အခန်း ၁၁၆ ချူနင် ငါနေလို့မကောင်းဘူး
အထက်ဘုံရှိ ချန်းရှန်းဧကရာဇ်၏နေထိုင်ရာနေရာဖြစ်သော ထာဝရစိမ်းလန်းနန်းတော်သည် ယခုအခါ ကောင်းကင်တစ်ခွင်တွင် အင်အားအကြီးဆုံးနှင့် အရှိန်အဝါ အကြီးမားဆုံး အင်အားစု ဖြစ်နေသည်။
မူလကတာအိုတိုက်ကြီး ၅၀၀ ကိုသာ အုပ်ချုပ်ခဲ့သော ချန်းရှန်းဧကရာဇ်သည် ဓားမဟာဧကရာဇ်ကို အမြစ်ဖြတ် သုတ်သင်ပြီးနောက် နောက်ထပ်တိုက်ကြီး ၅၀၀ ကို သိမ်းပိုက်နိုင်ခဲ့သည်။ ယခုအခါ ဘုံသုံးထောင်၏ သုံးပုံတစ်ပုံမှာ သူ၏ လက်အောက်တွင် ရှိနေသည်။
၎င်း၏ လက်အောက်တွင် အနန္တအင်အားစုပေါင်း သောင်းနှင့်ချီ၍ ရှိပြီး ရေတွက်၍မရနိုင်သော နတ်ဘုရားနန်းတော်များလည်း ရှိသည်။ ယခုအကြိမ် ကိစ္စကို ကိုင်တွယ်ရန် စေလွှတ်လိုက်သော အင်အားစုမှာ နန်းတော်နှင့် အနီးကပ်ဆုံးဖြစ်ပြီး ဂိုဏ်းခေါင်းဆောင်များနှင့် ရင်းနှီးမှုရှိ၍ ရွေးချယ်ခံရခြင်း ဖြစ်သည်။
ချန်းရှန်းဧကရာဇ် ပြန်ရောက်လာသောအခါ နန်းတော်သခင်ထံမှ ထိုကိစ္စ၏တိုးတက်မှုကို မေးမြန်းခဲ့သည်။ လူလွှတ်ထားပြီးဖြစ်ကြောင်း သိရသောအခါ သူဆက်၍ဂရုမစိုက်တော့ပေ။
ငါအခု ချန်းရှန်းတာအို (ထာဝရရှင်သန်ခြင်းတရား)ကို အာရုံရနေပြီ။ အဆင့်တက်ဖို့အတွက် တရားကျင့်တော့မယ်။ နောက်သုံးနှစ်အတွင်း ငါ့ကို ဘယ်သူမှ မနှောက်ယှက်စေနဲ့။ နန်းတော်သခင်က အရိုအသေပေးကာ ခေါင်းညိတ်သည်။
အဲဒီကလေးနှစ်ယောက်ကို ခေါ်လာနိုင်ရင် သူတို့ကို တိုက်ရိုက်ပဲ ပျိုးထောင်ပေးရမလား။ ဟုတ်တယ် မင်းတို့ဘာသာ ကိုင်တွယ်လိုက်။ သူတို့ကို အကောင်းဆုံး အရင်းအမြစ်တွေပေးပြီး အမြန်ဆုံး အဆင့်တက်နိုင်အောင် လုပ်ပေးလိုက်။ ထိုလူက သူ၏ နှုတ်ခမ်းထောင့်ကို လျှာဖြင့် သပ်လိုက်သည်။
မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာဆိုသည်မှာ ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ရောက်သည်နှင့် ဆေးဖော်စပ်ရန် အကောင်းဆုံး ဖြစ်သည်။ အရသာက ဘယ်လိုနေမလဲ သိချင်မိပါရဲ့ ထိုသို့ပြောပြီးနောက် သူ၏ ပုံရိပ်မှာ ပျောက်ကွယ်သွားသည်။
နန်းတော်သခင် ဟန်ထျန်းက နောက်တစ်ကြိမ် ဦးညွှတ်လိုက်သည်။
"ဧကရာဇ်မင်းမြတ်ကို ဂါရဝပြု နှုတ်ဆက်ပါတယ်"
ထိုလူထွက်သွားပြီဟု ခံစားရမှသာ သူ သက်ပြင်းချနိုင်တော့သည်။ ဧကရာဇ်တစ်ပါးနှင့် အတူနေရခြင်းမှာ ကျားနှင့်အတူ နေရသလိုပင်။ အထူးသဖြင့် စိတ်ခန့်မှန်းရခက်သော ဧကရာဇ်မျိုးနှင့်ဆိုလျှင် ပိုဆိုးသည်။
စိတ်ကြည်နေလျှင် ဆုလာဘ်အချို့နှင့် လမ်းညွှန်မှုပေးတတ်သော်လည်း စိတ်မကြည်လျှင်တော့ ဘယ်သူဖြစ်ဖြစ် ဘာအလုပ်အကျွေး ပြုခဲ့ဖူးသည်ဖြစ်စေ ချက်ချင်း သတ်ပစ်တတ်သည်။
ဓားမဟာဧကရာဇ်ကို ဝိုင်းတိုက်ခဲ့သော မဟာဧကရာဇ်ရှစ်ပါးမှာ သူ့ကိုသတ်ပြီးလျှင်ရပ်တန့်ခဲ့သင့်သည်။ သို့သော် ချန်းရှန်းဧကရာဇ်မှာ ကျန်ရှိနေသော မျိုးနွယ်စုအားလုံးကို အမြစ်ပြတ် သတ်ပစ်ခဲ့သည်။
နှစ်ပေါင်း သိန်းနှင့်ချီသော အမွေအနှစ်ရှိသည့် ကျင့်ကြံသူများ အားလုံး ပျောက်ကွယ်သွားရသည်။ ထိုဆုံးရှုံးမှုမှာ အလွန်ကြီးမားလှသော်လည်း သူဘာမှ မပြောရဲခဲ့ပါ။
အောက်ဘုံမှ မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာနှစ်ခုလား။ ချန်းရှန်းဧကရာဇ် သိသွားကတည်းက ထိုကလေးများသည် ဧကရာဇ်အတွက်အာဟာရအဖြစ် သတ်မှတ်ခံလိုက်ရပြီးသားဖြစ်သည်။
ဒါက ချန်းရှန်းဧကရာဇ်ရဲ့ ကျင့်စဉ်နဲ့ ဆက်စပ်နေလို့ပါ။ သို့သော်လည်း အသတ်မခံရခင် နှစ်ပေါင်းအနည်းငယ်အတွင်း အကောင်းဆုံး အရင်းအမြစ်တွေနဲ့ ကျင့်ကြံခွင့်ရဖို့ဆိုတာ လူအများစုက တောင့်တနေကြတဲ့ အရာမျိုးလည်း ဖြစ်နေပြန်သည်။
ဟန်ထျန်းက သက်ပြင်းချရင်း အချိန်ကို တွက်ချက်လိုက်သည်။ သူတို့ ထွက်သွားတာ တစ်ရက် ရှိပြီ ဘာလို့ ပြန်မလာသေးတာလဲ။ ထိုစဉ် လူတစ်စုမှာ အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေသော မျက်နှာများဖြင့် ပြေးဝင်လာကြသည်။
"နန်းတော်သခင် ကိစ္စကြီးတော့မယ်"
အောက်ဘုံကို စေလွှတ်လိုက်တဲ့ နတ်ဘုရားတိမ်တိုက်ဂိုဏ်းက လူတွေအားလုံး အသတ်ခံလိုက်ရပါပြီ။ သူတို့ရဲ့ အသက်ဝိညာဉ် မှတ်ကျောက်တွေအားလုံး ကြေမွသွားပါပြီ။
"ဒါအကြီးအကျယ် ဖြစ်သွားပြီ"
ဧကရာဇ်တစ်ပိုင်းအနည်းငယ် သေဆုံးသွားခြင်းက ကြီးကျယ်သော ဂယက်ထစရာ မရှိသော်လည်း ချူနင်၏ ကောင်းမွန်နေသော စိတ်အခြေအနေကိုတော့ တစ်စုံတစ်ယောက်က ဖျက်ဆီးလိုက်ပြီဖြစ်သည်။
မထွက်ခွာမီ ချူနင်က တစ်ခုခုကို စဉ်းစားလိုက်သည်။ ဤလူများ၏အဆင့်မှာ မြင့်လွန်းလှသည်။ လက်ရှိ ကမ္ဘာမှာ တတိယအဆင့်အောက်ဘုံသာဖြစ်ပြီး အမြင့်ဆုံး ကျင့်ကြံသူမှာ ကောင်းကင်ဖြစ်စဉ် အထွတ်အထိပ် သာ ဖြစ်သည်။
ဤဘုံရှိ ဝိညာဉ်စွမ်းအင်မှာ ကျင့်ကြံသူများ ဆက်လက် အဆင့်တက်ရန် မလုံလောက်တော့ပါ။ ကောင်းကင်ဘုံ၏ဖိနှိပ်မှုကလည်း ပြင်းထန်လှသဖြင့် ကျင့်ကြံသူများသည် အဆင့်တက်ရန်အတွက် အထက်ဘုံသို့တက်ရန်သာ ရှိသည်။ ထို့အပြင် ထိုဧကရာဇ်တစ်ပိုင်းများ၏အမြင်တွင် ဤကမ္ဘာမှာ လက်ဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် ပျက်စီးသွားနိုင်သည့် အရာဖြစ်သည်။
သူနိုးလာတဲ့အခါ လက်ဝါးတစ်ချက်ကြောင့် သူ့အိမ်ကြီးပျောက်သွားရင် ဘယ်လိုလုပ်မလဲ။
ချူနင်က တွေဝေမနေဘဲ ဤကမ္ဘာကြီးကို အဆင့်မြှင့်တင်ရန်ဆုံးဖြတ်လိုက်သည်။ အနည်းဆုံးတော့ ဤကမ္ဘာ၏ ခံနိုင်ရည်စွမ်းအားမှာ မဟာဧကရာဇ်တစ်ဦး၏ အစွမ်းကို လက်ခံနိုင်စွမ်း ရှိရမည်။
ဟုတ်သည် ထိုဧကရာဇ်က ကိုယ်တိုင်လာစရာ မလိုပါ ချူနင်ကသာ ထိုချန်းရှန်းဧကရာဇ် ဆိုသည့်လူမှာ ဘယ်လောက် သတ္တိရှိလဲဆိုတာ သွားကြည့်မည်ဖြစ်သည်။
ထိုနေ့တွင် ကောင်းကင်ဘုံ၏ စွမ်းအားများမှာ ရူးသွပ်မတတ် မြင့်တက်လာပြီး ကြီးမားသော စွမ်းအားများဖြင့် ကောင်းချီးပေးခြင်း ခံရသည်။ ကောင်းကင်ဘုံဆိုသည်မှာ ကမ္ဘာကြီး၏ဆန္ဒ စုစည်းမှုသာ ဖြစ်သော်လည်း ၎င်းကိုမြှင့်တင်ခြင်းမှာ ကမ္ဘာကြီး၏ အဆင့်အတန်းကို မြှင့်တင်လိုက်ခြင်း ဖြစ်သည်။
ထို့အတူ ကောင်းကင်နှင့် မြေကြီး၏ ဝိညာဉ်စွမ်းအင်များမှာလည်း ရူးသွပ်စွာ တိုးပွားလာပြီး အရင်ကထက် အဆပေါင်း ရာနှင့်ချီ၍သိပ်သည်းလာသည်။
တစ်ဖက်တွင် ဧကရာဇ်တစ်ပိုင်းသုံးဦး၏ ကျင့်စဉ်များမှ ပြောင်းလဲလာသော ဝိညာဉ်စွမ်းအင်များ ကြောင့်ဖြစ်ပြီး နောက်တစ်ဖက်မှာ ကမ္ဘာကြီး၏ အဆင့်အတန်း မြင့်တက်လာခြင်း ကြောင့် ဖြစ်သည်။ အောက်ဘုံလေးတစ်ခု၏ ဝိညာဉ်စွမ်းအင် သိပ်သည်းမှုမှာ အထက်ဘုံနှင့် ယှဉ်နိုင်သည့် အဆင့်သို့ရောက်သွားလေပြီ။
ထိုနေ့တွင်ပင် ထိုက်ရွှမ်းမြင့်မြတ်နယ်မြေမှ ဘိုးဘေးကူယွမ် သည် ကောင်းကင်ဘုံ၏ အသိကို ရုတ်တရက် ရရှိသွားသည်။ သူသည် ချက်ချင်းပင် တာအိုအဆင့်အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီး အောက်ဘုံတွင် ပထမဦးဆုံးသော တာအိုအဆင့် ကျင့်ကြံသူ ဖြစ်လာခဲ့သည်။
နောင်တွင် ဘိုးဘေးက ပြန်ပြောပြသည်မှာ ထိုစဉ်က စိတ်အလင်းပွင့်သွားသလို ခံစားရပြီး ခေါင်းကို တုတ်နဲ့ အထုခံလိုက်ရသလို ရုတ်တရက် အရာအားလုံး ကြည်လင်သွားကာ အဆင့်တက်သွားခြင်း ဖြစ်သည်ဟု ဆိုသည်။
အင်ပါယာအတွင်း၌ ကြီးမားသော အန္တရာယ်ကို ကျော်ဖြတ်နိုင်ခဲ့သဖြင့် အောင်ပွဲခံပွဲများ ပြန်လည် စတင်လာသည်။ ညဘက်တွင် ကောင်းကင်ယံမှ တောက်ပသော မီးရှူးမီးပန်း (အဘိုးကြီးလျူဟုန်) မှာ မငြိမ်းသေးဘဲ ရှိနေသည်။
ညစာစားပြီးနောက် ရှောင်ပင်းက နှမြောတသစွာဖြင့် နောက်အခန်းသို့ အနားယူရန် သွားလိုက်သည်။ တစ်ချိန်တည်းမှာပင် ချူနင်နှင့် ရဲချန်းလျန်တို့၏ အိပ်ဆောင်အတွင်း၌ ရဲချန်းလျန်က ကလေးကို နို့တိုက်ပြီးကာစ ဖြစ်သည်။
ကလေးလေး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည်ကို မြင်သောအခါ သူမက စောင်ထဲသို့ တိုးဝင်ကာ ချူနင်ကို ဖက်လိုက်ပြီး ညည်းညူလိုက်သည်။
ဒီကလေးက ငါနဲ့မရင်းနှီးဘူး ဒါတောင်ငါကသူ့ကို နို့တိုက်ပေးနေရသေးတယ် စိတ်တိုစရာကြီး။ ငါမွေးတဲ့ကလေးက ဘာလို့ မင်းနဲ့ကျမှ အရမ်းရင်းနှီးနေရတာလဲ ချူနင် မင်းဘယ်လိုလုပ်လိုက်တာလဲ။
ငါ့အနားမှာနေရင် သူပိုပြီး လုံခြုံတယ်လို့ ခံစားရလို့နေမှာပေါ့။ ရဲချန်းလျန်က မျက်စောင်းထိုးလိုက်သော်လည်း ဘာမှပြန်မပြောနိုင်ပါ။
ဒီနေ့ နင်အဘိုးကြီး သုံးယောက်ကို သတ်လိုက်တယ်ဆိုတာ အထက်ဘုံကလူတွေလား။ ဟုတ်တယ် ချန်းရှန်းဧကရာဇ်ရဲ့ လက်အောက်ခံတွေပဲ။ ငါတို့သမီးတွေရဲ့ပါရမီကို သဘောကျပြီး သမီးတွေရော မင်းကိုပါ ဝိညာဉ်ကျောက်တုံး တစ်သိန်းနဲ့ ဝယ်ချင်နေကြတာ။ သူတို့ကို မသတ်ရင် သူတို့ရဲ့ မောက်မာမှုကို အားပေးသလို ဖြစ်နေမှာပေါ့။
ရဲချန်းလျန် ခဏတာ ဆွံ့အသွားပြီး ရယ်လည်းရယ်ချင် စိတ်လည်းတိုသွားသည်။ နင်က အရမ်း နာမည်ကြီးတာ မဟုတ်ဘူးလား ဟိုလေဟာနယ်ဧကရာဇ်စူးတိန်ဖန်းတောင် နင်ကိုမြင်ရင် ဘိုးဘေးကို မြင်သလို ကြောက်နေတာလေ။ ချန်းရှန်းဧကရာဇ်ရဲ့ လက်အောက်ခံတွေက ဘယ်လိုလုပ် ဒီလောက် မောက်မာရဲတာလဲ ဒါသေတွင်းတူးတာနဲ့ မခြားဘူးလေ။
ချူနင်က လက်ယမ်းလိုက်ရင်း မတတ်သာသလို ပြောလိုက်သည်။
ငါ့နာမည်က သိပ်မကြီးတော့လို့နေမှာပါ ပြီးခဲ့တဲ့နှစ်က အထက်ဘုံကို ဆေးဖော်ဖို့ ပစ္စည်းသွားရှာတုန်းကတောင် လေဟာနယ်မျိုးနွယ်က ပစ္စည်းတွေပဲယူခဲ့တာ။ မျက်နှာမပြတာ ကြာပြီဆိုတော့ သူတို့ငါ့ကို မမှတ်မိကြတော့ဘူးထင်တယ်။
ရဲချန်းလျန်က ပြုံးပြီး ချူနင်၏ ရင်ခွင်ထဲသို့ တိုးဝင်လိုက်သည်။ ကောင်းပြီလေ... ဘယ်သူက နင်ကို ငါ့အနားမှာပဲ အမြဲကပ်နေခိုင်းလို့လဲ နောက်တစ်ခါကျရင် အပြင်ထွက်ပြီး မင်းရဲ့အစွမ်းကို ပြလိုက်ဦး သူတို့ ကြောက်သွားအောင် မဟုတ်ရင် ဒီလိုပြဿနာတွေ ခဏခဏ လာနေတာ ပျင်းစရာကြီး။
"ဟုတ်သားပဲ"
"ချူနင်"
ရဲချန်းလျန်၏လေသံက ရုတ်တရက် ပြောင်းလဲသွားသဖြင့် ချူနင်၏ ကျောရိုးလေးများပင် စိမ့်သွားရသည်။
"ဟင်"
"ငါ နေလို့မကောင်းဘူး"
"ဘယ်နားက နေလို့မကောင်းတာလဲ"
သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းနေပြီး ရှက်ကိုးရှက်ကန်း ဖြစ်နေသော်လည်း တိုးတိုးလေး ပြောလိုက်သည်။
"နင်ချက်ကျွေးတဲ့ အစားအစာတွေက အရမ်းကောင်းလွန်းတော့ အာဟာရတွေ အရမ်းများနေသလိုပဲ"
မူမူနဲ့ ယောင်ယောင်က ကုန်အောင်မသောက်နိုင်ကြဘူး အဲဒါကြောင့် အရမ်းတင်းပြီး နေလို့မကောင်းဘူး။
ချူနင်က မတတ်သာသလို ပြုံးလိုက်ရင်း သူမကို ဖက်ကာ နှစ်သိမ့်လိုက်သည်။ကလေးတွေအတွက် လုံလောက်ပါတယ်လို့ ငါပြောသားပဲ မင်းကမယုံဘဲ ပိုစားမယ်ဆိုလို့လေ။ အခုတော့ နေလို့မကောင်းဖြစ်ပြီ မဟုတ်လား။
သိပါတယ် နောက်တစ်ခါ အများကြီးမစားတော့ဘူး။ ဒါပေမဲ့ နင်ချက်တာက အရမ်းကောင်းနေတော့ မအောင့်နိုင်တာ။ သူမက ချူနင်၏ ရင်ခွင်ထဲသို့ ထပ်မံ တိုးဝင်ရင်း မော့ကြည့်လိုက်သည်။
ဒါဆို နင်မှာနည်းလမ်းရှိလား ငါတကယ်ကြီး နေလို့မကောင်းလို့ပါ။ ချူနင်က မျက်လုံးလေး မှေးလိုက်သည်။ ရဲချန်းလျန် ဘာကို ဆိုလိုသည်ကို သူနားလည်သော်လည်း ပြုံးစိစိဖြင့် ပြောလိုက်သည်။
ကလေးတွေ နို့သောက်ပြီးရင် ကောင်းသွားမှာပေါ့ ဟုတ်တယ်မလား။ ဒါပေမဲ့ ကလေးတွေက အိပ်ပျော်နေပြီလေ။ ရဲချန်းလျန်၏ မျက်ဝန်းထဲတွင် ထူးဆန်းသော အရိပ်အယောင်များ လက်ခနဲ ဖြစ်သွားပြီး ချူနင်ကို စိုက်ကြည့်ကာ နူးညံ့စွာ ပြောလိုက်သည်။
"မင်း အရင်က ကလေးတွေဆီကနေ အစာလုစားနေကျ မဟုတ်လား အခုတော့ လုမယ့်သူမရှိဘူးလေ"
...
အိပ်မက်ထဲတွင်...
ချူမူ (ဧကရာဇ်မင်းမြတ်) တစ်ယောက် အသံအချို့ကို ကြားလိုက်ရသလိုပင်။ ကုတင်လှုပ်ခါနေသည့် ကျိကျိဂျက်ဂျက်အသံမျိုး ဖြစ်သည်။ သို့သော် သူမက အရမ်းအိပ်ငိုက်နေသဖြင့် ဂရုမစိုက်နိုင်ပါ။ သူမ၏ စိတ်ထဲတွင်တော့ ထိုနေ့က ဖြစ်ပျက်ခဲ့သမျှကိုသာ ပြန်မြင်နေရသည်။
ထိုအမှတ်တရမှာ အိပ်မက်ဆိုးတစ်ခုလို သူမကို အမြဲ ခြောက်လှန့်နေပြီး သူမ၏စိတ်ဝိညာဉ်နတ်ဆိုးပင် ဖြစ်လာခဲ့သည်။
ငါ ဧကရာဇ်အဆင့်ကို ပြန်ရောက်တဲ့နေ့ကျရင် ဒီလူကို ငါကိုယ်တိုင် သတ်ပစ်မယ်။