အခန်း (၁၃) ကျွန်တော်ပြောတာတွေက အလကားပါ
“မင်း ကြည့်ရတာ သိပ်မကောင်းဘူးပဲ။ ဒီနေ့အတွက် နိုင်ငံရေးကိစ္စတွေ ပြီးပြီလား”
ရဲ့ချန်းလျန်က အသာအယာ ခေါင်းညိတ်ပြသော်လည်း သူ့ကို အဝေးသို့ တွန်းမပို့ခဲ့ပေ။ ရင်ဖွင့်စရာ လူတစ်ယောက်ရှိနေတာကလည်း မဆိုးလှပါဘူး။
“ဒီနေ့ ကျန်းနန်ဒေသမှာ ပြဿနာတွေ ပိုများနေတယ်။ ပုံမှန်ထက် အစီရင်ခံစာ အစောင် ငါးရာလောက် ပိုများနေတော့ အာရုံစိုက်နေရတာနဲ့ပဲ အချိန်ကုန်သွားတယ်”
အရင်ကဆိုရင် သူမ နားနေတဲ့အချိန်မှသာ စိတ်လျှော့နိုင်ခဲ့တာပါ။ အခုတော့ ချူနင် ပေါ်လာတဲ့အတွက် ထမင်းစားနေရင်းတောင် စိတ်အပန်းဖြေနိုင်လာပြီ။ ဟင်းပွဲတွေကလည်း အနံ့အရသာနှင့် ပြည့်စုံလွန်းလှသည်။
သူမ စိတ်ကို အနည်းငယ် လျှော့ချလိုက်ပြီး အင်း... ဟု အသံပြုလိုက်သည်။
“နန်းတွင်းက လူတွေက အရှင်မကို အမြန်ဆုံး ဧကရာဇ်တစ်ပါး ခန့်အပ်ဖို့နဲ့ တိုင်းပြည်ရဲ့ အခြေခံခိုင်မာအောင် နဂါးသားတော်အမြန်မွေးဖို့ တိုက်တွန်းနေကြတယ်”
ချူနင်က ချက်ချင်းပင် ရယ်မောလိုက်သည် “ဧကရာဇ်သာ မရှိသေးတာ နဂါးသားတော်ကတော့ ရှိနေတာ ကြာပြီလေ”
ချူနင်က ပြုံးလျက် သူထိုင်နေသော ခုံကို သူမအနားသို့ ခပ်ပါးပါးလေး တိုးကပ်လိုက်သည်။ “တကယ်တော့ ဧကရာဇ် ခန့်အပ်မယ့် ကိစ္စကိုလည်း အစီအစဉ်ထဲ ထည့်သင့်နေပြီ။ မဟုတ်ရင် မင်းဗိုက်ကြီးလာတာကို လူသိသွားရင် မကောင်းဘူးလေ”
ရဲ့ချန်းလျန်ကလည်း သူမ၏ ခုံကို အဝေးသို့ ပြန်ရွှေ့လိုက်သည်။ သူမ သတိမထားမိဘူး ထင်နေတာလား။
“ငါတို့သာ လက်ထပ်လိုက်ရင် ရှင်းပြရတာ ပိုလွယ်သွားမှာပေါ့။ အဲဒီကျရင် မင်းမှာ ငါးယောက်၊ ခြောက်ယောက်၊ ခုနစ်ယောက် ဒါမှမဟုတ် ရှစ်ယောက်လောက် ကိုယ်ဝန်ရှိနေလို့ ဗိုက်က ဒီလောက်အထိ ထူးထူးခြားခြား ကြီးနေတာပါလို့ ပြောလိုက်လို့ ရတာပဲ”
ရဲ့ချန်းလျန် သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည် ငါးယောက်၊ ခြောက်ယောက်၊ ခုနစ်ယောက်၊ ရှစ်ယောက် ဟုတ်လား။
သူက သူမကို ဘာမှတ်နေတာလဲ ဘယ်သူက အဲဒီလောက်အထိ အများကြီး မွေးနိုင်မှာလဲ
ရဲ့ချန်းလျန် သွားကြိတ်ပြီး ပြောလိုက်သည် “ဒီကိစ္စကို ငါ အမြန်ဆုံး စီစဉ်ပါ့မယ်။ မဟုတ်ရင် တကယ်ပဲ ဖုံးကွယ်ဖို့ ခက်သွားလိမ့်မယ်”
ချူနင်က ခေါင်းညိတ်ပြရင်း တစ်ခုခုကို ရိပ်မိသွားသည်။ “ဒါဆိုရင် မင်းက ဒီကိစ္စအတွက် စိတ်မပူဘူးပေါ့”
“နန်းတွင်းက အလုပ်ရှုပ်စရာ ကိစ္စတချို့ပဲ ရှိတာပါ”
ချူနင် ထပ်မမေးတော့ပေ။ သူက အဲဒီလိုကိစ္စတွေမှာ မကျွမ်းကျင်ဘူးလေ တိုက်ခိုက်ရေးကသာ သူ့ရဲ့အားသာချက်ပါ။ ဧကရီတစ်ယောက် ဖြစ်လာတဲ့သူဆိုတာ ဘယ်သူမှ မရိုးရှင်းဘူးဆိုတာ သူသိသည်။
“ဒါနဲ့... တာ့ချန်းအင်ပါယာက တကယ်တမ်း ဘယ်လောက်တောင် ကျယ်တာလဲ မင်းက နေ့တိုင်း နိုင်ငံရေးကိစ္စတွေ ဒီလောက်အများကြီးကို ကိုယ်တိုင် ကိုင်တွယ်နေရတာလား”
“ဟဲ... မြောက်ကနေ တောင်၊ အနောက်ကနေ အရှေ့အထိ တောင်တန်းနဲ့ မြစ်ချောင်းတွေ အပြည့်ရှိတဲ့ ကီလိုမီတာ တစ်သောင်းငါးထောင် ကျယ်ဝန်းတယ်။ မင်းက ဘယ်လောက်ထင်လို့လဲ”
အလျားနဲ့ အနံ ကီလိုမီတာ တစ်သောင်းငါးထောင် သူ့ရဲ့ အရင်ကမ္ဘာက တရုတ်ပြည်ထက်တောင် နည်းနည်း ပိုကျယ်တာပဲ။ ဒါပေမဲ့ ချူနင် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
“ဒါပေမဲ့ ဒီလောက် ကျယ်ပြောတဲ့ နယ်မြေမှာတောင် တစ်နေ့ကို အစီရင်ခံစာ နှစ်ထောင် သုံးထောင်လောက်ရှိနေစရာ အကြောင်းမရှိပါဘူး။ နန်းတွင်းမှာ မင်းကို ကူညီပြီး ကိုင်တွယ်ပေးမယ့်သူ တစ်ယောက်မှ မရှိဘူးလား”
ရဲ့ချန်းလျန်က အေးအေးဆေးဆေး ပြောလိုက်သည် “စစ်ရေး၊ နိုင်ငံရေးကနေ ပြည်သူတွေရဲ့ စားဝတ်နေရေးအထိ အကုန်လုံးကို ငါတစ်ယောက်တည်း ကိုင်တွယ်တာပဲ။ ဘာလဲ မင်းက ငါ့ရဲ့ ဝန်ထုပ်ဝန်ပိုးတွေကို ကူထမ်းပေးချင်လို့လား”
ချူနင်က ခေါင်းခါလိုက်သည် ကျွန်တော်က အဲဒါတွေကို နားမလည်ဘူး စိတ်လည်းမဝင်စားဘူး။ ဒါပေမဲ့ မင်းက အရမ်း အလုပ်များလွန်းတယ်။ နန်းတွင်းမှာ ဝန်ကြီးဌာန ခြောက်ခုရှိတယ် မဟုတ်လား။
ဝန်ကြီးဌာနတွေမှာ အရာရှိ ရာနဲ့ချီ ရှိနေသလို သူတို့အထက်မှာလည်း ဝန်ကြီးချုပ် ရှိသေးတာပဲ။ မင်းတစ်ယောက်တည်းပဲ အကုန် တာဝန်ယူနေတာလား။
“နန်းတွင်းက ဝန်ကြီးဌာန ခြောက်ခုဆိုတာ အမိန့်ကို အကောင်အထည်ဖော်တဲ့ နေရာတွေပဲ။ ဝန်ကြီးချုပ်ကလည်း အရာရှိတွေကို ကြီးကြပ်ဖို့ပဲ တာဝန်ရှိတာ နိုင်ငံရေးကိစ္စတွေကို ကိုင်တွယ်ဖို့ မဟုတ်ဘူး။
ချူနင် နားလည်သွားပြီ။ ချင်ရှီဟွမ်လည်း ဒီလိုပဲ အလုပ်လုပ်ရင်း ပင်ပန်းပြီး သေသွားတာလေ အာဏာကို ဗဟိုချက်မှာပဲ စုစည်းထားပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ပေါင်းစည်းထားတာ အခြေခံကိစ္စတွေကအစ ဧကရာဇ်ဆီ တိုက်ရိုက်ရောက်တာဆိုတော့ အာဏာကတော့ အကန့်အသတ်မရှိပဲ ဒါပေမဲ့ ပင်ပန်းလွန်းတာပေါ့။
“ဒါပေမဲ့ ဒါက အရမ်း ပင်ပန်းမှာပဲ ဟုတ်တယ်မလား”
ရဲ့ချန်းလျန် ချူနင့်ကို မကျေမနပ် ကြည့်လိုက်သည် ငါပင်ပန်းသည်ဖြစ်စေ မပင်ပန်းသည်ဖြစ်စေ ငါ့ကိုယ်ငါ တာဝန်ယူနိုင်ပါတယ်။ မင်းက နန်းတွင်းဆောင်ထဲမှာ အေးအေးဆေးဆေး နေရုံပဲ။
မင်း ဧကရာဇ်ဖြစ်လာရင်တောင် နန်းတွင်းကလူတွေက နိုင်ငံရေးမှာ ဝင်မစွက်ဖက်ရဘူးဆိုတာ သိထားဖို့ လိုတယ် နားလည်လား။
ချူနင်က ခေါင်းခါလိုက်သည်။ “ကျွန်တော် ပြောချင်တာက နိုင်ငံရေးကိစ္စတွေကို အမျိုးအစား ခွဲခြားပြီး အရာရှိတွေကို ကိုင်တွယ်ခိုင်းလို့ ရတယ်လို့ ပြောတာပါ။ သူတို့က အရမ်း အနားရလွန်းမနေဘူးလား”
ရဲ့ချန်းလျန် သူမ၏ တူကို ချလိုက်သည် သူမ၏ ပြိုင်ဆိုင်လိုစိတ်က တက်ကြွလာသည်။ နိုင်ငံအုပ်ချုပ်ပုံ အကြောင်း သူမနဲ့ ငြင်းချင်တာလား ချူနင်ကတော့ ငယ်ပါသေးတယ်။
“ဒါဆို ပြောပြစမ်းပါဦး အကယ်၍ အရာရှိတွေက ကိစ္စရပ်တွေကို မှားယွင်းစွာ ကိုင်တွယ်ခဲ့ရင် ဘာလုပ်မလဲ”
ချူနင်က ပြုံးပြီး ပြောလိုက်သည် အဲဒါက ဒီအတိုင်း အောက်ခြေအဆင့်ကို တိုက်ရိုက် ချပေးတာ မဟုတ်ဘူးလေ။ အရာရှိတွေက အစီရင်ခံစာတွေကို လက်ခံရယူပြီး စစ်ဆေးမယ် သူတို့ရဲ့ သဘောထား မှတ်ချက်တွေကို ရေးမယ် ပြီးရင် ဝန်ကြီးချုပ်ဆီ ပို့မယ်။
ဝန်ကြီးချုပ်က ဖြည့်စွက်ချက်တွေ လုပ်ပြီးရင် နောက်ဆုံးမှ မင်းဆီကို အဆုံးအဖြတ်ပေးဖို့ ပို့ပေးရမှာ။
ရဲ့ချန်းလျန်က နှာခေါင်းရှုံ့လိုက်သည်“ဟဲ အဲဒါက ငါကိုယ်တိုင် ကိုင်တွယ်တာနဲ့ ဘာကွာလို့လဲ”
ကွာတာပေါ့ အများကြီး ကွာတာ နန်းတွင်းမှာ အရာရှိလုပ်နိုင်တဲ့သူတွေဆိုတာ အရည်အချင်း ရှိကြတဲ့သူတွေပဲ။ သာမန် အစီရင်ခံစာ အများစုကို သူတို့ ကိုင်တွယ်နိုင်တယ်။
အကယ်၍ သူတို့ ကောင်းကောင်း မကိုင်တွယ်နိုင်ရင် ဝန်ကြီးချုပ်ဆီ ရောက်မယ် ဝန်ကြီးချုပ်က ဒုတိယ သဘောထားမှတ်ချက် ပေးမယ်။
ပြီးတော့ မင်းလက်ထဲ ရောက်လာတဲ့အခါကျရင် အရာရှိတွေရဲ့ အကြံပြုချက်တွေ အကုန်ရနေပြီဆိုတော့ မင်းက အဆုံးအဖြတ် ပေးရုံပဲလေ။ အဲဒါဆိုရင် ပိုမလွယ်ဘူးလား။
ရဲ့ချန်းလျန် သူ၏ စကားကြောင့် အနည်းငယ် ဆွံ့အသွားသည်။ ယုတ္တိဗေဒအရတော့ မှန်ကန်နေပေမဲ့ ဒီအရာရှိတွေက အသုံးမကျဘူးလို့ သူမ ခံစားရပြီး သူမကိုယ်တိုင် လုပ်မှပဲ စိတ်ချရမယ်လို့ ထင်နေတာပါ။
ချူနင်က ထပ်ပြုံးလိုက်သည် “မင်းက အဲဒီ အရာရှိတွေကို စုစည်းပြီးတော့ အစီရင်ခံစာ တစ်စောင်တည်းကို အရာရှိ အများကြီးကို အလှည့်ကျ သဘောထားမှတ်ချက် ပေးခိုင်းလို့ ရသေးတယ်။
ပြီးမှ ဝန်ကြီးချုပ်က စစ်ဆေး နောက်ဆုံးကျမှ မင်းဆီ တင်ပြတာပေါ့။ ဒီလိုဆိုရင် ကိုင်တွယ်ရတဲ့ ရလဒ်တွေက ပိုများလာသလို အံ့သြစရာကောင်းတဲ့ ဆုံးဖြတ်ချက်တွေတောင် ထွက်လာနိုင်သေးတယ် မဟုတ်ဘူးလား”
ရဲ့ချန်းလျန် ထပ်ပြီး နှာခေါင်းရှုံ့လိုက်သည် အဲဒီလိုသာဆိုရင် ဝန်ကြီးချုပ်ရဲ့ အာဏာက ငါ့ထက်တောင် ကြီးသွားမှာပေါ့ ငါက နောက်ဆုံး အတည်ပြုပေးရုံပဲလေ။ အကယ်၍ ဝန်ကြီးချုပ်က လုပ်ကြံဖို့ ကြံစည်ခဲ့ရင်.”
“ကြည့်ပါဦး အစီရင်ခံစာတွေကို အမျိုးအစား ခွဲခြားထားတာပဲ။ ဝန်ကြီးဌာန ခြောက်ခုက အရာရှိတွေကို သူတို့နဲ့ သက်ဆိုင်ရာ ကိစ္စတွေကို ကိုင်တွယ်ခိုင်းပြီး ဝန်ကြီးတွေဆီ တင်ခိုင်းရမှာ”
“ဝန်ကြီးဌာန ခြောက်ခုက ဝန်ကြီးတွေက တစ်ယောက်နဲ့ တစ်ယောက် ပြန်ပြီး ထိန်းကျောင်း နေကြမှာပဲ”
မင်းက ဝန်ကြီးချုပ် တစ်ယောက်တည်းကို စိတ်မချရင် သုံးယောက် ဒါမှမဟုတ် ငါးယောက်လောက် ခန့်ထားလိုက်လေ သူတို့က နိုင်ငံရေးကိစ္စတွေကို အတူတူ ကိုင်တွယ်ပြီး တစ်ယောက်ကို တစ်ယောက် စောင့်ကြည့်ကြလိမ့်မယ်။
ပြီးတော့ အဲဒီဌာနတွေ ပေါင်းပြီး လုပ်ကြံမှာ စိုးရင်လည်း စစ်ဆေးဖို့အတွက် သီးသန့် ကြီးကြပ်ရေးဌာန တစ်ခု ထပ်ထားလိုက်ပေါ့။
အောက်ခြေက အစီရင်ခံစာတွေ တက်လာမယ်၊ ဝန်ကြီးဌာနတွေကို ဖြတ်မယ်၊ ဝန်ကြီးချုပ်တွေကို ဖြတ်မယ်၊ နောက်ဆုံးကျမှ မင်းဆီ ရောက်မယ်။ မင်းရဲ့ အလုပ်တာဝန်တွေ အများကြီး လျော့သွားမှာပါ။
အကယ်၍ မင်းက တကယ်ပဲ တစ်ခုခုကို ကောင်းကောင်း မကိုင်တွယ်ထားဘူးလို့ ခံစားရရင် မင်းရဲ့ ကိုယ်ပိုင် သဘောထားမှတ်ချက် ပေးပြီး ပြန်ဆွေးနွေးလို့ ရတာပဲ။ မဟုတ်ရင်တော့ မင်းက အတည်ပြုလိုက်ရုံပဲ။
ချူနင် ဖော်ပြနေတာက မင်မင်းဆက်ရဲ့ ကက်ဘိနက်စနစ်ပဲ ဖြစ်သည်။
ဒါပေမဲ့ ဒီလိုလုပ်ရင် ဒုက္ခပေးမယ့် အချက်တစ်ခု ရှိတယ် အဲဒါကတော့ ဧကရာဇ်အနေနဲ့ ပြည်သူတွေနဲ့ ဝေးကွာသွားနိုင်တာပဲ။
အကယ်၍ မင်းကသာ အသုံးမကျတဲ့ အုပ်ချုပ်သူဖြစ်သွားရင် ဒီစနစ်က မင်းမရှိဘဲ သူ့ဘာသာ လည်ပတ်သွားလိမ့်မယ်။ ဒါကြောင့် မင်းရဲ့ အာဏာကိုတော့ မြဲမြဲဆုပ်ကိုင်ထားဖို့ လိုတယ်။
“မင်းက ငါ့ကိုအသုံးမကျတဲ့ အုပ်ချုပ်သူလို့ ပြောချင်တာလား” ရဲ့ချန်းလျန်က အဓိက အချက်ကို ချက်ချင်း ဖမ်းမိသွားသည်။
ချူနင်က ပြုံးပြီး ခေါင်းခါလိုက်သည် ပြီးနောက် အသားတစ်ဖတ်ကို ခပ်ပြီး သူမ၏ ပန်းကန်ထဲ ထည့်ပေးလိုက်သည်။
“မဟုတ်တာ ကျွန်တော်က မင်းအတွက် ပိုပြီး သက်သောင့်သက်သာရှိမယ့် နိုင်ငံရေး စက်ယန္တရား တစ်ခုကို ဖော်ပြပေးရုံပါ။ မင်းက အရာရှိတွေကို အကဲဖြတ်တဲ့ နည်းလမ်းတွေကိုတောင် ထည့်သွင်းနိုင်သေးတယ်”
“ဥပမာ... အရာရှိတွေက သူတို့ရဲ့ တစ်နှစ်တာ ရည်မှန်းချက်တွေကို ချမှတ်ထားရမယ် အဲဒါက နှစ်ကုန်ရင် ရာထူးတိုးဖို့အတွက် အကဲဖြတ်ချက် ဖြစ်သွားမှာပေါ့။
အဲဒီ ရည်မှန်းချက် မိတ္တူကို မင်းဆီမှာ တစ်စောင်၊ ဝန်ကြီးချုပ်ဆီမှာ တစ်စောင်၊ အရာရှိဆီမှာ တစ်စောင်စီ ထားရမယ်”
“မတူညီတဲ့ ရည်မှန်းချက်တွေအပေါ် မူတည်ပြီး မတူညီတဲ့ ဆုလာဘ်တွေနဲ့ ရာထူးတိုးတာတွေ ပေးရမယ်။ ဘာမှမလုပ်တဲ့သူတွေကိုတော့ ရာထူးကနေ တိုက်ရိုက် ထုတ်ပစ်လိုက်ရမယ် ရည်မှန်းချက် အောင်မြင်တဲ့သူတွေကိုတော့ ရာထူးတိုးပေးပေါ့”
“ဒီလိုဆိုရင် နိုင်ငံရေး စွမ်းဆောင်ရည်တွေ တက်လာမှာဖြစ်သလို အောက်ခြေက ပြည်သူတွေလည်း တကယ့် တိုးတက်မှုကို ခံစားရလိမ့်မယ်”
ဒီအချိန်မှာ ရဲ့ချန်းလျန် ကြောင်အမ်းသွားရသည်။ ပါးစပ်ထဲက အစားအစာတွေကိုတောင် မြိုချဖို့ မေ့နေသည်အထိပင်။ သူ... သူ ဘာတွေ ပြောနေတာလဲ။
ဒါကို လက်တွေ့ မလုပ်ရသေးပေမဲ့ သူပြောတဲ့ အချက်အတော်များများက ရဲ့ချန်းလျန်ရဲ့ အခက်အခဲတွေကို တိုက်ရိုက် ထိမှန်နေတာပဲ။
ဒီလိုဆိုရင် သူမအနေနဲ့ အရာရှိတွေကို ကြီးကြပ်နိုင်ရုံတင်မကဘဲ သာမန်ကိစ္စတွေကို သူတို့ဆီ လွှဲပေးထားလို့ ရသလို နိုင်ငံရေး တည်ငြိမ်ဖို့အတွက်လည်း အာမခံချက် သုံးထပ် ရသွားတာပေါ့။ သူမရဲ့ အလုပ်တာဝန်တွေကိုလည်း အများကြီး လျော့ကျစေမှာ။
ရဲ့ချန်းလျန်၏ မျက်ဝန်းထဲတွင် မျှော်လင့်ချက်အရိပ်အယောင်များ ဖြတ်ပြေးသွားသည့်အချိန်မှာပင် ချူနင်က ရုတ်တရက် ရပ်လိုက်သည်။ သူက ပြုံးပြီး ခေါင်းခါလိုက်သည်။
“ချန်းလျန်... အဲဒါတွေကို အာရုံမစိုက်ပါနဲ့ ကျွန်တော် ဒီအတိုင်း လျှောက်ပြောနေတာပါ။ မင်းက ဧကရီပဲ ကျွန်တော့်ထက် ပိုသိမှာပေါ့။ ဆရာကြီးရှေ့မှာ ပညာလာပြနေသလို ဖြစ်သွားပြီ”
သူက တကယ်ပဲ ဘာမှ သိပ်မစဉ်းစားဘဲ လျှောက်ပြောလိုက်တာပါ။ ချူနင်က ဒီလိုကိစ္စတွေကို စိတ်မဝင်စားပါဘူး သူက ဒီဧကရီကိုပဲ စိတ်ဝင်စားတာလေ။
“ထမင်းစားပြီး စကားစမြည် ပြောတာလို့ပဲ သဘောထားလိုက်ပါ ဘာမှ အရေးမကြီးပါဘူး”
ချူနင် ဖော်ပြခဲ့တာက မင်မင်းဆက်ရဲ့ နိုင်ငံရေးစနစ်ပင်။ ဒါပေမဲ့ မင်မင်းဆက်ကတော့ နောက်ဆုံးမှာ ပြိုလဲသွားခဲ့တာပဲ။ နောက်ပိုင်းမှာ အသုံးမကျတဲ့ အုပ်ချုပ်သူတွေနဲ့လည်း ဆုံခဲ့တာကိုး။ အခုတော့ ပြောစရာ မရှိတော့ပါဘူး။ သူ့ဇနီးကတော့ ပိုကောင်းအောင် လုပ်နိုင်မှာ သေချာပါတယ် ဘာပဲဖြစ်ဖြစ် သူမက ကျင့်ကြံသူတစ်ယောက်ပဲ မဟုတ်လား။
သို့သော်လည်း ဤအချိန်တွင် ရဲ့ချန်းလျန်၏ စိတ်ထဲတွင်တော့ မုန်တိုင်းတစ်ခု တိုက်ခတ်နေပြီဖြစ်သည်။ အရာရှိတွေကို ပြုပြင်ပြောင်းလဲတာ၊ နိုင်ငံရေးကိစ္စတွေကို အဆင့်ဆင့် ကိုင်တွယ်ပြီး နောက်ဆုံးမှ ဧကရာဇ်က အတည်ပြုတာ။
ပြီးတော့ အရာရှိတွေကလည်း စွမ်းဆောင်ရည် အကဲဖြတ်ချက်ကြောင့် ညံ့တဲ့သူတွေ ထွက်ရမယ် တော်တဲ့သူတွေ ရာထူးတိုးမယ်။
နောင်ကျရင် ကိုင်တွယ်ရတာ ပိုပြီး လွယ်ကူ သက်သောင့်သက်သာ ရှိလာမှာဖြစ်သလို ပိုပြီးတော်တဲ့ အရာရှိတွေ ပေါ်လာအောင်လည်း ကူညီပေးရာ ရောက်လိမ့်မည် သူမအနေနဲ့တော့ အမြင့်ဆုံးနေရာမှာပဲ ထိုင်ပြီး နန်းတွင်းကို ထိန်းချုပ်ထားရုံနဲ့ တစ်ကမ္ဘာလုံးကို တိုက်ရိုက် ထိန်းချုပ်နိုင်မှာလေ သူမရဲ့ အလုပ်ပင်ပန်းမှုကလည်း အများကြီး လျော့သွားမှာပဲ။
ဒီလူ ဘယ်လိုအတွေးအခေါ်မျိုးလဲ တကယ်ကို အစွမ်းထက်လှချည်လား ဒါပေမဲ့ ချူနင်ရဲ့ နောက်ဆက်တွဲ စကားတွေက သူမကို လုံးဝ အံ့သြသွားစေသည်။
အရေးမကြီးဘူး ဟုတ်လား မင်းက အင်ပါယာငါးခုမှာတောင် မရှိသေးတဲ့ နိုင်ငံရေးစနစ်တစ်ခုကို ပြောပြပြီးမှ အခုကျမှ အရေးမကြီးဘူးလို့ လျှောက်ပြောနေတာလား မင်းက အင်ပါယာငါးခုရဲ့ အုပ်ချုပ်သူတိုင်းကို အထင်သေးနေတာလား သူမကိုရော အထင်သေးနေတာလား။
ရဲ့ချန်းလျန် တစ်ယောက်ယောက်ကို ရိုက်ပစ်ချင်စိတ် ပေါက်သွားသည် သူမက စိတ်ဝင်တစား နားထောင်လို့ ကောင်းနေတုန်းရှိသေးတာကို သူက ရပ်လိုက်တာလေ။
“ချန်းလျန်... ဘာလို့ မစားတော့တာလဲ အသားက မင်းအကြိုက် မဟုတ်လို့လား”
သူမ ထမင်းစားချင်စိတ် ပျောက်သွားပြီ ရဲ့ချန်းလျန် သူမ၏တူကို ချလိုက်ပြီး အနည်းငယ် တုံ့ဆိုင်းနေသည်။ သူမ ပြောသင့်သလား မပြောသင့်ဘူးလား အကယ်၍ သူမ ပြောလိုက်ရင် ချူနင့်ရဲ့ အထင်သေးတာကို ခံရမလားလို့ သူမခံစားနေရသည်။
အမှန်အတိုင်း ပြောရရင် ချူနင်ပြောတဲ့ အချက်တွေကို သူမ တကယ် မစဉ်းစားမိခဲ့ပါဘူး။ အခုအချိန်အထိ အင်ပါယာငါးခုမှာ မတူညီတဲ့ နိုင်ငံရေးစနစ်တွေ ရှိပေမဲ့ ဘယ်သူမှ ဒါကို မစဉ်းစားမိကြဘူးလေ။
ဘာပဲဖြစ်ဖြစ် အင်ပါယာတစ်ခုက ထိပ်တန်း အစွမ်းထက်သူတွေအပေါ်မှာပဲ အားကိုးနေကြတာကိုး။
နတ်ဘုရားနယ်ပယ်ကျင့်ကြံသူ တစ်ယောက် ရှိနေရင် ဘယ်သူက ဒီလို အသေးအဖွဲ ကိစ္စတွေကို ဂရုစိုက်မှာလဲ သူတို့က တိုက်ရိုက်ဖျက်ဆီးပစ်မှာလေ ဒါကြောင့် ဒီလို ဖွံ့ဖြိုးတိုးတက်မှု အပိုင်းကို သိပ်ပြီး အာရုံမစိုက်ခဲ့ကြဘူး။ ဒါပေမဲ့ အခုတော့... သူမ ဒါကို လိုအပ်နေပုံရသည်။
“ချူနင်...”
ချူနင်က ဇဝေဇဝါဖြင့် သူမကို ကြည့်လိုက်သည်။
“ဘာဖြစ်လို့လဲ”
သူမ၏ အမူအရာက အနည်းငယ် သဘာမကျသလိုဖြစ်နေပြီး အသာအယာ ချောင်းဟန့်လိုက်သည်။ “မင်း ခုနက ပြောတာတွေကို ပိုပြီး ရှင်းရှင်းလင်းလင်းလေး ထပ်ပြောပြပါလား”
“မင်း ဘာလိုချင်လဲ ပြောစမ်းပါ။ ပိုက်ဆံဖြစ်ဖြစ် အာဏာဖြစ်ဖြစ် ငါ ကတိပေးနိုင်ပါတယ်”
သူမ ချူနင့်ကို တိုက်ရိုက် မကြည့်ဘဲ လေသံအေးအေးဖြင့် ပြောလိုက်သည်။ အမြဲတမ်း ဂုဏ်ယူဝံ့ကြွားတတ်တဲ့ သူမက သူမရဲ့ အဆင့်အတန်းနဲ့ စရိုက်အရ ဒါကို ကြားရသည်ဖြစ်စေ.မကြားရသည်ဖြစ်စေ အရေးမကြီးသလို ဟန်ဆောင်နေတာပါ။
ဒါပေမဲ့ ချူနင်ကတော့ ရဲ့ချန်းလျန် ဒါကို တကယ် ကြားချင်နေတယ်ဆိုတာ ခံစားမိလိုက်သည် ဒီအချိန်မှာ သူ ရုတ်တရက် အံ့သြသွားရသည်။ ရဲ့ချန်းလျန်က သူပြောတာကို စိတ်ဝင်စားတယ် ဟုတ်လား ဒါပေမဲ့ ဒါက စွန့်ပစ်ထားတဲ့ နိုင်ငံရေးစနစ်တစ်ခုလေ အရင်က ပြိုလဲသွားခဲ့တာပဲ။
မဟုတ်ဘူး.မင်မင်းဆက်ရဲ့ နိုင်ငံရေးစနစ်က တကယ်တော့ အရမ်းကို အဆင့်မြင့်တာပါ အားနည်းချက်တချို့ ရှိနေပြီး အဲဒီခေတ်မှာ ပြုပြင်ပြောင်းလဲဖို့ မဖြစ်နိုင်ခဲ့တာလေ ဒါပေမဲ့ ဒီမှာ သူ့ဇနီးနဲ့ဆိုရင်တော့ ဖြစ်နိုင်တာပေါ့။
ချူနင်၏ နှုတ်ခမ်းများက ပြုံးယောင်သန်းသွားသည်။ “တကယ်လား အရှင်မရဲ့ စကားက တည်ပါ့မလား”
ရဲ့ချန်းလျန်ကတော့ ချူနင် ရုတ်တရက် အခေါ်အဝေါ် ပြောင်းလဲလိုက်တဲ့ အဓိပ္ပာယ်ကို နားလည်လိုက်သည် သူက သူမရဲ့ဧကရီဆိုတဲ့ အဆင့်အတန်းကို သုံးပြီး သူမကို ဖိအားပေးနေတာပဲ။ ဧကရီတစ်ယောက်အနေနဲ့ သူမရဲ့ စကားကို ပြန်ဖျက်လို့ ရပါ့မလား။
“အင်း... မင်း ဘာလိုချင်လဲ ပြောပါ ငါ ဖြည့်ဆည်းပေးမယ်”
သူမ စကားမဆုံးခင်မှာပင် ချူနင်၏ လက်က ချက်ချင်း ထွက်လာပြီး သူမ၏ လက်ကို မြဲမြဲဆုပ်ကိုင်လိုက်သည် ဒီလက်ကို ဆုပ်ကိုင်လိုက်တာက တစ်ကမ္ဘာလုံးကို ဆုပ်ကိုင်လိုက်သလိုပါပဲ။
“ဒါဆိုရင်... ကျွန်တော်ကအရှင်မကိုပဲ လိုချင်တယ်ဆိုရင်ကော”