အခန်း ၁၃၈ မည်သူကများ တာအိုကို စော်ကားရဲသနည်း။
"ဖေဖေ"
ငါးလေးတွေ ဘယ်မှာလဲ။
ငါးတွေက တိမ်တွေအောက်မှာ ရှိတာလေ။ သမီး ငါးမျှားတံ ချလိုက်တာနဲ့ မကြာခင်မိမှာပါ ငါးဖမ်းပြီး ပြန်ရောက်ရင် ဖေဖေ သမီးကို ငါးစွပ်ပြုတ် လုပ်ပေးမယ် ဟုတ်ပြီလား။
"ဟုတ်ကဲ့ပါ"
ကလေးမလေးသည် ချစ်စဖွယ်အသံလေးဖြင့် ပြန်ဖြေပြီးနောက် ရွှေရောင်ငါးမျှားတံကို လက်နှစ်ဖက်ဖြင့် မြဲမြဲကိုင်ကာ မျှော်လင့်ချက်အပြည့်ဖြင့် ငါးမျှားကြိုး ချလိုက်သည်။ ငါးမျှားချိတ်တွင် ကြိုးမပါသော်လည်း ငါးမျှားတံ၏ ဆွဲအားဖြင့် ထိန်းထားသည်။
မြောက်ဘက်ပင်လယ်၏ တိမ်ပင်လယ်ကြားတွင် ယခုအချိန်၌ စစ်မှန်သော နဂါးမျိုးနွယ်အပေါင်းမှာ ကြောက်ရွံ့တုန်ရင်နေကြသည်။
"အဲဒီ ပုဂ္ဂိုလ်ကြီး ဘာလို့ဒီကို တစ်ခါပြန်လာပြန်တာလဲ"
သူတို့ မလာတာ ခြောက်လလောက်ရှိပြီ မဟုတ်လား ဟင်းလင်းပြင်မျိုးနွယ်ကပြောတော့ သူတို့က ငါတို့တွေကို ပုံမှန်လာဖမ်းမယ်ဆို အခုမှရက်နည်းနည်းပဲ ရှိသေးတာကို ပြီးခဲ့တဲ့တစ်ခေါက်ကလည်း အများကြီး ဖမ်းသွားပြီးပြီလေ။
တောက် ဘယ်သူသိမှာလဲ ငါတို့တွေသေသည်အထိ တိုက်ရမှာပဲ။ ငါတို့တွေက နဂါးမျိုးနွယ်ပဲ မိစ္ဆာမျိုးနွယ်တွေထဲမှာ အမြင့်မြတ်ဆုံး သွေးနှလုံးရှိတဲ့သူတွေ။ သူများအိမ်အောက်မှာ ကပ်နေရတာ မှန်ပေမဲ့ ဒီလို အရှက်ခွဲတာကိုတော့ ဘယ်တော့မှ အကြည့်မခံနိုင်ဘူး။ နဂါးတွေက အခုတော့ ပုန်ကန်ဖို့စတင်နေကြပြီ။
ငါတို့တွေ မျိုးပွားမြန်တာက ငါတို့ကိစ္စ။ မင်းတို့က လာလာဖမ်းနေတာက မတရားဘူးလေ ငါတို့တွေက နဂါးမျိုးနွယ်ဝင်တွေ ဖြစ်နေတာကို ဒီလိုအရှက်ခွဲတာကို ဘယ်လိုခံနိုင်ရမှာလဲ ငါတို့တွေကို ငါးဖမ်းသလို လာဖမ်းနေတာလား ငါတို့ဦးနှောက်မှာ တစ်ခုခု ချို့ယွင်းနေတယ်လို့ ထင်နေတာလား။
အထက်တွင်တော့ ချူမူမှာ ငါးမျှားတံကို ကိုင်ရင်း ဆွံ့အလျက် ရပ်နေသည်။ ငါးမျှားတံဆီကနေ ထွက်ပေါ်နေတဲ့ စည်းမျဉ်းစွမ်းအားတွေကို သူမ အာရုံခံမိနေသည်။
စည်းမျဉ်းစွမ်းအားတွေကို အသုံးချနိုင်တာက မဟာဧကရာဇ်ရဲ့ နည်းလမ်းပဲ အဖေက ငါးဖမ်းဖို့အတွက် ငါးမျှားတံထဲကို စည်းမျဉ်းတွေ ထည့်ထားတာလား မဟုတ်ဘူး ဒီနေရာက ဟင်းလင်းပြင်မျိုးနွယ်စုအခြေစိုက်တဲ့ စစ်မှန်တဲ့ နဂါးမျိုးနွယ်တွေ နေထိုင်တဲ့ မြောက်ဘက်ပင်လယ်ပဲ။
ရှင်က ဒီကို ငါးဖမ်းဖို့လာတာလား နဂါးဖမ်းဖို့ လာတာလား။ အဓိက မေးခွန်းကတော့ နဂါးတွေက တကယ်ပဲ အစာလာဟပ်မှာလား သူတို့က လူအတွေများလား။
"မူမူ ကြိုးချလေ ကြိုးမချဘဲနဲ့ ဘယ်လိုလုပ် ငါးမိမှာလဲ"
ချူနင်က ပြုံးပြီး သတိပေးလိုက်ရာ ချူးမူ၏ မျက်နှာမှာ ရှုပ်ထွေးသွားသည်။
"ဖေဖေ အစာမပါဘဲနဲ့ ငါးက ဘယ်လိုလုပ် ဟပ်မှာလဲ"
ရှင်တကယ် မိမယ်လို့ ထင်လို့လား။ ဒါက စစ်မှန်တဲ့ နဂါးနော် သူတို့က တို့တွေကို ပြန်တိုက်ပြီး တစ်လုပ်တည်း မျိုမချဘူးလို့ ရှင် သေချာလား။ ချူနင်က ချက်ချင်းပင် မူမူ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
"မူမူက တော်လိုက်တာ ငါးဖမ်းဖို့ အစာလိုတယ်ဆိုတာကိုတောင် သိတယ်"
"အရမ်းတော်တာပဲ ဖေဖေ့ကို အနမ်းတစ်ချက် ပေးပါဦး"
ချူးမူ: "......"
ရှင်က ကျွန်မကို ရှင့်ရဲ့ အချိုသတ်စကားတွေကို လိုအပ်နေတဲ့ လူအတစ်ယောက်လို့ ထင်နေတာလား။ နမ်းပြီးနောက် ချူနင်သည် ငါးအစာများကို အများအပြား ကျဲချလိုက်သည်။
ဖေဖေတို့တွေ အစာတွေအများကြီး ကျဲထားပြီးပြီဆိုတော့ ငါးမျှားချိတ်မှာ အစာမပါလည်း ကိစ္စမရှိပါဘူး။
တိမ်ပင်လယ်အတွင်း၌ နဂါးမျိုးနွယ်စုခေါင်းဆောင်ကြီးမှာ ဤကဲ့သို့ နှိမ်ချခံရသော ဘဝကို ထပ်မံ မခံစားနိုင်တော့ပေ။
ငါတို့တွေကို မင်းတို့ အလိုရှိသလို သတ်လို့ရတဲ့ နိမ့်ကျတဲ့ တိရစ္ဆာန်တွေလို့ ထင်နေတာလား အဆိုးဆုံး ဖြစ်လာရင် သေသည်အထိတိုက်မယ် မင်းတို့က ငါတို့ရဲ့ နဂါးရိုးတွင်းခြင်ဆီကို ဘယ်တော့မှ စားရမှာ မဟုတ်တော့ဘူး။
သို့သော် နောက်တစ်ခဏမှာပင် တိမ်ပင်လယ်ထဲသို့ ရတနာများစွာ မိုးရွာသကဲ့သို့ ကျဆင်းလာသည်။
မျိုးနွယ်စုခေါင်းဆောင်မှာ ကြောင်သွားရသည်။ ဒါသက်ရှည်သီးတွေပဲ ဒါကိုစားလိုက်ရင် နောက်ထပ် နယ်ပယ်တစ်ခုကို တက်နိုင်မှာ။ ဒီအရာက ဖရိုဖရဲအပိုင်းအစတွေပဲ ဖရိုဖရဲမျိုးနွယ်တွေမှာပဲ ရှိတဲ့အရာ။
ဒီအရာတွေက ကျင့်ကြံသူတွေအတွက်တော့ နည်းနည်းပြင်းထန်ပေမဲ့ ငါတို့နဂါးမျိုးနွယ်တွေအတွက်တော့ အားဆေးအကြီးစားပဲ။ ထို့အပြင် သူတို့ တစ်ခါမျှ မမြင်ဖူးသော အခြား ရတနာများစွာလည်း ပါဝင်သည်။ နဂါးအိုကြီးမှာ ဆွံ့အသွားရသည်။
စီနီယာဒါမျိုးဆိုရင်လည်း စောစောက ပြောပါရောလား။နဂါးအနည်းငယ်ပဲ မဟုတ်လား ရော့ယူသွားလိုက် မိချင်သလောက် မိစေရမယ်။ ငါတို့တွေက အပွားမြန်တယ် နှစ်တိုင်းနဂါးပေါက်လေးတွေ သိန်းနဲ့ချီပြီး နယ်မြေလုနေကြတာ။
စီနီယာတို့သာ ဝင်မစွက်ဖက်ရင် သူတို့ ကြီးထွားဖို့ နေရာတောင် ရှိမှာမဟုတ်ဘူး။ မျက်လုံးထက်မြက်သော နဂါးလူသားလေးတစ်ယောက်က လေသံနှိမ့်ပြီး သတိပေးလိုက်သည်။
"ခေါင်းဆောင် အဲဒီလူကအခု သတိလက်လွတ် ဖြစ်နေတာဒါက အခွင့်အရေးကောင်းပဲ"
သေရမယ်ဆိုရင်တောင် အဲဒီအရာကို ကျွန်တော်တို့တွေ ပြင်းပြင်းထန်ထန် ဒဏ်ရာရအောင် လုပ်ရမယ်။ လူသားတွေရဲ့ ဒီလို နှိမ်ချတာကို တို့တွေ အကြည့်မခံနိုင်ဘူး။ အခုဆို ကျွန်တော်တို့တွေကို အစာကျွေးပြီး မျှားဖို့တောင် ကြိုးစားနေတာ၊ ဒါက တကယ့်ကို သည်းမခံနိုင်စရာ အရှက်ကွဲမှုပဲ။
နဂါးအိုကြီး သတိဝင်လာသောအခါ ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ မင်းက တာအိုနတ်မင်းကြီးကို စော်ကားရဲတယ်ပေါ့ မင်းရဲ့ အသက်က ဒီမှာရှိတဲ့ ရတနာတွေလောက်တောင် တန်ဖိုးမရှိဘူးဆိုတာ သိလား။
ကဲအဲဒီ ငါးမျှားချိတ်မှာ သွားချိတ်ပေးလိုက်စမ်း။ ငါကြည့်လိုက်တာ အဲဒီ ငါမျှားချိတ်က သာမန်မဟုတ်ဘူး။ အစာကျွေးတဲ့ နတ်မင်းကြီးက ငါးမျှားချင်နေမှတော့ ငါတို့တွေက စိတ်ကျေနပ်အောင် လုပ်ပေးရမှာပေါ့။
နဂါးလူသားတွေ အားလုံး ကြောင်သွားကြသည်။
ဗျာ
ကျွန်တော်တို့က သူ့ကို မတိုက်ဘဲနဲ့ နဂါးလူသားတွေကိုပဲ ကိုယ်တိုင် သွားဆက်သရမှာလား။
"ဘာရပ်ကြည့်နေကြတာလဲ"
"ပထမဆုံးသွားတဲ့သူက ဒီရတနာတွေကို ရမယ်"
နဂါးလူသားတွေ မတွန့်ဆုတ်တော့ပေ။
ခေါင်းဆောင် ဘာလို့လဲ ကျွန်တော်က နဂါးမျိုးနွယ်ရဲ့ ဂုဏ်သိက္ခာအတွက် ပြောတာလေ။ နဂါးအိုကြီးက လက်ကို နောက်ပစ်ကာ ရတနာအားလုံးကို တည်ငြိမ်စွာ သိမ်းဆည်းလိုက်သည်။
"မင်းရဲ့ပေးဆပ်မှုကို ငါမှတ်ထားပါ့မယ်။ စိတ်ချပါ မင်းရဲ့ မိန်းမနဲ့ ကလေးတွေကို ငါစောင့်ရှောက်ပေးပါ့မယ်"
"ခေါင်းဆောင်"
ဒေါသထွက်နေသော နဂါးသည် ရုန်းကန်ရန် ပြင်သော်လည်း ငါးမျှားချိတ်နှင့် ထိလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှာ ကြီးမားသော စွမ်းအားတစ်ခု၏ ထိန်းချုပ်မှုကြောင့် လျင်မြန်စွာ ကျုံ့သွားသည်။ ကြီးမားလှသော နဂါးကြီးသည် တစ်ပေတောင် မပြည့်သော ငါးရံ့လေးအဖြစ် ပြောင်းလဲသွားပြီး ခဏအတွင်းမှာပင် အဖမ်းခံလိုက်ရသည်။
ချူမူသည် ဦးချိုပါသော ငါးရံ့လေးကို ကြောင်ကြည့်နေမိပြီး တစ်ချက်ကြည့်ရုံနှင့်ပင် သိလိုက်သည်။
ကောင်းကင်ဖြစ်စဉ်အထွတ်အထိပ်မှာ ရှိတဲ့ စစ်မှန်တဲ့နဂါးကြီးက ဒီလိုပဲအဖမ်းခံလိုက်ရတာလား။
မဟုတ်ဘူးလေ။
ဒါက နည်းနည်းတော့ လွန်မနေဘူးလား။
ဘယ်လို နည်းလမ်းကို သုံးလိုက်တာလဲ ဒီငါးမျှားတံကြောင့်လား။
ယောင်ယောင်၏ မျက်လုံးများ ချက်ချင်း ဝင်းလက်သွားပြီး ငါးရံ့ကြီးကို မြင်သောအခါ ပို၍ စိတ်အားထက်သန်လာသည်။
"သမီးလည်း ငါးမျှားချင်တယ်"
ချူနင်က ရယ်မောလိုက်ပြီး တိမ်တိုက်လွှာပေါင်းများစွာကို ဖောက်ထွင်းကာ နဂါးအိုကြီးကို စိုက်ကြည့်လိုက်သည်။ တစ်ချက်ကြည့်ရုံနှင့်ပင် နဂါးအိုကြီး နားလည်သွားသည်။ အကယ်၍ ဒီကလေးမလေး ငါးမမိရင် သူတို့ သေပြီ။
အရင်ငါးမျှားတဲ့သူက အစာတွေ အကုန်ကျွေးထားပြီးပြီ။ အခု ငါးက တက်မလာရင် အဲဒီစီနီယာကြီးက ဆင်းလာတော့မှာ။
"ညီအစ်ကိုတို့ သွားချင်တဲ့သူ ရှိလား"
"သူ့ရဲ့ မိသားစုကို ငါစောင့်ရှောက်ပေးမယ်လို့ အာမခံတယ်။ ရတနာတွေရဲ့တစ်ဝက်ကိုလည်း သူ့မိသားစုကို ပေးမယ်"
အကယ်၍ မင်းတို့ကံကောင်းလို့ ပြန်လွတ်လာရင် ရတနာအားလုံး ယူသွားလိုက်။ မဟုတ်ရင်တော့ ဒီနေ့က တို့နဂါးမျိုးနွယ် ပျက်သုဉ်းတဲ့နေ့ ဖြစ်လိမ့်မယ်။ နဂါးလူသားတွေ ချက်ချင်း ဆွံ့အသွားကြသည်။
တစ်ယောက်တည်းနဲ့ မလုံလောက်ဘူး ဒါပေမဲ့အဲဒီရတနာတွေက တကယ်ကို ဆွဲဆောင်မှု ရှိလွန်းတယ်။ ကိုယ့်အသက်ကို ရင်းပြီး သွားရင် ဒီလောက်ရတနာတွေ ရမှာဆိုတော့။
"ခေါင်းဆောင် ဒါတကယ်လား"
"ငါ ကောင်းကင်တာအိုကို တိုင်တည်ပြီး ကျိန်ဆိုတယ်"
မြန်မြန် သွားကြစမ်းပါ အဲဒီလူကငါ့ကိုထပ်စိုက်ကြည့်နေပြီ။
"ကျွန်တော် သွားမယ်"
.....
"ဖေဖေ သမီး ငါးမိပြီ"
"သမီး ငါးစွပ်ပြုတ် သောက်ချင်တယ်"
ကလေးမလေးသည် ငါးရံ့ကြီးကို စိတ်လှုပ်ရှားစွာမယူပြီး ရေပုံးလေးထဲသို့ ဂရုတစိုက် ထည့်လိုက်သည်။ ငါးရံ့အိုကြီး နှစ်ကောင်သည် ရေပုံးလေးထဲတွင် ရူးသွပ်စွာ ကူးခတ်နေကြသည်။ ကလေးမလေးက သူတို့ကို ရံဖန်ရံခါ စနောက်နေပြီး မျက်နှာတွင် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်။
ချူမူမှာ ကျောချမ်းသွားသလို ခံစားရသည်။ ဤရေပုံးမှာ ရိုးရိုးနေရာလွတ်တစ်ခုထက် ပိုနေပုံရသည်။ ဤငါးမျှားချိတ်မှာလည်း စည်းမျဉ်းများဖြင့် အုပ်ချုပ်ထားသော မှော်လက်နက်ဖြစ်သည်။
စစ်မှန်သော နဂါးတစ်ကောင်က ၎င်းကို ထိလိုက်သည်နှင့် မူလပုံစံသို့ ပြန်မပြောင်းနိုင်ဘဲ ငါးရံ့လေးသာ ဖြစ်နေရတော့သည်။
ကောင်းပြီလေ
အကယ်၍ ရှင်က ဒီကမ္ဘာရဲ့ အချုပ်အနှောင်တွေကနေ လွတ်မြောက်အောင် ဦးဆောင်နိုင်မယ်ဆိုရင် ဒီနည်းလမ်းက လက်ခံနိုင်စရာပါပဲ။
ဟင် ငါးထပ်မိပြန်ပြီလား။
အဖေရဲ့ အစာကျွေးတဲ့ နည်းလမ်းက တော်တော်လေး ထိရောက်သားပဲ။
ကျင့်ကြံမှုကိုလည်း မထိခိုက်စေဘဲ စိတ်စွမ်းအားကိုလည်း ကျင့်ကြံနိုင်သဖြင့် ငါးဖမ်းခြင်းမှာလည်း ရွေးချယ်စရာကောင်းတစ်ခု ဖြစ်သည်။ ချူမူသည် ငါးဖမ်းခြင်း၏ ပျော်ရွှင်မှုကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိလာသည်။
တိမ်တိုက်တွေအထက်မှာ သားအဖသုံးယောက် ငါးမျှားနေကြသည်။ မလှမ်းမကမ်းတွင် ကျင့်ကြံသူတစ်စု ရောက်ရှိလာကြပြီး အဝေးကနေ သူတို့ကို မြင်သောအခါ အံ့ဩသွားကြသည်။
"ဟေ့ ကြည့်စမ်း အဲဒီကလေးမလေး နှစ်ယောက်က စစ်မှန်တဲ့နဂါးကို ငါးမျှားနေတာလား သူတို့ရဲ့ လူကြီးက ဘယ်သူဖြစ်မလဲ"
ငါဒီလူကိုတစ်ခါမှ မမြင်ဖူးဘူး ဒီနေရာက ဟင်းလင်းပြင်မျိုးနွယ်စုရဲ့ နယ်မြေဆိုတာ သူတို့ မသိကြဘူးလား ဒီမှာ ဒီလောက် အကြီးအကျယ် လာလုပ်နေရဲတာ သေဖို့ မကြောက်ဘူး ထင်တယ်။
"ဟေး ဟိုကလူ"
"တောက် စီနီယာ ဒီလူတွေက သာမန်တော့ မဟုတ်လောက်ဘူး ငါတို့တွေ မလုပ်ရင် ကောင်းမလား"
ဝတ်စုံဖြူဝတ် အမျိုးသမီးက သူတို့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ဒီနေရာက ငါတို့ဟင်းလင်းပြင်မျိုးနွယ်စုရဲ့ နေရာပဲ ရှင်တို့က ဘယ်သူမို့လို့ တို့ရဲ့ နယ်မြေမှာ လာပြီး အကျိုးအမြတ် ထုတ်နေရဲတာလဲ"
ချူနင် သတိပြန်ဝင်လာပြီး ပြေးလာသော ဝတ်စုံဖြူဝတ် နတ်သမီးလေးကို မြင်လိုက်သည်။ သူက ဇဝေဇဝါဖြင့် သူ့ကိုယ်သူ ပြန်ညွှန်ပြလိုက်သည်။
မင်းက ငါကို ပြောတာလား။
ကလေးငယ် နှစ်ယောက်ကလည်း ခေါင်းမော့ကြည့်လိုက်ကြသည်။
"ရှင် မဟုတ်ရင် ဘယ်သူရှိဦးမှာလဲ"