အခန်း (၁၄) အခွင့်အရေးပေးရင်တောင် မင်းက အသုံးမကျဘူး
သူ ထပ်ပြီး ဖက်ခြင်းခံလိုက်ရပြန်ပြီ
ပြီးခဲ့တဲ့တစ်ခါက စိတ်လှုပ်ရှားလို့ဆိုပေမဲ့ ဒီတစ်ခါကတော့...။
ခုနလေးတင် စိတ်တည်ငြိမ်သွားတဲ့ ရဲ့ချန်းလျန်တစ်ယောက် ချက်ချင်း ပြန်ပြီး ပျာယာခတ်သွားရသည်။ သူမ လက်ကို အတင်းရုန်းသော်လည်း လုံးဝ ရုန်းမရမှန်း သိလိုက်ရသည် လက်ကို ရုန်းမရရင် ဓားထုတ်ရမှာပေါ့။
ရှုး... ဝုန်း
အေးစက်လှသော ဓားအလင်းတန်းနှင့်အတူ သတ်ဖြတ်လိုသော အရှိန်အဝါများ ထွက်ပေါ်လာသည်။
"ရှင်... ကျွန်မကို ထပ်ပြီး နှောက်ယှက်ပြန်ပြီ"
သူမ နှုတ်ခမ်းနီနီလေးကို ကိုက်ထားပြီး ရှက်စိတ်နှင့် ဒေါသများ ရောပြွမ်းလျက် ပြောလိုက်သည်။
"ငါနဲ့ ဒီလို ပတ်သက်မှု ရှိနေရုံနဲ့ ငါ့ကို စိတ်တိုင်းကျ နှောက်ယှက်လို့ ရမယ်လို့ မထင်နဲ့။ ပြီးတော့ ငါက မင်းပြောတာတွေကို စိတ်ဝင်စားလို့ဆိုပြီး အဲဒါကို အသုံးချပြီး ငါ့ကို ခြိမ်းခြောက်လို့ ရမယ်လို့လည်း မမှတ်နဲ့ ငါ မကြားချင်ယောင် ဆောင်လိုက်လို့လည်း ရတယ်"
ဓားသွားက ချူနင်နဲ့ ၀.၀၁ စင်တီမီတာလောက်ပဲ ဝေးတော့ပြီး သူ့ကိုပိုင်းဖြတ်တော့မည့်အတိုင်းပင် ချန်းလျန်က သူမလက်ကို ပြန်ဆွဲထုတ်ပြီးနောက် လက်နှစ်ဖက်ကို နောက်ပစ်ကာ သူမထိုင်တဲ့ခုံကို ချူနင့်ဆီကနေ ၃ မီတာလောက် အဝေးကို ဆွဲရွှေ့လိုက်သည်။
"မင်းရဲ့ တောင်းဆိုချက်ကို ငါ လက်မခံနိုင်ဘူး တခြားဟာ ပြောင်းပြော"
ချူနင်က ရှေ့က အမျိုးသမီးကို ကြည့်ပြီး သက်ပြင်းချလိုက်သည်။ ငါတို့က မကြာခင် လက်ထပ်ကြတော့မှာလေ လက်လေးကိုင်တာတောင် မရဘူးလား မင်း သဘောမတူရင်တောင် နောက်ကျရင် ငါက မင်းရဲ့ ခင်ပွန်း ဖြစ်လာမှာပဲ မဟုတ်လား"
ရဲ့ချန်းလျန်က နှာခေါင်းရှုံ့လိုက်သည် အဲဒါက နာမည်ခံဧကရာဇ်ပဲ ဖြစ်မှာပါ နောင်ကျရင် မင်းက ငါ့ကလေးကို အဖော်လုပ်ပေးဖို့ပဲ တာဝန်ရှိတာ။
"ဒါပေမဲ့ အဲဒီတုန်းက ငါက ကိုယ့်ကိုယ်ကိုယ် မထိန်းနိုင်ခဲ့တာလေ။ အမှန်အတိုင်း ပြောရရင် မင်းက ပိုပြီး တက်ကြွနေခဲ့တာ မဟုတ်ဘူးလား။
သူက သာမန်လူပဲလေ ထွက်ပြေးဖို့တောင် မတတ်နိုင်ခဲ့တာပါ။ မဟုတ်ရင် သူ့ကျောက်ကပ်က ဘာလို့ ဒီလောက် နာကျင်ပြီး သုံးလလောက် အိပ်ရာထဲ လဲနေရမှာလဲ။
ချူနင်က မကျေမနပ်ဖြင့် အနစ်နာခံရသူလို ပြောလိုက်သည် "တကယ်တော့ မင်းပဲလေ ငါ့ကို ထွက်သွားခွင့် မပေးတာ မင်းသာ ငါ့ကို နောက်ထပ် နှစ်ရက်လောက် ထပ်ဖိထားရင် ငါ့ကလေး မျက်နှာကိုတောင် မြင်ရတော့မှာ မဟုတ်ဘူး"
ရဲ့ချန်းလျန် မျက်နှာ နီမြန်းသွားသည်။ ချူနင်ပြောတာ အမှန်ဆိုတာ သိပေမဲ့ သူမကတော့ ဇွတ်ငြင်းနေဆဲ။ "ဒါဆို ဘယ်သူက အဲဒီနေရာကို လာခိုင်းလို့လဲ မင်းကြောင့်သာ မဟုတ်ရင် အဲဒီအချိန်မှာ ငါ အဆင့်တက်နေပြီ"
ချူနင်က တည်ငြိမ်သော မျက်နှာထားဖြင့် သူမကို စိုက်ကြည့်လိုက်သည်။ "ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် နစ်နာတာကတော့ ငါပဲလေ"
"မင်းက နစ်နာတယ် ဟုတ်လား"
"မင်းက ငါ့ရဲ့ ခန္ဓာကိုယ်ကို ယူခဲ့ပြီး ငါ့မှာ ကိုယ်ဝန်တောင် ရှိနေပြီလေ။ အခုကျမှ မင်းက နစ်နာတယ်လို့ ပြောရဲသေးတယ်ပေါ့"
ရဲ့ချန်းလျန် ဒေါသတကြီး ထရပ်ပြီး ချူနင့်ကော်လာကို ဆွဲလိုက်သည် "မင်း နစ်နာတယ်လို့ ထပ်ပြောကြည့်စမ်း မင်း ဘာတွေ နစ်နာသွားလဲ ပြောစမ်း"
"ကျောက်ကပ် အားနည်းသွားတာလေ"
ထိုအမျိုးသမီး၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ ချူနင်က ဘာလို့ ဒီလိုစကားတွေကို အေးအေးဆေးဆေး ပြောနိုင်ရတာလဲဆိုတာ သူမ နားမလည်နိုင်တော့ပါ။
သူပြောသမျှက အမြဲတမ်း ပေါက်ကတတ်ကရတွေပဲ ဖြစ်နေပေမဲ့ သူမ သူ့ကိုမရိုက်ရက်ပါဘူး။ သူမ လက်တစ်ချက် လှုပ်လိုက်တာနဲ့ ချူနင်က ဖုန်မှုန့်လို ဖြစ်သွားနိုင်တာပဲလေ။
"ချန်းလျန် ဒေါသထွက်တာ မကောင်းဘူး ဗိုက်ထဲက ကလေးရဲ့ အားအင်တွေကို ထိခိုက်ကုန်မယ်."
"ငါ မင်းကို မသတ်တာက ကလေးမျက်နှာကို ထောက်လို့ဆိုတာ မှတ်ထား"
ရဲ့ချန်းလျန်က သူမရဲ့ အဆုံးစွန် ကန့်သတ်ချက်ကို ထပ်ပြီး သတိပေးလိုက်သည်။ ဒါပေမဲ့ ဒီသတိပေးချက်ကို သူမ အကြိမ်ပေါင်း မနည်း ပြောခဲ့ဖူးတာပါ။ ချူနင်ကတော့ လုံးဝ မကြောက်ပါဘူး။ သူမ သတ်ချင်ရင် သတ်တာ ကြာလှပြီဆိုတာ သူသိနေလို့ပေါ့။
ရဲ့ချန်းလျန်က လက်ကို လွှတ်လိုက်ပြီး သူမနေရာမှာ ပြန်ထိုင်လိုက်သည်။ "မင်း ငါ့အနားကို သုံးလှမ်းအတွင်း မချဉ်းကပ်ရဘူး"
"ပြီးတော့ ငါ့ကို ထူးထူးဆန်းဆန်း နာမည်တွေ မခေါ်နဲ့ အရှင်မလို့ပဲခေါ်"
"ကလေးအဖေဆိုတဲ့ အခွင့်အရေးကို သုံးပြီး ငါ့ကို မခြိမ်းခြောက်နဲ့"
"ဟုတ်ကဲ့ပါ... ချန်းလျန်"
ရဲ့ချန်းလျန် : "..."
သူမ ချူနင့်ကို စကားထပ်မပြောချင်တော့ပါ။ ဒီလူက အခွင့်အရေးရတိုင်း သူမကို ကပ်ဖို့ပဲ ကြိုးစားနေတာလေ။ ဒါပေမဲ့ သူမ စိတ်ထဲမှာတော့ တစ်မျိုး ခံစားနေရတာ အမှန်ပင်။
သူမက ဧကရီလည်းဖြစ် ကလေးရဲ့ အမေလည်း ဖြစ်နေတာလေ။ နောက်ပိုင်း ကလေးကို ချီချင်ရင် သူက မချီပေးရင် သူမကပဲ အရင်ချီရမှာ မဟုတ်လား သူမက အရှက်အလွန်ကြီးတဲ့သူဆိုတာ ချူနင် သိသည်။
ရှောင်ပင်းရဲ့ စကားအတိုင်းဆိုရင် သူမနားမှာပဲ ကပ်နေလိုက် ခဏနေလို့ သူမက စိတ်ပါလာပြီဆိုရင် မင်းဘက်က အရင် မတက်ကြွနဲ့တော့ အရှင်မရဲ့ စိတ်ကို ဆွဲဆောင်ကစားလိုက် ဒီအစေခံမလေးက တကယ်ကို အတွေ့အကြုံရှိတာပဲ။
နောက်ပြီး ချူနင်မှာ ကျင့်စဉ်မရှိပေမဲ့ ရဲ့ချန်းလျန်က သူ့ကို ဘယ်တော့မှ လက်နဲ့တောင် မထိဘူးဆိုတာ သူသိသည်။ ဒီလို မျက်နှာထားတင်းတင်းနဲ့ အမေလောင်းလေးက သူ့အတွက်တော့ စိတ်ဝင်စားစရာ ကောင်းလှသည်။
"ဒီအတိုင်း ပါးစပ်နဲ့ ပြောနေရင် ရှင်းမှာ မဟုတ်ဘူး။ မင်း ထမင်းအရင်စားလိုက်ပါ ငါ့ကို စက္ကူနဲ့ ကလောင် ပေးရင် ငါရေးပေးမယ်"
ရဲ့ချန်းလျန်က စားပွဲပေါ်က စက္ကူနဲ့ ကလောင်ကို လက်ညှိုးထိုးပြလိုက်ပြီး ဘာမှ မပြောတော့ပေ။ ချူနင်က ပြုံးပြီး ထသွားလိုက်သည်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး သူက နိုင်ငံရေးစနစ်ရဲ့ အခြေခံပုံစံကိုပဲ ရေးပေးနိုင်မှာပါ။ ဘယ်လို စီစဉ်မလဲဆိုတာကတော့ ရဲ့ချန်းလျန်ရဲ့ အပိုင်းပေါ့။
ချူနင် ထွက်သွားတော့မှ ရဲ့ချန်းလျန်ရဲ့ စိတ်လှုပ်ရှားမှုတွေ ငြိမ်သက်သွားသည်။ "ငါက မင်းကိုပဲ လိုချင်တာ" ဆိုတဲ့ စကားက သူမကို တကယ်ပဲ မျက်နှာနီမြန်းသွားစေခဲ့တာပါ။
တိုင်းပြည်ရဲ့ ဧကရီတစ်ယောက်အနေနဲ့ ဒီလို မိန်းကလေးဆန်တဲ့ အမူအရာမျိုး သူမ မပြချင်ပါဘူး။ တခြားသူသာ မြင်ရင် အသတ်ခံရမှာ သေချာပေမဲ့ ချူနင်ကိုတော့ နောက်မှပဲ စာရင်းရှင်းရမယ်။
ကလေးမျက်နှာသာ မရှိရင် သူမကို ဒီလို စကားမျိုး ပြောရဲတဲ့သူကို သူမ ကိုးဆက်တိုင်အောင် သုတ်သင်ပစ်မှာ သေချာသည်။
ဒါပေမဲ့ ချူနင်ပြောတဲ့ နိုင်ငံရေးစနစ်ကတော့ သူမအတွက် တကယ်လိုအပ်နေတာပါ။
နောက်တစ်လဆိုရင် သူမ နန်းတွင်းညီလာခံ တက်ဖို့ ခက်ခဲလာတော့မည်။ ဗိုက်က သိသိသာသာ ကြီးလာပြီဖြစ်သလို ကလေးနှစ်ယောက်ရဲ့ ဝန်ထုပ်ဝန်ပိုးကလည်း မသေးလှပါဘူး။
နောက်ထပ် နှစ်ပတ်ဆိုရင် ဝတ်ရုံနဲ့တောင် ဖုံးလို့ ရမှာ မဟုတ်တော့ဘူး ဒီစနစ်သာ ရှိရင် သူမရဲ့ အလုပ်တွေ ၇၀ ရာခိုင်နှုန်းလောက် လျော့သွားမှာပါ။ အဲဒီအခါကျရင် သူမ နန်းတွင်းတောင် တက်စရာ မလိုတော့ဘဲ ကလေးမွေးဖို့ပဲ အာရုံစိုက်လို့ ရတော့မှာလေ။
ကလေးကတော့ ဒီနှစ်ယောက်ပဲ မွေးမယ်။ နောက်ကျရင် ချူနင်က ဧကရာဇ်ဖြစ်လာရင်တောင် ထပ်မွေးဖို့ အခွင့်အရေး မပေးဘူး ဟွန်း သူမ တွေးရင်း ထမင်းစားလိုက်သည်။
ခဏအကြာတွင် ချူနင်က ရေးလို့ ပြီးသွားပြီ။ ရဲ့ချန်းလျန် အနားရောက်လာတာ မြင်တော့ သူက ချက်ချင်း ထရပ်လိုက်ပြီး သုံးလှမ်း အကွာမှာပဲ နေလိုက်သည်။
သူမ ဘာကိုဆိုလိုတာလဲဆိုတာ သူသိပုံရသည်။ ရဲ့ချန်းလျန်က အစီရင်ခံစာတွေကို ပြန်စစ်ဆေးနေစဉ် ချူနင်ကလည်း ဘေးကနေ ငြိမ်ငြိမ်လေး စောင့်ကြည့်နေသည်။ ချူနင်က မင်မင်းဆက်ရဲ့ နိုင်ငံရေးစနစ်နဲ့ ပြုပြင်ပြောင်းလဲမှုတွေကို အသေးစိတ် ရေးသားပေးခဲ့သည်။
သူ ရေးလို့ပြီးတော့ သူမကို ကမ်းပေးဖို့ လုပ်သော်လည်း သုံးလှမ်း အကွာမှာပဲ ရပ်လိုက်ပြီး ခပ်ပြုံးပြုံးလေးဖြင့် ကလောင်တံကို သူမဆီ လှမ်းပစ်လိုက်သည်။
ဖောက်
ကလောင်တံက ရဲ့ချန်းလျန်ရဲ့ ခေါင်းကို မှန်သွားပြီး သူမက ဒေါသတကြီး လှည့်ကြည့်လိုက်သည် "ချူနင် မင်း ဘာလုပ်တာလဲ"
"ငါ့အနား သုံးလှမ်းအတွင်း မလာရဘူးဆိုလို့လေ"
"ဒါဆို ဘာလို့ ငါ့ကို မခေါ်တာလဲ"
"ခေါ်သားပဲ မင်း မကြားတာ"
ရဲ့ချန်းလျန် မကျေမနပ် ဖြစ်သွားသည်။ "မင်း တမင်လုပ်တာပဲ"
"ဒါဆို ဒီစာရွက်တွေကို လိုချင်သေးလား"
ရဲ့ချန်းလျန် တစ်လှမ်း တိုးလာတော့ ချူနင်က တစ်လှမ်း ဆုတ်လိုက်သည်။ "သုံးလှမ်း.. အရှင်မ"
ရဲ့ချန်းလျန် : "..."
သူမ သက်ပြင်းချလိုက်သည်။ အကယ်၍ ချူနင့်ရဲ့ ကျင့်စဉ်ကသာ ပိုမြင့်နေရင် သူမ သူ့ကို စိတ်ကြိုက် ရိုက်ပစ်မှာလေ။ အခုတော့ သူက သာမန်လူ ဖြစ်နေတော့ ရိုက်ရင် သေသွားမှာ စိုးရသည်။
ရုတ်တရက် သူမ တစ်ခုခုကို သတိရသွားပြီး စွမ်းအင်ကို သုံးကာ စာရွက်တွေကို လှမ်းယူလိုက်သည်။ "ချူနင်... မင်း ကျင့်စဉ် ကျင့်ချင်လား"
"မင်း ရေးပေးတဲ့ ဒီစနစ်အတွက် ဆုလာဘ်အနေနဲ့ တာ့ချန်းအင်ပါယာရဲ့ အကောင်းဆုံး ကျင့်စဉ်တွေနဲ့ အရင်းအမြစ်တွေကို ငါ ပေးမယ်"
နန်းတော်ဆိုတာ လောကမှာ အချမ်းသာဆုံး နေရာဖြစ်သလို အရာရာကို ဖြည့်ဆည်းပေးနိုင်တဲ့ နေရာလေ။ ချူနင် ဒါကို စိတ်မဝင်စားဘဲ မနေနိုင်ဘူးလို့ သူမ ထင်နေတာပါ။ ဒါပေမဲ့ သူက ခေါင်းခါလိုက်သည်။
"ကျွန်တော်က ဆုလာဘ်အနေနဲ့ အရှင်မကိုပဲ လိုချင်တယ်ဆိုရင်ကော"
ရဲ့ချန်းလျန် မျက်နှာ ပျက်သွားသည်။ သူက ငါ့ကို ရရင်ဒါတွေ အကုန်ရမယ်လို့ တွေးနေတာလားသူ့ရဲ့ ရည်မှန်းချက်ကို ငါမမြင်ဘူး ထင်နေတာလား။
"ဒါဆိုရင်လည်း မကျင့်နဲ့တော့ သွားချင်တဲ့နေရာ သွား"
သူမ စိတ်ပျက်လက်ပျက်ဖြင့် ပြောလိုက်သည်။ အခွင့်အရေးပေးတာတောင် မင်းက အသုံးမကျဘူး။
"မပြန်သေးဘူးလား"
"မှောင်နေပြီလေ ကျွန်တော် လိုက်ပို့ပေးပါရစေ"
ရဲ့ချန်းလျန်ခဏလောက်တိတ်ဆိတ်သွားပြီးနောက် "ဒါဆိုရင်လည်းငါ့ရဲ့အလုပ်တွေကိုဝင်မရှုပ်နဲ့လျှောက်မသွားနဲ့ပြီးမှငါ့လူတွေနဲ့ပြန်ပို့ခိုင်းလိုက်မယ်"