အခန်း ၁၂၀ ပြောင်းပြန်
"မင်းတို့ရဲ့အဖေကို ဖေဖေလို့ ခေါ်စမ်း"
"ဟီးဟီး"
"ဟုတ်တယ် ဖေဖေလို့ ခေါ် ဖေဖေ"
"ဟီးဟီး"
ချူနင်မှာ ခေါင်းကိုသာ ကုတ်နေမိတော့သည်။ ရဲ့ယောင်လေးက သူပြောတာကို နားလည်ပုံရသည်။ သူမသည် ချူနင် စကားပြောလျှင် တခစ်ခစ်နှင့် ရယ်မောတတ်သော်လည်း တခြားအရာများကိုတော့ ထိုမျှ စိတ်မဝင်စားပေ။
သို့သော် သူမသည် လောလောဆယ် ဟီးဟီးဟုသာ အသံထွက်နိုင်ပြီး စကားမပြောနိုင်သေးပေ။ သူမ၏ အသံအိုးမှာ အပြည့်အဝ မဖွံ့ဖြိုးသေးသော်လည်း မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာပိုင်ရှင်ပီပီ သူမ၏ ကြီးထွားနှုန်းမှာ အံ့မခန်းပင်။
ခုနစ်ရက်အတွင်း သူမ၏ကိုယ်အလေးချိန်မှာ နှစ်ဆ တိုးလာခဲ့သည်။ မူမူနှင့် ရဲ့ယောင် နှစ်ယောက်လုံးမှာ ယခုအခါ ၁၆ ပိဿာခန့် (၁၆ ဂျင်) ရှိနေပြီဖြစ်သည်။ ဇနီးသည်၏ အာဟာရ ပြည့်ဝမှုကြောင့် ကလေးများမှာ အတော်လေး ထွားကြိုင်းလာကြသည်။
ကိုယ်လုံးကိုယ်ပေါက် ကြီးထွားလာရုံတင်မကဘဲ သူတို့၏ ချစ်စရာကောင်းသော မျက်နှာလေးများမှာလည်း ပုံပေါ်လာပြီဖြစ်သည်။ သူတို့၏ ရုပ်ရည်မှာ ချူနင်နှင့် ရဲချန်းလျန်တို့ထံမှ အကောင်းဆုံးများကို ဆက်ခံထားသဖြင့် ကြီးလာလျှင် သေချာပေါက် အလှဘုရင်မလေးများ ဖြစ်လာကြပေလိမ့်မည်။
ယခုအခါ သူတို့၏ဆံပင်နုလေးများ စတင်ပေါက်လာပြီး အနွေးထည်လေးများကိုလည်း ဝတ်ဆင်နိုင်ပြီဖြစ်သည်။ နွေဦးဦးကာလ ဖြစ်သဖြင့် ရာသီဥတုက အနည်းငယ် အေးနေသေးရာ နွေးနွေးထောင်ထောင်ထားရန်မှာ အလွန်အရေးကြီးသည်။
အကြိမ်ကြိမ် ကြိုးစားသော်လည်း ရဲ့ယောင်လေးက "ဖေဖေ" ဟု မခေါ်သဖြင့် ချူနင်က မူမူကို ပြောင်းပြီး စမ်းကြည့်သည်။ မူမူ၏စိတ်ပိုင်းဆိုင်ရာမှာ တစ်ခုခုထူးခြားနေသည်ဟု သူသံသယရှိသော်လည်း ချူမူ (မူမူ) ၏မျက်ဝန်းများမှာ အလွန်ပင်ဉာဏ်ရည်ထက်မြက်ပုံပေါ်သည်ဟု သူခံစားရသည်။
ရဲ့ယောင်၏မျက်လုံးများကတော့ နည်းနည်းပိုပြီး လည်လွန်းနေသလိုပင်။
"ဖေဖေလို့ ခေါ်စမ်းပါ မူမူလေးရဲ့ဖေဖေ လို့ ခေါ်နော်"
ချူမူက မျက်လုံးလေး ကလန်ကလားလုပ်ကာ နှုတ်ခမ်းလေးကို တွန့်လိုက်သည်။ ချူနင်ကတော့ ဒါကို မြင်ပြီး ကျင့်သားရနေပြီဖြစ်သည်။ ဤအချက်မှာ သူမ၏ မိခင် (ရဲချန်းလျန်) ထံမှ လုံးဝ ဆက်ခံထားခြင်း ဖြစ်သည်။
သို့သော် ချူနင်ကတော့ လက်မလျှော့ဘဲ ဆက်ကြိုးစားနေဆဲ။
"ဖေဖေ ဟုတ်တယ် ဖေဖေ လို့ ခေါ်"
ဘာကိုခေါ်ရမှာလဲ မွေးတာခုနစ်ရက်ပဲ ရှိသေးတာကို ခေါ်ခိုင်းနေတာလား။
တကယ်လို့သာ သူမ တကယ် ခေါ်လိုက်ရင် သူကြောက်ပြီး သေသွားမှာပေါ့။
အူကြောင်ကြောင် ရဲ့ယောင်လေးတောင် မခေါ်နိုင်သေးတာ သူမခေါ်နိုင်စရာ အကြောင်းမရှိပေ။ သို့သော် ချူနင်ကတော့ ဇွဲမလျှော့။
"ဖေဖေ ဖေဖေ"
သူသည် မူမူလေး ရှေ့မှာပါးစပ်ကို အကျယ်ကြီး ဟပြပြီး လိုက်ဆိုခိုင်းနေသည်။
ဟိုအူကြောင်ကြောင်လေးကိုပဲ သွားနှောက်ယှက်စမ်းပါ ဒီဧကရီက စိတ်ကျင့်စဉ် ကျင့်နေတာလေ။
ဤဖေဖေဆိုသူမှာ သူမကိုသည်းမခံနိုင်အောင် နှောက်ယှက်လွန်းနေသဖြင့် ချူမူသည် သူမ၏ အသံကို အတတ်နိုင်ဆုံး ကလေးအသံလေးပြောင်းကာ အော်လိုက်သည်။
"အေး"
ချူနင်မှာ ရုတ်တရက် ဆွံ့အသွားပြီး ခေါင်းကို ကုတ်လိုက်မိသည်။ ချူမူကတော့ နှုတ်ခမ်းလေးကို တွန့်လိုက်မိသည်။
ဒီဧကရီကို မပြစ်တင်နဲ့လေ ရှင့်ဘာသာ အရင်ခေါ်တာပဲ။
သူမ အသက်အရွယ်နှင့်ဖေဖေဟု မခေါ်နိုင်သေးသော်လည်း အေးဟု ထူးရန်မှာတော့ ပြဿနာ မရှိပေ။ ဘေးနားရှိ ရှောင်ပင်းမှာတော့ ကျယ်လောင်စွာ ရယ်မောတော့သည်။
ဒါကတော့ အဆင့်အတန်း ပြောင်းပြန်ဖြစ်သွားပြီပဲ ဟားဟား အရှင်တော့ ရှုံးပြီ။
ချူနင်မှာ အူကြောင်ကြောင် ဖြစ်သွားသည်။ သူက သမီးကိုဖေဖေဟု ခေါ်ရန် သင်ပေးနေခြင်းဖြစ်သော်လည်း သမီးက သူ့ကိုအေးဟု ပြန်ထူးလိုက်သဖြင့် သမီးက ဖခင်နေရာ ရောက်သွားသလို ဖြစ်နေသည်။
အရှင် ကလေးတွေက မွေးတာခုနစ်ရက်ပဲ ရှိသေးတာ စကားမပြောနိုင်သေးတာ သဘာဝပါပဲ။
"ငါ သိပါတယ်"
"ဒါဆို ဘာလို့ အရှင်က အတင်းခေါ်ခိုင်းနေတာလဲ"
"စောစောကြားရလေ ပိုပျော်လေပေါ့"
ထိုသို့ပြောရင်း ချူနင်က ဆေးလုံးတစ်လုံးကို ရှောင်ပင်းထံ ပစ်ပေးလိုက်သည်။
မနေ့ညက ချန်းလျန်ပြောတာတော့ မင်းကအဆင့်ခုနစ်ကို အဆင့်တက်တော့မယ် ဆိုတာပဲ။ ဒါက သူတော်စင်ဆေးလုံးပဲ လွန်ခဲ့တဲ့အချိန်က ဟင်းလင်းပြင် မဟာဧကရာဇ်ပို့ပေးထားတာ။ ငါတို့ထဲမှာ ဘယ်သူမှ မသုံးတော့ မင်းပဲယူထားလိုက်တော့။
ဟင်းလင်းပြင်မဟာဧကရာဇ်ဟူသော အမည်ကို ကြားလိုက်ရသည့်အခါ ချူမူ (မူမူ) မှာ ဆွံ့အသွားသည်။
ဘယ်သူလဲ ဟင်းလင်းပြင်မဟာဧကရာဇ် ဟုတ်လား။
ရှင့်ဘာသာ မှားပြောတာလား ဒါမှမဟုတ် သူမသည် ချက်ချင်း သတိကပ်ကာ နားစွင့်နေမိသည်။ ရှောင်ပင်းကတော့ ချက်ချင်း ငြင်းဆန်ပြီး ပြန်ပေးသည်။
ရှောင်ပင်းကအဆင့်ခုနစ်ကို သူမဘာသာ တက်နိုင်ပါတယ် အရှင်က ရှောင်ပင်းကို အဆင့်မြင့်ကျင့်စဉ်တွေ ပေးထားပြီးသားပဲ မလိုပါဘူး။ ဒါကိုအရှင်ရဲ့ သမီးတော်လေးတွေအတွက် သိမ်းထားလိုက်ပါလား။ အနာဂတ်မှာ သူတို့ ကျင့်ကြံရင် သုံးလို့ရတာပေါ့။
ချူနင်က ဂရုမစိုက်ဟန်ဖြင့် လက်ယမ်းပြသည်။ ထားလိုက်စမ်းပါ ဒီဆေးလုံးက အဆင့်အတန်း သိပ်မကောင်းဘူး။ ကလေးတွေကို ကျွေးဖို့ ငါစိတ်မချဘူး။ မင်းပဲယူထားပြီး စားလိုက်တော့။
ရှောင်ပင်းသည် ထိုအခါမှ လက်ခံလိုက်ပြီး ဆေးလုံးဗူးကို ဖွင့်လိုက်ရာ ဆေးရနံ့များက တစ်ခန်းလုံး ပျံ့နှံ့သွားတော့သည်။ ချူမူမှာ ထိုရနံ့ကို ရလိုက်သည်နှင့် မျက်လုံးလေး ပြူးသွားတော့သည်။
ဒီဆေးလုံးက သေချာပေါက် အဆင့်မြင့်ဆေးလုံးပဲ။ ဒါမျိုးကို သိမ်းထားပေးရမှာပေါ့ ဖေဖေရဲ့ ကျွန်မ အဆင့်တက်တဲ့အခါ စားရအောင်လို့။
ဝါး... ဝါး... ဝါး
ချူမူမှာ ယခုတစ်ကြိမ်တွင်တော့ အေးစက်မနေနိုင်တော့ဘဲ ကျင့်ကြံခြင်း အရင်းအမြစ်များကို လိုချင်တပ်မက်နေသည်။
အမြဲတမ်း အေးစက်နေတတ်သော မူမူလေးက ရုတ်တရက် အဖက်ခံချင်နေသည်ကို မြင်သောအခါ ချူနင်မှာ စိတ်လှုပ်ရှားသွားသည်။ ချူနင်က သူမကို ချီလိုက်ပြီး အူကြောင်ကြောင် ပြုံးလိုက်သည်။
တွေ့လား မူမူလေးက ပြောနေတာ သူက ဒီလိုဆေးလုံးမျိုးကို အထင်မကြီးဘူးတဲ့။ သူကဖေဖေရဲ့ အစွမ်းကို သိတယ် သမီးလေးကြီးလာရင် ဖေဖေက ဒီထက်ကောင်းတဲ့ဆေးလုံးတွေ ဖော်စပ်ပေးမယ်နော်။
“ဘာလဲ”
ဒီဆေးလုံးက တာအိုအမှတ်အသား ခြောက်ခုတောင် ပါတာလေ သိပ်ကောင်းတဲ့ဆေးလုံးပဲ။ ဒီလိုအဆင့်မျိုးက အဆင့်ခုနစ်ရဲ့ ထိပ်တန်း ဆေးဖော်စပ်သူတွေပဲ လုပ်နိုင်တာ။
ဖေဖေ ကျွန်မကို ကျွေးဖို့ သိမ်းထားပေးပါဦး။
ရှောင်ပင်းကတော့ ဆက်မငြင်းတော့ပေ။ အရှင်အဖို့တော့ တာအိုအမှတ်အသား ခြောက်ခုက သိပ်မကောင်းတာ ဖြစ်နိုင်သည် အရှင်က တာအိုအမှတ်အသား ဆယ်ခုပါတဲ့ ဆေးလုံးတွေကိုတောင် ပေါ့ပေါ့ပါးပါး ထုတ်နိုင်သည် မဟုတ်လား။
ထို့ကြောင့် သူမသည် ဆေးလုံးကို ချက်ချင်း စားလိုက်ရာ အံ့မခန်း ဆေးစွမ်းအင်များ ခန္ဓာကိုယ်ထဲတွင် လည်ပတ်လာတော့သည်။ ချူနင်က ရှောင်ပင်း ဘေးက ဝိညာဉ်စွမ်းအင်များကို ကြည့်ပြီး ခေါင်းညိတ်လိုက်သည်။
သုံးရက်အတွင်း အဆင့်တက်နိုင်လိမ့်မယ် ဆေးစွမ်းအင်တွေကိုပဲ ကောင်းကောင်း စုပ်ယူလိုက်တော့။
"ကျေးဇူးတင်ပါတယ် အရှင်"
"ရပါတယ် သူစိမ်းတွေကို ပေးတာထက် မင်းကိုပေးတာက ပိုကောင်းတာပေါ့ ငါလည်းသုံးမှာ မဟုတ်ဘူး။"
ချူမူ မျက်လုံးပြူးပြီး စကားပြောချင်နေမိသည်။ ဖေဖေ ကျွန်မလည်း အဲဒီဆေးလုံး လိုချင်တယ်လေ။
ဒါပေမဲ့ ဖေဖေကိုယ်တိုင်က ဆေးဖော်စပ်သူဆိုတော့လည်း ဒီထက်ကောင်းတာတွေ ရှိမှာပေါ့နော်။
အမှတ်အသား ခြောက်ခုထက် ပိုကောင်းဖို့ဆိုတာ အရည်အချင်းရော နားလည်မှုရောအများကြီး လိုတာလေ။
ရှောင်ပင်းကတော့ စားပြီးသွားပြီဖြစ်ပြီး သူမသည် မိခင်နှင့် ဖေဖေတို့၏ အနီးကပ်ဆုံးလူ ဖြစ်သဖြင့် သူမ အစွမ်းထက်လာခြင်းကလည်း ကောင်းသောအချက်ပင်။ ဒါနဲ့ ဖေဖေ့ရဲ့ အခြွေအရံက သူတော်စင်အဆင့်ကို တက်တော့မှာလား။
ပြီးတော့ ဖေဖေက အဲဒီဆေးလုံးကိုတောင် မလိုဘူးတဲ့လား။ ချူမူမှာ ရုတ်တရက် ထိတ်လန့်သွားသည်။ ဤနေရာသည် တတိယတန်းစား အောက်ဘုံဖြစ်ပြီး ထျန်းရွှမ်းတိုက်ကြီးဖြစ်ကြောင်း သူမ ကြားဖူးသည်။
ထိုကဲ့သို့သော နေရာမျိုးတွင် အမြင့်ဆုံးကျင့်ကြံသူမှာ ကောင်းကင်ဖြစ်စဉ်အဆင့်သာ ဖြစ်ရမည်။ သို့သော် အခြွေအရံကပင် သူတော်စင်အဆင့်သို့ တက်တော့မည်ဆိုလျှင် ဖေဖေ့ရဲ့အဆင့်က ဘယ်လောက်တောင် မြင့်နေမှာလဲ။
သူသည် အနန္တအဆင့် သို့မဟုတ် ကောင်းကင်ဖြစ်စဉ်အဆင့်လောက် ရှိကောင်း ရှိနိုင်ပေသည်။ ဒါဆိုလျှင်တော့ အောက်ဘုံမှာအပိုင်စား အုပ်ချုပ်နိုင်သည်မှာ မထူးဆန်းပေ။ ဒါပေမဲ့ ခုနက ဟင်းလင်းပြင် မဟာဧကရာဇ်ဆိုတာက အဲဒီအဘိုးကြီးကို ပြောတာလား။ ငါတစ်ခုခု မှားနေတာလား။
မဟုတ်ဘူး ဖေဖေတို့အနားမှာ ကပ်ပြီးစောင့်ကြည့်ရမယ်။ ကိစ္စတွေက ထင်သလောက် မရိုးရှင်းဘူးလို့ ငါ ခံစားနေရတယ်။
"ဝါး... ဝါး... ဝါး"
မူမူလေး အချီခံထားရသည်ကို မြင်သောအခါ ရဲ့ယောင်လေးမှာ မနာလိုဖြစ်ပြီး အော်ငိုတော့သည်။ ဘာလို့ အမကြီးကိုပဲ ချီရတာလဲ သူမကိုလည်းချီရမည်။ ချူနင်က တစ်ဖက်တစ်ချက်စီ ချီလိုက်သည်။
"ရဲ့ယောင်လေး မငိုနဲ့နော် ဖေဖေက နှစ်ယောက်လုံးကို ချီမှာပါ"
"အရှင်ပင်ပန်းနေရင် ရှောင်ပင်းကို ပေးချီပါလား"
ငါ့သမီးတွေကို ချီချင်ရင်လည်း တည့်ပြောပါ ငါပင်ပန်းတယ်လို့ အကြောင်းမပြနဲ့။ မင်းကို မချီခိုင်းဘူးလို့ ပြောလို့လား။ ရှောင်ပင်းက ရယ်ကျဲကျဲဖြင့် ရှောင်ပင်းက အရှင်ရဲ့ ကျင့်စဉ်အဆင့်ကို သိပါတယ်၊ ဒါပေမဲ့ ကလေးတွေ ဆူညံတာကို အရှင်စိတ်ရှုပ်မှာ စိုးလို့ပါ။
သွားစမ်းပါ ငါ့သမီးတွေကို ငါတစ်ခါမှ စိတ်မရှုပ်ဘူး။ ငါ့ဘာသာ ချီနိုင်ပါတယ်။ ဟင်ဗိုက်ဆာလာပြီ မင်းအခန်းကို ရှင်းထားလိုက်တော့ ငါချန်းလျန်ဆီ သွားပြီးကလေးတွေကို နို့တိုက်ခိုင်းလိုက်ဦးမယ်။
ဟုတ်ကဲ့ပါအရှင် ကျန်တဲ့ကိစ္စတွေကိုရှောင်ပင်းနဲ့ပဲ လွှဲထားလိုက်ပါ။