အခန်း ၁၆၃ ချစ်စရာကောင်းသော မိသားစုဆက်ဆံရေး
ကျင့်ကြံသူများအတွက် ဟင်းလင်းပြင်တွင် ပျံသန်းရာ၌ အကြီးမားဆုံး အတားအဆီးမှာ ဟင်းလင်းပြင်၏ မတည်ငြိမ်မှုများနှင့် စွမ်းအင်ဂယက်များ ဖြစ်သည်။
သို့သော် ယောင်ယောင်အတွက်မူ စိုးရိမ်စရာမရှိပေ။ ကောင်းကင်ဘုံ၏ အလိုတော်က သူမကို အမြဲအကာအကွယ်ပေးထားပြီး ကောင်းကင်တာအို၏ အပြင်ဘက်တွင်လည်း မဟာဧကရာဇ်အမှတ်အသားဖြစ်သော ကြယ်စင်ဝေလငါးများ၏ ကောင်းချီးက ရှိနေသည်မဟုတ်ပါလား။
သူမ အပြင်ထွက်သွားစဉ်က သတ္တမနယ်ပယ် တွင်သာ ရှိသေးသော်လည်း ပြန်လာသောအခါတွင်မူ အဋ္ဌမနယ်ပယ်သို့ ရောက်ရှိသွားလေပြီ။
ဒါကိုမြင်တော့ ချူမူမှာ ကြောင်အသွားရသည်။
မဖြစ်နိုင်တာ ငါကတစ်နေ့လုံး ကြိုးစားပမ်းစား ကျင့်ကြံနေတာတောင် အဆင့်မတက်သေးဘူး နင်က အပြင်မှာ လမ်းလျှောက်ထွက်ရုံနဲ့တင် အဆင့်တက်လာတာလား။
ဖေဖေ ငါးကြီးက ယောင်ယောင်ကို တောက်တောက်ပြောင်ပြောင် ကျောက်ခဲလေးတွေ အများကြီး ပေးလိုက်တယ်။ ဒါတွေက ကျင့်ကြံရာမှာ ကူညီပေးလိမ့်မယ်တဲ့။ ဒီကျောက်ခဲလေးတွေ ဘေးမှာထားပြီး ကျင့်ကြံရင် ရပြီတဲ့။
"ဖေဖေ ဒါတွေက ဘာတွေလဲဟင်"
ချူနင်ကတော့ သမီးလေး ကောင်းကင်ပေါ် ပျံတက်သွားကတည်းက သိရှိပြီးသားဖြစ်သည်။ သမီးကို ဘယ်သူမှရန်မပြုနိုင်မှန်း သိသဖြင့် သူ မတားခဲ့ပေ။ ကလေးတွေရဲ့ စူးစမ်းလိုစိတ်ကို မပိတ်ပင်သင့်ဟု သူယူဆသည်။
၎င်းတို့မှာ ကြယ်စင်မြစ်၏ မူလအဆီအနှစ်များ ဖြစ်ကြသည်။ ကောင်းကင်တာအိုအောက်တွင် တစ်ခါမှ မရှိဖူးသော အရာများဖြစ်ပြီး ဖရိုဖရဲစွမ်းအင်နှင့် ကျင့်ကြံသူများအတွက် အလွန်အကျိုးရှိသည်။
၎င်းမှာ ယခင်က ချူနင်ပေးခဲ့သော မဟာဧကရာဇ် တာအိုမူလစွမ်းအင်အတွက် ကြယ်စင်ဝေလငါးများက ကျေးဇူးဆပ်ခြင်းလည်း ဖြစ်နိုင်သည်။ ဤပစ္စည်းမှာ ကြယ်စင်နယ်မြေတစ်ခုလုံးတွင်ပင် အလွန်တန်ဖိုးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်သည်။
ချူနင်က ပြုံးပြီး ယောင်ယောင် ခေါင်းလေးကို ပွတ်ကာ ချီးကျူးလိုက်သည်။ ယောင်ယောင်ကတော့ ထိုကျောက်ခဲလေးများကို အိမ်ရောက်လျှင် သူမဖမ်းထားသော ငါးအသေးလေးတွေရှိရာ ရေကန်ထဲသို့ ထည့်ရန် စဉ်းစားနေသည်။ ၎င်းတို့က လင်းထိန်နေသဖြင့် ကြည့်လို့လှသည်မဟုတ်ပါလား။
ယောင်ယောင်သည် ကျောက်ခဲအချို့ကို ချူမူ၊ ချူနင်၊ ရဲ့ချန်းလျန်နှင့် ရှောင်ပင်းတို့ကို ဝေပေးလိုက်သည်။ သူမကတော့ အလှဆုံးနှစ်လုံးကို သိမ်းထားပြီး အိမ်ပြန်ရောက်တဲ့အခါ ရေကန်ဘေးမှာ မှောက်လျက်သားလေး အကြာကြီး ငေးကြည့်နေတော့သည်။
သမီးလေး၏ပုံစံကို ကြည့်ပြီး ချူနင်နှင့် ရဲ့ချန်းလျန်တို့မှာလည်း ကျေနပ်နေကြသည်။
ရှင်ကတော့ တကယ့်ကို ထူးခြားတဲ့ သမီးလေးတစ်ယောက်ကို မွေးထုတ်ပေးလိုက်တာပဲ။
ရှင့်ရဲ့ သမီးက အတော်ဆုံးပဲ။ ဟဲဟဲတို့နှစ်ယောက် ပြုစုပျိုးထောင်ထားတဲ့ သမီးတွေက တကယ်ကို တော်ကြတာပဲ။
ချူမူ: "..."(ဒီလူကြီးနှစ်ယောက်က တကယ်ပဲ အားနေကြတာလား)
ညရောက်သောအခါ ချူနင်က ယောင်ယောင်ကို ခေါ်ပြီး ထမင်းဟင်းချက်သည်။ ယောင်ယောင်မှာ လေးဖက်သွားတတ်ကတည်းက ချူနင်၏ ခေါင်းပေါ်မှာ ခွစီးပြီး ဟင်းချက်တာကို ကြည့်လာခဲ့ရာ အခုတော့ သူမကိုယ်တိုင် ဝါသနာပါနေပြီဖြစ်သည်။
ဖေဖေ ယောင်ယောင် ကြီးလာရင် ဖေဖေ့ကို ပြန်ချက်ကျွေးမယ်နော်။
ချူနင်က ရယ်မောရင်း ဒါပေါ့ သမီး နည်းနည်းလေး ပိုကြီးလာရင် ဖေဖေ အကုန်သင်ပေးမယ်။
သမီးလေးမှာ တစ်နှစ်ပင် မပြည့်သေးသော်လည်းလမ်းလျှောက်နိုင်၊ ပြေးနိုင်၊ ပျံနိုင်ပြီး စကားလည်း ကောင်းကောင်းပြောတတ်နေပြီဖြစ်သည်။
ပါရမီထူးလွန်းသော ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်ရာ ကျင့်ကြံမှုကို သင်ပေးရန်ပင် မလိုပေ။ ချူနင်က မူလတာအိုကျင့်စဉ်ကို ထုတ်ပေးလိုက်ရုံဖြင့် ယောင်ယောင်က သူမဘာသာ နားလည်ကျင့်ကြံနိုင်သည်။
ယခုအခါ ယောင်ယောင်၏အဆင့်မှာ ရှောင်ပင်းနှင့်ပင် တန်းတူနေပြီဖြစ်သည်။ ချူနင်ကတော့ မူမူအတွက် စိတ်မကောင်းဖြစ်မိသည်။ မူမူက အရမ်းကြိုးစားသော်လည်း ယောင်ယောင်ကဲ့သို အခွင့်အရေးမျိုး မရသေးပေ။ နောင်တွင် မူမူအတွက်လည်း အရင်းအမြစ်ကောင်းများ ရှာပေးရန် သူ စီစဉ်ထားလိုက်သည်။
ရက်အနည်းငယ်ကြာပြီးနောက် စုတိန်ဖန်းထံမှ သတင်းရောက်လာသည်။ ဧကရာဇ်တစ်ပိုင်အဆင့်အထက် ကျင့်ကြံသူ သောင်းနဲ့ချီသော အဖွဲ့ကြီးသည် ကြယ်စင်နယ်မြေပြင်ပ ကျယ်ပြောသော စကြဝဠာကြီးအတွင်းသို့ စတင်ခရီးထွက်ကြလေပြီ။
ချူနင်ကတော့ ဘာမှမပြောဘဲ ခွင့်ပြုလိုက်သည်။ အိမ်စောင့်ထားခဲ့ရန် မလိုပေ သူကိုယ်တိုင် ဤနေရာမှာ ရှိနေသရွေ့ မည်သူကမှ ရန်မူရဲမည်မဟုတ်။
သူတို့၏ ရည်မှန်းချက်မှာ နောင်နှစ်ပေါင်း တစ်သောင်းအတွက် အရင်းအမြစ်များ ရှာဖွေရန်နှင့် ထာဝရကြယ်စင်နယ်မြေ နှင့် ဧကရာဇ်၏ အမည်နာမကို စကြဝဠာအနှံ့ ပျံ့နှံ့စေရန် ဖြစ်သည်။
ကြယ်စင်ဝေလငါးများကလည်း ထိုအဖွဲ့ကို လမ်းပြပေးရန် လိုက်ပါသွားကြသည်။
အောက်လောက ထျန်းရွှမ်းတိုက်ကြီးတာ့ချန်းအင်ပါယာ၏ ချန်ချင်းနန်းဆောင်အတွင်း၌
တံခါးပေါင်ပေါ်ရှိ အမှတ်အသားများမှာ တစ်နေ့ထက်တစ်နေ့ မြင့်တက်လာသည်။
နောက်ထပ် နှစ်လအကြာ သမီးနှစ်ယောက်၏ တစ်နှစ်ပြည့် မွေးနေ့တွင် သူတို့၏ အရပ်မှာ ၈၀ စင်တီမီတာခန့် ရှိနေပြီဖြစ်ကာ ချူနင်၏ ခါးနားအထိ ရောက်နေပြီဖြစ်သည်။ ချူနင်က သူတို့၏ အရပ်ကို တံခါးပေါင်မှာ မှတ်သားပေးလိုက်သည်။
ယောင်ယောင်က နည်းနည်း ပုတယ် မူမူက ပိုရှည်တယ်။ ချူမူက တံခါးပေါင်ပေါ်က အမှတ်အသားတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေသည်။ အမေက ရှင့်ကို မဆူဘူးလား တစ်နေ့တစ်မျိုး မှတ်နေတာ တံခါးပေါင်တစ်ခုလုံး အပေါက်တွေ ဖြစ်ကုန်ပြီ။
မလှမ်းမကမ်းတွင် ရဲ့ချန်းလျန်က ကော်ဇောပေါ်မှာ ထိုင်ပြီး ဖရဲသီးစားရင်း ကြည့်နေသည်။ တစ်နှစ်သားအရွယ်မှာ ၇ နှစ်၊ ၈ နှစ်အရွယ် ကလေးတွေလို ကြီးထွားနေတာက တကယ်ကို မြန်လွန်းလှသည်။
သူတို့နှစ်ယောက်လုံးက အခုဆို သူတော်စင် နယ်ပယ်ကို ရောက်နေကြပြီဖြစ်သည်။
အဲဒါတွေကိုပဲ တစ်နေ့လုံး ထိုင်မကြည့်နေနဲ့တော့ လာသမီးတို့ အဖေစိုက်ထားတဲ့ အသီးအနှံတွေ လာစားကြည့်ကြဦး။ တကယ် အရသာရှိတယ်။
ယောင်ယောင်က အပြေးလေး ရောက်လာပြီး ဖရဲသီးတစ်ဖတ်ကို ကောက်စားလိုက်သည်။ ရဲ့ချန်းလျန်က မျက်မှောင်ကြုတ်ပြီး နေဦး ဘယ်သူမှ လုမစားပါဘူး။ မိန်းကလေးဆိုတာ မိန်းကလေးပီပီသသ စားစမ်းပါဦး။
ယောင်ယောင်က မျက်ရည်ဝဲဝဲလေးဖြင့် သနားစဖွယ် မော့ကြည့်လိုက်သောအခါ ရဲ့ချန်းလျန်က လက်ကာပြလိုက်ရသည်။
စား... စား... ကြိုက်သလောက်စား စကားလေး နှစ်ခွန်းပြောတာနဲ့ ငိုတော့တာပဲ။
"ဟီးဟီး" ကလေးမလေးက ပြန်ပြုံးပြီး ဆက်စားနေတော့သည်။
ချူမူကတော့ ရဲ့ချန်းလျန်ဘေးမှာ တည်တည်ငြိမ်ငြိမ် ထိုင်ပြီး အေးအေးဆေးဆေး စားနေသည်။ ဒါကိုမြင်မှ ရဲ့ချန်းလျန် ကျေနပ်သွားရသည်။
ချူနင်ကလည်း လျှောက်လာပြီး ဖရဲသီးတစ်ဖတ်ကို အားရပါးရ ကိုက်စားလိုက်သည်။
ယောင်ယောင်က ဘယ်သူ့ဆီက အကျင့်တွေ ရလာတာလဲလို့ စဉ်းစားနေတာ အခုမှ သိတော့တယ် ရှင့်ဆီကကိုး ရဲ့ချန်းလျန်က မျက်စောင်းထိုးလိုက်သည်။
ချူနင်ကတော့ ဘာမှမသိသလိုဖြင့် ဖရဲသီးဆိုတာ ဒီလိုအားရပါးရစားမှ အရသာရှိတာလေ။
ဒါပေမဲ့ သမီးက မိန်းကလေးလေရှင် ထိုင်ပုံထိုင်နည်းကအစ မယဉ်ကျေးရင် ဘယ်လိုလုပ်မလဲ။ ဘာဖြစ်လဲ ငါလည်း ဒီလိုပဲနေတာပဲ ပျော်ဖို့ကောင်းတာပဲကို။
ယောင်ယောင်က ချူနင်နား ကပ်သွားပြီး ဖေဖေ မေမေက ဖေဖေ့ကို မဆူရဲလို့ ယောင်ယောင်ကို လိုက်အပြစ်ရှာနေတာ။ ဒါကိုကြားတော့ ရဲ့ချန်းလျန် ဒေါသထွက်သွားသည်။
ရဲ့ယောင်ယောင် နင်ငါ့ရှေ့တင် တိုင်ပြောနေတာလား။ မေမေ မေမေ အော်နေပြန်ပြီ မိန်းကလေးဆိုတာ မအော်ရဘူးလို့ မေမေကိုယ်တိုင် ပြောတာလေ။ ရဲ့ချန်းလျန်မှာ ပြောစရာ စကားမဲ့သွားရသည်။ သူမသမီးကို သူမ တကယ် နိုင်အောင် မပြောနိုင်ပေ။
ချူမူက ယောင်ယောင်ကို အေးစက်စက် ကြည့်လိုက်ပြီး နင်မေမေ့ကို ထပ်စိတ်ဆိုးအောင်လုပ်ရင် မေမေက နင်မွေးထားတဲ့ ငါးတွေကို အကုန်လွှင့်ပစ်လိမ့်မယ်။ယောင်ယောင်မှာ လန့်သွားပြီး ချူနင်ဆီ ပိုကပ်သွားသည်။
ဖေဖေ ကြည့်ဦး မူမူက ယောင်ယောင်ကို ခြောက်နေတယ်။ချူနင်ကတော့ ဘာမှမတတ်နိုင်သလို ဖရဲသီးကိုပဲ ဆက်စားနေရင်း ငါ့သမီးတွေချည်းပဲဆိုတော့ ဘယ်သူ့ဘက်က ကူရမှန်း မသိဘူး ဖရဲသီးလေးက အေးနေတော့ စားလို့ တကယ်ကောင်းတာပဲနော်။
ဖေဖေက ယောင်ယောင်ကို လျစ်လျူရှုထားတယ်။ချူမူက အေးစက်စက် အော်လိုက်သည် ဖရဲသီးပဲစားစမ်း ထပ်ပြီးဂျီကျနေရင် ကြည့်ထား။
ဘယ်သူမှ သူမဘက်က မပါမှန်း သိသွားသော ယောင်ယောင်သည် ဗြစ်တောက်ဗြစ်တောက်ဖြင့် ဖရဲသီးကိုပဲ ပြန်ကောက်စားလိုက်တော့သည်။
"စားမှာပေါ့ ဘာလို့ အဲလောက် အော်နေရတာလဲ"