အခန်း ၁၅၇ ရေချိုးခြင်း
ချန်ချန်းနန်းဆောင်၏ ဘေးခန်းရှိ ရေချိုးကန်အတွင်း၌ လူကြီးနှစ်ဦးနှင့် ကလေးနှစ်ဦးတို့သည် ရေပူစမ်းတွင် စိမ်နေကြသည်။
ချူနင်နှင့် သမီးငယ်လေးတို့မှာ အလွန်ပေါ့ပါးလန်းဆန်းနေပုံရသော်လည်း ရဲ့ချန်းလျန်နှင့် သမီးကြီး မူမူတို့မှာမူ လေးနက်သော မျက်နှာထားများဖြင့် အတွေးကိုယ်စီ နစ်နေကြသည်။
မင်းတို့ သားအမိက တကယ်တူတာပဲ မျက်မှောင်ကြုတ်တာနဲ့ နှုတ်ခမ်းတွန့်တာ တူတာထားပါဦး ဒီသတင်းကို ကြားတော့ တုံ့ပြန်ပုံကပါ တစ်ထေရာတည်း တူနေရတာလဲ။
ဒါကို ကြားတော့ ရဲ့ချန်းလျန်နှင့် ချူမူတို့ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး နှုတ်ခမ်းကို တစ်ပြိုင်တည်း တွန့်လိုက်ကြသည်။
"လုံးဝ မတူပါဘူး"
သူတို့နှစ်ယောက် စကားသံက တစ်ပြိုင်တည်း ထွက်လာသည်။ ယောင်ယောင်ကတော့ ခေါင်းကို အားရပါးရ ခါယမ်းလိုက်သည်။
ယောင်ယောင် မြင်တာတော့ မေမေနဲ့ အတူတူပဲ။ ချူနင်က ရာယောင်း၏ ခေါင်းလေးကို ပွတ်သပ်ပေးရင်း ဆံပင်ကို ဆေးကြောပေးလိုက်သည်။
တချို့အရာတွေကို လက်ခံသင့်တာ ကြာလှပြီ။ အခုလောက်ဆို စိတ်တည်ငြိမ်သွားလောက်ပြီ မဟုတ်လား။
ရဲ့ချန်းလျန်က နှုတ်ခမ်းစူလိုက်ပြီး မကျေမနပ် ပြောလိုက်သည်။ လက်မခံဘူးလို့ မပြောပါဘူး ဒါပေမဲ့ ဒီနေ့ ရှင်လုပ်လိုက်တာက နည်းနည်းများမသွားဘူးလား ပြီးတော့အဲဒီစကားတွေကိုလည်း ဘာမှမဖြစ်သလို ပြောထွက်တယ် အနည်းဆုံးတော့ ကျွန်မနားလည်ပေးနိုင်အောင် အံ့သြဝမ်းသာတဲ့ အမူအရာလေး ဘာလေး ပြပါဦးလား။
"နားလည်ပေးတာ ဘာကိုဆိုလိုတာလဲ"
ဥပမာ သမီးလေး မွေးတုန်းကဆိုရင် ကျွန်မတို့ နှစ်ယောက်လုံး ဝမ်းသာခဲ့ကြတယ်လေ။
"ဒါနဲ့ ဒီကိစ္စနဲ့ ဘာဆိုင်လို့လဲ"
ကျွန်မအံ့သြသွားမယ်ဆိုတာ ရှင်သိသိကြီးနဲ့ ရှင်ကတော့ အေးအေးဆေးဆေးပဲ။
ငါက အလန့်တကြား ဖြစ်ပြရမှာလား။ ချူနင်က ချက်ချင်းပင် အလေးအနက် မျက်နှာထားဖြင့် အံ့သြတုန်လှုပ်ဟန် ဆောင်လိုက်သည်။
ချန်းလျန်၊ မူမူ၊ယောင်ယောင် ဖေဖေ ခုနတင် တခြားလောကက အမှောင်မသေမျိုးဧကရာဇ်ကို သတ်ပြီး အထက်လောကကို ပေါင်းစည်းခဲ့တယ်။ ဒါကြောင့် ငါတို့က လောကခပ်သိမ်းကို ပေါင်းစည်းလိုက်ပြီပေါ့။
"ဝိုး ဝိုး ပေါင်းစည်းပြီ" ယောင်ယောင်က လက်ခုပ်တီး အော်ဟစ်သည်။
ရဲ့ချန်းလျန် "......."
ချူးမူ "......"
အရူးလုပ်ခံလိုက်ရသလို ခံစားလိုက်ရသည်။ အံ့သြမပြခဲ့တာကမှ တော်ဦးမည်။ ချူနင်၏ စစ်မှန်သော ခွန်အားကို သိပြီးကတည်းက သူမ အတတ်နိုင်ဆုံး မအံ့သြအောင် ထိန်းထားခဲ့သည်။ သို့သော် ဤအခြေအနေမျိုးတွင် မည်သူက တည်ငြိမ်နိုင်မည်နည်း။
---------
အထက်လောကက အဓိက နယ်မြေကြီးဖြစ်ပြီး အပြင်ဘက်မှာ ထျန်းရွှမ်းတိုက်ကြီးလို နယ်မြေပေါင်း မရေမတွက်နိုင်အောင် ရှိသည်။ အခုတော့ အဲဒါတွေ အားလုံးက ချူနင်ရဲ့ လက်အောက်ကို ရောက်သွားပြီ။
ဒါဆိုရင် ငါ့ရဲ့ထီးနန်းကိုပါ ရှင့်ကို ပေးလိုက်ရမလား။
ကောင်းကောင်းပြောရရင် ဧကရာဇ်ဆိုတာ ဂုဏ်ရှိပေမဲ့ ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ ရှင်က တော်ဝင်သမက်ပဲလေ။ အခုတော့ ရှင်က ဧကရာဇ်ဖြစ်သွားပြီဆိုတော့ ကျွန်မက ရှင့်ကို ဒီလိုပဲ ခေါ်နေရတာ စိတ်ထဲ တစ်မျိုးကြီး ဖြစ်နေသလိုပဲ။ ယောင်ယောင်က ချက်ချင်း လှမ်းကြည့်လာသည်။
ဒါဆို ယောင်ယောင်က ဖေဖေလို့ ခေါ်လို့မရတော့ဘူးလား။ ချူနင် နည်းနည်း ခေါင်းကိုက်သွားသည်။
ငါ ဒါကိုလုပ်တာက နောင်မှာမလိုအပ်တဲ့ ပြဿနာတွေ နည်းသွားအောင်လို့ပါ တခြား ရည်ရွယ်ချက် အများကြီးမရှိပါဘူး။ ရဲ့ချန်းလျန်က ခေါင်းငြိမ့်ပြီး အလေးအနက် ပြောလိုက်သည်။
သိပါတယ် ဒါပေမဲ့ ရှင့်အတွက် ဒါကသေးငယ်တဲ့ ကိစ္စဖြစ်နိုင်ပေမဲ့ ကျွန်မနဲ့ လောကခပ်သိမ်းက သတ္တဝါတွေအတွက်တော့ အကြီးကြီးပဲ နန်းတော်က ကိစ္စတွေတောင် အခု ရှင့်လက်ထဲမှာပဲ ရှိနေတာ။ ကျွန်မက ရှင့်အပေါ်မှာ ဒီလိုပဲဆက်ပြီး အသားယူနေရင် နောက်ပိုင်း လူတွေ အတင်းပြောတာ ခံရလိမ့်မယ်။
ဒါပေမဲ့ မင်းနဂါးဝတ်ရုံဝတ်ပြီး ပလ္လင်ပေါ်မှာ ထိုင်နေတာကို ငါက သဘောကျနေတာလေ။
ချူမူမှာ ကြောင်အသွားပြီးမှ နားလည်သွားသော်လည်း သူတို့ကို ဂရုမစိုက်ဘဲ ရေထဲမှာပဲ ဆက်စိမ်နေလိုက်သည်။
ဤလူကြီးနှစ်ယောက် ကလေးရှေ့မှာ ဒါမျိုးတွေ ပြောဖို့ သင့်တော်ရဲ့လား သမီးနှစ်ယောက်က နားမလည်ဘူးလို့ တကယ် ထင်နေတာလား။
ဒါပေမဲ့ ဒီအဖေကတော့ သူမထင်ထားတာထက်တောင် ပိုပြီးကြောက်စရာကောင်းနေပြီ။ ငါတို့ကို အိပ်ခိုင်းထားပြီး အပေါ်တက်ပြီး လောကကြီးကို ပေါင်းစည်းခဲ့တာတဲ့လား။ ဆိုလိုတာက အမှောင်ကပ်ဘေး ကျရောက်လာတာကိုတောင် ဖေဖေက နှိမ်နင်းလိုက်တာပေါ့ ဒီအဖေက အရမ်း အစွမ်းထက်လွန်းနေတော့ ငါ ကြိုးစားချင်စိတ်တောင် ကုန်သွားပြီ။
ရဲ့ချန်းလျန်က ချူနင်ကို မကျေမနပ် ကြည့်လိုက်သည်။ သီးသန့်မှ ပြောပါလား ကလေး ဒီမှာ ရှိနေတာကို။
ချူနင်က ရယ်မောရင်း လက်ခါပြလိုက်သည်။ ဒီလောက်အထိ ရုန်းရင်းဆန်ခတ် ဖြစ်သွားမယ်လို့ ငါမထင်ထားဘူး။ ဒါပေမဲ့ မင်းဒါကို ဂရုစိုက်နေဖို့ မလိုပါဘူး။ မင်းရဲ့ အလုပ်ကိုပဲ ဆက်လုပ်ပြီး ဧကရီဆက်လုပ်နေပါ။
ငါ့အတွက်တော့ အစကတည်းက ဘာမှ ထူးခြားမသွားဘူး။ မင်းမဖြေရှင်းနိုင်တဲ့ ပြဿနာကို ငါဖြေရှင်းပေးမယ် မင်းလုပ်နိုင်တဲ့ အလုပ်တွေက ပင်ပန်းနေရင် ငါကူညီပေးမယ်။
အစကတည်းက ငါတို့ ဒီလိုပဲ နေလာကြတာပဲ ငါကတော့ ကျေနပ်ပါတယ်။ ပြီးတော့ အဲဒီ ရာထူးဆိုတာက တကယ်တော့ ဘာမှမဟုတ်ပါဘူး။ မင်းသာ ဒီလိုလုပ်ရင် ငါကသမိုင်းမှာ ထီးနန်းလုတဲ့လူ ဖြစ်သွားမှာပေါ့။
ရဲ့ချန်းလျန်က အလေးအနက် ပြန်ပြောသည် ရှင့်ရဲ့ အခုခွန်အားနဲ့ဆိုရင် ဘယ်သူက ရှင့်ကို ဆန့်ကျင်ရဲမှာလဲ တော်ဝင်မိသားစုဝင်တွေတောင် တစ်ခွန်းမှ ဟရဲမှာ မဟုတ်ဘူး။
အဲဒါလည်း အတူတူပဲ မဟုတ်လား လောကခပ်သိမ်းက ကျင့်ကြံသူတွေထဲမှာ မင်းကိုရော ဘယ်သူက တစ်ခွန်းမှ ဟရဲမှာလဲ။
ရဲ့ချန်းလျန် ခဏတာ တိတ်ဆိတ်သွားပြီးမှ ချူနင်ကို ရှုပ်ထွေးသော မျက်နှာထားဖြင့် ကြည့်လိုက်သည်။ ရှင် ဒါတွေကို တကယ်ပဲ ဂရုမစိုက်တာလား။
ချူနင်သက်ပြင်းချရင်း နဖူးကို ပွတ်လိုက်သည်။
ဘာထင်လို့လဲ
အမည်ခံ ရာထူးဆိုတာ ဘာမှမဟုတ်ပါဘူး။ အောက်က ဧကရာဇ်တွေ ဧကရာဇ်တစ်ပိုင်းတွေက ဘာပြောရဲမှာလဲ ချူနင်ရဲ့ မိန်းမ ဧကရီလုပ်နေတာကို ဘယ်သူက အားယားပြီး လာပြောနေမှာလဲ ဒါချူနင်ရဲ့ မိသားစုကိစ္စပဲလေ ဘာကိုမှ မထိခိုက်ပါဘူး။
ရဲ့ချန်းလျန် တိတ်ဆိတ်သွားသည်။ သူက ဒါတွေကို တကယ် ဂရုမစိုက်တာပဲ။ ချူနင်နဲ့ စတွေ့ကတည်းက သူဟာကျင့်စဉ်တွေ ကျင့်ကြံမှု အဆင့်တွေ ရတနာတွေ ဧကရာဇ်လက်နက်တွေ ဒါမှမဟုတ် ရာထူးတွေကို ဘယ်တုန်းကမှ ဂရုမစိုက်ခဲ့ဘူး။
သူမ၏ မျက်နှာလေး ရဲတက်သွားပြီး ရဲ့ချန်းလျန်သည် ရေထဲတွင် ခေါင်းတစ်ဝက် မြှုပ်လိုက်သည်။
ဘာနဂါးဝတ်ရုံဝတ်ပြီး ပလ္လင်ပေါ်မှာ ထိုင်တာ ဒါက တကယ့်ကို အကျင့်ပျက်တာပဲ ဘယ်လိုဖြစ်နိုင်မှာလဲ။
ချူနင်သည် ရေထဲမှ ထလာပြီး သမီးနှစ်ယောက်ကို ချီကာ ရေခြောက်အောင် သုတ်ပေးပြီး အဝတ်အစားသစ်များ ကိုယ်တိုင် လဲပေးလိုက်သည်။
သွားကစားကြတော့ အားရင် ဖေဖေပေးထားတဲ့ ကျင့်စဉ်တွေကို လေ့ကျင့်ဖို့ မမေ့နဲ့ဦး။ ထပ်ပြောမယ်နော်။
ပင်ပန်းရင်အိပ် ဗိုက်ဆာရင်စား။ ကိုယ့်ကိုယ်ကိုယ် သိပ်ပြီးဖိအားမပေးနဲ့။ ကျင့်ကြံတာ မြန်တာ နှေးတာက အဓိက မဟုတ်ဘူး။
"စိတ်မပူပါနဲ့ အဖေက အကောင်းဆုံးပဲ" ယောင်ယောင်က မူမူ၏ လက်ကိုဆွဲကာ အပြင်ထွက်ပြီး ရှောင်ပင်းနှင့် သွားကစားကြသည်။
ရေကန်ထဲတွင် ကျန်ရစ်သော ရဲ့ချန်းလျန်က သက်ပြင်းချရင်း ပြောသည် ရှင် ကလေးကို ဒီလိုပဲ သင်ပေးတာလား တကယ်လို့ သူတို့ နောင်ကျရင် ကျင့်ကြံတာကို စိတ်မဝင်စားတော့ရင် ရှင်စိတ်မကောင်း ဖြစ်နေမှာပေါ့။
ချူနင်က ရဲ့ချန်းလျန် အနားသို့ တိုးကပ်လာပြီး ပြုံးလိုက်သည်။ ဘာမှမဖြစ်ပါဘူး သူတို့ နှစ်ပေါင်းထောင်ချီ ကျင့်ကြံလို့ မသေမျိုးဧကရာဇ်ဖြစ်လာရင်တောင် ငါကလှံတစ်စင်းတည်းနဲ့ သတ်နိုင်တာပဲလေ။ ဒါဆို သူတို့အတွက် ကျင့်ကြံရတာက ဘာထူးခြားမှာလဲ။
ရဲ့ချန်းလျန် စကားပြောရန် ပြင်လိုက်စဉ်မှာပင် ချူနင်က သူမအနားသို့ ပိုတိုးကပ်လာသည်။ သမီးတွေကို အပြင်လွှတ်လိုက်တာ ဒီအတွက်ကြောင့်ကိုး။
"ရှင် ဒီမနက်တင် ကျွန်မကို အသားယူထားသေးတယ်နော်"
ချူနင်က သူမကို ဖက်လိုက်ပြီး တိုးတိုးလေး ပြောလိုက်သည် ဒီဘဝမှာ ငါတကယ် ဂရုစိုက်တဲ့ အရာက အများကြီး မရှိပါဘူး။ မင်းရယ် ကလေးတွေရယ် မင်းနဲ့ နီးစပ်တဲ့ ရှောင်ပင်းရယ် မင်းရဲ့အင်ပါယာရယ်ပဲ။
တကယ်တော့ မင်းမမေးရင် ငါဒါတွေကို ပြောပြဖို့ အစီအစဉ် မရှိပါဘူး။ အေးအေးချမ်းချမ်း မိသားစုလေးရှိနေတာက အကောင်းဆုံးပဲလေ။ တခြားလူတွေက လာပြီး နှောင့်ယှက်နေလို့သာ ငါက ပါဝင်လိုက်ရတာ။
ရဲ့ချန်းလျန်က နှုတ်ခမ်းလေးကို ကိုက်ထားရင်း ရုန်းထွက်ဖို့ ကြိုးစားနေသည်။ ဒီမှာ ဆက်နေတာက တကယ်ကို မသင့်တော်ဘူးလို့ သူမ ခံစားနေရသည်။ ဒါပေမဲ့ ချူနင်က သူမကို လွှတ်ပေးဖို့ အစီအစဉ် မရှိပေ။
"ဒါဆို ရှင့်စကားအရဆိုရင် ရှင့်ကို ဒီမှာ ဆက်နေခွင့် ပေးဖို့ ခွင့်တောင်းနေတာပေါ့ ဟုတ်လား"
မင်း မပြောလည်း ငါက သဘောတူပြီးသားပဲ။ရှင်ကတော့ ကျွန်မကို အမြဲ အနိုင်ကျင့်တာပဲ။
အဓိကက ငါကဒီကိစ္စကို စိတ်ဝင်စားနေတာလေ။ ချူနင် စတင် လှုပ်ရှားတော့မည်ကို သိသောကြောင့် ရဲ့ချန်းလျန်က အမြန် တားလိုက်သည်။
ကျွန်မရဲ့ စစ်တပ်က အပြင်မှာ တိုက်နေတုန်းပဲလေ။ ဒီနေ့ ရှင့်ကို စကားပြောချင်ရုံပဲရှိတာ ကျေးဇူးပြုပြီး။
ပြောစရာ မရှိပါဘူး ငါ့မျက်လုံးထဲမှာ မင်းပဲ ရှိတာ။ ဒါကြောင့် အချိန်မဆွဲတော့ဘဲ ငါ စတော့မယ်။
ရုတ်တရက် အနမ်းခံလိုက်ရသဖြင့် သူမ စကားမပြောနိုင်တော့ပေ။ ထွက်ပြေးဖို့လည်း မဖြစ်နိုင်သလို အခုတော့ တိုးတိုးလေးတောင် မညည်းတွားနိုင်တော့ပါလား။
အိုး ငါကတော့ တကယ်ကို သနားစရာကောင်းတဲ့ ဧကရီမလေးပါပဲ။