အခန်း ၁၂၇ လွတ်မြောက်သွားခြင်း
"စီနီယာ"
ကျွန်တော် အောက်ဘုံကနေ ထွက်လာပြီး အထက်ဘုံတက်လှမ်းတဲ့ လမ်းကြောင်းကို ဖွင့်လိုက်တဲ့အချိန်မှာ အငွေ့အမည်းတစ်ခုက ကျွန်တော်နဲ့အတူ ပါလာခဲ့တယ်။
ကျွန်တော် အဲဒီအရှိန်အဝါနောက်ကို နာရီဝက်လောက် လိုက်ကြည့်ပေမဲ့ ရုတ်တရက် ပျောက်ကွယ်သွားတယ်။ ဘယ်လိုပဲ တွက်ချက်ရှာဖွေပါစေ ရှာမတွေ့တော့ဘူး။
ဒါဟာ ချန်ရှန်းဧကရာဇ်နဲ့ ပတ်သက်နေဖို့ များပါတယ်။ စီနီယာ စိတ်ပူတယ်ဆိုရင် ကိုယ်တိုင် တစ်ချက်လောက် တွက်ချက်ကြည့်ပေးပါဦး။
ချန်ချင်းနန်းဆောင်အတွင်း၌ ချူနင်သည် သမီးဖြစ်သူကို ပုခုံးပေါ်တင်လျက် မီးဖိုချောင်တွင် ဟင်းချက်နေသည်။ ထိုသတင်းကို ကြားသောအခါ ချူနင်မျက်မှောင်အနည်းငယ် ကြုတ်သွားသည်။
လွတ်သွားတာလား။ ထိုသို့ မဖြစ်သင့်ပေ သူသည် လက်ချောင်းများကို တွက်ဆရုံဖြင့် ကောင်းကင်ဘုံရှိ ကြယ်တာရာများ၏ အပြောင်းအလဲနှင့် ဤလောက၏ ကံကြမ္မာကို သိရှိနိုင်သူ ဖြစ်သည်။ သို့သော် ယခုမူ မည်သည့်နေရာတွင်မှ ရှာမတွေ့ချေ။
ခန္ဓာကိုယ်ပျက်စီးပြီး ဝိညာဉ်ပါ အမှုန့်ဖြစ်သွားခဲ့ရာ ထိုသူ အသက်ရှင်နေရန် မဖြစ်နိုင်တော့ပေ။ သို့သော် ချန်ရှန်း ဧကရာဇ် အသတ်ခံရသည်မှာ အတည်ပြုပြီးသား ဖြစ်သည်။ ဒါက တကယ်ကို ထူးဆန်းလှသည်။
သို့သော် ချူနင်၏ နားလည်မှုအရ ဤကဲ့သို့ ဟန်ကြီးပန်ကြီးနှင့် ဗီလိန်မျိုးမှာ ပြန်လည်ဝင်စားရန် အခွင့်အရေး တစ်ခုခုရှိနေနိုင်သေးသည်။
ထို့ပြင် သူသည် ထာဝရရှင်သန်ခြင်းဆိုင်ရာ ကောင်းကင်တာအို နိယာမကို ဆုပ်ကိုင်ထားသူ မဟုတ်ပါလား။ အကယ်၍ သူသည် ထိုနိယာမကို အသုံးချပြီး ပြန်လည်ရှင်သန်လာမည်ဆိုလျှင်ကော။
ရိုးရှင်းပါသည် ထိုနိယာမကို လုံးဝပိတ်ပင်လိုက်ရုံသာ ရှိသည်။ မည်သူမှ ထာဝရရှင်သန်ခြင်း လမ်းစဉ်ဖြင့် သက်သေပြကာ ဧကရာဇ်ဖြစ်ခွင့်မရှိစေရ။
အကယ်၍ တစ်စုံတစ်ဦးက တားမြစ်ပညာရပ်တစ်ခုခုကို သုံးပြီး အံ့ဖွယ်နည်းဖြင့် အသက်ရှင်ကျန်ရစ်ခဲ့လျှင်ပင်ဤလမ်းစဉ်ဖြင့် အထွတ်အထိပ်သို့ ပြန်တက်လှမ်းနိုင်မည် မဟုတ်တော့သဖြင့် သူတို့အတွက် ခြိမ်းခြောက်မှု မဖြစ်နိုင်တော့ပေ။
ဤလုပ်ရပ်၏ အကျိုးဆက်တစ်ခုမှာ ထာဝရရှင်သန်ခြင်းလမ်းစဉ်မှာ ယခုအခါ လမ်းဆုံးသွားပြီ ဖြစ်သည်။
ဖြစ်လာနိုင်သမျှသော အန္တရာယ်များကို ကြိုတင်ကာကွယ်သည့်အနေဖြင့် ထျန်းရွှမ်းတိုက်ကြီး၏ ဝိညာဉ်စွမ်းအင်များကို ပိုမိုကြွယ်ဝစေရန် သူ လုပ်ဆောင်လိုက်သည်။
ဤနေရာသည် သူ၏ဇနီးနှင့် သမီးများ ကျင့်ကြံရန် အကောင်းဆုံးနေရာ ဖြစ်လာရမည်။ မည်သည့်အရာမှ လာရောက် မနှောင့်ယှက်စေရ။
ဤနယ်ပယ်ကိုလည်း တစ်ကြိမ် ထပ်မံ အားဖြည့်လိုက်သည်။ ဟင်းလင်းပြင်မျိုးနွယ်စုမှ စားစရာလာပို့သူများမှလွဲ၍ မည်သူ့ကိုမှ ဝင်ခွင့်မပြုတော့ပေ။
"ဖေဖေ"
ချူနင်၏ လက်ထဲမှ အံ့ဖွယ် မြင်ကွင်းများကို မြင်သောအခါ ယောင်ယောင်က စပ်စုလိုဟန်ဖြင့် လက်ကလေးများ ဝှေ့ယမ်းကာ ရှေ့သို့ တိုးလာသည်။
ချူနင်က ယောင်ယောင်၏ ခေါင်းကို ပွတ်သပ်ပေးလိုက်သည်.ယောင်ယောင် စိတ်မပူနဲ့ သမီးလည်း ဒါမျိုးလုပ်နိုင်မှာပါ။ သင်ချင်ရင် အရင်ဆုံး စကားပြောတတ်အောင် သင်ပြီးရင် လမ်းလျှောက်တတ်အောင်သင် အဲဒါတွေ ပြီးမှ ဖေဖေ သင်ပေးမယ် ဟုတ်ပြီလား။
"ဟီးဟီး... ဖေဖေ... မဟာဧကရာဇ်"
အာ မင်းမေမေက ဟင်းလင်းပြင် ဧကရာဇ်အကြောင်း ပြောတာကို ကြားသွားတာလား။
"ဟီးဟီး"
ချူနင်သည် နွေးထွေးသော အပြုံးဖြင့် သမီးလေးကို တစ်ဖက်က ချီကာ ကျန်တစ်ဖက်က ဟင်းချက်နေသည်။
ယောင်ယောင်က အရမ်းတော်တာပဲ သမီးအခြေခံတွေ တတ်သွားပြီဆိုရင် ဖေဖေ ကျင့်ကြံခြင်း သင်ပေးမယ်။ အဲဒီအခါကျရင် အဲဒီ မဟာဧကရာဇ်တွေကို ကျော်တက်တဲ့သူ ဖြစ်ရမယ် ဟုတ်ပြီလား။
မိန်းကလေးငယ်လေးမှာ ခေါင်းကို အားပါးတရ ညိတ်ပြပြီး ချူနင်၏ ခေါင်းကို ကိုင်ကာ ဟင်းချက်သည်ကို စိတ်ဝင်တစား ကြည့်နေတော့သည်။
မလှမ်းမကမ်းတွင် ထူးခြားသော ဖြစ်ရပ်တစ်ခု ပေါ်ပေါက်လာသည်။ ရဲ့ချန်းလျန်သည် အလျင်အမြန် ပြန်လာပြီး ရှောင်ပင်း၏ အခန်းသို့ သွားလိုက်သည်။
ရှောင်ပင်း မင်း သူတော်စင်နယ်ပယ်ကို ချိုးဖျက်နိုင်သွားပြီလား။
အရှင်မင်းမြတ်ပေးတဲ့ ဆေးလုံးတွေကြောင့် ကျွန်မရဲ့ ကျင့်ကြံခြင်းက အရမ်းမြန်လာတာပါ။
အရှင်မကလည်း ကောင်းကင်ဖြစ်စဥ်အဆင့်ကို ရောက်သွားပြီ မဟုတ်လား။
ဒီနယ်ပယ်မှာ ဝိညာဉ်စွမ်းအင်က အဆတစ်ရာလောက် ပိုကြွယ်ဝလာတယ် လူတိုင်းရဲ့ ကျင့်ကြံခြင်းနှုန်းကလည်း အဆတစ်ရာ မြန်လာတာပဲ။ ငါက အရင်ကတည်းက အဆင့်မြင့်နေတာဆိုတော့ အခုလိုတိုးတက်တာ မဆန်းပါဘူး။"
ရဲ့ချန်းလျန်က ပြုံးလိုက်သော်လည်း ချူနင်နှင့် ယောင်ယောင်ကို မြင်သောအခါ သက်ပြင်းချမိပြန်သည်။
သူ့ကိုပြောပြလည်း ဘာထူးမှာလဲ ငါတို့ကြားက ကျင့်ကြံခြင်း အဆင့်အတန်းက အရမ်းကွာလွန်းနေတာ အာဒါနဲ့ မူမူကော။
အိမ်ရှေ့စံသမီးတော်ကြီးက အခန်းထဲမှာ အနားယူနေပါတယ်။ အရှင်မင်းမြတ်ပြန်လာတော့ သူ့ကို အခန်းထဲ ထည့်ပေးထားတာပါ။
သူတို့ကတော့ အငယ်လေးကိုပဲ ဂရုစိုက်နေကြတာ အကြီးလေးကို ပစ်ထားကြပြီ။
ချူနင်က မလှမ်းမကမ်းမှ လှမ်းပြောလိုက်သည် မူမူက အေးအေးဆေးဆေး နေတတ်တာပါ။ သူက တစ်နေကုန် စားလိုက် အိပ်လိုက်ပဲ သိပ်မလှုပ်ချင်ဘူး။ ယောင်ယောင်ကမှ အပြင်မထွက်ရရင် မနေနိုင်တာ ဒါကြောင့် သူ့ကိုအပြင်ခေါ်သွားပေးရတာ။
ရဲ့ချန်းလျန်က ခေါင်းညိတ်လိုက်ပြီး ချူနင်၏ ပုခုံးပေါ်တွင် ခွစီးနေသော ယောင်ယောင်ကို ကြည့်ကာ မျက်လုံးစောင်းလိုက်သည်။
သမီးကို အရမ်းအလိုမလိုက်နဲ့ဦး.ရှင့်ခေါင်းပေါ် အပေါ့သွားတဲ့အထိ ဖြစ်နေမယ်။ အဲဒီကျမှ ထိန်းမရ သိမ်းမရ ဖြစ်နေဦးမယ်။
ရပါတယ် ယောင်ယောင်က အခု ကိုယ့်ဘာသာကိုယ်အပေါ့အလေး သွားတတ်နေပြီပဲ ဟုတ်တယ်မလား ယောင်ယောင်။
"ဟီးဟီး"
ရဲ့ချန်းလျန်က ရှောင်ပင်းကို ကြည့်လိုက်သည် ကျင့်ကြံခြင်း အထောက်အကူ ပစ္စည်းတွေ လိုရင် နန်းဆောင်ကနေ အလိုရှိသလောက် သွားယူပါ။
အားမနာနဲ့ အခု မင်းရဲ့ကျင့်ကြံခြင်းနှုန်းက ငါ့ထက်တောင် မြန်နေပြီ။ ဒါနဲ့ဒီနေ့ ယောင်ယောင် ငါ့ဆီကို ရောက်လာတုန်းက ကိုယ်ပေါ်မှာဖုန်တွေ မြေကြီးတွေ ပေနေတာက ဘာဖြစ်လို့လဲ ချူနင်က သူ့ကိုရွှံ့ထဲမှာ လွှတ်ထားတာလား။
ထိုစကားကို ကြားသည်နှင့် ရှောင်ပင်းမှာ တင်းခနဲ ဖြစ်သွားပြီး ချူနင်ကို တစ်လှည့် ရဲ့ချန်းလျန်ကို တစ်လှည့်ကြည့်ကာ ပျာပျာသလဲ ဖြစ်သွားတော့သည်။ ရဲ့ချန်းလျန်၏ မျက်နှာမှာ ချက်ချင်းပင် အေးစက်သွားသည်။
မိပြီ ဒီညတော့ သူ့ကိုစာရင်းရှင်းရမယ်။ သူမသည် မူမူကို ကြည့်ရန် အခန်းထဲသို့ ဝင်သွားသည်။
ပုခက်ထဲရှိ ချူမူမှာ အလွန်ပင် လိမ္မာလှသည်။ ကလေးတစ်ယောက်နှင့် မတူဘဲ တရားထိုင်နေသော ကျင့်ကြံသူတစ်ဦးနှင့်ပင် တူနေသည်။
ကမ္ဘာပေါ်က ကလေးအားလုံးသာ မူမူလိုလိမ္မာရင် ဘယ်လောက်ကောင်းမလဲ။
ရဲ့ချန်းလျန်က မူမူ၏နှာခေါင်းလေးကို တို့လိုက်ရာ သူမ မျက်လုံးပွင့်လာပြီး လက်ကလေးများကို ဆန့်တန်းလိုက်သည်။
"မေမေ"
ရဲ့ချန်းလျန်၏ စိတ်များ ပျော်ဝင်သွားရသည်။
မူမူက ပိုပြီးနွေးထွေးတယ် ယောင်ယောင်ကတော့ ကောင်းကင်နဲ့ မြေကြီးကို ပြောင်းပြန်လှန်ဖို့ပဲ သိတာ။
ပြောရရင် ချူနင်ရဲ့ မျိုးရိုးနာမည် ယူထားတဲ့ သမီးက ငါနဲ့ပိုရင်းနှီးပြီး ငါ့မျိုးရိုးနာမည် ယူထားတဲ့ သမီးကတော့ ငါ့ကိုနို့တိုက်စက်လို့ပဲ သတ်မှတ်ထားတာလား မသိဘူး။
သို့သော် မူမူမှာ အချီခံရသည်နှင့် ချက်ချင်းပင် စားစရာ ရှာတော့သည်။ ရဲ့ချန်းလျန်မှာ ချက်ချင်းပင် ဆွံ့အသွားရသည်။
မူမူကလည်း သူမကို စားစရာပေးမည့်သူ တစ်ဦးအဖြစ်သာ သတ်မှတ်ထားပုံရသည်။
ထားပါတော့ အခု သူမလုပ်နိုင်တာက အာဟာရရှိတာတွေ စားပြီး ကလေးကို နို့တိုက်ဖို့ပဲ ရှိတာပဲ။
ဟူး မိခင်ဘဝရဲ့ ခံစားချက်ဆိုတာကို ညကျမှ ချူနင်ဆီကပဲ ရနိုင်တော့မယ် ထင်ပါရဲ့။ မူမူသည် ဗိုက်ဝသွားသောအခါ အချီမခံတော့ဘဲ ပုခက်ထဲ ပြန်ဝင်ကာ ဆက်အိပ်နေတော့သည်။
အိပ်နေသည်ဟု ဆိုသော်လည်း အမှန်တကယ်တွင် သူမသည် တရားထိုင်နေခြင်းဖြစ်သည်။ သူမ၏ စိတ်အခြေခံမှာဓားနှလုံးသားအသိဉာဏ်အဆင့်သို့ ရောက်နေပြီ ဖြစ်သည်။
သူမ၏ စိတ်နေစိတ်ထားမှာ ယခင်ဘဝက မဟာဧကရာဇ် အဆင့်တွင် ရှိခဲ့ဖူးသဖြင့် ကျင့်ကြံခြင်းနှုန်းမှာ အလွန်ပင် မြန်ဆန်လှသည်။
အခြေခံစိတ်ဓာတ် ခိုင်မာပြီးနောက်တွင် ကျင့်ကြံခြင်းမှာ စားသောက်ရသကဲ့သို့ပင် ရိုးရှင်းသွားသည်။
အနားယူနေစဉ်တွင်ပင် သူမ၏ ခန္ဓာကိုယ်သည် ဝိညာဉ်စွမ်းအင်များကို အလိုအလျောက် စုပ်ယူနေတော့သည်။
ချန်ရှန်းဧကရာဇ် အသက်ရှင်နေသရွေ့ ငါ့ကို အိပ်မက်ဆိုးတွေက နှောင့်ယှက်နေဦးမှာပဲ။
အိပ်ပျော်သွားတာနဲ့ အိပ်မက်ဆိုးတွေက ငါ့နှလုံးသားထဲက မိစ္ဆာတွေလို ခြောက်လှန့်နေတယ်။
သူမ၏ ကျင့်ကြံခြင်းမှာ ယောင်ယောင်ထက်ပင် ပိုမြန်နေသည်။ အချိန်တန်လျှင် သူမသည် အထွတ်အထိပ်သို့ ပြန်လည် ရောက်ရှိလာမည် ဖြစ်သည်။
တစ်နေ့မှာ ငါမဟာဧကရာဇ်အဖြစ် ပြန်လာတဲ့အခါ ချန်ရှန်းဧကရာဇ်ကို သတ်ပြီးငါ့နှလုံးသားထဲက မိစ္ဆာတွေကို အမြစ်ဖြတ်ပစ်မယ်။
ချူနင်က မင်းကိုအခန်းထဲမှာပဲ ထားခဲ့တာ မဆန်းပါဘူး သူမင်းနဲ့ မကစားချင်လို့ မဟုတ်ဘဲ မင်းကမှ မလှုပ်ချင်တာကိုး။
ရဲ့ချန်းလျန် ယခုမှ နားလည်သွားသည်။ မိန်းမရေ ထမင်းစားလို့ ရပြီ မြန်မြန် လာစားတော့။
ချူနင်က လှမ်းခေါ်လိုက်သည်။ ရဲ့ချန်းလျန်က ပြုံးလျက် သူမရှေ့ကသားအဖကို ကြည့်ကာ နွေးထွေးမှုကို ခံစားလိုက်ရသည်။ သူမဘဝတွင် ဤကဲ့သို့ ခံစားချက်မျိုး ရရှိလိမ့်မည်ဟု တစ်ခါမှ မတွေးဖူးခဲ့ပေ။
ငါ နောက်တစ်ခါ ထပ်ငိုချင်လာပြန်ပြီ။