အခန်း ၁၆၉ အမေနဲ့ အစ်မက ငါ့ကို ဝိုင်းရိုက်ကြတယ်
ဖေဖေ ဟိုအဘိုးကြီးတွေ ဘယ်ရောက်ကုန်ပြီလဲ။ယောင်ယောင်က နားမလည်နိုင်သော မျက်နှာပေးဖြင့် မေးလိုက်သည်။ သူမသည် အစအဆုံး စောင့်ကြည့်နေခဲ့ခြင်း ဖြစ်သည်။ ထိုအဘိုးကြီးများ အားလုံး ဘယ်ပျောက်သွားကြသနည်း။
ချူမူက ထိုစကားကို ကြားသောအခါ မျက်လုံးအသာလှန်လိုက်ပြီး အဲဒီ အဘိုးကြီးတွေက ညီမလေးရဲ့ရတနာတွေကို လုချင်နေတာလေ တကယ်ပဲသူတို့ကို ပေးလိုက်ချင်လို့လား။
ဘာလို့ လုရမှာလဲ သူတို့ကို အလကား ပေးလိုက်ရင် ပိုမကောင်းဘူးလား။
ညီမလေးစိတ်များ ဖောက်ပြန်နေတာလား လူတွေက အဲဒါကိုရဖို့ လုနေကြတာကို ညီမလေးက ပေးလိုက်ချင်တယ် ဟုတ်လား။ ဒါက ဖေဖေနဲ့ မေမေတို့ကို လုတာမှ မဟုတ်တာ ဘာအရေးကြီးလို့လဲ။
ချူမူ သွေးအန်မတတ် ခံစားလိုက်ရပြီး သူမ၏ ညီမလေးကို အတော်ပင် စိတ်ပျက်သွားသည်။
ညီမလေး... ညီမလေး သယ်လာတဲ့အရာက ဘယ်လောက် တန်ဖိုးရှိလဲဆိုတာ တကယ်ပဲ မသိဘူးလား။
မသိဘူးလေ ငါ့မှာ အဲဒါမျိုး နောက်ထပ် အများကြီး ရှိသေးတာပဲ။ အဲဒါက အဲလောက်တောင် ရှားလို့လား။ ချူမူ အသက်ပြင်းပြင်းရှူလိုက်ပြီး သူမကို ရိုက်လွှတ်လိုက်ချင်စိတ် ပေါက်သွားသည်။ ဖေဖေ ဒီမှာ ရှိနေလို့သာ တော်တော့သည်။
ချူနင်က ပြုံးလျက် ရှေ့သို့ တိုးလာပြီး သမီးငယ်လေးကို ပွေ့ချီလိုက်သည်။
ယောင်ယောင်လေး သမီးနားလည်ထားရမှာက သမီးပစ္စည်းက ဘယ်လောက်ပဲ တန်ဖိုးရှိရှိ သူများက အတင်းလုယူတာဟာ မှားယွင်းတဲ့ လုပ်ရပ်ပဲ။
ဥပမာ သကြားလုံးတစ်လုံးပေါ့။ သမီးက ဂရုမစိုက်ဘူးဆိုရင်တောင်မှ သူစိမ်းတစ်ယောက်က ရုတ်တရက် လာလုသွားရင် သမီး ဘယ်လို ထင်မလဲ။
ရာယောင်း မျက်တောင်လေး ခတ်လိုက်ပြီး ဒါဆိုရင်တော့ ဖေဖေကို ပြန်ယူခိုင်းမှာပေါ့။ ဒါကသမီးဟာပဲလေ။ သမီးက မပေးဘဲနဲ့ သူတို့က ယူလို့မရဘူး မဟုတ်လား။
ချူနင်က ယောင်ယောင်၏ ခေါင်းကို ပွတ်ပေးကာ ပြုံးလျက် မှန်တာပေါ့ ဒါကြောင့်လည်း ဖေဖေက ဟိုလူဆိုးတွေကို မောင်းထုတ်ပေးလိုက်တာပေါ့ ဟုတ်ပြီလား။
အော် ဒါဆို အဲဒီလို လူဆိုးတွေကို ပုံမှန်ဆိုရင် ဘယ်လိုအပြစ်ပေးတာလဲ။ ပုံမှန်ဆိုရင်တော့ မီးရှူးမီးပန်း လွှတ်ခိုင်းတာပေါ့။ အဲဒါထက် ပိုဆိုးတဲ့လူဆိုရင်ရော။ သူတို့ရဲ့ မျိုးနွယ်စုနဲ့ မိသားစုကိုပါ အကုန်ရှင်းပစ်ပြီး အားလုံးတူတူ မီးရှူးမီးပန်း လွှတ်ခိုင်းလိုက်တာပေါ့။
ချူနင်က ရယ်မောရင်း ယောင်ယောင်လေး အရွယ်ရောက်လို့ အပြင်ထွက်တဲ့အခါ ကိုယ်တိုင် မဖြေရှင်းနိုင်တဲ့ ပြဿနာနဲ့ ကြုံရင် ဖေဖေ့ကို လှမ်းခေါ်လိုက်နော်။ သမီး ဘယ်ကိုပဲသွားသွား ဖေဖေက အမြဲတမ်း သမီးဘေးမှာ ရှိနေမှာပါ။ ယောင်ယောင်က အားတက်သရော ခေါင်းငြိမ့်ပြသည်။
"ဟုတ်ကဲ့ပါ ဖေဖေ"
ထို့နောက် ယောင်ယောင်က ထိုအကြောင်းကို ဆက်မတွေးတော့ဘဲ သူမလက်ထဲမှ အလုံးလေးကို ချူမူထံ ကမ်းပေးလိုက်သည်။
အစ်မ ဒါကညီမလေးပေးတဲ့ လက်ဆောင်နော် လုတာ မဟုတ်ဘူး။ ဒါကြောင့် ငါ့ရဲ့မျိုးနွယ်စုကိုတော့ အကုန်မရှင်းလိုက်ပါနဲ့ဦး။ ချူမူ၏ နှုတ်ခမ်းများ တွန့်သွားပြီး ထိုအရာကို ပြန်ပစ်ပေးလိုက်သည်။ ငါတို့ မိသားစုက ညီမလေးရဲ့ မိသားစုပဲ မဟုတ်ဘူးလား။
ပြီးတော့ ကောင်းကင်ဧကရာဇ်မဖြစ်သေးဘဲနဲ့ ဒါကို ယူထားလည်း ဘာလုပ်လို့ ရမှာလဲ။
မလိုချင်ပါဘူး ညီမလေးပဲ ဆော့ချင်ဆော့ပါ ဒါပေမဲ့ လူစိမ်းတွေကိုတော့ လျှောက်မပြနဲ့ဦး။ ဒါဆိုလူဆိုးတွေကို မောင်းထုတ်ပေးလို့ ကျေးဇူးတင်တယ်လို့ ပြောရမလား အစ်မ။
ကျေးဇူးတင်ချင်ရင် အခုလို မိုက်မဲမနေနဲ့တော့။
အစ်မကသာ အတာပါ ငါကမအဘူး ပြီးတော့ ဖေဖေနဲ့ မေမေက ပြောတယ် အစ်မက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိနိုင်တယ်တဲ့။ ကျောက်မီးသွေးပုံပေါ်က ကျီးကန်းလိုပဲ သူများ အတာကိုမြင်ပြီး ကိုယ်အတာကို မမြင်ဘူး။
ချူမူသည် ချူနင်၏ လက်ထဲမှ ရုန်းထွက်ပြီး ယောင်ယောင်ကို ဆွဲခေါ်သွားတော့သည်။ ချူနင်ကတော့ ဂရုမစိုက်ပေ။ မူမူသည် လူကို ရိုက်လျှင် အရှိန်ထိန်းတတ်သည်ကို သူသိသဖြင့် ယောင်ယောင်ကို သင်ခန်းစာပေးနေခြင်းမှာ ကောင်းသည်ဟု သူယူဆသည်။
ရှောင်ပင်းက နားမလည်သလို မေးလာသည်။
အရှင် အဲဒီလူတွေက တခြားလောကက လာတာလား။ ချူနင်ခေါင်းငြိမ့်ပြပြီး လက်ကို ဆန့်ထုတ်လိုက်ရာ အဆုံးမဲ့သော ကြယ်တာရာမြစ်တစ်ခု သူ့လက်ဖဝါးပေါ်တွင် ပေါ်လာသည်။
ထိုဂလက်ဆီ၏ အလယ်ဗဟိုတွင် စကြဝဠာ၏ တစ်ဝက်ခန့်ရှိသော တိုက်ကြီးတစ်ခု ရှိနေသည်။ ထာဝရကြယ်စုနယ်မြေဆိုသည်မှာ ထိုတိုက်ကြီး၏ အစွန်းနားက ဂလက်ဆီလေးတစ်ခုမျှသာ ဖြစ်သည်။
ရှောင်ပင်း ထိုမြင်ကွင်းကို ကြည့်ပြီး အံ့သြမှင်သက်သွားသည်။
အဲဒီလူတွေက ဒီတိုက်ကြီးက လာတာလား ဒီတိုက်ကြီးက အကြီးကြီးပဲနော် ချူနင်က ပြုံးပြီး ခေါင်းငြိမ့်ပြသည်။ ထို့နောက် တည်နေရာကို စုတိန်ဖန်းထံ ပို့ပေးလိုက်သည်။
အဘိုးကြီးစုနဲ့ တခြားလူတွေကို အရင်သွားပြီး လမ်းကြောင်း ရှာခိုင်းလိုက်မယ်။ သူတို့ စိတ်ဝင်စားတယ်ဆိုရင် နောက်မှ သွားလည်ကြတာပေါ့။ ရှောင်ပင်း အားတက်သရော ခေါင်းငြိမ့်သည်။
ကြယ်စုနယ်မြေ၏ ပြင်ပမှတိုက်ကြီး စကြဝဠာ၏ တစ်ဝက်ခန့်ရှိသော ကျယ်ပြောလှသည့် တိုက်ကြီး ထိုနေရာတွင် အင်အားကြီးမားသူများစွာ ရှိနေမည်မှာ သေချာသည်။ မဟာဧကရာဇ်များထက် မြင့်သော မသေမျိုး ဧကရာဇ်များပင် ရှိနေနိုင်သည်။
သို့သော် ဧကရာဇ်မင်းမြတ်ကတော့ ထိုတိုက်ကြီးမှ အင်အားကြီးသူများကို ဂရုစိုက်ပုံမရပေ။ ထို့ကြောင့်လည်း ဤလူများကို အလွယ်တကူ သတ်ပစ်ခဲ့ခြင်းဖြစ်သည်။ ထိုအခိုက်တွင် ရှောင်ပင်း၏ မျက်လုံးထဲ၌ ဧကရာဇ်မင်းမြတ်၏ပုံရိပ်မှာ ပို၍ပင် ခန့်ညားထည်ဝါသွားတော့သည်။
ချူနင်ကတော့ စိတ်ပျက်လက်ပျက်ဖြင့် ငါ့ကို အဲဒီလို လာမကြည့်နဲ့။ နည်းနည်းလောက် ကြိုးစားပြီး ကျင့်ကြံတာက ပိုကောင်းလိမ့်မယ်။
ကျွန်မကသူတော်စင်အဆင့်ပဲ ရှိပါသေးတယ်။ မင်းသမီးလေးတောင် ကျွန်မကို မှီတော့မယ် ဘယ်တော့မှ အဲဒီအဆင့် ရောက်မှာလဲ။
တာအိုကို ကျင့်ကြံတဲ့သူတွေက အသက်ရှည်ကြပါတယ်။ မင်းက ငယ်ပါသေးတယ် ဘာကို ကြောက်နေတာလဲ။
ဒါဆို ဧကရာဇ်မင်းမြတ်ရဲ့ အသက်က ဘယ်လောက်လဲဟင် (၂၄) နှစ်လား ဒါမှမဟုတ် နှစ်သန်းပေါင်းများစွာ ကျင့်ကြံထားတဲ့ ရှေးဟောင်း ဘီလူးကြီးလား။
ချူနင်က သူမ၏ခေါင်းကို တောက်တစ်ချက် ခေါက်လိုက်ရာ ရှောင်ပင်းက ခေါင်းကို ကိုင်ပြီး ဝမ်းနည်းသလို မျက်နှာပေးဖြင့် ရှောင်ပင်း အခုပဲ မင်းသားလေးကို (သမီးတော်လေးကို) သွားရှာလိုက်ပါဦးမယ်ဟု ဆိုကာ လစ်ထွက်သွားတော့သည်။
ချူနင်လည်း အချိန်မဆွဲတော့ပေ။ သမီးတွေ အိမ်မပြန်သေးခင် အခွင့်အရေးကို အရယူရမည်။ ထိုနေ့ညနေတွင် အားလုံး အောက်လောကသို့ ပြန်ရောက်လာကြသည်။
ယောင်ယောင် ပြန်ရောက်လျှင် ပထမဆုံး လုပ်သည့်အလုပ်မှာ ချူနင်ကို ဖက်ပြီး ငိုချလိုက်ခြင်းပင်။
ဖေဖေ အစ်မက သမီးကို ကျိုးကြောင်းပြပြီးမှ ရိုက်မယ်ဆိုပြီး တကယ်ကြီးရိုက်တာ။ သမီးက အမှန်အတိုင်း ပြောတာလေ။ သမီးငယ်ငယ်က ဖေဖေနဲ့ မေမေက ပြောဖူးတယ် အစ်မက မငိုတတ်လို့ ဦးနှောက်မှာ ပြဿနာ ရှိနိုင်တယ်ဆိုတာ။ အမှန်အတိုင်း ပြောတာက မှားလို့လား။
ချူမူကတော့ စိတ်မရှည်သလို ဖြစ်နေပြီး ချူနင်နှင့် ရဲ့ချန်းလျန်တို့ နှစ်ယောက်မှာတော့ အတော်ပင် မျက်နှာပူသွားကြသည်။
တကယ်လည်း ပြောခဲ့မိသည် မဟုတ်လား ဘယ်ကလေးကမှ မငိုဘဲနေပါ့မလဲ ရိုက်မှ ငိုတာပဲလေ။ ထိုစဉ်က သံသယဖြစ်မိသည်မှာ ပုံမှန်ပင်။ ဒါကို ယောင်ယောင်က ပြန်ပြောမိခြင်း ဖြစ်သည်။
မေမေ ဖေဖေနဲ့ မေမေက ညီလေး ဒါမှမဟုတ် ညီမလေးကို လုပ်ပြီးပြီလား။ ရဲ့ချန်းလျန် သမီးငယ်လေးကို ချော့မော့နေစဉ် ထိုစကားကို ကြားလိုက်ရသဖြင့် ခန္ဓာကိုယ် တုန်သွားပြီး ကလေးမလေးကို အံ့သြတုန်လှုပ်စွာ ကြည့်လိုက်သည်။ ယောင်ယောင်ကတော့ အလွန်ပင် လေးနက်နေသည်။
မေမေ သမီးကို လိမ်စရာမလိုပါဘူး။ မင်းတက်နန်းဆောင်ထဲက စာအုပ်စင်ထဲမှာ မေမေ ဝှက်ထားတဲ့ စာအုပ်တွေကို သမီး အကုန်ဖတ်ပြီးပြီ။ အဲဒီမှာ ရေးထားတယ် မျိုးဆက်သစ်တွေ ဖန်တီးဖို့အတွက် ညီလေး ညီမလေးတွေ လုပ်ရတယ်ဆိုတာ ဘယ်တော့ ပြီးမှာလဲ"
ချူနင်က သိချင်စိတ်ဖြင့် ဘယ်စာအုပ်လဲ ငါတော့ ဘာမှမသိပါလား။ ရဲ့ချန်းလျန်၏ မျက်နှာ ချက်ချင်း နီမြန်းသွားသည်။ အဲဒါ သူမစာအုပ်မဟုတ်ဘူး သူမဖခင် (ဧကရာဇ်ဟောင်း) ထားခဲ့တဲ့ အမွေအနှစ်တွေပဲ သူမက အမှတ်တရဆိုပြီး မစွန့်ပစ်ရက်လို့ သိမ်းထားမိခြင်း ဖြစ်သည်။
ဘယ်သူက အဲဒါတွေ ကြည့်ခိုင်းလို့လဲ ပြောပြီးနောက် သူမသည် ကလေးမလေးကို ဆွဲကာ ကောင်းကောင်း ဆုံးမတော့သည်။ ချူနင်ကတော့ ဝင်မပါရဲပေ။
ဒါ... ဒါက
ငါ့ကိုတောင် မပြဘဲနဲ့ သမီးက အရင်ကြည့်တယ်ပေါ့ တကယ်ကို အရိုက်ခံရမှာပဲ။
ဒီနေ့ညကျမှ ဘယ်စာအုပ်လဲဆိုတာ သွားကြည့်ဦးမယ် ငါ့မိန်းမက ဒါမျိုးတွေ သိမ်းထားလိမ့်မယ်လို့ မထင်ထားဘူး။
ဘာမျက်နှာပေးနဲ့ ကြည့်နေတာလဲ။ ရဲ့ချန်းလျန်က ဒေါသတကြီးဖြင့် ဒါကကျွန်မစာအုပ် မဟုတ်ဘူးနော်။ ကလေးတွေက ဒါမျိုးတွေ ဖတ်နေတာကို ရှင်က ဘာမှမမေးဘူးလား။
ချူနင်အားကိုးရာမဲ့စွာဖြင့် လက်ကို လှုပ်ရှားလိုက်ပြီး ကလေးမလေး၏ ဦးနှောက်ထဲမှ ထိုမှတ်ဉာဏ်များကို ဖျက်ဆီးလိုက်သည်။ ဤအရာများကို စောစောစီးစီး သိထားခြင်းမှာ မကောင်းပေ။ ပညာပေးတာ ဖြစ်နိုင်သော်လည်း အရမ်းကြီး မြင့်လွန်းနေသည်။
ထို့ကြောင့်ယောင်ယောင်သည် သူမ ဘာကြောင့် အစ်မဆီမှာ အရိုက်ခံရပြီး အခု မေမေ့ဆီမှာ ဘာကြောင့် ထပ်အရိုက်ခံရလဲဆိုတာကို လုံးဝ မသိတော့ပေ။ ဤမိသားစုတွင် ဖေဖေမှလွဲ၍ ကျန်သည့်လူများမှာ အားကိုးမရဟု သူမ တွေးမိတော့သည်။
ဖေဖေ သူတို့က သမီးကိုပဲ ဝိုင်းရိုက်ကြတယ်။ဖေဖေ မေမေကအရမ်းကြမ်းတာပဲ သမီး မကြိုက်ဘူး။ သမီး အရွယ်ရောက်လို့ ပိုက်ဆံရှိလာရင် ဖေဖေက လှလှပပနဲ့ သဘောကောင်းတဲ့ တခြားမမတစ်ယောက်ကို ထပ်ယူပေးမလား။
ဖေဖေ ဒီနေ့ မေမေက သမီးကို အပြင်းဆုံး ရိုက်တာ။ မေမေ့ရဲ့ ထမင်းထဲကို တံတွေး ထွေးထည့်ကြမလား။
ဒါဆိုရင်တော့ သမီး မေမေ့ဆီမှာ ဇောက်ထိုးဆွဲပြီး အရိုက်ခံရလိမ့်မယ်။
အဲဒါဆိုရင်တော့ တံတွေးမထည့်တော့ဘူး ဆားတွေ အများကြီး ထပ်ထည့်လိုက်ရင်ကော။
ဒါဆိုရင်တော့ ဖေဖေပါ အရိုက်ခံရမှာပေါ့။
ကလေးမလေး မျက်လုံးလေးတွေ နီရဲကာ ခေတ္တစဉ်းစားပြီးနောက် တကယ်လား ဒါဆိုလည်း ထားလိုက်ပါတော့ ပုံမှန်အတိုင်းပဲ လုပ်ကြတာပေါ့။ ဒါပေမဲ့ မေမေက အရမ်းကြမ်းတာပဲ ဖေဖေက ဘယ်လိုဖြစ်ပြီး မေမေ့ကို သဘောကျသွားတာလဲ မသိဘူး။
ချူနင်က ပြုံးပြီး ယောင်ယောင်၏ ဆံပင်လေးတွေကို ပွတ်ပေးကာ အင်း အဲဒါကတော့ ပြောရရင် အရှည်ကြီးပေါ့။