အခန်း ၁၃၃ ကောင်းကင်တာအိုကိုယ်တိုင် လမ်းဖယ်ပေးရခြင်း
သူတို့ဇနီးမောင်နှံ၏ ခိုးကြောင်ခိုးဝှက် အစီအစဉ်ကိုမည်သူမျှ သတိမထားမိလိုက်ကြပေ။
အထူးသဖြင့် ယောင်ယောင်ကတော့ လုံးဝ သတိမပြုမိပါ။
သူမသည် ညဘက် နိုးလာပြီးဗိုက်ဆာလျှင် တစ်ယောက်ဆီကနေ နို့လှည့်သောက်ပြီးနောက် ကြုံရာနေရာမှာတင် ပြန်အိပ်ပျော်သွားတတ်သူ ဖြစ်သည်။
ချူမူအတွက်မူ ဖခင်နှင့် မိခင်ဘာလုပ်နေသည်ဆိုသည်မှာ အရေးမကြီးပါ။ မည်သို့ပင်ဆိုစေ သူမသည် သူတို့၏ ရင်ခွင်ထဲတွင် ဖက်အိပ်တတ်သူ မဟုတ်သဖြင့် ဂရုမစိုက်ပေ။
အရုဏ်တက်ချိန်သို့ ရောက်သောအခါ နှစ်ယောက်သား တိတ်တဆိတ် အိပ်ရာပြန်ဝင်ခဲ့ကြသည်။ သို့သော်လည်း အိပ်ရာထဲသို့ ဝင်သည့်အချိန်တွင် ရဲ့ချန်းလျန်၏ ခြေထောက်များက အနည်းငယ် တုန်ယင်နေခဲ့သည်။
နောက်တစ်နေ့ နံနက်။
ချူနင်နိုးလာသည် ယောင်ယောင်ကလည်း သူနှင့်အတူ နိုးလာသည်။
"ဟင်းချက်ကြစို့ ယောင်ယောင် ဖေဖေနဲ့အတူ ဟင်းချက်ချင်တယ်"
"မေမေက မနေ့ညက အရမ်းပင်ပန်းထားတာ ယောင်ယောင်အသံလေး တိုးတိုးပြောနော်"
ကလေးမလေးသည် ချက်ချင်းပင် သူမ၏အသံကို အဆပေါင်းများစွာ လျှော့ချလိုက်သည်။ ချူနင်က အဝတ်အစားလဲပေးပြီးနောက် သူမသည် ချူနင်၏ ခေါင်းပေါ်သို့ တွားတက်သွားသည်။
"ဟုတ်ကဲ့ ဖေဖေ ယောင်ယောင် တိုးတိုးနေပါ့မယ်။ တိတ်တိတ်လေး ထကြမယ် ဆူညံသံ မထွက်စေရဘူး"
"ယိုရှီး ငါ့ရဲ့ ချောမောတဲ့ သမီးလေး"
"ယိုရှီး မိရှီး"
ဆူညံသံကြောင့် နိုးလာသော ချူမူသည် တစ်ဖက်သို့လှည့်ကာ ရဲ့ချန်းလျန်ကို ဖက်ထားလိုက်သည်။
ဒီအဖေနဲ့ အူကြောင်ကြောင်ယောင်ယောင်တို့ ဘာတွေပြောနေကြတာလဲ ငါ ဘာမှနားမလည်ဘူး။
သူတို့နှစ်ယောက် သူမကို တစ်ခုခု ဖုံးကွယ်ထားသည်ဟု ခံစားရသော်လည်း သူမသည် အလွန်အိပ်ငိုက်နေသဖြင့် မလှုပ်ချင်တော့ဘဲ ဆက်အိပ်ရန်သာ ဆုံးဖြတ်လိုက်သည်။
ဟင်
မေမေ့ဆီက ဘာလို့ ဖေဖေရဲ့ အနံ့တွေ ရနေတာလဲ။ ဒါနဲ့ အဲဒီနှစ်ယောက် မနေ့ညက အပြင်ထွက်သွားကြတာပဲ။ ကောင်းတာတော့ လုပ်ကြမှာမဟုတ်ဘူး။ ထားလိုက်ပါတော့လေ ငါကတော့ ဒီမှာပဲ ဆက်အိပ်တော့မယ်။
နံနက်စာစားပြီးနောက် ရဲ့ချန်းလျန်က ညီလာခံသို့ သွားပြီး ရှောင်ပင်းက အခန်းကို စတင်ရှင်းလင်းသည်။ သန့်ရှင်းရေးလုပ်ပြီးနောက် ချူနင်သည် သမီးနှစ်ယောက်ကို အရှေ့တံခါးသို့ ခေါ်ဆောင်လာကာ စောင်တစ်ထည် ခင်းပြီး ထိုင်လိုက်ကြသည်။
နေမင်းထွက်ပေါ်လာပြီး အရှေ့ဘက်ကနေ ခရမ်းရောင်တိမ်တိုက်တွေ လာတဲ့အချိန်မှာ ကျင့်ကြံတာက တခြားအချိန်တွေထက် အဆပေါင်းများစွာ ပိုမြန်တယ်။
ယောင်ယောင် သမီးအစ်မကို ကြည့်ဦး သူကတရားထိုင်ပြီး ကျင့်ကြံနေပြီ။ သူက ဒီအတိုင်း ဆက်သွားရင် တကယ်ကို ပိုမြန်မြန် ပျံသန်းနိုင်တော့မှာ။ အဲဒီတော့ တို့တွေ ဘာလုပ်ကြမလဲ။
"သမီးတို့လည်း ကျင့်ကြံရမှာပေါ့ ဖေဖေ သမီးကို သင်ပေးပါ"
ထို့ကြောင့် သူတို့ လေးဦးသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်ကာ ထွက်ပေါ်လာသော နေမင်းကို ကြိုဆိုရင်း ကျင့်ကြံခြင်းဖြင့် နေ့သစ်ကို စတင်လိုက်ကြသည်။
ကလေးတွေကို ဖျောင်းဖျရတာ လွယ်ကူပါသည်။ သူတို့ပြောတာကို နားလည်ပြီး သူတို့ ဘာလိုချင်လဲဆိုတာကို သိနေသရွေ့တော့ ဆက်ဆံရေးမှာ ပြဿနာမရှိနိုင်ပေ။
သမီးနှစ်ယောက်စလုံးသည် တစ်နေ့တာ ကျင့်ကြံပြီးနောက် သိမ်မွေ့စွာနားလည်ခြင်း ဒုတိယအဆင့်သို့ ရောက်ရှိသွားကြသည်။
သူတို့သည် ပြည့်စုံသော ခန္ဓာကိုယ်ဖြင့် မွေးဖွားလာသူများဖြစ်သဖြင့် ခန္ဓာကိုယ် သန့်စင်ခြင်း သို့မဟုတ် ရိုးတွင်းခြင်ဆီ သန့်စင်ခြင်းများ ပြုလုပ်ရန် မလိုပေ။သူတို့၏ ကိုယ်ခံစွမ်းအားက ကျင့်ကြံခြင်းအတွက် အသင့်တော်ဆုံး ဖြစ်နေပြီးသား ဖြစ်သည်။
ထို့အပြင် သူတို့သည် အမေ့ဗိုက်ထဲတွင် ရှိနေစဉ်ကတည်းက ရေတွက်မကုန်နိုင်သော ဆေးဖက်ဝင် အပင်များဖြင့် ပြုစုခြင်း ခံခဲ့ရသည်။ ယနေ့ခေတ်တွင် သာမန်ကမ္ဘာ၌ မွေးဖွားလာသူ ဖြစ်လင့်ကစား မိခင်ဝမ်းဗိုက်ထဲက ပါလာသော မွေးရာပါဝိညာဉ်အလင်းကို အားကိုးရုံဖြင့် ကျင့်ကြံမှု အတားအဆီးများကို ကျော်ဖြတ်နိုင်သည်။
ချူနင်၏ နားလည်မှုအရ လမ်းကြောင်းသာ ရှင်းသွားပါက ကျင့်ကြံရုံဖြင့် သူတော်စင်အဆင့်သို့ အလွယ်တကူ ရောက်ရှိနိုင်သည်။ အကယ်၍ မိခင်ဝမ်းဗိုက်ထဲတွင် အခြေခံကောင်းကောင်း ချခဲ့ပါက အနာဂတ် ကျင့်ကြံမှုသည် နှေးကွေးနေမည် မဟုတ်ပေ။ လက်ရှိ ဒုတိယအဆင့်ဆိုသည်မှာ အစပျိုးရုံသာ ရှိပါသေးသည်။
ရဲ့ချန်းလျန်သည် ညီလာခံပြီးနောက် အစိုးရရေးရာများကို ကိုင်တွယ်ရန် မင်းတက်နန်းဆောင်သို့ မသွားမီ သူတို့ဘာလုပ်နေသလဲဆိုသည်ကို အမြဲတမ်း လာကြည့်တတ်သည်။
နန်းတော်ရှေ့တွင် လူကြီးနှစ်ယောက်နှင့် ကလေးနှစ်ယောက် တင်ပျဉ်ခွေ တရားထိုင်နေသည်ကို မြင်လိုက်ရသောအခါ သူမလည်း အံ့ဩသွားရသည်။
ကောင်းပြီလေ မနှောင့်ယှက်တော့ပါဘူး။ ဒီနေ့ တင်ပြစရာ စာလွှာတွေသိပ်မများဘူး အဓိကကတော့ နန်းတွင်းအကြံပေးအဖွဲ၊ စစ်ဝန်ကြီးဌာနနဲ့ စစ်ပြင်ဆင်မှုတွေ ဆွေးနွေးဖို့ပဲ ရှိတာ။
ယခုအခါ မဟာချန်းအင်ပါယာသည် အရင်ကထက် အဆပေါင်း ရာကျော် ပိုမိုအစွမ်းထက်လာပြီ ဖြစ်သည်။ လော့ချန်းအင်ပါယာ အပါအဝင် အခြားသော အင်ပါယာကြီး သုံးခုသည် ရဲ့ချန်းလျန်းကို ကမ္ဘာ့အရှင်သခင်အဖြစ် အသိအမှတ်ပြုရန်နှင့် သူတို့၏ နိုင်ငံများကို လွှဲပြောင်းပေးရန်ပင် ဆန္ဒရှိနေကြသည်။
သူတို့က ရာဇပလ္လင်ကိုသာ ဆက်လက် ထိန်းသိမ်းထားချင်ကြခြင်း ဖြစ်သည်။ သူတို့က ငြိမ်းချမ်းရေးကို လိုချင်ကြသည် စစ်ကို မလိုချင်ကြပေ။ နောက်နေတာလား မင်းတို့ရပ်ချင်တဲ့အချိန်မှာ ရပ်လို့ရမယ်လို့ ထင်နေတာလား။
ရဲ့ချန်းလျန်သည် လော့ချန်းအင်ပါယာက အခြားအင်ပါယာများနှင့် ပူးပေါင်းကာ သူမ၏ ဖခင်အပေါ် ကျူးကျော်စော်ကားခဲ့ပြီး နောက်ဆုံးတွင် ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သော နန်းတွင်းအာဏာသိမ်းမှုကို ကောင်းကောင်း မှတ်မိနေဆဲ ဖြစ်သည်။
သူမသည် ငယ်ငယ်ရွယ်ရွယ်နှင့် ထီးနန်းတက်ခဲ့ရပြီး ထိုအချိန်က သူမတွင် ဆွေမျိုးမိတ်သင်္ဂဟ မရှိခဲ့ပေ။ ချိုးကျွင်းနှင့် ဝါရင့်ဝန်ကြီးများသာ အင်ပါယာကို ထိန်းသိမ်းမပေးခဲ့လျှင် မဟာချန်းအင်ပါယာသည် ဟိုးကတည်းက ပျက်သုဉ်းသွားလောက်ပြီ။
ရဲ့ချန်းလျန်သည် ဤစကားများကို သူမကိုယ်သူမ အမြဲပြန်ပြောနေတတ်သည်။ ချူနင်က သူမကို အလွယ်တကူ ကူညီနိုင်မှန်း သိသော်လည်း ဖခင်၏ ရန်ကြွေးကို သူမကိုယ်တိုင်ပဲ ဖြေရှင်းချင်သည်။
အကယ်၍ စစ်ပွဲဖြစ်ပွားခဲ့လျှင် ကျန်ရှိနေသော တိုင်းနိုင်ငံ သုံးခုလုံးကို စစ်ကြေညာခြင်းပင် ဖြစ်လိမ့်မည် သူတို့သည် ထျန်းရွှမ်တိုက်ကြီးကို အနောက်မှ အရှေ့သို့ တစ်ခွင်လုံး သိမ်းပိုက်ကြလိမ့်မည်။
ကွယ်လွန်သွားသော ဧကရာဇ်နှင့် မိဖုရားကြီးတို့၏ ဝိညာဉ်များ အေးချမ်းစေရန်နှင့် ဤအရှက်ရမှုကို အပြီးတိုင် ဆေးကြောရန်အတွက် ကျိမျိုးနွယ်စုဝင် မင်းမျိုးမင်းနွယ် အားလုံး၏ ခေါင်းများကို ဖြတ်ပစ်ချင်နေသည်။
ငြိမ်းချမ်းရေး လိုချင်တယ် ဟုတ်လား။
လုံးဝ မဖြစ်နိုင်ဘူး။
ဤအချိန်တွင် ချူနင်သည်လည်း ကျင့်ကြံနေပါသည်။ ခန္ဓာကိုယ်အတွင်းတွင် စကြဝဠာရှိ ကြယ်များက အမြဲမပြတ် လည်ပတ်နေသည်။ ကျင့်ကြံသူ၏ ဝိညာဉ်နန်းတော်သည် ကျင့်ကြံခြင်းအတွက် သီးသန့်ဖြစ်တည်နေသော ကမ္ဘာတစ်ခုဖြစ်သည်။
စတုတ္ထ၊ ပဉ္စမနှင့် ဆဋ္ဌမအဆင့်များသည်အသီးသီး မျှော်စင်တက်ခြင်း၊ ပင်လယ်ကြည့်ခြင်း မြစ်ရေစူးစိုက်ခြင်းအဆင့်တို့ ရောက်ရှိလာကြသည်။ ခန္ဓာကိုယ်အတွင်းတွင် ထူးခြားသော ဖြစ်ရပ်မျိုးစုံ ပေါ်ပေါက်လာနိုင်သည်။
သတ္တမမြောက် သူတော်စင်အဆင့်သို့ ရောက်ရှိပါက ကမ္ဘာတစ်ခု၏ ပုံစံငယ်အဖြစ် ဖြစ်ပေါ်လာလိမ့်မည်။ ၎င်းမှာ ကျင့်ကြံသူ၏ကမ္ဘာငယ်လေးပင် ဖြစ်သည်။ ရဲ့ချန်းလျန်သည် ကောင်းကင်ဖြစ်စဉ်အဆင့်သို့ ရောက်ပြီးနောက်တွင် ဤကမ္ဘာသည် သန္ဓေတည်လာပြီဟု သတ်မှတ်နိုင်သည်။
ယေဘုယျအားဖြင့် ပြောရလျှင် ဤအဆင့်သို့ ရောက်ရှိပါက ကမ္ဘာတစ်ခုကို စိတ်ကူးပုံဖော်ရပြီး ထိုကမ္ဘာက ပိုကြီးလေလေ ကျင့်ကြံသူက ပိုအစွမ်းထက်လေလေ ဖြစ်သည်။
ရဲ့ချန်းလျန်သည် ထျန်းရွှမ်တိုက်ကြီးကို သူမ၏မျက်စိရှေ့တွင် ရှိနေသကဲ့သို့ စိတ်ကူးပုံဖော်ခဲ့သည်။ ထို့ကြောင့် သူမ၏စွမ်းအားနှင့် အဆင့်သည် သူမ၏မျိုးဆက်ရှိ ကောင်းကင်ဖြစ်စဉ်အဆင့် ကျင့်ကြံသူများကို ချေမှုန်းနိုင်ပြီး နောက်ပိုင်းတွင် ပိုမိုမြင့်မားသော တာအိုနယ်ပယ်များကိုပင် စိန်ခေါ်နိုင်သည်။
ချူနင်စဉ်းစားနေသည်မှာ ကမ္ဘာပေါင်းများစွာသာမက တစ်ခုလုံးသော ကြယ်စင်မြစ်တာအိုနယ်မြေပင် ဖြစ်သည် သင် ဘာကိုစိတ်ကူးသလဲ အဲဒါကတကယ်ရှိလာတာပဲ။
သို့သော် ဤဂလက်ဆီအတွင်း၌ ချူနင်သည် လင်းထိန်နေသော နေရာများကိုသာ မြင်တွေ့နိုင်သည်။ လင်းထိန်မနေသော နေရာများသည် ဖရိုဖရဲနိုင်မှုနှင့် အဆုံးမဲ့ဟင်းလင်းပြင်တို့ကို ကိုယ်စားပြုသည်။
ဟင်းလင်းပြင် ဧကရာဇ်နှင့် ဖရိုဖရဲဧကရာဇ်တို့သည် သူတို့၏စွမ်းအားကို မြှင့်တင်ရန် ဤစွမ်းအင်များကို အမြဲစုပ်ယူခဲ့ကြသော်လည်း ၎င်းတို့ကို လုံးဝ မထိန်းချုပ်နိုင်ခဲ့ကြပေ။
အပြင်ထွက်ပြီး တစ်ချက်လောက် သွားကြည့်ရင် ကောင်းမလား။ နေရောင်ခြည်က ပိုမြင့်လာပြီး သစ်ကိုင်းများပေါ်သို့ ရောက်ရှိလာကာ သစ်ပင်များပေါ်တွင် နွေရာသီ၏ အပူရှိန်က ပြင်းထန်လာသည်။
နံနက်ခင်း တရားထိုင်ခြင်းက ပြီးဆုံးလုနီးပါး ဖြစ်နေပြီး ယောင်ယောင်မှာ ချွေးများ ရွှဲနစ်နေသော်လည်း စိတ်ကျင့်စဉ်ကို အရူးအမူး ရွတ်ဆိုနေဆဲပင်။
ပျံမယ် ရှောင်ပင်းမမလို ပျံချင်တယ်။ ချူနင်က သမီးများ၏ နဖူးပေါ်က ချွေးများကို သုတ်ပေးရင်း သူတို့၏ စိတ်အခြေအနေကို အကဲခတ်လိုက်သည်။
သူတို့အားလုံး စိတ်အခြေအနေ ဆဋ္ဌမအဆင့်ကို ရောက်နေပြီလား။ ဤကဲ့သို့သော စိတ်အခြေအနေနှင့် မြန်နှုန်းမှာ ရဲ့ချန်းလျန်ထက်ပင် သာလွန်နေပြီ ဖြစ်သည်။
သူ့ဇနီး၏ အစောပိုင်း ကျင့်ကြံမှုမှာ ဓားနှလုံးသားကျင့်စဉ်ဖြစ်သော်လည်း သူမ၏ စိတ်အာရုံမှာ စတုတ္ထအဆင့်မှာသာ ရှိခဲ့သည်။
ဒါပေမဲ့ အခုကတော့ စိတ်အာရုံတိုးတက်ဖို့အတွက် အမြဲတမ်း လေ့ကျင့်နေရတာပါ။ ဝိညာဉ်ရေးရာ အဆင့်က တစ်နေရာကို ရောက်မှသာ စိတ်အခြေအနေက တိုးတက်လာမှာ ဖြစ်သည်။
သို့သော် သူ့သမီးကတော့ စိတ်ကိုအရင်ဆုံး ကျင့်ကြံမည်ဖြစ်သောကြောင့် နောက်ပိုင်းတွင် ကျင့်စဉ်များ ကျင့်ကြံသည့်အခါ အဟန့်အတားမရှိဘဲ အပေါစီးကနေ မြင်တွေ့နိုင်မည် ဖြစ်သည်။ သမီး၏ စိတ်အာရုံ ပြည့်စုံသွားသည်နှင့် ကျင့်စဉ်များကို စတင်သင်ကြားပေးနိုင်သည်။
မူမူနဲ့ ယောင်ယောင် ဖေဖေ သမီးတို့ကို အပြင်သွားကစားအောင် ခေါ်သွားမယ် ဟုတ်ပြီလား။ ချူမူက သက်ပြင်းရှည်ကြီး ချလိုက်ပြီး စိတ်ကို တည်ငြိမ်အောင် ထားကာ ပုံမှန်အခြေအနေသို့ ပြန်ရောက်လာသည်။
"အပြင်သွားကစားမလို့လား နန်းတော်အပြင်ဘက်ကိုလား"
"သွားမယ် ဖေဖေ သမီးတို့ကို ခေါ်သွားပါ"
ယဲ့ယောင်ကတော့ အဲဒီလောက်အထိ အဝေးကြီး မစဉ်းစားမိသေးပေ။ ဖေဖေနဲ့အတူ ကစားရရင် ဘယ်နေရာဖြစ်ဖြစ် သွားမှာပဲ ရှောင်ပင်းလည်းအံ့ဩသွားပြီး လှမ်းကြည့်လိုက်သည်။
"ဧကရာဇ်က မင်းသမီးလေးနှစ်ပါးကို ဘယ်ခေါ်သွားမလို့လဲ"
ကြယ်တွေကြားထဲမှာ လမ်းလျှောက်ကြည့်ချင်လို့ပါ မင်းလည်း လိုက်ချင်လား။ ရှောင်ပင်းက ချက်ချင်း ငြင်းဆိုလိုက်ပြီး သူမ၏မျက်နှာမှာ ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်သွားသည်။
အရှင် ကျွန်မကို မနှိပ်စက်ပါနဲ့တော့ ပြီးခဲ့တဲ့တစ်ခေါက်က အရှင်နဲ့အတူ အဲဒီလို အရေးကြီးတဲ့ ပုဂ္ဂိုလ်တွေကို တွေ့တုန်းက ကျွန်မ ခြေထောက်တွေ တုန်လွန်းလို့ ပြန်ကောင်းဖို့ အတော်ကြာသွားရတယ်။ ကျွန်မ မလိုက်တော့ဘူး နန်းတော်မှာပဲ နေပါရစေ။
ရှောင်ပင်း မင်းမှာ ဒီလိုစိတ်ဓာတ်မျိုး ရှိလို့ မရဘူး။ တစ်နေ့ကျရင် မင်းလည်း အဲ့ဒိအဆင့်ကိုရောက်မှာပဲ အခုမင်းရဲ့ ကျင့်ကြံမှုက အရမ်းမြန်မြန် တိုးတက်နေတာပဲ ဘာလို့ ဒါကိုလက်မခံနိုင်ရတာလဲ။
ရှောင်ပင်းက ဟင်းသီးဟင်းရွက် လာပို့တဲ့အဖိုးကြီးကို မြင်တုန်းက အဲဒါဟင်းလင်းပြင်ဧကရာဇ် ဖြစ်နေမယ်လို့ တွေးမိတော့ စိတ်ဓာတ်တွေ နည်းနည်း ပြိုလဲသွားလို့ပါ ကြယ်စင်မြစ် အကြောင်းကိုတော့ မပြောပါနဲ့တော့။
အရှင် မင်းသားလေးကိုပဲ ခေါ်သွားလိုက်ပါ ကလေးတွေက ဘာမြင်မြင် ထိတ်လန့်မှာ မဟုတ်ဘူး။ ကောင်းပြီလေ ဒါဆိုရင် မင်းကိုနောက်ကျမှခေါ်သွားတော့မယ်။ ယောင်ယောင်က ချူနင်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်သည်။
ဒီနေရာက ကြည့်လို့ ပိုကောင်းတယ်။ ဖေဖေ့စကားအရဆိုရင် ဖေဖေ့ခေါင်းပေါ်မှာ ရပ်နေရင် အရာအားလုံးကို ရနိုင်တယ်တဲ့။ ချူမူကတော့ မူလက ကျင့်ကြံဖို့ပဲ ရည်ရွယ်ထားခြင်း ဖြစ်သည်။
စိတ်အာရုံခြောက်ဆင့် နောက်ထပ် ရက်နည်းနည်းလောက် ကျင့်ရင်ငါ့ရဲ့စိတ်က ပြည့်စုံသွားလိမ့်မယ်
ဒီစိတ်ကျင့်စဉ်က တကယ်ကို ကြောက်စရာကောင်းလောက်အောင် ထူးခြားတာပဲ။
သို့သော် သူမသည် ကြယ်စင်မြစ်အကြောင်းကို ကြားလိုက်ရသည်။ ပြီးတော့ ဟင်းလင်းပြင်ဧကရာဇ် တဲ့လား ဟင်းသီးဟင်းရွက်လာပို့တဲ့ အဖိုးကြီးက တကယ်ပဲဟင်းလင်းပြင်ဧကရာဇ်လား သူက ငါ့ရဲ့ မောင်လေး မဟုတ်ဘူးလား။
မည်သို့ပင်ဖြစ်စေ ဤဖခင်မှာ သာမန်လူမဟုတ်ပေ။ ရှင်က တကယ်ပဲ အဲဒီအတားအဆီးကို ဖြတ်ကျော်ပြီး ကျွန်မတို့ကို ကြယ်စင်မြစ်ကို ပြနိုင်မှာလား။
ချူမူက သူမ၏ခြေထောက်လေးများကို လှုပ်ရှားပြီး ချူနင်ကို ဖက်ထားလိုက်သည်။ သူမသည် ဒါက အစစ်လား အတုလားဆိုတာကို သိချင်နေသည်။
"ဖေဖေ သမီး ပျံချင်တယ်"
"တင်းတင်းကြပ်ကြပ်ထိုင်နော် ဖေဖေတို့တွေ ပျံတော့မယ်"
ချူနင်သည် နယ်ပယ်ကျော်တည်နေရာရွှေ့ပြောင်းခြင်းကို မသုံးဘဲ မြေပြင်ပေါ်ကနေ တိုက်ရိုက် ထိုးတက်လိုက်သည်။ သူ၏ပုံရိပ်သည် ကြယ်တံခွန်တစ်ခုကဲ့သို့ ထျန်းရွှမ်တိုက်ကြီး၏ ကောင်းကင်နှင့် မြေကြီးကို တိုက်ရိုက် ဖောက်ထွက်သွားသည်။
ဧကရာဇ်တစ်ပိုင်း။
မဟုတ်ဘူး။
သူက ဧကရာဇ်အဆင့်နဲ့ အနီးစပ်ဆုံးပဲ။
ချူမူသည် ဤမြင်ကွင်းကြောင့် လုံးဝ ဆွံ့အသွားရသည်။ အထက်ဘုံတက်လှမ်းခြင်းစင်မြင့်ကို မဖြတ်ဘဲ ကမ္ဘာကြီး၏ အတားအဆီးကို ဖောက်ထွက်နိုင်ခြင်းမှာ ဧကရာဇ်တစ်ပိုင်းအဆင့်များသာ လုပ်ဆောင်နိုင်သည့် အရာဖြစ်သည်။
မည်သို့ပင်ဆိုစေ ဟင်းလင်းပြင်၏တုန်ခါမှုများကို အတင်းအဓမ္မ ခံနိုင်ရည်ရှိရန် အနည်းဆုံးတော့ တက်လှမ်းခြင်းစင်မြင့်ကို ရှာဖွေရမည်ဖြစ်သည်။
ဧကရာဇ်အဆင့်နှင့် နီးစပ်သူသာလျှင် ဟင်းလင်းပြင်၏တုန်ခါမှုများကို ခုခံရင်း ကမ္ဘာကြီး၏ အတားအဆီးကို အားစိုက်စရာမလိုဘဲ ဖောက်ထွက်နိုင်ခြင်း ဖြစ်သည်။
ရဲ့ယောင်ကတော့ အလွန်အမင်း စိတ်လှုပ်ရှားနေပြီး ရင်းနှီးပြီးသား အရာအားလုံးက သေးငယ်သွားသည်ကို ကြည့်ကာ သူမ၏ လက်ကလေးများကို ဝှေ့ယမ်းပြီး အော်ဟစ်နေသည်။
"ပျံပြီ ပျံပြီ"
အောက်ကမ္ဘာကို ဖောက်ထွက်ပြီးသည့်တိုင် သူတို့၏ပုံရိပ်များသည် ဆက်လက် မြင့်တက်နေဆဲပင်။ ချူမူ၏ မြင်ကွင်းထဲသို့ ရောက်လာသည်မှာ သူမရင်းနှီးခဲ့သော အထက်ကမ္ဘာဖြစ်သည်။ မျိုးနွယ်ကြီး ဆယ်ခု၏ ကမ္ဘာသည် သူမ သေဆုံးစဉ်ကနှင့် အတူတူပင် ဖြစ်သည်။
မှားနေပြီ။ ရှင်က ဆက်ပြီး ပျံဦးမှာလား။
သူမ၏အမြင့်က အမြဲတမ်း တိုးလာနေပြီး တိမ်တိုက်လွှာပေါင်းများစွာကို ဖြတ်ကျော်ကာ အထက်တွင်ရှိသော ကောင်းကင်တာအို၏ ချုပ်ကိုင်မှု အတားအဆီးဆီသို့ ရောက်ရှိလာသည်ကို သူမ ချက်ချင်း သတိထားမိလိုက်သည်။
ထိုချုပ်ကိုင်မှုများကို သူမ အရင်က မြင်ဖူးခဲ့ပြီး ၎င်းတို့ကို ဖြတ်၍ ပြင်ပကမ္ဘာကို ကြည့်ရန် ကြိုးစားခဲ့ဖူးသော်လည်း တစ်ခါမျှမမြင်ခဲ့ဖူးပေ။
ကောင်းကင်တာအို၏ ချုပ်ကိုင်မှုအောက်တွင် မဟာဧကရာဇ်ပင်လျှင် ဖောက်ထွက်နိုင်ခြင်း မရှိပေ။ သို့သော်လည်း ချူနင်ကို ဟန့်တားသင့်သော ကမ္ဘာကြီး၏ ချုပ်နှောင်မှုများသည် ရုတ်တရက် ပွင့်ဟသွားသည်။
ထို့နောက်တွင်တော့ ကောင်းကင်တာအိုကိုယ်တိုင်က လမ်းဖယ်ပေးကာ အရိုအသေ ပေးလိုက်လေတော့သည်။