အခန်း ၁၁၃ ဇနီးမောင်နှံလေး၏ ချိုမြိန်သော နေ့စဉ်ဘဝ
ကလေးလေးတွေ မွေးဖွားပြီးနောက် ပထမဆုံးနေ့ကတော့ အေးအေးဆေးဆေးပဲ ကုန်ဆုံးသွားခဲ့ပါသည်။
ထူးထူးခြားခြားဆိုလို့ စိတ်မမှန်တဲ့ ချန်းရှန်းဧကရာဇ်ဆီက ရုတ်တရက် ရောက်လာတဲ့ သတင်းစကားတစ်ခုပဲ ရှိပါတယ်။
ဟဲဟဲ... စီနီယာ... ကျွန်တော် မွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာ နှစ်ခုကို တွေ့ထားတယ် သူတို့ကို စီနီယာ့ဆီ တပည့်အဖြစ် ခေါ်လာပေးရမလား။
“တောက်”
ချူနင် တကယ်ကို ထူးဆန်းနေမိသည်။ သူ့သမီးလေးတွေ ခုမှမွေးတာကို သူတို့အပြင် တခြား သူတော်စင်ခန္ဓာတွေ ထပ်ပေါ်လာဦးမလို့လား သူသေချာတွက်ချက်ကြည့်တော့ ဘာမှမရှိပါဘူး။ ဟိုအဘိုးကြီးက သူ့သမီးလေးတွေကို ပြောနေတာပါ။
ငရဲသွားလိုက် အဘိုးကြီး ငါ့သမီးတွေကို လက်ဖျားနဲ့တောင် တို့ကြည့်ရဲရင် တို့ကြည့်လိုက်လေ ငါ့အကြောင်း သိစေရမယ်။
ချူနင်က သူ့ကို လုံးဝ ဂရုမစိုက်တော့ဘဲ ပစ်ထားလိုက်သည်။ ဒုတိယမြောက်နေ့မှာတော့ နန်းတော်တစ်ခုလုံး ဂုဏ်ပြုလွှာတွေနဲ့ ပြည့်နှက်နေသည်။ ထိုက်ရွှမ်းဂိုဏ်းမြင့်မြတ်နယ်မြေက လက်နက်တွေနဲ့ ကျင့်စဉ်ကျမ်းတွေ ပို့ပေးလာသည်။
ချူနင်အတွက်တော့ ဒါတွေက မလိုသလောက်ဖြစ်ပေမဲ့ အင်ပါယာအတွက်တော့ အသုံးဝင်တာကြောင့် သူ့ဇနီးရဲ့ တိုင်းပြည်အတွက် သိမ်းဆည်းပေးထားလိုက်သည်။ ထို့နောက် ကလေးလေးတွေကို ဘုရင်ဘွဲ့တွေ တိုက်ရိုက် ပေးအပ်လိုက်ကြသည်။
မှူးမတ်အဆင့် ငါးဆင့်ရဲ့ အထက်မှာ မင်းသား/မင်းသမီး အဆင့်ရှိပြီး အဲဒီအဆင့်ကိုမှ ထပ်ခွဲရင် စာလုံးနှစ်လုံးသုံးဘုရင် စာလုံးတစ်လုံးသုံးဘုရင် နဲ့ ဧကရာဇ်နှင့် အဆင့်တူဘုရင် ဆိုပြီး ရှိပါတယ်။
သူ့သမီးလေးတွေကို ဧကရာဇ်နဲ့ အဆင့်တူဘွဲ့ ပေးလို့မရသေးတာကြောင့် စာလုံးတစ်လုံးသုံးဘုရင် ဘွဲ့ကိုပဲ ရွေးချယ်ခဲ့ကြသည်။
ချူနင်နဲ့ မှူးမတ်တွေ အကြာကြီး တိုင်ပင်ပြီးနောက် မုမုကိုတော့ မြို့တော်ယိုယန်က ယိုစာလုံးကို ယူပြီး ယိုဝမ် လို့ ဘွဲ့ပေးလိုက်သည်။ ယောင်ယောင်ကိုတော့ လော့ချန်းအင်ပါယာရဲ့ရှေးရိုးရာ ဘုရင်ဘွဲ့ဖြစ်တဲ့ စီစာလုံးကို ယူပြီး စီဝမ်လို့ ဘွဲ့ပေးလိုက်သည်။
ဘာပဲဖြစ်ဖြစ် သူတို့က မိန်းကလေးတွေဆိုတော့ ဘုရင်ချင်း ဘုရင်ကျောက်စတဲ့ ဘွဲ့တွေထက်စာရင် မိန်းကလေးဆန်တဲ့ ဘွဲ့တွေကိုပဲ ရွေးပေးလိုက်တာပါ။
ထူးခြားတာက သူတို့ရဲ့ ပိုင်နက်နယ်မြေတွေပါပဲ။ အင်ပါယာရဲ့ နယ်မြေတွေကို မပေးဘဲ အခုထိ မသိမ်းပိုက်ရသေးတဲ့ တာ့ကျိုးအင်ပါယာနဲ့ လော့ချန်းအင်ပါယာ နယ်မြေတွေကို ပေးလိုက်တာပါ။
ဒီသတင်း ပြန့်သွားတော့ မြို့တော်တင်မက တစ်ကမ္ဘာလုံး ဟိုးဟိုးကျော်သွားပါတော့သည်။ အိမ်နီးချင်း လော့ချန်းအင်ပါယာကတော့ အသံတောင် မထွက်ရဲပါဘူး။
ဒါက ဘာကိုဆိုလိုတာလဲ ဒီမင်းသမီးလေးတွေက အသက် ၁၆ နှစ်ပြည့်မှ သူတို့နယ်မြေကို သွားလို့ရမှာပါ။ ဆိုလိုတာက တာ့ချန်းအင်ပါယာဟာ သူတို့ ၁၆ နှစ်မပြည့်ခင် အဲဒီနယ်မြေနှစ်ခုလုံးကို သေချာပေါက် သိမ်းပိုက်ပြီးသား ဖြစ်ရမယ်လို့ ကြုံးဝါးလိုက်တာပါပဲ။
ဒီလုပ်ရပ်ကို ဘယ်သူမှကန့်ကွက်တာ မရှိတဲ့အပြင် မြို့တော်က ပညာရှိတွေကလည်း ချီးမွမ်းခန်းဖွင့်လို့ မဆုံးပါဘူး။ ရဲချန်းလျန်နဲ့ ချူနင်ကို ဖားကြတာပေါ့ တစ်ခါတစ်လေ စီနီယာချူးကတောင် ကဗျာကောင်းလေးတွေ ပို့ပေးပြီး သူတို့ကို ဖတ်ခိုင်းတတ်ပါသေးသည်။
ရဲချန်းလျန်ကတော့ ကဗျာတွေကို သဘောကျပေမဲ့ ချူနင်ကတော့ ပန်းကောင်းပေမဲ့အနှစ်မရှိဘူးလို့ ဝေဖန်ပြီး စာလုံးအလှတွေနဲ့ ပြန်ချေပလိုက်ပါသေးသည်။
ရဲချန်းလျန်က ချူနင်ကို ကဗျာတွေ ထပ်မရွတ်ဖို့ တားမြစ်ထားပေမဲ့ တကယ်တမ်းမှာတော့ သူမက ချူနင်ရဲ့ အရည်အချင်းကို အံ့သြနေပြီး ကဗျာအပြည့်အစုံကိုခိုးပြီး တောင်းဖတ်တတ်ပါသေးသည်။
ချူနင်ကတော့ ဒါတွေက သူ့လက်ရာ မဟုတ်ပါဘူးလို့ အမှန်အတိုင်းပြောပေမဲ့ ရဲချန်းလျန်ကတော့ မယုံပါဘူး။ ချူနင်က အရမ်းအစွမ်းထက်ပြီး လောကအနှံ့ ရောက်ဖူးတာဆိုတော့ တကယ့်ပညာရှင်တွေနဲ့ တွေ့ဖူးတာနေမှာပါလို့ပဲ သူမတွေးလိုက်ပါတော့သည်။
တတိယမြောက်နေ့မှာတော့ ရာသီဥတုက သာယာလှပနေသည်။
ရဲချန်းလျန် က အေးစက်တည်ငြိမ်တဲ့ ဧကရီအမူအရာကို ပြန်ယူချင်နေပေမဲ့ ချူနင်ကတော့ သူမရဲ့ တောင်းဆိုချက်မှန်သမျှကို ပယ်ချနေသည်။ ရေချိုးလို့မရဘူး အပြင်ထွက်လို့မရဘူး အခန်းထဲမှာပဲ လမ်းလျှောက်ခွင့်ရှိတယ်ဆိုတော့ ရဲချန်းလျန် စိတ်ညစ်နေပြီပေါ့။
နင်က ငါ့ခင်ပွန်းဖြစ်ပေမဲ့ ငါ့ကိုဒီလောက်အထိ ကန့်သတ်ထားလို့ မရဘူး ဒီနေ့တော့ ဒီအိမ်မှာ ဘယ်သူက အကြီးအကဲလဲဆိုတာ သူမ ပြသရပါတော့မယ်။ ကုတင်ပေါ်မှာ လဲလျောင်းရင်း ချူနင် ကလေးချော့နေတာကို ကြည့်ကာ သူမ မျက်မှောင်ကြုတ်လိုက်သည်။
ယောကျာ်း ဒီနေ့ ရာသီဥတု အရမ်းကောင်းနေတာကို အပြင်ထွက်ပြီး လေညင်းလေး ခံပါရစေဦး။ ငါ့ခန္ဓာကိုယ်က ပြန်ကောင်းနေပါပြီ ငါကကျင့်ကြံသူတစ်ယောက်ပဲလေ။ တစ်လလုံး ပိတ်မိနေရမယ်ဆိုရင် ငါတော့ ပျင်းလို့ သေတော့မှာပဲ။ ချူနင်က သူမရဲ့ ချွဲနွဲ့သံကို ကြားတော့ ပြုံးလိုက်မိသည်။
ဒါဆိုရင်တော့ တစ်လ မစောင့်ခိုင်းတော့ပါဘူး ဒါပေမဲ့ အနည်းဆုံး ခုနစ်ရက်တော့ အခန်းထဲမှာ နေပေးရမယ်။ ခုနစ်ရက်အတွင်း ဘာမှ မဖြစ်ရင် အပြင်ထွက် လမ်းလျှောက်ခွင့် ပေးမယ်။
သူမရဲ့အကွက်က အောင်မြင်သွားတာကို မြင်တော့ ရဲချန်းလျန် ကျိတ်ပြီး ဝမ်းသာသွားသည်။
ဟင်း ဘာဧကရာဇ်လဲ ငါ့ကိုနိုင်အောင် လုပ်ချင်သေးတာလား။ သူမ နည်းနည်းလေး ချွဲလိုက်ရုံနဲ့ ချူနင်က အလျှော့ပေးလိုက်ရတာပဲ မဟုတ်လား။
"ဝါး... ဝါး"
ပုခက်ထဲမှာ ယောင်ယောင်က လက်ကလေးတွေ လှုပ်ယမ်းပြီး ချူနင်ကို ကြည့်ကာ ပြုံးပျော်နေသည်။ ချူနင်ကလည်း သူမကိုပြန်ချော့ရင်း ပျော်နေတာပေါ့။ ရဲချန်းလျန်ကလည်း စောင်ကို ခြုံပြီး အနားတိုးကာ နောက်တစ်ယောက်ဖြစ်တဲ့ မုမု ကို သွားချော့ပေမဲ့ မုမုကတော့ အမေဖြစ်သူကို တစ်ချက်ပဲကြည့်ပြီး ဂရုမစိုက်သလို နေနေသည်။
ရဲချန်းလျန် စိတ်မကောင်း ဖြစ်သွားသည်။ "ချူနင် မုမုက ငါနဲ့သိပ်မရင်းနှီးသလိုပဲ"
ချူနင် လှည့်ကြည့်လိုက်တော့ မုမုက သူ့ကိုလည်း တစ်ချက်ကြည့်ပြီး မျက်နှာလွှဲသွားသည်။ သူမ နှုတ်ခမ်းလေးတောင် တွန့်သွားသေးသည်။
“ဒီအဖေ”
ချူနင် ခေါင်းကုတ်လိုက်ပြီး ဒီကလေးက အရမ်းကို အေးစက်လွန်းတယ် မင်း အရင်ကပုံစံအတိုင်းပဲ။ ဒါပေမဲ့ ဒီလောက် ငယ်ငယ်လေးနဲ့ အေးစက်နေတာက တစ်ခုခုတော့ မှားနေသလားလို့။
ရဲချန်းလျန်က စိုးရိမ်တကြီးနဲ့ သူမဦးနှောက်မှာ တကယ်ပဲ ပြဿနာ ရှိနေတာလား ရှင်စစ်ဆေးပြီးပြီလား။ စစ်ဆေးပြီးပါပြီ ဘာမှမဖြစ်ဘူး။ ယောင်ယောင်နဲ့ အတူတူပဲ ဒါပေမဲ့ ဘာလို့ဘယ်သူနဲ့မှ မရင်းနှီးတာလဲ မသိဘူး။
သူတို့နှစ်ယောက် ဇဝေဇဝါ ဖြစ်နေတုန်းမှာပဲ ယောင်ယောင်က သူမကို ဘယ်သူမှ ဂရုမစိုက်တော့တာကို သိပြီး အော်ငိုပါတော့သည်။ ချူနင်က ချက်ချင်းပဲ သူမကို ကောက်ချီလိုက်ရသည်။ ယောင်ယောင်ကတော့ ကျေနပ်သွားပြီး အူကြောင်ကြောင်နဲ့ ပြုံးနေပြန်သည်။
ရဲချန်းလျန် မျက်လုံးလှန်လိုက်မိသည်။ သူမကတော့ တွေ့တဲ့လူတိုင်းကို ရင်းနှီးနေတာပဲ ရှင့်ကိုဆိုပိုတောင် ကပ်သေးတယ်။ ငါ့မျိုးရိုး နာမည်ခံထားတာတောင်မှလေ။
ချူနင်က ပြုံးပြီး ကလေးကို သူမဆီ ကမ်းပေးလိုက်သည် ကဲ... မေမေ့ကို သွားဖက်လိုက်ဦး မေမေ စိတ်ကောက်နေပြီ။
ယောင်ယောင်က ရဲချန်းလျန်ရဲ့ ရင်ခွင်ထဲ ရောက်တာနဲ့ ဗိုက်ဆာလို့ အစာရှာပါတော့သည်။ ရဲချန်းလျန် သက်ပြင်းချလိုက်ပြီး ငါကတော့ ကလေးနို့တိုက်တဲ့ စက်ပစ္စည်းတစ်ခု ဖြစ်နေပြီနဲ့ တူတယ် လို့ ညည်းမိရှာသည်။
ချူမု ကတော့ ဒါတွေကို ကြည့်ပြီး ဂရုမစိုက်ပါဘူး။ ဒီမိဘတွေက တကယ်ကို ပျင်းစရာကောင်းတာပဲ။ ဟို အူကြောင်ကြောင် ယောင်ယောင်ကလည်း ပိုဆိုးတယ် လက်ညှိုးတစ်ချောင်းပြတာကို ဒီလောက် ပျော်နေရလား။
သူမလည်း ယောင်ယောင်လို ဟန်ဆောင်ချင်ပေမဲ့ တကယ်ကို မလုပ်နိုင်ပါဘူး အရမ်းကိုအူကြောင်ကြောင် နိုင်လွန်းလို့ပါ။ ထားလိုက်ပါတော့ အဖေနဲ့ မေမေက သူမရဲ့ အေးစက်မှုကို ကျင့်သားရနေပြီဆိုတော့ ဒါပဲ ကောင်းပါတယ်။
ဒါပေမဲ့ ဗိုက်ဆာတဲ့အခါမှာတော့ သူမလည်း လက်ကလေးတွေ ဆန့်ပြီး အစာတောင်းတတ်ပါသေးသည်။
ငါတော့ မုမုဦးနှောက်မှာ ပြဿနာရှိမယ်လို့ တကယ်သံသယ ဝင်နေပြီ။ စားတာနဲ့ အိပ်တာကလွဲရင် ဘာမှ မသိသလိုပဲလို့ ချူနင်က ပြောလိုက်တဲ့အခါ မုမုကတော့ စိတ်ထဲကနေ ပြန်ပြောနေတာပေါ့။
ဒီဧကရီက စိတ်ကျင့်စဉ် ကျင့်နေတာလေ နင်ဘာသိမှာလဲ ငါဧကရာဇ်အဆင့် ပြန်ရောက်တဲ့နေ့ကျရင် နင်တို့ကို ကောင်းစားအောင် လုပ်ပေးမှာမို့လို့ ကျိတ်ပြီးသာ ပျော်နေလိုက်စမ်း ငါ့ကိုဦးနှောက်မကောင်းဘူးလို့ ပြောနေတာ တရားမျှတမှု မရှိလိုက်တာ တကယ်ဦးနှောက်မကောင်းတာက ဟိုအူကြောင်ကြောင် ယောင်ယောင်ပါဟ...
"ချန်းလျန် မင်းအလျင်မလိုပါနဲ့"
ချူနင်က နို့စို့နေတဲ့ သမီးလေးတွေကို ကြည့်ရင်း ရဲချန်းလျန်ကို ပြုံးပြလိုက်သည်။ ငါတို့က လင်မယားတွေပဲ တစ်ယောက်ကို တစ်ယောက် သံသယဖြစ်နေစရာ မလိုပါဘူး။ မင်း ခုမှကလေးမွေးထားတာဆိုတော့ ကျင့်ကြံသူဖြစ်ရင်တောင် နန်းတွင်းကို ချက်ချင်း ပြန်မသွားသင့်သေးဘူး။
မင်းရဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ ငါနန်းပလ္လင်ပေါ်မှာ အကြာကြီးနေမှာကိုလည်း စိုးရိမ်မနေပါနဲ့ ဒီအင်ပါယာက ငါတို့နှစ်ယောက်လုံး ပိုင်တာပါ။
ရဲချန်းလျန်က နှုတ်ခမ်းလေးစူပြီး တိုးတိုးလေး ပြောလိုက်သည် ငါ သိပါတယ် နည်းနည်းပဲ ညည်းမိတာပါ။ ရှင်က ကျွန်မကို အရမ်းချုပ်ချယ်တာကိုး ညည်းတောင် မညည်းရတော့ဘူးလား။
ချုပ်ချယ်တာ မဟုတ်ပါဘူး မင်းကို ငါဘာမှ အတင်းအကျပ် မလုပ်ပါဘူး။ ဒါဆို ရေချိုးခွင့် မပေးတာကရော ငါ့ကိုယ်ငါ ချဉ်စော်နံနေပြီလို့ ခံစားရတယ်။ သန့်စင်ခြင်း ဂါထာက အလုပ်ဖြစ်တာပဲ မဟုတ်လား။
ဒါပေမဲ့ ရေနဲ့မှ ချိုးချင်တာလေ သန့်စင်ခြင်းဂါထာ သုံးပြီးရင်လည်း ခံစားလို့ မကောင်းဘူး ရှင်ကျွန်မကို နမ်းတဲ့အခါတိုင်း ငါ့ကိုယ်ငါ ညစ်ပတ်နေသလို ခံစားရတယ်။ ချူနင် ဘာမှ မတတ်နိုင်တော့ပါဘူး ဒါပေမဲ့ အမျိုးသမီးတွေရဲ့ စိတ်ကိုတော့ သူ နားလည်ပါတယ်။
ရပါတယ် မင်းကို ငါနမ်းတဲ့အခါ မင်းက အရင်လိုပဲ မွှေးနေတုန်းပါပဲ။ မင်း ဝက်တစ်ကောင် ဖြစ်သွားရင်တောင် ငါမရွံပါဘူး။ ငါတကယ် ဝက်ဖြစ်သွားရင် ရှင် ပျော်မှာ မဟုတ်ပါဘူး။ ဇနီးမောင်နှံနှစ်ယောက် စကားကောင်းနေတုန်းမှာပဲ အခန်းတံခါးကို တစ်ယောက်ယောက် လာခေါက်ပြီး ရှောင်ပင်းရဲ့ အသံ ထွက်လာသည်။
ဧကရီ စီနီယာကူက တစ်ခုခု ဖြစ်လို့တဲ့။ အထက်ဘုံက အစွမ်းထက် ကျင့်ကြံသူတွေ ရောက်နေလို့ ဧကရာဇ်ကို လာတွေ့နေခိုင်းနေပါတယ် နှစ်ယောက်လုံး တံခါးဘက်ကို လှည့်ကြည့်လိုက်ကြသည်။
"သူတို့ ဘာဖြစ်ချင်တာလဲ"
မင်းသမီးလေးတွေကို တပည့်အဖြစ် လာခေါ်တာတဲ့။ အဲဒီလူတွေရဲ့ ကျင့်စဉ်က အရမ်းမြင့်နေတော့ စီနီယာကူလည်း ဘာမှမလုပ်ရဲဘဲ အရှင်မကိုလာပြီး ဖြေရှင်းပေးဖို့ ပြောတာပါ။ ချူနင် သက်ပြင်းချလိုက်သည်။
ဟို အဘိုးကြီး စူးတိန်ဖန်း လာတာလား ဒါတွေကငါ့သမီးတွေလို့ ငါပြောထားပြီးသားလေ ဒါမှမဟုတ် သူက လက်ဆောင်ပေးဖို့ အကြောင်းပြချက် ရှာနေတာလား။
သူ အခုချိန်မှာ ဘယ်သူ့ကိုမှ မတွေ့ချင်ပေမဲ့ သွားတွေ့ရမယ်လို့ ခံစားလိုက်ရသည်။ ရဲချန်းလျန်ကတော့ ချူနင် ထွက်သွားတော့မယ်ဆိုတာ သိတာနဲ့ မျက်လုံးလေးတွေ တောက်ပလာသည်။ ဒါပေမဲ့ ချူနင်က သူမကို ရေအေးနဲ့ အပက်ခံလိုက်သလို ပြောလိုက်သည်။
ငါတံခါးမှာ အတားအဆီးလုပ်ထားခဲ့မယ်။ မင်း အခုလေအထိမခံရသေးဘူး။ ရဲချန်းလျန် ချက်ချင်း မျက်နှာငယ်လေး ဖြစ်သွားသည်။ ဒါက အကျဉ်းချတာပဲ ယုံလား... ငါ ကလေးတွေကို နို့မတိုက်တော့ဘူးနော်။
အပြင်ဘက်က ရှောင်ပင်းက အရှင်မင်းကြီး ဒီနေ့ လေလည်းမတိုက်ပါဘူး နေရောင်ခြည်ကလည်း အရမ်းကောင်းပြီး နွေးနေပါပြီလို့ ဝင်ပြောလိုက်သည်။
ချူနင် ခဏလောက် စဉ်းစားလိုက်ပြီးမှ "ဒါဆို ငါသွားတွေ့လိုက်ဦးမယ် ရှောင်ပင်း မင်းချန်းလျန်ကို သေချာ ကြည့်ထားပါ။ သူမကို လေညင်းခံခွင့် ပေးလို့ရပေမဲ့ နန်းရင်ပြင်ဘက်ကိုတော့ ပေးမသွားနဲ့။ မဟုတ်ရင် ငါ မင်းတို့နှစ်ယောက်လုံးကို ချိတ်ဆွဲပြီး ရိုက်မှာနော်။
စိတ်ချပါ ရှောင်ပင်းက အရှင်မ သေချာ ကြည့်ထားပါ့မယ် ဘယ်မှ လျှောက်သွားခွင့် မပေးပါဘူး။ အခန်းထဲကနေတော့ မကျေမနပ် ညည်းသံလေး ထွက်လာပါတော့သည်။
"ရှောင်ပင်း နင်က ဘယ်သူ့လူလဲဆိုတာ ငါ မသိတော့ဘူး"