အခန်း ၁၁၀ ဟေ့ကလေး ဘာကို စိုက်ကြည့်နေတာလဲ
တာ့ချန်းအင်ပါယာ ချန်ချင်းနန်းဆောင်အတွင်း၌။
ချူမုသည် သူမရှေ့က အလွန်အမင်း ခန့်ညားလွန်းလှသော အမျိုးသားကို စူးစိုက်ကြည့်နေမိသည်။
ဒါက ခွေးအဖေတစ်ယောက်ရဲ့ အပြုအမူမျိုးလား။ ကလေးက ခုမှမွေးတာကို ချက်ချင်း ရိုက်တယ်ပေါ့လေ။
ဒီဧကရီက နင့်ကိုမှတ်ထားမယ်။
ငါ့ရဲ့ကျင့်စဉ်အဆင့်က နင့်ထက် မြင့်လာတဲ့အထိ စောင့်နေလိုက် အခွင့်အရေးရတာနဲ့ နင့်ကိုပြန်ရိုက်ပြမယ်။
ဒီနေ့ နင်ငါ့ကို ၅၇ ချက် ရိုက်ခဲ့တယ် အချိန်ကျရင် အဲဒီအရိုက်ခံရသမျှကို အတိုးနဲ့တကွ ပြန်ဆပ်ပေးမယ်။
ဧကရာဇ်တစ်ပါးရဲ့ ဂုဏ်သိက္ခာကို အစော်ကားမခံနိုင်ဘူး အထူးသဖြင့် ဖင်ကိုအရိုက်ခံရပြီး ငိုရတဲ့အထိ အရှက်ခွဲခံရတာမျိုးကိုပေါ့။
ဒါပေမဲ့ တကယ် နာကျင်အောင် လုပ်တာမျိုးတော့ မဟုတ်ပါဘူး ဘာပဲပြောပြော သူက သူမရဲ့ ခွေးအဖေပဲလေ။ ဒါပေမဲ့ တကယ်ကို ဒေါသထွက်စရာပါပဲ။ ဘယ်လိုကလေးကများ မွေးမွေးချင်း အရိုက်ခံရလို့လဲ သူမက မငိုလို့ဆိုတဲ့ အကြောင်းပြချက်နဲ့လေ။
ဒါတွေအားလုံးက ဟိုအူကြောင်ကြောင် ယောင်ယောင်ကြောင့်ပဲ သူသာ မငိုခဲ့ရင် လူကြီးတွေက ဒီလို လုပ်မှာမဟုတ်ဘူး။ တော်သေးတာပေါ့ သူမတစ်ယောက်တည်း အရိုက်ခံရတာ မဟုတ်လို့။
မကြာခင်မှာပဲ မိန်းကလေးငယ် နှစ်ယောက်လုံး ငြိမ်ကျသွားကြသည်။ ချူနင်က သူတို့ကို ရင်ခွင်ထဲ ပိုက်ထားပြီး အနားယူနေတဲ့ ရဲချန်းလျန်ရဲ့ဘေးမှာ ထိုင်နေသည်။ ရှောင်ပင်းကတော့ အနားမှာ အသာလေး အစောင့်အကြပ် လုပ်ပေးနေပြီး ကလေးနှစ်ယောက်ကို မျက်တောင်မခတ်တမ်း ကြည့်နေမိသည်။
သူမက ခိုးကြောင်ခိုးဝှက်နဲ့ တိုးတိုးလေး ပြောလိုက်သည် အရှင်မသူတို့က အရှင်မနဲ့ တော်တော်တူတာပဲနော်။ ဒါကတော့ သိသာတာပေါ့။ အဲလို မဟုတ်ပါဘူး အရှင်မ ကျွန်မဆိုလိုတာက မင်းသမီးလေးတွေက ဧကရာဇ်မင်းမြတ် (ချူနင်) ထက်စာရင် အရှင်မနဲ့ ပိုတူတယ်လို့ ပြောတာပါ။
ဒါကတော့ သဘာဝပဲလေ ချူနင်က ချက်ချင်းဂုဏ်ယူဝင့်ကြွားစွာ ဝင်ပြောလိုက်သည် ဘာပဲဖြစ်ဖြစ် ငါ့ရဲ့ချောမောတဲ့ မျိုးရိုးဗီဇ တွေက အများစုပါဝင်နေတာကိုး။
ဒါကိုကြားတော့ ရှောင်ပင်းရဲ့ နှုတ်ခမ်းတွေ တွန့်သွားပြီး ဘာမှထပ်မပြောတော့တာ အကောင်းဆုံးပဲလို့ ဆုံးဖြတ်လိုက်သည်။ ဧကရာဇ်မင်းမြတ်က အခုချိန်မှာ အရမ်းကို စိတ်လှုပ်ရှားနေတာကြောင့် ဘာပြောပြော ဂုဏ်ယူနေမှာပါ။
တစ်ယောက်ယောက်က ဂုဏ်ယူပါတယ်လို့ လာပြောရင်တောင် ဟုတ်တယ် ဟုတ်တယ် နှစ်ယောက်လုံးက အတူတူပဲ တော်ကြတယ်လို့ ပြန်ပြောမယ့် အနေအထားမျိုးပါ။
သူ့ရဲ့ စိတ်ထဲမှာတော့ အတွေးပေါင်းများစွာ ရှုပ်ထွေးနေသည်။ ကလေးကို ဘယ်လို ချီရမလဲ ဘယ်လို ပြုစုရမလဲ ကလေးရဲ့အမူအရာတွေက ဘာကိုဆိုလိုတာလဲ ဆိုတာတွေကို သူအကုန်သိနေပြီ။
ယောင်ယောင်ကတော့ ကိစ္စမရှိဘူး သူမဘာဖြစ်ချင်လဲဆိုတာ သူနားလည်သည်။ ဒါပေမဲ့ မုမု ကိုတော့ သူဘာလို့ နားမလည်နိုင်ရတာလဲ ဒီသမီးလေးက ဘာလို့သူ့ကိုပဲ စိုက်ကြည့်နေရတာလဲ။
ဪ... သိပြီ။ သူမက ငါ့ကို ချစ်လို့နေမှာ။
ဟဲဟဲ...
ချူနင်က အူကြောင်ကြောင်နဲ့ ပြုံးနေတာကိုမြင်တော့ ချူမုရဲ့ နှုတ်ခမ်းလေးတွေ တွန့်သွားသည်။
ခွေးအဖေ ချူနင်က အဲဒီအမူအရာကို မြင်တော့ ချက်ချင်း ဆွံ့အသွားသည်။
ဟာ သူ့အမေနဲ့ တစ်ပုံစံတည်းပဲ။ နှုတ်ခမ်းတွန့်လိုက်တဲ့ ပုံစံလေးက သူ့ဇနီးနဲ့ လုံးဝ တူနေတာပါ။ သူ့ရဲ့သမီးအရင်း ဖြစ်တာ သေချာသွားပြီ။ တကယ်ကို ချစ်စရာလေး သူမကလည်း ရဲချန်းလျန်လိုပဲ အပြင်ပန်းမှာ အေးစက်ပေမဲ့ အတွင်းစိတ် နူးညံ့တဲ့စရိုက်မျိုး ဖြစ်နေမှာ သေချာပါတယ်။
နောက်တစ်ယောက် (ယောင်ယောင်) ကတော့ အရမ်းလိမ္မာပုံရပြီး လူကပ်မယ့်ပုံပါပဲ။ လူကပ်တာကလည်း ကောင်းတာပါပဲ သူကသမီးလေးကို ကြည့်ပြီး ပြုံးစိစိ လုပ်နေတုန်းမှာပဲ အကြာကြီး အနားယူနေခဲ့တဲ့ ရဲချန်းလျန် က သက်ပြင်းလေး ချလိုက်ပြီး မျက်လုံးတွေကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
ချူနင်က ချက်ချင်း အနားတိုးသွားပြီး သမီးနှစ်ယောက်ကို မြှောက်ပြကာ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။ ကြည့်ဦး မင်းမွေးပေးလိုက်တဲ့ ကလေးလေးတွေလေ။
ရဲချန်းလျန် ခဏလောက် ကြောင်သွားပြီး စိတ်လှုပ်ရှားသွားသည်။ ပြုံးတော့မည့်အချိန်မှာမှ တစ်ခုခုကို သတိရသွားပြီး သူမရဲ့ တည်ငြိမ်မှုကို ပြန်ထိန်းလိုက်သည်။
"ငါ သိပါတယ်"
"သူတို့က ငါနဲ့ တော်တော်တူတယ် မဟုတ်လား"
"ငါနဲ့ ပိုတူတာ သိသာနေတာပဲကို"
မုမုရဲ့ စရိုက်က မင်းနဲ့ လုံးဝ တူတယ် အခုတင် နှုတ်ခမ်းလေးတွန့်ပြသွားသေးတယ် မင်းနှုတ်ခမ်းတွန့်တဲ့ ပုံစံအတိုင်းပဲ။
ဒါကို ကြားလိုက်ရတဲ့အခါ ရဲချန်းလျန်ရော ချူမုပါ မသိစိတ်ကနေ နှုတ်ခမ်းလေးတွေ ပြိုင်တူ တွန့်သွားကြသည်။ ရှောင်ပင်းကတော့ အံ့သြသွားပြီး တကယ်ပဲ တစ်ပုံစံတည်းပဲလို့ အော်မိသွားသည်။
ရဲချန်းလျန်လည်း ဒါကိုမြင်တော့ ထူးဆန်းတယ်လို့ ခံစားလိုက်ရသည်။ ဒါက မျိုးရိုးလိုက်တာလား သူမက အားယူထလိုက်ပြီး သမီးနှစ်ယောက်ကို ပွေ့ချီလိုက်သည်။ သူမရဲ့ နှုတ်ခမ်းဖျားမှာ အပြုံးတွေက မထိန်းနိုင်အောင် ပေါ်လာတော့သည်။
သူမရဲ့ သမီးအရင်းတွေပဲလေ ခဏလောက် ပျော်ခွင့်ရှိတာပဲ မဟုတ်လား။ တွေ့လား ငါမွေးထားတဲ့ သမီးလေးတွေ။
ရှောင်ပင်းကတော့ ဘာမှမပြောတော့ပါဘူး။ ကြည့်ရတာ ဒီဇနီးမောင်နှံက တကယ်ကို လိုက်ဖက်ကြတာပဲ တုံ့ပြန်မှုတွေက တစ်ပုံစံတည်းပါပဲ။
ရဲချန်းလျန်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည် ငါ့သမီးလေးတွေက အနာဂတ်မှာ ငါ့အင်ပါယာရဲ့အမွေအနှစ်ကို သေချာပေါက် ဆက်ခံကြမှာ သူတို့ကိုဘုရင်အဖြစ် ဘွဲ့နှင်းရမယ် မင်းသမီးဆိုတာက နားထောင်လို့ အားနည်းလွန်းတယ်။
နန်းတွင်းကိုအမိန့်ထုတ်လိုက် သူတို့ကို ယောက်ျားလေးတွေလိုပဲ တစ်လုံးတည်းသောဘုရင်ဘွဲ့တွေ ပေးမယ် သူတို့ရဲ့ ပိုင်နက်နယ်မြေတွေကတော့ တာ့ကျိုးအင်ပါယာနဲ့ လော့ချန်းအင်ပါယာပဲ ငါကိုယ်တိုင်အဲဒီနယ်မြေတွေကို တိုက်ခိုက်သိမ်းပိုက်ပြီး သူတို့ကိုပေးမယ်။
ဒါကို ကြားတော့ ချူမု အံ့သြသွားသည်။ ဪ အမေက ဧကရီဖြစ်ပြီး ခုနက သူမကို ရိုက်တဲ့လူက ဧကရာဇ်ပေါ့။
တောက် အမေ့ကို ကြည့်ဦး ပြီးတော့ နင့်ကိုယ်နင် ပြန်ကြည့်ဦး။
အမေက ဘုရင်ဘွဲ့ပေးဖို့ ပြောနေချိန်မှာ နင်က လူကို ရိုက်ဖို့ပဲ သိတယ် တရားမျှတမှု မရှိလိုက်တာ
နောက်တစ်ယောက် (ယောင်ယောင်) ကတော့ ဘာမှ နားမလည်တဲ့ ပုံစံနဲ့ မျက်လုံးလေး ပုတ်ခတ် ပုတ်ခတ် လုပ်နေသည်။
သူတို့ ဘာတွေ ပြောနေတာလဲ ငါနားမလည်ဘူး။ ဗိုက်ဆာတယ်... ဝါး သူမက ချက်ချင်းပဲ အော်ငိုလိုက်ပါတော့သည်။
ငိုသံကို ကြားတော့ စိတ်လှုပ်ရှားနေတဲ့ ရဲချန်းလျန် ချက်ချင်း ပျာယာခတ်သွားသည်။
ချူနင် သူမ ဘာဖြစ်တာလဲ ငါ အရမ်းတင်းအောင် ဖက်ထားမိလို့လား မြန်မြန် တစ်ခုခု လုပ်ဦး၊ ကလေးငိုတာကို ငါ မကြည့်ရက်ဘူး။ ချူနင်က ဒါကို မြင်တော့ ချက်ချင်း ဆုံးဖြတ်ချက် ချလိုက်သည်။
"သူမ ဗိုက်ဆာနေတာ"
"ဗိုက်ဆာရင် ကျွေးလေ သွား... စားစရာ သွားလုပ်"
ရှောင်ပင်း: "..."
ချူနင်: "..."
ကလေးက ငယ်သေးတယ်လေ မိခင်နို့ပဲ သောက်ရမှာ ဒါကို ကြားတော့ ရဲချန်းလျန်ရဲ့ မျက်နှာက ချက်ချင်း နီမြန်းသွားသည်။
ငါက မွေးပေးပြီးပြီလေ ကျွေးတောင် ကျွေးရဦးမှာလား သွားနို့ထိန်းရှာချေ။ ငါ မကျွေးနိုင်ဘူးငါ့မှာ ကျွေးစရာ ဘာမှမရှိဘူး ဒါပေမဲ့ သူမ ပြောလို့တောင် မဆုံးသေးဘူး ယောင်ယောင်က ငိုယိုပြီး အစာရှာနေပြီ၊ ရဲချန်းလျန်ရဲ့ ရင်ခွင်ထဲမှာတင် အစာကို အတင်း ရှာဖွေနေတာပါ။ ရဲချန်းလျန်ရဲ့ မျက်နှာက ပိုပြီး နီရဲလာတော့သည်။
တကယ်ပဲ နို့တိုက်ရမှာလား။ ကလေးမွေးပြီးရင် အားလုံး ပြီးပြီလို့ သူမ ထင်ထားတာ။
ချူနင်က အားနာနာနဲ့ ပြောလိုက်သည် မိခင်နို့က ကလေးအတွက် အကောင်းဆုံးပဲလေ။ နို့ထိန်းရှာလို့ ရပေမဲ့ မိခင်နို့လောက်တော့ မကောင်းဘူး ကလေးရဲ့ ဖွံ့ဖြိုးမှုကိုလည်း ထိခိုက်နိုင်တယ်။
ဒါကို ကြားတော့ ရဲချန်းလျန်က ချက်ချင်း ထိတ်လန့်သွားပြီး ငြင်းလိုက်သည်။ဒါဆိုရင်တော့ ထားလိုက်တော့ ငါ့ဘာသာပဲ ကျွေးမယ်။ ငါ့ကလေးတွေကို ဘာမှ အထိခိုက်မခံနိုင်ဘူး။
"နင်တို့အားလုံး အပြင်ထွက်ကြတော့"
"ကောင်းပြီရှောင်ပင်း မင်းအပြင်ထွက်လိုက်တော့"
ရှောင်ပင်းက ချက်ချင်း ခေါင်းညိတ်ပြီး ထွက်သွားသည်။ ရဲချန်းလျန်က ချူနင်ကို မကျေမနပ် စိုက်ကြည့်လိုက်သည်။
ငါက နင်တို့အားလုံးလို့ ပြောတာလေ။ ချူနင်က သူ့ကိုယ်သူ လက်ညှိုးထိုးပြလိုက်သည်။
"ငါပါ ထွက်ရမှာလား"
နင်လည်း ထွက်ရမှာပေါ့ ငါက လူကြည့်ခံရတာ မကြိုက်ဘူး။
ငါက မမြင်ဖူးတာကျနေတာပဲ မြန်မြန်လုပ်ပါ၊ ကလေး ဗိုက်ဆာနေပြီ။ ရဲချန်းလျန် ချက်ချင်း တိတ်သွားသည်။ ဟုတ်သားပဲ သူက သူမရဲ့ခင်ပွန်းပဲလေ၊ အကုန် မြင်ဖူးပြီးသားပဲဆိုတော့ ဘာမှ မထူးခြားပါဘူး။ ဒါပေမဲ့ ရှက်စိတ်ကတော့ ရှိနေတုန်းပဲ။ ထားလိုက်ပါတော့၊ နောက်ကျရင် ကျင့်သားရသွားမှာပါ။
အဲဒီအချိန်မှာ ချူနင်က သူမနားကို ကပ်ပြီး စူးစိုက်ကြည့်နေသည်။ ကျင့်သားရအောင် ကြိုးစားနေတဲ့ ရဲချန်းလျန်က ဒေါသထွက်သွားပြီး နင်က ဘာလို့ ဒီလောက် နီးနီးကပ်ကပ် လာကြည့်နေတာလဲ နင်က အစားသောက်ရမှာ မဟုတ်ဘူးလေလို့ ဟောက်လိုက်သည်။
ငါက ဒါတွေကိုနည်းနည်း သိလို့ပါ မင်းမသိတာရှိရင် ငါ သင်ပေးလို့ ရတာပေါ့ မဟုတ်ဘူးလား နင်ငါ့ကို အခွင့်ကောင်း ယူနေတာလို့ ငါ သံသယရှိတယ်။
ငါက မင်းကို အခွင့်ကောင်းအကုန် ယူပြီးသားပဲဥစ္စာ။ မင်းက ကလေးကို လက်နှစ်ဖက်နဲ့ ချီထားတော့ ငါက...။
မလိုဘူး ငါ့ဘာသာ လုပ်နိုင်တယ်။ ဒါပေမဲ့ သူမ ပြောလို့ မဆုံးခင်မှာပဲ ချူနင်က လက်လှမ်းလိုက်သည်။ ရဲချန်းလျန်ရဲ့ မျက်နှာက ပိုပြီး နီမြန်းသွားသည်။
ဒါပေမဲ့ နောက်တစ်စက္ကန့်မှာတော့ ယောင်ယောင်က အစာကို တွေ့သွားပြီး ချက်ချင်း ငိုသံတိတ်သွားသည်။ ရဲချန်းလျန်ရဲ့ စိတ်တွေ ပျော့ပြောင်းသွားတော့သည်။
ခင်ပွန်းဖြစ်သူက သူစိမ်းမှ မဟုတ်တာလေ။ အခု ကလေးမွေးပြီးတဲ့နောက်မှာ သူမရဲ့ခံစားချက်က အရင်ကနဲ့ နည်းနည်း ကွဲပြားသွားသည်။ ဒါပေမဲ့ သူက သူမရဲ့ခင်ပွန်းပဲဆိုတော့ ကိစ္စမရှိပါဘူး မွေးကင်းစ ကလေးလေးနဲ့ သူမကြားက ဆက်နွယ်မှုကို ခံစားလိုက်ရတဲ့အခါ ရဲချန်းလျန် အံ့သြသွားသည်။ ဒီခံစားချက်က တကယ်ကို ထူးခြားလှပါတယ်။
"ချူနင် မုမုက ဘာလို့ မစားတာလဲ"
ရဲချန်းလျန်က မုမုဟာ ယောင်ယောင်နဲ့ ကွဲပြားနေတာကို သတိထားမိလိုက်သည်။ မွေးတုန်းကလည်း မငိုဘူး အခု စားစရာတွေ့တာတောင် မစားဘူး။ တကယ့်ကို ထူးဆန်းတဲ့ သမီးလေးပဲ။
ငါတို့ သမီးလေးက ဦးနှောက်မှာ ပြဿနာ ရှိနေတာ မဟုတ်ပါဘူးနော်။ ဒါကို ကြားတော့ ချူနင်လည်း ဇဝေဇဝါ ဖြစ်သွားသည်။ သူ သေချာကြည့်ပေမဲ့ ဘာပြဿနာမှ မတွေ့ရပါဘူး။
သူမက ကြည့်ရတာ ဉာဏ်ကောင်းမယ့်ပုံပဲ ဒါပေမဲ့ နည်းနည်းတော့ အူကြောင်ကြောင် နိုင်သလားလို့။ ဘာလုပ်ရမလဲ သူမက ဉာဏ်ရည်မမီတာတော့ မဟုတ်ပါဘူးနော်။
နင်က ငါမွေးထားတဲ့ ကလေးကို ဉာဏ်ရည်မမီဘူးလို့ ပြောတာလား။ ဒါပေမဲ့ သူမရဲ့ပါးစပ်နားမှာတင် ရှိနေတာတောင် မစားဘူးလေ။
"သူမ ဗိုက်မဆာလို့ ဖြစ်မှာပေါ့"
သူမ ဗိုက်ထဲက မြည်နေတာကို ဘယ်လိုလုပ် ဗိုက်မဆာဘဲ နေမှာလဲ သူမရဲ့ ဦးနှောက်မှာ ပြဿနာ ရှိမယ်လို့ ငါ သံသယရှိတယ်။ ငါမုမုကို စစ်ဆေးပေးဦးမယ်။
ဒါပေမဲ့ ချူနင် မလှုပ်ရှားခင်မှာပဲ ချူမု က မကျေမနပ်နဲ့ စတင် စားသောက်လိုက်ပါတော့သည်။
ဘယ်သူက ဉာဏ်ရည်မမီတာလဲ နင်ပဲဉာဏ်ရည်မမီတာ ဒီဧကရီကို အစာကျွေးရုံနဲ့ ရပြီလေ ဘာလို့ ဒီလိုပုံစံနဲ့ ကျွေးရတာလဲ။
ဒီဧကရီက စားဖို့ပဲလိုတယ်။ ဒါပေမဲ့ ဟိုအူကြောင်ကြောင် ယောင်ယောင်က ဒီလိုလုပ်နေတာဆိုတော့ သူမက အရမ်းထူးဆန်းနေရင် သံသယ ဝင်ခံရမှာစိုးလို့ အောင့်အည်းပြီး စားလိုက်ရတာပါ။
ဟင် အရသာက တော်တော်ကောင်းသားပဲ။ ဒါက ကလေးလေးတွေရဲ့ ခံစားချက်ပေါ့လေ။
ဒီဧကရီက ဘဝရဲ့စင်ကြယ်တဲ့ အဓိပ္ပာယ်ကို ခံစားနေရပြီ ဒါကြောင့်ခဏလောက်တော့ သည်းခံလိုက်ပါဦးမယ်။
ကလေးနှစ်ယောက်လုံး စားနေတာကို မြင်တော့မှ ဇနီးမောင်နှံနှစ်ယောက် စိတ်အေးသွားကြသည်။
"နင် ငါ့ကို စိုက်မကြည့်နေနဲ့တော့ တစ်မျိုးကြီးပဲ"
"မင်းရှက်နေတာလား မျက်နှာ နီနေတယ်နော် ငါ ကြည့်ပါဦးမယ်။ မကြည့်နဲ့ ငါကလေး နို့တိုက်နေတာ။