အခန်း ၁၀၉ ချူနင့်သမီးလေးတွေလား ဒါဆိုရင်တော့ ကိစ္စမရှိပါဘူး။
ဧကရာဇ် အောက်ဘုံမှာမွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာပိုင်ရှင် ပါရမီရှင်လေးတွေ ပေါ်ထွန်းလာပါတယ်၊ တစ်ယောက်တည်းတောင် မဟုတ်ဘဲ နှစ်ယောက်တောင်ပါ။ ကျွန်တော်တို့ ဝင်ရောက်စွက်ဖက်သင့်သလားခင်ဗျာ
ဒါကို ကြားလိုက်ရတဲ့အခါ ဟင်းလင်းပြင်ဧကရာဇ်ဟာ ဟင်းလင်းပြင်ဧကရာဇ်နယ်မြေကနေ ဖြည်းညှင်းစွာ ထွက်ခွာလာပြီး ဟင်းလင်းပြင်ခန်းမဆောင်ကြီးဆီကို ရောက်ရှိလာခဲ့သည်။
သူ့ရဲ့အောက်မှာတော့ ဧကရာဇ်တစ်ပိုင်း နဲ့ ဧကရာဇ်လောင်းလျာကျင့်ကြံသူပေါင်းများစွာဟာ ရှေ့ကို မျှော်ကြည့်နေကြပြီး သူတို့အားလုံးဟာ စုတိန်ဖန်းဆီကို အကြည့်လွှဲကာ တွက်ချက်ထားတဲ့ နိမိတ်ကောင်းတဲ့ အချိန်ကိုတင်ပြနေကြသည်။
ဒါကတတိယတန်းစား အောက်ဘုံတစ်ခုပါ အဲဒီမှာမွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာ နှစ်ခု ပေါ်ထွက်လာတာပါ။ မွေးရာပါအစွန်းရောက် သူတော်စင်ခန္ဓာတွေနဲ့ ပတ်သက်ရင် လောကကြီးမှာ အားလုံးလက်ခံထားတဲ့ အယူအဆတစ်ခု ရှိသည်။
အဲဒါကတော့ အဲဒီလူတွေဟာ ပေါ့ပေါ့ပါးပါး ကျင့်ကြံရုံနဲ့တင် ဧကရာဇ်တစ်ပိုင်းအဆင့်ကို ရောက်နိုင်ပြီး တစိုက်မတ်မတ် ကြိုးစားမယ်ဆိုရင် ဧကရာဇ်လောင်းလျာအဆင့်က ပြဿနာမဟုတ်ပါဘူး။ အချိန်အခါ နေရာနဲ့ အခြေအနေတွေသာ ပေးခဲ့မယ်ဆိုရင် ဧကရာဇ်အစစ်ဖြစ်လာဖို့တောင် ဖြစ်နိုင်ချေရှိပါတယ်။
ဒါပေမဲ့ သူတို့ ရုတ်တရက် သတိထားမိတာက စုတိန်ဖန်းရဲ့ ကိုယ်ပေါ်က အငွေ့အသက်ဟာ လွန်ခဲ့တဲ့ ခြောက်လကနဲ့ လုံးဝမတူတော့တာပါပဲ။ သူ့ရဲ့ စွမ်းအင်တွေက ပိုပြီး နက်ရှိုင်းလာတာကြောင့် သူတို့တောင် ထိုးဖောက်မမြင်နိုင်တော့ပါဘူး။ ကြည့်ရတာ အရင်ကထိပ်တန်းပုဂ္ဂိုလ်ကြီးရဲ့ လမ်းညွှန်မှုကြောင့် ဧကရာဇ်ရဲ့ ကျင့်စဉ်က တိုးတက်မှုတွေ ရှိခဲ့ပုံရပါတယ်။
ဧကရာဇ်မင်းမြတ်ရဲ့ ကျင့်စဉ်တိုးတက်မှုအတွက် ဂုဏ်ယူပါတယ်ခင်ဗျာ ဂုဏ်ယူပါတယ် စုတိန်ဖန်းက ပြုံးလိုက်သည်။ စီနီယာဆီက လမ်းညွှန်မှု ရထားတာကြောင့် တိုးတက်လာမှာကတော့ သေချာပေါက်ပါပဲ။ စီနီယာအကြောင်း ပြောမှ သူ စီနီယာကို သတိရသွားသည်။
ငါခိုင်းထားတာတွေကိုရော လုပ်ပြီးပြီလား။ တင်ပြပါတယ် ဧကရာဇ် စီနီယာကသတင်းပို့လာတိုင်း ကျွန်တော်တို့ အကောင်းဆုံး ပါဝင်ပစ္စည်းတွေကို ကိုယ်တိုင်ပြင်ဆင်ပေးပါတယ်။ စီနီယာကလည်း အမြဲတမ်း ကျေနပ်ပုံရပါတယ်။
ကောင်းတယ် ကောင်းတယ် ဒါဟာ ငါတို့ဟင်းလင်းပြင်မျိုးနွယ်ရဲ့ အခွင့်အရေးပဲ။ အဲဒီ ပါဝင်ပစ္စည်းတွေအပြင် နောက်တစ်ခါကျရင် ထိပ်တန်း ဆေးဘက်ဝင်အပင်တွေကိုပါ အတူတူ ပို့ပေးလိုက် ဖုံးကွယ်ထားဖို့ မလိုဘူး။
ဟားဟား ဆရာကလည်း စိုးရိမ်လွန်းနေပါပြီ။ ကျွန်တော်တို့ အဲဒါတွေကို ကြိုစဉ်းစားထားပြီးသားပါ အကောင်းဆုံး အရာမှန်သမျှကို အခွင့်အရေးရတာနဲ့ စီနီယာဆီ ပို့ပေးနေတာပါပဲ။ ဒါကိုကြားတော့ စုတိန်ဖန်းက ဒီလူတွေ ရူးနေတယ်လို့ မထင်တဲ့အပြင်ပိုတောင် ကျေနပ်သွားပါသေးသည်။
"ကောင်းတယ်"
ငါတို့ဆီက အရာတွေက အဲလောက်အထိ မကြီးကျယ်ရင်တောင် အကောင်းဆုံးကို ပေးဆပ်နေတာက စီနီယာအပေါ် ငါတို့ရဲ့ လေးစားမှုကို ပြရာရောက်တာပဲ။ အော် ဟုတ်ပြီ ခုနက ဘာပြောနေတာလဲ မွေးရာပါ အစွန်းရောက် သူတော်စင်ခန္ဓာလား အဲဒီလိုလူတွေ တကယ် ပေါ်လာတာလား။ အားလုံး ခဏလောက် တိတ်သွားကြသည်။
ဧကရာဇ်က နားထောင်နေရဲ့လား ဒါမှမဟုတ် စီနီယာအကြောင်းပဲ တွေးနေတာလား။ ဟုတ်ကဲ့ပါ အဲဒီလို သူတော်စင်ခန္ဓာပိုင်ရှင်တွေကို ဧကရာဇ်က တပည့်အဖြစ် လက်ခံလိုက်ရင် အကောင်းဆုံးဖြစ်မယ်လို့ ကျွန်တော်တို့ တွေးနေကြတာပါ။
စုတိန်ဖန်းရဲ့ နှုတ်ခမ်းတွေ တွန့်သွားသည်။ မင်းတို့ ဧကရာဇ်တစ်ပိုင်းတွေ ဧကရာဇ်လောင်းလျာတွေက ဘာမှလုပ်စရာမရှိလို့ ငါ့နားမှာ လာဝိုင်းနေကြတာလား။ ဒီလောက် ကောင်းတဲ့ပျိုးပင်လေးတွေကို သွားခေါ်လာရမှာပေါ့ ငါ့ကို မေးနေဖို့ လိုသေးလို့လား ငါမပြောရင် မသွားကြတော့ဘူးလား။ ဒါဆိုဘာလို့ မသွားကြသေးတာလဲ။
ငါတို့ ဟင်းလင်းပြင်မျိုးနွယ်ရဲ့ စည်းကမ်းတွေကို မင်းတို့ မေ့သွားကြပြီလား တကယ်လို့ အဲဒီသူတော်စင်ခန္ဓာလေးရဲ့ မိဘတွေက မလိုက်ချင်ဘူးဆိုရင် သူတို့တစ်မိသားစုလုံးကို အထက်ဘုံကို ခေါ်တင်လိုက်။
မိသားစုဆိုရင်မိသားစုလိုက် အင်ပါယာဆိုရင် အင်ပါယာတစ်ခုလုံးကို ခေါ်တင်လိုက်။ ဒါတွေက အရင်ကလည်း လုပ်ခဲ့ဖူးတဲ့ စံနမူနာတွေ ရှိသားပဲ။ ငါတို့ ဟင်းလင်းပြင်မျိုးနွယ်ရဲ့နယ်မြေမှာ အောက်ဘုံကမိသားစုတစ်ခု ဒါမှမဟုတ် အင်ပါယာတစ်ခုကိုတောင် နေရာမပေးနိုင်ဘူးလား။
အဲလို မဟုတ်ပါဘူး လူတစ်ယောက်က အမြန် ခေါင်းခါပြလိုက်သည်။ ဟိုချန်းရှန်းဧကရာဇ်ကလည်း အဲဒါကို မျက်စိကျနေတာပါ။ အဲဒီကလေးနှစ်ယောက်က သူ့လူတွေဖြစ်တယ် ဘယ်သူမှ ဝင်မရှုပ်ရဘူးလို့ သူက တစ်ကမ္ဘာလုံးကို ကြေညာထားပြီးသားပါ။
ဒါက လူတိုင်းကို အကျပ်ရိုက်စေတဲ့ အချက်ပဲ။ မဟုတ်ရင် သူတို့သွားတာ ကြာလှပြီ။ ဒီသူတော်စင်ခန္ဓာ နှစ်ခုကို မျက်စိကျနေသူတွေ အများကြီးရှိပေမဲ့ ချန်းရှန်းမျိုးနွယ်ကလွဲရင် ဘယ်သူမှ မလှုပ်ရဲကြဘူး။ အဲဒါကြောင့် သူတို့ လာမေးတာပါ။
သူတို့က ချန်းရှန်းမျိုးနွယ်နဲ့ အဆက်အသွယ် မရှိဘူး။ တခြားလူတွေက မလုပ်ရဲပေမဲ့ ဧကရာဇ်ကိုယ်တိုင်က အမိန့်ပေးရင်တော့ သူတို့ သေချာပေါက် သွားကြမှာပါ။ စုတိန်ဖန်းက ဒါကို ကြားတော့ နှာခေါင်းရှုံ့လိုက်သည်။
လွန်ခဲ့တဲ့ ခြောက်လကဆိုရင်တော့ ငါဒီကိစ္စမှာ ဝင်ပါချင်မှ ပါမယ် ဒါပေမဲ့ အခုတော့ ငါသူ့ကို မကြောက်တော့ဘူး။
အဲဒီမိသားစုကို ငါ့ဆီခေါ်လာဖို့ လူလွှတ်လိုက်။ မွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာက ဘယ်လိုပုံစံလဲဆိုတာ ငါ ကြည့်ချင်တယ်။ ဒါပေမဲ့ စုတိန်ဖန်းက ရုတ်တရက် တစ်ခုခုကို တွေးမိပြီး ဝမ်းသာသွားသည်။
ငါ့မှာတောင် မွေးရာပါ အစွန်းရောက်သူတော်စင်ခန္ဓာ ပါရမီမရှိဘူး။ ဒီလိုပါရမီမျိုးက တစ်နှစ်ပေါင်း တစ်သောင်းမှာ တစ်ခါတောင် တွေ့ရခဲတာ။ တကယ်လို့ စီနီယာသာ ပါရမီရှင်တွေကို ချစ်မြတ်နိုးတတ်မယ်ဆိုရင်။ အားလုံး ဆွံ့အသွားကြသည်။ တခြားဟာတွေ ပို့တာက တစ်ပိုင်းပေါ့ အခုက တပည့်ပါ ပို့ဦးမှာလား။
ဒါပေမဲ့ ဒါကလည်း အဓိပ္ပာယ်ရှိသားပဲ အနာဂတ်မှာ ဧကရာဇ်အဆင့်ကို ရောက်နိုင်တဲ့ ဒီလိုတပည့်မျိုးကို စီနီယာက စိတ်ဝင်စားကောင်း စိတ်ဝင်စားနိုင်တယ် မဟုတ်လား။ အားလုံးက စုတိန်ဖန်းကို ကြည့်လိုက်ကြပြီး ဘိုးဘေးကလည်း သူ့ရဲ့ ဆက်သွယ်ရေး တိုကင်ပြားကို ထုတ်လိုက်သည်။
စီနီယာ ရှိနေပါသလား။ ကျွန်တော် မွေးရာပါအစွန်းရောက် သူတော်စင်ခန္ဓာ နှစ်ခုကို တွေ့ထားပါတယ်။ ဒီလို ပါရမီရှင်တွေကို စီနီယာကိုယ်တိုင် သင်ကြားပေးမယ်ဆိုရင် အနာဂတ်မှာ သူတို့ကဧကရာဇ်အဆင့်ကို ရောက်ပြီး ကမ္ဘာတစ်ခြမ်းကို အုပ်စိုးနိုင်မှာပါ။ တကယ်လို့ စီနီယာ စိတ်ဝင်စားတယ်ဆိုရင် ကျွန်တော် သူတို့ကို စီနီယာဆီ ပို့ပေးလိုက်ပါမယ်။
အခြားတစ်ဖက်မှာတော့ ချူနင်က သူ့သမီးလေးတွေကို ပြုစုနေတာပါ။ သမီးလေးကို ချော့လို့ပြီးခါစမှာ ဒါကို ကြားလိုက်ရတော့ သူ့နှုတ်ခမ်းတွေ တွန့်သွားသည်။ အဲဒါ ငါ့သမီးလေးတွေကွ ခန်းမဆောင်ကြီးထဲမှာ အပ်ကျသံတောင် ကြားရလောက်အောင် တိတ်ဆိတ်သွားသည်။
ဧကရာဇ်ကတော့ လုံးဝကို ဆွံ့အသွားပါတော့သည်။ အဲဒီတော့မှ စီနီယာရဲ့ဇနီးသည်က လွန်ခဲ့တဲ့ ခြောက်လက ကိုယ်ဝန်ရှိနေတာကို သူ သတိရသွားသည်။ စီနီယာရဲ့ သားသမီးတွေကိုမှ စီနီယာဆီ ပြန်ပို့ပေးမယ်လို့ ပြောမိတာကိုး။ စုတိန်ဖန်းက သူ့ကိုယ်သူ ပါးပြန်ရိုက်ချင်စိတ်တောင် ပေါက်သွားသည်။
စီနီယာ ဒါက အထင်လွဲတာပါ။ ဒါပေမဲ့ စုတိန်ဖန်းက ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး အမြန် သတိပေးလိုက်သည်။ စီနီယာ။ကျွန်တော့်ရဲ့ ဟင်းလင်းပြင်မျိုးနွယ်တင်မကဘူးတခြားမျိုးနွယ်တွေလည်း ဒါကို သတိထားမိနေကြပြီ။ ဟိုချန်းရှန်းမျိုးနွယ်ကလည်း လူတွေလွှတ်လိုက်ပြီ သူတို့ကစီနီယာရဲ့ကလေးတွေဆီကို တန်းတန်းမတ်မတ် လာနေကြတယ်။
ဘယ်သူလာမှာလဲ ဟိုဧကရာဇ်ကိုယ်တိုင်လား။ မသေချာပါဘူး သူကိုယ်တိုင်တော့ မဟုတ်လောက်ပါဘူး။ ဧကရာဇ်လာရင်လည်း ငါမကြောက်ဘူး။ ငါ အလုပ်ရှုပ်နေတယ် လာမနှောင့်ယှက်နဲ့ တစ်ဖက်က ဆက်သွယ်ရေးကို ဖြတ်လိုက်ပြီး ဘာမှ ထပ်မပြောတော့ပါဘူး။ စုတိန်ဖန်းကတော့ သက်ပြင်းချလိုက်ရသည်။
တော်သေးတာပေါ့ စီနီယာက ဒါကိုဆက်မမေးလို့ တကယ်လို့ သူ့သမီးကို လုယူပြီး တခြားလူကိုပေးဖို့ ကြံစည်နေတယ်လို့ အထင်ခံရရင် တော်တော် ဒုက္ခရောက်မှာပါ။ စီနီယာက သဘောထားကြီးလို့ တော်ပါသေးသည်။
"ဧကရာဇ်မင်းမြတ် စီနီယာက ဘာပြောလဲ"
"အဲဒါ စီနီယာရဲ့ သမီးလေးတွေတဲ့"
အားလုံး: "..."
ဒါဆိုရင်တော့ ကျွန်တော်တို့က အပိုတွေ လုပ်မိသလို ဖြစ်သွားပြီပေါ့။
"ဟုတ်တာပေါ့ နောက်တစ်ခါကျရင် တောင်းပန်တဲ့အနေနဲ့ ဆေးဘက်ဝင်အပင်တွေ ပိုပို့ပေးရမယ် ဂုဏ်ပြုလက်ဆောင်တွေရော ပို့ပေးသင့်လား။ ဧကရာဇ်မင်းမြတ် ကျွန်တော်တို့ လက်ဆောင်တွေ စုပြီးပို့ပေးလိုက်ရင် မကောင်းဘူးလား။
အဲဒါကောင်းမယ်ထင်တယ် စီနီယာက တကယ်ပဲ အောက်ဘုံမှာ နေထိုင်လိမ့်မယ်လို့ မထင်ထားဘူး။ အဲဒီအောက်ဘုံကတော့ တကယ့်ကို သာယာလှပတဲ့ နေရာဖြစ်ရမယ်။ စီနီယာ နေနိုင်တဲ့နေရာဆိုတော့ သာမန်နေရာတော့ မဟုတ်လောက်ဘူး ဒါပေမဲ့ စီနီယာက အနှောင့်အယှက် မခံချင်ပုံပဲ။
လူတစ်ယောက်က ရုတ်တရက် ပြောလိုက်သည် နောက်တစ်ခါစီနီယာက ပါဝင်ပစ္စည်းတွေ လာတောင်းတဲ့အခါကျမှ ဂုဏ်ပြုလက်ဆောင်တွေကို တစ်ခါတည်း ပို့ပေးလိုက်ရင် မကောင်းဘူးလား။ အဲဒါကောင်းတယ် အဲဒါ ကောင်းတယ်။
"အဲလိုပဲ လုပ်ကြတာပေါ့"
အားလုံးက ဒီကိစ္စကို ချက်ချင်း ရပ်လိုက်ကြသည်။ စီနီယာရဲ့သမီးတွေကို စီနီယာကပဲ သင်ကြားပေးမှာပေါ့ သူတို့က ဘာလို့လိုဦးမှာလဲ။ ဟိုချန်းရှန်းဧကရာဇ်ရဲ့ လူတွေလား အဲဒီကို သွားတာက သေတွင်းထဲ ဆင်းတာပဲ။
ဒါပေမဲ့ သူတို့ တစ်ယောက်ကိုတစ်ယောက် သတိပေးကြသည် စီနီယာက အနှောင့်အယှက် မခံချင်ဘူးလေ။
တစ်ဖက်မှာတော့ ထျန်းရွှမ်းတိုက်ကြီးနဲ့ ဆက်သွယ်ထားတဲ့ နန်းတက်စင်မြင့်ရှေ့မှာ အဖြူရောင်ဝတ်ရုံဝတ် အဘိုးအို အချို့ဟာ ဧကရာဇ်တစ်ပိုင်းအဆင့်တွေဖြစ်ကြပြီး သူတို့က ချန်းရှန်းဧကရာဇ် လက်အောက်ခံ နတ်ဘုရားနန်းတော်ရဲ့ ဘိုးဘေး သုံးဦး ဖြစ်ကြသည်။
ဒီလို အင်အားစုတွေက လှုပ်ရှားပြီဆိုရင် တခြားဧကရာဇ် အင်အားစုတွေက မဝင်ရဲကြတော့ပါဘူး။ ဒီလူတွေကို စော်ကားတာက ချန်းရှန်းဧကရာဇ်ကို စော်ကားတာနဲ့ အတူတူပဲလေ။ ငါတို့ရဲ့ နတ်ဘုရားတိမ်တိုက်ဂိုဏ်းက ဧကရာဇ်မင်းမြတ်ရဲ့ အသိအမှတ်ပြုခြင်းကို ခံရလိမ့်မယ်လို့ မထင်ထားဘူး။ ဒီကိစ္စကို ကောင်းကောင်း ကိုင်တွယ်နိုင်ရင် နောက်ကျရင် ဆုလာဘ်တွေ အများကြီးရမှာပဲ။
အောက်ဘုံက အင်အားစုတစ်ခုပဲ ဘယ်သူမှ လာနှောင့်ယှက်မှာ မဟုတ်ဘူး ဘာပြဿနာ ရှိနိုင်မှာလဲ။ တကယ်လို့ ကလေးရဲ့ မိဘတွေက မပေးချင်ဘူးဆိုရင် သတ်ပစ်လိုက်။ ဧကရာဇ်မင်းမြတ်ကိုယ်တိုင် အမိန့်ပေးထားတာ။ အခြား ဘိုးဘေးနှစ်ယောက်ကလည်း ခေါင်းညိတ်သည်။
ဒီလောက် ပါရမီရှင်မျိုးကို တတိယတန်းစား အောက်ဘုံမှာ ကျင့်ကြံပေးလို့မရပါဘူး မိဘတွေနဲ့ အဆက်အသွယ် ဖြတ်ပေးလိုက်တာက အဲဒီကလေးတွေအတွက် အကောင်းဆုံးပဲ။ ဟိုဟင်းလင်းပြင် ဧကရာဇ်နယ်မြေက လူတွေကတော့ မသွားဖို့ သတိပေးထားတယ်။
အဲဒီသူရဲဘောကြောင်တဲ့ လူတွေကို ဂရုမစိုက်နဲ့။ တစ်နေကုန် ဟင်းလင်းပြင်ထဲမှာပဲ ပုန်းနေတဲ့ အကောင်တွေက ငါတို့ ချန်းရှန်းဧကရာဇ်ရဲ့ ဂုဏ်သတင်းကို ကြောက်နေကြတာပဲ။စကားပြောပြီးနောက် သူတို့ သုံးယောက်လုံး အောက်ဘုံကို ဆင်းသက်သွားကြသည်။ သူတို့ ရုတ်တရက် အင်ပါယာတစ်ခုထဲကို ဆိုက်ရောက်သွားသည်။
ဒါက တာ့ချန်းအင်ပါယာလား။ ဘယ်သူက ငါ့ရဲ့လော့ချန်းအင်ပါယာနန်းတော်ထဲကို ကျူးကျော်ဝင်ရောက်ရဲတာလဲ မင်းတို့ သေချင်နေတာလား။ သူတို့ စကားတောင် မဆုံးသေးခင်မှာပဲ အဲဒီကျင့်ကြံသူတွေဟာ ချက်ချင်း ပြာဖြစ်သွားပါတော့သည်။ အဖြူရောင် ဝတ်ရုံဝတ် ဘိုးဘေးက အေးစက်စွာ ပြောလိုက်သည်။
ငါထပ်မေးမယ် တာ့ချန်းအင်ပါယာက ဘယ်မှာလဲ။