အခန်း ၁၆၀ ခင်ပွန်းရှိနေသရွေ့မစိုးရိမ်ပါနဲ့
နန်းဆောင်အတွင်းသို့ ဝင်လာစဉ် ရဲ့ချန်းလျန် သည် အပြင်မှာ စောင့်နေသော သမီးလေးများကို တစ်ချက်ကြည့်လိုက်သည်။
ချူနင် မူမူနဲ့ ယောင်ယောင်တို့ အရွယ်ရောက်တဲ့အထိ နောက်ထပ် ကလေးယူဖို့ ခဏစောင့်ရင် မကောင်းဘူးလား။
"ဘာလို့ အဲဒီလို တွေးရတာလဲ"
အခုတော့ ကျွန်မရဲ့ စိတ်အာရုံက မူမူနဲ့ ယောင် ယောင်ကိုပဲ ဂရုစိုက်နိုင်သေးပုံရတယ်။ နောက်ထပ် ကလေးတွေထပ်ရှိလာရင် အားလုံးကို အပြည့်အဝ ဂရုမစိုက်နိုင်မှာ စိုးလို့ပါ။
ပြီးတော့ ရှင့်သမီးတွေက အခုတလော ပိုပြီး ကပ်လာတာ သတိမထားမိဘူးလား ယောင်ယောင်က အရင်ကတည်းက ကပ်တာ အခုဆို နှစ်ဆလောက် ဖြစ်နေပြီ။
ဝတ်ရုံတော်ကို ချွတ်ပြီး သာမန်အဝတ်အစားသို့ လဲလှယ်လိုက်ရင်း ရဲ့ချန်းလျန်က သက်ပြင်းချကာ ဆက်ပြောသည် သမီးတွေသာ ထပ်ရှိလာရင် ကျွန်မ လက်နှစ်ဖက်နဲ့တောင် ပွေ့နိုင်မှာ မဟုတ်တော့ဘူး ဒီကုတင်ကြီးလည်း ဆံ့မှာ မဟုတ်တော့ဘူး။ သူတို့နှစ်ယောက်ကိုပဲ အကောင်းဆုံး ပြုစုပေးပြီး သူတို့ကြီးလာမှပဲ နောက်ထပ် စဉ်းစားကြရအောင်။
ဒါကို ကြားတော့ ချူနင်လည်း ဟုတ်သည်ဟု ထင်မိသည်။ သမီးလေးတွေက တစ်နှစ်တောင် မပြည့်သေးရာ အလောတကြီး လုပ်ရန် မလိုပေ။
ဒါဆို သူတို့ နည်းနည်းကြီးလာမှပဲ ပြောကြတာပေါ့။ နည်းနည်းတင် မဟုတ်ဘူး အရွယ်ရောက်တဲ့အထိပဲ ရဲ့ချန်းလျန်က ဗြစ်တောက်ဗြစ်တောက်ပြောလိုက်သည် ကျွန်မလည်းကျင့်ကြံရဦးမယ်လေ မူမူတို့က ကျွန်မကို ကျော်တက်သွားတာမျိုး အဖြစ်မခံနိုင်ဘူး။ ကျွန်မက နှစ်တိုင်း ကလေးမွေးနေရမှာလား။
မွေးလည်း ရပါတယ် ငါကတော့ မင်းကို သေချာ ပြုစုနိုင်တာပဲ။ ရှင်ကတော့ အခု ပြောနိုင်တာပေါ့။ သမီးတွေအုပ်စုလိုက် ရှင့်ကို ဝိုင်းထားတဲ့အခါကျမှ တိတ်သွားမယ် မဟုတ်လား။
ရှောင်ပင်းကတော့ အဝတ်အစား အရောင်လေးသာ ပြောင်းလိုက်ပြီး ချူနင်ကမူ သူ အမြဲဝတ်နေကျ နက်မှောင်သော ရွှေရောင်နဂါးဝတ်ရုံကို လဲဝတ်လိုက်သည်။
အပြင်သို့ ပြန်ထွက်လာသောအခါ အနီရောင်ဝတ်စုံလေးများ ဝတ်ထားသော သမီးနှစ်ယောက်က ဆီးကြိုကြည့်နေကြသည်။
"သွားကြတော့မလား ဖေဖေ"
ချူနင်က ပြုံးပြီး ခေါင်းငြိမ့်ပြကာ သမီးနှစ်ယောက်ကို တစ်ဖက်တစ်ချက်စီ ချီလိုက်ပြီး မြေပြင်ပေါ် ခြေချလိုက်သည်။ သူတို့ခြေဖဝါးအောက်တွင် မရေမတွက်နိုင်သော အစီအရင်ပုံရိပ်များ ပေါ်လာပြီး ပတ်ဝန်းကျင် ဟင်းလင်းပြင်ကြီး တစ်ခုလုံး လိမ်ဖည်သွားတော့သည်။
ရဲ့ချန်းလျန်နှင့် ရှောင်ပင်းတို့မှာ စိတ်မလှုပ်ရှားစေရန် အသက်ကို ပြင်းပြင်းရှူနေကြရသည်။
ဘာပဲဖြစ်ဖြစ်ယောကျာ်းရှိတာပဲ။
ဘာပဲဖြစ်ဖြစ် ဧကရာဇ် ရှိတာပဲ။
ဘာကြောက်စရာ ရှိလဲ။
ချွေးမသစ်က ယောက္ခမနဲ့ တွေ့ရမှာလည်း မဟုတ်ပေ။ သူတို့နှစ်ဦးလုံးမှာ အထက်လောကတွင်ပင် ရှားပါးသော အလှပိုင်ရှင်များ ဖြစ်ကြသည်။ ထို့ပြင် သူတို့သွားမည့်နေရာမှာလည်း သူတို့ခင်ပွန်း၏ အာဏာစက်အောက်တွင် မဟုတ်ပါလား။
ခဏအကြာတွင် ခမ်းနားထည်ဝါလွန်းသော နန်းတော်ကြီးတစ်ခု လူတိုင်း၏ မျက်စိရှေ့တွင် ပေါ်လာတော့သည်။
ယောင်ယောင်က အံ့သြတကြီး အော်ဟစ်လိုက်သည် ဝိုး နန်းဆောင်ကြီးက အကြီးကြီးပဲ။
ကောင်းကင်ယံအထိ မြင့်မားသော အမြင့်မြတ်ဆုံး အာဏာစက်ရှိရာ အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော် ကောင်းကင်ဘုံ၏ ကောင်းချီးများ ရှိနေသော ဤနေရာတွင် ကျင့်ကြံလျှင် ကောင်းကင်ထက်ပင် သာလွန်သော အဆင့်သို့ ရောက်ရှိရန် မခဲယဉ်းပေ။
နန်းတော်ကြီးမှာ တောင်တန်းကြီးတစ်ခုအလား မြင့်မားလှပြီး တိမ်တိုက်များကြားတွင် ပျောက်ကွယ်နေကာ မရေမတွက်နိုင်သော တာအိုဥပဒေသများ စီးဆင်းနေသည်။
ချူမူမှာ ကြောင်အသွားမိသည်။ ဟင် ဖေဖေ့ရဲ့ အရှိန်အဝါက ဒီလောက်အထိ အကြီးကြီးလား။
ဒါက ကြွားလွန်းရာ မရောက်ဘူးလား။ သို့သော် သူမထိုသို့ မတွေးနိုင်တော့ပေ။ ဤလောကရှိ ဧကရာဇ်တစ်ပိုင်းများနှင့် ဧကရာဇ်လောင်းလျာများ အားလုံးက ဤနေရာတွင် ကျိုးနွံစွာ ကျင့်ကြံနေကြရသည်။
မဟာဧကရာဇ်တွေထက် သာလွန်တဲ့ သူမအဖေက မသေမျိုးဧကရာဇ်မဟုတ်လား။ နန်းတော်ရှေ့မှာ ဖေဖေ့ရဲ့ ရုပ်ထုကြီးသာ ထားလိုက်ရင်တော့ တကယ့်ကို ကြွားလုံးထုတ်ရာ ရောက်သွားပေလိမ့်မည်။
ထိုစဉ် သူတို့၏နောက်ကွယ်တွင် နန်းတော်ဘက်သို့ ဦးညွှတ်ဒူးထောက်နေသော ဧရာမ ရုပ်ထုကြီး ရှစ်ခုကို တွေ့လိုက်ရသည်။
ရှောင်ပင်းက သိချင်စိတ်ဖြင့် မေးလိုက်သည် အရှင် အဲဒီရုပ်ထုကြီးတွေက ဘာလို့ ဒူးထောက်နေတာလဲ။
ချူနင်က ပြုံးပြီး ရှင်းပြသည် အမြင့်မြတ်ဆုံးဧကရာဇ်နန်းတော်က အခုဆို လောကခပ်သိမ်းရဲ့ အင်အားအကြီးဆုံးနေရာပဲ။ ဒီ ဧကရာဇ်ရှစ်ပါးက တစ်ချိန်က အမှောင်နယ်မြေထဲ ဝင်ရောက်ပြီး အမှောင်ကပ်ဘေးကို ဖြစ်စေခဲ့သူတွေလေ။
အခုတော့ သူတို့က သတ္တဝါအားလုံးကို နမူနာပြဖို့နဲ့ တောင်းပန်တဲ့အနေနဲ့ ဒီမှာထာဝရ ဒူးထောက်နေရတာ။
ချူမူက ထိုရုပ်ထုကြီး ရှစ်ခုကို ငေးကြည့်နေမိသည်။ တစ်ချိန်က ဤဧကရာဇ် ရှစ်ပါးမှာ အလွန်အစွမ်းထက်ခဲ့ပြီး သူမကို သတ်ရန်အထိ ပူးပေါင်းခဲ့ကြသူများ ဖြစ်သည်။
ယခုမူ ခေါင်းဖြတ်ခံရပြီးနောက် လောကကြီး၏စွန့်ပစ်ခြင်းကို ခံရကာ ဤနေရာတွင် ဒူးထောက်နေရချေပြီ အထူးသဖြင့် ချန်းရှန်းဧကရာဇ်ရုပ်ထုကို နောက်မှ သွားပြီး တံတွေးနဲ့ ထွေးပစ်ဦးမည်။
သူတို့ ကြည့်နေစဉ်မှာပင် စုတိန်ဖန်းက ချူနင်တို့ ရောက်လာသည်ကို သတိပြုမိပြီး အပြေးအလွှား ရောက်လာသည်။
"အရှင်ကို ဂါရဝပြုပါတယ်"
"အရှင်မကို ဂါရဝပြုပါတယ်"
"မင်းသမီးလေးတွေကို ဂါရဝပြုပါတယ်"
စုတိန်ဖန်းက ရှောင်ပင်းကိုပင် ချန်မထားဘဲ နှုတ်ဆက်သည်။
လမ်းတစ်လျှောက်လုံး စိုးရိမ်နေခဲ့သော ရဲ့ချန်းလျန်နှင့် ရှောင်ပင်းတို့မှာ စုတိန်ဖန်းကို မြင်မှပင် သက်ပြင်းချနိုင်တော့သည်။ ချူနင်၏ ရင်ခွင်ထဲမှ ယောင်ယောင် ပြုံးပြီး နှုတ်ဆက်လိုက်သည်။
အဘိုးကြီးစု နေကောင်းရဲ့လား။ ဒါကို ကြားတော့ ဆူးတိန်ဖန်း အံ့သြသွားသည်။ မင်းသမီးလေးက စကားပြောတတ်နေပြီလား။
"ဒါပေါ့ ယောင်ယောင် အများကြီး သိတယ်နော်" ကလေးမလေးက ဂုဏ်ယူစွာ ပြောသည်။
စုတိန်ဖန်း ပို၍ အံ့သြသွားရသည်မှာအရှင် မင်းသမီးလေးက နှစ်လနေရင် တစ်နှစ်ပြည့်တော့မယ် အခုကတည်းက အများကြီး သိနေပြီ။ ကျင့်ကြံမှု အဆင့်ကို ကြည့်ရတာသူတော်စင်နယ်ပယ်ရဲ့ အဆင့်နှောင်းပိုင်းတောင် ရောက်နေပြီ။
တစ်နှစ်မပြည့်သေးဘဲ သူတော်စင်နယ်ပယ်ကို ရောက်နေတာ အထက်လောကမှာတောင် နှစ်တစ်ရာအတွင်း ဒီအဆင့်ရောက်ဖို့ဆိုတာ မဟာဧကရာဇ် မျိုးနွယ်စုတွေထဲမှာမှ ရှားရှားပါးပါး ပါရမီရှင်တွေပဲ လုပ်နိုင်တာပါ။
ဒီအတိုင်းဆို နောက် နှစ်တစ်ထောင်နေရင် မဟာဧကရာဇ် ဖြစ်ဖို့က မခဲယဉ်းတော့ပေ။
ထိုအချိန်တွင် စုတိန်ဖန်း၏ စိတ်ချင်းဆက်သွယ်မှုကြောင့် ကျင့်ကြံသူ ထောင်ပေါင်းများစွာ ရောက်ရှိလာကြသည်။
"အမြင့်မြတ်ဆုံးဧကရာဇ်ကို ဂါရဝပြုပါတယ်"
"အရှင်မကို ဂါရဝပြုပါတယ်"
ရဲ့ချန်းလျန်၏ ကျင့်ကြံမှု အဆင့်က ဘယ်လောက်ပဲ ဖြစ်နေပါစေ သူမသည် ဧကရာဇ်၏ဇနီး မဟုတ်ပါလား။
အမှောင်ကပ်ဘေးကို နှိမ်နင်းပြီး အလောင်းမသေမျိုးဧကရာဇ်ကို သတ်ခဲ့သော ချူနင်သည် လူသားမျိုးနွယ်၏ အမြင့်မြတ်ဆုံးသော ကောင်းချီးများကို ရရှိထားသူ ဖြစ်ရာ သူ၏ ဇနီးသည်လည်း ထိုဂုဏ်ကို ရထိုက်ပေသည်။
ရဲ့ချန်းလျန်မှာတော့ လူအုပ်ကြီးကို မြင်ပြီး ခေါင်းမူးသွားမိသည်။
အားလုံးက လူစိမ်းတွေချည်းပဲ ပြီးတော့ ကျင့်ကြံမှု အဆင့်တွေကလည်း ငါ့ထက် အများကြီး မြင့်နေကြတာ ဒီထဲမှာ အနိမ့်ဆုံးအဆင့်ကတောင် ဧကရာဇ်တစ်ပိုင်းတွေချည်းပဲ သူတို့ထဲက တစ်ယောက်ယောက်ကသာ အောက်လောကကို ဆင်းသွားရင် နယ်မြေတစ်ခုလုံးကို ဖျက်ဆီးပစ်နိုင်စွမ်း ရှိကြသည်။ အခုတော့ စုတိန်ဖန်းက ဧကရာဇ်သစ်သုံးပါးတောင် ထပ်ထွက်လာပြီလို့ သတင်းပို့နေသေးသည်။
မတတ်နိုင်ဘူး ခင်ပွန်းနောက်လိုက်လာတဲ့ ခရီးလို့ပဲ သဘောထားလိုက်တော့မယ်။
ချူမူကတော့ ဤမြင်ကွင်းကို တည်ငြိမ်စွာ ကြည့်နေသည်။ အမြင့်ဆုံးကို ရောက်ခဲ့ဖူးသူမို့ သူမအတွက်တော့ ထူးဆန်းမနေပေ။ အဓိက အံ့သြစရာကောင်းတာက ဖေဖေက ဒီလောက် အစွမ်းထက်တဲ့လူတွေကို အဖွဲ့အစည်းတစ်ခုတည်းအောက်မှာ ဘယ်လို စုစည်းထားနိုင်တာလဲ ဆိုတာပင်။
စုတိန်ဖန်းက ပြုံးပြီး ပြောသည်အရှင် အထဲကို အရင် ကြွပါဦး။ လူကိုယ်တိုင် ဆွေးနွေးစရာလေးတွေ ရှိလို့ပါ။
"ကောင်းပြီ။"
အားလုံး အတူတူ ဝင်လာကြစဉ် ထိပ်တန်းကျင့်ကြံသူများက တစ်ဖန် ဦးညွှတ် ဂါရဝပြုကြပြန်သည်။
ရဲ့ချန်းလျန်ကတော့ စိတ်ထဲကနေ ကြိတ်ပြီး ရေရွတ်နေမိသည် နောက်တစ်ခါတော့ လုံးဝ မလာတော့ဘူး သေရင်သေပါစေ မလာတော့ဘူး။
သူမ၏ မျက်နှာက တည်ငြိမ်နေသော်လည်း ရင်ထဲမှာတော့ လှိုင်းထန်နေသည်။ ဒါပေမဲ့ အပြင်ရောက်နေတာဆိုတော့ သူမ ခင်ပွန်း မျက်နှာမပျက်စေရန် အတတ်နိုင်ဆုံး ဟန်ဆောင် ထိန်းထားရပေဦးမည်။