အခန်း (၁၆) ဘယ်သူပဲဖြစ်ဖြစ် အရမ်းအစွမ်းထက်နေရင် ကျေးဇူးပြုပြီး ခွင့်လွှတ်ပေးပါ
တာ့ချန်းအင်ပါယာ၏ နန်းတော်အတွင်း၌...
"အရှင်မ အရှင်ပြောတာ တကယ်လား တကယ်ပဲ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲတော့မှာလား"
အရာရှိပေါင်းများစွာ အံ့အားသင့်သွားကြသည် ဧကရီနန်းတက်ကတည်းက အရာရာကို ကိုယ်တိုင် ကိုင်တွယ်ခဲ့တာပါ။
နယ်စပ်က စစ်ရေးကိစ္စတွေသာမက ဒေသမှာ ဖြစ်တဲ့ မိုးခေါင်ရေရှားမှု သေးသေးလေးတွေကိုတောင် ကိုယ်တိုင် မေးမြန်းပြီး အဆုံးအဖြတ် ပေးခဲ့တာလေ။
ဘယ်လောက်ပဲ တာဝန်ယူတတ်တဲ့ ဧကရာဇ်ဖြစ်ပါစေ ဒီလောက်အထိတော့ မလုပ်နိုင်ပါဘူး။
အရာရှိတွေကတော့ အေးအေးဆေးဆေး နေရပေမဲ့ အာဏာမရှိတော့ နာမည်ခံ ရာထူးတွေလို ဖြစ်နေတာပါ။ သူတို့ ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဘာမှမထူးခြားသလို ဖြစ်နေတော့ တစ်နေ့ကျရင် အရှင်မက သူတို့ကို နန်းတော်ထဲကနေ မောင်းထုတ်လိုက်မှာကိုတောင် စိုးရိမ်နေကြရသည်။
အရာရှိ ထက်ဝက်လောက်က ဘာမှလုပ်စရာ မရှိဘူးလေ အရှင်မက အရမ်းကို အလုပ်ကြိုးစားလွန်းလို့ပါ။
အခုတော့ သူက တကယ်ပဲ အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲချင်နေတာလား။
ဝန်ကြီးချုပ် ချိုးကျွင်းတစ်ယောက် ဝမ်းသာအားရ ဖြစ်သွားသည်။ အရှင်မက မနေ့က သူ့ရဲ့ အကြံပေးချက်ကို နားထောင်လိုက်တာပဲ ပါရမီအလွန်ကောင်းတဲ့ ဧကရီအနေနဲ့ ကျင့်စဉ်ကျင့်တာကိုပဲ အာရုံစိုက်သင့်တာပေါ့။
တိုင်းပြည်ရေးရာတွေကိုတော့ သူတို့လက်ထဲ လွှဲပေးသင့်တာ မဟုတ်လား ထိုအချိန်တွင် ရဲ့ချန်းလျန်က အေးစက်ပြီး လှပသော မျက်နှာထားဖြင့် အရာရှိ ရာနဲ့ချီကို ကြည့်လိုက်သည်။
"ဒီနေ့ကစပြီး ငါ နန်းတွင်းကို ပြန်လည်ဖွဲ့စည်းမယ်။ နန်းတွင်းအကြံပေးအဖွဲ့တစ်ခု တည်ထောင်မယ် ဝန်ကြီးချုပ် ချိုးကျွင်းကို အကြီးအကဲအဖြစ် ခန့်အပ်မယ်။ အဖွဲ့ဝင်တွေကတော့ ဝန်ကြီးဌာန ခြောက်ခုက ဝန်ကြီးတွေနဲ့ ဒုဝန်ကြီးတွေ ဖြစ်လိမ့်မယ်"
"ဒီနေ့ကစပြီး ဒေသအစီရင်ခံစာတွေကို ဝန်ကြီးဌာန ခြောက်ခုဆီ တင်ပြရမယ် အဲဒီကမှတစ်ဆင့် နန်းတွင်းအကြံပေးအဖွဲ့ဆီ ပို့ရမယ် နောက်ဆုံးကျမှ ငါ့ဆီကို အဆုံးအဖြတ်ပေးဖို့ တင်ပြရမယ်"
"အရာရှိအားလုံးကို စောင့်ကြည့်ဖို့အတွက် ကြီးကြပ်ရေးဌာနတစ်ခုကိုလည်း တည်ထောင်မယ်"
ဆက်တိုက်ဆိုသလို ထွက်ပေါ်လာတဲ့ စည်းမျဉ်းအပိုဒ်ပေါင်း တစ်ရာကျော်ကြောင့် အရာရှိတွေအားလုံး ကြောင်အမ်းသွားကြသည်။ ဝန်ကြီးချုပ် ချိုးကျွင်းလည်း ကြောင်သွားတာပါပဲ။
ဒီအုပ်ချုပ်ရေးစနစ်က နည်းနည်းတော့ ရှုပ်ထွေးလွန်းမနေဘူးလား သူ့ရဲ့ အာဏာက ရုတ်တရက် အများကြီး တက်လာသလို ခံစားရပေမဲ့ အသေးစိတ်ကိုတော့ ချက်ချင်း မမှတ်မိနိုင်သေးဘူး။
"ဝန်ကြီးချုပ်"
ချိုးကျွင်း ချက်ချင်း ဦးညွှတ်လိုက်သည်။
"အရှင်မ မိန့်ကြားပါ"
ရဲ့ချန်းလျန်က မနေ့က ချူနင်ပေးထားတဲ့ အုပ်ချုပ်ရေးစနစ်စာရွက်ကို ကမ်းပေးလိုက်သည်။
သုံးရက်အတွင်း နန်းတွင်းအကြံပေးအဖွဲ့ကို ဖွဲ့စည်းပါ ကြီးကြပ်ရေးဌာန အဖွဲ့ဝင်တွေကိုလည်း ကိုယ်တိုင်ရွေးချယ်ပြီး ငါ့ဆီ နာမည်စာရင်း တင်ပြပါ။
ဒီစနစ်ကို စံနှုန်းအဖြစ် သတ်မှတ်မယ် ဘယ်သူပဲဖြစ်ဖြစ် ဒါကိုဖောက်ဖျက်ရင် ချက်ချင်း ကွပ်မျက်နိုင်ခွင့် မင်းကို ငါပေးတယ်။ သုံးရက်အတွင်း ဒါကိုအကောင်အထည် မဖော်နိုင်ရင်တော့ မင်းရာထူးက ဆင်းရလိမ့်မယ်။
အဘိုးကြီးက တုန်တုန်ရင်ရင်ဖြင့် ခေါင်းညိတ်လိုက်သည်။ အရှင်မ ဘာဖြစ်သွားတာလဲ ရုတ်တရက်ကြီး ဒီလောက် ပြင်းထန်တဲ့ အပြောင်းအလဲတွေ လုပ်ရအောင်။ ဒါပေမဲ့ စာရွက်ပေါ်က စာတွေကို ဖတ်ကြည့်လိုက်တဲ့အခါမှာတော့ သူ့မျက်လုံးတွေက အရောင်တောက်လာသည်။
ဒါ... ဒါက ဘာကြီးလဲ ဒါက အုပ်ချုပ်ရေးကို ပြန်လည်ဖွဲ့စည်းဖို့ အရှင်မစဉ်းစားထားတဲ့ မဟာဗျူဟာလား အလုပ်တွေကို ခွဲဝေတာ အဆင့်ဆင့်ကိုင်တွယ်တာ အရာရှိတွေကို စောင့်ကြည့်တာနဲ့ စွမ်းဆောင်ရည် အကဲဖြတ်တဲ့ နည်းလမ်းတွေ။
အရှင်မက တကယ်ပဲ အာဏာကို လွှဲပေးပြီး ကျင့်စဉ်ကျင့်တာကိုပဲ အာရုံစိုက်တော့မှာပဲ ကောင်းလိုက်တာ။
"နန်းတွင်းကို သုံးရက် ပိတ်ထားမယ်။ သုံးရက်ကြာရင် ထူးခြားတဲ့ ပြောင်းလဲမှုတစ်ခုကို ငါ မြင်ချင်တယ်" ရဲ့ချန်းလျန်က ပြောပြီး ထွက်ခွာသွားသည်။
ချူနင်ရဲ့ အယူအဆက တကယ်ကိုကောင်းလွန်းလှသည်။ သူမ မနေ့ညက မအိပ်ဘဲ ဒါကို တာ့ချန်းအင်ပါယာနဲ့ ကိုက်ညီအောင် ပြန်လည်ပြင်ဆင်နေခဲ့တာပါ။ ဒီချူနင်ဆိုတဲ့လူက တကယ်ကို မရိုးရှင်းဘူးပဲ။ သူ့ရဲ့ ကျင့်စဉ်ပါရမီကရော ဘယ်လိုရှိမလဲ နောက်မှ ရှောင်ပင်းကို မေးကြည့်ရမယ်။
တစ်ဖက်တွင်တော့ နန်းတော်အပြင်ဘက် ရဲ့မိသားစု ကျင့်စဉ်နယ်မြေ၌။
ရဲ့မိသားစုဆိုတာ တာ့ချန်းအင်ပါယာရဲ့ နံပါတ်တစ် ကျင့်စဉ်ဂိုဏ်းဖြစ်သလို တော်ဝင်မိသားစုရဲ့ ကျောထောက်နောက်ခံလည်း ဖြစ်သည်။ ဒါပေမဲ့ လက်ရှိမှာတော့ ကျဆုံးခြင်းအမှတ်အသားအင်ပါယာကြောင့် အဆင့် (၆) ကျင့်ကြံသူ နည်းနည်းပဲ ကျန်တော့ပြီး အသန်မာဆုံးကတော့ သူတော်စင်အဆင့်ကို ရောက်နေတဲ့ ရဲ့ချန်းလျန်ပင် ဖြစ်သည်။
အနှစ်တစ်ရာအတွင်း သူတော်စင်ဖြစ်လာတာကတော့ တစ်ခါမှ မကြားဖူးတဲ့ ကိစ္စပဲ။
ချူနင်နဲ့ ရှောင်ပင်းတို့ ရောက်လာတဲ့အခါမှာတော့ ဂိုဏ်းရဲ့ အကြီးအကဲ ရဲ့ရွှမ်းက ချက်ချင်း ထွက်ကြိုသည်။ သူက အဆင့် (၆) ကျင့်ကြံသူ ဖြစ်ပေမဲ့ ရှေ့က အစေခံမလေးကိုတော့ မရိုသေဘဲ မနေရဲပါဘူး။
ရဲ့ချန်းလျန်က မိသားစုရဲ့ပင်မမျိုးနွယ်ဖြစ်ပြီး သူတို့ကတော့ အခက်အလက် မျိုးနွယ်စုတွေလေ။ ပြီးတော့ ရှောင်ပင်းက ရဲ့ချန်းလျန် အချစ်ဆုံး အစေခံဆိုတာ ဘယ်သူမသိဘဲ နေမလဲ
ရှောင်ပင်းကတော့ မာန်မာန မရှိဘဲ ပြန်ပြီး ဦးညွှတ်နှုတ်ဆက်လိုက်သည်။ "အကြီးအကဲရဲ့ ဒီလောက်အထိ ယဉ်ကျေးနေဖို့ မလိုပါဘူး ကျွန်မက လူငယ်တစ်ယောက်ပါပဲ။
အရှင်မက ချူနင်ရဲ့ ပါရမီကို စစ်ဆေးခိုင်းလို့ လာခဲ့တာပါ။
ချူနင်ကလည်း ပြုံးပြီး နှုတ်ဆက်လိုက်သည်။ "အရှင်မရဲ့ ဂရုစိုက်မှုကြောင့် ကျွန်တော် ဒီကို ရောက်လာရတာပါ"
အဘိုးကြီးကလည်း ချက်ချင်းပင် လမ်းပြပေးသည်။ ရဲ့ချန်းလျန်ရဲ့ ဖိအားက အရမ်းပြင်းထန်လွန်းတာကြောင့် သူမ တန်ဖိုးထားတဲ့သူကို ဘယ်သူက စော်ကားရဲမှာလဲ။
သူတို့ အတွင်းထဲကို လမ်းလျှောက်ဝင်သွားစဉ် ကျင့်ကြံသူ အများအပြားက ချူနင့်ကို စူးစမ်းကြည့်နေကြသည်။ "ဒီလူက ဘယ်သူလဲ ကြည့်ရတာ တော်တော် ချောတာပဲ ငါ့ထက် နည်းနည်းပဲ လျော့မယ်"
ချူနင်ကတော့ ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း မေးလိုက်သည်"ဒီမှာရှိတဲ့ ကျင့်ကြံသူတွေ အကုန်လုံးက ရဲ့မိသားစုဝင်တွေပဲလား"
"မဟုတ်ပါဘူး ဆရာ တခြားဒေသက ပါရမီရှင်တွေကိုလည်း ရွေးချယ်ပြီး ပို့ထားတာပါ"
ဂိုဏ်းရဲ့ အဝင်ဝမှာတော့ ကြီးမားတဲ့ ကျောက်ရုပ်ထုကြီးတစ်ခု ရှိသည်။ ရှောင်ပင်းက သတိပေးလိုက်သည် "ဆရာ.ဒါက ဂိုဏ်းရဲ့ စည်းမျဉ်းပါ အထဲဝင်မယ့်သူတိုင်းက ဘိုးဘေးကို ဂါရဝပြုရမယ် အရှင်မတောင် ဦးညွှတ်ရတာပါ"
ချူနင် နားလည်ပြီး ဦးညွှတ်လိုက်သည်။ သူတို့ အထဲဝင်သွားတဲ့အခါမှာတော့ ဘယ်သူမှ သတိမထားမိလိုက်ဘဲ ထိုကျောက်ရုပ်ထုကြီးက စပြီး အက်ကွဲလာပြီး မျက်နှာကနေ သွေးတွေ စီးကျလာတော့သည်။
တစ်ချိန်တည်းမှာပင်အထက်ဘုံ၌ ကျင့်ကြံသူအိုကြီး တစ်ယောက် ရုတ်တရက် သွေးအန်ပြီး သူ့ရဲ့ကျင့်စဉ်အဆင့်တွေ တုန်လှုပ်ကုန်သည်။
"တောက် ငါ့ကို ဘယ်သူက ကောင်းကင်ဘုံရဲ့ ဖိအားနဲ့ လာနှိမ်နေတာလဲ ဘာလို့ ဒီလောက် ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုး ကြုံနေရတာလဲ"
ရဲ့ဝူကျီက တစ်ခုခုကို တွက်ချက်ဖို့ ကြိုးစားသော်လည်း နောက်ထပ် သွေးတစ်ချက် ထပ်အန်လိုက်ရသည်။
ဒီလူရဲ့ တည်ရှိမှုက အရမ်းအစွမ်းထက်လွန်းတယ် တွက်ချက်လို့ မရဘူး သူ ချက်ချင်း ဒူးထောက်ပြီး အကြိမ်ကြိမ် ဦးချလိုက်သည်။
"ဘယ်သူမှန်း မသိပေမဲ့ ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ ကျွန်တော် ကောင်းကင်ဘုံကို ဆန့်ကျင်တာ ဘာမှ မလုပ်ခဲ့ပါဘူး အခွင့်အရေး တစ်ခုလောက် ပေးပါ"
ရဲ့ဝူကျီ တစ်ယောက် ကြောက်လန့်တုန်ရင်နေမိသည်။
သူအထက်ဘုံကိုရောက်လာတာအနှစ်တစ်ထောင်ရှိပြီဖြစ်ပေမဲ့အဆင့် (၇) ကိုတောင်မရောက်သေးပါဘူးဒီလိုအစွမ်းထက်တဲ့တည်ရှိမှုမျိုးနဲ့သူဘယ်လိုမှမယှဉ်နိုင်ပါဘူး။