အခန်း ၁၆၆ ဧကရာဇ်မင်းမြတ်
မေမေ ဒါလေး များများစားပါ ဖေဖေပြောတာတော့ မေမေ ဒီစွပ်ပြုတ်ကို အကြိုက်ဆုံးပဲဆို။
ဒါကို ယောင်ယောင်ကိုယ်တိုင်ချက်တာနော် ဖေဖေက ဘေးကနေ မီးခတ် (ယပ်ခတ်) ပေးတာ။
ယောင်ယောင်လေး မီးခတ်တယ်လို့ မပြောရဘူးလေ ချူနင်က ဝင်ပြင်ပေးသည်။
ဒါဆို မီးဖောက်တာလား။ ထင်းစိုက်တယ် (မီးမွှေးတယ်) ဆိုတဲ့ စကားလုံးက ပိုသင့်တော်ပါတယ်သမီးရဲ့။
ဒါပေမဲ့ အဲဒီစကားလုံးက ရိုးလွန်းသလိုပဲ စကားလုံးတွေမှာ အနိမ့်အမြင့်မရှိပါဘူး အဓိပ္ပာယ်ရောက်ရင် ရပါပြီ။
"ဟုတ်ကဲ့ပါ" ကောင်မလေးက အားရပါးရ ခေါင်းငြိမ့်လိုက်သည်။
သူမသည် ချူနင်၊ ချူမူနှင့် ရှောင်ပင်းတို့ကို တစ်ဇွန်းစီ ခွံ့ကျွေးပြီးနောက် ကျန်ရှိသည့် စွပ်ပြုတ်ဇလုံ အကြီးကြီးကို ရဲ့ချန်းလျန်ရှေ့သို့ ချပေးလိုက်သည်။
ရဲ့ချန်းလျန် ကြောင်သွားသည် "ဒါက ဘာအတွက်လဲ"
ဖေဖေပြောတာတော့ မေမေ ကျွန်မတို့ကို မွေးတုန်းက ဒီစွပ်ပြုတ်ကို တစ်နေ့ သုံးဇလုံကြီး သောက်ရတယ်တဲ့။ အဲဒါကြောင့် အကုန်လုံးကို မေမေ့အတွက်ပဲ ပေးလိုက်တာ။
ရဲ့ချန်းလျန်: "......"
ရှောင်ပင်းက ပြုံးပြီး ဝင်ပြောသည်။ မင်းသမီးလေး မှားနေပြီထင်တယ်။ တစ်ခါတလေ ဇလုံကြီး လေးလုံးတောင် ကုန်တာပါ။
"ရှောင်ပင်း"
ကျွန်မမျိုးမ ဘာမှမပြောတော့ပါဘူး ဘာမှ မပြောတော့ပါဘူး။ချူနင်ကတော့ မျက်စောင်း အပြင်းအထန် အထိုးခံလိုက်ရသည်။
အဲဒါက ဇလုံအနည်းငယ်ပဲလေ အိုးလိုက်ကြီး မဟုတ်ပါဘူး။ အဲလိုပြောရင် ဝက်ကြီးကျနေတာပဲ။ ငါ့သမီးကို စာပေပညာ ပြန်သင်ပေးဖို့ လိုနေပြီ။
ထမင်းစားပြီးနောက် ချူမူက အထက်လောကတွင် လမ်းလျှောက်ချင်သည်ဟု ဆိုကာ ယောင်ယောင် နှင့် ရှောင်ပင်းတို့ကို ခေါ်သွားသည်။ ကလေးဆိုသည်မှာ မိဘကို ပျော်ရွှင်အောင် ထားရမည် မဟုတ်ပါလား။သူတို့ဘာသာ လွတ်လွတ်လပ်လပ် သွားပါစေ။
နန်းတော်ထဲတွင် အင်ပါယာနန်းတော်သို့ တိုက်ရိုက်ရောက်သည့် တည်နေရာရွှေ့ပြောင်းခြင်း အစီအရင်ရှိသဖြင့် သမီးများမှာ အားသည့်အချိန်တိုင်း အပြင်ထွက်လည်လေ့ ရှိကြသည်။ ရဲ့ချန်းလျန်ကတော့ စားပြီးနောက် မကျေမနပ် ဖြစ်နေသည်။
ငါ တစ်ခါမှ ဒီလောက်အများကြီး မစားဖူးဘူး။ ချူနင်က လက်ထောက်ကာ သူမကို ပြုံးကြည့်နေသည်။ တစ်ခါတလေ ရှောင်ပင်းတောင် စားဖို့မကျန်အောင် မင်းစားပစ်တာ မမှတ်မိတော့ဘူးလား။
ရဲ့ချန်းလျန် သွားကြိတ်လိုက်သည်။ အဲဒီတုန်းက ငါ့မှာ ကျွေးရမယ့် ပါးစပ်သုံးခုရှိတာလေ။ ရှင်ကလည်း ညဘက်ဆို ငါ့ကိုထပ်ကျွေးသေးတယ် ငါက ပိုမစားလို့ ဖြစ်မလား။
ဒါနဲ့ ယောင်ယောင်ရဲ့ စွပ်ပြုတ်က တကယ်ကောင်းတယ်။ အရသာက အရမ်းရှိတာပဲ။ ရှင်ချက်တာလား။ ကိုယ်က မီးပဲ ထိန်းပေးတာပါ။ ဒီစွပ်ပြုတ်မှာ မီးအပူချိန်ကို ထိန်းတာက အရေးအကြီးဆုံးပဲ။
ကျွန်မရဲ့ ဟင်းချက်စွမ်းရည်ကလည်း မဆိုးပါဘူး တစ်ခါတလေ သင်ပေးဦးလေ။ ချူနင်တိတ်သွားသည်။
မဆိုးဘူး ဟုတ်လား။ မနှစ်က ရဲ့ချန်းလျန် ကိုယ်ဝန်ကြီးနှင့် ချူနင်ကို ချော့ရန် ချက်ပေးခဲ့သည့် စပ်စပ်နွေးနွေး ယုန်ခေါင်းဟင်းကို ပြန်သတိရသွားသည်။ ထိုအရသာက သေရတာကမှ သက်သာဦးမည်ဟု ထင်ရသည်။
ရဲ့ချန်းလျန် ချက်ချင်း မျက်နှာပျက်သွားသည်။
အဲဒီအကြည့်က ဘာလဲကျွန်မချက်တဲ့ ယုန်ခေါင်းက အရသာရှိပါတယ်။ မဟုတ်ပါဘူး မင်းဟင်းချက်သင်စရာ မလိုပါဘူးလို့ ပြောမလို့ပါ။ ငါပဲ ချက်ပေးမယ် အခုသမီးလည်း ဝါးတားတားနဲ့ သင်နေပြီပဲ။
ပြီးတော့ ဒါက အဆင့်နိမ့်တဲ့အလုပ် မဟုတ်ပါဘူး။ စားဖိုမှူးတစ်ယောက်ရဲ့ အကြီးမားဆုံး ပျော်ရွှင်မှုက ဘာလဲ သိလား။ ရဲ့ချန်းလျန်က သိချင်စိတ်ဖြင့် မေးသည်။ "ဘာလဲ"
ကိုယ့်လက်ရာကို တစ်ဖက်လူက အသိအမှတ်ပြုပေးတာပဲ။ ခုနက သမီးလေး ဘယ်လောက်ပျော်သွားလဲ မြင်တယ်မလား
ရဲ့ချန်းလျန် ခေါင်းငြိမ့်လိုက်သည်။
ဒါကြောင့်လည်း သူကသင်ချင်နေတာ ဖြစ်မှာ။ သမီးလေးရဲ့ ကျင့်ကြံမှုကလည်း မြန်နေတာပဲဆိုတော့ စိတ်ပူစရာ မလိုပါဘူး။ သူလုပ်ချင်တာ လုပ်ပါစေ ဒါပေမဲ့ သူ့ကို ထိခိုက်အောင်တော့ မလုပ်နဲ့နော် သူနည်းနည်းလေး ထိခိုက်တာနဲ့ ရှင့်ကို ငါဘယ်တော့မှ ခွင့်မလွှတ်ဘူး။
ချူနင်ပြုံးပြီး ခေါင်းငြိမ့်လိုက်သည်။ ရဲ့ချန်းလျန် အစားအသောက်တွေ အကုန်စားလိုက်သည်ကို ကြည့်ပြီး သူ ကျေနပ်နေမိသည်။ ရဲ့ချန်းလျန်ကတော့ နောက်မှ သတိဝင်လာပြီး ရှက်သွားသည်။ ငါ တကယ်ပဲ အများကြီး စားမိသွားတာလား။
ဒါပေမဲ့ စားဖိုမှူးက သူ့လက်ရာကို အသိအမှတ်ပြုရင် ပျော်တယ်ဆိုတော့ ငါကုန်အောင် စားလိုက်တာကို ချူနင်ပိုပျော်မှာပေါ့ ဟုတ်တယ်မလား။
ထို့နောက် သူမ ရှက်စိတ်ပျောက်ကာ အိပ်ငိုက်လာသဖြင့် ခဏမှေးရန် ပြင်သည်။ သူမ ထလိုက်သည်နှင့် အခန်းထဲတွင် အလင်းရောင် မှိန်သွားသည်။
ဟဲဟဲ သမီးလေး နန်းတော်ဘက် သွားတာကို ငါမြင်လိုက်တယ်။ အခွင့်အရေးကောင်းပဲ ဒီနေ့ နေ့လည်ခင်းတော့ ဘယ်သူမှ နှောင့်ယှက်မှာ မဟုတ်ဘူး ပြောရင်းနှင့် ချူနင်က သူမကို နောက်ကနေ ဖက်လိုက်သည်။ ချူနင်၏ လက်များက စတင်လှုပ်ရှားလာရာ ရဲ့ချန်းလျန်လည်း ရင်ခုန်လာသည်။
သမီးလေးက အကုန်လုံးကို ခေါ်သွားပေးတာပဲ။ နေဦး ငါ့ရဲ့ဧကရာဇ်ဝတ်ရုံကို အရင်ချွတ်ပါဦးမယ်။ ချူနင်၏ အသံက သူမ နားနားသို့ ရောက်လာသည်။
အရှင်မ ဧကရာဇ်ဝတ်ရုံကို ဝတ်ထားတာက ပိုကောင်းမယ် ထင်ပါတယ်။ ဒါမှ ခဏနေရင် ညီလာခံ တက်ရတာ လွယ်မှာပေါ့။
ဒီနေ့ နေ့လည်ခင်း ညီလာခံ မရှိဘူး တိုင်းရေးပြည်ရာတွေလည်း မရှိဘူး သူမ လန့်သွားပြီး ဝတ်ရုံကို အတင်းချွတ်ရန် ကြိုးစားသည်။
လုံးဝ မဖြစ်နိုင်ဘူး ဒါက မဟာချန်းရဲ့ ဧကရာဇ်မင်းမြတ်ကို စော်ကားတာပဲ။ သို့သော် တစ်ဖက်က ချွတ်နေစဉ် အခြားတစ်ဖက်က ပြန်ဝတ်ပေးနေသည်။ ချူနင်ကတော့ ဒီနေ့ လွှတ်ပေးမည့်ပုံ မပေါ်ပေ။
ချူနင် ရှင်က ကျွန်မရဲ့ယောကျ်ားပဲ ကျွန်မရဲ့ ဆန္ဒကို လေးစားရမယ်။ ကျွန်မ ဒီဝတ်ရုံကြီးနဲ့ အကုသိုလ် မလုပ်နိုင်ဘူး။ ကိစ္စက ကိုယ်ကျင့်တရားအထိ ရောက်သွားသဖြင့် ချူနင်ကလည်း အလျှော့မပေးဘဲ ဒါက ဝတ်စုံတစ်ခုပဲလေ။ မနက်ဖြန်ကျ တခြားဟာ ပြောင်းဝတ်လို့ ရတာပဲ ပြီးတော့ အရင်တုန်းက စစ်ဝတ်စုံနဲ့တုန်းကတောင်။
စစ်ဝတ်စုံက စစ်ဝတ်စုံလေ အဲဒီတုန်းက ငါက အခုမှ နိုးလာကာစဆိုတော့ စိတ်က မကြည်သေးလို့ပါ။
မိန်းမ ေယာကျ်ား တောင်းဆိုမှုကို တစ်ကြိမ်လောက်ပဲ ခွင့်ပြုပေးပါ။ မဟာချန်းအတွက် အစွမ်းကုန် အလုပ်အကျွေး ပြုခဲ့တာပါ။ ကိုယ်စိတ်ထဲမှာ အရှင်မတစ်ယောက်ပဲ ရှိတာပါ တစ်ကြိမ်တည်းပါပဲ။
ချက်ချင်းဆိုသလို ရဲ့ချန်းလျန် နားလည်သွားသည်။ ဤသည်မှာ ဘုရင်နှင့် အမတ်ကြားက ထူးဆန်းသော သရုပ်ဆောင်မှုပင် ဖြစ်သည်။ ဒါပေမဲ့ နားထောင်လို့တော့ နည်းနည်း စိတ်ဝင်စားစရာ ကောင်းသားပဲ သူမ၏ ငြင်းဆန်မှု လျော့နည်းသွားသည်ကို တွေ့သောအခါ ချူနင်က အရှိန်မြှင့်လိုက်သည်။ သို့သော် ရဲ့ချန်းလျန်က သူမ၏ စည်းကမ်းကို သတ်မှတ်လိုက်သည်။
"တစ်ခါပဲနော် နောက်ဆို ဒါမျိုး မလုပ်နဲ့တော့"
"ဟုတ်ကဲ့ပါ"
"မဟုတ်ဘူး တစ်နာရီပဲ"
မင်းက တစ်ခါပဲလို့ သဘောတူပြီးပြီလေ။ အရှင်မက ဘယ်လိုဖြစ်လို့ တစ်နာရီပဲ အချိန်ပေးရတာလဲ။
သမီးတွေ မရှိခိုက် နှစ်ယောက်တည်း အချိန်ဖြုန်းရန်မှာ ရှားပါးလှသော အခွင့်အရေးပင် ဖြစ်သည်။
အဝေးတစ်နေရာတွင် လူအုပ်စုတစ်စုသည် ခမ်းနားလှသော နန်းတော်ကြီးကို မော့ကြည့်နေကြသည်။ ဤနယ်မြေအတွင်းတွင် ကောင်းကင်တာအို စွမ်းအားများ ပြင်းထန်စွာ စီးဆင်းနေပြီး တာအိုအနှစ်သာရများနှင့် ဥပဒေသ စွမ်းအားများ လည်ပတ်နေသည်။
သူတို့အားလုံး ဤနေရာ၏ စွမ်းအားကို ခံစားမိကြသည်။ ဤမျှ ပြင်းထန်သော တာအိုအနှစ်သာရများ ရှိနေသည့် နေရာမှာ ဘယ်လိုနေရာမျိုး ဖြစ်နိုင်သနည်း။
ထူးဆန်းသည်မှာ ဤနေရာသည် ယခင်က မရှိခဲ့သလို သို့မဟုတ် တစ်ခုခုက ပိတ်ဆို့ထားသလို ခံစားရခြင်းဖြစ်သည်။ ခရမ်းရောင်ဝတ်ရုံဝတ် အကြီးအကဲ ဝမ်ဝမ်က သူ့အာရုံကို ဖြန့်ကျက်လိုက်သည်။
ဒီမှာ ဧကရာဇ်အဆင့်နဲ့ အထက် ပညာရှင်တွေ တစ်ယောက်မှ မရှိဘူး။ ဒီနန်းတော်ကြီးက အရင်က အင်အားအကြီးဆုံးသူ နေခဲ့တဲ့နေရာ ဖြစ်ရမယ် ဒါပေမဲ့ အခုတော့ ဘယ်သူမှ ရှိမနေဘူး။ လူတစ်ယောက်က ဝမ်းသာအားရ ပြောလိုက်သည်။
ဒီမှာအရင်းအမြစ်တွေနဲ့ ဥပဒေသ စွမ်းအားတွေ အများကြီးပဲ။ ဒါတွေကို ငါတို့စုဆောင်းနိုင်ရင် ငါတို့မျိုးနွယ်စုအတွက် နောက်တစ်ခေတ်စာ လောက်ငသွားမှာပဲ။ တခြား ရှေးဟောင်းမျိုးနွယ်စုတွေရဲ့ ဝါးမျိုတာကို ခံရမှာ မဟုတ်တော့ဘူး။
ဒါပေမဲ့ အဲဒါကပြဿနာပဲ။ ဒီလိုနေရာမျိုးမှာ သန်မာတဲ့သူတွေ မရှိတာ မဖြစ်နိုင်ဘူး။ ဘယ်ပျောက်ကုန်ကြတာလဲ။ တစ်ယောက်ယောက်ကို ဖမ်းပြီး မေးကြည့်ရင် သိရမှာပေါ့။
ထိုစဉ် လူတစ်ယောက် ဝဲပျံလာသည်ကို တွေ့လိုက်ရသည်။ သူမနောက်တွင် အမျိုးသမီးတစ်ဦး ပါလာသည်။
မင်းသမီးလေး ဖြည်းဖြည်းသွားပါ တစ်ခုခုနဲ့ တိုက်မိဦးမယ်။ ရှောင်ပင်းမမ ယောင်ယောင်က ကလေးမဟုတ်တော့ဘူး မကြောက်ပါဘူး။
အရင်တစ်ခါက ခေါင်းဆောင့်မိတုန်းက အရှင်က ကျွန်မကို အကြာကြီး ဆူတာလေ။ ကျွန်မကို အခက်မတွေ့ပါစေနဲ့နော်။ လူအုပ်ကြီး၏ မျက်လုံးများ တောက်ပသွားသည်။
ဟိုအမျိုးသမီသူ့ကျင့်ကြံမှုက မမြင့်ပေမဲ့ တကယ်လှတာပဲ ဟိုကလေးမလေးလည်း ချစ်စရာလေး။ ခေါင်းဆောင် ဝမ်ဝမ်က အေးစက်စွာ ပြောလိုက်သည်။
ဒီနေရာအကြောင်း အရင်စုံစမ်းမယ်။ ငါတို့ ဘာလုပ်လုပ်ကိစ္စမရှိဘူး အရင်းအမြစ်တွေ စုဆောင်းဖို့က အဓိကပဲ။