အခန်း (၁၅) မင်းက ငါ့တိုင်းပြည်ကိုပဲ မျက်စိကျနေတာလား
ညရောက်လာတော့ နန်းတော်အတွင်း၌...
ချူနင် ရေးပေးခဲ့တဲ့ နိုင်ငံရေးစနစ်ကို ဖတ်ပြီးနောက် ရဲ့ချန်းလျန်ရဲ့ မျက်နှာကတော့ အမူအရာမရှိပေမဲ့ စိတ်ထဲမှာတော့ အံ့သြနေမိသည်။
ဒီလူက အင်ပါယာ တစ်ခုလုံးအတွက် အစစအရာရာ စဉ်းစားပေးထားတာပဲ
သူက အုပ်ချုပ်ရေးစနစ်ကို ပြုပြင်ပြောင်းလဲပြီး ဧကရီအနေနဲ့ တစ်ကမ္ဘာလုံးကို အလွယ်တကူ ထိန်းချုပ်နိုင်အောင် လမ်းစပြပေးခဲ့တာလေ။
ဒါပေမဲ့ သူမကတော့ ချူနင်က သူမကို ရယူပြီး တာ့ချန်းအင်ပါယာကို အပိုင်စီးချင်နေတာလို့ပဲ တွေးနေမိသည်။
'ချူနင် မင်းရဲ့ ရည်ရွယ်ချက်ကို ငါသိပြီးသားပါ။ မင်းရဲ့နည်းလမ်းတွေကိုတော့ ငါ လက်ခံမယ် ဒါပေမဲ့ မင်းကိုစည်းစိမ်ဥစ္စာတွေပဲ ပေးမယ်၊ တိုင်းပြည်ကိုတော့ မပေးနိုင်ဘူး။
ချူနင်ကို ပြန်ပို့ပြီးနောက် ရဲ့ချန်းလျန် သူမရဲ့ နန်းဆောင်ကို ပြန်ရောက်လာသည်။ "ရှောင်ပင်း"
"ရှိပါတယ် အရှင်မ" မိန်းကလေးငယ်လေး အထဲဝင်လာသည်။
ရဲ့ချန်းလျန်က တစ်ခုခု မေးမလို့ လုပ်သော်လည်း ရှောင်ပင်းရဲ့ စွမ်းအင်တွေက ထူးဆန်းနေတာကို သတိထားမိလိုက်သည်။
"မင်း ဒီနေ့မှ အဆင့် (၄) ကို တက်တာ မဟုတ်လား ဘာလို့ အခုကျတော့ အဆင့် (၄) အလယ်ပိုင်းကို ရောက်နေတာလဲ"
ဒီလောက် မြန်တဲ့ ကျင့်စဉ်ပါရမီမျိုး သူမ တစ်ခါမှ မမြင်ဖူးပါဘူး။ သူမကိုယ်တိုင်တောင် အခု အဆင့်တက်နေတာပဲလေ။ ဒါက အရမ်း ထူးဆန်းလွန်းလှသည်။
ရှောင်ပင်းကလည်း ကြောင်အမ်းအမ်းဖြင့် "ကျွန်မလည်း မသိပါဘူး ဒီရက်ပိုင်း ပုံမှန်အတိုင်း ကျင့်ကြံနေတာပဲလေ"
ရဲ့ချန်းလျန် တစ်ခုခုကို ရိပ်မိသွားသည်။
သူမကိုယ်တိုင်လည်း ကျင့်စဉ် အဆင့်တက်နေတာ မဟုတ်လား။ သူမ ဘာမှ မကျင့်ဘဲနဲ့ ဘာလို့ အဆင့်တက်နေရတာလဲ။
"ငါ မင်းကိုမေးစရာ ရှိတယ်။ ဒီနေ့ နေ့လယ်စာကို ဘာလို့ချူနင်က လာပို့တာလဲ"
ရှောင်ပင်းက ချက်ချင်း ဒူးထောက်လိုက်သည် -ချူနင်က အနာဂတ်ဧကရာဇ် ဖြစ်မှာဆိုတော့ သူကပဲ ပို့ချင်တယ်လို့ ဇွတ်ပြောနေလို့ပါ။
ဒီနှစ်ယောက် ပေါင်းပြီး လုပ်ကြတာ သူမ သိသည်။ ဒါပေမဲ့ ချူနင်ကြောင့် ဒီလို စနစ်ကောင်းတစ်ခု ရခဲ့တာဆိုတော့ သူမ အများကြီး အပြစ်မတင်တော့ပါဘူး။ "သူ ဒီနေ့ ဘာလုပ်နေလဲ"
"မနက်စာ ချက်ပေးပြီးကတည်းက ပြန်အိပ်နေတာပါ နေ့လယ်စာ ပို့ပြီးတော့လည်း ပြန်အိပ်တယ်"
"အိပ်နေတယ်" ရဲ့ချန်းလျန် ဇဝေဇဝါ ဖြစ်သွားသည်။
"ဟုတ်ကဲ့ သူက အရမ်း ပင်ပန်းနေပုံရတယ် အချိန်ရတိုင်း အိပ်နေတာပဲ"
ရဲ့ချန်းလျန် မယုံပါဘူး။ ဒီလောက် ဉာဏ်ကောင်းတဲ့သူက ဘယ်လိုလုပ် အိပ်ပဲ အိပ်နေမှာလဲ သူတခြားသူတွေနဲ့ ဆက်သွယ်နေတာလားဆိုပြီး သူမရဲ့ဝိညာဉ်အာရုံနဲ့ စစ်ဆေးကြည့်လိုက်သည်။
အဲဒီအချိန်မှာ ချူနင်က နန်းတော်အပြင်က ရေကန်လေးထဲမှာ လသာသာနဲ့ ရေချိုးနေတာကို မြင်လိုက်ရသည် ရဲ့ချန်းလျန် မျက်လုံးပြူးသွားရသည်။
"ရှောင်ပင်း ချူနင့်ကို သွားပြောလိုက် နန်းတော်ထဲမှာ ရေချိုးခန်း ရှိတယ် အပြင်က ရေကန်ထဲမှာ လျှောက်ပြီး ရေမချိုးရဘူးလို့"
သူမ မျက်နှာတွေ နီမြန်းကုန်သည်။ ဒီလူက တကယ့်ကို။
"သူ တနေကုန် အိပ်နေတာ တကယ်လား"
"ဟုတ်ကဲ့ သူချက်တဲ့ ဟင်းတွေက တစ်ခါနဲ့တစ်ခါ မတူတော့ သူ တကယ် ပင်ပန်းမှာပါ"
ရှောင်ပင်းက ချူနင့်ဘက်ကနေ ကူပြောပေးလိုက်သည်။ ချူနင်က ဟင်းချက်ရင် တကယ့်ကို စေတနာပါပါနဲ့ ချက်တာလေ အရသာကလည်း နတ်သုဒ္ဓါလိုပဲ။ သူမကိုတောင် ကျွေးသေးတာ။
ရဲ့ချန်းလျန် တိတ်ဆိတ်သွားသည်။ ဟင်းတွေက တကယ်ပဲ အရသာ ရှိလှသည်လေ။
"မနက်ဖြန်ကျရင် သူ့ကို ခေါ်ပြီး ကျင့်စဉ်ပါရမီ စစ်ဆေးပေးလိုက် ပြီးရင် သင့်တော်တဲ့ ကျင့်စဉ်တစ်ခု ပေးလိုက်ပါ"
ရှောင်ပင်း ဝမ်းသာသွားသည်။
အရှင်မနဲ့ ချူနင်တို့ ဆက်ဆံရေးက တိုးတက်လာပြီပဲ။
နောက်တစ်နေ့ မနက်တွင်...
ချူနင်က ရဲ့ချန်းလျန်ကို ထမင်းကျွေးပြီးနောက် ပြန်အိပ်ဖို့ လုပ်စဉ် ရှောင်ပင်းက တားလိုက်သည်။
"ဆရာ... အရှင်မက ဆရာ့ရဲ့ ပါရမီကို စစ်ဆေးခိုင်းလိုက်ပါတယ် ဆရာကျင့်စဉ် ကျင့်လို့ ရတော့မယ်"
ရှောင်ပင်းက စိတ်လှုပ်ရှားစွာ ပြောသော်လည်း ချူနင်ကတော့ စိတ်မဝင်စားပေ။
"တောင်တွေကို ဖြိုနိုင်တယ် မြစ်တွေကို ဖြတ်နိုင်တယ်" ဆိုတာတွေက သူ့အတွက်တော့ အဆင့်နိမ့်လွန်းလှသည်။
"စိတ်မဝင်စားဘူး ငါအိပ်ချင်သေးတယ်"
ရှောင်ပင်းက အတင်းဆွဲခေါ်သည် "မလုပ်ပါနဲ့ ဆရာရယ် ဒါက အရှင်မရဲ့ အမိန့်လေ။ ဆရာ မသွားရင် ကျွန်မ အဆူခံရမှာပေါ့"
ချူနင်သက်ပြင်းချလိုက်သည်။ဒီမိန်းကလေးကသူ့အတွက်ကူညီပေးခဲ့တဲ့သူဆိုတော့သူမမျက်နှာကိုထောက်ပြီးလိုက်သွားဖို့ဆုံးဖြတ်လိုက်သည်။ "ကောင်းပြီလေသွားကြတာပေါ့"