အခန်း ၁၄၀ ချူမူ၏ စိတ်ဓာတ်ပြိုလဲမှု
ဘိုင်ယန်၏ နောက်ကွယ်ရှိ ကျန်းယန်းဂိုဏ်းမှ အခြားကျင့်ကြံသူများမှာ လုံးဝ ဆွံ့အသွားကြသည်။
ဂိုဏ်းချုပ်ကိုယ်တိုင်က စိတ်ချင်းဆက်သွယ်ကာ သတင်းပို့လာခြင်းဖြစ်သည်။ ထိုသတင်းသည် ဟင်းလင်းပြင် နန်းတော်မှတစ်ဆင့် ရောက်ရှိလာခြင်းဖြစ်ပြီး ထိုဆက်သွယ်ရေးပြား၏ နောက်ကွယ်တွင် ရှိနေသူမှာ မဟာဧကရာဇ်ပင် ဖြစ်သည်။
သူတို့ ကြောက်ရွံ့နေကြသော်လည်း အစောပိုင်းက ဝင်ရောက်ဖျန်ဖြေရန် ကြိုးစားခဲ့ကြသဖြင့် စီနီယာများကို စော်ကားမိခြင်းမျိုးတော့ မရှိလောက်ဟု ယူဆရသည် သို့သော်လည်း ဘိုင်ယန်မှာမူ ယခုအချိန်၌ အခက်တွေ့နေသူ ဖြစ်သည်။
သူမမှာ အလွန်အမင်း ထိတ်လန့်နေပြီး ကလေးမလေး၏လက် သို့မဟုတ် ကလေးမလေး၏ ဖခင်က သူမဦးခေါင်းကို မည်သည့်အချိန်တွင် ရိုက်ခွဲလိုက်မလဲဆိုသည်ကို တွေးကာ ကြောက်ရွံ့နေမိသည်။ ဟင်းလင်းပြင် ဧကရာဇ်ကပင် စီနီယာဟု ခေါ်ဆိုရသော ပုဂ္ဂိုလ်ဆိုလျှင်။
ထိုစဉ်မှာပင် ဟင်းလင်းပြင်ထဲမှ ပုံရိပ်တစ်ခု ရုတ်တရက် ပေါ်ထွက်လာသည်။ ထိုသူမှာ တံခါးပိတ်ကျင့်ကြံနေသည်မှာ ရက်အနည်းငယ်သာ ရှိသေးသော ဟင်းလင်းပြင်ဧကရာဇ်ပင် ဖြစ်သည်။
"အဘိုး"
ယောင်ယောင်သည် ရေပုံးလေးကို ကိုင်ကာ စုတိန်ဖန်းထံသို့ ချက်ချင်း ပြေးသွားသည်။
အဘိုး ဒီငါးတွေ အကုန်လုံးကို အဘိုးကို ပေးရမလား မဟုတ်သေးဘူး အကုန်ပေးလို့မရဘူး။ တချို့က အစ်မ ဖမ်းထားတာလေ။ သမီးဖမ်းထားတဲ့ ငါးတွေကိုပဲ အဘိုးကို ပေးမယ်လေ ဟုတ်ပြီလား။
အဘိုးအိုက ပြုံးလျက် ခေါင်းကို တရစပ်ငြိမ့်လိုက်သည်။ ဒါဆိုရင်တော့ မင်းသမီးလေးကို ကျေးဇူးတင်ရမှာပဲ ငြင်းပယ်လိုက်ရင် ရိုင်းရာကျလိမ့်မယ်။
ယောင်ယောင်က နားမလည်သဖြင့် မေးလိုက်သည်။ ငြင်းပယ်ရင် ရိုင်းရာကျမယ်ဆိုတာ ဘာလဲဟင်။
စုတိန်ဖန်းက ပြုံး၍ ရှင်းပြသည်။ အဲဒါက တစ်ယောက်ယောက်က အရမ်းတန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ပေးတဲ့အခါ ယဉ်ယဉ်ကျေးကျေးနဲ့ လက်ခံတဲ့ အသုံးအနှုန်းလေးပါ။
"ဘာလို့ အဲဒီလောက် ခက်ခက်ခဲခဲ လက်ခံရတာလဲ တိုက်ရိုက်ပဲလက်ခံလို့ မရဘူးလား"
"ဘာလို့လဲဆိုတော့ တချို့အရာတွေက နှိုင်းယှဉ်ချက်အရ"
ကြီးသူတစ်ယောက်နှင့် ငယ်သူတစ်ယောက်မှာ စကားလက်ဆုံ ကျနေကြသည်။ မြေပြင်ပေါ်တွင် ဝပ်စတွားနေသော ဘိုင်ယန်မှာမူ ထိုပုံရိပ်ကို မြင်သောအခါ လုံးဝ ဝေခွဲမရ ဖြစ်သွားသည်။
ဧကရာဇ်၏အမည်ရင်းမှာ စုတိန်ဖန်း ဖြစ်သည် ဘာလို့ဧကရာဇ်လို့ တိုက်ရိုက် မခေါ်တာလဲ။ သို့သော် ဆူတိန်ဖန်းအတွက်မူ ချူနင်၏ ရှေ့တွင်မိမိကိုယ်မိမိ ဟင်းလင်းပြင်ဧကရာဇ်ဟု ခေါ်ဆိုရန်မှာ တကယ့်ကို မသင့်တော်လှပေ။
အမှန်စင်စစ် ဤစီနီယာ၏ ဇနီးသည်မှာ ဧကရီတစ်ပါး ဖြစ်သည် (အောက်ခြေအဆင့် နိုင်ငံတစ်ခု၏ဧကရီမ ဖြစ်နေလင့်ကစား)။ သူကဲ့သို့ အဘိုးအိုတစ်ယောက်က ဧကရာဇ်ဟု ဟန်ကိုယ်ဖို့ လုပ်နေလျှင် ပြဿနာရှာနေသကဲ့သို့ ဖြစ်ပေလိမ့်မည်။
"ကျန်းယန်းဂိုဏ်းတပည့်က မဟာဧကရာဇ်ကို ဂါရဝပြုပါတယ်"
"အရှင်မင်းကြီးကို ဂါရဝပြုပါတယ်"
ဘိုင်ယန်မှာ တုန်ရင်လျက် ခေါင်းမော့ကာ ပြောလိုက်သည်။ "မဟာ.."
သူ့ကို မဟာဧကရာဇ်လို့ ထပ်မခေါ်နဲ့တော့။ စုတိန်ဖန်းက ထိုအမျိုးသမီးကို အေးစက်သော မျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။ ထိုအကြည့်တစ်ချက်ကပင် သူမကို သေဒဏ်ပေးလိုက်သကဲ့သို့ပင်။
စီနီယာတစ်ဦး၏ ရှေ့တွင် ဤကဲ့သို့ မလေးမစား လုပ်ရပ်မှာ လက်ခံနိုင်စရာ မရှိပေ။ ငါ မင်းကို မကာကွယ်နိုင်ဘူး။ အကယ်၍ ဒီနေ့စီနီယာ့ရှေ့မှာ မင်းကို ငါကိုယ်တိုင် အပြစ်မပေးရင်.....။
ယောင်ယောင်က ပြုံးလျက် ပြောလိုက်သည်။ အစ်မဘိုင်ယန်က သမီးတို့ ငါးမျှားတာကို မြင်တော့ သူလည်း ငါးလိုချင်နေမှာပဲ။ သူ့ကို တစ်ကောင် ပေးလိုက်ရအောင်။
စုတိန်ဖန်းမှာ အနည်းငယ် အံ့အားသင့်သွားပြီး ချူနင်ကို လှမ်းကြည့်လိုက်ရာ ချူနင်၏ အကြည့်မှာလည်း တည်ငြိမ်နေသည်။ သူတို့က ထိုအမျိုးသမီးကို အရေးယူရန် အစီအစဉ် မရှိပုံရသည်။
နားလည်ပြီ ဒါကမင်းသမီးလေးကို လူမှုရေး နယ်ပယ်မှာ ဘယ်လို နေထိုင်ရမလဲဆိုတာ သင်ပေးနေတာပဲ။
"ဘိုင်ယန် မင်းသမီးလေးက မင်းကိုငါးတစ်ကောင် ပေးချင်နေတယ် ဘာလို့ ဒီအတိုင်း ထိုင်နေတာလဲ"
"ကျွန်မ....."
ဘိုင်ယန်မှာ စကားမထွက်နိုင်ဘဲ ဧကရာဇ်ကို ဝမ်းနည်းကြေကွဲစွာဖြင့်သာ ကြည့်နေမိသည်။
မင်းသမီးလေး ပေးတဲ့ငါးကို မြန်မြန် ကျေးဇူးတင်ပြီး လက်ခံလိုက်စမ်း သူတစ်ပါးရဲ့စေတနာကို ဘယ်လို ကျေးဇူးတင်ရမလဲဆိုတဲ့ အခြေခံယဉ်ကျေးမှုကိုတောင် မသိဘူးလား။
"ဪ ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် မင်းသမီးလေး"
သူမသည် ယောင်ယောင်၏ လက်ထဲမှ စစ်မှန်သော နဂါးကို လှမ်းယူလိုက်ပြီး အသက်ပြင်းပြင်း ရှူလိုက်သည်။
သူမသည် ကျင့်ကြံမှု အဆင့် (၇) သာရှိသေးသည်။ ဤစစ်မှန်သော နဂါးမှာ စည်းမျဉ်းများဖြင့် ချုပ်နှောင်ခံထားရသော်လည်း ၎င်း၏ အဆင့်မှာ ကောင်းကင်ဖြစ်စဉ်အဆင့်မှာ ရှိရမည် သူမ၏ လက်ထဲတွင် ရှိနေပါလျက် ဘာကြောင့်သူမအပေါ် သက်ရောက်မှု မရှိတာလဲ။
ဤလူများသည် မည်သည့် အဆင့်အထိ ကျင့်ကြံထားကြသနည်း။ ထိုစဉ် ဘိုင်ယန်၏ စိတ်ထဲတွင် စုတိန်ဖန်း၏ အသံ ပဲ့တင်ထပ်လာသည်။ စီနီယာက ဒီကိစ္စကို ထပ်မလိုက်ချင်တော့ဘူးဆိုတော့ ဘာမှ ထပ်မမေးနဲ့တော့။
အခုချက်ချင်း ထွက်သွားတော့ ပြီးတော့ မင်းသမီးလေးကိုလည်း နှုတ်ဆက်ဖို့ မမေ့နဲ့ ဘိုင်ယန်က အလျင်အမြန် ထရပ်လိုက်သည်။
"မင်းသမီးလေး ဆက်ပြီး ငါးမျှားပါဦး။ ကျွန်မမှာ လုပ်စရာလေးတွေ ရှိနေလို့”
ယောင်ယောင်က ခေါင်းကို တရစပ် ငြိမ့်ပြသည်။ အဖေ ပြောတယ် လုပ်စရာရှိရင် သွားရမယ်တဲ့ ဒါကြောင့် အစ်မ အခု သွားလို့ရပြီ။
"ကျေးဇူးတင်ပါတယ် မင်းသမီးလေး ကျေးဇူးတင်ပါတယ် စနီယာ ကျေးဇူးတင်ပါတယ် အရှင်မင်းကြီး"
"ဒါနဲ့အစ်မကို နောက်တစ်ခါ ထပ်တွေ့ရဦးမလား"
"တွေ့ရမှာပေါ့"
သို့သော်လည်း ဘိုင်ယန်မှာမူ သေသည်အထိ တံခါးပိတ် ကျင့်ကြံနေတော့မည်ဟု ဆုံးဖြတ်ချက် ချလိုက်ပြီဖြစ်သည်။ အပြင်လောကကြီးက ကြောက်စရာ ကောင်းလွန်းသည်။
"အစ်မ ဘိုင်ယန်က တကယ် စိတ်ကောင်းရှိတာပဲ တစ်နေ့နေ့မှာ အစ်မကို ထပ်တွေ့ချင်တယ်"
ချူးနဥ်က ထိုစကားကို ကြားသောအခါ အနည်းငယ် ပြုံးလိုက်သည်။
စည်းမျဉ်းတွေကို လိုက်နာပြီး တန်ဖိုးထားတဲ့လူတွေက စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အခုခေတ် ကျင့်ကြံခြင်း လောကမှာ ဒီလိုလူမျိုးတွေ လိုအပ်နေတာ။
"သက်ရှည်မျိုးနွယ်စုမှာ လူအင်အား လိုနေသေးလား" စုတိန်ဖန်းက အလျင်အမြန် ပြန်ဖြေသည်။ စီနီယာ သက်ရှည်တာအိုရဲ့ နယ်မြေက ကျယ်ပြန့်လွန်းတော့ လူအင်အား အမြဲ လိုအပ်နေပါတယ် ခင်ဗျာ။
အကယ်၍ သူသာ ဆန္ဒရှိမယ်ဆိုရင် သက်ရှည်တာအိုမျိုးနွယ်စုကို ပို့ပြီး တာဝန်တစ်ခုခု ပေးလိုက်လို့ ရတာပဲ။
ဘိုင်ယန်၏ခန္ဓာကိုယ်မှာ ချက်ချင်း တောင့်တင်းသွားသည် သက်ရှည်တာအိုနယ်မြေဆိုသည်မှာ ယခုအခါ ဟင်းလင်းပြင်မျိုးနွယ်စု၏ လက်အောက်သို့ ရောက်ရှိသွားသော နေရာဖြစ်သည်။ ထိုနေရာသို့ ရောက်သွားပါက အကျိုးကျေးဇူးများစွာ ရရှိမည်မှာ သေချာသည်။
မြန်မြန်လက်ခံလိုက်စမ်း စီနီယာကမင်းကို အသိအမှတ်ပြုနေတာပဲ သဘောတူလိုက် ဘိုင်ယန်က အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ "ကျွန်မ သဘောတူပါတယ်"
"ကောင်းပြီ အဲဒါဆိုရင်တော့ ဖြစ်သွားပြီ။"
ထိုသို့ပြောပြီးနောက် ချူနင်က ရှေ့သို့ တိုးလာကာ ယောင်ယောင်၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"အစ်မက သက်ရှည်တာအိုဂိုဏ်းကို သွားတော့မှာ ဖေဖေတို့တွေ အဲဒီကို သွားတဲ့အခါ အစ်မကို ထပ်တွေ့ရမှာပေါ့"
"သက်ရှည်တာအိုဆိုတာ ဘာလဲဟင်"
"အဲဒါက ဖေဖေတို့တွေရဲ့ အိမ်သစ် ဖြစ်လာမှာလေ"
"ဒါပေမဲ့ သမီးတို့မှာ အိမ်ရှိပြီးသားပဲလေ"
အဲဒီမှာက ပိုကောင်းတဲ့ အိမ်ဖြစ်မှာ အဲဒီမှာမေမေရှိမယ် ဖေဖေရှိမယ် အစ်မရှိမယ်ပြီးတော့ အဘိုးကိုလည်း အချိန်မရွေး တွေ့နိုင်တယ်။
ယောင်ယောင်က ခေါင်းကို တရစပ် ငြိမ့်သည်။ "ဟုတ်ကဲ့ ဖေဖေ ဒါဆို တာ့တာ အစ်မ"
ကလေးမလေးသည် စိတ်လှုပ်ရှားစွာဖြင့် လက်ပြနှုတ်ဆက်လိုက်သည်။ ပူပန်မှုကင်းမဲ့ပြီး အလွန်အမင်း အပြစ်ကင်းစင်လှသည် သို့သော် ဘိုင်ယန်အတွက်မူ ဤသည်မှာ ကောင်းကင်နှင့် ငရဲ တစ်ချက်တည်း ခြားသွားသကဲ့သို့ပင်။
ကလေးမလေးက သူမကို ထပ်တွေ့ချင်သည်တဲ့ အကယ်၍ မင်းကမတွေ့ချင်ဘူးဆိုရင်ကော သူမရဲ့ နောက်ခံက အရမ်းမြင့်မားလွန်းသည်။ သူမရဲ့ စကားတစ်ခွန်းက ဘိုင်ယန်ရဲ့ အသက် ကျန်းယန်းဂိုဏ်းတစ်ခုလုံးရဲ့ ကံကြမ္မာကို ဆုံးဖြတ်နိုင်သလို ရှေ့မှာရှိတဲ့ ဟင်းလင်းပြင်ဧကရာဇ်တောင်မှ ပူးပေါင်းဆောင်ရွက်ပေးနေရသည်။
ဘိုင်ယန်သည် အသက်ပြင်းပြင်း ရှူလိုက်ပြီး သူမ၏ လူများကို ခေါ်ဆောင်ကာ အလျင်အမြန် ထွက်ခွာသွားသည်။ မကြာမီ ဟင်းလင်းပြင် နန်းတော်မှ အမိန့်စာ ရောက်ရှိလာတော့မည် ဖြစ်သည်။
ချူနင်နှင့် အခြားသူများမှာ စိတ်အပြောင်းအလဲမရှိဘဲ ပျော်ရွှင်နေကြသည်ကို မြင်သောအခါ စုတိန်ဖန်းမှာ အသက်ရှူချောင်သွားရသည် တော်သေးတာပေါ့။
သို့သော် ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို စိုက်ကြည့်နေသလို ခံစားလိုက်ရသည် သူ့အကြည့်မှာ မလှမ်းမကမ်းမှ သူ့ကို အံ့အားသင့်စွာ ကြည့်နေသော ကလေးမလေး (ချူးမူ) ဆီသို့ ကျရောက်သွားသည်။
"ဟဟ မင်းကမူမူ ဖြစ်ရမယ် ဒုတိယမင်းသမီးလေးဆီက မင်းအကြောင်း ခဏခဏ ကြားဖူးတယ်"
ဟင်
ဒီကလေးမလေးက ဒုတိယမင်းသမီးလေးလို ခင်မင်ဖို့ မကောင်းပုံပဲ ပြီးတော့ အဲဒီအကြည့်ကို တစ်နေရာရာမှာ မြင်ဖူးသလိုလို။
ချူမူမှာ လုံးဝ ဆွံ့အသွားသည်။
တောက်
သူက တကယ်ပဲ ဟင်းလင်းပြင် ဧကရာဇ်ပဲ။
နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံနေတဲ့ အဲဒီအဘိုးကြီးပဲ။ ရှင့်လို ဧကရာဇ်တစ်ပါးက ကျွန်မလို ကလေးမလေးတစ်ယောက်ကို ဒီလောက် နှိမ့်ချပြီး ပြုံးပြနေတာ ရှက်ဖို့မကောင်းဘူးလား။ စုတိန်ဖန်းလည်း ကြောင်သွားရသည်။
သေစမ်း ငါ့အပြုံးက မနွေးထွေးလို့လား။စုတိန်ဖန်းသည် တစ်ခါမျှ ဤကဲ့သို့ ကြင်နာစွာ မပြုံးဖူးပေ။ အများဆုံးရှိလျှင် လှောင်ပြုံး အေးစက်သောအပြုံးနှင့် အကျယ်ကြီးရယ်မောခြင်းသာ ရှိသည်။ ငါတို့ ဒါကို အကြိမ်ကြိမ် လေ့ကျင့်ထားတာပဲ ဒီဘိုးဘေးမလေးကို ခြောက်လှန့်မိသွားတာလား။
"အဲဒါဆိုရင်တော့ ကျွန်တော် ပြန်ခွင့်ပြုပါဦး"
"မူမူ အဘိုးကို တွေ့ချင်တယ်ဆို ဘာလို့ ဘာမှမပြောတာလဲ"
ချူနင်က ချူမူ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။ သူမ ဘာတွေ တွေးနေမှန်း သူမသိပေ။ ဘာလို့ ရုတ်တရက် ကြောင်သွားရတာလဲ ကြောက်သွားတာလား မူမူကပုံမှန်ဆိုရင် သတ္တိရှိတဲ့ကလေးပါ။
ထိုစဉ် ချူမူက ခါးသီးစွာ ပြုံးလိုက်မိသည်။
သေချာပါတယ် သူပဲ။
ဧကရာဇ်တစ်ပါး ဖြစ်ပါလျက် အဖေကို ဒီလောက်နှိမ့်ချနေတာ ဒါကို ကြည့်ခြင်းအားဖြင့် အဖေရဲ့ ကျင့်ကြံမှုအဆင့်က ဧကရာဇ်ထက်တောင် သာလွန်နေမယ်ဆိုတာ သိသာလှသည်။
ချူမူက တစ်ခုခုကို ရုတ်တရက် သတိရသွားဟန်ဖြင့် စုတိန်ဖန်းကို ဇဝေဇဝါဖြင့် ကြည့်လိုက်သည်။ ခုနကပြောတဲ့ သက်ရှည်တာအိုမျိုးနွယ်ဆိုတာ ဘာလဲ အဲဒါသက်ရှည်ဧကရာဇ်(ချန်းရှန်း)ရဲ့နယ်မြေ မဟုတ်ဘူးလား။
"သက်ရှည်ဧကရာဇ်(ချန်းရှန်းဧကရာဇ်) သူက"
ရုတ်တရက် စုတိန်ဖန်းမှာ ကြောင်အသွားသည်။
"ဟင် မင်းသမီးလေးက ချန်းရှန်းဧကရာဇ် အကြောင်းကို သိနေတာလား"
သူ ဘာဖြစ်သွားလဲပြောစမ်းပါ ရှင့်ရဲ့ ဟင်းလင်းပြင်တာအိုမျိုးနွယ်စုက ဘယ်လိုလုပ်ပြီး ချန်းရှန်းဧကရာဇ်ရဲ့ နယ်မြေထဲ ရောက်နေရတာလဲ။ အဲဒီလူက သူများနဲ့ ဝေမျှမယ့်လူ မဟုတ်ဘူး မဟုတ်ရင် သူအဲဒီတုန်းက သေမှာ မဟုတ်ဘူး၊
"ကျွန်မ တခြားလူတွေဆီက ကြားဖူးတာပါ။"
"ဪ... အဲဒါလား။"
စုတိန်ဖန်းက ပြုံးပြီး ပြောလိုက်သည်။ ချန်းရှန်းဧကရာဇ်က ပြီးခဲ့တဲ့နှစ်ကတည်းက အသတ်ခံလိုက်ရပြီလေ။ ဪ မဟုတ်ဘူး သူကသစ်သားပြားပေါ် တက်အိပ်သွားတာ။ မင်းရဲ့အဖေကိုယ်တိုင်ပဲ သူ့ကို အဲဒီပြားပေါ် တင်ပေးလိုက်တာလေ။
"သစ်သားပြားပေါ်အိပ်မယ် သစ်သားပြားပေါ် အိပ်မယ် ယောင်ယောင်လည်း သစ်သားပြားပေါ် အိပ်ချင်တယ်"
ချူနင်က အားကိုးရာမဲ့စွာ ပြောလိုက်သည်။ ယောင်ယောင်က သစ်သားပြားပေါ် အိပ်လို့မရဘူးလေ အိမ်ပြန်ရင် ကုတင်ပေါ်မှာ အိပ်ရမှာ။
"မသိဘူး သမီးကအဲဒီသစ်သားပြားပေါ်ပဲအိပ်ချင်တာ ဖေဖေ သမီးကို အဲဒီသစ်သားပြားပေါ် အိပ်ခွင့်ပေးပါ"
စုတိန်ဖန်းမှာ ရယ်ရခက် ငိုရခက် ဖြစ်နေပြီး ဘယ်လို ရှင်းပြရမှန်း မသိတော့ပေ။ ၎င်းမှာ ကောင်းသော အရာမဟုတ်ပေ။
တစ်ယောက်ယောက်က ပိုင်းဖြတ်သတ်လိုက်တာလို့ ပြောလိုက်ရင် ကလေးက သေခြင်းတရားဆိုတာ ဘာလဲလို့ မေးလာဦးမည်။ သမီးဖြစ်သူက ဇွတ်တောင်းဆိုနေသဖြင့် ချူနင်မှာ သဘောတူလိုက်ရုံမှတစ်ပါး အခြားမရှိတော့ပေ။
နောက်မှပဲ အိပ်ဖို့သစ်သားပြားတစ်ခုလောက် ရှာပေးလိုက်ပါတော့မယ် "ဟေး မင်းသမီးလေး ဘာလို့ ငိုနေတာလဲ"
စုတိန်ဖန်း၏ ခြေထောက်များ ပျော့ခွေသွားသည်။
သေစမ်း ဟင်းလင်းပြင်တာအိုမျိုးနွယ်တစ်ခုလုံး ဒီနေ့တော့ပြာကျတော့မှာပဲ။