အခန်း ၁၇၁ ရမ်းကားလွန်းတယ်
ယခုအခါ သမီးဖြစ်သူမှာ အခန်းခွဲ၍ အိပ်နေရပြီဖြစ်သည်။ သူတို့မှာ အရွယ်မရောက်သေးသော်လည်း ခန္ဓာကိုယ်မှာတော့ အတော်ပင် ကြီးထွားလာခဲ့ပြီ မဟုတ်လား။
အခန်းမခွဲခင်က ယောင်ယောင်မှာ လုံးဝ သဘောမတူဘဲ ငြင်းဆန်ခဲ့သည်။ သူမသည် ငယ်ငယ်ကတည်းက ဖေဖေနှင့်အတူ အိပ်လာခဲ့ခြင်းဖြစ်ရာ ဘာကြောင့်အခုမှ ခွဲအိပ်ရမည်နည်း မူမူတစ်ယောက်သာ အသိတရားရှိရှိဖြင့် သူမကို အတင်းဆွဲခေါ်သွားခဲ့ခြင်းဖြစ်ပြီး ယခုမှသာ အသားကျစပြုလာခြင်းဖြစ်သည်။
ညဘက် ချန်ချင်းနန်းတော်အတွင်း၌ လူနှစ်ဦး၏ အသက်ရှူသံနှင့်အတူ ရံဖန်ရံခါ ညည်းတွားသံသဲ့သဲ့သာ ကြားနေရသည်။ သမီးဖြစ်သူ အနားမှာ မရှိတော့သဖြင့် ကိစ္စအဝဝမှာ ပို၍ လွယ်ကူချောမွေ့သွားတော့သည်။
ယောကျာ်း ပြောစရာလေးတွေ ရှိသေးတယ် ခဏလောက် စောင့်ပါဦး။ ရပါတယ် ပြောလေ ကိုယ်က ဘာမှမလုပ်ပါဘူး။ အဲဒီလိုကြီးနဲ့က စကားပြောဖို့ အာရုံစိုက်လို့ မရဘူးလေ။
ချူနင်က ပြုံးကာ သူမကို ဖက်ထားလိုက်ပြီး နားမလည်သလို မေးလိုက်သည်။ "ဘာကိစ္စလဲ"
ရဲ့ချန်းလျန်မှာ မျက်နှာလေး နီမြန်းလျက် ချူနင်ကို ရန်တွေ့သလို ကြည့်ကာ ခေတ္တတွေဝေပြီးမှ စကားစလိုက်သည်။
ရှေးလူကြီးတွေ ပြောကြတယ် သမီးတွေ အရွယ်ရောက်လာရင် ဖေဖေနဲ့ ခပ်ခွာခွာ နေရမယ်တဲ့။ ယောင်ယောင်က အခုဆို အတော်ကြီးနေပြီ ရှင်က သူမကိုနေ့တိုင်း ချီထားတာက တကယ်ကို မသင့်တော်ဘူး။
ချူနင် ခဏမျှ ကြောင်အသွားပြီးမှ ရယ်မောကာ မင်းက သမီးကို မနာလို ဖြစ်နေတာလား။
သူမက သေးသေးလေးပဲရှိသေးရင်တော့ ပြဿနာမရှိပါဘူး ဒါပေမဲ့ တကယ်တော့ ဒါကို မပြောဘူးလို့ စဥ်းစားထားတာ ဒါပေမဲ့ ယောင်ယောင်က ယောကျာ်းအပေါ် အရမ်းတွယ်ကပ်နေရင် နောက်ကျရင် မကောင်းဘူး။
ကိစ္စတိုင်းကို ရှင်ကပဲ ဖြေရှင်းပေးနေရရင် သူက ဘယ်တော့မှ ကိုယ့်ခြေထောက်ပေါ်ကိုယ် ရပ်တည်နိုင်မှာ မဟုတ်ဘူး။ နောက်ပြီး တာအိုအဖော် (အိမ်ထောင်ဖက်) ရှာရင်တောင် ရှင့်ရဲ့အဆင့်အတန်းနဲ့ ယှဉ်ပြီး ရှာနေရင် ဘယ်သူ့ကိုမှ သဘောကျမှာ မဟုတ်တော့ဘူး။
အမှန်အတိုင်းပြောရလျှင် သူမ တကယ် မနာလိုဖြစ်နေခြင်းပင်။ ကိုယ်မွေးထားတဲ့ သမီးက ကိုယ့်ရဲ့ အချစ်ပြိုင်ဘက် ဖြစ်လာသလို ခံစားနေရသဖြင့် သူမ၏ စိတ်ထဲတွင် ဝေခွဲမရ ဖြစ်နေခြင်းဖြစ်သည်။
သူတို့ကို အပြင်လွှတ်မယ်လို့ ပြောခဲ့တယ် မဟုတ်လား။ အဲဒါက ဖြစ်နိုင်မယ်လို့ ထင်တယ်။ ချူနင်ခဏမျှ စဉ်းစားပြီးမှ ခေါင်းငြိမ့်လိုက်သည်
အရင်ကတော့ မင်းက သဘောမတူဘူးလေ ကိုယ်ကတော့ အမြဲတမ်း ထောက်ခံပါတယ်။ သူက ဖြည်းဖြည်းချင်း ကြီးထွားလာတာဆိုရင်တော့ နောက်ထပ် ဆယ်နှစ်လောက် ထားလို့ရသေးတယ်။ ဒါပေမဲ့ သူက အခုမှနှစ်နှစ်တောင် မပြည့်သေးတာကို အသက် ၁၁ နှစ် ၁၂ နှစ် အရွယ်လောက် ဖြစ်နေပြီ။
စောစောစီးစီး အပြင်ထွက်ပြီး အတွေ့အကြုံ ရှာခိုင်းတာကလည်း အဆင်ပြေပါတယ်။
ဒါပေမဲ့ သူတို့ကိုဒီလောက်စောစော ခွဲရမှာလည်း စိတ်မကောင်းဘူး။ သူတို့က တကယ်တော့ အရမ်းငယ်သေးတာလေ။ ဘယ်သူက သူတို့ကို နှစ်နှစ်မပြည့်သေးဘူးလို့ ထင်မှာလဲ။ ယောင်ယောင်ကလည်း ရင့်ကျက်မှု မရှိသေးတော့ အပြင်မှာ အနိုင်ကျင့်ခံရမှာ စိုးရိမ်မိတယ်။ သူမမှာ စိတ်တွေ ရှုပ်ထွေးနေသည်။
ယောက်ျားကို မဖက်ခိုင်းချင်သဖြင့် သမီးကို အဝေးပို့ချင်သလို တစ်ဖက်မှာလည်း မျက်စိအောက်က အပျောက်မခံနိုင်အောင် ချစ်နေမိပြန်သည်။
ယောင်ယောင်ရဲ့ စရိုက်ကိုတော့ စိတ်ပူစရာ မလိုပါဘူး။ မူမူက ရင့်ကျက်တော့ ယောင်ယောင်ကို ကောင်းကောင်း စောင့်ရှောက်နိုင်လိမ့်မယ်။ ဒါပေမဲ့ သင့်တော်တဲ့ နေရာတစ်ခု မတွေ့ခင်အထိတော့ ခဏလောက် ထပ်စောင့်တာ ပိုကောင်းမယ်လို့ ထင်တယ်။
သင့်တော်တဲ့နေရာ အထက်လောကကတော့ မသင့်တော်ဘူး။ အထက်လောကရဲ့ ဘယ်နေရာမဆိုက သူတို့အိမ်လိုပဲဖြစ်နေမှာ။ အဲဒီ တောရိုင်းမြေကိုတော့ ထည့်စဉ်းစားလို့ ရတယ်။ သူတို့အတွက်လည်း အကျိုးရှိမယ်။
ချူနင်က ပြုံးပြီး မင်းက သူတို့အတွက် စဉ်းစားနေတာ မဟုတ်ဘဲ မင်းအတွက် မင်း စဉ်းစားနေတာပဲ။ ကိုယ့်သမီးက ကိုယ့်ယောက်ျားကို လုဖက်နေတာကို မင်း လုံးဝ မကျေနပ်တာ သေချာတယ်။
ရဲ့ချန်းလျန်၏ မျက်နှာမှာ ပို၍ နီမြန်းသွားပြီး ရှက်ကိုးရှက်ကန်း ဖြစ်သွားသော်လည်း အတင်း ဝန်ခံလိုက်သည်။
ကျွန်မယောက်ျားကို ဘယ်သူမှ မဖက်ရဘူး သမီးဆိုရင်တောင် မရဘူး အဲဒါ ဘာဖြစ်လဲ
နောက်တစ်ခါကျရင်တော့ အဲဒီလောက် အစွမ်းထက်တဲ့ အထွတ်အထိပ်သန့်စင်ခန္ဓာမျိုး မမွေးတော့ဘူး။ ဒါမှ မိခင်တစ်ယောက်အနေနဲ့ ကလေးကို ကြာကြာ ထိန်းရမှာ။ အခုကတော့ အရမ်းကြီး မြန်လွန်းနေပြီ။
ကောင်းပြီလေ ဒါဆိုရင် ဒီတစ်ခါရော အရင်အတိုင်းပဲလား ဒါမှမဟုတ် နောက်တစ်ယောက် ထပ်ယူဖို့ စဉ်းစားမလား။
ရဲ့ချန်းလျန်က ချက်ချင်းပင် ဒါကို မလောပါနဲ့ဦး။ သမီးနှစ်ယောက်နဲ့တင် အတော်လေး ခေါင်းကိုက်နေပြီ။ သူတို့ ကြီးသွားတဲ့အထိ စောင့်ပါဦး ဒါမှ ကျွန်မလည်း စိတ်အေးရမှာ။
ဘေးက နန်းတော်တွင်တော့ ချူနင်၏ နေအိမ်ဟောင်းကို သမီးနှစ်ယောက်နှင့် ရှောင်ပင်းတို့ ခွဲဝေယူထားကြသည်။ အနည်းဆုံးတော့ လူကြီးတစ်ယောက် သူတို့နှင့်အတူ ရှိနေခြင်းက ပို၍ စိတ်ချရသည် မဟုတ်လား။
ကုတင်ပေါ်တွင်တော့ ယောင်ယောင်မှာ ဖက်စရာ ဖေဖေမရှိတော့သဖြင့် သူမ၏ အစ်မဖြစ်သူ ရှောင်ပင်းကိုသာ ဖက်ထားရသည်။ ဒါပေမဲ့ ရှောင်ပင်းက ပြားချပ်နေသဖြင့် ဖက်ရသည်မှာ အဆင်မပြေပေ။
ဒါပေမဲ့ ဖေဖေက ပြောတယ် သူများအတင်း မပြောရဘူးတဲ့ အထူးသဖြင့် မိန်းကလေးတွေကိုပေါ့ စိတ်ထိခိုက်သွားနိုင်လို့တဲ့။
ဘာမှ မပြောတော့ပါဘူး နှစ်ရက်လောက် ဖက်ထားရင်တော့ အသားကျသွားမှာပါလေ။
မူမူကတော့ ဒါကို အမြဲတမ်း အထင်သေးသည့် ပုံစံဖြင့် ကြည့်နေသည်။
ညဘက် အိပ်ရင်တောင် ဖက်စရာလိုနေသေးတာလား ဒီအကျင့်ဆိုးကို ဘယ်သူသင်ပေးတာလဲ။ နင့်ကို ဘာလို့ အပြင်ထုတ်လိုက်လဲဆိုတာ မသိဘူးလား ဖေဖေနဲ့ ညတိုင်း တူတူအိပ်နေလို့ပေါ့။
သို့သော် သူတို့မှာ အမှန်တကယ်ပင် လျင်မြန်စွာ ကြီးထွားလာခဲ့ကြသည်။ သုံးနှစ်၊ လေးနှစ် အရွယ်လောက်ရောက်လျှင် သာမန်လူတစ်ယောက်၏ အရပ်အမောင်းလောက် ရှိလာလိမ့်မည်ဟု ခန့်မှန်းရသည်။
နောင်တစ်ချိန်တွင် သူတို့မှာ လေ့ကျင့်မှုအတွက် အပြင်သို့ စေလွှတ်ခြင်း ခံရမည်မှာ သေချာသည်။ အင်အားကြီး မိသားစုများ၏ ထုံးစံအတိုင်း ကလေးကို အမြဲတမ်း အနားမှာ ထား၍ မရပေ။ သို့သော် ထိုကိစ္စမှာ နောက်မှ ပြောရမည့် ကိစ္စဖြစ်သည်။
လက်ရှိ ထျန်းရွှမ်းတိုက်ကြီး တစ်ခုလုံးတွင် သူတို့ကို ရန်မူရဲသူ တစ်ယောက်မှ မရှိပေ။ အထက်လောက၏ ဘယ်နေရာကိုပဲ သွားသွား သူတို့အပေါ်ရှိ ကောင်းကင်တာအို၏ အကာအကွယ်ကို ခံစားမိသည်နှင့် မည်သူကမျှ စကားတစ်လုံးတောင် ဟရဲကြမည် မဟုတ်ပေ။
အဲဒီ တောရိုင်းတိုက်ကြီးက သင့်တော်မယ်ဆိုရင်တော့ ဒီအတဲ့ ယောင်ယောင်လေးကို ခေါ်သွားတာ အကောင်းဆုံးပဲ။ အနည်းဆုံးတော့ လောကကြီးက အန္တရာယ်များတယ်ဆိုတာ လူတိုင်းက ကိုယ့်အပေါ် ယဥ်ကျေးနေမှာ မဟုတ်ဘူးဆိုတာနဲ့ ကိုယ့်ရဲ့ အစွမ်းကို မြှင့်တင်ဖို့က ဘယ်လောက် အရေးကြီးလဲဆိုတာကို ယောင်ယောင် သိသွားမှာပါ။
ဒါပေမဲ့ ထူးဆန်းတဲ့ အချက်တစ်ခု ရှိနေသည်။ ယောင်ယောင်က ကျင့်ကြံခြင်းမလုပ်ဘဲ နေရင်တောင်မှ သူမရဲ့ တိုးတက်မှုနှုန်းက မူမူထက် ပိုမြန်နေသလိုပဲ။ နှစ်ယောက်လုံးက အထွတ်အထိပ် သန့်စင်ခန္ဓာတွေပဲလေ ဘာလို့ ယောင်ယောင်က ဒီလောက် စွမ်းနေရတာလဲ။
မူမူက ဒါကို စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။ ငါးရက်အကြာတွင် သူမသည် ကောင်းကင်ဖြစ်စဉ်အဆင့်၏ အလယ်ပိုင်းသို့ ရောက်ရှိသွားသည်။ ဒီငါးရက်အတွင်း သူမ ဘာမှမလုပ်ဘဲ နေခဲ့ခြင်းဖြစ်သည်။
မူမူ နားလည်သွားပြီ ဘာလို့ယောင်ယောင်က ကျင့်ကြံစရာ မလိုဘဲ တိုးတက်နေရလဲဆိုတာ။
ဖေဖေက အများကြီး ပေးထားတာပဲ ကျင့်ကြံနေလည်း ဘာထူးမှာလဲ အတူတူပဲကိုး။
ဒါပေမဲ့ ဘာမှမလုပ်ဘဲ နေရတာကို မူမူ စိတ်မရှည်တော့ပေ။ ကျင့်ကြံသူတွေက ကျင့်ကြံခြင်း မလုပ်ရင် ဘာလုပ်ရမှာလဲ မြောက်ပိုင်းပင်လယ်မှာ နေ့တိုင်း နဂါးသွားမျှားနေရမှာလား။
ထိုနေရာက နဂါးတွေကလည်း မျှားတံချလိုက်ရုံနဲ့ မိနေတာပဲ။ အိမ်ရှေ့က ကန်ထဲမှာလည်း စစ်မှန်တဲ့ နဂါးတွေ ပြည့်နေတာပဲ။ ပထမဆုံး မိတဲ့ နဂါးတွေဆိုရင် အခု မဟာဧကရာဇ်တွေတောင် ဖြစ်နေပြီ။
ယောင်ယောင်ကတော့ စုတိန်ဖန်းနှင့် ခဏခဏ ဆက်သွယ်ရေးအဆောင်ဖြင့်စကား ပြောနေတတ်သည်။ သူမသည် ပြင်ပလောကကို အလွန် စိတ်ဝင်စားနေပုံရသည်။ လဝက်ခန့်အကြာတွင် ယောင်ယောင်က ချူနင်ကို လာရှာသည်။ ဖေဖေ ကြည့်ဦး ဒီတိုက်ကြီးက အရမ်းလှတာပဲ။
ဖန်သားပြင်ထဲတွင် ပင်လယ်နှင့် ကုန်းမြေ ထိစပ်နေသည့် နယ်နိမိတ်ကို မြင်နေရသည်။ ဧကရာဇ်များ၏ အရှိန်မှာ အလွန်ပင် မြန်ဆန်လှသည်။ သို့သော် သူတို့သည် ဤနေရာ၏ တာအိုစည်းမျဉ်းများကို စူးစမ်းနေကြသဖြင့် အရှိန်ကို ထိန်းပြီး သွားနေကြခြင်းဖြစ်သည်။
စုတိန်ဖန်းနှင့် တခြားလူများသည် မြင့်မားသော တောင်တန်းကြီးများနှင့် ထိုနေရာတွင် နေထိုင်သော သတ္တဝါများ ရှိရာ တိုက်ကြီးတစ်ခု၏ ရှေ့တွင် ရပ်နေကြသည်။
အရှင်မင်းကြီး ကျွန်တော်တို့ တောရိုင်းမြေကို ရောက်ပါပြီ ဒီနေရာက ဝမ်မိသားစု အုပ်ချုပ်တဲ့ နယ်မြေ ဖြစ်ပုံရပါတယ်။
အရင်ဆုံး အထဲဝင်ပြီး ကြည့်လိုက်ပါဦးမယ် ပြီးမှ အရှင်မင်းကြီးကို ပြန်သတင်းပို့ပါ့မယ်။
"ကောင်းပြီလေ"