြေတစ်ခုလုံးတွင် တင်းမာမှုများသာ ပြည့်နှက်နေသည်။
မဟာတောရိုင်းလောကတွင် လူသားမျိုးနွယ်သာမက အခြားသော မျိုးနွယ်စုကြီးများအားလုံး စုဝေးနေကြသည်။ လူသားမျိုးနွယ်မှာ အင်အားအကောင်းဆုံး အဖွဲ့အစည်း မဟုတ်သည်မှာတော့ ရှင်းနေပါသည်။
လူပေါင်း သောင်းနှင့်ချီသော စီတန်းလှည့်လည်မှုကြီးမှာ ခန့်ညားထည်ဝါလှသည်။ ဧကရာဇ်တစ်ပိုင်းထောင်ချီ၊ ဧကရာဇ်လောင်းလျာထောင်ချီနှင့် ဦးဆောင်လာသော မဟာဧကရာဇ်လေးဦး ဤမျှသော အင်အားကို မြင်သောအခါ ယိုဟဲ ရှေးဟောင်းမျိုးနွယ်စုက သူတို့ကို ချက်ချင်းပင် အဆင့်မြင့်ဆုံး ဧည့်ဝတ်ပြုမှုဖြင့် ကြိုဆိုလိုက်သည်(သို့သော် ရည်ရွယ်ချက်ကတော့ အကောင်းမဟုတ်ပေ။)
အပြင်ကလူတွေ ငါတို့နယ်မြေထဲကို ဘယ်လိုသတ္တိနဲ့ ခြေချရဲတာလဲ မျိုးနွယ်စုမှ မဟာဧကရာဇ်ဆယ်ဂဏန်းကျော် တစ်ပြိုင်နက် ပေါ်လာကြသည် မဟာဧကရာဇ်အဆင့်နှင့် အထက်ရှိသော သန်းနှင့်ချီသော အင်အားကြီးသူများ ပေါ်လာပြီး ဝိုင်းရံလိုက်သဖြင့် အဖွဲ့နှစ်ဖွဲ့မှာ ချက်ချင်းပင် ထိပ်တိုက်တွေ့သွားကြတော့သည်။
တောက် မဟာတောရိုင်းလောက အပြင်ဘက်က ကြယ်စုနယ်မြေတွေမှာ ဒီလောက်တောင် အင်အားကြီးတဲ့လူတွေ ရှိနေတာလား။
ဒီလူတွေ ပင်လယ်ဘက်က လာတာကိုသာ မသိရင် တစ်ယောက်ယောက်က ယိုဟဲမျိုးနွယ်စုကို အမြစ်ပြတ်ရှင်းဖို့ လာတာလို့ ထင်မိမှာပဲ။
သို့သော် ဤမျှသော အင်အားဖြင့် ယိုဟဲမျိုးနွယ်စုကို အပြတ်ရှင်းရန်မှာ မဖြစ်နိုင်သေးပေ။ ရှေးဟောင်းမျိုးနွယ်စု ဆယ်စုစီတွင် မသေမျိုးဧကရာဇ်တစ်ဦးစီ ရှိနေသောကြောင့် ဖြစ်သည်။
ဝမ်မိသားစုမှ မသေမျိုးဧကရာဇ်သည်ပင် ဟင်းလင်းပြင်နှင့် အချိန်စည်းမျဉ်းများကို ကျွမ်းကျင်ပိုင်နိုင်နေပြီဖြစ်သည်။ မဟာဧကရာဇ်တွေ ဘယ်လောက်ပဲရှိရှိ သူ့ရှေ့မှာတော့ ပုရွက်ဆိတ်လိုပါပဲ။
ဒါကို မြင်သောအခါ စုတိန်ဖန်းလှုပ်ရှားလိုက်သည်။ ဤမိသားစုအတွင်းရှိ အင်အားမှာ မရိုးရှင်းကြောင်း ဧကရာဇ်မင်းမြတ်က မှာကြားထားခဲ့သည်။ လှုပ်ရှားလိုက်လျှင် အားလုံး ပြန်မသွားရဘဲ ဖြစ်သွားနိုင်သည်။
ကျွန်တော်တို့က ထာဝရကြယ်စုနယ်မြေက လာတာပါ မဟာတောရိုင်းလောကကို အသစ်ရောက်လာတာမို့ ဒီက စည်းမျဉ်းတွေကို မသိဘဲ နှောင့်ယှက်မိသလို ဖြစ်သွားတာကို တကယ်ပဲ တောင်းပန်ပါတယ်။
ဧကရာဇ်မင်းမြတ်က သင်ပေးထားသည်။ အခြားသူများကို ယဉ်ကျေးစွာ ဆက်ဆံရန်။ တကယ်လို့ တစ်ဖက်က အကြောင်းပြချက်မရှိဘဲ ရမ်းကားလာလျှင်တော့ ဧကရာဇ်မင်းမြတ်ကို မိမိတို့ကိုယ်ထဲ ပူးကပ်ခိုင်းလိုက်ရုံသာဖြစ်သည်။
ရောက်လာသော မဟာဧကရာဇ်များ အားလုံး လက်အုပ်ချီကာ နှုတ်ဆက်လိုက်ကြသည်။ သူတို့က ယဉ်ကျေးသော်လည်း ဧကရာဇ်မင်းမြတ်ကတော့ မင်းတို့ကို အထင်တောင် မကြီးပေ။
ကြယ်တာရာ ပင်လယ်ကြီး၏ အဆုံးတွင် ကြီးမားသော တိုက်ကြီးတစ်ခု ရှိနေသည်။ ဤနေရာ၏ ကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများမှာ မရိုးရှင်းပေ။ စည်းမျဉ်းစွမ်းအားများ စီးဆင်းနေမှုမှာ ကျင့်ကြံခြင်းအတွက် အလွန်သင့်တော်လှသည်။ သူတို့သည် ထာဝရကြယ်စုနယ်မြေ၏ ဂုဏ်သတင်းကို လာရောက် ဖြန့်ကြက်ခြင်းပင်ဖြစ်သည်။
သူတို့က လူတိုင်းကို ယဉ်ကျေးစွာ ဆက်ဆံမည် သို့သော် မင်းတို့က အကြမ်းဖက်လာလျှင်တော့ ဧကရာဇ်မင်းမြတ်၏အမည်မှန်ကို ရွတ်ဆိုလိုက်ရုံသာပဲ။
ဝမ်မိသားစုဝင် အများအပြား အံ့အားသင့်သွားကြပြီး တစ်ယောက်မှာတော့ အရင်က ဖြစ်ပျက်ခဲ့သည့် ကိစ္စတစ်ခုကို သတိရသွားပုံရသည်။
ထာဝရကြယ်စုနယ်မြေသို့ စေလွှတ်လိုက်သော ဝမ်မိသားစု၏ သတ္တမမြောက် အကြီးအကဲသည် မဟာဧကရာဇ် အဆင့်ရှိသော်လည်း ဝိညာဉ်ရော ခန္ဓာကိုယ်ပါ အစအနမကျန် ချေမှုန်းခံလိုက်ရသည်။
ထိုစဉ်က သတ်လိုက်သူက မင်းတို့ရဲ့ ကောင်းကင်ဧကရာဇ်ကို လာခိုင်းလိုက် သူကော တာဝန်ယူနိုင်မလားကြည့်ရအောင်ဟုပင် ပြောခဲ့သေးသည်။
ကြယ်စုပြင်ပက လူတွေက ငါတို့ယိုဟဲမျိုးနွယ်စုကို စော်ကားရုံတင်မကဘူး အိမ်ပေါက်ဝအထိတောင် လာရဲသေးတယ်။
မဟာဧကရာဇ် နည်းနည်းလေးနဲ့လား ငါတို့ ဝိုင်းသတ်လိုက်လို့ ရပါတယ်။ လူအများက ဒေါသတကြီး ဖြစ်နေကြသည်။ ငါတို့ မျိုးနွယ်စု အကြီးအကဲကို သတ်ပြီးမှ အခုလို ယဉ်ကျေးဟန်ဆောင်ပြီး အိမ်ပေါက်ဝ ရောက်လာတာ ဘယ်သူ့ကို လာလှောင်နေတာလဲ။
တစ်ဖက်လူက စကားမပြောသော်လည်း စုတိန်ဖန်းက သူတို့၏ မျက်နှာပေးမှတစ်ဆင့် တစ်ခုခုကို ရိပ်မိလိုက်သည်။ ယနေ့ သူတို့သည် မဟာတောရိုင်းလောကအကြောင်း ဘာမှမသိသေးပေ။ ထို့ပြင် တစ်ဖက်မိသားစုတွင် ကောင်းကင်ဧကရာဇ်(မသေမျိုးဧကရာဇ်အတူတူဖြစ်သည်) ရှိနေသည်။
အကောင်းဆုံးနည်းလမ်းမှာ တောရိုင်းမြေအတွင်း ငြိမ်းချမ်းစွာ ဝင်ရောက်ပြီး ကိုယ့်အင်အားကို တည်ဆောက်ရန်နှင့် အရင်းအမြစ်များ ရှာဖွေရန်သာ ဖြစ်သည်။
မူလက သူတို့သည် ကြယ်စုစနစ်များစွာတွင် အရင်းအမြစ် ရှာဖွေရန် ရည်ရွယ်ခဲ့သော်လည်း အရင်းအမြစ် အားလုံးကို ဝမ်မိသားစုက ယူသွားခဲ့သဖြင့် သူတို့၏ ကြယ်စုနယ်မြေမှာ ခြောက်ကပ်သွားခဲ့ရသည်။ ဤနေရာတွင်တော့ အရင်းအမြစ်များစွာ ရှိနေမည်မှာ သေချာသည်။
တိုက်ချင်လျှင်လည်း ရသည်။ ဧကရာဇ်မင်းမြတ်၏ စွမ်းအားကို ငှားသုံးလျှင် အနည်းဆုံး မသေမျိုးဧကရာဇ်သုံးဦး၏ အစွမ်းနှင့် မဟာဧကရာဇ် ရာချီသော အင်အားကို ရရှိမည်ဖြစ်သည်။ ဒါပေမဲ့ ထပ်ပြောပါရစေ မင်းတို့က အရင်စတိုက်မှသာ ဧကရာဇ်မင်းမြတ်က ငါတို့ဘက်က မယဉ်ကျေးဘူးလို့ အပြစ်မတင်မှာ ဖြစ်သည်။
ခေါင်းဆောင်အကြီးအကဲ ဝမ်မင်ရီက မျက်မှောင်ကြုတ်လိုက်သည်။ ထာဝရကြယ်စုနယ်မြေမှ ဤမျှ အင်အားကြီးသူများ ပေါ်ထွက်လာခြင်းမှာ ၎င်းတို့၏ အင်အားသည် မဟာတောရိုင်းလောကမှ ရှေးဟောင်းမျိုးနွယ်စုကြီး ဆယ်စုထက် မနိမ့်ကြောင်း ပြသနေသည်။ အလွန်ပင် အစွမ်းထက်လှသည်။
ထို့ပြင် ထာဝရကြယ်စုနယ်မြေတွင် မဟာဧကရာဇ်များကို အလွယ်တကူ သတ်နိုင်သော မသေမျိုးဧကရာဇ်များလည်း ရှိနေသည်။ ပြီးခဲ့သည့်ရက်ပိုင်းက မျိုးနွယ်စုခေါင်းဆောင်၏ သဘောထားမှာလည်း ထူးခြားလှသည်။
ဝမ်ဝမ်နှင့် အခြားလူများကို မိသားစုဝင်အဖြစ်မှ ပယ်ဖျက်ကာ တောရိုင်းမြေအတွင်းသို့ နှင်ထုတ်လိုက်ခြင်းမှာ ထိုနယ်မြေနှင့် ရန်မဖြစ်လိုကြောင်း ပြသခြင်းပင် ဖြစ်သည်။
ကိုယ့်ညီအစ်ကိုကို သတ်ခံရတာလား အဲဒါငါတို့နဲ့ ဘာဆိုင်လဲ မဟာတောရိုင်းလောကမှာ အစွမ်းထက်တဲ့သူက အဓိကပဲ။ အားနည်းတဲ့သူက သေမှာပဲ ငါကမင်းကို ဖျက်ဆီးလိုက်ရင် မင်းက ဘာလုပ်နိုင်မှာလဲ အရင်းအမြစ်တွေ ရှိနေတာကပဲ အပြစ်တစ်ခု ဖြစ်နေတာလေ။ အင်အားကြီးတဲ့သူကိုတော့ မင်းဘယ်တော့မှ မဆန့်ကျင်နိုင်ဘူး။
သူ ခေတ္တစဉ်းစားပြီးနောက် တိုက်ခိုက်မည့်သူများကို ချက်ချင်း တားလိုက်သည်။ မကြာမီ သတင်းမှာ မျိုးနွယ်စုခေါင်းဆောင်ထံ ရောက်သွားသည်။ လူရိပ်တစ်ခု နှစ်ဖက်စလုံး၏ ရှေ့တွင် လျင်မြန်စွာ ပေါ်လာသည်။
ခရမ်းရောင် တာအိုဝတ်စုံ ဝတ်ထားသော ပိန်လှီလှသည့် အဘိုးအိုမှာ သေခါနီး လူအိုကြီးနှင့် တူသော်လည်း သူပေါ်လာသည်နှင့် ဤနေရာ၏ ကောင်းကင်နှင့် မြေကြီး စည်းမျဉ်းများမှာ တွန့်လိမ်သွားတော့သည်။
စုတိန်ဖန်း၏ အကြည့်များမှာ စူးရှသွားသည်။ သူသည် ဧကရာဇ်မင်းမြတ်၏ အမည်ကို ခေါ်ဆိုပြီးဧကရာဇ်အစွမ်းကို ရယူရန် အဆင်သင့် ပြင်လိုက်သည်။ မဟုတ်လျှင်တော့ အားလုံး ပြီးသွားလိမ့်မည်။ ကောင်းကင်ဧကရာဇ်ဆိုသည်မှာ လူတစ်ယောက်ကို အတိတ်ရော အနာဂတ်ပါ ဖျက်ဆီးပစ်နိုင်သော တည်ရှိမှုမျိုး ဖြစ်သည် သတိထားရမည်။
ဆရာ တိုက်လိုက်ရအောင်လား ကျွန်တော်တို့ လေးယောက်လုံး ဧကရာဇ်ရဲ့အစွမ်းကို ရထားတာဆိုတော့ အဲဒီအဘိုးကြီးကို သတ်နိုင်မှာပါ။ မဟုတ်ရင် သူအရင်စတိုက်ရင် ဒုက္ခရောက်ကုန်လိမ့်မယ်။
ထိုစကားများမှာ အဘိုးအို၏ နားထဲတွင် မိုးကြိုးပစ်လိုက်သလို ဖြစ်သွားသည်။
ဒီမဟာဧကရာဇ်တွေက ငါ့ကို သတ်နိုင်တယ်လို့ ပြောနေတာလား။
အရှင်မင်းကြီး အရှင်မင်းကြီး အဲဒါ ဝမ်ဝမ်ကို သတ်ခဲ့တဲ့သူလား။
ဝမ်ဝမ်က အရင်းအမြစ်တွေ လုယူခဲ့တာကို ဝမ်မိသားစုက လက်ခံထားသော်လည်း လူသိရှင်ကြားတော့ မပြောရဲပေ။ ဒါပေမဲ့ အများစုကတော့ သူတို့ကို ပြန်လုဖို့ မရဲကြတာ အမှန်ပဲ။ ဝမ်ဟောက်တယ်ဆိုတဲ့ နာမည်က ကြယ်စုနယ်မြေတွေမှာ အလုပ်ဖြစ်ပါတယ်။
ဒါပေမဲ့ ပြန်လုရဲတဲ့လူနဲ့ တွေ့ရင်တော့ ဘာမှလုပ်လို့မရဘူး။ ကိုယ်က သူများဆီက လုဖို့သွားပြီး အသတ်ခံရတာကို ကံဆိုးပြီး သေသင့်လို့ သေတာလို့ပဲ ပြောရမှာပေါ့။
ဒါပေမဲ့ ရှေ့ကလူတွေဟာ ထိုအစွမ်းထက် ပုဂ္ဂိုလ်ကြီး၏ အစွမ်းကို ငှားသုံးနိုင်သည်မှာ သေချာနေသည်။ ဒါဆိုသတ်မလား ဝမ်ဟောက်တယ် မျက်မှောင်ကြုတ်ကာ စဉ်းစားနေသည်။ သူသည် အမှားအမှန်ကို မသေချာဘဲ လောင်းကြေးမထပ်ချင်ပေ။ လောင်းကြေးရှုံးရင် တစ်မျိုးနွယ်လုံး ပျက်စီးသွားနိုင်သည်။
လောင်းကြေးနိုင်ရင်လည်း ဘာမှ အကျိုးအမြတ် မရှိပေ။ ဧကရာဇ်မင်းမြတ်က လာရှာတာကိုပဲ ခံရလိမ့်မည်။ မသေမျိုးဧကရာဇ်နှစ်ယောက် တိုက်ကြလျှင် ယိုဟဲမျိုးနွယ်စု တစ်ခုလုံးလည်း ဖုန်မှုန့် ဖြစ်သွားလိမ့်မည်။ အဲဒါက တကယ်ကို အရှုံးကြီးပဲ။
အချိန်အတော်ကြာ စဉ်းစားပြီးနောက် ဝမ်ဟောက်တယ်မှာ မိုက်ရူးရဲ မလုပ်ဝံ့တော့ပေ။
ဒါဆို မင်းတို့က ထာဝရကြယ်စုနယ်မြေက လာတာကိုး ဧည့်ဝတ်မကျေတာကို တောင်းပန်ပါတယ်။
ဒီနေရာက ငါတို့ယိုဟဲမျိုးနွယ်စု ပိုင်တာပါ။ အောက်ကလူတွေက ကိုယ့်နယ်မြေကို ကာကွယ်ချင်လို့ အခုလို လုပ်မိတာပါ စိတ်ထဲမထားပါနဲ့။
ငါ့နာမည်က ဝမ်ဟောက်တယ်ပါ။ စုတိန်ဖန်း အံ့အားသင့်သွားသည်။ သူများအပေါ် ယဉ်ကျေးစွာ ဆက်ဆံတာက တကယ်ပဲ အလုပ်ဖြစ်တာပဲ ဒီလို တောရိုင်းမြေကြီးမှာ လူတွေက တကယ်ကို ရိုးသားဖြောင့်မတ်ကြတာပဲ။
ကျွန်တော်က စုတိန်ဖန်းပါ ထာဝရကြယ်စုနယ်မြေရဲ့ အထွတ်အထိပ်ဧကရာဇ်နန်းတော်က နန်းတော်သခင်ပါ။
အော် နန်းတော်သခင်စုကိုး နာမည်ကြီးတာ ကြားဖူးပါတယ်။ ဝမ်မိသားစုခေါင်းဆောင်က တကယ့်ကို ခန့်ညားထည်ဝါပြီး လေးစားစရာ ကောင်းလှပါတယ်။
မဟုတ်တာ မဟုတ်တာ ငါက သေခါနီး လူအိုကြီးပါ။အဘိုးအိုက ခေါင်းဆောင်အကြီးအကဲကို ကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
အဝေးကလာတဲ့ ဧည့်သည်တွေကို နားနားနေနေ နေနိုင်ဖို့ စီစဉ်ပေးလိုက်ပါ။
အကြီးအကဲက လက်အုပ်ချီြပီအမိန့်တော်အတိုင်းပါ ခေါင်းဆောင်။
အမလေး မျိုးနွယ်စုခေါင်းဆောင်ကတောင် သူတို့ကို မျက်နှာသာ ပေးနေမှတော့ ဒီလူတွေက သာမန်မဟုတ်တာ သေချာပြီ။
တော်သေးတာပေါ့ ချက်ချင်း ဝင်မတိုက်မိလို့ မဟုတ်ရင် ငါတို့တွေ အကုန်သေကုန်မှာ နန်းတော်သခင်စု ထာဝရကြယ်စုနယ်မြေအကြောင်း တစ်ခါမှ မကြားဖူးလို့ပါ။ အဲဒါက ဘယ်လိုနေရာမျိုးလဲဆိုတာ မေးပါရစေဦး။
ဝမ်ဟောက်တယ်က ခပ်ဖွဖွ ပြုံးလျက် မလောပါနဲ့ဦး။ အရင်ဆုံး ငါတို့ မျိုးနွယ်စုဆီမှာ နားနားနေနေ နေပါဦး ပြီးမှ အေးအေးဆေးဆေး စကားပြောကြတာပေါ့။
စုတိန်ဖန်းလည်း လက်အုပ်ချီ နှုတ်ဆက်လိုက်သည်။
ဒီလောက်တောင် သဘောကောင်းနေမှတော့ ကျွန်တော်တို့ ဝမ်းမြောက်ဝမ်းသာ လက်ခံပါတယ်။ ဒီကလူတွေက တကယ်ကို ဧည့်ဝတ်ကျေတာပဲ။