အခန်း ၁၂၉ ချူမူ၏ သံသယများ
သူတို့ဇနီးမောင်နှံနှစ်ဦးစလုံး ချူမူကို ကြည့်လိုက်ကြသည်။
မူမူကတော့ လိမ္မာပါသေးတယ်။ အစကတော့ သူ့ခေါင်းထဲ တစ်ခုခုဖြစ်နေသလားလို့ ငါထင်ခဲ့တာ ဒါပေမဲ့ နောက်မှသိရတာက သူက စကားမပြောချင်ရုံတင်မကဘဲ ငါခိုင်းတာမှန်သမျှကို လုပ်တတ်တာပဲ။
ငါ့ကို ခိုင်းသမျှလုပ်မယ်လို့ မျှော်လင့်နေတာလား။
ရေချိုးရင် ရေမပက်တာတို့ ထမင်းစားရင် လူမကိုက်တာတို့ ဟိုအူကြောင်ကြောင် ယောင်ယောင်လို မြက်ခင်းထဲမှာ အီးမပါတာတို့အကြောင်း ပြောနေတာလား။
အဲဒါတွေက ဘာလဲ ပုံမှန်လူတစ်ယောက် လုပ်ရမယ့်အရာတွေ မဟုတ်ဘူးလား အူကြောင်ကြောင် ယောင်ယောင်ကသာ အဲဒါတွေ လျှောက်လုပ်နေတာ။
သူက ကလေးဆိုတော့လည်း ဘာမှမတတ်နိုင်ဘူး ငါတို့ တကယ်ပဲ သူ့ကိုမထိန်းနိုင်ဘူး။ ဒါပေမဲ့ ငါ့ဦးနှောက်မှာ ပြဿနာရှိတယ်လို့ သံသယဝင်တာကတော့ မင်းတို့မှားနေပြီ။
မင်းတို့ အခုသိထားတဲ့ အသိပညာတွေအားလုံးကို ငါဆိုရင် တစ်ရက်တည်းနဲ့ သင်ယူနိုင်တယ် ဒါပေမဲ့ နေ့တိုင်း နည်းနည်းစီ တိုးတက်လာသလိုမျိုး ဟန်ဆောင်နေရတာ။
ဒါပေမဲ့ ကြီးလာတာနဲ့အမျှ ဟန်ဆောင်ဖို့ မလိုတော့သလိုပဲ ဒီစိုးရိမ်ပူပန်မှုတွေက တဖြည်းဖြည်း လျော့နည်းသွားနိုင်ပါတယ်။
ကျင့်ကြံဖို့ အသက်အရွယ်ရောက်လာတဲ့အခါ သူ နာမည်ကျော်ကြားလာအောင် လုပ်ပြီး သူ့အဖေကို အံ့အားသင့်သွားအောင် လုပ်ပြမယ်။
ချူနင်က ခေါင်းညိတ်ပြီး ကလေးနှစ်ယောက်လုံး၏ ခေါင်းကို တစ်ဖက်စီ ပုတ်ပေးလိုက်သည်။
အင်း... လူတိုင်းသာ မူမူလို လိမ္မာရင် ဘယ်လောက်ကောင်းမလဲ။
"ယောင်ယောင်ကလည်း အရမ်းလိမ္မာတာပဲ"
မူမူက ခေါင်းမော့ကြည့်လိုက်ပြီး မကျေနပ်သည့်ပုံစံ ဖြစ်နေသည်။
ချူးနဥ်က ထိုအမူအရာကို မြင်သော် ပြုံးလျက်ဟုတ်ပါပြီ ဟုတ်ပါပြီ ယောင်ယောင်လည်း အရမ်းလိမ္မာပါတယ်။
ချူနင်က ခဏတာ စဉ်းစားပြီးနောက် ရဲ့ချန်းလျန်ထံသို့ စိတ်ချင်းဆက်သွယ်၍ သတင်းစကား ပေးပို့လိုက်သည်။
တို့တွေ နွားနို့ ဒါမှမဟုတ် တိရစ္ဆာန်နို့ တစ်ခုခုကို အစားထိုးရှာကြည့်လို့ရတယ် ပျားရည်တို့ ဘာတို့ ထည့်လိုက်ရင် ပိုအရသာရှိသွားမှာ။ အဲဒါနဲ့ နှိုင်းယှဉ်လိုက်ရင် သူတို့ ဒါကို (မိခင်နို့ကို) ကြိုက်တော့မှာ မဟုတ်ဘူး။
"ဒါက ဖြစ်နိုင်ပါ့မလား"
ဒါကြောင့်လည်း ငါကကလေးကို တခြားဘာမှ မကျွေးခိုင်းတာပေါ့။ မိခင်နို့မှာ အချို အငန်လို တခြားအရသာတွေ မရှိဘူး။
နို့မဖြတ်ခင်မှာ ကလေးတွေက ဒါတွေကို မစားသင့်ဘူး။ တစ်ခါလောက် အဲဒီအရသာတွေကို မြည်းစမ်းကြည့်ပြီးရင် သူတို့က တခြားအစားအစာတွေကို ပိုကြိုက်သွားကြမှာ။
"ဒါဆို ဘာလို့ အစောကြီးကတည်းက မပြောတာလဲ"
သူက လေးလပဲ ရှိသေးတာလေ နို့စို့ရမယ့် အချိန်မဟုတ်ဘူးလား။ ဘယ်သူ့ကလေးက လေးလနဲ့ သွားတွေအကုန်စုံနေလို့လဲ။ မင်း အရင်က ဒါကို တစ်ခါမှ မညည်းညူဖူးပါဘူး။
နောက်တစ်ခါ ကလေးရရင် ရှင်ပဲနို့တိုက်ကြည့် အဲဒီကျမှ ညည်းလား မညည်းလား ကြည့်ရသေးတာပေါ့။
မညည်းညူတဲ့ အချိန်ဆိုတာ မရှိပါဘူး။ ညလယ်ခေါင်မှာ ကလေးနို့တိုက်ဖို့ ရုတ်တရက် နိုးရတာတွေ အနှောင့်အယှက် ပေးခံရတာတွေက ဘယ်မိခင်အတွက်မဆို မလွယ်ကူပါဘူး။
ဒါပေမဲ့ ကလေးက ဘယ်လောက်တောင် ချစ်ဖို့ကောင်းလဲဆိုတာ မြင်ရတိုင်း ငါ့နှလုံးသားက အရည်ပျော်သွားပြီး ကလေးရဲ့ ပျော်ရွှင်မှုထက် ဘာမှပိုအရေးမကြီးဘူးဆိုတာ သိလာရတော့ အောင့်အည်းသည်းခံပြီး ဖြတ်သန်းခဲ့တာပေါ့။
ဒီကလေးနှစ်ယောက် နေ့တိုင်း ကြီးထွားလာတာကို ကြည့်ပြီး ရဲ့ချန်းလျန်က အောင်မြင်မှုတစ်ခု ရသလို ခံစားရသည်။
ကြည့်စမ်း ဒါတွေအားလုံးက ငါတစ်လုပ်ချင်း တိုက်ကျွေးခဲ့တာတွေပဲ။ ချူနင်က ပြုံးလျက် ယဲ့ချန်းလျန်၏ အကြံဉာဏ်ကို ထောက်ခံလိုက်သည်။
ဒါဆို မင်းပြောသလိုပဲ လုပ်ကြတာပေါ့။ ငါတိုင်းပြည်ကို စည်းလုံးအောင် မလုပ်နိုင်ခင်အထိ ကလေးထပ်မယူနိုင်ဘူး။
မနက်ဖြန်ကျရင် ငါ မင်းကို ကူညီပြီး အကုန်သိမ်းပေးမယ်လေ။
ချူနင်၏ တုံ့ပြန်မှုကို မြင်သော် ရဲ့ချန်းလျန်က ပြုံးစိစိဖြင့် ရှင်လုပ်ချင်တာကို မလုပ်ရဘူးလို့ ငါမပြောပါဘူး.အဲဒါက ဘာကိုမှမထိခိုက်ပါဘူး။
"အရင်တုန်းကလို ဝိညာဉ်စွမ်းအင်အဖြစ် ဘာလို့ မပြောင်းလဲတော့တာလဲ" ချူနင်က သက်ပြင်းအသာချလိုက်သည်။
"မင်း စစ်ထွက်သွားရင် ငါမင်းကိုလွမ်းနေရင် ဘယ်လိုလုပ်မလဲ"
ရှင့်ရဲ့နည်းလမ်းတွေက ဒီလောက်တော်တာပဲ တခြားရွေးချယ်စရာ မရှိတော့ဘူးလား။
အဲဒါလည်း ဟုတ်တာပဲ။ ဒီညငါမင်းကို နည်းလမ်းတစ်ခု သင်ပေးမယ် ငါသွားပြီး လိုအပ်တဲ့ ပစ္စည်းတချို့ ပြင်ဆင်လိုက်ဦးမယ်။
ဟေး... ကလေးကိုပါ ခေါ်သွားလေ ငါလုပ်စရာတွေ ကျန်သေးတယ်။
ကလေးတွေက ဗိုက်မဝသေးဘူး။ ဗိုက်ဝရင် သူတို့ဘာသာသူတို့ အိမ်ပြန်လာလိမ့်မယ်။
"ရှင်ကတော့ တကယ့်ကိုပဲ"
ချူနင်က လစ်ခနဲ ထွက်ပြေးသွားရာ ရဲ့ချန်းလျန်မှာ ဘာမှမတတ်နိုင်တော့ပေ။
သို့သော် ချစ်စရာကောင်းသော ကလေးနှစ်ယောက်ကို ကြည့်လိုက်သည့်အခါ သူမ၏ မျက်နှာတွင် အချစ်များ ပြည့်လျှံနေသော အပြုံးတစ်ခု ပေါ်လာသည်။
မကြာမီ ချူမူက စားသောက်ပြီးသွားသဖြင့် ထရပ်ကာ ပါးစပ်ကိုသုတ်လိုက်ပြီး သူမ၏ထုံးစံအတိုင်း အေးစက်စက် အမူအရာသို့ ပြန်ပြောင်းသွားသည်။ ရဲ့ချန်းလျန်က သူမကို အကြာကြီး စိုက်ကြည့်နေမိသည်။
သူက ငါနဲ့ တကယ်တူတာပဲ ပါးစပ်သုတ်တဲ့ ပုံစံလေးတောင် ငါနဲ့ တူနေတယ်။ ရုတ်တရက် ချူမူက ရဲ့ချန်းလျန်ကို ကြည့်ကာ မေးလိုက်သည်။
မေမေ ဒီနေ့ ရှောင်ပင်းအစ်မ ကျင့်ကြံနေတာ သမီးတို့ တွေ့ခဲ့တယ်။ သူက ပျံတောင် ပျံနိုင်တယ်။
ထိုစကားကို ကြားသော် ရဲ့ချန်းလျန်က ပြုံးလျက် မင်းရဲ့ ရှောင်ပင်းအစ်မက ကျင့်ကြံသူလေ သူ့ရဲ့ ကျင့်ကြံခြင်းနှုန်းက အရမ်းမြန်တယ်။
"ဒါဆို မေမေ ကျင့်ကြံသူဆိုတာဘာလဲ"
ကျင့်ကြံသူဆိုတာ ကမ္ဘာမြေနဲ့ ကောင်းကင်ရဲ့ ဝိညာဉ်စွမ်းအင်တွေကို ကိုယ့်ရဲ့ကိုယ်ပိုင်အဖြစ် ပြောင်းလဲပြီး အမြင့်ဆုံးသော တာအိုကို ရောက်အောင် ကျင့်ကြံသူတွေကို ခေါ်တာ။
"ဪ... အဲလိုလား"
"ဟုတ်တယ် မူမူ"
ဒါဆိုမေမေ သမီးတို့ ဘယ်တော့ ကျင့်ကြံလို့ ရမလဲ။ရဲ့ချန်းလျန် ထိုစကားကြောင့် အနည်းငယ် အံ့အားသင့်သွားသည်။
ဟင်တစ်ခုခုတော့ မှားနေပြီ။ ငါ့ကို ဒီမေးခွန်းမေးဖို့ တမင် လမ်းကြောင်းပေးလိုက်သလိုပဲ။ သို့သော် ကလေးတစ်ယောက်မှာ အကြံအစည် အများကြီး ရှိလိမ့်မည်မဟုတ်ဟု ထင်ကာရဲ့ချန်းလျန် အများကြီး မတွေးတော့ပေ။
သမီးတို့က အရမ်းငယ်သေးတယ်။ ကလေးတွေက အသက်သုံးနှစ်ရောက်မှ ကျင့်ကြံလို့ ရတာ။
"ယဒါပေမဲ့ သမီးတို့က အခုကြီးနေပြီလေ ကိုယ်တိုင် ကျင့်ကြံချင်တယ် ပျံချင်တယ်။
ဖေဖေက သမီးတို့ကို ချီပြီး ပျံပေးနိုင်တာပဲ မဟုတ်ဘူးလား။
သမီးတို့က ကိုယ်တိုင် ပျံချင်တာ ဟုတ်တယ်မလား ယောင်ယောင်။ယောင်ယောင်မှာ စားသောက်ပြီးသွားချိန်တွင် ထိုစကားကို ကြားသဖြင့် ဇဝေဇဝါ ဖြစ်နေသည်။
"ဘာပျံမှာလဲ"
ချူမူက တည်ငြိမ်သော မျက်နှာထားဖြင့် မနေ့က ရှောင်ပင်းအစ်မနဲ့ အတူပျံချင်တယ်လို့ နင်ပြောတယ်မဟုတ်လား အခုမေမေက ကျင့်ကြံသူ ဖြစ်သွားရင် ပျံလို့ရတယ်လို့ ပြောနေတာ။ နင် မပျံချင်ဘူးလား။
ထိုစကားကို ကြားသည်နှင့် ယောင်ယောင်က ချက်ချင်း ခေါင်းညိတ်လိုက်သည်။
"ဟုတ်တယ် မေမေ သမီးလည်း ပျံချင်တယ်"
ရဲ့ချန်းလျန်က နဖူးကို အသာပွတ်လိုက်သည်။
သာမန်ကလေးများမှာ သုံးနှစ်ကြာမှ ရိုးရှင်းသော ကျင့်ကြံခြင်းကို စတင်နိုင်သော်လည်း မွေးရာပါ သူတော်စင်ခန္ဓာကိုယ်ရှိသူဆိုလျှင် ကြီးထွားမှုနှုန်းနှင့် ဉာဏ်ရည်မှာ တစ်မျိုးဖြစ်နိုင်သည် မဟုတ်ပါလား။
သို့သော်လည်း ကလေးများ ကျင့်ကြံရန်မှာ ခက်ခဲနိုင်သည် အထူးသဖြင့် ခန္ဓာကိုယ်က အပြည့်အဝ မဖွံ့ဖြိုးသေးသည့် အချိန်တွင် ဖြစ်သည်။
နောက်မှ ဖေဖေ့ကို မေးကြည့်ပေးမယ် ဟုတ်ပြီလား။ ချူမူမှာ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။
မေမေက ဧကရီမဟုတ်ဘူးလား ဘာလို့ အဲဒီ ခအဖေကို မေးရမှာလဲ။ ထိုအဖေမှာ ကျင့်ကြံသူတစ်ဦး ဖြစ်မည်မှာ သေချာသည်။ သူ ဟင်းချက်သည့်အခါ မီးတောက်ကို ထိန်းချုပ်ပုံမှာ အံ့ဩစရာ ကောင်းလှသည်။ ဒါပေမဲ့ တခြား ဘာမှ ထူးထူးခြားခြား မတွေ့ရသေးပေ။
ဒါပေမဲ့ မေမေက ဧကရီဖြစ်ရုံတင်မကဘဲ ကောင်းကင်ဖြစ်စဥ် နယ်ပယ်အဆင့်ရှိ ကျင့်ကြံသူလည်း ဖြစ်သည်။
ကျင့်ကြံလာတာ နှစ်တစ်ရာကျော်ပဲ ရှိသေးတာလေ။ ဒီကျင့်ကြံခြင်းနှုန်းက သူမ ယခင်ဘဝကထက်တောင် ပိုမြန်နေသေးသည်။
ဒါပေမဲ့ မေမေက အဖေ့ကို အရမ်းအားကိုးနေသလို ခံစားရပြီး အဖေကပဲ အဆုံးအဖြတ်တွေ အများကြီး ပေးနေရတာတွေ့ရသည်။အဖေက ဘယ်အဆင့်လောက် ရှိမလဲဆိုတာ သိချင်မိသည်။
ချူမူက ခေါင်းညိတ်လိုက်သော်လည်း ကလေးတစ်ယောက်၏ ပုံစံကိုသာ ထိန်းထားသည်။
"ဒါဆို မေမေ ဖေဖေက ဘယ်အဆင့်မှာ ရှိတာလဲ"
ဟုတ်တယ် ဖေဖေကလည်း ဟိုစားစရာလာပို့တဲ့ အဘိုးကြီးလို ဧကရာဇ်လား။
ဟင်
ဘယ်လို အဘိုးကြီးစားစရာလာပို့တာလဲ။
နန်းတော်ထဲမှာ စားစရာလာပို့တဲ့ အဘိုးကြီးရှိတာကို သူမ ဘာလို့မသိရတာလဲ။
ယောင်ယောင်က မျက်တောင်လေး ခတ်လျက် ရဲချန်းလျန်ကို မျှော်လင့်တကြီး ကြည့်နေသည်။ ရဲ့ချန်းလျန်က သူမခေါင်းကို ပုတ်ပေးရင်း ပြုံးလျက် ပြောလိုက်သည် ဖေဖေက ဧကရာဇ်ထက်တောင်ပိုပြီး အစွမ်းထက်တယ် မဟုတ်ရင် အဲဒီအဘိုးကြီးက ကိုယ်တိုင်စားစရာ လာပို့ပါ့မလား ပြီးတော့ သမီးတို့က ယဉ်ကျေးရမယ် အဘိုးကြီးလို့ မခေါ်ရဘူး အဘိုးလို့ ခေါ်ရမယ် နားလည်လား။
"ဒါပေမဲ့ အဲဒီအဘိုးကြီးက အရမ်းရုပ်ဆိုးတာပဲ"
ရုပ်ရည်က လူတစ်ယောက်ရဲ့ အကောင်းအဆိုးကို ဆုံးဖြတ်တာ မဟုတ်ဘူး အပြုအမူကသာ ဆုံးဖြတ်တာ ကြည့်စမ်း အဘိုးက တို့တွေအတွက် လတိုင်း စားစရာတွေ လာပို့ပေးတယ်လေ။ သူက လူကောင်း မဟုတ်ဘူးလား။
ယောင်ယောင်က အားပါးတရ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့ သူက လူကောင်းပါ"
ဒါဆိုငါတို့တွေက သူ့ကို အဘိုးလို့ ခေါ်ရမယ် မဟုတ်လား။
ဟုတ်ကဲ့ အဘိုးလို့ ခေါ်မယ် ဘေးတွင် ရပ်နေသော ချူမူမှာ မျက်မှောင်ကြုတ်နေမိသည်။
ဘယ်လိုစားစရာလာပို့တဲ့ အဘိုးကြီးလဲ ငါကဘာလို့ မသိဘဲဒီအူကြောင်ကြောင် ယောင်ယောင်က သိနေတာလဲ။ ပြီးတော့ မဟာဧကရာဇ်တဲ့လား။
ဧကရာဇ်ထက် ပိုမြင့်တာက ဘာရှိလို့လဲ။ မေမေ အလုပ်ရှုပ်နေပြီ။ ဒီမှာ နေချင်ရင် ဟိုဘက်မှာ သွားကစားကြမလား။
ဟင့်အင်း သမီးတို့ ရှောင်ပင်းအစ်မဆီ သွားကစားမလို့ ရဲ့ချန်းလျန် ခဏတာ တိတ်ဆိတ်သွားသည်။
ထားပါတော့လေ ငါ့ကိုယ်ငါ ဘယ်နေရာမှာ ရှိလဲဆိုတာ သိပါတယ်။ ငါက နို့တိုက်စက် သက်သက်ပဲ။
ကလေးတွေ ဗိုက်ဝသွားပြီဆိုရင် သူမကို အသုံးမလိုတော့ပေ။
ပြောပြီးသည်နှင့် ယောင်ယောင်က လေလို လျှင်မြန်စွာ ပြေးထွက်သွားပြီး ချူမူကလည်း အမြန်လိုက်သွားသည်။
"ဟေး အူကြောင်ကြောင်မ နင်ပြောတဲ့မဟာဧကရာဇ်ဆိုတာ ဘာလဲ"
ဘယ်မှာလဲ အူကြောင်ကြောင်။
နင့်ကို ပြောနေတာ။
ငါ့နာမည်က ယောင်ယောင်ပါ အူကြောင်ကြောင် မဟုတ်ပါဘူး။
ဟုတ်ပါပြီ ယောင်ယောင် အစောက နင်ပြောတဲ့ စားစရာလာပို့တဲ့ အဘိုးကြီးက ဘာလဲ။
မေမေက စားစရာလာပို့တဲ့ အဘိုးကြီးလို့ ပြောတာလေ။
ချူးမူ "......"
ငါ တကယ်ပဲ သူ့ကို ရိုက်ချင်လာပြီ ဒါပေမဲ့ သူ ငိုသွားမှာ စိုးလို့။ ဒါပေမဲ့ ကလေးတွေရဲ့ စကားကို အတည်ယူလို့ မရပါဘူး။
ချူမူက စိတ်ကိုထိန်းပြီး တစ်လုံးချင်း သေချာမေးလိုက်သည် ယောင်ယောင် အဲဒီ စားစရာလာပို့တဲ့ အဘိုးကြီးက အတိအကျ ဘာလဲလို့။
"ဟေး အစ်မ ကြည့်ဦး လိပ်ပြာလေး တစ်ကောင်"
ချူမူ၏ နှုတ်ခမ်းများမှာ မရပ်မနား တုန်ရီနေတော့သည်။
ငါတော့ သည်းမခံနိုင်တော့ဘူး။