အခန်း ၁၀၆ ဒီလောက်အေးအေးဆေးဆေးပဲ မွေးလိုက်တာလား
ရဲချန်းလျန်သည် ချူနင့်အပေါ် လုံးဝမှီခိုသွားခဲ့ပြီဖြစ်သည်။ မိခင်လောင်းအသစ်တစ်ယောက်အနေဖြင့် သူမသည် အလွန်အမင်း ထိတ်လန့်နေခဲ့ပြီး ညဘက်တွင် နိုးလာကာ ချူနင့်ကိုဖက်၍ ငိုတတ်သည်။
အကြောင်းရင်းကို မေးမြန်းသည့်အခါ သူမ၏အားကိုးရာမဲ့သော ရှင်းပြချက်များတွင် ချူနင်ထွက်ပြေးသွားသည် ပျောက်ကွယ်သွားသည် သူမကိုကွာရှင်းသည် သူတို့ကလေးကိုခိုးပြေးသည် သို့မဟုတ် အခြားမိန်းမတစ်ယောက်ကို နန်းတော်ထဲ ခေါ်လာသည်ဟု အိပ်မက်မက်ခြင်းများ ပါဝင်ပြီး ထိုသို့ပြောရင်း ရှိုက်ကြီးတငင် ငိုကြွေးတတ်သည်။
ဒါဟာ သူမရဲ့ မူလ ဧကရီဆိုတဲ့ပုံစံနဲ့ လုံးဝမတူတော့ပါဘူး။ လက်ထပ်ခြင်း မတိုင်ခင်နဲ့ နောက်ပိုင်းက လူနှစ်ယောက်လို ဖြစ်နေပါတယ်။ အကြိမ်တိုင်းမှာ ချူနင်က ချော့မော့ပြီးနောက် တင်းတင်းကြပ်ကြပ် ပွေ့ဖက်ထားမှသာ သူမ အိပ်ပျော်သွားတတ်သည်။ ဒါကိုကြည့်ပြီး ရှောင်ပင်းကတော့ သက်ပြင်းပဲ ချနိုင်ပါတော့သည်။
အရှင်မက ဒီလိုလူမျိုး မဟုတ်နိုင်ပါဘူး ဒါပေမဲ့ သူမရဲ့စိတ်ကောက်တာနဲ့ ပြဿနာရှာတာတွေကို လက်ခံပေးနိုင်တဲ့သူနဲ့ တွေ့သွားလို့ပဲဖြစ်မှာပါ မဟုတ်ရင် အရှင်မရဲ့စရိုက်နဲ့ အဆင့်အတန်းအရ ကလေးမွေးတဲ့အချိန်မှာ အသံတောင် ထွက်မှာမဟုတ်ဘူး။
ဒါဟာ သူတို့ရဲ့ ချစ်ကြည်နူးမှုကြောင့်ပါပဲ။ နန်းတော်အတွင်း၌လည်း အခြေအနေမှာ အလွန်အမင်း တင်းမာနေသည်။ အင်ပါယာတစ်ခုလုံးရှိ အဆင့် (၃) ကျင့်ကြံသူအားလုံးကို နန်းတော်အတွင်းအပြင်တွင် နေရာချထားသည်။
ထိုက်ရွှီမြင့်မြတ်နယ်မြေမှလည်း ကောင်းကင်ဖြစ်စဥ်အဆင့် ထိပ်ဆုံးဘိုးဘေး ၃ ဦး အလယ်အလတ်အဆင့် ဂိုဏ်းချုပ် ၅ ဦးနှင့် အစောပိုင်းအဆင့် ကျင့်ကြံသူ ၁၀ ဦးတို့ကို ဤနေရာသို့ စေလွှတ်ထားသည်။ သူတို့သည် နေ့ညမပြတ် နန်းတော်ကို စောင့်ကြပ်နေကြပြီး အနည်းငယ်မျှသော လှုပ်ရှားမှုရှိရုံနှင့် ထိပ်တန်းပုဂ္ဂိုလ်များ၏ နတ်ဘုရားအာရုံနှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
တကယ်လို့ နန်းတွင်းသူတစ်ယောက်က နေရာမှားလျှောက်မိရင် ဒါမှမဟုတ် စကားတစ်ခွန်းလောက် မှားပြောမိရင်တောင် ချက်ချင်းအသတ်ခံရနိုင်တဲ့ အခြေအနေပါ။ ဒီအတောအတွင်း သူလျှိုအချို့ ပေါ်ထွက်လာပေမဲ့ ဘယ်သူမှ ထိပ်တန်းကျင့်ကြံသူတွေရဲ့ ဝိုင်းရံမှုကို မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
မြို့တော်အတွင်း၌လည်း သတ်ဖြတ်ခြင်းနှင့် တိတ်ဆိတ်ခြင်းတို့ အပြည့်ရှိနေသည်။ ဧကရီ ကလေးမွေးတော့မည်ဖြစ်၍ အစီအစဉ်အားလုံးကို ဖျက်သိမ်းထားပြီး နယ်စပ်စစ်တပ်များကို ပြန်ရုပ်သိမ်းထားကာ ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများအားလုံး ကျင့်ကြံမှုများကို ရပ်ဆိုင်းထားကြသည်။
ချူနင်ကတော့ ဘာညွှန်ကြားချက်မှ မပေးထားပါဘူး။ ဒါတွေအားလုံးက ထိုက်ရွှီမြင့်မြတ်နယ်မြေက လူတွေ စတင်လုပ်ဆောင်တာပါ။ ဘေးနားက မင်ကူမြင့်မြတ်နယ်မြေဆိုရင်တော့ ကြောင်သွားတာပေါ့။ ဒီလောက်အင်အားနဲ့ဆိုရင် စစ်ပွဲကြီးတစ်ခု ဆင်နွှဲတော့မယ့်အတိုင်းပါပဲ။
ရက်အနည်းငယ်အကြာမှာတော့ မျိုးရိုးဗီဇသန့်စင်ပြီး အတွေ့အကြုံရှိတဲ့ ဝါရင့်သားဖွားဆရာမ အုပ်စုတစ်စုကို နန်းတော်ထဲ ခေါ်လာသည်။ နန်းတော်ထဲဝင်ချိန်မှာလည်း ပြဿနာမရှိအောင် အသေးစိတ် စစ်ဆေးခံရသည်။ ဒီခရီးက အရှင်မရဲ့ မွေးဖွားခြင်းနဲ့ နဂါးရင်သွေးလေးတွေ မွေးဖွားဖို့အတွက်ပဲ။ မင်းတို့အားလုံး နန်းတော်ထဲမှာပဲ ညအိပ်ညနေ နေရမယ်။
အရှင်မချောချောမောမော မွေးနိုင်ရင် မင်းတို့အားလုံး ဆုလာဘ်အကြီးကြီး ရမယ်။ မင်းတို့ရဲ့ သားစဉ်မြေးဆက်တွေဟာ အဆင့် (၆) နယ်စားတွေ ဖြစ်လာနိုင်သလို စည်းစိမ်ဥစ္စာတွေ ဒါမှမဟုတ် နန်းတော်ထဲမှာ ကျင့်ကြံခွင့်တွေ ရမယ် ကိုယ့်ဘာသာ ရွေးချယ်နိုင်တယ်။
မင်းတို့အားလုံးကို အဆင့် (၃) နန်းတွင်း အမျိုးသမီးကြီးတွေအဖြစ် ရာထူးတိုးပေးမယ် နားလည်လား။ နေရာအသီးသီးကနေ ခေါ်လာတဲ့ သားဖွားဆရာမတွေဟာ အံ့သြသွားကြပေမဲ့ ချက်ချင်းပဲ သတိပြန်ဝင်လာကြသည်။
"ကျွန်မတို့ တခြားဟာမှာ မတော်ရင်တောင် ကလေးမွေးပေးတဲ့နေရာမှာတော့ ဘယ်တော့မှ အမှားမရှိပါဘူး"
"စိတ်ချပါ အမက်ချုပ်ကြီး"
အမက်ချုပ်ကြီးချိုးက ခေါင်းညိတ်လိုက်သည်။ ဒါဆိုရင် နန်းတော်ထဲမှာပဲ နေထိုင်ကြပါ။ ထမင်းအိုးဟင်းအိုးတွေလည်း စီစဉ်ပေးထားမယ် ဘယ်မှ လျှောက်မသွားကြနဲ့။
တစ်ဖက်မှာတော့ ဂူယွမ်က အစွမ်းကုန် စိတ်ချရအောင် အဲဒီအမျိုးသမီးတွေရဲ့ ဝိညာဉ်ထဲမှာ သူ့ရဲ့အသိစိတ်တစ်ခုကို ချန်ထားခဲ့သည်။ တကယ်လို့ သူတို့က အရှင်မအပေါ် မကောင်းတဲ့စိတ် နည်းနည်းလေး ထားလိုက်တာနဲ့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှာပါ။
ဒီလောက် ပြင်ဆင်ထားတာတောင် လူတိုင်းက စိုးရိမ်နေကြတုန်းပါပဲ။ အထူးသဖြင့် ဂူယွမ်ပေါ့ အရှင်မတစ်ခုခုဖြစ်သွားရင် ဒီအောက်ဘုံတစ်ခုလုံး ပျက်စီးသွားနိုင်တယ်လေ။ ဒါပေမဲ့ သူတို့ရဲ့ ပြင်ဆင်မှုတွေက ဧကရာဇ် (ချူနင်) ရဲ့ ပြင်ဆင်မှုလောက်တော့ မပြည့်စုံနိုင်ပါဘူး။
နန်းတော်ဆောင်အတွင်းရှိ အိပ်ဆောင်ထဲတွင် မကြာခင် မွေးတော့မယ့် ရဲချန်းလျန် ကတော့ အရင်လို ထိတ်လန့်မနေတော့သလို ချူနင့်ကိုလည်း တစ်နေကုန် ကပ်မနေတော့ပါဘူး။ သူမရဲ့ မျက်နှာအမူအရာနဲ့ စိတ်အခြေအနေက တည်ငြိမ်နေပြီး လူတစ်ခြားစီ ဖြစ်နေသလိုပါပဲ။ ဒါက ချူနင့်ကို ပိုပြီး ထိတ်လန့်စေပါတယ်။
"ချန်းလျန် ဘာဖြစ်လို့လဲ တစ်ခုခုဖြစ်လို့လား ဘယ်နားက မသက်မသာ ဖြစ်နေလို့လဲ"
ရဲချန်းလျန်က ချူနင့်ကို အေးအေးဆေးဆေး ကြည့်ပြီး ပြောလိုက်သည်။
ငါကမွေးမှာပါ နင်ကမဟုတ်ဘူး။ နင်ကဘာလို့ ငါ့ထက်ပိုပြီး ထိတ်လန့်နေရတာလဲ။ ချူနင် ကြောင်သွားသည်။ မနေ့ညကတင် သူမက သူ့ရင်ခွင်ထဲမှာ ငိုပြီး ဘယ်မှမသွားပါနဲ့လို့ ပြောနေတာလေ။ ဒီနေ့ကျမှ ဘာလို့ ဒီလိုဖြစ်နေရတာလဲ။
"မင်း"
"ငါနေကောင်းပါတယ်။ ငါ အရာအတော်များများကို နားလည်သွားလို့ပါ"
"ဘာကို နားလည်သွားတာလဲ"
ရဲချန်းလျန်က သက်ပြင်းရှည်ကြီး ချလိုက်သည်။ သူမရဲ့ မျက်လုံးတွေက လောကကြီးရဲ့ ရှေးကျတဲ့ အသိတရားတွေနဲ့ အချိန်မြစ်ကြီးရဲ့ လျှို့ဝှက်ချက်တွေကို မြင်နေရသလိုပါပဲ။ သူမက ပြုံးလိုက်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"ငါ ထိတ်လန့်နေဖို့ မလိုဘူးဆိုတာကိုပဲ"
ချူနင်: "......"
ငါက တစ်ခုခုအရေးကြီးတာ ပြောမလားလို့ ကြည့်ရတာ ငါ့ဇနီးက အရင်အတိုင်းပါပဲ ဘာမှ မပြောင်းလဲဘူး။
အဲဒီတော့မှ ချူနင် စိတ်အေးသွားရသည်။ ချူနင် လူတွေက ဘာအတွက် အသက်ရှင်နေကြတယ်လို့ နင်ထင်လဲ။
ချူနင်: "......."
ရဲချန်းလျန်က ဆက်ပြောသည် ငါက သေချင်လို့မဟုတ်ပါဘူး ဒီတိုင်းမေးကြည့်တာပါ။ ကောင်းကင်နဲ့ မြေကြီးက အရာရာကို ဖန်တီးတယ် လူတွေကလည်း တစ်နေ့ သေရမှာပဲ နင်ရော ငါရောပေါ့။
လူတွေ အများကြီး သေဆုံးကုန်ကြသလို လူတွေ အများကြီးလည်း မွေးဖွားလာကြတယ်။ လူတွေ ဘာအတွက် အသက်ရှင်နေကြတာလဲ ပြီးတော့ ငါကဘာလို့ ဒီကလေးကို မွေးနေရတာလဲ။ ချူနင် ခဏလောက် စဉ်းစားလိုက်ပြီး တည်တည်ငြိမ်ငြိမ် ပြန်ဖြေသည်။
လူသားတွေအတွက်တော့ သေခြင်းနဲ့ ရှင်ခြင်းက ကိစ္စကြီးပေါ့ ဒါပေမဲ့ ကျယ်ပြောလှတဲ့ စကြဝဠာကြီးမှာတော့ ဒါတွေက ခဏတာ ကိစ္စလေးတွေပါပဲ။
လူတစ်ယောက်ရဲ့ဘဝမှာ မူလကတည်းက ဘာအဓိပ္ပာယ်မှ မရှိပါဘူး။ ကျင့်ကြံခြင်း ရည်မှန်းချက်တွေ ဒါတွေက ကမ္ဘာကြီးအတွက်တော့ ဘာမှမဟုတ်ပါဘူး။ ဒါပေမဲ့ လူတစ်ယောက် မြင်တွေ့ရသမျှနဲ့ တွေ့ကြုံရသမျှကပဲ ငါတို့ကို အဓိပ္ပာယ်တွေ ပေးတာပါ။ အဲဒီ အဓိပ္ပာယ်ကပဲ ငါတို့အတွက် တန်ဖိုးရှိစေတာပေါ့။
ရဲချန်းလျန် စဉ်းစားနေပုံရပြီး ခဏအကြာမှာ ခေါင်းညိတ်လိုက်သည်။
နင့်ဆီက မျှော်လင့်ထားတဲ့အတိုင်းပဲ နင်ပြောတာ အဓိပ္ပာယ်ရှိပါတယ်။ ငါ သဘောတူတယ်။
သွားပြီး သားဖွားဆရာမတွေကို ခေါ်လိုက်တော့။ ငါ့ရဲ့ရေမြွာရည် ကျသွားပြီ ငါ မွေးတော့မယ် ထင်တယ်။
ချူနင် ဆွံ့အသွားပြီး ကျောက်ရုပ်လို ဖြစ်သွားသည်။ ခုတင်ခင်းတွေ နီရဲလာတာကို မြင်တော့မှ သူမ နောက်နေတာ မဟုတ်မှန်း သိလိုက်ရသည်။
မဟုတ်ဘူး မင်းက ဘယ်လိုလုပ်ဒီလောက် တည်တည်ငြိမ်ငြိမ် ပြောနိုင်ရတာလဲ။
ဆေးလုံး ဟုတ်တယ် ဆေးလုံး။ ဒါကို သောက်လိုက်ရင် မနာတော့ဘူး မင်း မစိုးရိမ်နဲ့တော့။ ရဲချန်းလျန်က ချူနင့်ကို အေးအေးဆေးဆေး ကြည့်နေတုန်းပါပဲ။
ငါအဲဒါ မလိုချင်ဘူး။ ငါ့ဘာသာခံစားကြည့်ချင်တယ်။ နင့်အကူအညီ မလိုဘူး။ နာကျင်တာပဲဖြစ်ဖြစ် မျှော်လင့်ချက်မဲ့တာပဲဖြစ်ဖြစ် ငါ့ဘာသာ ကြုံတွေ့ကြည့်မယ်။
"လူသွားခေါ်လိုက်တော့"
ချူနင် ဘာလုပ်ရမှန်း မသိဖြစ်သွားပြီး ချက်ချင်းပဲ ပြင်ဆင်ထားတဲ့ ဆရာမတွေကို သွားခေါ်ရသည်။ ရှောင်ပင်းလည်း ဘေးနားမှာ ရှိနေသည်။ ရဲချန်းလျန်ကတော့ ခုတင်မျက်နှာကြက်ကို တည်ငြိမ်စွာ ကြည့်နေပြီး အစကနေ အဆုံးအထိ မျက်တောင်တစ်ချက်တောင် မခတ်ပါဘူး။
ဟွန့်... အရင်ကတော့ ကြောက်နေတာ အခုကြည့်တော့လည်း ကြောက်စရာ ဘာရှိလို့လဲ။
တစ်ယောက်
နှစ်ယောက်
ခန်းမတစ်ခုလုံး ပျံ့နှံ့သွားတဲ့ ကလေးငိုသံလေးနဲ့အတူ အင်ပါယာတစ်ခုလုံးရဲ့ အထက်မှာ ထူးခြားတဲ့ အလင်းတန်းတွေ ဖြာထွက်လာပြီး ကောင်းကင်မှာ နိမိတ်ကောင်းတွေ ပြည့်နှက်သွားပါတော့သည်။
လူပေါင်းများစွာ ကောင်းကင်ကို မော့ကြည့်လိုက်ကြသည်။ ဒါဟာ သူတော်စင်ခန္ဓာမွေးဖွားခြင်းပဲ ထူးခြားတဲ့ နိမိတ်နှစ်ခု ထပ်နေတယ်ဆိုတာ သူတော်စင်ခန္ဓာ ပါရမီရှင် နှစ်ယောက် မွေးဖွားလာတာပဲ။
တာ့ချန်းအင်ပါယာရဲ့နဂါးရင်သွေးလေးတွေဟာ ဧကရာဇ်တွေရဲ့ အငွေ့အသက်ကို ဆောင်ကြဉ်းလာပြီ။