အခန်း ၁၃၆ သူမ၏ ရည်မှန်းချက်
ထိုအချိန်မှစ၍ အင်ပါယာသည် စစ်ပွဲကြီးအတွက် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ပြီး အရပ်ရပ်မှ စစ်သည်တော်များကို စုရုံးစေခဲ့သည်။ အခြားသော အင်ပါယာများကလည်း အရိပ်အယောင်များကို သတိထားမိကြပြီး စစ်ပွဲအတွက် အလျင်အမြန် ပြင်ဆင်ကြတော့သည်။
ဤတစ်ကြိမ်တွင် ထိုက်ရွှီမြင့်မြတ်နယ်မြေအခြေစိုက်စခန်းသည် ဝင်ရောက်စွက်ဖက်ရန် ရည်ရွယ်ချက်မရှိပေ။ သို့သော်လည်း ကြိုတင်ကာကွယ်သည့်အနေဖြင့် အရန်စစ်သည်များအဖြစ် ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူ သုံးဦးကိုသာ စေလွှတ်ခဲ့သည်။
ရဲ့ချန်းလျန်ကိုယ်တိုင် စစ်ချီခြင်းမှာ လော့ချန်းအင်ပါယာ၏မြို့တော်ကို ဖျက်ဆီးရန်နှင့် ကျိမိသားစုဝင်များ (ဧကရာဇ်အပါအဝင်) ကို ကိုယ်တိုင် ကွပ်မျက်ရန်အတွက် ဖြစ်သည်မှာ ငြင်းစရာမရှိပေ။
နို့ဖြတ်သည့် လုပ်ငန်းစဉ်မှာလည်း ချောမွေ့စွာ ပြီးဆုံးသွားခဲ့ပြီ။ မူမူက နို့ဗူးကို ပထမဆုံး လက်ခံပြီး ကျင့်သားရသွားသူ ဖြစ်သည်။ ယောင်ယောင်ကတော့ အစပိုင်းတွင် တွန့်ဆုတ်နေခဲ့သော်လည်း (သူမက မူလနေရာကနေ တိုက်ရိုက်သောက်ရတာကို အကောင်းဆုံးဟု ယူဆထားသောကြောင့်ဖြစ်သည်) ချူးနဥ်က နို့စပ်နည်းကို ထပ်မံအဆင့်မြှင့်လိုက်သောအခါ သူမသည် နို့ဗူးထဲမှ နို့ရည်မှာ ပို၍ပင် အရသာရှိကြောင်း တွေ့ရှိသွားတော့သည်။
ဒါဆိုရင် မူလနေရာကနေ မသောက်တော့ဘူး နို့ဗူးနဲ့ပဲ သောက်တော့မယ်။ ယနေ့နံနက်တွင် ရှောင်ပင်းသည် ရဲ့ချန်းလျန်နှင့် ချူနင်တို့ကို နဂါးဝတ်ရုံများ ဆင်မြန်းပေးခဲ့သည်။
မူမူနဲ့ ယောင်ယောင် ဖေဖေနဲ့ မေမေတို့ ခဏလောက် အပြင်သွားစရာရှိတယ်။ ရှောင်ပင်းမမနဲ့အတူ ကျင့်ကြံရင်း စောင့်နေကြနော်။ နေ့စဉ် နံနက်ခင်း တရားထိုင်ခြင်းမှာ ဖေဖေ မရှိလျှင်ပင် ယောင်ယောင်အတွက် မဖြစ်မနေ လုပ်ဆောင်ရမည့် အရာတစ်ခု ဖြစ်နေပြီ။
"ဟုတ်ကဲ့မေမေ ဖေဖေကဘယ်တော့ ပြန်လာမှာလဲ"
ဖေဖေက မကြာခင် ပြန်လာမှာပါ။ ရဲ့ယောင်က ခေါင်းကို အားပါးတရ ညိတ်လိုက်သည် ဒါဆိုရင် ဖေဖေ ပြန်လာမှပဲ သမီး ကျင့်ကြံတော့မယ်။ ချူနင်က ပြုံးပြီး သမီးဖြစ်သူ၏ ခေါင်းကို ပွတ်ပေးလိုက်သည်။
ယောင်ယောင် သမီး အရင်ကျင့်နှင့်လို့ ရပါတယ်။ သမီး ကျင့်ပြီးတဲ့အချိန်ကျရင် ဖေဖေ ပြန်လာမယ် ပြီးရင် ဖေဖေ သမီးကို ငါးဖမ်းလိုက်ပို့မယ်ဟုတ်ပြီလား။
"ဟုတ်ကဲ့"
ကလေးတွေကို ဖျောင်းဖျရတာ လွယ်ကူပါသည်။ ယောင်ယောင်ကတော့ ဒီအတိုင်းပါပဲ၊ မူမူကတော့ မူမူကို ဖျောင်းဖျဖို့ မလိုပေ။ သူမ၏ မျက်ဝန်းများက အလွန်ပင် တည်ငြိမ်ပြီး အသိဉာဏ်ရှိလှသည်။ မိဘတွေ လုပ်သမျှကို သူမနားလည်နေသည့်အလားပင်။
အရှေ့ဘက်ကို စစ်ချီတော့မယ် ထင်တယ် မေမေကို ခဏလောက် တွေ့ရမှာ မဟုတ်တော့ဘူး။ သို့သော် ဤအချိန်ကာလသည် သူမကိုယ်တိုင် ကျင့်ကြံရန်အတွက် လုံလောက်သော အချိန်ဖြစ်သည်။
ယခုအခါ ချူမူ၏ စိတ်အာရုံမှာ သတ္တမအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ကျင့်ကြံမှုမှာ စတုတ္ထနယ်ပယ်၏ အစောပိုင်းအဆင့်သို့ ရောက်နေပြီဖြစ်ရာ ကျင့်ကြံမှုနှုန်း အလွန်မြန်လှသော ရဲ့ယောင်ကိုပင် မှီလာခဲ့ပြီ ဖြစ်သည်။
ရဲ့ယောင်၏ စိတ်အာရုံမှာလည်း သတ္တမအဆင့်တွင်ရှိပြီး ကျင့်ကြံမှုမှာ စတုတ္ထနယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေသည်။ တကယ့်ကို မယုံနိုင်စရာပင်။
လောလောဆယ်တွင် သူတို့သည် သူတို့၏မွေးရာပါ ကျင့်စဉ်များကိုပင် မကျင့်ရသေးဘဲ စိတ်ကျင့်စဉ်ကိုသာ အမြဲမပြတ် ဆန်းစစ်ကျင့်ကြံနေကြခြင်း ဖြစ်သည်။
ထိုသို့ပင် ဖြစ်လင့်ကစား နေ့စဉ် တိုးတက်မှုများ ရရှိနေသည်။ ချူနင်က သူတို့ကို ကျင့်စဉ်များ ပေးလိုက်လျှင် သူတို့၏အဆင့်က မည်မျှအထိ မြင့်တက်သွားမည်ကို တွေးကြည့်ရုံနှင့်ပင် သိနိုင်ပါသည်။
နဂါးဝတ်ရုံ ဆင်မြန်းထားသော လူနှစ်ဦးသည် ချန်းချင်းနန်းတော်မှ ထွက်ခွာလာကြသည်။
"ပြန်လာဖို့ ဘယ်လောက်ကြာမလဲ"
ယဲ့ချင်လျံက ခဏ စဉ်းစားလိုက်သည် ကျွန်မကိုယ်တိုင် စစ်ဦးစီးမယ်ဆိုရင် ထိုက်ရွှီမြင့်မြတ်နယ်မြေ အခြေစိုက်စခန်းရဲ့ တည်နေရာရွှေ့ပြောင်းစင်မြင့်ကို သုံးပြီး နယ်စပ်ကို အမြန်ရောက်နိုင်တယ်။
သုံးရက်အတွင်းမှာ လော့ချန်းအင်ပါယာကို ဖျက်ဆီးနိုင်မှာပါ။ တိုက်ကြီးတစ်ခုလုံးကို သိမ်းပိုက်ဖို့ဆိုရင်တော့ နယ်မြေက အရမ်းကျယ်လွန်းလို့ အချိန်ယူရမှာ ဖြစ်ပေမဲ့ တစ်လအတွင်းမှာတော့ ပြီးနိုင်မှာပါ။
မူမူတို့အတွက်တော့တစ်ခုခု အကြောင်းပြပေးထားလိုက်ပါ။ သူတို့အတွက် လက်ဆောင်တွေ သွားဝယ်တာမို့လို့ ခဏကြာမယ်လို့ပဲ ပြောလိုက်မလား။ ချူနင်က တည်ငြိမ်သော မျက်နှာထားဖြင့် စဉ်းစားလိုက်သည်။
စိတ်မပူပါနဲ့ မူမူက တခြားသူကို ဖက်အိပ်တတ်တဲ့ကလေး မဟုတ်ဘူး။ ယောင်ယောင်ကလည်း ကိုယ့်ကိုပဲ ဖက်အိပ်တာ။ အခု သူတို့မှာ ကိုယ်ပိုင် နို့ဗူးတွေလည်း ရှိနေပြီဆိုတော့ မင်းမရှိတာကိုတောင် သတိထားမိမှာ မဟုတ်ဘူး။
ထိုစကားကို ကြားသောအခါ ရဲ့ချန်းလျန်မှာ ဒေါသထွက်သွားပြီး ချူနင်၏ ခြေထောက်ကို အားပြင်းပြင်းဖြင့် နင်းလိုက်တော့သည်။
"သူတို့ ကျွန်မကို လွမ်းရင် ကျွန်မဆီ ခေါ်လာခဲ့နော်။ ကျွန်မကို ကျွန်မသမီးလေးတွေနဲ့ မခွဲထားနဲ့"
ပြီးတော့ တခြားမိန်းမတွေဆီလည်း မသွားရဘူး။ ရှင်က နေရာအနှံ့ကိုအမြန်သွားနိုင်တာပဲ။ ကျွန်မ အားတဲ့အချိန်ကျရင် ဆက်သွယ်လိုက်မယ် ရှင်ကျွန်မဆီ လာခဲ့ပါ။ တကယ်လို့ ရှင် မလာချင်ရင်လည်း ရှောင်ပင်းဆီပဲ သွားလို့ရမယ်။
ချူနင်၏ နှုတ်ခမ်းထောင့်များ တွန့်သွားသည် မင်းက ကိုယ့်ကိုဘယ်လိုလူလို့ ထင်နေတာလဲ ပြီးတော့ ကိုယ်က မင်းလိုမျိုး ရင်သားထွားတဲ့သူကိုပဲ ကြိုက်တာပါ။ ရဲ့ချန်းလျန်မျက်နှာနီသွားပြီး ချူနင်ကို စိုက်ကြည့်လိုက်သော်လည်း ခဏအကြာတွင် ခေါင်းခါလိုက်သည်။
ရှောင်ပင်းကတော့ မသင့်တော်ဘူး ထင်ပေမဲ့ အလွန်ဆုံးဆိုရင်တော့ ရှောင်ပင်းကိုပဲ လက်ခံပေးနိုင်မယ်။ ဒါပဲပြောထားမယ် မဟုတ်ရင်လည်း စစ်ပွဲကို မထိခိုက်သရွေ့တော့ ကျွန်မဆီကို ခဏခဏ ပျံလာခဲ့လို့ ရပါတယ်။
ချူက ပြုံးပြီး ပြောလိုက်သည် မင်းမအားရင် ကိုယ်သမီးကိုခေါ်ပြီး မင်းဆီ လာလည်မယ်လေ။ အင်း အင်ပါယာရဲ့ အရေးကိစ္စတွေကို ရှင်ပိုပြီး ဂရုစိုက်ပေးပါ။ နန်းတွင်းအကြံပေးအဖွဲ့ကို အလုပ်အများစု လွှဲထားပေးပြီးသားပါ။
ရိက္ခာနဲ့ လက်နက်ထောက်ပံ့မှုလိုမျိုး အရေးကြီးတဲ့ ကိစ္စအနည်းငယ်ပဲ ရှိတာမို့ ရှင်အဆင်ပြေသလို စီစဉ်ပေးလိုက်ပါ။ ကောင်းပါပြီ စိတ်ချလက်ချ သွားပါ။ ကျန်တာ ကိုယ့်ကို ထားခဲ့လိုက်။
ရဲ့ချန်းလျန်းသွားရမည့် အကြောင်းပြချက်ကို ချူနင်နားလည်ပါသည်။ အခုက အကောင်းဆုံးအချိန် ဖြစ်နေသဖြင့် သူမ သွားချင်နေသည်မှာ သေချာသည်။ သူမ၏ ခင်ပွန်းအနေဖြင့် သူက ထောက်ခံပေးရမည်သာ ဖြစ်သည်။
သမီးဖြစ်သူကိုလည်း သူမဆီ အချိန်မရွေး ခေါ်သွားပေးနိုင်ပါသည်။ အမှန်အတိုင်း ပြောရလျှင် ခဏလေး သွားရရုံသာဖြစ်သဖြင့် သူ့အတွက် ဘာမှ အခက်အခဲ မရှိပေ။
သမီးက သူမကို တွေ့ချင်လျှင် သူ ခေါ်သွားပေးမည်။ သို့သော် အချိန်ကောင်းကိုတော့ ရွေးရမည်။ လူသတ်နေတာတွေမြင်လျှင် ကလေးစိတ်ဒဏ်ရာ ရသွားနိုင်သဖြင့် စစ်ဖြစ်နေချိန်မျိုးမှာတော့ မဖြစ်နိုင်ပေ။
မည်သို့ပင်ဆိုစေ ယခုမဟာချန်းအင်ပါယာ၏ အင်အားအရ စစ်ပွဲများက အကြာကြီး မကြာနိုင်ပေ။ သူတို့သည် ရန်သူ့တပ်များကို တစ်ဖက်သတ် ချေမှုန်းသွားမည် ဖြစ်သည်။ ရန်သူ့နိုင်ငံများတွင် အဆင့်အမြင့်ဆုံးမှာ သူတော်စင်အဆင့်သာ ဖြစ်သော်လည်း မဟာချန်းအင်ပါယာတွင် ယခုအခါ သူတော်စင်အဆင့် ကျင့်ကြံသူ ခုနစ်ဦး ရှစ်ဦးခန့် ရှိနေပြီဖြစ်သည်။
ထို့အပြင် ထိုက်ရွှီမြင့်မြတ်နယ်မြေအခြေစိုက်စခန်းမှ အထွတ်အထိပ် ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူ သုံးဦးလည်း လိုက်ပါသွားမည်ဖြစ်ရာ ရဲ့ချန်းလျန်ကိုယ်တိုင်ကလည်း ဧကရာဇ်လက်နက်ကို ကိုင်ဆောင်ထားသော အထွတ်အထိပ် ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူဖြစ်သည်။
"ငါ့ရဲ့ မဟာချန်းအင်ပါယာအလံကို ဒီမြေပြင်ရဲ့ လက်မတိုင်းမှာ စိုက်ထူနိုင်ရမယ်လို့ ငါသန္နိဋ္ဌာန်ချထားတယ်"
......
ညီလာခံခန်းမဆောင်ကြီးအတွင်း၌ အရာရှိကြီးငယ်များ အင်ပါယာ၏ ကျင့်ကြံသူများ အင်ပါယာအတွက် အမှုထမ်းနေသော ကျင့်ကြံသူများနှင့် ထိုက်ရွှီအင်ပါယာမှ ကျင့်ကြံသူများ အားလုံး စုံလင်စွာ ရောက်ရှိနေကြသည်။
"အရှင်မ ဘေးကင်းကျန်းမာပါစေ"
"အရှင်မင်းကြီး ကျန်းမာပါစေ"
"အားလုံး ထကြပါ။"
ရွှေရောင်နဂါးဝတ်ရုံ ဝတ်ဆင်ထားသော အမျိုးသမီးသည် ချူနင်၏ ဘေးတွင် ဖြည်းညှင်းစွာ ထိုင်လိုက်သည်။ ထိုအခါမှ လူအားလုံး မတ်တတ်ရပ်ကြသည်။
ရဲ့ချန်းလျန်သည် အပိုစကားများ မပြောဘဲ တိုက်ရိုက်ပင် အဓိကအချက်ကို ပြောလိုက်သည်။
စစ်တပ်စေလွှတ်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ငါ ညွှန်ကြားချက်တွေ ပေးပြီးသားပါ။ စစ်သည်တော် တစ်သန်းကို အနောက်ကနေ အရှေ့ကို စစ်ချီခိုင်းထားတယ်။ ပထမဆုံး လော့ချန်းအင်ပါယာကို ဖျက်ဆီးမယ်ပြီးရင် ကျန်တဲ့ တိုင်းနိုင်ငံတွေကို ချေမှုန်းမယ်။
မြို့တော်ကလွဲရင် ကျန်တဲ့မြို့တွေ အားလုံး လက်နက်ချနိုင်တယ် ဒါပေမဲ့ အရင်က မဟာချန်းအင်ပါယာကို တိုက်ခိုက်ခဲ့တဲ့ စာရင်းထဲက စစ်ဗိုလ်ချုပ်တွေ အားလုံးကိုတော့ ကွပ်မျက်ပြီး သူတို့ရဲ့ ဆွေမျိုးတွေကိုပါ အမြစ်ပြတ် သုတ်သင်ရမယ်။
အင်ပါယာမြို့တော်ဖြစ်မယ်ဆိုရင်တော့ တော်ဝင်မိသားစုဝင် အားလုံးကို သုတ်သင်ရမယ် အထူးသဖြင့် ကျိမိသားစုပဲ တစ်ယောက်မှ မကျန်စေရဘူး။ သူမ၏ အသံမှာ ကြည်လင်အေးစက်ပြီး အာဏာစက် ပြည့်နှက်နေကာ ခန်းမတစ်ခုလုံးကို ဟိန်းထွက်သွားစေသည်။
ရန်သူ့အင်ပါယာက တတိယအဆင့်နဲ့ အထက် အရာရှိတွေရဲ့ မိသားစုအားလုံးကို သုတ်သင်ရမယ်။ ရန်သူ့အင်ပါယာက တတိယအဆင့်နဲ့ အထက် စစ်ဗိုလ်ချုပ်တွေရဲ့ ဆွေမျိုးအားလုံးကို အမြစ်ပြတ် သုတ်သင်ရမယ်။ ရန်သူ့အင်ပါယာနဲ့ နီးစပ်တဲ့ မိသားစုတွေကို သုတ်သင်ရမယ်။
ရန်သူ့အင်ပါယာနဲ့ နီးစပ်တဲ့ ဂိုဏ်းအားလုံးကို သုတ်သင်ရမယ်။ ကျန်တဲ့ ပါဝင်ပတ်သက်သူ အရာရှိတွေနဲ့ ကျင့်ကြံသူတွေ အားလုံးကို ကွပ်မျက်ရမယ်။ ရဲ့ချန်းလျန်က စကားလမ်းကြောင်း ပြောင်းလိုက်သည်။
ငါ့ရဲ့ မဟာချန်းအင်ပါယာ စစ်ဗိုလ်ချုပ်တွေထဲက တတိယအဆင့်နဲ့ အထက် အရာရှိတစ်ယောက်ကို သတ်နိုင်သူကို စစ်ဘုရင်ဘွဲ့ ပေးအပ်ပြီး ဒုတိယတန်းစား အမတ်အဆင့် ချီးမြှင့်မယ်။ မင်းသားတစ်ပါး ဒါမှမဟုတ် ဝန်ကြီးချုပ်အဆင့်ရှိသူကို သတ်နိုင်သူကို စာလုံးနှစ်လုံးပါ ဘုရင်ဘွဲ့နဲ့ ပထမတန်းစား အခြွေအရံအဆင့် ချီးမြှင့်မယ်။
တိုင်းနိုင်ငံအသီးသီးက ဧကရာဇ်တွေကို သတ်နိုင်သူကိုတော့ စာလုံးတစ်လုံးပါဘုရင်ဘွဲ့နဲ့ အထူးတန်းစား အခြွေအရံအဆင့် ချီးမြှင့်ပြီး နယ်မြေနဲ့ ဘုရင်ဘွဲ့ကို အပ်နှင်းမယ်။
ငါ့ရဲ့ မဟာချန်းအင်ပါယာ ကျင့်ကြံသူတွေထဲက ဆဋ္ဌမအဆင့်နဲ့ အထက် ကျင့်ကြံသူတစ်ယောက်ကို သတ်နိုင်သူကို စစ်ဘုရင်ဘွဲ့နဲ့ ဒုတိယတန်းစား အမှုထမ်းအဆင့် ချီးမြှင့်မယ်။
သတ္တမအဆင့် သူတော်စင်အဆင့် ကျင့်ကြံသူကို သတ်နိုင်သူကို စာလုံးနှစ်လုံးပါဘုရင်ဘွဲ့နဲ့ ပထမတန်းစား ဂုဏ်ထူးဆောင်အဆင့် ချီးမြှင့်မယ်။
"အဋ္ဌမအဆင့် အနန္တအဆင့် ကျင့်ကြံသူကို သတ်နိုင်သူကို စာလုံးတစ်လုံးပါဘုရင်ဘွဲ့နဲ့ အထူးတန်းစား အမှုထမ်းအဆင့် ချီးမြှင့်မယ်။
အကယ်၍ ကောင်းကင်ဖြစ်စဉ်အဆင့်နဲ့ အထက် ကျင့်ကြံသူကို သတ်နိုင်ခဲ့ရင်တော့ ထျန်းရွှမ်တိုက်ကြီးရဲ့ ဘယ်နေရာမှာမဆို ဝိညာဉ်စွမ်းအင်ကြွယ်ဝတဲ့ နယ်မြေတစ်ခုကို ရွေးချယ်နိုင်ပြီးငါတို့ မဟာချန်းအင်ပါယာက အဲဒီမှာမြင့်မြတ်နယ်မြေအခြေစိုက်စခန်းအဆင့်ရှိတဲ့ ဂိုဏ်းတစ်ခု တည်ထောင်နိုင်အောင် ကူညီပေးမယ်။
ညီလာခံတွင်ရှိနေသော အရာရှိအားလုံး၏ မျက်လုံးများမှာ တောက်ပလာပြီး စိတ်လှုပ်ရှားသွားကြသည်။ ထိုက်ရွှီမြင့်မြတ်နယ်မြေအခြေစိုက်စခန်းမှ ကုယွမ်ပင်လျှင် ဆွံ့အသွားရသည်။
ဤစကားမှာ အင်ပါယာကြီးအချို့ကို သိမ်းပိုက်ရုံသာ မကတော့ပေ။ သူတို့သည် မင်ကူမြင့်မြတ်နယ်မြေ အခြေစိုက်စခန်းကိုပါ သူတို့၏ထိန်းချုပ်မှုအောက်သို့ သွင်းချင်နေကြခြင်း ဖြစ်သည်။
ထိုက်ရွှီမြင့်မြတ်နယ်မြေအခြေစိုက်စခန်းအနေဖြင့် ကျင့်ကြံသူ သုံးဦးတည်း စေလွှတ်ရုံနှင့် မလုံလောက်တော့ပေ။ ကျင့်ကြံသူ အားလုံးကို စေလွှတ်ရမည် ဖြစ်သည်။
စစ်ဗိုလ်ချုပ်များရော ကျင့်ကြံသူများပါ ဤဆုလာဘ်များမှာ သူတို့ မျှော်လင့်ထားသည်ထက် များစွာ သာလွန်နေပါသည်။ သူတို့သည် ရန်သူကို သတ်ရန် အလုအယက် ကြိုးစားကြတော့မည် ဖြစ်သည်။
ရဲ့ချန်းလျန်သည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး သူမ၏ ထက်ရှသော အကြည့်များဖြင့် လူအားလုံးကို ဝေ့ကြည့်ကာ အရှေ့ဘက် မိုးကုပ်စက်ဝိုင်းဆီသို့ လှမ်းကြည့်လိုက်သည်။
ချက်ချင်း စစ်ကြေညာပြီး ထိုက်ရွှီမြင့်မြတ်နယ်မြေအခြေစိုက်စခန်း နယ်မြေအတွင်းက ရန်သူ့အင်ပါယာတွေနဲ့ ဂိုဏ်းအားလုံးကို သုတ်သင်လိုက်စမ်း။ ဒီခရီးစဉ်က သုံးလအတွင်းမှာပဲ ပြီးရမယ်။ ငါတို့ ထျန်းရွှမ်တိုက်ကြီး တစ်ခုလုံးကို သိမ်းပိုက်မယ်။