အခန်း ၁၄၈ ထိတ်လန့်ဖွယ်ရာ
ဟင်းလင်းပြင်ကျောင်းတော်အတွင်း၌
ဟင်းလင်းပြင်ဧကရာဇ် စုတုန်းဖန်းသည် ချူနင်သင်ကြားပေးထားသော ဗေဒင်တွက်ချက်ခြင်း ပညာရပ်များကို အသုံးပြု၍ အထက်ဘုံတစ်ခုလုံးကို ရှာဖွေနေသည်။
သူသည် ချူနင်ကဲ့သို့ တစ်လောကလုံးကို လွှမ်းခြုံနိုင်စွမ်း မရှိသော်လည်း မဟာဧကရာဇ်များ၏ကျောင်းတော်များမှအပ အထက်ဘုံရှိ မည်သည့်နေရာကိုမဆို တွက်ချက်ဖော်ထုတ်နိုင်သည်။
ယခုအခါ မဟာဧကရာဇ်တို့၏ နယ်မြေများကိုပင် သူ ရှင်းလင်းစွာ မြင်တွေ့နေရပြီဖြစ်သည်။
အမှောင်ထု သတ္တဝါများ၏ အရိပ်အယောင်ကို ရှာမတွေ့ခဲ့ပေ။ သို့သော် နောက်တစ်ခဏတွင် သူတစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားသည်။
ကောင်းကင်ဘုံ၏ အမိုးအကာအထက်တွင် ကောင်းကင်တာအို၏ ချုပ်နှောင်မှုမှ တစ်ဖန် လွတ်မြောက်သွားပြန်ပြီ ဖြစ်သည်။ ပုံရိပ်နှစ်ခု ပြန်လည်ရောက်ရှိလာသည်။
တစ်ဦးမှာ အလောင်းတော်ဧကရာဇ်ချန်ရှန်းကျွင်းရှဲ့ဖြစ်ပြီး ကျန်တစ်ဦးမှာ မနေ့က ထွက်ခွာသွားသော အဝါရောင်ဧကရာဇ်ပင် ဖြစ်သည်။
သာမန်အားဖြင့်ဆိုလျှင် စုတုန်းဖန်းသည် အဝါရောင်ဧကရာဇ်၏ ထူးခြားမှုကို မည်သည့်အခါမျှ သတိပြုမိမည်မဟုတ်ပေ။ သို့သော် ယခုမူ သူမြင်လိုက်ရပြီဖြစ်သည်။
အဝါရောင်ဧကရာဇ်၏ ယုံကြည်ကိုးစားမှုမှာ လုံးဝပြောင်းလဲသွားပြီဖြစ်သည်။ အမှောင်ထု အငွေ့အသက်များက သူ၏ဝိညာဉ်စွမ်းအင်ကို အစဉ်တစိုက် ဖုံးလွှမ်းနေသည်။ သူသည်လည်း အမှောင်ထုထဲသို့ ကျဆင်းသွားလေပြီ။
စုတုန်းဖန်းသည် ဒေါသတကြီးဖြင့် ရုတ်တရက် ထရပ်လိုက်သည်။
"အရှက်မရှိလိုက်တာ အရှက်မရှိလိုက်တာ"
ကောင်းကင်တာအိုရဲ့ ကိုယ်စားလှယ်အဖြစ်နဲ့ တခြားကမ္ဘာကို အညံ့ခံလိုက်တာလား။
မင်းသာ ဧကရာဇ် (ချူနင်) အပေါ် သစ္စာရှိမယ်ဆိုရင် သူကမင်းကို အဆင့်တက်ဖို့ အခွင့်အရေးတွေ မပေးဘဲ နေပါ့မလား။
သူသည် အစားအစာအချို့ကို သွားရောက်ပို့ဆောင်ပေးရုံမျှဖြင့် ချူနင်က သူ့အား မဟာဧကရာဇ်အဆင့်ထက် ကျော်လွန်သော ဘုံ၏ ဘုန်းအာနုဘော်ကို မြင်တွေ့ခွင့် ပေးခဲ့သည်။
ဧကရာဇ်တစ်ဦးအတွက် နယ်ပယ်တစ်ခု တိုးတက်ရန်မှာ အလွန်ခက်ခဲလှပြီးအထူးသဖြင့် နောက်ထပ် မည်သို့ ရှေ့ဆက်ရမည်ကို မသိခြင်းမှာ အဆိုးဆုံးဖြစ်သည်။
ယခင်က စုတုန်းဖန်းသည် နှစ်ပေါင်းတစ်သောင်းတိုင်အောင် အထီးကျန်စွာ ကျင့်ကြံရင်း ရုန်းကန်ခဲ့ရသည်။
နှစ်ပေါင်းသုံးထောင်ကြာအောင် တွက်ချက်မှုတစ်ခုကို လုပ်ဆောင်ခဲ့သော်လည်း ၎င်းမှာ လမ်းဆုံးဖြစ်နေသည်ကိုသာ တွေ့ခဲ့ရသည်။
သို့သော် တစ်ကြိမ်မျှ မြင်တွေ့လိုက်ရရုံဖြင့် လားရာလမ်းကို သိရှိသွားရခြင်းမှာ ကြီးမားသော ကောင်းချီးမင်္ဂလာပင် ဖြစ်သည်။
သို့သော် ယခုအခါ ကောင်းကင်တာအို၏ ကိုယ်စားလှယ်ဖြစ်သော အဝါရောင်ဧကရာဇ်က ထိုသို့သော အောက်တန်းကျသည့် ကိစ္စကို လုပ်ဆောင်လိုက်ပြီဖြစ်သည်။
စုတုန်းဖန်းသည် ထိုလူကို အခုချက်ချင်း သွားသတ်ချင်စိတ် ပေါက်နေသော်လည်း ဧကရာဇ် (ချူနင်) တွင် လိုအပ်ချက်အချို့ ရှိနေသည်။
သူတို့ကို စောင့်ကြည့်ပြီး ဘာဆက်ဖြစ်မလဲဆိုတာ ကြည့်ရမယ် တခြားဧကရာဇ်တွေကိုလည်း ကြည့်ရဦးမယ် သူတို့ထဲက ဘယ်နှစ်ယောက်ကများ ယုံကြည်ချက်တွေ သွေဖည်သွားကြပြီလဲ။
စုတုန်းဖန်းက အေးစက်စွာ ရယ်မောလိုက်သည်။ ဒါဆိုရင် မင်းတို့ ဘာဆက်လုပ်မလဲဆိုတာ ငါကြည့်ရသေးတာပေါ့။
အဝါရောင်ဧကရာဇ်၏ မျိုးနွယ်စုအတွင်း၌ ယခုအချိန်တွင် အဝါရောင်ဧကရာဇ်မှာ ရူးသွပ်လုနီးပါး ဖြစ်နေသည်။
ချန်ရှန်း မင်းဘာလို့ဒီလောက် အစွမ်းထက်တဲ့ အရှင်အကြောင်းကို ငါ့ကို စောစောက မပြောခဲ့တာလဲ။
ငါတို့အရှင်ရဲ့စွမ်းအားက ကောင်းကင်တာအိုနဲ့ ယှဉ်နိုင်နေပြီ။ အရှင်သာ ကြားဝင်စွက်ဖက်ပြီး ကောင်းကင်တာအိုကို ထိန်းချုပ်လိုက်ရင် ဒီနယ်မြေဟာ ငါတို့အရှင်ရဲ့ နယ်မြေ ဖြစ်လာတော့မှာ။
ကျွင်းရှဲ့၏ မျက်နှာတွင် ရူးသွပ်မှုများဖြင့် ပြည့်နှက်နေပြီး သူ၏ မျက်လုံးများတွင်လည်း မထီမဲ့မြင်ပြုမှုများ ရှိနေသည်။
အရှင်က ငါ့ကိုခွန်အားတွေ ပေးထားတယ်။ ဒီကိစ္စပြီးရင် ငါ့ကိုသတ်ခဲ့တဲ့ အဲဒီလူကို ငါကိုယ်တိုင် လက်စားချေမယ်။
ချန်ရှန်း အခုအရေးကြီးဆုံးက အစီအစဥ်အတိုင်း ဖြစ်ဖို့ပဲ။
အဝါရောင်ဧကရာဇ်က တည်ငြိမ်စွာဖြင့် ပြောလိုက်သည်။ အရှင်က မဟာဧကရာဇ်တွေရဲ့ အဆီအနှစ်ကို လိုချင်နေတာ။ အနည်းဆုံး မဟာဧကရာဇ်ငါးပါးရဲ့ အဆီအနှစ် လိုတယ်။ ငါတို့ဆီမှာ နှစ်ပါးရှိနေပြီ။
ငါတို့ နောက်ထပ် ဧကရာဇ် သုံးပါးရဲ့ အဆီအနှစ်ကို စုဆောင်းရမယ်။
ငါက အထက်ဘုံမှာ နေစရာနေရာမရှိတော့ဘူး ဒါကြောင့် ဒီကိစ္စကို မင်းပဲတာဝန်ယူရမယ်။
ကျွင်းရှဲ့က တည်ငြိမ်စွာ ပြောကြားရာ အဝါရောင်ဧကရာဇ်က သဘောတူညီစွာ ခေါင်းညိတ်သည်။ သို့သော် သူ၏ စိတ်ထဲတွင် အခြား အကြံအစည်များ ရှိနေသည်။
ချန်ရှန်း ငါတို့လို ကောင်းကင်ဧကရာဇ်တွေတောင် အမှောင်ဧကရာဇ်တွေ ဖြစ်လာနိုင်ရင် ငါတို့အရှင်ကို အစေခံမယ့်သူ အရေအတွက်က များနိုင်သမျှ များလေ ကောင်းလေပဲ မဟုတ်လား။
ငါတို့ တခြားဧကရာဇ်တွေရဲ့ အရင်းအမြစ်တွေကိုကိုယ်တိုင် လုယူလို့ ရပေမဲ့ သူတို့ကိုယ်တိုင် ဆန္ဒအလျောက် အရှင်ဆီမှာ အစေခံလာအောင် လုပ်နိုင်ရင် အရှင်က ပိုသဘောကျမှာပဲ။ အဲဒီလိုဆိုရင် ငါတို့အတွက် ဆုလာဘ်တွေက ပိုကြီးမှာပေါ့။
အလောင်းတော်ဧကရာဇ် ချန်ရှန်းမှာ ထိုစကားကို ကြားသောအခါ အံ့အားသင့်သွားပြီး အခြားဧကရာဇ်များအကြောင်းကို စဉ်းစားမိသည်။ အကယ်၍ ထိုသူများမှာ အကျိုးအမြတ်ဖြင့် ဆွဲဆောင်ရန် ခက်ခဲသောသူများ ဖြစ်ပါက ပြောရခက်ပေလိမ့်မည်။
သို့သော် ထိုသူများမှာ မည်သို့သော လူစားမျိုးဖြစ်သည်ကို သူ ကောင်းကောင်းသိသည်။
ယခင်က ဓားဧကရာဇ်ကို ဝိုင်းဝန်းတိုက်ခိုက်စဉ်ကပင် တိုးတက်မည့် လမ်းစရှိသည်ဟု ကြားသည်နှင့် သူတို့မှာ မဆိုင်းမတွပင် ဓားချင်း ထိပ်တိုက်တွေ့ခဲ့ကြသူများ မဟုတ်ပါလား။ ယခုမူ သူသည် အဝါရောင်ဧကရာဇ်ကို အရှင်၏ဘက်သို့ ဆွဲဆောင်နိုင်ခဲ့ပြီဖြစ်သည်။
"မင်း ယုံကြည်ချက် ရှိရဲ့လား"
အဝါရောင်ဧကရာဇ်က အေးစက်စွာ ရယ်မောလိုက်သည်။ ဒါပေါ့ စစ်မှန်တဲ့ ခွန်အားကို ဘယ်သူမှ ငြင်းဆန်နိုင်မှာ မဟုတ်ဘူး။
ထိုအချိန်တွင် ကျွင်းရှဲ့က ကောင်းကင်ကို မော့ကြည့်ကာ လှောင်ပြောင်လိုက်သည်။
ငါတို့ကို မဟာဧကရာဇ်တွေ ဖြစ်လာအောင် လုပ်ပေးတာက မင်းတို့ ကောင်းကင်တာအိုရဲ့ ခွေးတွေ ဖြစ်ဖို့အတွက်ပဲလား။ရယ်စရာကောင်းလိုက်တာ။
ငါတို့ ကျင့်ကြံသူတွေဆိုတာ အထွတ်အထိပ်ကိုရောက်အောင် ကြိုးစားရမှာ ဘယ်သူ့ရဲ့ ကန့်သတ်ချက်အောက်မှာမှ မနေနိုင်ဘူး။
ရုတ်တရက် လျှပ်စီးတေဇာတစ်ခုက အထက်မှ ကျဆင်းလာပြီး အလောင်းဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ တည့်တည့် ထိမှန်သွားတော့သည် ကောင်းကင်၏ နိယာမများကို စော်ကား၍ မရပေ လူနှစ်ဦးမှာ ထိတ်လန့်သွားပြီး မျက်မှောင်ကြုတ်လိုက်ကြသည်။
"ကောင်းကင်တာအိုက ငါတို့ကို သတိထားမိသွားပြီလား"
မဖြစ်နိုင်တာ အရှင်က ငါတို့ကို ကောင်းကင်ဘုံရဲ့ အာရုံခံမှုကနေ ကွယ်ဝှက်ပေးထားတာပဲ ဘယ်သူမှ သတိထားမိမှာ မဟုတ်ပါဘူး။
ကဲ ဆက်လုပ်ကြစို့ အဝါရောင်ဧကရာဇ် ဒီကိစ္စကို မင်းလက်ထဲ အပ်ခဲ့မယ်။
တစ်ချိန်တည်းမှာပင် ဟင်းလင်းပြင်ကျောင်းတော် အတွင်း၌ စုတုန်းဖန်းက ထိုမြင်ကွင်းကို ပြုံးလျက် ကြည့်နေသည်။ ကောင်းကင်ဘုံကတော့ ဒါကို သတိမထားမိတာ အမှန်ပင်။
သို့သော် ကောင်းကင်ဘုံကိုယ်စား မင်းတို့ကို လျှပ်စီးလက်ဆောင် ပေးလိုက်ဖို့ကတော့ ငါ့အတွက် ပြဿနာမရှိပါဘူး။
တကယ်တော့ ချူနင်သာ ကျောထောက်နောက်ခံ မရှိလျှင် အခြေအနေမှာ အလွန် ဆိုးရွားနေပေလိမ့်မည်။
သို့သော်လည်း မင်းတို့ရဲ့အရှင်က ဧကရာဇ် (ချူနင်) ကို တကယ်နိုင်မယ်လို့ ဘာလို့ထင်နေကြတာလဲ ထိုဧကရာဇ်နှစ်ပါးမှာ ယခုအခါ အမှန်တကယ် သန်မာလာကြသော်လည်း စုတုန်းဖန်းအတွက်မူ ကလေးကလား ကစားနေကြသလိုသာ မြင်နေရတော့သည်။
အကြောင်းရင်းမှာ သူ၏ကျောရိုးတစ်ဆစ်ကို ချူနင်က ပေးသနားထားသောကြောင့် ဖြစ်သည်။ မကြာမီမှာပင် ဟင်းလင်းပြင်ကျောင်းတော်၏တပည့်များ ရောက်ရှိလာကြသည်။
အဝါရောင်ဧကရာဇ်က အလောင်းဧကရာဇ် ချန်ထားခဲ့တဲ့ ထာဝရရှင်သန်ခြင်း နည်းလမ်းကို ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။ အဲဒီနည်းလမ်းက ပိုမြင့်တဲ့ နယ်ပယ်ကို တက်လှမ်းနိုင်တယ်လို့ ဆိုပါတယ်။ ကျွန်တော်တို့ကော ပါဝင်သင့်ပါသလား။
"တခြား ဧကရာဇ်တွေကော သွားကြလား"
အားလုံး သွားကြတယ်လို့ ကြားပါတယ် ဘုရား။
စုတုန်းဖန်းက ရယ်မောရင်း ထရပ်လိုက်သည်။ ဟားဟား ဒါဆိုရင် ဒီအဘိုးကြီးလည်း သွားရမှာပေါ့။
မင်းတို့အားလုံး ဒီမှာပဲ စောင့်နေကြ အဝါရောင်ဧကရာဇ် ရှာတွေ့ထားတဲ့ ထာဝရရှင်သန်ခြင်း လမ်းစဉ်ကို ငါကိုယ်တိုင် သွားကြည့်လိုက်ဦးမယ်။
အောက်ဘုံ ထျန်းရွှမ်တိုက်ကြီး။
ချန်ချင်းနန်းတော်အတွင်း၌ ကျင့်ကြံခြင်းတွင် အာရုံစိုက်နေသော သမီးတော်လေး နှစ်ဦး၏ မျက်လုံးများမှာ ရုတ်တရက် တောက်ပလာသည်။ ကောင်းကင်တာအို၏ စွမ်းအားများမှာ ထိုနေရာတွင် တည်ရှိနေပြီး ဧကရာဇ်တံဆိပ်တော်မှာ ပေါ်ပေါက်လာတော့သည်။
သို့သော် ၎င်းမှာ လောကရှိ မည်သည့် မဟာဧကရာဇ်၏ တံဆိပ်နှင့်မျှ မတူပေ။
ကောင်းကင်တာအိုကို ကျော်လွန်ကာ အဆုံးမဲ့သော စွမ်းအားနှင့် ကျင့်ကြံခြင်း လမ်းစဉ်များ ပါဝင်နေသယောင် ရှိသည်။ မဟာဧကရာဇ်၏ တာအိုစိတ်ဓာတ်၊ စိတ်အာရုံအထွတ်အထိပ်နှင့် စိတ်စွမ်းအား ကျင့်စဉ်တို့မှာ ပြည့်စုံနေသည်။
ချူနင်၏ ကျင့်စဉ်ကို ရရှိပြီးကတည်းက သူတို့နှစ်ဦးမှာ အလွန်အလေးအနက် ကျင့်ကြံနေကြသည်။ ပြန်ကြည့်မည်ဆိုလျှင် ငါးရက်အတွင်းမှာပင် အခြားသူများ နှစ်ပေါင်းထောင်ချီ၊ သောင်းချီ ကြိုးစားရမည့် ခရီးကို သူတို့ လျှောက်လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
ချူနင်က ထိုမြင်ကွင်းကို ကျေနပ်စွာ ကြည့်နေသည်။
ငါ့သမီးတွေပဲလေ။ သူတို့နှစ်ဦးလုံးမှာ ပဉ္စမမြောက် နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သော်လည်း သူတို့၏ ဝိညာဉ်စွမ်းအင် သိုလှောင်မှုမှာ အပြည့်အဝ မဖွံ့ဖြိုးသေးပေ။
ယခုအချိန်မှာ ကျင့်စဉ်များကို လေ့ကျင့်ရန် အကောင်းဆုံးအချိန်ဖြစ်သည်။ ချူနင်က ရှေ့သို့ တိုးလာပြီး သူတွက်ချက်ဖော်ထုတ်ထားသော စိတ်ကျင့်စဉ်ကို သမီးတော်နှစ်ဦး၏ စိတ်ထဲသို့ တိုက်ရိုက် ထည့်သွင်းပေးလိုက်သည်။
သမီးတော်လေးမှာ ဝေခွဲမရဖြစ်နေပြီး သူမ၏ စိတ်ထဲတွင် ရုတ်တရက် စိမ်းသက်သော စကားလုံးများ ပြည့်နှက်သွားသော်လည်း သူမအနေဖြင့် ထိုအရာများကို မှတ်သားနေရန်ပင် မလိုပေ။ မဟာတာအိုနှင့် မွေးရာပါ ရင်းနှီးကျွမ်းဝင်မှုကြောင့် သူမသည် ချက်ချင်းပင် နားလည်သွားသည်။
ကျန်တစ်ဦးကတော့ လုံးဝ အံ့အားသင့်သွားရသည် ဤအရာမှာ ဧကရာဇ်အဆင့်ထက်ပင် မြင့်မားသော ကျင့်စဉ်ဖြစ်နေသည် မဟုတ်ပါလား ချူနင်က လက်ကို ဝေ့ယမ်းလိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်လှဲလိုက်သည်။
စာမသင်ချင်ရင် မသင်နဲ့ ပင်ပန်းရင် အိပ်လိုက် ကျင့်ကြံတာ မကျင့်ကြံတာက အရေးမကြီးပါဘူး။
ဘာပဲဖြစ်ဖြစ် သမီးတို့က ငယ်ပါသေးတယ်။ ပျော်ပျော်နေဖို့က ပိုအရေးကြီးတယ်လေ ယောင်ယောင်က ချက်ချင်းပင် အကြံပေးချက်ကို နားထောင်လိုက်သည်။
ဒါဆိုယောင်ယောင် မကျင့်ကြံတော့ဘူး။ ဘာပဲဖြစ်ဖြစ်ယောင်ယောင် အခုပျံနိုင်နေပြီပဲ။ယောင်ယောင်က ဖေဖေနဲ့အတူ နေပူစာလှုံမယ်။
ချူမူကတော့ တိတ်ဆိတ်နေသည်။ သူမ၏ အတိတ်ဘဝတွင် နှစ်ပေါင်းသောင်းချီ ကျင့်ကြံခဲ့ရသမျှမှာ ယခုအခါ ခွေးစာ ကျွေးလိုက်ရသလို ခံစားနေရတော့သည်။