အခန်း ၁၄၉ မဟာဧကရာဇ်များ စုဝေး၍ မသေမျိုးလမ်းစဉ်ကို သက်သေထူခြင်း
အမြင့်မြတ်ဆုံးလျှို့ဝှက်ဆန်းကြယ် ဓားကျမ်းသည် မဟာဧကရာဇ် အဆင့်ထက် မြင့်မားသော ကျင့်စဉ်တစ်ခု ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ကျင့်စဉ်မျိုးကို ငယ်စဉ်ကတည်းက လေ့ကျင့်နိုင်ပြီး အကန့်အသတ်မရှိ တိုးတက်နိုင်သော ကျင့်စဉ်ဟု သတ်မှတ်ကြသည်။
၎င်းသည် ကလေးငယ်နှစ်ဦး၏ မူလစိတ်ကျင့်စဉ်နှင့် အကိုက်ညီဆုံးသော ကျင့်ကြံနည်းဖြစ်သည်။
ဤနည်းလမ်းသည် ဓားဖြင့် တာအိုကို သက်သေထူရခြင်း ဖြစ်သော်လည်း ၎င်း၏ အမြင့်မှာ ကောင်းကင်တာအိုနှင့် မဟာဧကရာဇ်တို့ကို ကျော်လွန်ကာ ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိစေမည် ဖြစ်သည်။
ယောင်ယောင်ကတော့ ဤအရာမှာ ဘာမှန်းမသိပေ။ သူမအဖေ ပေးထားခြင်းသာ ဖြစ်သည်။ သူမအဖေက သူမကို မကျင့်ချင်ရင် မကျင့်နဲ့ဟု ပြောထားသည် မဟုတ်ပါလား ထို့ကြောင့် သူမ ဘာလို့ကျင့်နေရဦးမည်နည်း။
လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် သူတို့နှစ်ဦးမှာ ကုလားထိုင်ပေါ်တွင် သက်သောင့်သက်သာ လှဲလျောင်းရင်း နေပူစာလှုံနေကြသည်။ သို့သော် ချူမူကတော့ တည်ငြိမ်စွာ မနေနိုင်ပေ။
သူမသည် ယခင်ဘဝက မြင့်မားသော အဆင့်သို့ ရောက်ရှိခဲ့ဖူးသော်လည်း ယခုကျင့်စဉ်မှာ တိုးတက်မှု အလားအလာကိုပင် ခန့်မှန်း၍ မရနိုင်လောက်အောင် နက်ရှိုင်းလှသည်။
ငါသာ အရင်က ဒီလိုကျင့်စဉ်မျိုးကို ကျင့်ခဲ့ရရင် လောကက မဟာဧကရာဇ်တွေ အကုန်ပေါင်းတိုက်ရင်တောင် ငါ့ကိုဘာလုပ်နိုင်မှာလဲချန်းရှန်းမဟာဧကရာဇ်ဆိုတာ အပြောတောင် မထည့်ထိုက်ဘူး။
အဖေက တကယ်ကို အစွမ်းထက်လွန်းသည်။ သူပေးတဲ့ ကျင့်စဉ်တွေကလည်း အံ့မခန်းပဲ။
ဤဘဝတွင် သူမအနေဖြင့် မဟာဧကရာဇ် အဆင့်ထက် ကျော်လွန်သော နယ်ပယ်ကို မျက်မြင်တွေ့ခွင့်ရတော့မည် ထင်သည်။
တစ်နေ့လုံး ချူနင်သည် နေပူစာလှုံရုံသာမက စိတ်အာရုံဖြင့် ဂလက်ဆီတစ်ခုလုံးကို စစ်ဆေးနေခဲ့သည်။
အမှောင်နယ်မြေကို သူ၏ တွက်ချက်မှုအတွင်း ထည့်သွင်းနိုင်သည်နှင့် ၎င်းသည် သူ၏ ကိုယ်ပိုင်တာအိုနယ်မြေ ဖြစ်လာမည်ဖြစ်ပြီး သူသည် အရာခပ်သိမ်းကို သိမြင်သူ အရာခပ်သိမ်းကို တတ်စွမ်းသူ ဖြစ်လာပေလိမ့်မည်။
အရင်က သူ ဘာလို့သတိမထားမိတာလဲ ဆိုသည်မှာ အံ့သြစရာ မဟုတ်တော့ပေ။ အမှောင်နယ်မြေသည် ဟင်းလင်းပြင်ဖရိုဖရဲ၏ နက်ရှိုင်းသော နေရာတွင် တည်ရှိပြီး ၎င်းဆီသို့ သွားရာလမ်းများ ရှိသည်။ ထိုလမ်းမှာ အလွန်လျှို့ဝှက်လွန်းသဖြင့် ယခုကဲ့သို့သော တွက်ချက်မှုမျိုး မသုံးဘဲ ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
သူတို့သည်လည်း သူတို့၏ စွမ်းဆောင်ရည်များကို စဥ်ဆက်မပြတ် မြှင့်တင်နေကြသည်။ မသေမျိုးဧကရာဇ်တွေက ကျင့်ကြံဖို့ မလိုဘူးလို့ ဘယ်သူပြောလဲ ကျင့်ကြံခြင်းကနေ ရတဲ့ ပျော်ရွှင်မှုက ဇနီးသည်ကိုခိုးပြီး ဖောက်ပြန်ရသလိုပဲ ဟဲဟဲ။
လောကတွင် ဖြစ်ပျက်သမျှ အရာအားလုံးသည် ချူနင်၏ အာရုံခံမှုအတွင်း ရှိနေသည်။ သမီးဖြစ်သူကို ပွေ့ချီရင်း ရယ်စရာကောင်းသော အဖြစ်အပျက်များကို ကြည့်ရသည်မှာ အလွန်ပျော်စရာကောင်းသော်လည်း သမီးလေးကတော့ နားမလည်ရှာပေ။
ကျန်သမီးတစ်ယောက်ဖြစ်သော မူမူကတော့ အဖက်ခံရတာ သိပ်မကြိုက်သော်လည်း အဖက်ခံရလျှင်လည်း အကြာကြီး ငြိမ်နေတတ်သည်။ မူမူက ပြုစုရတာ တကယ်လွယ်သည်။
ယခုမူ သူမသည် တရားထိုင်နေသည်။ ချူမူသည် ဘေးတွင် တင်ပျဉ်ခွေထိုင်ကာ ကျင့်ကြံနေသည်။ သူမ၏ စိတ်ထဲသို့ ထည့်သွင်းပေးထားသော အမြင့်မြတ်ဆုံးတာအိုဓားကျမ်း ကို သူမ အလုံးစုံနားလည်သွားပြီ ဖြစ်သည်။
ကောင်းကင်ဓားရိုးစု၏ အဆုံးစွန်သော ခန္ဓာကိုယ်ကြောင့် သူမသည် ဓားလမ်းစဉ်နှင့် အလွန်အမင်း ကိုက်ညီနေသည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ မူလ ပဉ္စမမြောက်နယ်ပယ် ကျင့်ကြံမှုကြောင့် ကျင့်ကြံနှုန်းမှာလည်း အလွန်မြန်ဆန်လှသည်။
မကြာမီ ချူမူတစ်ခုခု ထူးခြားသွားသည်ကို သတိထားမိလိုက်သည်။ ဤသည်မှာ ဓားသိုင်းလေ့ကျင့်ခြင်း မဟုတ်ဘဲ အမြင့်မြတ်ဆုံးတာအိုကို ကျင့်ကြံခြင်း ဖြစ်သည်။
ကျင့်စဉ်အရ အမြင့်မြတ်ဆုံးသော တည်ရှိမှုသည် သန့်စင်ခြင်းသုံးပါးအဖြစ် ပြောင်းလဲသွားပြီး ၎င်းတို့သည် အလွန်လျှို့ဝှက်ဆန်းကြယ်သော ချီစွမ်းအင်များ ဖြစ်လာသည်။
ဓားတာအိုသည် ကောင်းကင်တာအိုမှ တစ်ဆင့် ပြောင်းလဲလာခြင်း ဖြစ်သော်လည်း ယခု သူမကျင့်ကြံနေသည်မှာ အမြင့်မြတ်ဆုံးအရှင်၏စွမ်းအားလော စကြဝဠာ၏ အသန့်စင်ဆုံးနှင့် အခြေခံအကျဆုံး နိယာမလော။
ဆက်မတွေးရဲတော့ပေ တွေးလေ ပိုပြီး ကြောက်စရာကောင်းလေပင် ဤကျင့်စဉ်မျိုးမှာ သူမအနေဖြင့် နှစ်ပေါင်းများစွာ ကျင့်ကြံပြီး မဟာဧကရာဇ် အဆင့်ထက် မြင့်မားသော နေရာသို့ ရောက်မှသာ စတင်လေ့ကျင့်နိုင်မည့် အရာဖြစ်သည်။ ယခုမူ သူမ တိုက်ရိုက်ပင် ကျင့်ကြံနေရပြီ။
ပြောနိုင်တာ တစ်ခုပဲရှိသည် ကြိုးစားမှုထက် ရွေးချယ်မှုက ပိုအရေးကြီးသည်။ ချန်းရှန်းမဟာဧကရာဇ်နှင့် အခြားဧကရာဇ်များသာ သူမကို ဝိုင်းမသတ်ခဲ့လျှင် ဤကဲ့သို့ ပြန်လည်မွေးဖွားပြီး ဒီလိုကျင့်စဉ်မျိုး ကျင့်ခွင့်ရပါဦးမလား။
စွမ်းအင်ဝဲကြီးတစ်ခု သူမ၏ ပတ်ပတ်လည်တွင် ဖြစ်ပေါ်လာသည်။ ဝိညာဉ်စွမ်းအင်များမှာ မြစ်ဝှမ်းများက သမုဒ္ဒရာထဲသို့ စီးဝင်သကဲ့သို့ သူမ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာကြသည်။ အောက်ဘုံ၏ အထက်တွင် ဝဲကယက်ကြီးတစ်ခုပင် ဖြစ်ပေါ်လာပြီး ဝိညာဉ်စွမ်းအင်များ စုပြုံတိုးဝင်လာသည်။
ဒါကိုမြင်တော့ ချူနင်က လက်ဖျောက်တစ်ချက် တီးလိုက်သည်။ နန်းတော်အတွင်းရှိ ဝိညာဉ်စွမ်းအင်များမှာ ချက်ချင်းပင် အဆမတန် တိုးပွားလာတော့သည်ဤကျင့်စဉ်သည် ဝိညာဉ်စွမ်းအင် အမြောက်အမြားကို စုပ်ယူပြီး အလွန်သန့်စင်သော အမြင့်မြတ်ဆုံး စွမ်းအားအဖြစ် ပြောင်းလဲရန် လိုအပ်သည်။
ဝိညာဉ်စွမ်းအင် မလုံလောက်ခြင်းမှာ မဖြစ်သင့်သော်လည်း ချူနင်ရှိနေသရွေ့တော့ ထိုကိစ္စအတွက် စိုးရိမ်စရာ မလိုပေ။
ချူမူသည် ဖြည်းဖြည်းချင်း ဆက်လက်ကျင့်ကြံနေသည်။ အချိန်အတော်ကြာပြီးနောက် ထူးဆန်းသော ဖြစ်ရပ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာတော့သည်။
ကောင်းကင်ဓားရိုးစုနှင့် သက်ဆိုင်သော ထူးခြားသည့် နိမိတ်များ ပေါ်လာပြီး မဟာဧကရာဇ်၏ တာအိုစိတ်ဓာတ်မှ ထွက်ပေါ်လာသော အမှတ်အသားများမှာ တစ်လောကလုံးကို လင်းထိန်သွားစေသည်။
ချူမူသည် ကျင့်ကြံခြင်းမှ နိုးထလာသည်။ သူမ၏ ဝိညာဉ်နန်းတော်အတွင်းရှိ ရွှေရောင် အစက်အပြောက်လေးကို ကြည့်ရင်း အံ့သြနေမိသည်။
ဒါက အမြင့်မြတ်ဆုံး အဆီအနှစ်တစ်စက်လား။ ကျင့်ကြံမှုအဆင့် တက်လှမ်းသွားပြီ။ အမြင့်မြတ်ဆုံးအဆီအနှစ် စုစည်းမှုကြောင့် သူမ၏ခန္ဓာကိုယ်မှာ ကြီးမားသော ပြောင်းလဲမှုများ ဖြစ်ပေါ်လာသည်။
ဤသည်မှာ စစ်မှန်သော ကျင့်ကြံခြင်းပင် ဖြစ်သည် သူမ၏ ကျင့်ကြံမှုအဆင့်မှာ နောက်ဆုံးတွင် အူကြောင်ကြောင်နိုင်သော ယောင်ယောင်ကို ကျော်လွန်သွားပြီ ဖြစ်သည်။
ချူမူ၏ စိတ်လှုပ်ရှားနေသောပုံစံကို မြင်တော့ ယောင်ယောင်က နားမလည်နိုင်ပေ။ အဖေက ကျင့်ချင်မှကျင့်လို့ ပြောထားတာကို ဘာလို့ ကျင့်နေရတာလဲ အဖေနဲ့ အတူနေရတာက ပိုမကောင်းဘူးလား။
နားမလည်တော့ပါဘူး ဗိုက်ဆာတယ် နို့သောက်ချင်တယ်။
ကလေးမလေးသည် ချူနင်ကို နို့ဖျော်ခိုင်းစရာ မလိုတော့ပေ။ တိရစ္ဆာန်နို့တွေ ဘယ်မှာထားလဲ သူမသိသည်။ မကြာမီ သူမသည် နို့ဗူးလေးကို ပိုက်လျက် ထွက်လာပြီး ချူနင်၏ ပေါင်ပေါ်တွင် မှီကာ နေပူစာလှုံနေတော့သည်။
ထိုစဉ် ချူနင်၏ ကိုယ်ပေါ်မှ အဆက်အသွယ်လုပ်သည့် တံဆိပ်ပြားဆီမှ အသံထွက်ပေါ်လာသည်။
အရှင် ကျွန်တော် အဝါရောင်ဧကရာဇ် ပြန်ရောက်ပါပြီ။ သူတို့ တစ်ခုခုပြောချင်နေပုံရပါတယ်။
မဟာဧကရာဇ်၁၀ပါးတို့သည် အဝါရောင်ဧကရာဇ်နယ်မြေတွေ စုဝေးနေကြသည်။
ဝင်စားခြင်းဧကရာဇ် ၊ ဖရိုဖရဲဧကရာဇ်၊ ဟင်းလင်းပြင်ဧကရာဇ်၊ ရှေးဦးဧကရာဇ်၊ ဂူဗိမာန်ဧကရာဇ်၊ မိစ္ဆာဧကရာဇ်၊ ရှေးဟောင်းဧကရာဇ်နှင့် အဝါရောင်ဧကရာဇ်တို့သည် ယခုအခါ ရွှမ်ယွမ်နယ်မြေတွင် စုဝေးနေကြသည်။
ဧကရာဇ်တို့၏ အသံမှာ ကိုးထပ်ကောင်းကင်တိုင်အောင် ဟိန်းထွက်နေပြီး ထူးဆန်းသော နိမိတ်များမှာလည်း တရစပ် ပေါ်ပေါက်နေသည်။ ကောင်းကင်တာအို၏ ပြောင်းလဲမှု အားလုံးမှာ ဤနေရာတွင် စုစည်းနေသယောင် ရှိသည်။
ဝင်စားခြင်းဧကရာဇ် ကဲ့သို့သော ကျင့်ကြံခြင်းတွင်သာ အာရုံစိုက်နေသူများကို အဝါရောင်ဧကရာဇ်က ရိုးရိုးတန်းတန်း ခေါ်ယူ၍ မရနိုင်ပေ။
သို့သော် အဝါရောင်ဧကရာဇ်က သူတို့အားလုံးထံသို့ အမြင့်မြတ်ဆုံးသောနတ်ဘုရား စွမ်းအားတစ်စွန်းတစ်စကို ပေးပို့လိုက်သည်။
ထိုစွမ်းအား အနည်းငယ်ကပင် သူတို့၏ နှစ်ပေါင်းများစွာ ပိတ်ဆို့နေသော ကျင့်ကြံမှုကို လှုပ်ခါသွားစေခဲ့သည် ၎င်းမှာ ချန်းရှန်းမဟာဧကရာဇ် အခြားဧကရာဇ်များထက် သာလွန်နေရခြင်း၏ လျှို့ဝှက်ချက် ဖြစ်သည်။
ယခုအခါ ချန်းရှန်းမဟာဧကရာဇ်မှာ လျှို့ဝှက်ဆန်းကြယ်သော ပုဂ္ဂိုလ်တစ်ဦး၏ လက်ချက်ဖြင့် အစအနမကျန် သေဆုံးသွားခဲ့ပြီ ဖြစ်သော်လည်း ၎င်းလျှို့ဝှက်ချက်ကို အဝါရောင်ဧကရာဇ်က ရှာတွေ့ခဲ့သည်ပေါ့။
မဟာဧကရာဇ် အဆင့်ထက် ကျော်လွန်ရန်မှာ သူတို့တစ်သက်လုံး ရှာဖွေနေသော အရာဖြစ်သည်။
"ဟားဟားဟား တစ်ခေတ်တစ်ခါက မဟာဧကရာဇ်တွေ အကုန်လုံး ဒီမှာစုံစုံလင်လင် တွေ့ရမယ်လို့ မထင်ထားဘူး" လူတစ်ယောက်က ကျယ်လောင်စွာ ရယ်မောရင်း ပြောလိုက်သည်။
ဒါတွေအားလုံးက အဝါရောင်ဧကရာဇ် ပို့ပေးလိုက်တဲ့ စွမ်းအားကြောင့် မဟုတ်လား။ ငါ့ရဲ့ကျင့်ကြံမှုကို တကယ်ပဲ တိုးတက်စေတယ်။
ငါအရင်ကတည်းက ပြောသားပဲ ချန်းရှန်းမဟာဧကရာဇ်ကျွင်းရှဲ့ဆိုတာ လူယုတ်မာပဲလို့။ ဓားဧကရာဇ်ကို သတ်ပြီးရင် စွမ်းအားတွေကို ခွဲဝေယူကြမယ်လို့ ကတိပေးထားပြီးမှ သူက တစ်ယောက်တည်း ခိုးပြီးသုံးနေခဲ့တာ။
အဲဒီအဖိုးကြီး ထွက်လာတော့ သူကလူငယ်လေးလို ပြန်ဖြစ်နေပြီး ငါတို့လည်း သူ့ကို မယှဥ်နိုင်တော့ဘူး။
တောက် စုတုန်းဖန်း မနှစ်က ငါတို့ အတူတိုက်ခဲ့ကြတုန်းက မင်း ဘာလို့မလာတာလဲ ဝင်စားခြင်းထဲမှာရှိနေတဲ့ ဝင်စားခြင်းဧကရာဇ်တောင် အရာအားလုံးကို နားလည်ပြီး ဒီတိုက်ပွဲမှာ ပါဝင်ခဲ့သေးတယ်။ မင်းကကျင့်ကြံနေလို့ပါလို့တော့ လာမပြောနဲ့ ဘယ်သူက ယုံမှာလဲ။
လူအုပ်ကြားထဲတွင် ခရမ်းရောင် တာအိုဝတ်ရုံ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးက တည်ငြိမ်စွာ ပြောလိုက်သည်။
ငါတို့မဟာဧကရာဇ်တွေဆိုတာ ကောင်းကင်တာအိုအောက်က ဧကရာဇ်တွေပဲ။ တပည့်တွေကြားက အငြင်းပွားမှုတွေက သူတို့ကိစ္စပဲ။
ငါတို့ မဟာဧကရာဇ်တွေက ဒီလိုကိစ္စတွေမှာ မပါဝင်သင့်ဘူး။ ဒါပေမဲ့ တခြား မဟာဧကရာဇ် တစ်ပါးကို တိုက်ခိုက်တာကတော့ လွန်လွန်းသွားပြီ ထင်တယ်။
"လွန်တယ် ဘယ်လိုလွန်တာလဲ"
လူအတော်များများ၏ မျက်နှာမှာ ချက်ချင်း အေးစက်သွားပြီး စုတုန်းဖန်းကို ကြည့်လိုက်ကြသည်။
ငါသိတာကတော့ ဒီလောကမှာ ဧကရာဇ် ဖြစ်နိုင်တဲ့သူတွေ အများကြီး ရှိပေမယ့် ငါတို့ ဧကရာဇ် ဖြစ်လာတာက ကောင်းကင်တာအိုရဲ့ တည်ငြိမ်မှုကို ထိန်းသိမ်းဖို့နဲ့ လူသားအားလုံးရဲ့ ငြိမ်းချမ်းရေးကို စောင့်ရှောက်ဖို့ သစ္စာဆိုခဲ့ကြလို့ပဲ။
တခြား ဧကရာဇ်တွေကလည်း ကောင်းကင်တာအိုက အသိအမှတ်ပြုထားတဲ့သူတွေပဲ။ မင်းတို့လုပ်ရပ်တွေက ကောင်းကင်တာအိုကို ဆန့်ကျင်နေတာ မဟုတ်ဘူးလား ကောင်းကင်တာအိုကို စော်ကားလို့ မရဘူးဆိုတာ မင်းတို့ သိသင့်တယ်။
ဝင်စားခြင်းဧကရာဇ်က သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
အပိုတွေ ပြောမနေနဲ့ ငါဧကရာဇ်ဖြစ်လာတာ ငါ့ဘာသာ ကြိုးစားလို့ ဖြစ်လာတာ။ ပိုမြင့်တဲ့ နယ်ပယ်ကို ရောက်ဖို့ ဘာပဲလုပ်လုပ် ငါ့မှာ အခွင့်အရေး ရှိတယ်။ ငါတို့က ကောင်းကင်တာအိုအောက်မှာ အသန်မာဆုံးသူတွေပဲ။
မင်းက ကောင်းကင်တာအိုကို စော်ကားလို့ မရဘူး ပြောတယ် အဲဒီတုန်းက ငါ ဓားဧကရာဇ်ကို သတ်တုန်းက ကောင်းကင်တာအိုက ဘာပြောခဲ့လို့လဲ။
စုတုန်းဖန်းက အေးစက်စွာ ပြန်ပြောသည်။ ကောင်းကင်က လူတွေလုပ်သမျှကို ကြည့်နေတယ် မြင့်မြတ်တဲ့သူတွေက အရာအားလုံးကို ကြားနေရတယ်။ သတိမပေးခဲ့ဘူးလို့တော့ မပြောနဲ့တော့။
ဝင်စားခြင်းဧကရာဇ်က ရုတ်တရက် ဝင်စားခြင်းမှန်ကို ထုတ်လိုက်သည်။
စုတုန်းဖန်း မင်းတကယ်ပဲ အိုမင်းပြီး ရူးသွားပြီ ထင်တယ်။
သတ္တိရှိရင် လာခဲ့လေ မင်းရဲ့ကောင်းကင်တာအိုက မင်းကို ကာကွယ်ပေးနိုင်မလား ကြည့်ရအောင်။ ငါ မင်းကို သတ်ပြမယ်။
အခြား ဧကရာဇ်များလည်း ဒေါသထွက်နေကြသည်။ ဟင်းလင်းပြင် တာအိုမျိုးနွယ်စုသည် ယခုအခါ နယ်မြေပေါင်း တစ်ထောင်ကျော်ကို သိမ်းပိုက်ထားသည် မဟုတ်ပါလား ဘယ်သူက မနာလိုဘဲ နေမှာလဲ။
ထိုစဉ် အဝါရောင်ဧကရာဇ်သည် လက်ကို နောက်ပစ်လျက် စုတုန်းဖန်းကို အေးစက်စွာ တစ်ချက်ကြည့်ပြီး လျစ်လျူရှုထားလိုက်သည်။ သူ တစ်စုံတစ်ခုကို ကြားလိုက်ရသည်။
စလို့ရပြီ သူတို့ကို စည်းရုံးလို့ မရရင် ငါ ကိုယ်တိုင် အရေးယူမယ်။ ဒီ ခုနစ်ယောက်လုံးကို မသတ်နိုင်ရင်တောင် သုံးလေးယောက်ဆီက အရင်းအမြစ်ကိုတော့ ရအောင် ယူနိုင်ရမယ်။
အဝါရောင်ဧကရာဇ်က ခေါင်းအနည်းငယ် ညိတ်ပြပြီး အားလုံးကို ကြည့်လိုက်သည်။
တခြားအကြောင်းတွေကို နောက်မှ ပြောကြတာပေါ့။ အခုတော့ ဒီ အမြင့်မြတ်ဆုံး စွမ်းအား အရင်းအမြစ်အကြောင်း ပြောကြရအောင်။
အားလုံးက ချက်ချင်းပင် လှည့်ကြည့်လိုက်ကြသည်။
"ဒါကို အခုချက်ချင်း ရှင်းပြစမ်း"