အခန်း (၁၁) စိတ်အာရုံမှားတာလား
သူမအတွက်လည်း ဒါက ပထမဆုံးအကြိမ် မိခင်ဘဝကို ခံစားရခြင်းဖြစ်ပြီး စိတ်ထဲတွင် အနည်းငယ် ပျော်ရွှင်နေမိသည်။ သူမ နောက်ပြောင်နေခြင်း မဟုတ်ပါ တကယ်ကို ခံစားလိုက်ရတာပါ။
အသက်တစ်ချောင်း... မဟုတ်ဘူး၊ အသက်နှစ်ချောင်းက သူမရဲ့ ခန္ဓာကိုယ်ထဲမှာ ဖြစ်တည်နေပြီ ဒီခံစားချက်က ဖော်ပြရခက်လှသည် မိဘတစ်ယောက်ဖြစ်လာရတဲ့ ဂုဏ်ယူမှုနဲ့အတူ ပြောမပြတတ်တဲ့ ကြည်နူးမှုမျိုးပေါ့။
ကလေးလေးက တကယ်ကို လှုပ်ရှားနေတာပဲ နောက် ၇ လဆိုရင် မွေးလာတော့မယ်။ အဲဒါဆိုရင် သူမ တစ်ခုခုကို ရုတ်တရက် သတိရသွားပြီး မျက်နှာထားက ချက်ချင်း ပြန်အေးစက်သွားသည်။
"လွှတ်စမ်း... ငါ့ကို လက်ပါအောင် မလုပ်နဲ့"
"ဧကရီ ကျွန်တော့်ကို ကတိပေးထားတယ် မဟုတ်လား"
ချူနင်၏ လက်များက ရဲ့ချန်းလျန် (ရဲ့ချန်းလျန်ကိုပြောင်းလိုက်ပါမည်)၏ ဗိုက်အောက်ပိုင်းကို အသာအယာ ဖက်ထားဆဲဖြစ်ပြီး သူကတော့ လူအလို ပြုံးနေသည်။
ကျွန်တော် တစ်ခါမှ မိန်းကလေးတစ်ယောက်ရဲ့ လက်ကိုတောင် မကိုင်ဖူးခဲ့ဘဲနဲ့ အခုတော့ ကိုယ့်ရဲ့ သွေးသားရင်းချာလေး ရှိနေပြီဆိုတာ မယုံနိုင်သေးဘူး။
ရဲ့ချန်းလျန်၏ မျက်နှာ အနည်းငယ် နီမြန်းနေပြီး တစ်ကိုယ်လုံး တောင့်တင်းနေသည်။
"ဖက်လို့ ဝပြီလား ဝရင် လွှတ်တော့"
"မဝသေးဘူး ခဏလောက် ထပ်ပြီး ခံစားကြည့်ပါရစေဦး"
ရဲ့ချန်းလျန် သွားကြိတ်လိုက်မိသည် "ရှင်က ကလေးကို ဖက်နေတာလား မွေးလာမှ ဖက်လည်း ရတာပဲကို"
ချူနင်က ခပ်တိုးတိုး ရယ်လိုက်သည် "အခုကတည်းက မစောင့်နိုင်တော့လို့ပါ"
သို့သော် သူက ရဲ့ချန်းလျန် အနားကို ပိုတိုးသွားပြီးနောက် အံ့သြသွားဟန်ဖြင့် ပြောလိုက်သည်"ချန်းလျန်... မင်းဆီက ရနံ့လေးက တကယ်ကို မွှေးတာပဲ"
ထိုအမျိုးသမီး ချက်ချင်းပင် ရုန်းထွက်လိုက်ပြီး သူ့ကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။
"ရှင် ကလေးကို ဖက်နေတာလား ရှင်က ကျွန်မကို တမင်နှောက်ယှက်နေတာပဲ"
သူက ကလေးကို ဖက်ချင်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ သူမဆီက အခွင့်အရေး ယူနေတာ သိသာလွန်းလှသည်။ ချူနင်ကတော့ မျက်နှာပြောင်တိုက်ပြီး ပြန်ပြောသည် "မင်းက ကျွန်တော့်ရဲ့ အနာဂတ်ဇနီးပဲလေ ဖက်လို့ မရဘူးလား"
"ချူနင်... ငါ့ကို အဆုံးစွန်အထိ ရောက်အောင် မလုပ်နဲ့။ ဒါ နောက်ဆုံးအကြိမ်ပဲ"
''တကယ်ကို မွှေးတာပဲ"
"စိတ်မဆိုးပါနဲ့ အစကတော့ ကလေးကိုပဲ ဖက်ဖို့ ရည်ရွယ်ခဲ့တာပါ"
"ဒါဆို နောက်ပိုင်းကျတော့ ရှင် ဘာလုပ်နေတာလဲ"
ချူနင်က ပြုံးလိုက်ပြီး စကားလမ်းကြောင်း လွှဲလိုက်သည် "မင်းကို တစ်ခုလောက် မေးလို့ ရမလား"
ရဲ့ချန်းလျန်၏ မျက်နှာထားက အေးစက်နေဆဲ။ သူမ ပြန်ထိုင်လိုက်ပြီး ပန်းကန်နဲ့ တူကို ကိုင်ကာ ဆက်စားနေသည်။ "ပြော"
ရှေ့က အမျိုးသမီးကို ကြည့်ရင်း ချူနင် သိလိုက်သည် သူတို့ ဆက်ဆံရေး တိုးတက်ဖို့က ခက်ခဲဦးမည်။ အနည်းဆုံးတော့ သူနဲ့ ရဲ့ချန်းလျန်ကြားမှာ ဘာပတ်သက်မှုမှ မရှိရင် ဒါက မဖြစ်နိုင်ဘူး။
ဒီဧကရီက ပြင်ပလူတွေအပေါ် သတိထားလွန်းပြီး သူမရဲ့ ခံစားချက်တွေကိုလည်း ပိတ်လှောင်ထားတတ်သည်။
ဒါပေမဲ့ ချူနင်ကတော့ မတူဘူးလေ မင်းဝမ်းထဲမှာ ငါ့ကလေး ရှိနေတာပဲ ဒါက သူ့အတွက် အခွင့်အရေးပဲ။
ချူနင်က ရဲ့ချန်းလျန်ကို ပြုံးကြည့်ရင်း ဖြည်းဖြည်းချင်း မေးလိုက်သည် "ဟိုနေ့က ငါ ကျင့်စဉ်ဂူထဲကို ရောက်သွားတဲ့အချိန်မှာ ဘာလို့ ငါ့ကိုယ်ငါ မထိန်းနိုင်ဖြစ်ခဲ့တာလဲဆိုတာ သိချင်တယ်.မင်း မဟန်ဆောင်ပါနဲ့ ငါသိချင်လို့ မေးတာပါ"
ရဲ့ချန်းလျန်က ဓားကို ပြန်သိမ်းလိုက်ပြီး ချူနင့်ကို စိုက်ကြည့်လိုက်သည်။
"အဲဒါက ငါ့ရဲ့ ကျင့်စဉ်ခန္ဓာကိုယ်နဲ့ ဆိုင်တယ်။ နှစ်စဉ် အစွန်းရောက်ယင်ကာလမှာ ငါ့ကိုယ်ငါ မထိန်းချုပ်နိုင်တော့လို့ အဲဒီဂူထဲမှာ သီးသန့်ကျင့်ကြံရတာ အမှန်ဆိုရင် ငါ ကျင့်စဉ်ပြီးခါနီးနေပြီ ဒါပေမဲ့ ရှင် ပေါ်လာတာပဲ"
ချူနင် ခဏ စဉ်းစားလိုက်သည် "အဲဒီ အနီရောင် စွမ်းအင်တွေက မင်းဆီက ထွက်လာတာလား"
"အဲဒီ စွမ်းအင်က လောကမှာရှိတဲ့ သတ္တဝါအားလုံးကို မိန်းမ၊ ယောက်ျား မခွဲခြားဘဲ မိန်းမောသွားအောင် လုပ်နိုင်တယ်။ ငါကိုယ်တိုင်လည်း မထိန်းချုပ်နိုင်ဘူး"
ချူနင် နားလည်သွားပြီ။ "ဒါဆို ငါက ကံကောင်းသွားတာပေါ့"
"ချူနင်... ရှင် သေချာပေါက် သေချင်နေတာလား"
ချူနင်က ရယ်လိုက်ပြီး ခေါင်းကို သူမအနား တိုးလိုက်သည်။ "မင်း ငါ့ကို သတ်ချင်ရင် ပြောနေဖို့တောင် မလိုပါဘူး ဟုတ်တယ်မလား"
ရဲ့ချန်းလျန်က သူ့ကို တစ်ချက်တောင် လှည့်မကြည့်တော့ပေ။ "ငါက ကလေးကို အဖော်မရှိဘဲ မမွေးလာစေချင်ရုံ သက်သက်ပဲ"
ချူနင်က ပြုံးပြီး ခေါင်းညိတ်ပြလိုက်သည် "မိခင်တစ်ယောက်က ပိုပြီး စုံစုံလင်လင် စဉ်းစားတတ်တာပဲ။ ဒီနေ့ ငါ ရှောင်ပင်းကို ပြောလိုက်တဲ့ စကားတွေလည်း မင်းဆီ ရောက်သွားမှာပေါ့"
ရဲ့ချန်းလျန် ပြန်မဖြေဘဲ တိတ်ဆိတ်နေသည်။
ချူနင်က ရှေ့က အမျိုးသမီးကို ကြည့်ရင်း ပြုံးလိုက်သည် "သူက မေးတယ် ငါမင်းအပေါ်မှာ စစ်မှန်တဲ့ သံယောဇဉ် ရှိလားတဲ့။ လောကမှာ ဘယ်သူမဆို တစ်ယောက်ကိုတစ်ယောက် စတွေ့ချင်းမှာတော့ ရုပ်ရည်ကို မက်မောတာ ဒါမှမဟုတ် အကျိုးအမြတ်ကို လိုချင်တာပဲ ရှိမှာပါ။ အဲဒီအရာဆိုတာ ချက်ချင်း ဖြစ်မလာနိုင်ပါဘူး"
ရဲ့ချန်းလျန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး လေသံတိုးတိုးဖြင့် ပြောလိုက်သည် "ငါက အဲဒီအရကို မလိုအပ်ဘူး"
"ဒါပေမဲ့ ငါတို့က ဒီလိုပတ်သက်မှု ရှိနေပြီဆိုတော့ ငါကတာဝန်သိစိတ်ကို သံယောဇဉ်အဖြစ် ပြောင်းလဲဖို့ ကြိုးစားမှာပါ။ တကယ်တော့ ချန်းလျန်... မင်းကို သေချာကြည့်ရင် မင်းက တကယ့်ကို ချစ်ဖို့ကောင်းပါတယ်"
ရဲ့ချန်းလျန်၏ မျက်ဝန်းထဲတွင် ရှက်စိတ်နှင့် ဒေါသများ ဖြတ်ပြေးသွားသည်။
ချစ်ဖို့ကောင်းတယ် ဟုတ်လား သူမက အင်ပါယာတစ်ခုလုံးကို အုပ်ချုပ်နေတဲ့ ဧကရီ ပြတ်သားပြီး ရက်စက်တယ်လို့ နာမည်ကြီးတဲ့သူ ကျင့်စဉ်ကလည်း ကောင်းကင်အထိ ရောက်နေတဲ့သူလေ ချူနင်က သူမကို ချစ်ဖို့ကောင်းတယ်လို့ ပြောရဲတယ်လား။
သူမ စကားပြန်ပြောတော့မည့်အချိန်မှာပင် ချူနင်က အရင်ဦးအောင် ပြောလိုက်သည် "ငါ သိပါတယ် နောက်တစ်ခါ ထပ်ပြောရင် ငါ သေပြီဆိုတာကိုလေ"
ရဲ့ချန်းလျန် : "..."
"သိရင်လည်း ပြီးတာပဲ။ နောက်ခါ ထပ်မပြောနဲ့၊ နားလည်လား"
ချူနင်က မျက်လုံးလေး မှေးပြီး ပြုံးလိုက်သည်။ သူ့ဇနီးက တကယ်ကို ချစ်ဖို့ကောင်းတာပဲ။ သူမရဲ့ စရိုက်ကို နားလည်သွားရင် ပြဿနာ သိပ်မရှိနိုင်တော့ဘူးလို့ သူ ခံစားရသည်။ ချူနင် ထမင်းစားဖို့ စိတ်မပါတော့ဘဲ သူမ စားနေတာကိုပဲ ငြိမ်ငြိမ်လေး ထိုင်ကြည့်နေမိသည်။
ခဏအကြာတွင် ရဲ့ချန်းလျန်က ပန်းကန်နဲ့ တူကို ဘေးချလိုက်သည်။
"ငါ နိုင်ငံရေးကိစ္စတွေ ဆက်လုပ်ရဦးမယ်။ ဘာမှမရှိရင် ရှင်ပြန်လို့ရပြီ"
သူမက ချူနင့်ကို အေးစက်စက် ပြုံးကြည့်လိုက်သည် "ဒီနေ့ ငါ အမှောင်အစောင့်အရှောက်တွေကို သတိပေးထားပြီးပြီ။ ရှင် အဝင်အထွက်လုပ်ရင်း တစ်ခါလောက် လူမိတာနဲ့ ဒီကို ထပ်လာလို့ ရမှာမဟုတ်တော့ဘူး"
"ရှင်က ထူးခြားတဲ့ဆရာကြီးဆို အမှောင်အစောင့်အရှောက်တွေ မသိအောင် ဒီမင်းတက်နန်းဆောင်ကနေ ရှင် ဘယ်လို ထွက်သွားမလဲဆိုတာ ပြစမ်းပါဦး"
ချူနင်က ပြန်မပြောဘဲ ရဲ့ချန်းလျန်ကို ပြုံးကြည့်နေဆဲ။
"ဒီည ညစာ ဘယ်အချိန် စားမှာလဲ"
"ငါ အလုပ်ပြီးတဲ့အချိန်ပေါ့"
"ဒါတော့ မရဘူး။ ညနေစောင်းရင် မင်း စားရမယ်"
သူမ မျက်မှောင်ကြုတ်လိုက်သည် "ငါက ဧကရီပဲ ရှင့်စကားကို နားထောင်ဖို့ လိုလို့လား"
"ငါက မင်းရဲ့ခင်ပွန်း ကလေးရဲ့အဖေပဲလေ။ မင်း နားထောင်ချင်သည်ဖြစ်စေ မနားထောင်ချင်သည်ဖြစ်စေ နားထောင်ရမှာပဲ"
ချူနင်က ယုံကြည်မှုအပြည့်နဲ့ ပြန်ပြောလိုက်သည်။ မကျေနပ်ရင် ရိုက်လိုက်ဆိုတဲ့ပုံစံမျိုးပေါ့ ဒါပေမဲ့ ရဲ့ချန်းလျန်ကတော့တကယ် မရိုက်ရက်ပါဘူး။ ဘာလို့လဲဆိုတော့ ဒီလူက သူမအပေါ် တကယ် စေတနာထားတာကို သူမ သိနေလို့ပါ။
သူမ ဘာမှ ထပ်မပြောတော့ဘဲ ချူနင်က ပန်းကန်တွေကို သိမ်းပြီး မင်းတက်နန်းဆောင်ထဲကနေ ထွက်သွားတာကိုပဲ ကြည့်နေလိုက်သည်။
ရဲ့ချန်းလျန် နှာခေါင်းရှုံ့လိုက်မိသည် သူက သူမကို လှည့်စားပြီးမှ သူမရဲ့ အင်ပါယာကို အပိုင်စီးချင်နေတာလား အဲဒါကဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ ယောက်ျားတစ်ယောက်က ဘယ်လိုလုပ်ရည်မှန်းချက် မရှိဘဲ ပိုက်ဆံနဲ့ အာဏာကိုမလိုချင်ဘဲ ဇနီးနဲ့ ကလေး အနားမှာပဲ နေချင်မှာလဲ သူမ လုံးဝမယုံပါဘူး။
ရဲ့ချန်းလျန် မင်းတက်နန်းဆောင် အပြင်ဘက်ကို လှမ်းကြည့်လိုက်သည်။ အမှောင်အစောင့်အရှောက်တွေက စောင့်ကြည့်နေတာပဲ။ သူ လူမိသွားရင် ထမင်းလာပို့ပြီး သူမဆီက အခွင့်အရေး ယူလို့ ရတော့မှာ မဟုတ်ဘူး။
သူက သူမကိုတောင် ဖက်ရဲတယ် သူမဆီက ရနံ့က သူနဲ့ ဘာဆိုင်လို့လဲ ကလေးရှိနေရုံနဲ့ သူက တကယ်ပဲ ငါ့ယောက်ျား ဖြစ်သွားပြီလို့ ထင်နေတာလား အိပ်မက်မက်နေလိုက်
ဒါပေမဲ့ ရုတ်တရက် သူမ ကြောင်သွားသည်။။
ချူနင်က ခုနလေးတင် တံခါးကနေ ထွက်သွားတာလေ ဘယ်ရောက်သွားတာလဲ ထွက်ပေါက်က ဒီတံခါးမကြီးပဲ ရှိတာကို။
ရဲ့ချန်းလျန် ချက်ချင်း ထရပ်ပြီး တံခါးနားကို သွားကြည့်လိုက်သည်။ အပြင်မှာ ဘယ်သူမှ မရှိဘူး။
"အမှောင်အစောင့်အရှောက်တွေ ဘယ်မှာလဲ"
ရဲ့ချန်းလျန် အော်ခေါ်လိုက်ရာ လူရိပ်အချို့ ချက်ချင်း ရောက်လာပြီး ဒူးထောက်လိုက်ကြသည်။
"ဧကရီကို ဂါရဝပြုပါတယ်"
ရဲ့ချန်းလျန် သူတို့ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည် "ခုနလေးတင် ငါ့နန်းဆောင်ထဲက ထွက်သွားတဲ့လူ ဘယ်မှာလဲ"
လူတိုင်း ကြောင်သွားကြသည်။
"ဧကရီခင်ဗျ... ဘယ်သူမှ မရှိပါဘူး ကျွန်တော်တို့ ခုနလေးတင်ကမှ မျက်တောင်မခတ်ဘဲ စောင့်ကြည့်နေတာပါ"
သူတို့ ခုနလေးတင်မှ သတိပေးခံထားရတာလေ ဘယ်လိုလုပ် ပေါ့ဆမှာလဲ ဧကရီက သူတို့ကို အလုပ်ထုတ်ဖို့ အကြောင်းပြချက် ရှာနေတာလား။
ရဲ့ချန်းလျန် မျက်လုံးပြူးသွားပြီး သူမရဲ့ ဝိညာဉ်အာရုံကို ဖြန့်ကျက်ကြည့်သော်လည်း ဘယ်နေရာမှာမှ ချူနင့်ကို ရှာမတွေ့တော့ပေ။
ဘယ်... ဘယ်ရောက်သွားတာလဲ
"အရှင်မ... ဒါက ဒုတိယအကြိမ် ရှိပြီနော်။ အရှင်မ... နောက်ပိုင်း စိတ်အာရုံမှားနေတာလား"
ရဲ့ချန်းလျန် လန့်သွားသည် စိတ်အာရုံမှားတာလား။
သူမ ဝမ်းဗိုက်ကို အသာအယာ ပွတ်ကြည့်လိုက်သည်။ စိတ်အာရုံမှားတာ မဖြစ်နိုင်ဘူး အဲဒီလူက ခုနလေးတင် သူမကို ဒေါသထွက်အောင် လုပ်သွားတာလေ ပြီးတော့ သူချက်တဲ့ ဟင်းကိုလည်း သူမ စားခဲ့တာပဲ။ ဘယ်လိုလုပ် စိတ်အာရုံမှားတာ ဖြစ်မှာလဲ။
"တော်ပြီ... အကုန် ပြန်ကြတော့ ဆက်ပြီး စောင့်ကြည့်နေကြ"
ရဲ့ချန်းလျန် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။ လူကောင်းတစ်ယောက်လုံး ဒီအတိုင်းကြီး ဘယ်လို ပျောက်သွားတာလဲ သူမ လှည့်အထွက်တွင် သူမရဲ့ ဆံပင်လေးတွေကို တစ်ယောက်ယောက်က အသာအယာ လာပွတ်သွားသလို ခံစားလိုက်ရသည်။ သူမ ပိုပြီး ထူးဆန်းသွားရသည်။
"အမှောင်အစောင့်အရှောက်တွေ မသိအောင် ဘယ်လို နည်းလမ်းမျိုး သုံးတာလဲ"
ဒါကဒုတိယအကြိမ်ရှိပြီကျင့်စဉ်တိုးတက်လာတာရောဒီလိုပျောက်ကွယ်သွားတဲ့နည်းလမ်းရောချူနင်ကတကယ်ပဲသာမန်လူမဟုတ်တာလား။