အခန်း ၁၄၁ သမီးဖြစ်သူက ရုတ်တရက် နွေးထွေးလာသည်
နှစ်ပေါင်းတစ်သောင်းကြာ ကျင့်ကြံပြီးနောက် သူမသည်အောက်ခြေဘဝမှ ထိပ်ဆုံးသို့ တက်လှမ်းနိုင်ခဲ့သည်။ ဆွမ်းခံခွက်တစ်လုံးဖြင့် စတင်ခဲ့ရာမှ နောက်ဆုံးတွင် တိုက်ကြီးရှစ်ရာကို အုပ်စိုးသည့်ဓားဧကရာဇ်ဖြစ်လာခဲ့သည်။
ထိုလမ်းခရီးတစ်လျှောက် ကြုံတွေ့ခဲ့ရသော အခက်အခဲများနှင့် ဆင်းရဲဒုက္ခများကို သူမကိုယ်တိုင်သာ သိသည်။ ဧကရာဇ်ဆယ်ပါးထဲတွင် အစွမ်းထက်ဆုံး ဓားဧကရာဇ်အဖြစ် သူသည် အနှိုင်းမဲ့စွမ်းအားဖြင့် လောကကို လွှမ်းမိုးခဲ့သည်။
သို့သော် ဤအရာအားလုံးသည် ချန်းရှန်းဧကရာဇ်က တာအိုအဖော်ဖြစ်ရန် တောင်းဆိုခဲ့ရာမှ စတင်ခဲ့ခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာကို ကျင့်ကြံသူတစ်ဦးအတွက် အမျိုးသားနှင့် အမျိုးသမီးကြားမှ ချစ်ခြင်းမေတ္တာဆိုသည်မှာ အနှောင်အဖွဲ့တစ်ခုသာ ဖြစ်သည်။
သူမသည် သဘာဝကျစွာပင် သဘောမတူခဲ့ပေ။ သို့သော် ချန်းရှန်းဧကရာဇ်က သူမနောက်သို့ မဆုတ်မနစ် လိုက်နေသဖြင့် သူမ မခံမရပ်နိုင်ဖြစ်ကာ အရေးယူခဲ့သည်။ သူမ၏ အထွတ်အထိပ် စွမ်းအားကို ထုတ်ဖော်လိုက်ချိန်တွင် ချန်းရှန်းဧကရာဇ်မှာ အံ့အားသင့်သွားရုံသာ ရှိသေးသည်။
အဘယ်ကြောင့်ဆိုသော် သူမသည် ထိုလမ်းစဉ်ကို လျှောက်လှမ်းနေသည်မှာ အခြားဧကရာဇ်များထက် များစွာ စောနေသောကြောင့်ပင်။ သို့သော် ထိုနောက်ပိုင်းတွင် ချန်းရှန်းဧကရာဇ်သည် ယုတ်ညံ့သော အကြံအစည်များ ထွက်လာပြီး သူမ၏ ဧကရာဇ်အသိအမြင်များကို ရယူလိုခဲ့သည်။
သူတို့သည် လောက၏ အင်အားကြီး ဧကရာဇ်များနှင့် ပူးပေါင်းကာ ပုန်ကန်မှုကို နှိမ်နင်းသည့်အလား လုပ်ကြံပြီး ရလာသမျှကို ခွဲဝေယူကြရန် ကြေညာခဲ့ကြသည်။
ဟင်းလင်းပြင် ဧကရာဇ်မှာမူ တံခါးပိတ်ကျင့်ကြံနေသဖြင့် ထိုဖိတ်ခေါ်မှုကို ဂရုမစိုက်ဘဲ လျစ်လျူရှုခဲ့သည်။ သို့သော် သူမသည် ကောင်းကင်တာအိုကို ကိုယ်စားပြုသော မဟာဧကရာဇ်ရှစ်ပါးနှင့် ရင်ဆိုင်ခဲ့ရသည်။ သူမ မည်မျှပင် အစွမ်းထက်ပါစေ တစ်ကိုယ်တော် တောင့်ခံနိုင်စွမ်း မရှိခဲ့ပေ။
သူမ၏မျိုးနွယ်စုအတွင်းရှိ ကျင့်ကြံသူအားလုံးအသတ်ခံရပြီး သူမ သိသမျှ ပိုင်ဆိုင်သမျှ အရာအားလုံး ပျက်စီးသွားခဲ့သည်။ ကံကောင်းထောက်မစွာဖြင့် သူမ မသေဆုံးမီ သေခြင်းနှင့် ရှင်ခြင်း၏ စစ်မှန်သော အဓိပ္ပာယ်ကို မြင်တွေ့ခဲ့ရပြီး မှတ်ဉာဏ်များဖြင့် ပြန်လည်မွေးဖွားခွင့် ရရှိခဲ့သည်။
ထို့ကြောင့် သူမသည် ထိုသူကို သေချာပေါက် သတ်ရမည် ထိုအငြိုးအတေးမှာ သူမ၏ စိတ်ဝိညာဉ်ကို နှိပ်စက်နေသော အတွင်းစိတ်မိစ္ဆာ ဖြစ်လာခဲ့သည်။ သူမကိုယ်တိုင်နှင့် သူမ၏ လူများအတွက် လက်စားမချေနိုင်သရွေ့ သူမသည် သေလျှင်ပင် ငြိမ်းချမ်းမည် မဟုတ်ပေ။
သို့သော် ယခုအချိန်တွင် ချူမူမှာ လုံးဝ စိတ်လွတ်သွားပြီး မျက်ရည်များစီးကျလာသည်။ ချန်းရှန်းဧကရာဇ် သေသွားပြီတဲ့။သူ၏ တာအိုမျိုးနွယ်စုကိုလည်း ဟင်းလင်းပြင် တာအိုမျိုးနွယ်စုက သိမ်းပိုက်လိုက်ပါပြီ။ ဟင်းလင်းပြင်ဧကရာဇ် ပြောပုံအရဆိုလျှင် သက်ရှည်တာအိုနယ်မြေသည် သူတို့၏အနာဂတ် နေအိမ် ဖြစ်လာတော့မည်။
ဤသတင်းသည် သူမ၏နားထဲတွင် မိုးကြိုးပစ်လိုက်သကဲ့သို့ပင် ဤလောကတွင် ချန်းရှန်းဧကရာဇ် မရှိတော့ဘူးလား ဒါက ဘယ်တုန်းကဖြစ်သွားတာလဲ သူမဘာကြောင့် ဘာမှမသိရတာလဲ။
"ဖေဖေ အစ်မ ဘာလို့ ငိုနေတာလဲ"
ယောင်ယောင်က စိုးရိမ်တကြီး မေးလိုက်သည်။
ချူနင်လည်း ထိတ်လန့်သွားသည်။ ဤကလေးမလေးသည် မွေးကတည်းက အရိုက်ခံရမှ ငိုဖူးသူဖြစ်ပြီး တစ်ခါမျှ ငိုလေ့မရှိပေ ဒါကစုတိန်ဖန်းကြောင့် မဟုတ်တာတော့ သေချာသည် ဒါဆိုဘာကြောင့်လဲ။
သမီးလေး မေမေကို လွမ်းလို့လား ဖေဖေ သမီးကိုအိမ်ပြန်ခေါ်သွားပြီး ပေးတွေ့မယ်နော်။ မငိုပါနဲ့ မူမူရယ် ဖေဖေ ဒီမှာ ရှိတယ်လေ။ ဝမ်းနည်းစရာ တစ်ခုခု ရှိရင် ဖေဖေ့ကို ပြောပြလေ။
မငိုနဲ့နော် အစ်မ ယောင်ယောင် ရှိတယ်လေ ယောင်ယောင် အစ်မနားမှာ နေပေးမယ်။ ဤအရာအားလုံးကို ကြည့်ရင်း ချူမူ ရုတ်တရက် စိတ်လွတ်သွားမိသည်။ ဤသည်မှာ ပြန်လည်မွေးဖွားခြင်း၏ စစ်မှန်သော အစပြုခြင်းဟု ခံစားလိုက်ရသည်။
ချန်းရှန်းဧကရာဇ် သေဆုံးသွားပြီ သူ၏မျိုးနွယ်စုလည်း ပျက်စီးသွားပြီ။ ဟင်းလင်းပြင်ဧကရာဇ်ကပင် ချူနင်ကိုယ်စား ထိန်းချုပ်ပေးနေသည်။
အမုန်းတရားအားလုံး ပျောက်ကွယ်သွားပြီး သူမအနေဖြင့် အတိတ်က အငြိုးအတေးများအတွက် ဆက်လက် ရှင်သန်နေရန် မလိုတော့ပုံရသည်.သို့သော် ဤသတင်းကို သူမဘာကြောင့်အခုမှ သိရတာလဲ ဘယ်အချိန်မှာ ဖြစ်ပျက်သွားမှန်းတောင် သူမ မသိခဲ့ရပါလား။
"သမီး.. သမီး ဘာမှမဖြစ်ပါဘူး။
ချူမူသည် မျက်ရည်များကို သုတ်လိုက်ပြီး စိတ်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များဖြင့် ပြည့်နှက်နေသည်။
"သမီး မျက်လုံးထဲ ဖုန်ဝင်သွားလို့ပါ"
ချူနင်မှာ ကြောင်သွားရသည်။ သေစမ်း ပြောပုံဆိုပုံက သူမ အမေနှင့် တစ်ပုံစံတည်းပဲ သမီးကြီးက ချန်းလျန်နှင့် ပိုတူပြီး သမီးငယ်က သူနှင့် ပိုတူသည်။ အခြေအနေ မဟန်ရင်တော့ နာမည်တွေပါ ပြောင်းပစ်ရတော့မည်။
သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် တစ်ခါမျှ လူနှင့်မနီးစပ်သော သမီးဖြစ်သူက သူ့ကို ရုတ်တရက် ဖက်လိုက်သည်။
"ဖေဖေ သမီး အိမ်ပြန်ချင်ပြီ"
ချူနင် ခဏမျှ ကြောင်သွားပြီးနောက် မူမူ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ သမီးဖြစ်သူက ရုတ်တရက် နွေးထွေးလာသည်ကိုး ကောင်းတယ်... ကောင်းတယ်။ တစ်ဖက်တွင်လည်း ဧကရာဇ်သည် အသက်ပြင်းပြင်းပင် မကြည့်ရဲဘဲ ရှိနေသည်။
"ကဲ လာ ဖေဖေ အိမ်ပြန်ခေါ်သွားမယ်"
"အိမ်ပြန်မယ် အိမ်ပြန်မယ် ယောင်ယောင်လည်း အိမ်ပြန်ချင်တယ်"
ထိုလူစုမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကြသည်။ စုတိန်ဖန်းသည် ငါးမျှားတံနှင့် ရေပုံးကို ကြည့်ကာ ခေါင်းကုတ်နေမိသည်။
အားလုံး အဆင်ပြေရဲ့လား ဒါနဲ့ မင်းတို့ ငါးမျှားတံတွေကို ယူမသွားကြဘူးလား။ ရပါတယ် ငါပဲ သိမ်းထားပေးလိုက်မယ် နောက်တစ်နေ့လာမှပဲ ပြန်ပေးတော့မယ် စီနီယာက စိတ်ထားကောင်းတယ် အစွမ်းထက်တဲ့သူတွေလို အေးစက်တဲ့ပုံစံမရှိဘူး။ သူ့စိတ်နေစိတ်ထားက အရမ်းနူးညံ့တယ်။ သူ့ကို မစော်ကားသရွေ့တော့ ဘာပြဿနာမှ မရှိနိုင်ဘူး။
ပြဿနာရှိရင်တော့ မျိုးနွယ်စုတစ်ခုလုံး ပျက်စီးပြီး တာအိုကျင့်စဉ်ပါ ပျောက်ကွယ်သွားမှာပဲ။ မင်းသမီးလေးတွေရဲ့ စိတ်ကို နားလည်ဖို့ မလွယ်ဘူး အထူးသဖြင့် အခုမှတွေ့ဖူးတဲ့ မင်းသမီးကြီး (ချူမူ) ပေါ့။
ငါလည်း သိပ်နားမလည်ဘူး ငါ့ဂိုဏ်းကတပည့်တွေကိုပဲ ဒီလိုကိစ္စမျိုး အတွေ့အကြုံ ရှိ မရှိ မေးကြည့်ရမယ်။
အနည်းဆုံးတော့ ဒီအကြောင်းကို စုံစမ်းထားသင့်တယ် မဟုတ်လား။
စုတိန်ဖန်း တစ်ယောက်တည်း ခံစားချက်တွေ ပြင်းထန်နေစဉ် တစ်ခုခုကိုရုတ်တရက် သတိပြုမိသွားသည်။ သူ၏ အကြည့်မှာ တောင့်တင်းသွားပြီး ကောင်းကင်ယံမှ ဝင်ရောက်လာသော အမည်းရောင် စွမ်းအင်တစ်ခုကို ခံစားလိုက်ရသည်။
ဤအရာသည် စီနီယာတို့ကမ္ဘာမှ ထွက်ခွာသွားသော အမည်းရောင်စွမ်းအင်နှင့် တစ်ပုံစံတည်းပင် ၎င်းသည် အဝါရောင်ဧကရာဇ်၏ နယ်မြေသို့ ဦးတည်သွားနေသည်။
"ဒီတစ်ခါတော့ မင်းကိုအလွတ်မထားတော့ဘူး"
......
အိမ်ပြန်ရောက်သောအခါ ချူမူသည် ချူနင်တင်းတင်းကြပ်ကြပ် ဖက်ထားသည်။ သူမ မွေးကတည်းက ဤမျှ ကပ်တွယ်ခြင်း မရှိခဲ့ဖူးပေ ချူနင်၏ မျက်နှာတွင် နှပ်ချေးများနှင့် မျက်ရည်များ ပေကျံနေသော်လည်း သူ မရွံရှာပေ။
သို့သော် သမီးဖြစ်သူ ဘာကြောင့် ရုတ်တရက် ဤမျှ နွေးထွေးသွားရသနည်း။ အကြောင်းရင်းက အရေးကြီးသလား သူမနှင့်ပိုနီးစပ်သွားတာ မကောင်းဘူးလား သမီးဆိုတာ မိဘနဲ့ နီးစပ်ရမှာပေါ့။
"ဖေဖေ သမီးကိုလည်း ချီပါဦး သမီးလည်း ဖက်ချင်တယ်"
ချူနင်သည် တစ်ဖက်တစ်ချက်စီတွင် သမီးနှစ်ယောက်လုံးကို ချီထားပြီး မျက်နှာတွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
"ဟဟ အကုန်ဖက်မယ် အားလုံးက ဖေဖေ့ရဲ့ သမီးလေးတွေပဲ"
ယောင်ယောင်က ရယ်မောလျက် "အားလုံးက ဖေဖေ့သမီးလေးတွေ"
"ဖေဖေ သမီး သစ်သားပြားကုတင်ပေါ်မှာ အိပ်ချင်တယ် မြန်မြန် သွားအိပ်ရအောင်"
"ဟူး... ကောင်းပါပြီ အဲဒီအဘိုးကြီးက ဘာလို့အဲဒါကို ပြောလိုက်ပါလိမ့်"
"အဘိုးလို့ ခေါ်ရမှာလေ ဖေဖေရဲ့ မေမေ ပြောတယ် ယဉ်ကျေးရမယ်တဲ့"
"ဟုတ်ပါပြီ ဟုတ်ပါပြီ အဘိုးပေါ့ အဘိုး"
ထို့နောက်...
ကလေးမလေးတစ်ယောက်က သူ့ကို တွယ်ကပ်ထားပြီး ဘာစကားမှ မပြောဘဲ ငြိမ်နေသည်။ အခြားကလေးမလေးတစ်ယောက်မှာမူ သစ်သားပြားပေါ်တွင် အလေးအနက် လှဲလျောင်းလျက် ကောင်းကင်ကို မျက်လုံးပြူးကြည့်နေသည်။
ဒီကလေးမလေးကတော့ ငါ စကားတောင် မပြောနိုင်တော့ဘူး။ ထားလိုက်ပါတော့ သူကငယ်သေးတာပဲ လောကကြီးကို စိတ်ဝင်စားနေတာပဲ ကောင်းပါတယ်။
နို့တိုက်ပြီးနောက် သမီးနှစ်ယောက်လုံးကို ရေချိုးပေးကာ သန့်ရှင်းသော အဝတ်အစားများ လဲပေးလိုက်သည်။ ညဖက်ရောက်သော် ချူနင်သည် ညစာ ချက်ပြုတ်သည်။ သမီးနှစ်ယောက်လုံးက သူ့လက်ရာကို မြည်းစမ်းကြည့်ကြပြီး ဝေဖန်နေကြသည်။
"ဖေဖေ ချက်တာက တကယ် မကောင်းဘူး။ မေမေက ဘာလို့ဒါကို ကြိုက်နေတာလဲ မသိဘူး သမီး နို့ပဲ သောက်တော့မယ်။
"အဲဒါ ဟုတ်တယ်"
ဒါနဲ့ မေမေက ဘယ်မှာလဲ ယောင်ယောင်က ပတ်ဝန်းကျင်ကို ဝေခွဲမရစွာ ကြည့်လိုက်သည်။ မေမေ ဘယ်ရောက်သွားတာလဲ။
......
အထက်ဘုံ ရွှမ်ယွမ်မျိုးနွယ်စုအတွင်း၌ ချန်းရှန်းဧကရာဇ် ပျက်စီးသွားပြီးနောက် အဘိုးအို (ရွှမ်ယွမ်) သည် ရလာသမျှကို ခွဲဝေယူလိုခဲ့သည်။
မူလက ဧကရာဇ်အနည်းငယ် ပူးပေါင်းလျှင် ဟင်းလင်းပြင်ဧကရာဇ်ကို နှိမ်နင်းနိုင်လိမ့်မည်ဟု ထင်ခဲ့သည်။ သို့သော် တစ်ယောက်ချင်း တိုက်ခိုက်ချိန်တွင် မည်သူမျှသူ့ကို မယှဉ်နိုင်ခဲ့ပေ။
အားလုံး ပူးပေါင်းတိုက်ခိုက်လျှင်ပင် သူကမည်သို့ ရှုံးနိမ့်ခြင်း မရှိနိုင်ရသနည်း။ ဒါက တကယ့်ကို ထူးဆန်းလွန်းသည် ဒီအဘိုးကြီးက နှစ်ပေါင်းတစ်သောင်းလောက်ပဲ တံခါးပိတ်ကျင့်ကြံခဲ့တာကို ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နေရတာလဲ။
ထို့ပြင် ဟင်းလင်းပြင် ဧကရာဇ်စုတိန်ဖန်း ပြောပုံအရ သက်ရှည်တာအိုနယ်မြေကို သိမ်းပိုက်ခြင်းမှာ အရေးကြီးသော ပုဂ္ဂိုလ်တစ်ဦးအတွက် ကိုယ်စားထိန်းချုပ်ပေးခြင်းသာ ဖြစ်သည်ဟုဆိုသည်။ အကယ်၍ ထိုပုဂ္ဂိုလ်က မကျေနပ်လျှင် သူတို့သည် ချန်းရှန်းဧကရာဇ်ကို ဖျက်ဆီးခဲ့သလို အခြားဧကရာဇ်များကိုလည်း အမြစ်ပြတ် သုတ်သင်လိမ့်မည်။
မည်သူက မယုံရဲဘဲ နေမည်နည်း ချန်းရှန်းဧကရာဇ်သည် အမှန်တကယ် သေဆုံးသွားပြီဖြစ်သည်။ သက်ရှည်တာအို လမ်းစဉ်လည်း ပျောက်ကွယ်သွားပြီဖြစ်ရာ မည်သူမျှ ထိုလမ်းစဉ်ဖြင့် ဧကရာဇ်အဆင့်သို့ မတက်လှမ်းနိုင်တော့ပေ။
ဒါက ဧကရာဇ်တစ်ပါး လုပ်ဆောင်နိုင်တာထက် ကျော်လွန်နေသည်။ ဧကရာဇ် ပြောနေသော ထိုစီနီယာသာ ဖြစ်ရမည်။
"ဘယ်သူလဲ"
ရွှမ်ယွမ်သည် ရုတ်တရက် မျက်လုံးဖွင့်လိုက်ပြီး ဂူဝကို လှမ်းကြည့်လိုက်သည်။
မှောင်မိုက်ပြီး သေခြင်းရနံ့ရှိသော စွမ်းအင်တစ်ခု စိမ့်ဝင်လာနေသည် အဝါရောင်ဧကရာဇ်သည် လက်နက်ကို ကိုင်ကာ ခုခံရန် အသင့်ပြင်၍ ချက်ချင်း ထရပ်လိုက်သည်။
သူ၏ တံခါးပိတ် ကျင့်ကြံရာဂူထဲသို့ အသံတိတ် ဝင်ရောက်လာနိုင်သူမှာ ဧကရာဇ်တစ်ပါးသာ ဖြစ်ရမည် သို့သော် နောက်တစ်စက္ကန့်တွင် အဘိုးအို၏ မျက်လုံးများ ရုတ်တရက် ပြူးကျယ်သွားပြီး ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားသည်။
"ချန်းရှန်း... ချန်းရှန်းဧကရာဇ်"
"မင်း... မင်း ဘယ်လိုဖြစ်ပြီး ဒီပုံစံဖြစ်သွားရတာလဲ"