အခန်း (၁၂) ဧကရီ၏ စိတ်အကြပ်အတည်း
ကျဆုံးသောအမှတ်အသား အင်ပါယာ၏ နန်းဆောင်မကြီးအတွင်း၌...
"အခု ငါတို့ အင်ပါယာမှာ သူတော်စင်သုံးပါး ရှိနေပြီဆိုတော့ တာ့ချန်းအင်ပါယာမှာ လေးပါးအာရုံစစ်ဗျူဟာ ရှိနေရင်တောင် ပြဿနာ မရှိတော့ဘူး"
"သူတော်စင် သုံးပါးက တစ်ပြိုင်နက် တိုက်ခိုက်ရင် သူတို့ စစ်ဗျူဟာထဲကနေ နှစ်ပါးကိုပဲ တားဆီးထားနိုင်မယ် ငါတို့မှာ တစ်ပါး ကျန်သေးတယ်လေ"
ရွှေရောင် နဂါးဝတ်ရုံ ဝတ်ထားသော ခေါင်းဆောင်ဖြစ်သူ လူလတ်ပိုင်း အမျိုးသားသည် ယုတ်မာသော အမူအရာဖြင့် ပြောလိုက်သည်။
"တာ့ချန်းအင်ပါယာကို ငါဖြိုခွင်းပြီးရင် အဲဒီ ဧကရီကို ငါရအောင် ယူမယ်။ သူမက လှပရုံတင်မကဘဲ ရှားပါးတဲ့ နှစ်ဦးတွဲ ကျင့်ကြံခြင်းခန္ဓာကိုယ်ပိုင်ရှင်လည်း ဖြစ်နေတာကိုး"
"ဟားဟားဟား... ကောင်းကင်ဘုံက ငါတို့ အင်ပါယာကို ကူညီနေတာပဲ ငါတို့က တစ်ပြည်ထောင်တည်းဖြစ်အောင် လုပ်ဖို့ ကံပါလာတာ။ တာ့ချန်းအင်ပါယာက ငါတို့ကို အရှုံးပေးပြီး အခွန်ဆက်လာတဲ့အခါကျရင်တော့"
"အရေးကြီးသတင်း အရေးကြီးသတင်း မိုင်သုံးထောင် အမြန်ချလွှတ်တဲ့ သတင်းပါ"
ကျိဟုန်က ဝမ်းသာအားရဖြင့် ချက်ချင်း ပြောလိုက်သည်။
"မြန်မြန်ဖတ်စမ်း တာ့ချန်းအင်ပါယာက ငါတို့ဆီမှာ ဒူးထောက်အရှုံးပေးတဲ့ ဒီဂုဏ်ယူစရာ အခိုက်အတန့်ကို နန်းတွင်း အရာရှိကြီးငယ် အကုန်လုံး ကြားပါစေ"
ထိုလူမှာ စိတ်ဓာတ်တွေ တက်ကြွနေပြီး မစောင့်နိုင်တော့သလို ဖြစ်နေသည် သို့သော် သတင်းပို့လာသည့် စစ်သူကြီးမှာ အနည်းငယ် တုံ့ဆိုင်းနေပုံရသည်။
ဝန်ကြီးချုပ်က တစ်ခုခု မှားနေပြီဟု ခံစားမိသဖြင့် မျက်မှောင်ကြုတ်လိုက်သည် "အရှင်မင်းကြီးက ပြောခိုင်းနေတာပဲ ပြောစမ်း"
လေထုက တင်းမာသွားပြီး ကျိဟုန်လည်း မျက်မှောင်ကြုတ်လိုက်မိသည်။ "ပြော"
"တာ့ချန်းအင်ပါယာရဲ့ နန်းတွင်း သူလျှိုတွေဆီက ရတဲ့ လျှို့ဝှက်သတင်းအရ ဒီနေ့ နန်းတွင်း ညီလာခံမှာ ဧကရီရဲ့ချန်းလျန်ဟာ သူတော်စင်နယ်ပယ်ကို လူသိရှင်ကြား အဆင့်တက်သွားခဲ့ပါတယ်"
"ရဲ့ချန်းလျန်က အရှင်မင်းကြီးဆီ စကားပါးလိုက်ပါတယ်။ အကယ်၍ အရှင်မင်းကြီးက တိုက်ချင်တယ်ဆိုရင် လာခဲ့ပါတဲ့ သူမက အချိန်မရွေး အသင့်ပါပဲတဲ့"
နန်းဆောင်ကြီးအတွင်း အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ထိုလူ၏ စောစောက ဝင့်ကြွားနေမှုများမှာ ချက်ချင်း ပျောက်ကွယ်သွားပြီး မျက်နှာက ညိုမည်းသွားရသည်။
"ဘယ်လိုဖြစ်နိုင်မှာလဲ သူမက ဘယ်လိုလုပ် ဒီလောက် မြန်မြန် အဆင့်တက်သွားတာလဲ သူမ ကျင့်ကြံလာတာ နှစ်တစ်ရာ ကျော်ရုံပဲ ရှိသေးတာ။ ငါက သူမရဲ့ ကွယ်လွန်သူ အဖေထက်တောင် ပိုကြာကြာ ကျင့်ကြံလာတာလေ။ တာ့ချန်းရဲ့ သူတော်စင်တစ်ပါးကို ငါတို့ မနည်း လုပ်ကြံလိုက်ရတာ အခု နောက်တစ်ပါး ထပ်ပေါ်လာပြန်ပြီ"
ကျိဟုန်မှာ ဒေါသထွက်လွန်းလို့ ပေါက်ကွဲတော့မတတ် ဖြစ်နေသည်။ နန်းတွင်းက လူတိုင်း သိကြသည်။ လော့ဟန်အင်ပါယာက တာ့ချန်းကို မျက်စိကျနေတာ ကြာလှပြီ
အရင်မျိုးဆက်မှာလည်း ရဲ့ချန်းလျန်၏ အဖေက ဟင်းလင်းပြင်ခွဲသူတော်စင် ဖြစ်ခဲ့ပြီး လော့ဟန်အင်ပါယာကိုအမြဲ ဖိနှိပ်ထားခဲ့သည်။
သူတို့ရဲ့ လေးပါးအာရုံစစ်ဗျူဟာကို အားကိုးပြီး အဆင့် (၅) နယ်ပယ် ကျင့်ကြံသူ အနည်းငယ်ကသာ အချိန်နဲ့ နေရာ အခွင့်ကောင်းယူပြီး သူတော်စင် တစ်ပါးကို ပြန်တိုက်နိုင်တာလေ။
အကယ်၍ ဟင်းလင်းပြင်ခွဲအဆင့်ရှိသူက ထိုစစ်ဗျူဟာကို ကွပ်ကဲမယ်ဆိုရင် တခြား သူတော်စင် တစ်ပါးကိုတောင် အသာလေး နှိမ်နင်းနိုင်သည်။
သူတို့က တာ့ချန်း ဧကရာဇ်ဟောင်းကို လုပ်ကြံဖို့ ကြံစည်ခဲ့သလို အင်ပါယာရဲ့ သူတော်စင်ကိုလည်း သတ်ဖို့ ကြံစည်ခဲ့ကြသည်။ အခု အဲဒီလူတွေ မရှိတော့တဲ့အချိန် နယ်မြေချဲ့ထွင်ဖို့ လုပ်ကာမှ နောက်တစ်ယောက် ထပ်ပေါ်လာပြန်ပြီ။
"မုန်းဖို့ကောင်းလိုက်တာ အသုံးမကျတာ"
"အဲဒီ စစ်ဗျူဟာက ဘာလို့ ငါတို့ဆီမှာ မပေါ်တာလဲ ဘာလို့ တာ့ချန်းက ရသွားတာလဲ? တကယ်ကို မုန်းဖို့ကောင်းတယ်"
သူ့ရဲ့ အကြောင်းမဲ့ ဒေါသတွေက သူ ဘာမှ မတတ်နိုင်ဘူးဆိုတာကို ပြနေခြင်းပင်။ အခုတော့ တစ်လှမ်းချင်းပဲ စဉ်းစားရတော့မည်။
ထိုအချိန်တွင် ငါးပါးအင်ပါယာတို့၏ အထက်တွင်ရှိသော မဟာသန့်စင်မြေ သုံးခုထဲမှ တစ်ခုဖြစ်သော ထျန်းရွှမ်တိုက်ကြီးပေါ်ရှိ ထိုက်ရွှီ သန့်စင်မြေအတွင်း၌။
"စောစောက အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က ငါတို့ရဲ့အောက်ကမ္ဘာမှာပဲ ကျန်ခဲ့ပုံရတယ်"
မျိုးနွယ်စုဘိုးဘေးက စဉ်းစားရင်း မျက်မှောင်ကြုတ်လိုက်သည် "ဒီလောက် အစွမ်းထက်တဲ့ ပုဂ္ဂိုလ်က အောက်ကမ္ဘာမှာ နေဖို့ဆိုတာ သိပ်မဖြစ်နိုင်ဘူး အနည်းဆုံးတော့ သူက နတ်ဘုရားအထက်မှာရှိတဲ့တာအိုနယ်ပယ်က ဖြစ်ရမယ်။
"တစ်ခုခုရည်ရွယ်ချက် ရှိလို့လား ဒါမှမဟုတ် လောကကြီးကို လာပြီး အတွေ့အကြုံ ယူနေတာလား" လူတိုင်းက ခေါင်းခါပြကြသည်။
"ဒါပေမဲ့ သူဝတ်ထားတဲ့ ဝတ်ရုံစတိုင်က ငါနဲ့ ရင်းနှီးနေသလိုပဲ အဲဒါ အင်ပါယာငါးခုထဲက တစ်ခုခုရဲ့ စတိုင်ဖြစ်ရမယ်"
ဘိုးဘေး၏ မျက်လုံးများ လင်းလက်သွားသည် "ဒါဆိုရင် ငါတို့ စုံစမ်းကြည့်သင့်တယ်။ ဒီလို အစွမ်းထက်တဲ့သူနဲ့ ပတ်သက်ခွင့်ရတာက တကယ်တော့ အကျိုးရှိတာပဲ"
"သူက အသာလေး လက်တစ်ချက် လှုပ်လိုက်တာနဲ့ ငါတို့သန့်စင်မြေရဲ့ အစွမ်းကုန်ကို ရောက်နေပြီ။ ကံမကောင်းတာက ငါတို့ သန့်စင်မြေက ဒီ နဂါးစစ်စစ်ကို လုံးဝ မကိုင်တွယ်နိုင်တာပဲ"
သူတို့က နတ်ဘုရားနယ်ပယ်မှာ ရှိနေကြပေမဲ့ အဲဒီ နဂါးကလည်း နတ်ဘုရားအဆင့် နဂါးပဲလေ။ ဒါပေမဲ့ သူ့ရဲ့ ခန္ဓာကိုယ်အစွမ်းကတော့ သူတို့ ဘယ်လိုမှ ခွဲလို့မရတာ အမှန်ပင်။
တကယ်လို့ မရရင် အဲဒီ ဆရာကြီးကိုပဲ အကူအညီ တောင်းရမလား ဒါပေမဲ့ သူက နဂါးကို ပေးသွားတာအခုကျမှ ပြန်ခွဲပေးဖို့ တောင်းဆိုတာက တော်ပြီ ဒါက အရမ်း ရှက်ဖို့ကောင်းလွန်းတယ်။
"ဒါပေမဲ့ ငါတို့သာ ဒီလို အစွမ်းထက်တဲ့သူရဲ့ မျက်နှာသာပေးမှုကို ရမယ်ဆိုရင် ငါတို့ သန့်စင်မြေက အထက်ကမ္ဘာမှာတောင် နေရာရမှာ သေချာတယ်"
"ဒါပေမဲ့ ဒါကို လျှို့ဝှက်လုပ်ရမယ်။ ဘယ်သူ့ကိုမှ မထိခိုက်စေနဲ့ သူ့ကို တွေ့ရင်တောင် မနှောင့်ယှက်ပါနဲ့ အဲဒီအချိန်ကျရင် ငါကိုယ်တိုင် သွားပြီး ဆွေးနွေးမယ်"
"အရှင်မ နယ်စပ်မှာရှိတဲ့ လော့ဟန်အင်ပါယာ တပ်ဖွဲ့တွေ ဆုတ်ခွာသွားပါပြီ"
မင်းတက်နန်းဆောင်ထဲတွင် ညဦးပိုင်း ရောက်နေပြီဖြစ်သည်။ သတင်းတွေက မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားသည်။ လေးပါးအာရုံ စစ်ဗျူဟာကို သူမကိုယ်တိုင် ကွပ်ကဲနေတာဆိုတော့ လော့ဟန်အင်ပါယာမှာ သူတော်စင် နောက်ထပ်နှစ်ပါး ထပ်ရလာရင်တောင် တိုက်ရဲမှာ မဟုတ်တော့ဘူး။
ဘာပဲဖြစ်ဖြစ် သူတော်စင် တစ်ပါး ဆုံးရှုံးတာက သူတို့အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ပဲလေ သူတို့ မလုပ်ရဲကြတော့ပါဘူး။
ဝန်ကြီးချုပ် ရွှီကျန့်နျန်က ဦးညွှတ်ပြီး အစီရင်ခံရာ ရဲ့ချန်းလျန်က ခေါင်းညိတ်ပြလိုက်သည်။
"နားလည်ပြီ ဝန်ကြီးချုပ် ဝန်ကြီးချုပ်ရဲ့ တာဝန်တွေကို သွားလုပ်လို့ ရပါပြီ"
အဲဒီလူက မကြာခင် ထမင်းလာပို့တော့မှာ သူတို့နဲ့ ဆုံခိုင်းလို့ မဖြစ်ဘူး။
"အရှင်မ ကျွန်တော့်မှာ အစီရင်ခံစရာ တစ်ခု ကျန်ပါသေးတယ်"
"ဘာလဲ"
အသက်ကြီးပိုင်း အမျိုးသားက ဖြည်းဖြည်းချင်း ပြောလိုက်သည် ပုံမှန်အားဖြင့်တော့ ဧကရာဇ်တစ်ပါးဟာ နန်းတက်ပြီး တိုင်းပြည် တည်ထောင်တဲ့အခါမှာ တိုင်းပြည်ရဲ့ အခြေခံ ခိုင်မာဖို့အတွက် မိဖုရား ခန့်အပ်ရပါတယ်။
အရှင်မက သမိုင်းမှာ ရှားပါးတဲ့ဧကရီ ဖြစ်ပေမဲ့ ဘိုးဘေးတို့ရဲ့ ဥပဒေအရ မျိုးဆက် ပြန့်ပွားဖို့အတွက် အိမ်ရှေ့စံတစ်ဦး ရှိဖို့ လိုအပ်ပါတယ်။
ဒီကိစ္စကို အရှင်မ ဘေးဖယ်ထားတာ ဆယ်စုနှစ်နဲ့ချီနေပါပြီ။ အခု လော့ဟန်အင်ပါယာကလည်း မကျူးကျော်ရဲတော့တာဆိုတော့ ဒီကိစ္စကို စဉ်းစားပေးစေချင်ပါတယ် ဒါက အရာရှိတွေ မင်းမျိုးမင်းနွယ်တွေနဲ့ တစ်လောကလုံးရဲ့ ဆန္ဒလည်း ဖြစ်ပါတယ်။
ထိုလူကြီးက အလွန်အမင်း ရိုသေစွာဖြင့် အနက်ရှိုင်းဆုံး ဦးညွှတ်လိုက်သည်။
အရှင်မက အလုပ်ကြိုးစားပြီး ပြည်သူတွေကို ဂရုစိုက်တာ ကျွန်တော် သိပါတယ်။ ဒါပေမဲ့ ကျင့်ကြံသူ တစ်ယောက်အနေနဲ့ နိုင်ငံရေး ကိစ္စတွေကို ဝန်ကြီးဌာန ခြောက်ခုနဲ့ အရာရှိတွေက ပူးပေါင်း ဆောင်ရွက်နိုင်ပါတယ်။
အရှင်မ ကိုယ်တိုင် အရာရာကို လုပ်နေဖို့ မလိုပါဘူး။ နန်းတွင်းမှာ တာဝန်ထမ်းဆောင်နိုင်တဲ့ အရာရှိဟောင်းတွေ အများကြီး ရှိပါသေးတယ်။
ဒီလိုဆိုရင် အရှင်မအနေနဲ့ စိတ်အေးလက်အေး ကျင့်ကြံဖို့ အချိန်ပိုရမှာဖြစ်သလို တိုင်းပြည် အခြေခံအတွက်လည်း စိတ်ပူစရာ မလိုတော့ပါဘူး။
ရဲ့ချန်းလျန်သည် မျိုးဆက် နှစ်ဆက်တိုင် သစ္စာရှိခဲ့သော ထိုလူကြီး၏ စေတနာကို နားလည်ပါသည်။ ဒါပေမဲ့ သူမအတွက်တော့ အခုအချိန်က မဟုတ်သေးဘူးလေ။ ရိုးရိုးလေးပါပဲ ဝန်ကြီးချုပ်အပြင် တခြားသူတွေကို သူမ သိပ်မယုံဘူး သူတို့က မျက်နှာသစ်တွေပဲလေ။
အကယ်၍ နိုင်ငံရေးကိစ္စတွေကို သူတို့ကို လွှဲပေးလိုက်ရင် သူတို့ရဲ့ စိတ်ဓာတ်နဲ့ အရည်အချင်းကို အမြဲ စစ်ဆေးနေရမှာဆိုတော့ ပိုပြီး အလုပ်ရှုပ်စရာ မဖြစ်ဘူးလား။
သူမကိုယ်တိုင် လုပ်တာကပဲ အကောင်းဆုံး မဟုတ်ဘူးလား ကိုယ့်ဘာသာ လုပ်တာကပဲ စိတ်အချရဆုံးပဲလေ။
"ဝန်ကြီးချုပ် ပြောတာ မှန်ပါတယ် ငါ နားလည်ပြီ"
မင်းပြောတာ ငါကြားတယ် ဒါပေမဲ့ လုပ်ဖို့ စိတ်ကူးမရှိဘူးလို့ ဆိုလိုခြင်းပင်။
ထိုလူကြီးက သက်ပြင်းအရှည်ကြီး ချလိုက်ပြီး အားကိုးရာမဲ့စွာဖြင့် မတ်တပ်ရပ်လိုက်သည်။
အရှင်မက ဒီလိုပဲဆုံးဖြတ်ထားရင်တော့ အရှင်မရဲ့ ကျန်းမာရေးကို ဂရုစိုက်ဖို့နဲ့ အလုပ် အရမ်းမလုပ်ဖို့ပဲ ကျွန်တော် တောင်းဆိုချင်ပါတယ်။
တာ့ချန်းအင်ပါယာမှာ အရာရှိလုပ်ရတာ အရမ်းလွယ်လွန်းသည် ဒေသကိစ္စတွေကို စုစည်းပြီးရင် ဧကရီဆီကိုပဲ အကုန်ပို့လိုက်ရုံပဲ။ ဒါက သူတို့ တမင်လုပ်တာ မဟုတ်ဘဲ ဧကရီကိုယ်တိုင်က တောင်းဆိုထားခြင်း ဖြစ်သည်။
အာဏာအားလုံးက ဧကရီဆီမှာ စုနေသော်လည်း အလုပ်ပင်ပန်းလွန်းတာက ကျင့်ကြံခြင်းကို တကယ်ပဲ နှောင့်နှေးစေသည်။ အင်ပါယာငါးခုထဲမှာ ကျင့်ကြံသူတွေရဲ့တိုင်းပြည် မဟုတ်တာ ဘယ်မှာရှိလဲ နိုင်ငံရေး ဘယ်လောက်ကောင်းကောင်း တခြားသူတွေကို မနိုင်ရင် ဘာထူးမှာလဲ
ထားလိုက်ပါတော့ ဧကရီက အာဏာကိုမခွဲပေးချင်သေးဘူးဆိုတော့ သူလည်း အများကြီး မပြောနိုင်တော့ဘူး။
ထိုလူကြီး ဖြည်းဖြည်းချင်း ထွက်ခွာသွားတော့မှ ရဲ့ချန်းလျန်လည်း သက်ပြင်းချလိုက်မိသည်။
သူမက မခွဲပေးချင်တာ မဟုတ်ပါဘူး။ တကယ်ကို မယုံရဲတာပါ.ပြီးတော့ အင်ပါယာ အာဏာကို ထိခိုက်မှာလည်း စိုးရိမ်မိသည်။
ဧကရာဇ်ဟောင်းက အရင်တုန်းက အာဏာခွဲပေးခဲ့လို့ ယုံကြည်ရတဲ့ အရာရှိတွေက နန်းတွင်းကို စီမံရင်း ဒေသအသီးသီးမှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ဖူးတာလေ။ အဲဒါကို ဝန်ကြီးချုပ်တောင် ဝင်မစွက်ဖက်နိုင်ခဲ့ဘူး။
သူမ ဘာလုပ်နိုင်မှာလဲ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမှာပေါ့ ဟုတ်တယ်မလား တခြား ဘယ်သူ့ကိုမှ အားကိုးလို့ မရဘူး။
ဒေါက် ဒေါက် ဒေါက်
"ဝန်ကြီးချုပ် ထပ်ပြီး တိုက်တွန်းမနေပါနဲ့တော့ငါဒါကိုကိုင်တွယ်နိုင်ပါတယ် ပြန်ပါတော့"
"ကျွန်တော်က မပြန်နိုင်သေးပါဘူး ကျွန်တော်က အရှင်မ ထမင်းစားတာကို စောင့်ကြည့်ရဦးမှာလေ"
ခေါင်းလေး တစ်လုံးက ပြုံးပြုံးလေးဖြင့် ပြူထွက်လာသည်။ အဲဒါ ချူနင်ပဲ။
"ချန်းလျန်... ထမင်းစားပြီးပြီလား မစားရသေးရင် စားလိုက်ဦးမလား"
ရဲ့ချန်းလျန် သူ့ကို အမူအရာမရှိဘဲ ကြည့်လိုက်သည်။ သူ ဘာလို့ဒီလောက် တိတ်တိတ်လေး ထပ်ရောက်လာပြန်တာလဲ ဟိုလူတွေက အခုထိ သူ့ကို ရှာမတွေ့သေးဘူးလား။
ထားလိုက်ပါတော့ ငါလည်းနည်းနည်း စိတ်ရှုပ်နေတာနဲ့ အတော်ပဲ။ ထမင်း အရင်စားလိုက်မယ် သို့သော် ထိုသို့ တွေးလိုက်မိသည့်အခါ ရဲ့ချန်းလျန် အနည်းငယ် လန့်သွားသည်။
ဟင်ငါဘာလို့ဒီလောက်သဘာဝကျကျတွေးလိုက်မိတာလဲ။