အခန်း ၁၁၇ အခွင့်အရေး မရှိတော့ဘူး
ကျင့်ကြံသူများ၏ ခန္ဓာကိုယ် ပြန်လည်ကျန်းမာလာမှုနှုန်းမှာ အလွန်မြန်ဆန်လှသည်။ ၎င်းအပြင် ချူနင်ကိုယ်တိုင် ရှိနေသည်မဟုတ်ပါလား။ ကလေးများ မွေးဖွားသည့် ပထမဆုံးနေ့မှာပင် ခန္ဓာကိုယ်ကြံ့ခိုင်စေရန်နှင့် အားအင်ပြည့်ဝစေရန် ဆေးလုံးများတိုက်ကျွေးထားပြီး ဖြစ်သည်။
ကလေးမွေးဖွားခြင်းနှင့် ပတ်သက်၍ ရဲချန်းလျန်တွင် စိုးရိမ်ပူပန်မှုများ ရှိခဲ့ဖူးသည်။ ကလေးမွေးပြီးနောက် ခန္ဓာကိုယ်အချိုးအစား ပြောင်းလဲသွားပါက ချူနင်က သူမကို ယခင်ကလို ချစ်မြတ်နိုးပါဦးမည်လားဟူ၍။
ယခုအခါ သူမအတွက် အင်ပါယာ တည်ထောင်ခြင်းနှင့် ကမ္ဘာကြီးကို စည်းလုံးစေခြင်းတို့မှာ ဒုတိယဦးစားပေးသာဖြစ်ပြီး သူမ၏စိတ်ထဲတွင် ချူနင်နှင့် သမီးနှစ်ယောက်သာ အပြည့်နေရာယူထားသည်။
သို့သော် ထိုဆေးလုံးကို သောက်သုံးပြီးနောက်တွင်တော့ သူမ၏လျော့တိလျော့ရဲ ဖြစ်နေသော ဝမ်းဗိုက်မှာ ယခင်အတိုင်း ပြန်လည် တင်းရင်းသွားပြီး ခန္ဓာကိုယ် အခြေအနေမှာလည်း မွေးဖွားခြင်းမပြုမီကအတိုင်း လုံးဝနီးပါး ပြန်လည် ကောင်းမွန်လာခဲ့သည်။ ထို့ကြောင့် စိုးရိမ်စရာ မရှိတော့ပေ။
သူမ ညည်းညူနေရခြင်းမှာ အခြားကြောင့်မဟုတ် ငါကျန်းမာရေးလည်း ပြန်ကောင်းနေပြီပဲကို ဘာလို့ ချန်ချင်းနန်းဆောင်ထဲမှာပဲ ပိတ်မိနေရတာလဲ အပြင်ထွက်ပြီး လေညင်းခံဖို့တောင် ချူနင်ရဲ့ ခွင့်ပြုချက် ယူနေရတယ်ဟု ဖြစ်သည်။
သူမ စိတ်တိုင်းမကျသလို ဖြစ်နေသော်လည်း ချူနင်၏ ဂရုစိုက်မှုကို ခံစားနေရသဖြင့် စိတ်ထဲတွင်တော့ အလွန်ကြည်နူးနေမိသည်။
ရင်သား တင်းရင်းနာကျင်နေသည့် ပြဿနာမှာလည်း ပြေလည်သွားပြီဖြစ်သည်။ အခြေအနေက ဤသို့ဆိုလျှင်တော့ ရဲချန်းလျန်လည်း ဆက်၍ အောင့်အီးမထားနိုင်တော့ပေ။ အိပ်ဆောင်အတွင်း၌ သင်းပျံ့သော ရနံ့များ တဖြည်းဖြည်း ပျံ့လွင့်လာသည်။
သူမသည် ချူနင်နှင့် နီးနီးကပ်ကပ် နေရသည်ကို ပို၍ပို၍နှစ်သက်လာသည်။ အထူးသဖြင့် ကလေးမွေးပြီးနောက် ခန္ဓာကိုယ်အတွက် စိုးရိမ်စရာ မရှိတော့သည့်အခါတွင်ပေါ့။ သို့သော် ကလေးမွေးပြီးကာစဖြစ်သဖြင့် ချူနင်ကတော့ အလောတကြီး မရှိပါ။ အနည်းဆုံးတော့ ကလေးတွေ စကားပြောတတ် လမ်းလျှောက်တတ်မှ နောက်ထပ်ကလေးယူဖို့ စဉ်းစားမည်ဖြစ်သည်။
နှစ်ဦးသား အပြန်အလှန် ချစ်ခင်ကြင်နာမှုများဖြင့် မှီတွယ်ရင်း ဘေးနားတွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသော သမီးနှစ်ယောက်ကို ကြည့်ကာ တစ်ဦးချင်းစီ၏ ရင်ထဲတွင် ထူးခြားသော ခံစားချက်များ ဖြစ်ပေါ်နေသည်။ ဇနီးသည် သားသမီးနှင့် နွေးထွေးသော အိပ်ရာ ဤသည်မှာပင် ဘဝ၏ ပြည့်စုံမှုပင် ဖြစ်တော့သည်။
"ချူနင်"
ရဲချန်းလျန်၏ ခေါ်သံကြောင့် ချူနင် ငုံ့ကြည့်လိုက်ရာ သူမက မျက်နှာလေး နီမြန်းလျက် စိတ်လှုပ်ရှားစွာ မေးလာသည်။
မွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာဆိုတာလေ လေဟာနယ်ဧကရာဇ်တောင်မှ ကလေးတွေကို စိတ်ဝင်စားနေတယ် ပြီးတော့ ချန်းရှန်းဧကရာဇ်ကလည်း လူလွှတ်ပြီး ဖမ်းခိုင်းတယ်ဆိုတော့ အဲဒါက တကယ်ပဲ ဘယ်လောက်အထိ ထူးခြားတဲ့ ပါရမီမျိုးလဲ။ ချူနင်က ခေတ္တ စဉ်းစားပြီးနောက် ပြုံး၍ ဖြေလိုက်သည်။
မင်းရဲ့ နတ်ဘုရားရနံ့ခန္ဓာကလည်း တကယ်တော့ သူတော်စင်ခန္ဓာ အမျိုးအစားထဲမှာ ပါပါတယ်။ ဒါပေမဲ့ အဆင့်သတ်မှတ်မယ်ဆိုရင် တတိယတန်းစား သူတော်စင်ခန္ဓာလောက်ပဲ ရှိတာပါ။ ငါပေးထားတဲ့ ကျင့်စဉ်နဲ့ဆိုရင်တော့ မဟာအောင်မြင်မှုအဆင့်ရှိတဲ့ မွေးရာပါ သူတော်စင်ခန္ဓာနဲ့ ယှဉ်နိုင်မှာပါ။
ယခင်က ရဲချန်းလျန်သည် မိမိ၏အစွမ်းနှင့် ပါရမီအပေါ် အတော်လေး ဂုဏ်ယူခဲ့ဖူးသည်။ သို့သော် အဖြစ်အပျက်များစွာကို ကြုံတွေ့ပြီး အထက်ဘုံအကြောင်း သိလာရသောအခါ သူမ၏ ပါရမီမှာ သာမန်မျှသာ ဖြစ်ကြောင်း နားလည်သွားသည်။ သို့သော် ယခုအခါ သူမက မိမိအတွက် စိတ်မဝင်စားတော့ဘဲ သမီးလေးများ၏ ပါရမီကိုသာ စိတ်ပူနေခြင်းဖြစ်သည်။
ငါ့ပါရမီက သာမန်ဆိုရင်တောင် ငါ့သမီးလေးတွေကတော့ ပါရမီ ထူးချွန်တာပဲ မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာပိုင်ရှင် သမီးနှစ်ယောက်ကို ငါမွေးပေးထားတာ ဟွန့်
"ဒါဆို မူမူနဲ့ ယောင်ယောင်ကရော"
သူတို့ကတော့ ကမ္ဘာပေါ်မှာ အမြင့်ဆုံးအဆင့်ရှိတဲ့ သူတော်စင်ခန္ဓာကို ပိုင်ဆိုင်ထားတာပါ။ ဒီခန္ဓာကိုယ်ပိုင်ရှင်တွေဟာ မွေးကတည်းက ဝိညာဉ်ဉာဏ်ရည်မြင့်မားပြီး ကမ္ဘာမြေနဲ့ ကောင်းကင်ဘုံရဲ့ စွမ်းအင်တွေနဲ့ နက်နက်ရှိုင်းရှိုင်း ဆက်နွှယ်နေကြတယ်။
ဥပမာ ပြောရရင် သာမန်ကလေးတွေက စကားပြောတတ်ဖို့ တစ်နှစ် နှစ်နှစ် စောင့်ရပေမဲ့ သူတို့ကတော့ မွေးပြီး တစ်လ နှစ်လအတွင်းမှာပဲ လူတွေပြောတဲ့ စကားကို နားလည်နိုင်စွမ်း ရှိတယ်။ နည်းနည်းလေး သင်ပြပေးရုံနဲ့တင် တစ်နှစ်သားအရွယ်မှာ လူကြီးတစ်ယောက်ရဲ့ ဉာဏ်ရည်မျိုး ရှိလာလိမ့်မယ်။
ရဲချန်းလျန်က မျှော်လင့်ချက်အပြည့်ဖြင့် ခေါင်းငြိတ်လိုက်သည်။ ဒါဆို နောက်တစ်လ နှစ်လနေရင် သူတို့က ငါတို့ကို ဖေဖေ မေမေလို့ ခေါ်ကြတော့မှာပေါ။
ချူနင်က အတည်ပြုပေးလိုက်သည်။ ဒါ့အပြင် ကျင့်ကြံတဲ့နေရာမှာလည်း သူတို့ရဲ့ ဝိညာဉ်ဉာဏ်ရည် ပွင့်သွားပြီဆိုရင် ဘယ်သူ့အကူအညီမှ မလိုတော့ဘူး။
ကောင်းကင်နဲ့ မြေကြီးရဲ့ ဝိညာဉ်စွမ်းအင်ကို သုံးပြီး သူတို့ဘာသာ ကျင့်ကြံနိုင်တယ်။ သူတို့ရဲ့ ကျင့်ကြံမှု အရှိန်အဟုန်က သာမန်လူတွေထက် အဆပေါင်း ထောင်ချီ သောင်းချီ ပိုမြန်လိမ့်မယ်။
"မင်းပြောတဲ့ သာမန်လူဆိုတာ ငါ့ကိုပြောတာလား"
အဟမ်း ပါရမီသာမန်ပဲရှိတဲ့ ကျင့်ကြံသူတွေကို ပြောတာပါ။ ချူနင် ရှင်းရှင်းပြောစမ်း သာမန်ပါရမီဆိုတာ ဘာကို ဆိုလိုတာလဲ တိတိကျကျ ပြောစမ်းပါ။ သူတို့က ငါ့ထက်ဘယ်နှဆပိုမြန်မှာလဲ။
မင်းအဲဒီ ရနံ့ဓားကျင့်စဉ်ကိုသာ မကျင့်ဘူးဆိုရင် သူတို့က မင်းထက် အဆပေါင်း သောင်းနဲ့ချီ မြန်နေမှာ။
ရဲချန်းလျန် ခဏတာ မှင်တက်သွားသည်။ ငါ ထပ်မမေးတော့တာပဲ ကောင်းမယ်ထင်တယ် အဲဒါကြောင့်ပဲ ဟိုလူတွေက သူတို့ကို ပစ်မှတ်ထားနေကြတာကိုး။
ဟုတ်တယ် မူမူရဲ့သူတော်စင်ခန္ဓာက ကောင်းကင်ဘုံဓားရိုးပဲ။ အရင်က ကျဆုံးသွားတဲ့ ဓားမဟာဧကရာဇ် တောင်မှ ပါရမီပိုင်းမှာ မူမူ့ကို မမီဘူးလို့ ငါတွက်ချက်ထားတယ်။ သူမရဲ့ အောင်မြင်မှုတွေက အရင်ဓားဧကရာဇ်ထက် သေချာပေါက် သာလွန်လိမ့်မယ်။
ယောင်ယောင်ရဲ့ပါရမီကတော့ ဖရိုဖရဲဧကရာဇ်နဲ့ တူတယ်။ နှစ်ယောက်လုံးက အထူးကဲဆုံး ဖရိုဖရဲခန္ဓာ တွေပဲ။ သူတို့ကျင့်ကြံစပြုတဲ့အခါ အထက်ဘုံကိုသွားပြီး သူတို့အတွက် အသင့်တော်ဆုံး ကျင့်စဉ်နှစ်ခုကို ငါကိုယ်တိုင် ဖန်တီးပေးဖို့ စီစဉ်ထားတယ်။
ချူနင်က ပြုံးလျက် ဆက်ပြောသည်။ ဒါတွေအတွက် မင်းစိတ်မပူပါနဲ့ အပြင်ကိစ္စတွေကို ငါ ကိုင်တွယ်ပါ့မယ်။ မင်းဖြေရှင်းလို့မရတဲ့ ပြဿနာမှန်သမျှ ငါ့ကိုလွှဲပေးဖို့ ငါတို့သဘောတူထားတယ် မဟုတ်လား။
အခု ဒီဘုံကိုငါအဆင့်မြှင့်တင်ထားပြီး တားမြစ်ချက်တစ်ခု လုပ်ထားတယ်။ အပြင်ကလာတဲ့ ဘယ်ကျင့်ကြံသူမဆို ဒီဘုံထဲကို ဝင်လာတာနဲ့ သူတို့ရဲ့ ကျင့်စဉ်တွေ အားလုံး အနှိမ်ခံရလိမ့်မယ်။ ဒါကြောင့် ငါမရှိတဲ့အချိန်မှာတောင် သူတို့ ပြဿနာလာရှာမှာကို စိတ်ပူစရာ မလိုတော့ဘူး။
တကယ်တော့ ဒီဘုံကိုလုံးဝ ပိတ်ပစ်လိုက်လို့လည်း ရပါတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်လိုက်ရင် လေဟာနယ်မျိုးနွယ်က ဆေးဖော်ဖို့ ပစ္စည်းတွေ လာပို့ရတာ ခက်ခဲသွားလိမ့်မယ်။ အခုကတော့ ဒါက အကာအကွယ် တစ်ထပ်ဖြစ်သွားတာပေါ့။
သမီးတွေက မင်းထက်မြန်မြန် အဆင့်တက်သွားမှာကိုလည်း စိတ်မပူပါနဲ့။ မင်းအခုကျင့်နေတဲ့ ကျင့်စဉ်ကိုသာ ဆက်ကျင့်ရင် မင်းရဲ့အရှိန်ကလည်း မွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာတွေထက် မနှေးပါဘူး။
ပြီးတော့ ကလေးတွေကြောင့် မင်းကျင့်စဉ် မကျင့်ဖြစ်တာ တစ်နှစ်နီးပါး ရှိသွားပြီဆိုတော့ အဲဒီအတွက် ဆုံးရှုံးသွားတဲ့ အချိန်တွေကို ငါတဖြည်းဖြည်း ပြန်ပြီး လျော်ကြေးပေးပါ့မယ်။
ဒါကို ကြားတော့ ရဲချန်းလျန် ဘာပြောရမှန်း မသိတော့ပေ။ သူမ၏ ရင်ထဲတွင် ကြည်နူးမှုများအပြင် ချူနင်အပေါ် အကြွေးတွေ အများကြီး တင်နေသလို ခံစားချက်မျိုးသာ ကျန်တော့သည်။ သူမသည် ချူနင်၏ ရင်ခွင်ထဲသို့ ပို၍ တိုးဝင်လိုက်သည်။
ချူနင် နင်ဆီကနေ ငါကောင်းတာတွေပဲ အများကြီး ရနေခဲ့တာ ငါကတော့ မင်းကို ဘာမှပြန်မပေးနိုင်ဘူး။ ပြဿနာတွေ အားလုံးကိုလည်း မင်းပဲဖြေရှင်းပေးခဲ့တယ်။ နင်ငါ့ကို ကျန်းကျန်းမာမာနဲ့ ချစ်စရာကောင်းတဲ့ သမီးလေးနှစ်ယောက် ပေးထားတာပဲ မဟုတ်လာ။
ဒါပေမဲ့ ဘယ်သူမဆို မင်းကိုကလေးမွေးပေးနိုင်မှာပဲလေ။ ဒါပေမဲ့ ငါကမင်းမွေးပေးတဲ့ ကလေးတွေကိုပဲ ချစ်တာလေ။ နင်က ငါ့ကို နှစ်သိမ့်ဖို့ပဲ အမြဲပြောနေတာ။ ဒါပေမဲ့ ငါနင်ကို စိတ်ပျက်အောင်တော့ လုံးဝ အဖြစ်မခံနိုင်ဘူး။
သူမက ရုတ်တရက် ခေါင်းထောင်လိုက်ပြီး မျက်ဝန်းထဲတွင် တိုက်ခိုက်လိုစိတ်များ ပြည့်နှက်နေသည်။ အနည်းဆုံးတော့ ကျင့်စဉ်ပိုင်းမှာ သမီးတွေ ငါ့ကိုကျော်သွားတာမျိုး အဖြစ်မခံနိုင်ဘူး ဒီနေ့ကစပြီး ငါ နေ့ရောညပါ ကြိုးစားကျင့်ကြံတော့မယ်။
နေ့ဘက်ပဲ ကျင့်ပါ ညဘက်ကျရင်တော့ အနားယူသင့်တယ်။ အလုပ်နဲ့ အနားယူမှုကို မျှတအောင် လုပ်ရမယ်လေ။ ဘာမျှတတာလဲ ကျင့်စဉ်ကျင့်တာက ခန္ဓာကိုယ်နဲ့ စိတ်ဓာတ်ကို အားဖြည့်ပေးတာပဲ။ နင်က ငါ့ကို အသားယူချင်နေတာ မဟုတ်လား။ ဟဲဟဲ... မင်း ရိပ်မိသွားတာပဲ။
အာ မလုပ်နဲ့လေ နင်ထပ်စားနေရင် မူမူနဲ့ ယောင်ယောင် စားစရာမရှိဘဲ နေဦးမယ်။ နှစ်ဦးသား စောင်ထဲတွင် စနောက်ရင်း တိုးတိုးတိတ်တိတ် စကားပြောနေကြစဉ်မှာပင် ဘေးခန်းမှ ကလေးငိုသံထွက်ပေါ်လာသည်။
ဗိုက်ဆာပြီ ညလယ်စာ စားရမယ့်အချိန်ရောက်ပြီ ရဲချန်းလျန်က ချူနင်ကို မျက်စောင်းလေး ထိုးလိုက်သည်။
အခုတော့ နင်စားဖို့တကယ် ဘာမှမကျန်တော့ဘူး။ သွား... သွား... ယောင်ယောင်ကို သွားခေါ်ခဲ့တော့။
ချူနင်က သက်ပြင်းချရင်း မတတ်သာဘဲ ထလိုက်ရသည်။ သူက ငိုယိုနေသော ရဲ့ယောင်လေးကို ချီပြီး ရဲချန်းလျန်၏ ရင်ခွင်ထဲသို့ ထည့်ပေးလိုက်သည်။
ရဲချန်းလျန်ကတော့ ချူနင်၏ဖြစ်ပျက်ပုံကို ကြည့်ပြီး ပြုံးစိစိဖြင့် ချူနင်က သိပြီ သိပြီ ငါသူတို့နဲ့အစာ မလုတော့ပါဘူး။
အဲဒီလိုသိရင် ပြီးတာပဲ သမီးလေးတွေ ဗိုက်ဆာသွားရင် နင်ဘယ်သွားငိုရမှန်း သိမှာမဟုတ်ဘူး။ မူမူ့ကိုပါ တစ်ခါတည်း ခေါ်လာခဲ့ သူလည်း ဒီညဗိုက်ဆာရင် သူ့ဘာသာသူ အစာရှာနေဦးမယ်။
"ကောင်းပါပြီဗျာ"
ဧကရာဇ်တစ်ပိုင်းအနည်းငယ် သေဆုံးသွားခြင်းက ချူနင်၏ စိတ်ထဲတွင် မည်သည့် ဂယက်မှ မထစေခဲ့ပါ။
သို့သော် ဤကဲ့သို့သော ပြဿနာများကို ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း သူ စဉ်းစားမိသည်။
ယခုအခါ ဤဘုံကို အဆင့်မြှင့်တင်ထားပြီဖြစ်သဖြင့် သူကိုယ်တိုင်ပြဿနာတွေ ဖြေရှင်းမနေချင်တော့ပါ မဟုတ်လျှင် ထိုက်ရွှမ်းမြင့်မြတ်နယ်မြေက လူတွေ အင်ပါယာကသူတော်စင်အဆင့်ကျင့်ကြံသူတွေက ဘာအတွက် ရှိနေကြတာလဲ။
အပြင်လူတွေရဲ့ ကျင့်စဉ်တွေကို အနှိမ်ခံထားရတာတောင် မဖြေရှင်းနိုင်ကြဘူးဆိုရင်တော့ သူတို့တွေ အိမ်ပြန်ပြီး ပဲငံပြာရည်ပဲ သွားဝယ်သောက်လိုက်ကြဖို့ ကောင်းသည်။ သူ့ကို လာမနှောက်ယှက်ကြရင် ပြီးတာပါပဲ။
သူ့မှာ ဘယ်မှာအချိန်တွေ အများကြီး ရှိမှာလဲ သမီးတွေနဲ့ မိန်းမကို ပြုစုစောင့်ရှောက်ဖို့တောင် အလုပ်များနေတာလေ။
ညလယ်စာ စားပြီးနောက် ယောင်ယောင်လေးမှာ ရဲချန်းလျန်၏ ရင်ခွင်ထဲတွင် ကျေနပ်စွာ အိပ်ပျော်သွားပြီး မူမူလေးကိုလည်း သူတို့နှစ်ယောက်ကြားမှာ သိပ်ထားလိုက်သည်။ ချူနင်ကတော့ ငေးကြည့်နေရုံသာ ရှိတော့သည်။
ဟူး... တကယ်ကိုပဲ အခွင့်အရေး မရှိတော့ဘူး။