အခန်း ၁၂၅ ကျွန်တော်က စားစရာပို့တဲ့သူသက်သက်ပါ
ထျန်းရွှမ်းတိုက်ကြီးသည် ယခင်ကကဲ့သို့ပင် တိတ်ဆိတ်ငြိမ်သက်နေဆဲ ဖြစ်သည်။
ချူနင်၏ နောက်ဆုံးလုပ်ရပ်မှာ ထိုမဟာဧကရာဇ်၏ ကံတရားကို သိမ်းကျုံးယူငင်ကာ ဤကမ္ဘာလောကအတွင်းသို့ ပျံ့နှံ့သွားစေခြင်း ဖြစ်သည်။
အပိုင်းပိုင်းအစစ ဖြစ်သွားသော အခြားကျင့်ကြံသူများမှာမူ အင်ပါယာ၏ ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားကြသည်။
နောက်ဆုံးတွင် စုတုန့်ဖန်းထံသို့ သတင်းစကားတစ်ခု ပေးပို့လိုက်သည်။ သူသည် ချန်ရှန်း (ထာဝရရှင်သန်ခြင်း) မျိုးနွယ်၏ နယ်မြေများကို လွှဲပြောင်းရယူရမည်ဖြစ်ပြီး နောင်တွင်သူ၏ဇနီး အထက်ဘုံသို့ တက်လှမ်းလိုသည့်အခါ ထိုနေရာသည် သူတို့၏ နယ်မြေဖြစ်လာမည်ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အထက်ဘုံကြီးမှာမူ လုံးဝပရမ်းပတာဖြစ်နေချေပြီ။ ချန်ရှန်းမျိုးနွယ်စုကြီး တစ်ခုလုံး အမြစ်ပြတ် သုတ်သင်ခံလိုက်ရပြီဖြစ်သည်။ ဟန်ချက်မဲ့မဟာဧကရာဇ်၊ ရွှမ်ယွမ်မဟာဧကရာဇ်နှင့် အခြားသော မဟာဧကရာဇ်များစွာတို့မှာ အလွန်အံ့အားသင့်ကာ တုန်လှုပ်နေကြသည်။
မဟာဧကရာဇ်ချန်ရှန်းပင်လျှင် လောကမြေပုံပေါ်မှ ပျောက်ကွယ်သွားခဲ့ရပြီ။ လွန်ခဲ့သော အချိန်အနည်းငယ်က ထိုမျိုးနွယ်စုအတွင်းရှိ ဧကရာဇ်တစ်ပိုင်းအထက် ကျင့်ကြံသူအားလုံး ပျောက်ကွယ်သွားခဲ့ခြင်းမှာ တိုက်ဆိုင်မှု မဟုတ်ဘဲ ကြိုတင်နိမိတ် ဖြစ်နေခဲ့ခြင်းပင်။
အချို့က မည်သူ့လက်ချက်ဖြစ်သည်ကို တွက်ချက်ရန် ကြိုးစားခဲ့ကြသော်လည်း မအောင်မြင်ခဲ့ပေ။ မဟာဧကရာဇ်တစ်ပါးက ကိုယ်တိုင်တွက်ချက်ရန် ကြိုးစားရာတွင် တန်ပြန်သက်ရောက်မှုကြောင့် သူ၏ကျင့်ကြံခြင်းပင် ထိခိုက်သွားခဲ့သည်။
ထိုအခါမှစ၍ မည်သူမှ ထပ်မံမစမ်းရဲတော့ပေ။ ဤကဲ့သို့ လုပ်ဆောင်နိုင်သူမှာ ဤလောကတွင် အလွန်အမင်း အစွမ်းထက်သော တည်ရှိမှုမျိုးဖြစ်ရမည်မှာ သေချာသည်။
ဟင်းလင်းပြင်မျိုးနွယ်စုအတွင်းရှိ မဟာဧကရာဇ်စုတုန့်ဖန်းမှာမူ အိမ်မှာ ထိုင်နေရင်းပင် ကောင်းကင်မှ ကျလာသော လာဘ်လာဘကြောင့် ဝမ်းသာမဆုံး ဖြစ်နေသည်။ မဟာဧကရာဇ် ချန်ရှန်း အသတ်ခံရပြီတဲ့လား။
ထိုမျိုးနွယ်စု၏ ထိပ်တန်းကျင့်ကြံသူ အားလုံးသုတ်သင်ခံလိုက်ရပြီတဲ့လား။ အချိန်အတော်ကြာမှ စုတုန့်ဖန်း သတိပြန်ဝင်လာပြီး မှင်တက်နေသော မျက်နှာဖြင့် ရှိနေတော့သည်။
ယခင်က သူသည် ချူနင်ကို ချန်ရှန်းမျိုးနွယ်စု၏လုပ်ရပ်များကို သတိထားရန် သတိပေးခဲ့ရုံတင်မက ချန်ရှန်းမျိုးနွယ်စုကိုလည်း ထိုနေရာသို့ မသွားရန် တားမြစ်ခဲ့ဖူးသည်။
သို့သော် ချန်ရှန်းမျိုးနွယ်စုက သူ့စကားကို အလေးမထားခဲ့သလို ချူနင်ကလည်း သူ့ကို ဂရုပင်မစိုက်ခဲ့ပေ။ စားစရာပို့သည့် ကိစ္စမှလွဲ၍ ကျန်သည့်ကိစ္စများကို ချူနင်စိတ်မဝင်စားခဲ့ခြင်းပင်။
ယခုမူ ချန်ရှန်းမျိုးနွယ်စုမှာ တိုက်ရိုက် အမြစ်ပြတ်သွားခဲ့ပြီ။ စုတုန့်ဖန်း နောက်ဆုံးတွင် နားလည်သွားသည်။ စီနီယာသည် ထိုမျိုးနွယ်စုကို အရေးပါသူများဟု တစ်ခါမှ မသတ်မှတ်ခဲ့ဘဲ သူတို့ကိုလာခွင့်ပေးခြင်းမှာ သူ၏ အစွမ်းကို ပြသရန်သာ ဖြစ်နိုင်သည်။
မဟာဧကရာဇ်တွေတောင် ဖျက်ဆီးခံရနိုင်တယ် သူ့ကိုလာဆွတဲ့သူမှန်သမျှ သေဖို့သာပြင်ထားတော့။
စီနီယာသည် အထက်ဘုံသို့လာရန် ရည်ရွယ်ချက် မရှိသေးပုံရသဖြင့် သူ့ကိုခေတ္တစီမံခန့်ခွဲရန် ခိုင်းခြင်း ဖြစ်ရမည်။ ခေတ္တစီမံခန့်ခွဲခြင်းနှင့် ပိုင်ဆိုင်ခွင့်ပေးခြင်းမှာ မတူပေ။
စီနီယာကိုယ်စား စီမံပေးရခြင်းဖြစ်ပြီး စီနီယာအလိုရှိသည့်အချိန်တွင် တိုက်ရိုက် လွှဲပေးရမည်ဖြစ်သည်။ သို့သော်လည်း အထက်ဘုံ၏ တိုက်ကြီးသုံးထောင်အနက် တစ်ထောင်ခန့်ကို စီမံရမည်ဆိုသည်မှာ အလွန်ကြီးမားသော အခွင့်အရေး မဟုတ်ပါလား။
ဟင်းလင်းပြင်မျိုးနွယ်စုက လူအားလုံးကို ချက်ချင်း အကြောင်းကြားလိုက် ချန်ရှန်းမျိုးနွယ်စုဆီ သွားပြီး နယ်မြေတွေကို လွှဲယူကြမယ်။ ဒါက မဟာဧကရာဇ်ချန်ရှန်းကို သတ်ခဲ့တဲ့ စီနီယာရဲ့ အမိန့်လို့ ကြေညာလိုက်။ မကျေနပ်တဲ့သူရှိရင် ငါ့ဆီလာခဲ့လို့ ပြောလိုက်။
မကြာမီတွင် အထက်ဘုံ၏ အာဏာစက်မှာ အပြောင်းအလဲကြီး ဖြစ်သွားကာမျိုးနွယ်စု အားလုံးကို တုန်လှုပ်သွားစေသည်။ ထိုသွေးမိုးမှာ အနည်းဆုံး သုံးရက်ခန့် ရွာသွန်းနေဦးမည်ဖြစ်သည်။ မဟာဧကရာဇ်တစ်ပါး ကျဆုံးခြင်းမှာ သက်ရှိအားလုံးအတွက် ဝမ်းနည်းစရာ ဖြစ်သလို ကမ္ဘာလောကကို ကောင်းချီးပေးသည့် မိုးကြီးဟုလည်း သတ်မှတ်ကြသည်။
ဤဖြစ်ရပ်ပြီးနောက် နှစ်ပတ်ခန့် ကြာသွားသည်။ ထျန်းရွှမ်းတိုက်ကြီး၏ အထက်ဘုံတက်လှမ်းသည့် စင်မြင့်ကို ဟင်းလင်းပြင်မျိုးနွယ်စုက တင်းကျပ်စွာ ထိန်းချုပ်ထားပြီး မည်သူ့ကိုမှ ကျူးကျော်ခွင့် မပြုပေ။ ဧကရာဇ်လောင်းလျာသုံးဦးကိုပင် အမြဲတမ်း စောင့်ကြပ်ခိုင်းထားသည်။
အခြား မဟာဧကရာဇ်များမှာ ချန်ရှန်းမျိုးနွယ်စု၏ အာဏာကို ခွဲဝေယူလိုကြသော်လည်း စုတုန့်ဖန်းက တိုက်ရိုက် ဖိနှိပ်လိုက်သည်။ ထိုနေရာသည် စီနီယာ၏ပိုင်နက်ဖြစ်ကြောင်းနှင့် မည်သည့်မျိုးနွယ်စုမဆို ဝင်ရောက်စွက်ဖက်ပါက စစ်ပွဲဖြစ်မည်ဟု ကြေညာထားသည်။
စုတုန့်ဖန်းသည် မဟာဧကရာဇ် ဆယ်ပါးအနက် နောက်ဆုံးအဆင့် ဖြစ်သဖြင့် အစပိုင်းတွင် အခြားသူများက ဂရုမစိုက်ခဲ့ကြသော်လည်း တကယ်တမ်း ထိပ်တိုက်တွေ့သောအခါ အားလုံးမှာ ချေမှုန်းခံလိုက်ရသဖြင့် လက်လျှော့သွားကြတော့သည်။
ယနေ့တွင် စုတုန့်ဖန်းသည် ဟင်းချက်စရာများနှင့် သတင်းများကို ကိုယ်တိုင် ယူဆောင်လာခဲ့သည်။ ချူနင်၏ ခွင့်ပြုချက်ရပြီးမှသာ အထက်ဘုံတက်လှမ်းသည့် စင်မြင့်ပေါ်သို့ သူ တက်ရဲသည်။
စုတုန့်ဖန်း၏ အစွမ်းကိုမူ ဤနေရာတွင် ဖိနှိပ်မထားပေ မဟုတ်လျှင် စားစရာပို့သည်မှာ နောက်ကျသွားပြီး ထမင်းစားချိန်ကို ထိခိုက်နိုင်၍ ဖြစ်သည်။
ချန်ချင်းနန်းဆောင်၏ ရင်ပြင်အတွင်း ချူနင်သည် သမီးငယ် ယောင်ယောင်နှင့် ကစားနေသည်။ မွေးကတည်းက အစွမ်းထက်သူတော်စင်ခန္ဓာကိုယ်ပါလာသူဖြစ်ရာ သူမ၏ကြီးထွားမှုမှာ အလွန်မြန်ဆန်လှသည်။ ချူနင်ပြောသော စကားအချို့ကိုလည်း သူမ နားလည်နေပြီ ဖြစ်သည်။
"ယောင်ယောင် ထိုင်စမ်း"
သမီးငယ်လေးမှာ ချက်ချင်းပင် တည်ငြိမ်သော မျက်နှာထားဖြင့် သေသေသပ်သပ် ထိုင်လိုက်သည်။ ချူနင်က အဝိုင်းပြားတစ်ခုကို ပစ်လိုက်သည်။
"မြန်မြန် ယောင်ယောင် သွားယူချေ"
မိန်းကလေးငယ်လေးမှာ မြန်မြန်လေး တွားသွားပြီး ရယ်မောလျက် အဝိုင်းပြားကို ကောက်ယူကာ ပြန်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသော ရှောင်ပင်းမှာ ချက်ချင်း မျက်နှာလွှဲလိုက်ရသည် ကြည့်ရက်စရာ မရှိတော့ပေ။
အရှင်မက မနေ့ကတင် ဒုတိယသမီးတော်လေးမှာ ဖုန်တွေ အမြဲပေနေတယ်လို့ ညည်းညည်းညူညူ လုပ်နေတာ။ ဒါကို အရှင်မမြင်သွားရင်တော့ အရှင်မင်းကြီး ခေါင်းပြတ်မှာပဲ။
ယောင်ယောင်မှာ အဝိုင်းပြားကို ယူလာပြီး ချူနင်၏ ရင်ခွင်ထဲသို့ တိုးဝင်ကာ အောင်နိုင်သူတစ်ဦးကဲ့သို့ ကြည့်နေသည်။
"ဟီးဟီး... ဟီးဟီး"
ချူနင်က ပြုံးလျက် ယောင်ယောင်၏ ခေါင်းကိုပွတ်သပ်ပေးလိုက်သည်။
နှမြောစရာပဲ မင်းအစ်မက အရမ်းပျင်းတော့ အပြင်ထွက်မကစားချင်ဘူး။ မဟုတ်ရင် မင်းတို့နှစ်ယောက် အတူတူ ကစားလို့ ရတာပေါ့။
ထိုစကားကို ကြားသောအခါ ယောင်ယောင်က ရှောင်ပင်း ချီထားသော ချူမူကိုကြည့်ကာ လက်ကလေးများကို ဝှေ့ယမ်းလျက် စကားသံလေးများ ထွက်လာသည်။ ချူမူကမူ ဂရုမစိုက်သလို နှုတ်ခမ်းမဲ့လိုက်သည်။
ဒီအဖေကတော့ တကယ်ပဲ ကလေးကိုဒီလိုပဲထိန်းသလား ဒါကခွေးလေ့ကျင့်ပေးတာနဲ့ ဘာကွာလို့လဲ ငါသာအခု စကားပြောတတ်ရင် ဒီညမေမေ့ကို တိုင်လိုက်ပြီ မင်းခေါင်းပြတ်ဖို့သာ ပြင်ထားတော့ အဓိကက ဒီအူကြောင်ကြောင် ယောင်ယောင်က ဒါကို ပျော်နေတာပဲ၊ ဒီလူတွေ ဘာတွေတွေးနေလဲ ငါတကယ် နားမလည်ဘူး။
"တွေ့လား အစ်မက မင်းနဲ့ မကစားချင်ဘူးတဲ့ ဒါဆို ငါတို့ပဲသွားကစားကြမလား"
ယောင်ယောင်က အနည်းငယ် စိတ်မကောင်းဖြစ်ဟန်ဖြင့် ချူနင်၏ ရင်ခွင်ထဲသို့ ပြန်တိုးဝင်ကာ သူမ၏ နှပ်များကို ချူနင်၏ အကျီပေါ်တွင် ပွတ်တိုက်လိုက်ပြီးနောက် ပြန်၍ ရယ်မောနေပြန်သည်။
ချူနင်ကလည်း ယောင်ယောင်၏ခေါင်းကို ပွတ်ကာ အရူးတစ်ယောက်လို လိုက်ရယ်နေသည်။ သမီးလေးများမှာ တကယ်ပင် စိတ်ဝင်စားစရာ ကောင်းလှသည်။ သူ ဘာကြောင့်သမီးလေးကို ဤသို့ကစားပေးရသနည်း။
သူမမှာ မွေးရာပါအစွမ်းထက်သူတော်စင်ခန္ဓာကိုယ်ရှိသူ ဖြစ်သည်။ ဆယ်ရက်သားအရွယ်မှာပင် သူမသည် တွားသွားနိုင်နေပြီဖြစ်သည်။
အကယ်၍ သူမကိုမြေပြင်ပေါ်တွင် တွားသွားခိုင်းကာ သဘာဝ၏အငွေ့အသက်နှင့် မြေကြီးနံ့များကို ခံစားစေပြီး အားအင်များကို မကုန်ခမ်းစေပါက သူမသည် ပုခက်ထဲမှ တွားထွက်ကာ ခေါင်းတွင် အဖုအကျိတ်ပေါင်းများစွာ ထွက်အောင် လုပ်လိမ့်မည်မှာ သေချာသည်။ ယခုပင် ထိုသို့ ဖြစ်ခဲ့သည်မှာ အကြိမ်ကြိမ်ပင်။
ရဲ့ချန်းလျန်သာ ဤကလေးထိန်းနည်းကိုသိလျှင် သဘောတူမည် မဟုတ်ဘဲတစ်စုံတစ်ဦးကို သေချာပေါက် ခေါင်းဖြတ်လိမ့်မည်။ ထို့ကြောင့် သူတို့ပြန်မသွားခင် ယောင်ယောင်၏အားအင်များကို အကုန်သုံးပစ်ရမည် ဖြစ်သည်။
သို့မှသာ ချန်းလျန် သိမည်မဟုတ်ပေ ကလေးဆိုသည်မှာ ဤသို့ပင် လွတ်လွတ်လပ်လပ် တွားသွားနေရမည်။ အပေါ့အလေး သွားချင်လျှင်လည်း ချုံပုတ်တစ်ခုထဲ သွားလိုက်ယုံသာ ဘောင်းဘီလဲရသည့် အချိန်ပင် သက်သာသေးသည်။
ညကျမှ ရေချိုးပေးလိုက်လျှင် အသစ်အတိုင်း ပြန်ဖြစ်သွားသည် မဟုတ်ပါလား။ ဒါပေမဲ့ စည်းမဲ့ကမ်းမဲ့တော့ မစွန့်ရဘူးနော်။ သွားချင်ရင် ဖေဖေကိုပြော ဒါမှမဟုတ် ပန်းခြံထဲက လူမမြင်တဲ့ နေရာတစ်ခုကို ကိုယ်တိုင် တွားသွားပြီး သွားရမယ် နားလည်လား။
မိန်းကလေးငယ်လေးမှာ သေချာနားထောင်နေပြီး ခေါင်းကို အားပါးတရ ညိတ်လိုက်သည်။
"ဟုတ်ကဲ့ ဖေဖေ"
ချူးနဥ်မှာ မှင်တက်သွားပြီး မျက်လုံးများ ချက်ချင်း ဝိုင်းသွားတော့သည်။
ဘုရားရေ တစ်လတောင် မပြည့်သေးဘူး စကားပြောနေပြီ။
တစ်လလောက် ကြာမှပြောနိုင်လိမ့်မည်ဟု သူ ထင်ထားသော်လည်း မွေးပြီး ၂၀ ရက်ကျော်ကျော်မှာပင် ပြောနိုင်နေပြီ ဖြစ်သည်။ ချူနင်သည် ယောင်ယောင်ကို ဖက်ကာ အလွန်အမင်း စိတ်လှုပ်ရှားသွားတော့သည်။
"ဟီးဟီး ယောင်ယောင် ဖေဖေလို့ ခေါ်တတ်ပြီပဲ နောက်ထပ် ခေါကြည့်ပါဦး"
"ဟီးဟီး ဖေဖေ"
ဖခင်ဖြစ်သူ ရယ်နေသည်ကို မြင်သောအခါ သမီးငယ်လေးကလည်း လိုက်ရယ်နေသည်။ ချူနင်သည် ယောင်ယောင်ကို ချီကာ ဤသတင်းကောင်းကို ရဲ့ချန်းလျန်ကို ပြောပြရန် ပြင်လိုက်သည်။
ထိုစဉ် သူ၏ ဆက်သွယ်ရေး ကျောက်ပြားမှ သတင်းတစ်ခု ရောက်လာသည်။ စီနီယာ ကျွန်တော် နန်းတော်အပြင်ဘက်ကို ရောက်နေပါပြီ။
ဟူး... မင်းကတော့ တကယ့်အချိန်မတော် ရောက်လာတာပဲ။ ငါ့သမီးက ဖေဖေလို့ စခေါ်နေလို့ ဇနီးကို သွားပြောမလို့ဟာ ထားပါတော့ တစ်ယောက်ယောက်ကို မင်းကို မင်းတက်နန်းဆောင်ကို ခေါ်လာခိုင်းလိုက်မယ် ငါ အခုပဲ အဲဒီကို သွားမလို့။
ဟုတ်ကဲ့ စီနီယာ နန်းတော်တံခါးက စစ်သည်တွေကို ပြောပေးပါဦး။ ကျွန်တော့်ရဲ့ အဆင့်အတန်းကို သူတို့ ယုံမှာမဟုတ်သလို ရှင်းပြရတာလည်း ခက်လို့ပါ။
အမှန်ပင် ဘယ်သူကများ ရုတ်တရက်ကြီး လာပြီး ငါကမဟာဧကရာဇ်ပါဟု ပြောလျှင် ယုံပါမည်နည်း။
ထိုက်ရွှီမြေမြတ်က လူများဆိုလျှင် ယုံနိုင်သော်လည်း နန်းတော်တံခါးစောင့်များကမူ ခွင့်ပြုမိန့်မပါရင် ဝင်ခွင့်မရှိဘူးဟုသာ ပြောမည် ဖြစ်သည်။
တစ်ယောက်ယောက်ကို လာခေါ်ခိုင်းရမည် မဟုတ်ဘဲ ကျင့်ကြံခြင်း အစွမ်းကို သုံးလျှင်လည်း နန်းတော်ထဲက တစ်ယောက်ယောက်က လက်တုံ့ပြန်လိမ့်မည် ဖြစ်သည်။
ထို့ကြောင့် စုတုန့်ဖန်းသည် အောက်ဘုံတွင် သူ၏မျက်နှာက အသုံးဝင်မဝင်ကို မစမ်းသပ်တော့ပေ။ ထို့ပြင် အခြားသူ၏ ပိုင်နက်တွင် ကျင့်ကြံခြင်း အစွမ်းပြသခြင်းမှာ ကြွားဝါရာရောက်ပေသည်။
တံခါးစောင့်မှာ ဇဝေဇဝါဖြင့် ဆက်သွယ်ရေး ကျောက်ပြားကို ယူလိုက်ပြီးနောက် ချက်ချင်းပင် ကိုယ်ဟန်အနေအထား ပြင်လိုက်ရသည်။
"ဟုတ်ကဲ့ပါ အရှင်မင်းကြီး ဟုတ်ကဲ့ပါ ဒီအဘိုးကြီးကို အခုပဲ ခေါ်လာခဲ့ပါ့မယ်"
"ကဲ အရှင်မင်းကြီးက ဝင်ခွင့်ပြုတယ် ကျွန်တော် ခင်ဗျားကို ခေါ်သွားပေးမယ်။"
"ကျေးဇူး အများကြီး တင်ပါတယ်ဗျာ"